လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) – ခင်မမမျိုး

kaiApril 20, 20139min3004

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။

multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ စစ်မှန်သော ပြည်ထောင်စုစနစ် စတာတွေ ရှိရပါတယ်။

ဒါတွေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲလို့ မေးလေ့ရှိကြပါတယ်။ သမိုင်းအဆက်ဆက် နိုင်ငံပေါင်း များစွာရဲ့ သင်ခန်းစာတွေကတော့ nationalism ဆိုတဲ့ အမျိုးသားရေး ဝါဒအပေါ်မှာ အခြေခံတဲ့ လူမျိုးစုရေးရာ ပဋိပက္ခ (ethnic conflict) တွေ ဖြစ်လာနိုင်တာပါပဲ။ ဒီလိုတွေဖြစ်လာရင် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှုတွေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အခက်အခဲတွေ ရှိလာတတ်ပါတယ်။

အမျိုးသားရေးဝါဒ (Nationalism)

political doctrine အရဆိုရင် အမျိုးသားရေးဝါဒဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူအများဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရတွေရှိနေတဲ့ nation states ဆိုတဲ့ နိုင်ငံတော်တွေမှာ သီးခြားနေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ Culture ideal အရ ဆိုရင်ကျတော့ identities များစွာ ကွဲပြားခြားနားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နိုင်ငံတော်တရပ်အနေနဲ့ primary form of belonging ပံ့ပိုးပေးတဲ့ ဝါဒတရပ်အနေနဲ့ မြင်ကြတယ်။ moral ideal အနေနဲ့ကျတော့ ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှု ကျင့်ဝတ်တွေကို မီးမောင်းထိုးပြတတ်ကြတယ်။

ဒီလို ကမ္ဘာ့သမိုင်းအဆက်ဆက်က အမျိုးသားရေးဝါဒတွေကို လေ့လာပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် Ignatieff က civic nationalism နဲ့ ethnic nationalism ဆိုတဲ့ အမျိုးအစားနှစ်မျိုးကို ခွဲခြားရှင်းပြ ဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကား ဆိုတာတွေအပေါ်မှာ လုံးဝခွဲခြားမှုမရှိတော့ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေးမူဝါဒ (nation’s political creed) အပေါ်မှာပဲ တညီတညွတ်တည်း လက်ခံကျင့်သုံး ယုံကြည်ချက်ရှိနေတာကို civic nationalism လို့ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် အများစုမှာ ဒီ civic nationalism ကို အခြေခံတဲ့အတွက် အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေမှာ အခက်အခဲတွေ နည်းပါးခဲ့ပါတယ်။

ဒီလိုတွေမဟုတ်ပဲ အာရှ၊ အာဖရိကနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုြဖစ်စဉ်တွေဟာ ကြာမြင့်တာတွေ၊ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ အမျိုးသားရေးဝါဒက များသောအားဖြင့် ethnic nationalism ပေါ်မှာ အခြေခံတဲ့အတွက်ကြောင့်ပါပဲ။ ethnic nationalism က လူတဦးချင်းရဲ့ ရင်းနှီးဆက်နွယ်မှုတွေဟာ inherited ဖြစ်တယ်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပါတယ်။

နိုင်ငံတော်ဆိုတာဖြစ်လာပြီးမှ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမဟုတ်ပဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဆိုတာကို လူမျိုးစုအချင်းချင်း နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဆိုတာ ဖြစ်တည်လာတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုအယူအဆအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်း တွေအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေအပေါ်မှာ နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဖြစ်တည်မှုရှိရပါတယ်

