Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရားစခန်းသို့ တစ်ခေါက်

 

 

 

 

 

 

 

 

ခေါင်းစဉ်ကိုကြည့်ပြီး မွန်မွန်တစ်ယောက် တရားပဲဟောတော့မလား၊ ဒါမှမဟုတ် တရားပဲပေါက်သွားပြီလား၊ ဘာလားညာလား မထင်လိုက်ပါနဲ့နော်။ ဒုတိယအကြိမ်ဆိုပေမယ့် ပထမအကြိမ်လို ဖြစ်နေလို့ပါ။ ပထမအကြိမ်တုန်းက ဆယ်တန်းဖြေပြီးတဲ့အချိန်ဆိုတော့ ကလေးသာသာ ဘာမှအာရုံမရှိဘဲ တရားစခန်းဝင်တာဆိုတော့ အခုနေပြန်တွေးကြည့်ရင် ဘာမှမမှတ်မိတော့ဘူး။ ဆိုတော့ ကျွန်မအတွက် ပထမဆုံးအကြိမ်အတွေ့အကြုံတွေကို အရမ်းပြောပြချင်လို့ပါ။ အခုမှ သေချာဝင်ဖူးတာဆိုတော့ ကိုယ့်အတွက် အသစ်ဖြစ်နေတာလည်း ပါတာပေါ့နော်။ ရွာထဲမှာ ဖောက်သည်ပြန်ချတာပါ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ အားနာပါးနာနဲ့ ဖတ်ပေးကြပါဦးနော်။

 

ပိတ်ရက်ဆိုရင် နယ်ပြန်ချင်တာ ရွရွတက်နေတဲ့ ကျွန်မတစ်ယောက် ဒီနှစ် သင်္ကြန်ပိတ်ရက်ရှည်မှာ အိမ်ပြန်ချင်စိတ်မရှိတာ နည်းနည်းထူးခြားတယ်ရှင့်။ သူငယ်ချင်းတွေကတော့ ပြောကြပါတယ်.. ဟိုလူမရှိလို့ ပြန်မလာတာမို့လား၊ ဒီလူမရှိလု့ိ မပျော်နိုင်တာမို့လား၊ ဘာညာနဲ့ပေါ့။ တကယ်တော့ အိမ်ပြန်ရတာ ခရီးထွက်ရသလိုပါပဲ။ အရမ်းပင်ပန်းပါတယ်။ ရုံးတက်ပြီး အိမ်ပြန်၊ ပြန်လာရင် ရုံးတန်းတက်နဲ့ လူလည်းပင်ပန်း၊ ပိုက်ဆံလည်း ကုန်ပါတယ်။ ဒီတော့ ပိတ်ရက်မှာ အေးအေးဆေးဆေးနားချင်တာရယ်၊ အိမ်ပြန်လို့ သူငယ်ချင်းတွေနဲ့တွေ့၊ အားနာပါးနာနဲ့ အပြင်ထွက်ဆိုတာတွေ မလုပ်ချင်တာကြောင့်ရယ်၊ လကုန်ရင်လည်း အမေနဲ့အတူတူနေရတော့မှာမို့ အမေ့ကို ပြန်မတွေ့လည်း ဖြစ်တာရယ်ကြောင့် အိမ်မပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမေကတော့ အီလည်လည်ပေါ့။ သိပ်လည်း စိတ်မချဘူး။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က သူတရားစခန်းဝင်မယ်ဆိုတာနဲ့ ငါလည်းဝင်မယ်ဆိုပြီး ပြောလိုက်ပါတယ်။

 

အစကတော့ သိပ်မသေချာပါဘူး။ ရန်ကုန်မှာပဲ အိပ်လိုက်စားလိုက်၊ စာဖတ်လိုက်နဲ့ အနားယူရင်ကောင်းမလား၊ တရားစခန်းပဲ ဝင်ရင်ကောင်းမလားဆိုပြီး စိတ်က ဒွိဟဖြစ်နေပါတယ်။ ဒါပေမယ့် စကားစပ်မိလို့ပြောကြရင်းနဲ့ သူငယ်ချင်းနှစ်ယောက်ကပါ သူတို့လည်းဝင်မယ်ဆိုပြီး စာရင်းတွေပေးဘာပေးနဲ့ဆိုတော့ ကျွန်မလည်း စာရင်းပေးလိုက်ရင်း ဝင်ဖို့ရာခိုင်နှုန်းက ပိုများသွားတယ်။ ကံကပဲ ကောင်းတာလားမသိပါဘူး။ အဒေါ်တစ်ယောက်က တရားစခန်းဝင်မယ်ဆိုရင် သူ့ဆီမှာ ယောဂီလုံချည်လာယူပါတဲ့။ နောက် အစ်ကိုတစ်ယောက်ကလည်း ယောဂီအတွက် လိုတာလှူမယ်လို့ ပြောပြီး အကျီအဖြူတစ်ထည်နဲ့ အအေးဘူးတွေ ဝယ်ပေးပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့လည်း တရားစခန်းဝင်မယ်ဆိုတာကို ရာနှုန်းပြည့် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

 

