သင်္ကြန်အလွမ်း
အလွမ်းတွေက များနေပြီ။
ရေးတော့မရေးချင်ပါဘူး။ စိတ်နာလို့။ သူများတွေ ပျော်နေတာကို အလုပ်လုပ်ရင်း ကြည့်နေရတာဆိုတော့။
အဲဒီတော့ အရင် ပျော်ဖူးထားတာတွေ ပြန်တွေးရတာပေါ့လေ။
~~~
ငယ်ငယ်တုန်းက မောင်နှမတွေ စုပြီး ရေပက် ကြတာ။ သင်္ကြန်နားနီးရင် လမ်းထိပ်လေး ထွက်ပြီး ရေပက်ရပါမဲ့ အကြောင်း၊ ရေခဲတုန်း ကိုင်ခွင့်ပေးရပါမဲ့ အကြောင်း၊ တစ်ရက်လောက်တော့ ကားလေးနဲ့ လည်ခွင့်ပေးရပါမဲ့ အကြောင်း အကြောင်းကြောင်းတွေ စုပြီး စိတ်ပူရတာလေ။
ကိုယ်တွေ ကလည်း အင်မတန်ချူချာတာ၊ ငယ်တုန်းက။ မောင် နှမတွေ ဖျားရင် တပြိုက်နက်။ အဲတော့ အိမ်တွေက ပေးလွှတ်ဖို့ ပေးကဲဖို့ ဆိုတာ အတော်ကြပ်တယ်ရယ်။
နေပူထဲ မနေရ၊ ရေခဲတုန်းမကိုင်ရ၊ ဦးထုတ်ဆောင်းပါ။ ပေးမလည်ပဲ နေလိုက်မယ် စသည်ဖြင့်လည်း ခြိမ်းခြောက်ကြသေးတာ။
အဲတော့ ကိုယ်တွေ အလိမ္မာဆုံးက သင်္ကြန်နားနီးပဲ။
:kwi:
အဲ့တုန်းက မန်းလေးမှာ သင်္ကြန်နားနီးရင် ရေပုံး ရောင်စုံလေးတွေ၊ ပန်းကုံးရောင်စုံတွေ ဆိုင်ပေါ် စတင်ပြီ ဆိုတာနဲ့ ကို အပျော်တွေ စ လာတော့တာရယ်။ (ခုထိ အဲဒါလေးတွေ ပြန်မြင်လိုက်ရင် ရင်ခုန်သံတွေ ပြန်မြန်လာတယ်။)
နေပူကာ ဦးထုတ် လှလှလေးတွေကလည်း ရောင်စုံပဲ။
ရောင်စုံပန်းကုံးတွေတော့ မကြိုက်ဘူး။ ဆွဲထားရင် လည်ပင်းယားလို့။
ဖော့ဖြူဖြူလေးတွေနဲ့ ပန်းကုံးလေးတွေပဲ ကြိုက်တယ်။ ပျင်းရင် ဖဲ့လို့ရတယ်လေ။ ဟီး။
ခုတော့ မရှိဘူးထင်တယ်။ မတွေ့ဖူးတော့ဘူး။
နောက်ပြီး အဲဒီတုန်းက အကြိုနေ့ဆို မပက်ကြသေးဘူး။ အိမ်က နှစ်သစ်ကူး လုပ်မဲ့အလှူတို့ဘာတို့အတွက်ကို ကူကြ၊ ဈေးလိုက်သွားကြပဲရှိသေးတယ်။ သင်္ကြန်ရက်အတွက် စု ဝယ်ရမဲ့ဟာတွေကလည်း အဲဒီနေ့ အပြီးသတ်ကိုး။
ရပ်ကွက်ထဲတော့ အုန်းလက်တွေနဲ့ စည်ပိုင်းတွေနဲ့ ပြင်ဆင်နေကြပြီ။ စကောဝိုင်းပေါ် စာတွေရေးပြီး နာမည်ပေးနေကြပြီ။
