မန္တလေးမှာဖြင့် သောင်တင်ရစ်တော့မယ်ထင်ပါရဲ့
ဒီသင်္ကြန်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ ဇာတိကချင်မြေပြန်မယ် ၊
အပြန် ၂ဝ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ မန္တလေး ၄၂ လမ်း ဟိုပင်ကျောင်းတိုက်မှာ အလှုလုပ်မယ် ၊
ရဟန်းခံမယ် ၊ သင်္ကြန်အပြီး ရန်ကန်က တက်လာမယ့် သားလေးသန့်ကောင်းစံကိုလည်း သင်္ကန်းစည်းပေးမယ် ၊
၂၅ ရက်နေ့ ရန်ကုန်ပြန်မယ် ၊ အဲဒီလို စီစဉ်ထားခဲ့တာပါ ၊
အခု ရထားလက်မှတ်က မရ ၊ ကားကလည်း ကုန်ပြီဆိုတာချည်းပဲ ၊
နောက်တော့မှ အသိတစ်ယောက်ကျေးဇူးနဲ့ ၁၁ ရက်နေ့ ည ကိုးနာရီခွဲ ထွက်မယ့် ဂျေဂျေ ကားလက်မှတ်ရခဲ့တယ် ၊
ကဲ ဒီတော့ မန္တလေးရုံးခွဲကိုဖုန်းဆက် ၁၂ ရက်နေ့ ညနေ ရွှေကူ ဗန်းမော်ကား လက်မှတ် ဖြတ်ထားပေးဆိုတော့
သူတို့က ကားဂိတ်ကို လှမ်းမေးတော့ ၁ဝ ရက်နေ့နောက်ဆုံးတဲ့ ၊ နောက်နေ့တွေ မထွက်တော့ပါတဲ့ ၊
မဟုတ်သေးပါဘူး ကဲ အင်္ဂါ ကြာသာပတေး စနေနေ့တွေမှာ အမြန်သင်္ဘော ( ၂ ထပ်ခွဲ သင်္ဘော ) ရှိတယ် ၊
ဂေါဝိန်ဘက်ကြုံတဲ့သူ ဝင်မေးစမ်းဆိုတော့ ဒီမနက် ဖုန်းပြန်ဆက်ပါတယ် ၊
၁၁ ရက် ကြာသာပတေးနေ့သင်္ဘောပြီးရင် နှစ်ဆန်း၂ရက်နေ့မှ ပြန်ထွက်မတဲ့ ၊
ကဲဗျာ ဘယ့်နှယ်လုပ်ရမတုန်း ၊ ၁၂ ရက် ညနေ မြစ်ကြီးရထားစီး ၁၃ ရက် နဘားရောက် ဖက်ဆွတ်တောင်ကျော်လို့ ကသာကိုသွား ရှပ်ပြေးနဲ့ ရွှေကူကိုဆက် ၊
အဲဒီရှပ်ပြေး မမီရင်ကော ၊
အမယ်လေး မောလိုက်တာ ၊ မြစ်ကြီးနားရထားပါ မထွက်ရင်တော့
ငါ့ခမျာ ယောင်ချာချာနဲ့ မန္တလေးမှာ သောင်တင်ရစ်တော့မယ် ထင်ပါရဲ့ ကွယ် ။
18 comments
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 1:20 pm
မန်းလေးမှာ သောင်တင်ရတာကို ဝမ်းမနည်းပါနဲ့လေ။
ဧည့်ခံကောင်းတွေပါဟ။
ကောင်းကောင်းကို မိဗုံ အိမ်မှာ သွားထားလိုက်။
ကမျိုးသန့်က လေးပေါက်နဲ့လိုက်သွားလိုက်။
Myo Thant
April 8, 2013 at 1:26 pm
