သင်္ကြန်အထူးလျှော့ဈေး တဲ့ သွားဝယ်ကြရအောင်



“သင်္ကြန်အထူးလျော့ဈေးနော်”
ဒီလိုသင်္ကြန်ရက်ရောက်ရင် ကျနော်ဖိနပ်ဝယ်လေ့ရှိပါတယ်။.
အထူးလျော့ဈေး ဆိုတော့ တကယ်လဲ သက်သာလို့ပါ။
ပုံမှန်တစ်သောင်းကျော် ဆိုတဲ့ ဖိနပ်က ဒီအချိန်ဝယ်ရင်လေးငါးခြောက်ထောင်။
ရွေးတတ်ရင် ကောင်းတာရပါတယ်။
ပုံရောင်းတော့ ပြောင်လက်ဝင်းသန့် မနေပေမယ့် စီးပျော်ပါတယ်။
ကင်းဘတ်ဖိနပ် လမ်းလျောက်ရင်စီးဘို့ဝယ်လိုက်တယ် တစ်ရံ4500။
ရိုးရိုးဖိနပ်က 5500 တစ်ရံဝယ်ရင် တစ်ရံ လက်ဆောင် ။
ပုံထားတဲ့အထဲက ကြိုက်တာရွေးယူ။
အဲတော့ ဝယ်ဖြစ်တာပေါ့။
အပြန်လမ်းမှာတော့ 39လမ်းနဲ့42လမ်းကြား 84လမ်းပေါ်က ဆိုင်အချို့ကိုလက်ဆော့လာပါတယ်။
ဒီလိုအချိန်မှာဆိုရင် 29-35ကြား လမ်း80ပေါ်မှာ
39-42ကြား84လမ်းမှာသင်္ကြန်အထူးလျော့ဈေးဆိုင်တွေအရမ်းပေါပါတယ်။
ဈေးဝယ်တွေနဲ့လဲစည်ကားနေတတ်ပါတယ်။
ကဲ နောက်ရက်တွေဖွင့်သေးတယ်.
သင်္ကြန်လျော့ဈေးဆိုင်လေးတွေကို ဈေးဝယ်ထွက်လို်က်ကြရအောင်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။
9-4-2013



3 comments
မိဆိုလာ ဂဲ
April 10, 2013 at 4:23 am
လေးပေါက် မင်းသားရုပ်သေးရုပ် လိုချင်တယ်ဝယ်ပေးပါလား
ကိုပေါက်(မန္တလေး)
April 10, 2013 at 2:31 pm
ကောင်းပြီ ဘယ်နေရာသုံးမှာလဲ ဘယ်အရွယ်လောက်လိုချင်လဲေ ပြာပါ
uncle gyi
April 10, 2013 at 11:02 pm
ကိုပေါက်ကအပြီကြော်ငြာနေပြီ
ဆိုင်တွေကကြော်ငြာခယူပြီးရင်လည်း
သူကြီးကိုတော့မျှအုန်းနော်