တရားစခန်းက မြောက်ဒဂုံက ကိုးဘွဲ့ရသာသနာပြုကျောင်းပါ။ ဧပြီ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ အရောက်လာပါဆိုလို့ နေ့လည် (၁) နာရီမှာ အိမ်က စထွက်ပါတယ်။ နေ့လည်စာ စားထားပေမယ့် ညနေကျရင် ဥပုသ်ဝင်ရတော့မှာမို့ ညနေစာမစားရရေးကိုလည်း ပူပန်မိပါသေးတယ်။ လိုလိုမယ်မယ်ဆိုပြီး ကျွန်မတို့တွေ ပေါင်မုန့်ထုပ်တွေ၊ ခေါက်ဆွဲခြောက်ဗူးတွေနဲ့ ရိက္ခာစုဆောင်းရေးလုပ်ပြီး ချီတက်သွားကြပါတယ်။ အားလုံးပေါင်း (၅) ယောက်ပါ။ ကျွန်မတို့ရောက်တော့ပဲ လူအတော်များနေပါပြီ။ ဝေယျာဝစ္စအဖွဲ့က ကြိုဆိုနေရာချထားရေး လုပ်ပေးပါတယ်။ အိမ်တွေဝိုင်းသယ်ပေးမယ်လုပ်လို့ လုံချည်တွေပါနေတာကြောင့် ကိုယ့်အထုတ်ကိုယ်ဆွဲပြီး တက်ခဲ့ကြပါတယ်။ ဗိမာန်ကြီးတတိယထပ်မှာ နေရာရပါတယ်။ သံမန်တလင်းကြမ်းပေါ်မှာ ကိုယ့်ဖျာကိုယ်ခင်းပြီး နေရာယူရပါတယ်။ ပိုတာလိုတာတွေ မရှိပါဘူး။ သူတို့ပေးတဲ့အတိုင်းပဲ ငါးယောက်စာ ကွက်တိခင်းရပါတယ်။ နေရာလည်းရွေးလို့မရပါဘူး။ အစဉ်လိုက်အတိုင်း တန်းစီပြီး နေရာချသွားတာပါ။ ရာသီဥတုကတော့ လွှတ်ပူတာပေါ့။ ပူပူနဲ့ပဲ စကားလေးပြောလိုက်၊ ဘေးကညီအစ်မတွေနဲ့ မိတ်ဆက်လိုက်၊ ဟိုလူကြည့်ဒီလူကြည့်လုပ်လိုက်၊ မုန့်လေးစားလိုက်နဲ့ အချိန်ဖြုန်းကြပါတယ်။

 

ညနေ (၅) နာရီမှာ တရားစခန်းစမယ်ဆိုတာနဲ့ ယောဂီဝတ်စုံတွေလဲပြီး အောက်ထပ်ကို ဆင်းလာကြပါတယ်။ မြင်လိုက်ရတဲ့မြင်ကွင်းက ဘုရားတချင်စရာပါပဲ။ ဗိမာန်အောက်ထပ်ခန်းမတစ်ခုလုံး လူအပြည့်ပါ။ ပန်ကာလေကလည်း ဒီလူတွေရဲ့အပူ၊ ပတ်ဝန်းကျင်ရဲ့အပူကို အံမတုနိုင်ပါဘူး။ ပြတင်းပေါက်တွေကလည်း လေအပြည့်မဝင်နိုင်ပါဘူး။ ကျွန်မတို့လည်း ဒီကျပ်ကျပ်တည်းတည်းကြားထဲပဲ တိုးဝင်ပြီး ထိုင်လိုက်ပါတယ်။ ယပ်တောင်တဖျတ်ဖျတ်ခတ်လည်း မရပါဘူး။ စိတ်ထဲမှာလည်း တော်တော်လေး စိတ်ညစ်မိပါတယ်။ တရားထိုင်ဖို့အရေး၊ ရေချိုးဖို့အရေး၊ အဝတ်လျှော်ဖို့အရေး၊ အိမ်သာဝင်ဖို့အရေး ဒီလူအုပ်နဲ့ ဘယ်လိုလုပ်ရပါ့မလဲဆိုပြီးတော့ပေါ့။ ခဏကြာတော့ တာဝန်ခံဆရာတော်ရောက်လာပြီး စကားပြောပါတယ်။ လက်ခံထားတဲ့လူစာရင်းအရဆို (၁၂၀၀) လောက်ရှိပါတယ်တဲ့။ စာရင်း (၁၂၀၀) ဆိုရင် တကယ်လာတဲ့လူဦးရေက (၁၀၀၀) လောက်တော့ ရှိလိမ့်မယ်တဲ့။ အားလုံး စည်းကမ်းရှိဖို့၊ သည်းခံကြဖို့ ဩဝါဒပေးပြီး မှာကြားပါတယ်။ ပြီးတော့ အချိန်စာရင်းစာရွက်ဝေပါတယ်။

 

မနက် (၄) နာရီ                 – အိပ်ယာထ

၄း၃ဝ – ၅း၃၀                   – တရားနာ / ထိုင်

၆းဝဝ – ရးဝ၀                   – အရုဏ်ဆွမ်းစား

ရး၃ဝ – ၈း၃၀                   – သင်တန်းတရား (မိုးကုတ် ဦးရဲမြင့်)

၉းဝဝ – ၁ဝးဝ၀                 – သင်တန်းတရား (ဓမ္မစက္က ဦးမောင်မောင်)

၁ဝး၃ဝ – ၁၁းဝ၀               – သီလပေးတရား

၁၁းဝဝ – ၁၂းဝ၀               – နေ့ဆွမ်းစား

၁၂းဝဝ – ၁းဝ၀                 – လုံးဝ ဝစီပိတ် / အနားယူ

၁းဝဝ – ၂းဝ၀                   – တရားနာ / ထိုင်

၂း၃ဝ – ၃း၃ဝ                   – သင်တန်းတရား (မိုးကုတ် ဦးရဲမြင့် / ဓမ္မစက္က ဦးမောင်မောင်)