မုန့်လုပ်ဖို့ ပြင်တဲ့သူကပြင်နေကြပြီ။
သင်္ကြန်မုန့်တွေပေါ့။
– မုန့်လုံးရေပေါ်
– မုန့်ကြာစေ့
– ရွှေရင်အေး
– မုန့်လက်ဆောင်း
– အုန်းနို့ ကျောက်ကျော စသည်ဖြင့် တစ်နေရာနဲ့တစ်နေရာ မတူအောင် ကျွေးကြတာရယ်။
~~~
နည်းနည်း အသက်ကြီးလို့ အပျိုပေါက်ဖြစ်တဲ့ အချိန်ကြ အခြေအနေတွေရော၊ ခံစားချက်တွေ ရော ပြောင်းလာသဗျ။
ရပ်ကွက်တွေက သိပ်မစည်ပဲ ကျုံးဘေးမှာ ကြပ်ညပ်နေအောင် စ စည်တော့တာပဲ။
ကိုယ်တိုင်ကလည်း မောင်လေးတွေနဲ့ ရပ်ကွက်ထဲ ဟေးလားဝါးလား ရေပက်တဲ့ အထဲ မပါချင်တော့တာကလား။
ကင်းကင်းနေလားဆိုတော့လည်း မဟုတ်။ မောင်လေးတွေကို ဟန့်သလို တားသလိုနဲ့ အဲ့ဒီ နားလည်း မယောင်မလည်နေတာ။
ဒါမှ ရေလာလောင်းမဲ့သူက လာမကိုး။ အဒေါ်သုံးယောက်လုံးနဲ့ အဒေါ်တစ်ယောက် ရဲ့ အမျိုးသားနဲ့က ကျောင်းဆရာ/မ တွေဆိုတော့ အိမ်ထဲမှာသာ နေရင် သူတို့ကြောက်လို့ မလာရဲကြဘူးလေ။
သူတို့ တပည့်မဖြစ်ဖူးတဲ့ လူက ခပ်ရှားရှားရယ်။
အဲ။ မုန့်လည် စားတာတော့ မလျှော့သေးဘူး။ ရပ်ကွက်က သိတဲ့ အိမ်တွေ လည် စားနေသေးတယ်။
~~~
တက္ကသိုလ်တက်တော့ သင်္ကြန်ဆိုရင်ကို အိမ်မှာ ဖမ်းမရတော့ဘူး။ ဘာရေပုံးလေးတွေ ပန်းကုံးလေးတွေ လဲ အမှတ်မရဘူး။
ဝယ်ထားတဲ့ အင်္ကျီတွေ၊ ဘောင်းဘီတွေ ပေါ်က မိုးကာ အရောင် တောက်တောက် လေးထပ်ပြီး သူငယ်ချင်းတွေ လာခေါ်တဲ့ ကားနဲ့ လိုက်တာရယ်။
အဲဒီ အချိန်အထိ အဝတ်အစားက ခုလောက်တွေ အထိ မဖော်ကြသေးဘူး။ ကိုယ်တိုင်ကလည်း အသားပျက်မှာ သေမလောက်ကြောက်။
တစ်ခုခုမှားရင်လည်း လည်ခွင့်ပိတ်မှာစိုးတော့ ကိုယ့်ကိုယ်ကို အတော် ဂရုစိုက်ရပါတယ်။
လည်မယ် ဆိုရင် မျက်နှာသုတ်ပဝါ၊ ဂျာကင် အပါး၊ ရှူးဖိနပ်၊ နေကာမျက်မှန်၊ ဦးထုတ် စသည်ဖြင့် ကာရကွယ်ရတာ ရုပ်ပျောက်ပါတယ်။
ဒါပေမဲ့လည်း ပျော်တာပဲ။
နားတဲ့ အချိန် စားရတဲ့
ဆိတ်သားကင်တို့