ဒီလိုမဟုတ်ရင် လူမျိုးရေးပဋိပက္ခ (ethnic conflict) တွေ ဖြစ်လာတတ်ပြီး၊ ပြည်တွင်းစစ် (Civil Wars) တွေဖြစ်လာတတ်ပါတယ်။ အဆိုးဆုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအထိ ဖြစ်လာနိုင်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားလာတဲ့အခါ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေ မြင့်တက်လာပြီး စစ်အာဏာရှင်စနစ်တွေ ဆက်တိုက်ထွန်းကားလာတတ်ပါတယ်။ ဒါကြောင့်လဲ ပဋ္ဋိပက္ခ အမျိုးအစား တွေထဲမှာ လူမျိုးရေးပဋိပက္ခ (ethnic conflict) ဟာ ဖြေရှင်းရအခက်ဆုံးနဲ့ အရှည်ကြာဆုံး ပဋ္ဋိပက္ခပုံစံ တမျိုးဖြစ်တယ် လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။

လူမျိုးစုရေးရာ ပဋိပက္ခ ဖြစ်ပွားစေတတ်သော အကြောင်းရင်းများ

လူမျိုးစုရေးရာ ကွဲပြားခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ ဒီဂရီ အနိမ့်အမြင့်တွေ ရှိတတ်ပါတယ်။ ကွဲပြားမှုခံစားချက်တွေနဲ့ သမိုင်းအစဉ်အလာအရ ရှိလာခဲ့တဲ့ အာဃာတတွေကလဲ ပဋိပက္ခဖြစ်ပွားနိုင်စွမ်းကို မြှင့်တင်ပေးတတ်ပါတယ်။ Donald Horowitz ဆိုသူက လူမျိုးစုဆိုသော သဘောတရားမှာ အုပ်စုရဲ့ အကျိုးစီးပွားကို ထိခိုက်လာချိန်မှာ စုပေါင်းကာကွယ်ရေး ဆိုတဲ့ emotional intensity ပါဝင်နေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ရုတ်တရက်ဖြစ်ပွားလာတဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများ (ဥပမာကိုလိုနီနယ်ချဲ့စနစ်မှ လွတ်လပ်ရေး ရခြင်း၊ ကွန်မြူနစ်စနစ်နှင့် စစ်အာဏာရှင်စနစ် စသော အင်အားကြီးမားသည့် စနစ်များ ပြိုလဲသွားခြင်း) စတာတွေဟာ ရှိပြီးသား နိုင်ငံရေးအင်စတီကျူးရှင်းများကို ပြိုလဲသွားစေတတ်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလို အသွင်ကူးပြောင်းမှုတွေမှာ စနစ်ဟောင်းကလဲ အလုပ်လုပ်မှု မရှိတော့ပဲ၊ စနစ်သစ်ကလဲ ပြည့်စုံတဲ့ အင်စတီကျူးရှင်းသဏ္ဍာန်ကို မဖန်တီးပေးနိုင်သေးတဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားတွေမှာ မတည်ငြိမ်မှုနဲ့ မရေရာမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေကို နိုင်ငံရေးပညာရှင် Lake နဲ့ Rothchild တို့က အနာဂတ်ရေးရာ စုပေါင်းစိုးရိမ်ထိတ်လန့်မှု (collective fears of the future) အဖြစ် သတ်မှတ်ထား ကြပါတယ်။

အသွင်ကူးပြောင်းကာလတွေမှာ လူမျိုးစုတွေအကြား emotional antagonisms တွေ ဖြစ်ပွားလာ တတ်ပါတယ်။ နိုင်ငံရေးရာ စွန့်ဦးတီထွင်သူတွေ (Political entrepreneurs) ကလဲ လူမျိုးစုများရှိရာ မဲဆန္ဒနယ်တွေမှာ လူမျိုးစုရေးရာ လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်လာတတ်ပါတယ်။ ဒီအခါမှာ အရင်းအမြစ်များနဲ့ အခွင့်အရေးများအတွက် လူမျိုးစုများအကြား ပြိုင်ဆိုင်မှု (inter-ethnic competition) ဖြစ်ပွားလာတတ်ပါတယ်။ ဒီလိုပြိုင်ဆိုင်မှုတွေနဲ့အတူ ethnification (ethnic identities များ၏ လူမှုရေးရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးရာ အရေးပါမှုများ မြင့်တက်လာခြင်း) နဲ့ ethnic intolerance (အခြားလူမျိုးစုများအား အရင်းအမြစ်နှင့် အခွင့်အရေးများ မရရှိအောင် ပိတ်ဆို့ တားဆီးခြင်း) စတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာပါတယ်။

လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက ချဉ်းကပ်မှုနည်းလမ်း (approaches) လေးခုနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။

() Primordialist Approach

ဒီနည်းလမ်းက လူမျိုးစုတွေအကြားမှာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ အာဃာတတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ လူမျိုးစုတခုကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အခြားလူတွေကို ခွဲခြား ဆက်ဆံမှုဟာ ဘိုးစဉ်ဘောင်ဆက် လူသားပတ်သက်ဆက်နွယ်မှုတွေကို အခြေခံပါတယ်။ ရံဖန်ရံခါ လူသားမဟုတ်ပဲ အခြားသတ္တဝါတွေလဲ ဖြစ်နေတတ်ပါတယ်။ ဒီအမြင်အရ အစွန်းရောက်မှုနဲ့ သည်းခံနိုင်စွမ်းနည်းပါးမှုတွေက လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝဖြစ်နေပြီး၊ နိုင်ငံရေးအကျိုးစီးပွား ထက် ပိုမိုကျော်လွန်နေတတ်ပါတယ်။

ဒီချဉ်းကပ်နည်းလမ်းဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ လူမျိုးရေးရာ ပဋိပက္ခဖြစ်နိုင်ချေတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြပေးထားပါတယ်။ လူမျိုးစုရေးရာ ခံစားချက်တွေဟာ primordial ဖြစ်လာတဲ့အခါ၊ အတိတ်က တရားမမျှတမှုများနဲ့ အာဃာတတွေကို အခြေခံတဲ့ လူမှုရေးနဲ့ နိုင်ငံရေးရာ constructed reality ရှိလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Suny ဆိုသူက ဒါနဲ့ ပတ်သက်ပြီး national identities နဲ့ ethnic identities တွေဟာ သင်ကြားမှု၊ ထပ်ဖန်တလဲလဲ ပြောဆိုမှု၊ ပြန်လည် ဖော်ထုတ်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ခံစားမှုများအပေါ် အခြေခံကြောင်း ရေးသား ဖော်ပြထားပါတယ်။

လူမျိုးစုတခုရဲ့ သမိုင်းကြောင်းဆိုတာ လူမှုရေးရာ ပြန်လည်တည်ဆောက်မှု တရပ်ဖြစ်ပြီး၊ တိုင်းပြည်ဆိုတာ သမိုင်းကြောင်းဖန်တီးမှုဖြစ်စဉ်ကနေ ပေါ်ထွက်လာတဲ့ စုစည်းမှု တခုလဲဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးစုတွေရဲ့ သမိုင်းတွေကို ပြန်လည်ဖော်ပြရာမှာ သမိုင်းအစတွေ၊ ဖြစ်စဉ်တွေ၊ သူရဲကောင်းဝါဒတွေ၊ ကြီးကျယ်မြင့်မြတ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ သားကောင်ဖြစ် ရမှုတွေ ပါဝင်နေပါတယ်။ ဒီအတိတ်တွေဟာ အမိမြေဆိုတာနဲ့ ဆက်စပ်နေတဲ့ imagined community တခုကို လူတွေရဲ့ ရင်ထဲကို ထည့်သွင်းပေးပါတယ်။

လူမျိုးစုတွေရဲ့ စုပေါင်းမှတ်ဉာဏ်တွေထဲမှာ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ နိုင်ငံရေးပညာရှင် Prazauskas ဆိုသူက လူမျိုးစုတခုရဲ့ သမိုင်းကြောင်းဆိုင်ရာ မှတ်ဉာဏ်ကို လူမျိုးစုရဲ့ အတိတ်သမိုင်း၊ အခြားလူမျိုးစုများနဲ့ ပတ်သက်ဆက်နွယ်မှုများ၊ လူမျိုးစု ပုံဖော်မှုများ ပေါင်းစပ်နေသော အတွေးအမြင်များ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