၄းဝဝ – ၅းဝ၀                   – ညနေဖျော်ရည် / ရေချိုးချိန်

၅းဝဝ – ၆းဝ၀                   – တရားထိုင်

၆း၃ဝ – ရး၃၀                   – ဘုရားရှိခိုး / တရားထိုင်

၈းဝဝ – ၉းဝ၀                   – ညနေတရားပွဲ

 

အချိန်စာရင်းကတော့ အတော်လေးကို ပေါ့ပေါ့ပါးပါးရှိပါတယ်။ နောက်တော့ ဆရာတော်ကြွလာပါတယ်။ ဆရာတော်က အချိန်စာရင်းကို ရှင်းပြပြီး ဩဝါဒပေးပါတယ်။ ကြားက နာရီဝက်က အနားယူ၊ စင်္ကြလျှောက်ချိန်တွေပါ။ တရားစခန်းဝင်တာ လူငယ်တွေများပါတယ်။ ကလေးချစ်တတ်တဲ့ဆရာတော်ကလည်း လူငယ်ပီပီ ဟာသလေးတွေနဲ့ စကားပြောတော့ စိတ်ထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်တာ နည်းနည်းတော့ သက်သာသွားပါတယ်။ ကျွန်မတို့တွေရဲ့စိတ်ကို သိနေတဲ့ဆရာတော်က ဗိုက်ဆာကြလား၊ ညနေစာလေးစားပြီးမှ တရားစခန်းဝင်ရင် ပိုမကောင်းဘူးလားလို့ မေးတော့ ကျွန်မတို့တွေအာလုံးကလည်း ထောက်ခံကြတာ တစ်လေသံတည်းပဲ။ ဒီနှစ်မှာ အဲဒါလေးလိုသွားလို့ပါတဲ့၊ နောက်နှစ်ကျရင် ညနေစာကျွေးပြီးမှ တရားစခန်းစဖွင့်ပေးပါမယ်တဲ့။ ဘာပဲဖြစ်ဖြစ် ဒီညနေတော့ ကျွန်မတို့ ငတ်ကြတာ သေချာပြီပေါ့။ ခဏကြာတော့ စခန်းဝင်ကြေး (၆၀၀၀) ကျပ်ပေးရင်းနဲ့ အိတ်လေးတွေ ဝေပါတယ်။ အထဲမှာ ကိုးဘွဲ့ရတံဆိပ်နဲ့ယောဂီတဘက်ရယ်၊ ဘုရားရှိခိုးစာအုပ်ရယ်။ နောက် ရေသန့်ဘူးတစ်ဘူးနဲ့ အချိုရည်တစ်ဘူးရယ်။ အဲဒီညနေကတော့ ဒါလေးနဲ့ပဲ အသက်ဆက်ခဲ့ရတာပေါ့။ ခဏနေတော့ ညတရားပွဲစပါတယ်။ ဗိုက်ထဲမှာကလည်း တဂွီဂွီနဲ့ တရားနာနေတဲ့တစ်ချိန်လုံး ရေပဲသောက်နေရပါတယ်။ တရားပွဲပြီးတာနဲ့ တိုးဝှေ့နေကြတဲ့လူတွေကြားထဲ ရေတောင်မချိုးဖြစ်တော့ပါဘူး။ မျက်နှာသစ်၊ ရေသောက်၊ ဗိုက်မှောက်အိပ်ပြီး ပထမဆုံးညကို ရာသီဥတုခပ်ပူပူကိုအံတုရင်း ဖြတ်သန်းခဲ့ပါတယ်။

 

ဆူညံတဲ့အသံတွေကိုကြားပြီး နိုးလာပါတယ်။ အတော်များများက နိုးနေကြပြီး ပြင်ကြဆင်ကြ၊၊ မုန့်စားနေကြတဲ့အသံတွေပါ ကြားရပါတယ်။ ငါတော့ နောက်ကျပြီလားမသိဘူးဆိုပြီး ကမန်းကတန်းထမယ်အလုပ် ဘေးကသူငယ်ချင်းက စိတ်တိုတိုနဲ့ ထပြောပါတယ်။ (၃) နာရီပဲရှိသေးတာ ဆက်အိပ်လို့ မရတော့ဘူးတဲ့။ ဟုတ်ပါတယ်။ တက်ကြွစွာနဲ့ အိပ်ယာအစောကြီးထ၊ ရေတွေချိုး၊ မုန့်တွေစားနဲ့ အိပ်နေတဲ့သူတွေကို အားမနာလျှာမကျိုး ဆူညံပွက်လောရိုက်နေကြတာပါ။ ကျွန်မတို့ရဲ့ စိတ်တိုတိုပြောနေတဲ့အသံတွေကလည်း သူတို့ကို မဖောက်နိုင်ဘူး။ နှစ်ကြိမ်လောက်ဝင်ထားဖူးတဲ့သူငယ်ချင်းကတော့ သည်းခံလိုက်ပါတဲ့၊ နောက်ရက်ကျရင် တစ်နေကုန်ပင်ပန်းထားတဲ့အရှိန်တွေနဲ့ ဒီလိုအစောကြီးထနိုင်ကြမှာမဟုတ်ပါဘူးတဲ့။ အလွန်ဆုံးရှိလှ နှစ်ရက်လောက်ပါတဲ့။ ဘာပဲပြောပြော အဲဒီတစ်နာရီလောက်ကတော့ တကယ်ကို သည်းမခံနိုင်စရာပါပဲ။ (၄) နာရီထိုးလို့ အိပ်ယာနှိုးအခွေဖွင့်မှပဲ အိပ်ယာထကြပါတယ်။ ပထမဆုံးနေ့မို့လားမသိဘူး။ လန်းလန်းဆန်းဆန်းပါပဲ။ တစ်နာရီတရားထိုင်ပြီးတော့ အရုဏ်ဆွမ်းမစားခင် ရေချိုးကြပါတယ်။ (အချိန်စာရင်းထဲကအတိုင်းသာ ရေချိုးရရင်တော့ အဆင်မပြေပါဘူး။) နောက် အရုဏ်ဆွမ်းစားပြီး သင်တန်းတရားနာမယ့်အချိန်မှာ ဇာတ်လမ်းက စပါတော့တယ်။