အာလူးကြော်တို့
ချဉ်စပ်ခေါက်ဆွဲတို့
ထမင်း ဆီဆမ်းတို့ ဟာ ဆာဆာနဲ့ စားရလို့လားမသိ။ သင်္ကြန်တွင်းက ပိုစားကောင်းတယ်လို့ ထင်မိတာပဲရယ်။
~~~
အဲဒီလိုနဲ့ ကျောင်းပြီးတဲ့ နှစ် သင်္ကြန် အပြီး ပြသနာ များလို့ ဆိုပြီး နောက် သင်္ကြန် ၂ နှစ်လုံးကို ကိုယ့်မေမေ က ကိုယ့်ကို ရှမ်းပြည်ခေါ်ထားပါတယ်။
၂၀၀၅/၂၀၀၆ ၂ နှစ် ပါ။ အေးလွန်းလို့ ရေမကစားနိုင်။
ဘာလုပ်တုန်းဆို မုန့်တွေ ပဲ လိုက်စားတာလေ။ နမ္မတူမှာ။
ကောက်ညှင်းမုန့်မျိုးစုံ
ရှမ်းခေါက်ဆွဲ
ကော်ရည်ခေါက်ဆွဲ
ရေစိမ်ခေါက်ဆွဲ
ဝက်သားချဉ်
ဟင်းပေါင်း၊
အသုပ်စုံ စ တာတွေ ကျွေးကြတာ အဲဒီဘက်မှာ။
မျက်ရှုစရာလေးတွေကလည်း ရှိဆိုတော့ နေပျော်ချက်ကတော့။ (ရှုခင်းတွေ ပြောပါတယ်။)
သင်္ကြန် ၂ နှစ်လုံး နယ်မှာ ပျော်နေပြီး ပြန်ပြန် သွားလို့ သူငယ်ချင်းတွေ မသင်္ကာတွေ ဖြစ်ကြသေး။
၂၀၀ရ ကျမှ ဒီ ကို လာခါနီး သင်္ကြန် ကို မန်းလေးမှာ နေစေချင်ကြတာမို့ ပြန်လာတာပါ။
အဲ ဒီတော့မှ ကိုယ် ၂ နှစ် လောက် အဆက်ပြတ်ပြီး ပြန်လာတဲ့ မန်းလေး သင်္ကြန်က ပုံစံ အရမ်းပြောင်းသွားပါပြီ။
ကိုယ်တိုင် လိုက်မမှီ တော့လို့ တရက်ပဲ လည်နိုင်ပြီး နောက်ရက် မလည်တော့ ပဲ ထိုင်နေမိတော့တယ်။ မဏ္ဍပ်မှာ။ ဟိဟိ။။ လာသမျှ အသည် ခေါ်ပြီး ဝယ်စားတာပဲ။
~~~
ဘယ်အရွယ်ဖြစ်ဖြစ် တူတဲ့ သင်္ကြန်ခံစားချက်တွေကတော့……
သင်္ကြန်နေ့ မနက်တိုင်းဆို နိုးတဲ့အချိန် ရာသီလေးကတော့ ပူနေတယ်။
သစ်ရွက်ကြွေသံတွေ မြေကြီးပေါ်ရှပ်တိုက်သံတွေ ကြားနေရတယ်။
အိမ်က ဖွင့်တဲ့ သင်္ကြန်သီချင်းလေးလည်း ကြားရပြီ။
ပိတောက်ပန်းလေးတွေ ရလာနေ့ဆို ပိတောက်နံ့တွေက တစ်အိမ်လုံးပဲ။ (ပိတောက်နံ့ နဲ့ နိုးရတဲ့ မနက် ဘယ်အချိန်မှပြန်ရတော့မယ်မသိ)
မြေပူပူကို ရေစိုတဲ့အချိန် ထွက်လာတဲ့ မြေသင်းနံ့လေးရောပဲ။ (တကယ် လွမ်းပါတယ်။)