လူမျိုးရေးနဲ့ ဘာသာရေးရာ identity များကို ပြန်လည်ဖော်ထုတ်ရာမှာ သမိုင်းကို အသုံးပြုလေ့ရှိပါတယ်။ လူမျိုးစုများအကြား တင်းမာမှုတွေ၊ အခြားလူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိလာစေရေးအတွက်လဲ အတိတ်သမိုင်းထဲက အာဃာတတွေကို ဖော်ထုတ်တတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Rothschild ဆိုသူက ရုတ်ခြည်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေမှာ လူတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို ပြန်လည်ဖော်ထုတ်လာတတ်ကြကြောင်း ဆိုထားပါတယ်။

လူမျိုးစုရေးရာ ပဋိပက္ခတွေကို လူမျိုးစုများအကြားမှာ အမြစ်တွယ်နေတာကြောင့် ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်း မြင်လေ့ရှိတာက ရှုပ်ထွေးတဲ့ ပြဿနာရဲ့ ရိုးရှင်းသော အမြင်ပဲ ဖြစ်ပါတယ်။ ဒီအမြင်တွေဟာ လူမျိုးစုရေးရာပဋိပက္ခများကို ဖြေရှင်းပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်လိုသူများအတွက် အတားအဆီးတွေ ဖြစ်စေနိုင်ပါတယ်။ လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ရခြင်း အကြောင်းရင်းကို primordial approach တခုတည်းနဲ့ ရှုမြင်ခြင်းဟာ ပဋိပက္ခရဲ့ ဆိုးကျိုးသက်ရောက်မှု ရှိခဲ့ရတဲ့ လူ့အဖွဲ့အစည်းကို ဥပက္ခာပြုရာ ရောက်ပါတယ်။ နိုင်ငံရေးပညာရှင် Akbar ဆိုသူက လူမျိုးစုရေးနဲ့ ပတ်သက်တဲ့ ယူဆချက်တွေမှာ အတိတ်သမိုင်းအစဉ်အလာတွေကိုပဲ အာရုံစိုက်ကြခြင်းဟာ “ခေတ်နောက်ပြန်ဆွဲသော လူ့အဖွဲ့အစည်းများသည် အတိတ်ထဲတွင် နေတတ်လေ့ရှိသည်“ ဆိုတဲ့ အမြင်ကို လျစ်လျူရှုရာ ရောက်တတ်ကြောင်း ဆိုထားပါတယ်။

လူမျိုးစုအများအပြား စုပေါင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေတိုင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်နိုင်ချေေတွ ရှိတတ်ပါတယ်။ ရုတ်ခြည်းနိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေမှာ မရေရာမှုတွေ ပေါ်ထွက်လာတဲ့အခါ၊ ethnic identities နဲ့ ခံစားချက်တွေကို လူမျိုးစုရေးရာ အကြမ်းဖက်မှုအဖြစ် အသုံးချမှုတွေ ရှိလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Ganguly ဆိုသူက ဒီလို လူမျိုးစုဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပဋိပက္ခတွေကို အတိတ်သမိုင်းအစဉ်အလာမှာရှိခဲ့တဲ့ အာဃတတွေနဲ့ပဲ ရှုမြင်လေ့လာခြင်း မပြုလုပ်ပဲ အခြားနည်းလမ်းများကိုပါ အသုံးပြုသင့်ကြောင်း အဆိုပြုထားခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၉၊ ၄၊ ၂၀၁၃)