 

ကျွန်မတို့ (၅) ယောက်လုံးက မိုးကုတ်စက်ဝိုင်းကြီးကို ဘယ်သူမှ သေချာမသိကြပါဘူး။ ဒီစက်ဝိုင်းကို သင်မယ်ဆိုတဲ့အချိန်မှာ အကုန်လုံးက စိတ်ဝင်စားပြီး ရှေ့မှာသွားထိုင်ကြပါတယ်။ တစ်ချို့တွေကတော့ အိတ်လေးတွေချ၊ နေကထိုင်လေးတွေချပြီး နေရာဦးထားကြပါတယ်။ ဒါကြောင့် ကျွန်မတို့လည်း လွတ်တဲ့နေရာမှာ ဝင်ထိုင်လိုက်ကြပါတယ်။ ခဏကြာတော့ ကျွန်မတို့နားကို အဒေါ်ကြီးတွေ၊ အဘွားကြီးတွေ ရောက်လာပြီး တအံတဩနဲ့ကြည့်ပါတယ်။ နောက်တော့ ကျွန်မဘေးက နေကထိုင်ပေါ်မှာထိုင်တဲ့ အဒေါ်ကြီး (အသက် ၅ဝ အရွယ်လောက်) နဲ့ ကျွန်မတို့ရဲ့ စကားပြောခန်း စပါလေရော။

 

“သမီးတို့က ဘယ်ကလဲ… အရင်က ဒီမှာထိုင်တာမဟုတ်ဘူးမို့လား… သူများတွေ ရောက်လာတော့မှာ…”

“ဟုတ်.. သမီးတို့က အနောက်မှာထိုင်တာ.. ဒီနေ့ ဒီစက်ဝိုင်းသင်တာကို နားထောင်ချင်လို့ ရှေ့တက်လာတာ…”

“ဒါဆို မရဘူးလေ.. ကိုယ့်နေရာပဲ ကိုယ်ထိုင်လေ… ဒီလိုလုပ်လို့မရဘူး…”

“ဘာလို့လဲဟင်.. သမီးတို့က ကိုယ့်နေရာရယ်လို့ သတ်သတ်မှတ်မှတ်မထိုင်ပါဘူး… အဆင်ပြေတဲ့နေရာ ဝင်ထိုင်တာပဲ.. ဒီမှာလည်း ဘယ်သူမှ အိတ်ချမထားလို့ ဝင်ထိုင်လိုက်တာ..”

“ဒီလိုလုပ်လို့ မရဘူးလေ…. ဒါ ဆရာတော်က သတ်မှတ်ပေးပြီးသား.. ကိုယ့်နေရာမဟုတ်ရင် ဝင်ထိုင်လို့ မရဘူး…”

“အမ်… ဆရာတော်က အန်တီ့နာမည်နဲ့ ဒီနေရာမှာထိုင်ဆိုပြီး သတ်မှတ်ပေးထားတာလားဟင်.. နာမည်နဲ့နေရာနဲ့တွဲပေးထားတာလား…”

“အဲ့လိုတော့ မဟုတ်ဘူးလေ.. ဒါပေမယ့် ဒီလိုပဲ သတ်မှတ်ပြီးထိုင်ထားတာ…”

“အင်းလေ.. အဲဒါ ဘယ်သူသတ်မှတ်ပေးတာလဲ.. ဆရာတော်လား.. သမီးတို့ကို မသတ်မှတ်ပေးထားပါဘူး… ဆရာတော်ဆီမှာ နေရာသွားတောင်းရမှာလား…”

“တရားစခန်းမှာ ကိုယ့်နေရာနဲ့ကိုယ်ပဲလေ… သမီးတို့က မဝင်ဖူးလို့ မသိတာ… ဝင်ဖူးရင် သိတယ်… ”

“ဟုတ်တယ်လေ.. မဝင်ဖူးလို့.. မသိလို့.. သင်ယူချင်လို့ ရှေ့တက်လာတာပါဆိုမှ.. ဘာလဲ.. အန်တီနဲ့ ဆရာတော်နဲ့က သိတာလား.. အန်တီက ဒီနေရာကို ပိုက်ဆံပေးပြီး ဝယ်ထားတာလား…”

 