အဲဒါက မနက်ခင်းပိုင်းလေး။
ရေကစားပြီး နေ့ခင်းများ အိမ်ပြန်လာရင် ငံပြာရည်ဆီသတ်နံ့လေးက မွှေးလို့။
ခုနက ရေကစားလို့ ဟာနေတဲ့ ဘိုက်က ပိုဆာလာရောဗျာ။
သရက်သီးစိမ်း ခြစ်ပြီး သုပ်ထားတာလေးရယ်၊ ငံပြာရည် ဆီသတ်လေးရယ်၊ ကြက်သားကြော်နဲ့ ဟင်းချိုလေးရယ် ဘိုက်ကားအောင် စားပြီး နေ့လည် နေပူချိန်ကို ရှောင်တဲ့အနေနဲ့ အိပ်ကြရတာ။
ရာသီဘယ်လောက်ပူပူ စိတ်ထဲမှာ အေးနေတယ်။
ခုများတော့ အဲယားကွန်း သုံးလုံး ချိန်ထားတဲ့ နေရာမှာ ထိုင်ပြီး ရင်တွေ ပူရတဲ့ အခြေအနေ။ 🙁
ဟင်း:::
ဒီလိုပဲ အားနေလို့ သတိရတာလေး လွမ်းတာလေးတွေ ရေးမိတာပါ။ အမှန်တော့ လူက ကွန်ပြူတာကြီးရှေ့ ထိုင်ပြီး စိတ်က မန်းလေးပြန်နေတာရယ်။ 🙁
ခု ရေးချင်တာတွေ ရေးလိုက်ရတော့ စိတ်ထဲ တော့ နည်းနည်း ပေါ့သွားပါပြီ။
သည်းခံဖတ်သွားသူများကို ကျေးဇူးပါ။
39 comments
အလင်းဆက်
April 16, 2013 at 2:07 pm
ရသ လေး ရော မွှေ ရေးထားတာလေး
ဖတ်ချင် တာလေး ဖတ် လိုက် ရ တော့
ရင် ထဲ ပေါ့ သွားပါတယ်
🙂
KZ
April 16, 2013 at 6:28 pm
ပထမဆုံး ကော်မန့်လေးမြင်လိုက်တော့ စိတ်ထဲ ပေါ့ပါးသွားသဗျ၊
ဒီရက်ပိုင်း လာဖတ်နိုင်သူရှိသေးဆိုပြီး။
mobile
April 16, 2013 at 2:14 pm
ကျုပ်ကတော့ သင်္ကြန်ဆိုရင် လည်ရတာပျင်းသဗျ….
အိမ်မှာပဲနေပြီး အရက်လေးဘာလေးသောက် ကာတွန့်ကားလေးဘာလေးကြည့်
နေရတာကိုပျော်တယ်….
ဘော်ဒါတွေစုမိရင်လည်း တစ်နေရာချိန်းပြီး ဖဲလေးဘာလေး အပျင်းပြေ ငါးဆယ်ကြေး
ခုနှစ်ဆယ်ငါးကျပ်ကြေး ကစားကြတာပေါ့……………………
ဒီနှစ်လည်းလျှောက်မလည်ဖြစ်ပါဘူးဗျာ………..
KZ
April 16, 2013 at 6:29 pm
ကျုပ်ကတော့ လည်ချင်စိတ်ရှိသေးဗျ။
ကိုရင်စည်သူ
April 16, 2013 at 4:51 pm
ဒို့ အမဂျီး ဂလောက်လှဒါ.. (မြှောက်)
ရဲစားနဲ့ သင်္ကြန်လည်ခဲ့ဒါ ရေးထားတာ မပါတော့… ဖတ်ရတာ..
ပေါ့တော့တော့ကြီးနဲ့..
