အရူး ကဗျာ
–
–
++++++++++++++++++++++++++++++++++
ဟင်းးးးး
သက်ပြင်းတွေ ချနေမိတော့တယ် …
လူကလည်း ရူးသလိုလိုပဲ …
” ငါ ဘာလုပ်ရမလဲ ??? “
အတွေးများနဲ့ ချာချာ လည်နေဆဲ …….။
အတင်းးးး
ငါ့ အတင်း ဘယ်သူတွေများ ပြောနေကြမလဲ???
ပြောချင်တာ ပြောကြစေကွယ်
ငါ မမှုရင် ပြီးတာပါပဲ …
ဒါပေမယ့်လို့လည်း …
တစ်ခါတစ်ခါမယ် …
ကိုယ့်ကိုယ်ကိုပဲ အတင်းတုပ်မိတယ် ..
” အတော် ကြောင်တောင်တောင် နိုင်တဲ့ကောင်ပဲ “
ဟူးးးး
တားတယ် .. မရဘူးးးး
ထပ်တားတယ် … မရဘူးးးး
ထပ်တားပြန်တယ် … မရပြန်ပါဘူးရယ် ….
ဘယ်လို ဖြစ်နေရတာလဲ ????
ကိုယ့်ကိုယ်ကိုလည်း
ဒေါသတွေလည်း ထွက်မိပါသေးတယ် …
ကျုပ် ဘယ်လို ဖြစ်နေရတာလဲ ?????
တစ်ခါတစ်ခါ ….
လက်တွေကို ခုတ်ဖြတ်ထားချင်တယ် …
တစ်ခါတစ်ခါ …
ခြေထောက်တွေကို ခုတ်ဖြတ်ထားချင်တယ် …
တစ်ခါတစ်ခါ …
မျက်လုံးတွေကို ဖောက်ထုတ်ထားချင်တယ် …
တစ်ခါတစ်ခါ …
နားတွေကို ပိတ်ဆို့ထားချင်တယ် …
တစ်ခါတစ်ခါ …
အဲ့ဒီ “အချစ်” ကို နုတ်နုတ်စင်းပစ်လိုက်ချင်တယ် …
တစ်ခါတစ်ခါ ….
အားလုံးပြီးသွားအောင် ကိုယ့်ကိုယ်ကိုသာ
အဆုံးစီရင်ပစ်လိုက်ချင်ပါသေးတယ် ….။
အားနာပါးနာ …
ပျားသကာလို မချိုပါဘူး …
ဒါပေမယ့် ကြားသမျှလည်း မခါးစေပါဘူး …
မြင်သမျှ အဆင်တော့ ပြေပါ့ …
တွေ့သမျှ ဖွင့်ဟလို့လည်း ရပါ့ …
ဒါပေမယ့် ဒီလိုဗျ …
အင်းးး ကိုယ့်ကိုယ်ကို မနှစ်သိမ့်ချင်တော့ဘူး ……။
ကော်ဖီတစ်ခွက် …
အိပ်ပျက်စေတာ မင်း မဟုတ်ဘူး …
လတစ်စင်း …
အဖော်မဲ့တယ်ဆိုပြီး မင်း မပျင်းနဲ့ ….
ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ …
သန်းခေါင်းယံ ဆိုတဲ့ …
နာရီသံ တစ်ချက်ချက်နဲ့ …
တစ်ခါတစ်ခါ ခွေးတစ်အုပ်ရဲ့ တဝုတ်ဝုတ်နဲ့ …
တစ်ယောက်တည်း ထိုင်ရင်းနဲ့ ထရင်းနဲ့
အတွေးများစွာနဲ့ …
အရေးများစွာနဲ့ ….
တွေးလိုက် ရေးလိုက် ဖျက်လိုက်နဲ့ …
ထွေနေတဲ့ စိတ်တွေအတွက်
ခဲဖျက်လေးများ ရှိရင် ငှားကြပါလား ခင်ဗျာ …
ဘဝ တစ်ခုလုံး မဟုတ်ပါဘူး …
ဟိုအစလေးနဲ့ အခု အဆုံးကို …
ဖျက်ပစ်လိုက်ချင်ရုံလေးပါ ……..။
ထပ်ပြီးတော့ မရေးတော့ပါဘူး …
ထပ်ရေးလည်း မျက်စိနောက်စရာ …
ကျုပ် အရူး တစ်ယောက်ဆိုတာ
ခင်ဗျားတို့လည်း သိကြတာပဲ …
အခုလည်း ရူး ….