တဖြည်းဖြည်းနဲ့ ကျွန်မတို့ရဲ့ စကားပြောခန်းက ပြင်းထန်လာပါတယ်။ သည်းမခံတတ်တဲ့ ကျွန်မလည်း ဘယ်လိုမှ စိတ်ကို မထိန်းနိုင်ခဲ့ပါဘူး။ ပိုစိတ်တိုမိတာက အဲ့ဒီအဒေါ်ကြီးက သူ့နေရာအတွက် ပူပန်နေတာမဟုတ်ဘဲ သူများတွေအတွက် ပူပန်ပေးနေတာကြောင့်ပါ။ အစကတော့ ဘေးက အဒေါ်ကြီးတွေကပါ ဝင်ပြောသေးတယ်။ နောက်ကျတော့ စွာတေးလန်တဲ့ကျွန်မတို့နဲ့ ဆက်မပြောချင်လို့နဲ့ တူပါရဲ့။ ဟိုအဒေါ်ကြီးနဲ့ပဲ ဒိုင်ခံဖြစ်နေတော့တာပဲ။ ကျွန်မတို့အချင်းချင်းလည်း အင်္ဂလိပ်လိုပြောပြီး အတင်းတုပ်ကြသေးတယ်။ ဒါကိုကြားတော့ သူကပြောတယ်…. “ပညာတတ်တွေဖြစ်ပြီး ရိုင်းလိုက်တာတဲ့…”။ ကျွန်မတို့လည်း တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ “သားသမီး မိသားစုကို ပစ်ပြီးတော့တောင် တရားစခန်းကို ဝင်လာတာ.. ကိုယ့်အတွက်မဟုတ်တဲ့ နေရာအတွက် မက်မောတွယ်တာနေတာ နားကိုမလည်နိုင်တော့ဘူး…”။

 

လူကြီးကို ပြန်ပြောရတာ၊ အထူးသဖြင့် တရားစခန်းမှာ ဒီလိုဖြစ်ရတာ ကျွန်မလည်း စိတ်မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် အငယ်ဖြစ်တဲ့အတွက် ကျွန်မရိုင်းသွားတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် သည်းမခံတတ်တဲ့ကျွန်မရဲ့စိတ်ကို ထိန်းလို့မရတာလည်း စိတ်ညစ်မိပါတယ်။ သူရန်ဖြစ်ပြီး နေရာဦးပေးတဲ့အစ်မနဲ့ ကျွန်မကတော့ သင်တန်းချိန်မှာ ရေတွေဘာတွေတောင်းသောက်ပြီး အဆင်ကိုပြေလို့။ နောက်တော့ မိုးကုတ်စက်ဝိုင်းပုံပါတဲ့ စာရွက်လေးတွေဝေတာနဲ့ပဲ ကျွန်မတို့လည်း အဲဒီသင်တန်းနှစ်ချိန်ပြီးတဲ့အချိန်ကပြီး အဲ့ဒီနေရာကို ယောင်လို့တောင် လှည့်မကြည့်တော့ပါဘူး။

 

 

(နည်းနည်းရှည်သွားလို့ ရပ်လိုက်ပါတယ်… နောက်တစ်ပိုင်းမှာ အကုန်ရေးပါမယ်နော်… ဖတ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်..)

 

**အတူတူတရားစခန်းဝင်ခဲ့တဲ့ လူကလေးရေ… လိုတာတွေကို ကွန်မန့်ထဲမှာဖြစ်ဖြစ် ဖြည့်ပေးပါဦးနော်…

 

ခင်တဲ့

လုံမလေးမွန်မွန်

55 comments

  • Mr. MarGa

    April 23, 2013 at 6:34 pm

    ဪ………………………..
    ပထမဆုံး နေ့မှာတင် ဇာတ်လမ်း စခဲ့သူပါတကား…………….
    တရားရှာဖို့ သွားတာပဲကွယ် ခနီ္ဒပါရမီလေးလဲ ဖြည့်သွားမှပေါ့
    ဘယ်သူနဲ့မဆို ပြေပြေလည်လည် ဆက်ဆံတတ်အောင်၊ လူအများနဲ့ လိုက်လျောညီထွေ နေတတ်အောင် လုပ်ရသကွယ့်
    နောက် အပိုင်းတွေမှာ တကယ် တရားပေါက်လာမယ်လို့တော့ နည်းနည်း မျှော်လင့်ပါသကွယ် :kwi:

    • GaviaGirl

      April 23, 2013 at 10:00 pm

      အော်.. တရားမရှိလို့ တရားစခန်းဝင်ပါတယ်ဆိုမှ… ဟင့်.. ခုတော့ ခန္ဓီ နည်းနည်းရှိလာပြီ ထင်တာပဲ… :mrgreen:

      ငါက စိတ်တိုလာရင် ထိန်းလို့မရဘူးဟ.. ပါးစပ်က တရစပ်လွှတ်တာ… ခုတော့ ထိန်းနေပါပြီ… 🙂
      နည်းနည်းတော့ တရားရလာတယ် ထင်တာပဲ.. နောက်အပိုင်းမှာ ဖတ်ကြည့်နော်..သဂျား…

      • Mr. MarGa

        April 24, 2013 at 4:12 pm

        ပြီးတာပဲ
        တရား နည်းနည်း ပေါက်လာတယ်ဆိုတာတော့ ယုံပါတယ်။
        ဒီထက် ပိုရင်လဲ ပြန်ရောက်မှာမဟုတ်တာ သိနေလေတော့
        ဒီအတိုင်းလေးပဲကောင်းပါတယ်လို့ ပြောရမလား………… :mrgreen:

  • မောင် ပေ

    April 23, 2013 at 8:07 pm

    ဝင်တယ်
    ထွက်တယ်
    ထိုင်တယ်
    တရားမှတ်တယ်
    ငိုက်တယ်
    အနောက်ကနေ ဘုန်းကြီး က သတိပေးတယ်
    ဒကာ သံသရာတစ်လျှောက် အိပ်ငိုက်ခဲ့တာတွေ အိပ်ခဲ့တာတွေ အတွက်
    မလုံလောက်သေးဘူးလား
    အခု ခဏတာ တရားစခန်းဝင်ချိန်မှာ
    အိပ်ငိုက်တာတွေ ကို ဘေးထားပြီး
    တရားကို သေချာမှတ်
    အနဲဆုံး သမာဓိ ရအောင် ကြိုးစားကျင့်ကြံသွား