သားလေးသန့်ကောင်းစံက ၁၈ ရက်နေ့မှ သူ့အဖွားနဲ့ မန္တလေးတက်လာမှာ ၊
အခုက ကျနော်တစ်ယောက်ထဲရယ်
🙁
ဗုံ ဗုံ
April 8, 2013 at 1:26 pm
အလို… မန်းလေးမှာ သောင်တင်ရစ်တော့မှာတဲ့လား 12 ရက်နေ့က စပြီး မိဗုံလည်း မင်းကွန်းသုံးထပ်ကြီးမှာ သောင်သွားတင်.. အဲ တရားစခန်းဝင်မည် ဖြစ်ပါဂျောင်းး ဖြစ်နိုင်ရင် ကောင်းကောင်းကို ပါ တရားထိုင် ခေါ်သွားချင်ပါဂျောင်း (ယောက်ခမဂျီးက တော့ ဘယ်ဂျောင်ကပ်ကပ် ) သောင်တင်လည်း မပူပါနဲ့ ယောက်ခမဂျီးရယ် စားရေးသောက်ရေး ဖေပေါက်ကြီးတစ်ယောက်လုံးရှိတယ် ပူနဲ့ ပူနဲ့
မောင် ပေ
April 8, 2013 at 1:28 pm
အနီးစခန်းက ရိပ်သာကို လာခဲ့ပါဗျို ့
တရားရိပ်မှာ ရှိပါမယ်
Myo Thant
April 8, 2013 at 1:33 pm
ဂယ်နော်
ပြီးရော ၊ ဘယ်သင်္ဘောမှမထွက်လည်း ကိုပေါက် ကိုပေတို့နဲ့
တောင်သမန်မှာ သောက်စား အဲ အဲ စားသောက် ဓါတ်ပုံရိုက်ဆိုရင်လည်း ဆိုးပါဘူးလေ ၊
၂၅ရက် မတိုင်ခင်တော့ ချွေးမလေးဗုံဗုံ ကောင်းကောင်းနဲ့ ဆုံရမှာပါ ၊
🙂
TNA
April 8, 2013 at 2:48 pm
သောင်တင်ရင်ဖြင့်ဖောင်ပြင် အဲလေမွှားတွားလို့ မန်းလေးမှာပဲ ဘုရားလဲဖူးလိပ်ဥလဲတူးလိုက်ပေါ့။ တဂျန်တွင်းမှာ ကပေက လိပ်ဥတူးဖေါ်ရှာနေထင်ပါ့။ [:*]
ကိုပေါက်(မန္တလေး)
April 8, 2013 at 2:58 pm
နောက်မှသာ ဘွာတေးမလုပ်ပါနဲ့။
Myo Thant
April 8, 2013 at 3:08 pm
တကယ်ပါ ကိုပေါက်ရေ
ဘာကား ဘာရထား ဘာသင်္ဘောမှမရှိရင် တကယ်သောင်တင်မှာပါ
ဒါနဲ့ ကိုပေက လိပ်ဥတူးမတဲ့လား ဟဲ ဟဲ နည်းနည်းစိတ်ဝင်စားလာပြီ
Mr. MarGa
April 8, 2013 at 5:32 pm
သောင်တင်ရင်ဖြင့် လိပ်ဥပါတူးသွားပါဗျို့
ပြောကြသနော် မန်းကျုံးရေသောက်ပြီး မန်းမြေက မခွာနိုင်ဘူးတဲ့
အဲဒီတော့ မန်းရောက်ရင် ရေမသောက်နဲ့ဗျာ
ခင်ခ
April 8, 2013 at 11:03 pm
သင်္ကြန်မတိုင်မှီ ကားဂိတ်တွေကို လက်မှတ်ကြိုဖြတ်ခိုင်းရင် အဲလိုဘဲ သင်္ကြန်တွင်း
ကားမထွက်ဘူး ဘယ်နေ့နောက်ဆုံးပြောပေမယ့်။ တစ်ခါတလေတော့လည်း