နောင်လည်း ရူးနေမှာပဲ …
ဒါပေမယ့်လို့လည်း …
“အချစ်ရူး” တော့ မဖြစ်ပါရစေနဲ့လို့ … Please ….. ။
++++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
မှ …. မဟာရာဇာ၏ အရူးကဗျာများ
++++++++++++++++++++++++++++++++++
41 comments
မဟာရာဇာ အံစာတုံး
April 8, 2013 at 10:37 pm
ဂျီးဒေါ်ဂိုးရေ …
ကဗျာ တင်ပြီးခါမှ
ခေါင်းစဉ်က ဂျီးဒေါ်ရဲ့ ခေါင်းစဉ်နဲ့
နည်းနည်း ဆင်တွားဒယ် … ဟီးးး
ဒါမယ့် … တတ်နိုင်ဝူးးဂျာ ….
ကျုပ်လည်း တခြား ခေါင်းစဉ် မပေးဒတ်ဒေါ့လို့ ….
Wow
April 9, 2013 at 10:59 am
ဒါတမင်သက်သက်လုပ်ကြံတာ… 👿
ဒီလိုလုပ်အေ ကျုပ်လူမိုက်ငှားပေးမယ် ခေါင်းကို ခပ်ဆဆလေးရိုက်လိုက်ရင် မေ့ချင်တဲ့အပိုင်းပဲမေ့သွားမယ်.. ခဲဖျက်မလိုဝူး…
နဲနဲလွဲသွားတော့လဲ နောက်တစ်ခေါက်ထပ်လုပ်တာပေါ့
မဟာရာဇာ အံစာတုံး
April 9, 2013 at 11:15 am
မေ့ချင်တဲ့ အပိုင်းသာ မေ့မယ်ဆို
အဲ့လိုလည်း ယားဘာဒယ် .. ဂလု .. အု ..
ဘီလောက်ရိုက်ရိုက်၊ ဘီလောက် လွဲလွဲ ကိစန ချိဘာဘူး …
တီဘုမ်မာ ဒို့၊ ဒေါက်ဒေါက်ဂျီးတို့ ချိနေဒါဘဲ …
အေးချေး … အေးချေး …
GaviaGirl
April 8, 2013 at 10:43 pm
နာ အိပ်ဆေး ဝယ်ပေးရမလားဟင်င်…
သေကြောင်းတော့ မကြံပါနဲ့ဟယ်.. အဖန်ငါးရာ ငါးကမ္ဘာ…. ကြောက်ချာဂျီး…
အဲ့အခြေအနေက မဆိုးပါဘူး.. ကိုယ့်ထက်ဆိုးတဲ့သူတွေ တစ်ပုံကြီး… 🙂
မဟာရာဇာ အံစာတုံး
April 8, 2013 at 10:57 pm
အဖန်ငါးရာ ငါးကမ္ဘာ
နီတော့ နာ့ဘဂျီးနဲ့ တွေ့ဒေါ့မှာဘဲ ….
ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ဒိုင်း
အစိမ်းသေတို့ နတ်စိမ်းဖြစ်တာတို့ နီပေါဒလို အဖန်ငါးရာ တို့
အဲ့လာတွေ နာဒေါ့ သိဝူးးရယ် …
ရှိစေတော့ အဲ့ကိစန ….