    • mobile

      April 23, 2013 at 9:08 pm

      ကပေရဲ့ ကွန်မန်းအဆက်————————-
      အနာဂတ်ကို ကြိုမြင်တဲ့ ညန်လောက်ရသွားရင်
      ဘောလုံးပွဲ ပွဲကြိုခန်မှန်းမှု ကောင်းကောင်းလုပ်လို့ရသပေါ့……………………

    • GaviaGirl

      April 23, 2013 at 10:09 pm

      ဟုတ်တယ်… မနက်အိပ်ယာနှိုးရင် အခွေဖွင့်ပြီးနှိုးတာ.. အမောင်လူသား.. ထပါတော့ အမောင်လူသား.. အမောင်လူသားဟာဆိုရင်.. ဘာဖြစ်တယ် .. ညာဖြစ်တယ်နဲ့.. ဆက်အိပ်လို့တောင် မရဘူး…

      မနက် ၄း၃ဝ – ၅း၃ဝ တစ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကပေပြောသလိုပဲ အနည်းဆုံးတော့ သမာဓိလေး ထူထောင်နိုင်အောင် ကြိုးစားပြီး ထိုင်ခဲ့ပါတယ်..

      အနာဂတ်ကို ကြိုမြင်တာတွေဘာတွေက သမထနဲ့ ဆိုင်တယ်ထင်တယ် မိုဘိုင်းရဲ…

  • P chogyi

    April 23, 2013 at 8:14 pm

    ချွေးမရယ်
    တရားရလာတယ်ထင်လို့ဝင်ဖတ်တာ
    ဘယ်နှယ် နေရာလုပွဲကျင်းပနေတာကိုး

    • GaviaGirl

      April 23, 2013 at 10:14 pm

      ယောက္ခမရယ်.. မရလာလို့ ယောက္ခမတော်တာပေါ့လို့.. :mrgreen:

      ဟီး.. နည်းနည်းတော့ စိတ်ထားတတ်လာတယ် ယောက္ခမရဲ့…. နေရာလုပွဲက အရမ်းအံဩတာရယ်.. စိတ်တိုတာရယ်ပေါင်းပြီး အဲ့လိုဖြစ်သွားတော့တာပဲ.. 🙂

      ယောက္ခမသားလေးကိုကျရင် ကောင်းကောင်းမွန်မွန် ဆက်ဆံပါမယ်.. :kwi:

  • mobile

    April 23, 2013 at 9:17 pm

    တရားထိုင် တရားစခန်း ဝင်တာနဲ့ ပတ်သက်ပြီး လျှောက်ပြောရရင်
    ဟို မာမာအေး သီချင်းထဲကလို ဘာတဲ့….
    ဆိတ်ငြိမ်ရာကို မဆိုလို ဆိုလား…
    ထိုင်နေရင်လည်း ထနေရင်းလည်း လမ်းလျှောက်ရင်လည်း တရားမှတ်လို့
    ပွားများအားထုတ်လို့ရလေသတဲ့…….
    ပို့စ်ကိုဖတ်ပြီးတော့ဗျာ…. မဖတ်ခင်ကတော့ ဘယ်လိုတွေ တရားပေါက်ခဲ့ကြောင်း
    ပွားမယ်ထင်တာ … ဒဂယ်ကျတော့ ရန်ဖြစ်ခဲ့ရသကိုးးးးးးးးးးးးးးးး

    • GaviaGirl

      April 24, 2013 at 9:56 am

      ကြိုပြောထားတယ်လေ.. မိုင်းဘိုရဲ့. တရားပေါက်တာတွေ .. တရားဟောတာတွေ မဟုတ်ပါဘူးဆို..
      ရေးချင်တာက ကြုံခဲ့ရတာတွေပေါ့… 🙂

  • S@i S@i Fin K@i

    April 24, 2013 at 6:48 am

    တရားစခန်းဝင်ဖြစ်တဲ့အတွက် ..သာဓုပါ ဒကာမလေးရယ်..
    ပိုစ့်ပါအကြောင်းအရာပြောရရင်တော့ …
    နေရာကိစ္စ ဖိုက်တင်ပလေးရဲတဲ့ သတ္တိကို လေးစားပါရဲ့ဗျာ..
    တရားစခန်းမှမဟုတ်ပါဘု မမှန်ဘု ထင်ရင် ဘယ်နေရာမဆို..
    ပြန်လည်မေးမြန်း ပြောဆို ငြင်းခုန်ခွင့်ရှိပါတယ်။

    ဒါပေသေ ဟောဒါလေး

    ကျွန်မတို့အချင်းချင်းလည်း အင်္ဂလိပ်လိုပြောပြီး အတင်းတုပ်ကြသေးတယ်။

    နဲ့
    ဟောဒါလေး

    ဘာပဲဖြစ်ဖြစ် အငယ်ဖြစ်တဲ့အတွက် ကျွန်မရိုင်းသွားတယ်ဆိုတာလည်း သိပါတယ်။

    ကတော့ သိပ်မဟုတ်ဘု ထင့်။

    အာ..ဟိ

    :harr:

    • GaviaGirl

      April 24, 2013 at 4:38 pm

      ဘာလို့လဲဟင် ဂီဂီ.. တကယ်မသိလို့ရယ်…

      အတင်းတုပ်တယ်ဆိုတာကတော့ အရမ်းကြီးမဟုတ်ပါဘူး.. ကိုယ်ပြောချင်တဲ့စကားတွေ၊ ပြောလိုက်လို့မသင့်တာတွေကို အချင်းချင်း ပြောကြတာပေါ့.. အံဩလိုက်တာ.. တရားစခန်းဖြစ်ပြီး ဒီလိုဖြစ်စရာလား.. နားမလည်ဘူး.. လူကြီးဖြစ်နေပြီး.. ဘာညာသာရကာပြောကြတာပေါ့နော်…

      နောက်ပြီး ကွန်ဆာဗေးတစ်ဘက်ကကြည့်ရင် မှန်မှန်မှားမှား လူငယ်က လူကြီးကို ပြန်ပြောရင်ရိုင်းတယ်လို့သတ်မှတ်တာဆိုတော့ ဒီလူကြီးတွေကြားထဲ ကိုယ်တွေလည်း ရိုင်းတယ်သတ်မှတ်ခံရတယ်ဆိုတာ သိတယ်လို့ပြောတာပါ… 🙂

      • S@i S@i Fin K@i

        April 25, 2013 at 7:26 am

        အော် .. ဂလိုလေဗျာ …
        ၁။ လူတယောက်ရှေ့မှာ သူနားမလည်မယ့် ဘာသာစကားနဲ့ အတင်းချတာကမှ ရိုင်းတာ..
        ၂။ ကြီးသည်ဖစ်စေ ငယ်သည်ဖြစ်စေ ဟုတ်တိုင်းမှန်ရာကို တရားမျှတသောနည်းလမ်းနဲ့ ပြောတာက ရိုင်းတာမဟုတ်
        အိုက်ဒါလေး အမှတ်မလွဲစေဂျင်ဘု …

        ခင်တဲ့
        ထိပ်တင်ဂီ့

        :harr:

  • MaMa

    April 24, 2013 at 7:14 am

    ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရွာထဲမှာ ထုတ်အံတာ မျှဝေခံစားသွားပါသည်။

    သင်္ကြန်မှာတော့ ရိပ်သာတိုင်းမှာ လူများတာမို့….
    လူတွေဆိုတာလည်း ပုထုဇဉ်တွေမို့…..
    ပုထုဇဉ်ဆိုတာလည်း မှားတတ်တဲ့အမျိုးတွေမို့…….
    လူများသလို ပြဿနာတွေလည်း များမှာမို့……
    .
    .
    .
    .
    .
    .
    .

    ဘာပဲဖြစ်ဖြစ်…..
    ဖတ်ကြည့်ရသလောက်တော့ နောက်တစ်ပိုင်းမှာ ပြောင်းလဲမှုတွေ တွေ့ရလိမ့်မယ်ထင်တယ်။ :hee:

    • GaviaGirl

      April 24, 2013 at 4:41 pm

      ဟုတ်.. တစ်ခုခုဆို ရွာထဲမှာ ပြောချင်တာကြောင့် ရေးလိုက်တာပါ အန်တီ….

      ဘာပဲပြောပြော နောက်ပိုင်းမှာတရားနာရတာတွေကြောင့် စိတ်ဆတ်တာနည်းနည်းတော့လျော့လာတယ်…. … … ထင်တာပဲ… 🙂

  • လူကလေး

    April 24, 2013 at 9:04 am

    ဂျီးဒေါ်ရေ..

    နောက်တစ်ပိုင်းရေးပီးမှ အပြတ်ချဲမယ်ဟ. .မြန်မြန်ရေးပါ.. မြန်မြန်ရေးပါ.. ရထား.. ရထား.. ဒါပဲ..

    • GaviaGirl

      April 24, 2013 at 5:19 pm

      တင်ပြီးပါပြီ ဂျီးဒေါ်.. ကျုပ်မှတ်မိသလောက် တင်ထားတာ.. လိုရင်ပြောဦး…

  • ရွှေတိုက်စိုး

    April 24, 2013 at 9:24 am

    အော်အဲဒါပြောတာပေါ့ မမွန်သီးရေ… လူကြီးတွေ မိုက်ရင် သူများနဲ.မတူဘူး.. ဘုန်းကြီးတစ္ဆေလိုပဲ.. ခိခိ
    ခလေးဒွေကို နားလည်ပေးတဲ့ လူကြီးတွေ မရှိသလောက်ကိုရှားတယ်….

    ဒါနဲ. ကျွန်တော်လဲ မနှစ်က တရားစခန်းဝင်တယ်ဗျ.. ဒါပေမယ့် အဲလောက်လူများဘူး… မေမြို. အနီးစခန်းက ချမ်းမြေ့ရိပ်သာမှာ ဝင်တာ… အရမ်းကောင်းတယ်ဗျာ.. အေးချမ်းစိတ်ငြိမ်ပြီး တရားအားထုတ်ရတာ ကိုယ်လူငယ်တောင် တကယ်အနှစ်သာရကို ခပ်ရေးရေးလေး တွေ.မိလိုက်တယ်…..

    ဒီနှစ်တော့မဝင်ဖြစ်လိုက်ဘူး…. အဟီးးးးးးးးးးး ကဲပလိုက်တာ လွန်သွားတယ်………..