ထန်းညက်မပါတဲ့ မုန့်လက်ဆောင်း သင်္ကြန်မှာ
စားလိုက်ရသလိုပါလား.. :kwi:
KZ
April 16, 2013 at 6:34 pm
ဟေးဟေးဟေး။
ကရင်စည်။
ကျုပ် စရေးတုန်းက အဲဒီ အပိုင်းတွေ ရေးမယ်ဆိုပြီး စ ရေးတာဗျ။
နောက်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းဖြစ်မစိုးလို့ ကျန်တဲ့ အလွမ်းတွေ ရေးလိုက်တာ။
:kwi:
အကုန်ရေးထားတာဖတ်ရရင် မုန့်လက်ဆောင်းမပါတဲ့ ထညက်ရည်တွေ သောက်ရသလိုဖြစ်မစိုးလို့ ရေးတော့ဘူး။
:kwi:
(တကယ်မမှတ်နဲ့နော်။ ရှင် မြှောက်လို့ ကျုပ် က ပြန်နောက်တာ)
မောင် ပေ
April 16, 2013 at 5:15 pm
ပေ နဲ ့ ဇာနဲ ့တူတဲ့အချက်ကလေးက ဒါလေးပါကွယ်
“တက္ကသိုလ်တက်တော့ သင်္ကြန်ဆိုရင်ကို အိမ်မှာ ဖမ်းမရတော့ဘူး။ ”
စလုံးက ဇာ့ကို လွမ်းတယ်ကွယ်
KZ
April 16, 2013 at 6:39 pm
ဘာမှလည်း မဆိုင်ဘူးနော်။
:kwi:
ရွာစားကျော် မင်းနန္ဓာ
April 16, 2013 at 5:57 pm
ဆားမပါတဲ့ အလွမ်း… (ရဲဇားနဲ့ လျှောက်လည်တာမပါလို့) အာဟိ
KZ
April 16, 2013 at 6:41 pm
လာပြန်ပြီ။
နောက်တစ်ယောက်။
လွမ်းတာတွေ တန်းစီရေးလိုက်ရလို့ ပင်လယ်ရေသောက်ရတဲ့ အတိုင်းဖြစ်သွားမယ်။
ဘယ်တစ်ယောက် စလွမ်းရမှန်းမသိလို့သာ။
:kwi:
အရိပ်စစ်
April 16, 2013 at 7:45 pm
သင်္ကြန်ရက်က ပီးသွားပြန်ပီဆိုတော့ လွမ်းစရာတွေ ထပ်တိုးလာပြန်ပီပေါ့
KZ
April 17, 2013 at 8:57 am
ဟုတ်ပါ့။ လွမ်းစရာ၊ မပျော်လိုက်ရတဲ့ နောက်တစ်နှစ် ထပ်တိုးပြီပေါ့..
kotun winlatt
April 16, 2013 at 7:51 pm
လွမ်းစရာ့ သင်္ကြန်
ဪ…အခုတော့လည်းးးးးးးးးးးးးးးး
ရင်ထဲမှာ…ဟာတာတာနဲ့ သင်္ကြန်…..
KZ
April 17, 2013 at 9:00 am
ရင်ထဲက ကွက်လပ်ကိုတော့ ဘာက မှ မဖြည့်နိုင်..
ဦး ကျောက်ခဲ
April 16, 2013 at 10:27 pm
သင်္ကြန်အလွမ်းကတော့ ဦးကျောက်လည်း တစ်ကျွန်းကျနေသူမို့ မပြောတော့ပါဘူး…
အသက်သာကြီးတာ ပိုးကထိန်းရတာမဟုတ်လို့ ငယ်ငယ်က လူရွှင်တော်တွေပြောသလို…
“ဒီအချိန်ရောက်ရင်ကွယ် ကျွန်တော့စိတ်တွေဖောက်ဖောက်လာတယ်” လို့ ဆိုရမလိုဖြစ်နေပြီ…
မနှစ်က ALPINE မှာ ဟိုကောင်ကလေးကို ဇက်ကြောဆွဲခိုင်းတာ သတိရမိသေး… အား ဟိ
:harr:
KZ
April 17, 2013 at 9:01 am
ဘွတူခြင်းမို့ စာနာမို့ရှိသေး။။
နောက်ဆုံးတစ်ကြောင်းနဲ့ မသနားတော့ဘူး။ ဟွန်း။
no non negative
April 16, 2013 at 10:36 pm
Yes, Me too lol. KZ, sis you not go sambawang?