ကိုယ့်ထက်ဆိုးတဲ့သူတွေ တစ်ပုံကြီး …
ဟုတ်တယ်ဟ …
ငါ့အဖြစ်ထက် ဆိုးတဲ့လူတွေ တစ်ပုံကြီး …
((ကြုံမှ ငါတို့ရုံးက ငါ့ညီငယ် တစ်ယောက်ရဲ့ အဖြစ်ကို ပြောပြမယ်))
ငါလည်း တွေးမိပါသေးတယ် …
ငါတောင် ဒီလို ဖြစ်နေတာ …
အဲ့ဒီလူတွေ ဘယ်လိုနေမယ် မသိ …. 🙄 🙄
နာ့အောက်က အားပေးတွားဒါ ရှဲရှဲဘာ .. ဟဲဟဲ …
surmi
April 8, 2013 at 10:46 pm
လောက၌
အရူးဖြစ်ရခြင်းသည် အရူးမလင်ဖြစ်ရခြင်းထက် ပိုကောင်း၏
ထို ့အတူ
အရူးကဗျာသည်လည်း ကိုယ်တိုင်ရူးသွပ်ရခြင်းထက် ပိုကောင်းသဖြင့် ………
မဟာရာဇာ အံစာတုံး
April 8, 2013 at 10:59 pm
ဟက်လူဂျီးး
ခညား စာလည်း ဆုံးအောင် ရေးတွားဘူးး
လူဇိုးဂျီးးး
ဘာမှ ကြောဒေါ့ဝူးးး
ခုလို လာအားပေးတွားဒါ ရှဲရှဲဘဲဂျ …
ခင်ခ
April 8, 2013 at 11:31 pm
မန့်တော့ မန့် ချင်ပေမယ့်
အရူးကိုပြောလည်း ကိုယ်ဘဲမောရုံရှိမှာမို့
မှပြောတော့ဘူးဗျာ။
အိပ်တာဘဲကောင်းပါတယ်။(၁၁း၃ဝ pm )
မဟာရာဇာ အံစာတုံး
April 9, 2013 at 9:54 am
နိုးလာပြီ …..။
မနက် (၁ဝးဝ၀) နာရီ …။
နေတော့ မြင့်နေပြီ …
တစ်နေ့တာ ဇာတ်လမ်းကတော့ စ,နေပြန်ပါပြီ …။
ဦးဦးပါလေရာ
April 9, 2013 at 2:04 am
ရူးတယ်ဆိုတာ တနည်းတဖုံတော့လဲ ကောင်းတယ်ဆိုရမယ်..
ရူးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ကုသလိုက်တာ ထွက်ပေါက်ပေးလိုက်တာမျိုး….ဆိုပဲ
အဲဒါ ပြောချင်တာ မဟုတ်ပါဘူး..
ကျုပ်ပြောချင်တာက ကျုပ်တို့မြန်မာစကား ရူးတယ် ဆိုတာ တကယ်တော့ မတူတဲ့အရာနှစ်ခုကို ပူးတွဲသုံးစွဲထားတာ
ရူးသွပ်တာ နဲ့ ရူးနှမ်းတာ….
အဲဒီနှစ်ခုက ဘယ်လိုမှကို နဲနဲမှမတူပါဘူး
တစ်ခြားစကားလုံးသုံးစရာမရှိလို့သာ ..
kai
April 9, 2013 at 2:59 am
သမိန်ပေါသွပ်က..” သွပ်..သွပ်..သွပ်..သွပ်”တဲ့..
နောက်ပေါက်တွေထဲက..
“နှမ်း.. နှမ်း.. နှမ်း.. နှမ်း.. “ထွင်ရေးရဲတဲ့.. မဟာပညာရှိမရှိသေးဘူးနော..။ :kwi:
မဟာရာဇာ အံစာတုံး
April 9, 2013 at 9:59 am
သေစမ်း …
ရူးတာလည်း ဦးပါနဲ့တွေ့မှ နှစ်မျိုးဖြစ်နေတာ သိရတော့တယ် ..
ရူးသွပ်တာ နဲ့ ရူးနှမ်းတာ…
ဘာကွာဒုန်း သိဝူးးး
အဲ .. ဒါမယ့် …
သွပ် ဆိုတာက အမိုးမိုးတဲ့ဟာ …
နှမ်း ဆိုတာက စိုက်ရတဲ့ အပင် …
ဒီတော့ကာ …
ရူးသွပ် တယ်ဆိုတာ ရူးမိုး တာ …
ရူးနှမ်း တယ်ဆိုတာ ရူးစိုက် တာ …. ဟဲဟဲ ..
ဘဂျီး …
နှမ်း .. နှမ်း .. နှမ်း .. နှမ်း … ထွင်ရေးလိုက်တာ ဘူလဲ သိလား ..
အိုက်ဒါ ..