4 comments

  • ဦးဦးပါလေရာ

    April 20, 2013 at 1:35 am

    အဖွဲ့အစည်းတစ်ခုအတွင်းက လူမျိုးရေးပဋိပက္ခတွေ လျော့နည်းသွားဖို့ဆိုရင်
    လုပ်စရာနှစ်မျိုးကိုပဲ မြင်မိတယ်..။
    ၁-အဖွဲ့အစည်းစိတ်ဓါတ်လွှမ်းမိုးလာအောင် အကျိုးစီးပွားနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ဖို့နဲ့
    ၂-လူမျိုးရေးစိတ်ဓါတ် မပြင်းထန်အောင် အစွန်းမရောက်အောင် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်စေနိုင်တဲ့
    ကောင်းသော မကောင်းသောလုပ်ရပ်အားလုံး လျှော့ချဖို့ ……. ပါ ပဲ…။

    ကျုပ်အမြင်အရတော့ လောလောဆယ် ကျုပ်တို့သွားနေတဲ့လမ်းကြောင်းက ချောက်ထဲကိုပါ…။

    စိတ်လိုက်မာန်ပါ ပြောမယ် ပြုမူမယ်ကြံရင်
    နောင်လာနောက်သား ကိုယ့်သားမြေးတွေရဲ့မျက်နှာလေးတွေ ပြေးမြင်နိုင်ကြပါစေ …
    လို့… ဆန္ဒပြုရုံမှတပါး……………………………..

  • kai

    April 20, 2013 at 5:30 am

    ကျုပ်ကတော့.. လူမျိုးရေးဂျီနိုဆိုက်တွေတော်တော်များများ.. ဘာသာရေးအခြေခံတယ် မြင်မိတယ်..
    မြန်မာပြည်အကြောင်း.. မြန်မာ့လူမျိုးရေးပဋိပက္ခတွေအကြောင်း… လေ့လာမယ်ဆို.. ထေရဝါဒဗုဒ္ဓဘာသာ.. .. ဟိန္ဒူ.. မဟာယာနဗုဒ္ဓဘာသာတွေအကြောင်းကို.. သေသေချာချာသိရမယ် ထင်မိတယ်..
    ဒီမှာတင်..အနောက်နို်င်ငံသားတွေရဲ့.. အမြင်တွေ..သီအိုရီတွေ.. တော်တော်ချော်ကုန်တယ် ထင်မိတယ်..

    ဆိုတော့..
    ကျန်တာဆက်ဖက်မည်ဖြစ်ပါကြောင်း.. :kwi:

  • မောင် ပေ

    April 21, 2013 at 7:32 pm

    ကျုပ်လို ဘာမဟုတ်တဲ့ နိုင်ငံသားတစ်ယောက် အမြင် ပြောရရင်တော့
    အစိုးရအနေနဲ ့ ၊ လူမျိုးရေး ပဋိပက္ခ မဖြစ်ဖို ့ဆိုရင် ၊ နိုင်ငံတော် ကိုးကွယ်တဲ့ ဘာသာကို စော်ကားလာတဲ့ ဘာသာမှန်သမျှ ၊ ပြတ်ပြတ်သားသား နှိပ်ကွပ် ပစ်ရမယ် ။
    မြန်မာနိုင်ငံသား ဗမာ/မြန်မာ လူမျိုး တွေရဲ ့စိတ်ဟာ ဒေါသဖြစ်လဲ ခဏပါ ။ သူများ ဘာသာကိုလဲ ကိုယ့်ဘက်က စပြီး မစော်ကားတတ်ကြဘူး ။ မတရား စော်ကားခံ ဖိနှိပ်ခံရလွန်းမှသာ အုံကြွလာတတ်ကြတာကိုးဗျ ။
    အခု လက်ရှိဖြစ်နေတဲ့ ဟာကို ပဲ အခြေခံပြီး ကြည့်ကြရင် သိသာပါတယ်
    ဒီလောက် ပြဿနာ ဖြစ်နေတဲ့ ဟာကို ထဘီစပေါ် ဘုရားပုံ ရိုက်ပြီး ဈေးကွက်ထဲ ဖြန် ့တာ ဘယ်ဘာသာလဲ ။
    ပြတ်ပြတ်သားသား အရေးယူ ၊ ဖိနှိပ် ပစ်တာမျိုး မရှိဘူး ဆိုရင်
    သူတို ့ကပဲ အမြဲတမ်း ပြဿနာ အမျိုးမျိုး ရှာခဲ့ကြ ၊ ရှာနေဆဲ ၊ ရှာဦးမှာ ပဲ
    မြန်မာနိုင်ငံထဲမှာ နေရင်တော့
    မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဘယ်လို စိတ်သဘောထား ၊ နေကြသလဲ ဆိုတာ သိရမှာပါ
    ဘယ်ခရစ်ယာန်နဲ ့မှ ပြဿနာ မရှိ ၊ ဘယ်တရုတ်နဲ ့မှ လဲ ပြဿနာ မရှိပါ