KZ
April 17, 2013 at 9:02 am
ဘယ်မှ မသွားဖြစ်ပါဘူးကွယ်။
တိုပါးရိုးလည်း မရောက်၊ ဆမ်ဘာဝမ်လည်း မလည်။
ဒီတိုင်းပဲ လွမ်းတယ်။
မဟာရာဇာ အံစာတုံး
April 17, 2013 at 9:32 am
ဒီအတိုင်းဂျီးဒေါ့ မနေသေးပါဘူး မမခိုင်ဇာရယ် ..
ဒီနှစ် မဟုတ်၊ နောက်နှစ် ပေါ့ ..
တစ်ကွေ့ကွေ့တော့ ပြန်ဆုံဦးမှာပါ …
လွမ်းတယ်ဆိုတာ အလကား …
ဘာမှ ဟုတ်တာ မဟုတ်ဘူးးး
ဘာကိုမှ၊ ဘူ့ကိုမှ လွမ်းမနေနဲ့တော့ … ဟီးးး
ဟမ်းးး
ကျုပ်နဲ့ သင်္ကြန်ကတော့ ကံမစပ်ပါဘူးး
အဲ .. မဟုတ်သေးဘူး .. သင်္ကြန်ဆိုတာ ကျုပ်အတွက်တော့ ရိုးရိုးနေ့ရက်တွေပါပဲရယ် ..
ငယ်ငယ်ကတော့ဖြင့် အကိုနဲ့ ကဲခဲ့ဖူးတယ် ..
ကားခေါင်းပေါ်တက်လို့ လည်လည်လိုက်ရင်း က ခဲ့ဖူးတယ် …
ခုတော့ … ထွက်ကို မလည်ဖြစ်တော့တာ …
အေးဆေး တစ်ယောက်တည်း နှပ်နေတော့တာပဲ …
KZ
April 17, 2013 at 9:40 am
ဟီး။
အေးပါအေ။ ကျုပ်မောင်လေး ပြောတဲ့ အတိုင်းပဲ တကွေ့ကွေ့ပေါ့။
အဘွားကြီး တုန်ချိချိမှ မကွေ့ပါစေနဲ့ ဆုတောင်းရမှာပဲရယ်။
Crystalline
April 17, 2013 at 9:58 am
အစ်မ ကျမကတော့တစ်သက်နဲ့တစ်ကိုယ်တစ်ခါပဲသင်္ကြန်လည်ဖူးတယ်.. သင်္ကြန်ဆိုအပြင်ထွက်ချင်တိုင်းမထွက်ရလို့..စားချင်တာခါတိုင်းလိုသွားဝယ်စားလို့မရလို့ စိတ်ညစ်တယ်.. လူ့ဂွစာလို့ဆိုရမယ်.. :kwi:
ဒီနှစ်လည်းခါတိုင်းလို တီဗွီရှေ့အိပ်ပြီး ချယ်နယ်တစ်လိုင်းမကောင်းတစ်လိုင်းပြောင်းကြည့်တယ်.. ဘယ်သူမှလည်းသင်္ကြန်မုန့်လာမပို့တော့ ကိုယ့်ဖာသာဂျယ်လီကိုရွှေရင်အေးပုံဖြစ်အောင်ဖျော်သောက် ပစ်တယ်.. မှတ်ကရော.. :harr:
KZ
April 17, 2013 at 10:04 am
ဟယ်။ နေတတ်သူများကျတော့ ဂျယ်လီကို ရွှေရင်အေးပြောင်းပစ်နိုင်တာကလား။
:harr:
မိသားစုနဲ့ ရှိတဲ့ သင်္ကြန်လေးကို တကယ်လွမ်းမိတယ်။
ပြန်လာရင် စားစရာ အဆင်သင့်၊ အဝတ်ရေစိုတွေ ကူသိမ်းမဲ့သူ အဆင်သင့်ကိုး။
ခုများတော့ ကိုယ်တိုင်လည်း အပျင်းကြီးတာမို့ အပိုလုပ်တွေမလုပ်တာကြာပေါ့။
ရုံးမှာ ကွန်ပြုတာရှေ့၊ အိမ်မှာ တီဗီရှေ့၊ ငြိမ်ငြိမ်လေးပဲ နေတော့တယ်။
ကထူးဆန်း
April 17, 2013 at 10:19 am
ဪ .. ဂလိုကို…… :hee:
KZ
April 17, 2013 at 10:21 am
ဟမ်။
ဟီး။
ဘာတွေ ဘယ်လိုထင်နေကြလို့တုန်း။
ဂလိုပါရယ်။
:kwi:
မဟာရာဇာ အံစာတုံး
April 17, 2013 at 10:06 am
ဟမ်းးး
ကျုပ်လည်း ဂလိုဘဲမို့ …
အဖော် မရှိ ဖြစ်နေရင် …
ကူညီဂျင်ဘာဒယ် .. ဟဲဟဲ …
ကိုယ်လည်းလေ လောကီသား …
အပြောညီသား မှတ်နော်ကွယ် ..
ခွန်းဟခြွေ တောင်းပန်ပါတယ် ..
ချစ်ပါရစေ ခရစ်စတယ်လိုင်း ရယ် … ဟီဟိ ..
မှတ်ချက် ။ ။ ဒက်ဒီကြောင် ကိုယ်စား …။
amatmin
April 17, 2013 at 11:06 am
ကျန်းးးးး
လွမ်းတတ်သူများကျတော့လည်း ကြံဖန်ပီး ကိုလွမ်းနိုင်ဒယ်..။
ကျုပ်တော့ သင်္ကြန်လည်တိုင်း နေမကောင်းဖြစ်.
မျက်မှန်ပျောက် ဒါတွေကလွဲလို့..
လွမ်းစရာ မှတ်တမ်းမကျန်ဘူးရယ်…။
တခုပဲ..သင်္ကြန်မြေသင်းရနံ့လေး လွမ်းရတာတော့
ကျုပ်လည်းကြိုက်တယ်.. 🙂
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 17, 2013 at 11:14 am
သဘာရင့် ဝါရင့် အခြစ်ရဲ့ ကျောင်းသူယီးပါဆို ..
:harr:
KZ
April 17, 2013 at 11:17 am
ဘာရယ်??