ဘဂျီးဘဲ …
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 8:19 am
အချစ်ရူးတော့မဖြစ်ပါရစေနဲ့ ဟုတ်လား။
အချစ်ရူးရူးနေပြီမှတ်နေတာ။ စဖတ်ကတည်းက။
ဆုတောင်းမနေနဲ့တော့။ နောက်ကျနေပြီ။
မနေ့က ကျုပ် အကြံပေးသလိုသာ လုပ်လိုက်တော့။
:kwi:
မဟာရာဇာ အံစာတုံး
April 9, 2013 at 9:52 am
ဪ ….
ကျုပ် မမကြီးတွေက
သူတို့ မောင်ငေးကို အတော် ချစ်ရှာသား …
အကြံပေးသလိုသာ လုပ်လိုက်တော့ … တဲ့ …။
ဘာအကြံလည်း သိကြလား …
နှာခေါင်းပိတ်ပြီး ဂန့်ရမယ့် အကြံ …
တကယ်တမ်း ရောဂါကတော့ ကျွမ်းနေပြီ ပြောရမယ် …
ဒါပေမယ့် ကိုယ့်ကိုယ်ကို ညာကြည့်ပြီး ဆုတောင်းမိတာပါ …
အားပေးသွားတာ ရှဲရှဲ ကမ္ဘာပါဂျာ …
ဦးကြောင်ကြီး
April 9, 2013 at 9:01 am
အရူးကဗျာ
နဖူးစာ
ဘီလူးတဏှာ
တန်ခူးမှာ
ငမူးဗလာ
မထူးပါ
ကဘူးအထှာ
ဝါးပူးရှာ…
မဟာရာဇာ အံစာတုံး
April 9, 2013 at 10:06 am
တန်ခူးမှာ မမူးပါဘူး ဒက်ဒီရာ …
ကုသိုလ်တွေ ထူးအောင် …
ဒီအရူးတွေ ပျောက်သွားအောင် …
သင်္ကြန်ရေအေးနဲ့ ဆေးမှာပါ ..
လူကလေး
April 9, 2013 at 9:33 am
အချစ်ရူးရောဂါပျောက်တဲ့ဆေးရုံတော့ မကြားမိသေးဘူးဗျ….
မဟာရာဇာ အံစာတုံး
April 9, 2013 at 10:37 am
အဲ့လို ဆေးရုံမျိုး မပေါ်သေးလို့
ခက်နေတော့တာပေါ့ အူးလူကလေး ရယ် …
ရှိများ ရှိရင် ပြပြီး ကုပြီးတာ ကြာပေါ့ …
စကားမစပ် …
ခညားဒို့ စတိုင်ကို အားကျဒယ် ..
ဂယ် .. ဂယ် ..
လူကလေး
April 9, 2013 at 12:43 pm
ဆေးရုံတွေ့တဲ့အခါ ပြောပါ့မယ်ရို့.. don’t worry baby အံစာအတုံးကြီး..
သိသားဘဲ.. ကျုပ်တို့ကို အဲသလို ကြိတ်ခိုက်တာမှ များဂျီး.. .. ဟီး . ဟီး. .. :kwi:
ဗုံ ဗုံ
April 9, 2013 at 10:22 am
အော် ဘာများလည်းမှတ်တယ် အံမပါ ဂျာရစ် ကြီး သူငယ်ပြန်နေတာကိုးးးးးးးး
အံဩဘတော်.. ကို်ယ့်ကိုယ်ကို များ 16 နှစ်မှတ်နေသလားမသိ စိတ်တွေ ထိန်းမနိုင်ရင် သဂျားဆီသွားပြီး တရားနာလိုက်အုံးး အခုလောလောဆယ်ဆယ်တော့ ဇီးယိုလေးများများစားထားးး
မဟာရာဇာ အံစာတုံး
April 9, 2013 at 10:41 am
အညာသားကို …
ဇီးယို စားဖို့ လာပြောနေတယ် …
စားပြီးတာ ကြာပေါ့ …
မရလို့ … 🙄 🙄
Good™
April 9, 2013 at 10:50 am
မာဂရက် သက်ချာ ကွယ်လွန်ပြီဆိုပေမဲ့
မဟာရာဇာ မောင်အံစာ အရွယ်မလွန်သေးပါဘူး
မဟာရာဇာ အံစာတုံး
April 9, 2013 at 7:27 pm
သံမဏိအမျိုးသမီးကြီး ကွယ်လွန်သွားခဲ့ပြီ
သူ့ရဲ့ သံမဏိ စိတ်ဓါတ်တွေကို
ကိုယ့်ကိုယ်ထဲ အသက်သွင်းချင်သည် …
ဟုတ်တယ် ..မောင်အံစာ အရွယ်မလွန်သေးပါဘူး ..