တစ်ချို့ဂိတ်တွေက ကြားဖြတ်ကုန်ရရင်တော့ ထွက်တတ်ပါတယ်။ အဲဒီကျ မူလသတ်မှတ်ဈေးတော့
မရနိုင်ဘူး ဈေးတော့များတတ်တယ်။ မန်းရောက်မှ ဂိတ်တွေကိုစုံစမ်း ကြည့်ပေါ့။
သင်္ကြန်ပိတ်ရက် ၁၂ ရက်နေ့ကစပြီး မွေးရပ်မြေပြန်မှာမို ့ မန်းမှာမရှိ၍ ကျွန်တော်နဲ့တော့လွဲ ပြီဗျာ။
ဦးဦးပါလေရာ
April 9, 2013 at 2:09 am
စကားပုံရှိတယ်
ဖိုးသူတော် မျက်စေ့လည်လေ ဆွမ်းဆန်ရလေ – တဲ့
Myo Thant
April 9, 2013 at 11:20 am
အနော်က ဆွမ်းမလိုဘူး
လိပ်ဥ မမြင်ဖူးလို့
🙂 🙂 🙂
Myo Thant
April 9, 2013 at 4:11 pm
ရွှေကူကားလက်မှတ် ရပါပြီခင်ဗျာ
မန္တလေးရုံးခွဲကို ရွှေခြင်္သေ့ဂိတ်ဖုန်းနံပါတ် ရှာခိုင်းတာရလို့ ကြိုးစားလိုက်တာ
၁၂ ရက် ညနေ ၃ နာရီကားမှာ တစ်နေရာစာ ရခဲ့ပါပြီ ၊
ခုံနံပါတ်က ၄၁ တဲ့ ၊ ဘာဖြစ်ဖြစ် ဧရာဝတီဘေးက ဇာတိမြို့လေးဆီ ခြေချခွင့် ရပါတော့မည် ၊
ကိုပေါက်(မန္တလေး)
April 9, 2013 at 10:57 pm
ရွှေခြင်္သေကားဂိတ်ဖုန်းနံပါတ် ကျနော့်မေးလိုက်ရ ရတယ်ဗျ အစောကတော့ မပြောဘူး။
မဟာရာဇာ အံစာတုံး
April 9, 2013 at 8:00 pm
မပူပါနဲ့ဗျာ …
ခညားဂို နတ်ကောင်း နတ်မြတ်တွေ မ,စ မှာပါ
ထ,ထ ပြီးသာ မကမိစေပါနဲ့ …
မန်လေးမှာ ချစ်စရာကောင်း ခင်စရာကောင်းသူတွေ
ဒီထဲက ဘော်ဘော်တွေပေါ့ဗျာ
အများကြီးပါပဲရယ် …
ပူရေးချ ပူစရာကို မလိုဒါ …
ကိုပေါက်(မန္တလေး)
April 9, 2013 at 10:55 pm
အပြန်မှာဝင်ဖြစ်အောင်ဝင်ပါ။
ဒီနှစ်သင်္ကြန်မန်းလေးမှာရှိနေပါမည်။
Myo Thant
April 10, 2013 at 8:42 am
ကိုပေါက်ရေ
၁၂ ရက်နေ့မှာ ကျနော်က မန်းလေး ( ကွျဲဆည်ကန် ) ကို မနက်အစောကြီးရောက်နေမှာ ၊
ရွှေကူကားက သီရိမန္တလာ ကနေ ညနေ ၃ နာရီမှ ထွက်မှာ ၊ ကိုပေါက်အားရင် တွေ့ချင်ပါတယ် ၊
ကျနော် ဖုန်းဆက်လိုက်ပါ့မယ် ၊
ကိုပေါက်(မန္တလေး)
April 10, 2013 at 2:44 pm
ဆက်လိုက်ပါဗျို့ မနက်လာကြိုပေးနိုင်ပါတယ်။