နာ့ ကို အဲ့လို နာမည်မဖျက်ပါနဲ့ ဆို။ 🙁
ဆရာက ပို ဆရာ ကျပါတယ် ဆရာ ဂီ ရယ်။ 🙁
KZ
April 17, 2013 at 11:15 am
ညံ့ချက်ဗျာ။
သင်္ကြန် ကိုယ့် အတွက် ဘာမှ မကျန်တဲ့ အပြင် ပျောက်ရသေးလား။
လွမ်းတာတော့ ဆက်မပြောတော့ပါဘူး။
တမာပန်းနံ့တို့ ဥဩသံတို့ လည်း ထည့်ရေးမထားတော့ပါဘူး။
nozomi
April 17, 2013 at 11:22 am
ငယ်ငယ်က စားခဲ့ဘူးတဲ့ ဟင်း က သူ့ဘဝ တစ်လျှောက်လုံး အကောင်းဆုံး အစားအစာဖြစ်နေတာ
ငယ်ငယ်က သင်္ကြန်မှာ ကောင်းကောင်းပျော်ခဲ့ရသူတွေက တူးပို့ တူးပို့ သံ ကြားတာနဲ့ ကိုယ်ထဲက သင်္ကြန်ပိုးတွေက ကြွရွလာတယ်
ကျွန်တော်တို့ကျတော့လဲ ငယ်ငယ်က ကောင်းကောင်း မပျော်ခဲ့ရလို့လား မသိ သင်္ကြန်ဆို ကိုယ်တို်င်ပျော်ရတာထက် သူများ ပျော်ရတာကို ပို သဘောကျတယ်
အခုလဲ သူများ ရေးတဲ့ သင်္ကြန်စာလေး ဖတ်ပြီး ဝင်လွမ်းသွားပါတယ်
KZ
April 17, 2013 at 11:33 am
ခုတော့လည်း သူများပျော်တာကြည့်ပြီး နေပျော်တတ်အောင် ကြိုးစားနေတာပဲ ကိုနိုရယ်။
Wow
April 17, 2013 at 4:48 pm
အရင်ကျောင်းသူဘွတုံးက အပူအပင်မရှိတဲ့ သင်္ကြန်ကိုပိုပျော်တယ်ဆွိရယ်…
အခု ပွင့်လင်းမြင်သာ သင်္ကြန်ရောက်တော့ စတုတိသာမဏပ်တွေလိုက်စားတာလောက်ပဲစိတ်ဝင်စားတော့တယ်… :harr:
KZ
April 17, 2013 at 4:51 pm
အေး။ ဟုတ်တယ်အေ။ ဒီတစ်ခေါက်ပြန်ဖြစ်ရင်တောင် အစားဘက်ပဲ လှည့်ရမှာပဲ။
:harr:
အရီးခင်လတ်
April 17, 2013 at 6:09 pm
မနှစ်က ရန်ကုန်မှာ သင်္ကြန်ကျခဲ့တာ။
ပြန်လွမ်းရမလား။ မေ့နေရမလားဘဲ။
😆
KZ
April 18, 2013 at 10:02 am
ရန်ကုန်သင်္ကြန်တော့ တစ်ခါမှ မကြုံဖူးသေးဘူး အရီးရယ်။
မေ့လို့ မရရင်တော့ လွမ်းလိုက်ပါ။
:harr:
ဦးကြောင်ကြီး
April 18, 2013 at 9:56 am
သင်္ကြန်အလွမ်း
နင်းကန်နမ်း
ငြမ်းဆန်မဖမ်း
ဒင်းညဏ်စမ်း
လင်းပျံစခန်း
နှင်းသံကြမ်း
ပျင်းထန်ငမန်း
ဟင်းဖန်ဆန်း…။
KZ
April 18, 2013 at 10:01 am
အောင်ကြူး ကဗျာက ကြောက်စရာကြီးနော်။
နောက်ခါ အဲလို လုပ်ပစ်ခဲ့မယ်
Mr. MarGa
April 18, 2013 at 11:41 am
သင်္ကြန် သင်္ကြန်
အသက်အရွယ် ရလာလို့လားမသိ အပြင်ထွက်ချင်စိတ်မရှိဘူး
လည်ဖို့ဆိုတာ ဝေလာဝေး
မဏ္ဍပ်ထိုင်ဖို့ကတော့ မျက်စိနောက်လွန်းလို့ တွေးကိုမတွေးတာ
အင်းပေါ့လေ
သင်္ကြန် ဆိုတာက ဦးမာဃရဲ့ တာဝန်ရက်တွေကိုးကွယ့် :kwi:
KZ
April 18, 2013 at 11:46 am
ဟုတ်တယ်။ ဟုတ်တယ်။
တဂျားက တမီးထက် ၁၂ လောက် အသက်ကြီးတယ်။ နားသင့်ပြီရယ်။