ကြိုးစားခွင့်တွေ အများကြီး ရှိနေသေးသည် …
သူကလေး
April 9, 2013 at 10:57 am
အခုလည်း ရူး ….
နောင်လည်း ရူးနေမှာပဲ …
ဒါပေမယ့်လို့လည်း …
“အချစ်ရူး” တော့ မဖြစ်ပါရစေနဲ့လို့ … Please ….. ။
တိုတိုအံတစ်ယောက် အချစ်ရူးမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရင်း
အရူးကဗျာကို အရူးသူကလေးလာအားပေးသွားပါကြောင်း …..
မဟာရာဇာ အံစာတုံး
April 9, 2013 at 7:29 pm
အမငေးး
သူလေးရယ် …
ကိုကိုအံ ကိုကျ ဆုတောင်းပေးပြီး ..
သူလေး ကတော့ အရူးလေး ဆိုပြီး ပြောတွားဒယ် …
သူလေး လည်း အရူး ..
ကိုကိုအံ ကလည်း အရူး ဆိုဒေါ့ …
ကြာဘာဒယ်ကွာ ….. အရူးချင်ဘဲ ဂျစ်လိုက်ဂျရအောင်နော် …
lady mobile
April 17, 2013 at 5:48 pm
အရူးလား နှာပူးလား
မဟာရာဇာ အံစာတုံး
April 17, 2013 at 5:54 pm
Lady လား Mobile လား
etone
April 9, 2013 at 11:58 am
အံချာတုံးရယ် .. ညည်းအေ … ဒီအဆင်နဲ့ ဒီအဆင် .. ဂလောက်ခံဇား တတ်မယ် မထင်ဝူး … ။
အပြင်မှာတော့ ..ရုပ်တည်ရီးနဲ့ .. တွေ့တိုင်း ဂလိုချည်းပဲ … ။ ဂယ့် လူအေးရီးလို … ဘုရားဖြစ်မယ့် အုတ်နီခဲကျနေတာပဲ …. :kwi:
ခုတ်ဖြတ်ထားချင်တယ် … ဆိုတဲ့အထဲ.. အဝှာရော ပါဝူးလား … ဂျံဘင်တွေ ပျော့စ်ဘာဒယ် …. :harr:
မဟာရာဇာ အံစာတုံး
April 9, 2013 at 7:33 pm
အွန် .. ဂျီးဒေါ် ..
ကျုပ်မှာလည်း နှလုံးဒါးနဲ့ဘာ .. ဟီးး
ဒါနဲ့ .. ခုတ်ဖြတ်ထားမယ့်ထဲ ..
ဟိုဒင်းဒေါ့ ပါပါဝူးးရယ် .. ဂျံဘင် ကိုဘဲ ပေါဒါ ..
အားပေးတွားဒါ ရှဲရှဲဘာ ….
အလင်းဆက်
April 9, 2013 at 12:31 pm
အယူးကဗျာကို
အယူးလေး တယောက် လာဖတ်သွားပီး
ရူး လို ့ပိုကောင်းသွားဒယ်လို့
မှတ်လိုက်ပါ
ချစ်သောအံ
အရူးကွန်မန် ့ရေးသူ
ဆက်ဆက်
မဟာရာဇာ အံစာတုံး
April 9, 2013 at 7:34 pm
အော် .. အော် ..
((မအော်နဲ့))
ရူးလို့ ပိုကောင်းတွားဒယ်ဒဲ့လား ..
အေး အေး
ဒါဆို နာ့တွက် အဖော်ရဒါပေါ့ကွယ် ….
ဟဲဟဲဟဲ
မောင် ပေ
April 9, 2013 at 8:26 pm
အရောက်ပျူးအောင်
မဂေါက်ဘူးလို ့
အခြောက်ပူးကာ
သင်္ကြန်မြူးပျော်
မောင်အံနော်
မဟာရာဇာ အံစာတုံး
April 9, 2013 at 8:38 pm
မြူးမှာ မြူးမှာ
ကိုကိုပေရာ
အရောက်တွေပျူးတွားအောင်
သင်္ကြန်မှာ
အပျော်တွေနဲ့ လူးရင်း
မြူးကို မြူးလိုက်အုံးမှာ ….