  • မောင် ပေ

    April 21, 2013 at 7:38 pm

    ရွှေပြည်သာတွင် (၁၂)နှစ်အရွယ်(၇)တန်းကျောင်းသူလေးအား (၄၃)နှစ်အရွယ်မြန်မာမ(၃)ယာက်ယူထားပြီး မူဆလင်ထဲသွင်းထားသော မူဆလင်ကုလား မာမက်ဇေလီ မှ မုဒိန်ကျင့်ရန်ကြံစည်မှု
    *************************************
    ယာက်ယူထားပြီး မူဆလင်ထဲသွင်းထားသော မူဆလင်ကုလား မာမက်
    7.4.2013မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။

    သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ကြံစည်သူက ဦးတင်အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင်တစ်ဦးဖြစ်ပါတယ်။

    ကျောင်းသူလေး အိပ်မောကျနေတုန်း ခြင်ထောင်ထဲဝင်ပြီးလည်ပင်းညှစ်ထားတာပါ။ ကလေးမလေးက မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်းဆောင့်သံပြင်းထန်တာကြောင့် မိသားစုများနိုးလားပြီး ခြင်ထောင်လှပ်ကြည့်ရာမှ တွေ့ရှိခဲ့တာပါ။

    မာမက်ဇလီက လက်သည်းညှပ်အကြီးစားထဲမှာပါတဲ့ဓားချွန်နှင့်ထောက်ထားပြီး လက်တစ်ဖက် ကလည်းလည်ပင်းညှစ်ရက်ကြီးနဲ့ “ငါ့မထိနဲ့၊ထိရင်ကောင်မလေးကို ထိုးသတ်ပစ်မယ်”ဟု ကြိမ်းဝါးပါတယ်။ ခဲအိုးဖြစ်သူ ကိုအောင်မျိုးဇော်ကနာသလယ်ကိုဖြတ်ကန်လိုက်လို့ မာမက်ဇလီလဲကျသွားတဲ့အခါ ဖခင်ဦးသန်းနိုင်ကပါ ဝင်ချုပ်ဖမ်းဆီးပြီးလက်သည်းညှပ်ဓားကို လုယူနိုင်ခဲ့ပါတယ်။

    ဒီအခါ မာမက်ဇလီက သူ့ကို ဝိုင်းရိုက်နေကြပါတယ်ကယ်ပါအုံး အကူအညီတောင်းလိုု့ တစ်ရပ်ကွက်လုံးလန့်နိုးကုန်ကြပါတယ်။