မောင် ပေ
April 9, 2013 at 9:00 pm
ကွန်မင့်ထဲမှာ ရေးထားသလို
အခြောက်တွေနဲ ့ပူး ဖို ့လဲ
မမေ့နဲ ့ဦး
ဟီဟိ
Mr. MarGa
April 9, 2013 at 9:04 pm
ခေါင်းစဉ်မြင်ကတည်းက မဖတ်ဘဲ နေလိုက်ရမှာ
အခုတော့ နင်ကဗျာ ဖတ်ပြီး နာလဲ ရူးချင်ချင် ဖြစ်သွားတယ်
ပြန်ကုပေး ဒါဗျဲ
အရိပ်စစ်
April 10, 2013 at 12:37 am
ကဗျာလေးတော့ ကြိုက်တွားဘီ…
ဟုတ်ပါဘူး ရူးချင်သွားဘီလို့ ပြောတာပါ
ခဲဖျက်လေး ရ ရင် တာမီးကိုလည်း ငှားပါဦးနော်
တာမီးလည်း ဖျက်ချင်တာလေးတွေရှိလို့
kyeemite
April 10, 2013 at 1:54 pm
အရူးကဗျာဖတ်တော့
အထူးမှာအပ်မပေါ့
အဆူးအညှာအထပ်ထပ်နဲ့
အဖူးပါကပ်ကပ်ပြီး
အမူးခမျာ ငတ်ပါပေါ့
အော်..ရူးစရာဒီဇတ်မှာတော့..
ဘလူးအပြာလာကပ်။(ဘလူးလေဘယ်ကိုဆိုလိုပါ၏) :harr:
ရွှေ ကြည်
April 10, 2013 at 6:30 pm
ကော်ဖီတစ်ခွက် …
အိပ်ပျက်စေတာ မင်း မဟုတ်ဘူး …
လတစ်စင်း …
အဖော်မဲ့တယ်ဆိုပြီး မင်း မပျင်းနဲ့ ….
မဟာရာဇာ အံစာတုံး
April 17, 2013 at 6:05 pm
@သဂျား ..
အေး .. ပြန်ကုပေးမယ် ..
ဇီးယို ထိုးထားလိုက် ..
@အရိပ်စစ်
အိမ်းး
ရိပ်လေးက ဘာတွေကို ဖျက်ချင်ရတာတုန်း
ခဲဖျက်လေး ရရင် ဟောဒီက ကိုကိုအံ ကိုယ်တိုင် ဖျက်ပေးမယ်နော် ..
ဟုတ်လား ..
@ကိုဂျီးမိုက်
အောင်မာ ..
ရူးစရာ ဒီဇာတ်မှာ
ဘလူးအပြာလာကပ် ဆိုဘဲ …
ဘာမှ ပြောတော့ပါဘူး …
အားပေးသွားဒါ ရှဲရှဲဘာ ချစ်ကိုဂျီးရေ့ … ဂေ့ ..
@မမဂျီး
ဘာဒုန်းဂျ ..
ဒီအပိုဒ်တွေက ဟက်ထိတဲ့ အပိုဒ်တွေလား …
ကွန်မန့်လေးတွက် တိုင်းကျူးကြီးကြီးပါ မမဂျီးရေ့ .. နော့ ..
++++++++++++++++++++++++++++
အားပေးဖတ်ရှု သွားကြသူအပေါင်းကို
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …
+++++++++++++++++++++++++++
ချစ်ခြင်းများဖြင့်
မောင်အံစာ
အရီးခင်လတ်
April 17, 2013 at 6:12 pm
အချစ်ရူးတာ အကြောင်းမဟုတ်။
အရူးကို မချစ်မိရင်ပြီးတာပါဘဲ မောင်အံရယ်။
😆
kotun winlatt
April 17, 2013 at 8:01 pm
မျက်နှာ များတဲ့လူကြီးးရေ…
အရာကဗျူးးးးးးးးးက လန်းးးးးးးးးးးးးးး၏။