    ဦးသန်းနိုင်က ရွှေပြည်သာလူငယ်ခေါင်းဆောင်ကိုအောင်ကြီးကို ဖုန်းဆက်ခေါ်ပါတယ်။ ကိုအောင်ကြီးက မြို့နယ်ရဲမှူးထံ သတင်းပို့ပြီး ရဲမှူးနှင့်အတူကားနှစ်စီးနဲ့ ထွက်လာကြတဲ့အခါ နယ်ထိန်းခေါင်းဆောင်ရောက်နေပါပြီ။ မာမက်ဇလီကို လက်ထိပ်ခတ်ထားပါပြီ။ မာမက်ဇလီကို တစ်ရပ်ကွက်လုံးက ဝိုင်းရိုက်မယ်လုပ်လို့ ကိုအောင်ကြီးက “ထောက်ခြောက်ထဲဝင်သွားမယ်။ မလုပ်နဲ့”တားလို့ပြည်သူများသဘောပေါက်သွားကြပါတယ်။

    ရဲစခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့်စွဲဆိုထားပြီး 10.4.2013 နေ့မှာ ထောင်ကြီးချုပ်သို့ ပို့ထားပါတယ်။

    မာမက်ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား ) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ကာ မ တရုတ်မလို့ လူသိများတဲ့ ငါးရောင်းသူတစ်ယောက်ပါ။မ တရုတ်မကို တရားဝင်မယား (ကြီး) အဖြစ်ပေါင်းသင်းကာ သားသမီးသုံးယောက်ရှိပါတယ်။ အခြားအမြှောင်မယားသုံးယောက်လုံးကလည်း ဗမာတွေပဲလို့ သိရပါတယ်။

    ရွှေပြည်သာမြို့နယ်မှာ ပြဿနာများ ပူပေါင်းဖြေရှင်းဖို့အတွက်ဘာသာပေါင်းစုံအဖွဲ့ ဖွဲ့စည်း ထားတာ 31.3.2013 ရက်နေ့ကဖြစ်ပါတယ်။

    မုဒိမ်းကြံစည်မှုဖြစ်လာတဲ့အခါ မူစလင်ခေါင်းဆောင်များနဲ့ညှိုနှိုင်းပြီး ဆောင်ရွက်ခဲ့ရာမှာ မူဆလင်များက မာမက်ဇာလီတို့ရဲ့ ထရံကာကြမ်းခင်းအိမ်ကိုဖျက်ယူရွှေ့ပေးကြတဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချကြောင်းပါ ကြေငြာချက်ထုတ်ပြန်ပေးခဲ့ကြပါတယ်။မူဆလင်းခေါင်းဆောင်ကြီးက “သဘာဝကျပါတယ်။ လုပ်ပေးရမှာပေါ့” လို့ ပြောဆိုပြီးဆောင်ရွက်ပေးခဲ့တာပါ။ အမှိုက်ဆိုတာ ရှုပ်တတ်တဲ့အမျိုးပဲနော် ရှုပ်လာပြီဆိုရင်တော့ မဖြစ်မနေရှင်းရမှာပဲပေါ့။ဒီတစ်ခါ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရလေအောင် ရှင်းတတ်ဖို့တော့လိုမယ်နော်။

    ရွှေပြည်သာမှ ကိုအောင်ကြီးတို့ဖြေရှင်းပုံကိုစံနမူနာယူရမယ်မဟုတ်လားဗျာ။

    အကြမ်းဖက်ခံရသောကလေးမလေးသည် ဆံပင်စဆွဲဆောင့်ခံထားရ၍ ဦးရေများ နာကြင်နေပြီး ညအခါတွင်စိတ်ခြောက်ခြားကာ အိပ်မပျော်ဘဲဖြစ်နေပါသည်။ နေ့အခါတွင်လည်းခါတိုင်းလိုပုံမှန်စကားပြောခြင်းမရှိဘဲ ငေးမှိုင်တွေဝေနေကြောင်း သိရပါသည်။ ဦးဝီရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါသည်။

    ဆက်သွယ်ရန်-

    ကိုအောင်ကြီး-09.43070794

    ရဲတပ်ဖွဲ့မှူး-09.450542933

    နယ်ထိန်းခေါင်းဆောင်-09.43170716

    ရဲစခန်း-01.610667

    ဗဟုသုတ ဟင်းပေါင်းအိုးကြီး

Leave a Reply