    • GaviaGirl

      April 24, 2013 at 5:25 pm

      ဟုတ်တယ်.. ဘုန်းဘုန်းကပြောတယ်.. လူကြီးတွေက ပြောရဆိုရ အတော်လက်ပေါက်ကပ်တယ်တဲ့.. 🙂
      (ရွာထဲက လူကြီးတွေ မပါဝူးနော်.. :mrgreen: )

      အေးချမ်းတဲ့နေရာမှာ အားထုတ်ရင်တော့ တော်တော်လေး စိတ်ငြိမ်မယ်ထင်တယ်.. သမီးတို့ကျတော့ အသိတွေရလာတာ အမြတ်လို့ပြောရမှာပေါ့နော်…

      တကယ်တော့ ကဲချင်တာ.. ဟီး.. ဟိုဘက်က လှူတာတွေဘာတွေနဲ့ အလေးသာသွားလို့.. ဟီးဟီး.. :kwi:

  • KZ

    April 24, 2013 at 9:32 am

    လုံမလေး
    စိတ်လျှော့ပါကွယ်။ :mrgreen:
    လူ အမျိုးမျိုး စိတ် အထွေထွေကိုး။
    ဟို တရားထိုင်ရင်း အိပ်တယ်ဆိုတဲ့ လူဇိုးမလေးတစ်ယောက်ထက်တော့ တော်ပါသေးတယ်။။ :mrgreen:

    ပို့(စ) အကုန်ဖတ်ပြီးမှပဲ သာဓုခေါ်တော့မယ်နော်။ :mrgreen:

    • GaviaGirl

      April 24, 2013 at 5:35 pm

      လျှော့ပါတယ် မမရယ်.. လျှော့ပါတယ်… မထိန်းနိုင်တာလေးပဲ ခက်တာပါ.. on the spot ဆို non-stop ပဲ… ဟီး..
      အဲ့လူဇိုးကို တိဒယ်… အပိုင်း (၂) တင်လိုက်ပြီနော်… 🙂

  • ဦးကြောင်ကြီး

    April 24, 2013 at 9:40 am

    အင်တာနက်မှာ နိုင်ငံခြားသူ သီလရှင်တပါး ပြောတာ.. သူဘယ်လို မြန်မာစကား ပြောတတ်လဲဆိုတော့ ရိပ်သာမီးဖိုချောင် သွားလိုက်ရင် ဗောလံတီယာ ယောဂီတွေ ပြောလိုက်တဲ့စကား… အဲဒီမှာ တတ်ရောတဲ့… ဟီဟိ.. ကြုံလို့ဗာ…။

    • GaviaGirl

      April 24, 2013 at 6:06 pm

      ဟီး.. အဲ့လိုလား… သမီးတို့တော့ မီးဖိုချောင်ထဲ ဝင်မကြည့်ခဲရဘူးရယ်… စကားတော့ သိပ်မပြောပါဘူး.. ဘုန်းဘုန်းကပြောတယ်.. ဆက်ရက်ယောဂီတဲ့.. ဟီး.. :mrgreen:

  • Ma Ei

    April 24, 2013 at 10:08 am

    လုံမလေးမွန်မွန်ရေ…
    အန်တီအိ တရားစခန်းစဝင်ခဲ့တုံးကလဲ
    ဝေယျာဝစ္စလုပ်ကိုင်ပေးသူတွေရဲ့ ပန်းကန်ဆေးရင်း
    ပြောကြတဲ့ စကားသံ၊ ဇွန်းသံ၊ပန်းကန်သံ တွေကိုနားမခံနိုင်ဖြစ်ခဲ့ဖူးတယ်…
    နှစ်ရက်လောက်ကိုသည်းခံမှတ်လိုက်မှ အဆင်ပြေသွားခဲ့ရတာ…

    • GaviaGirl

      April 24, 2013 at 10:15 pm

      ဟုတ်..အန်တီအိ… သမီးလည်း အရမ်းကို အံ့ဩခဲ့တာ.. ဒီလိုလူတွေ ဒီလိုနေရာမှာရှိပါလားဆိုပြီးတော့ကို… 🙂

  • Mon Kit

    April 24, 2013 at 10:40 am

    လုံမလေးရေ..
    လုံမရဲ့ အတွေ့အကြုံလေး မျှဝေခံစားသွားပါတယ်..
    နေ့ဆွမ်းစားချိန် မှာ တွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေလဲ မျှဝေပါအုံး..
    ခံစားချက် ထပ်တူ ကျ မကျ သိချင်လို့ပါ…
    😀

    • GaviaGirl

      April 24, 2013 at 10:21 pm

      ဟုတ်..အပိုင်း (၃) မှာတော့ အဲ့ဒီအကြောင်းလေးတွေ ရေးပါမယ်နော်..အစ်မ.. အခု အပိုင်း (၂) မှာ မထည့်ဖြစ်လိုက်လို့…

  • ဦးဦးပါလေရာ

    April 24, 2013 at 10:54 am

    အင်း…
    အဲဒါ တရားတွေ့တာပဲပေါ့…
    ဘာတရားလဲ ဆိုတော့-
    အမှန်တရား … ပေါ့

    အမှန်တရားကတော့ လူတွေဆိုတာ အဲသလိုပါပဲ
    အမှန်တရားကတော့ လူတွေဆိုတာ ကိုယ်မြင်ရသလို ကိုယ်မြင်ဖူးသလို မဟုတ်ပါဘူး
    အမှန်တရားကတော့ လူတွေဆိုတာ ကိုယ်ထင်သလိုလဲမဟုတ်၊ ကိုယ်ဖြစ်စေချင်သလိုလဲမဖြစ်ပါဘူး…..
    တနေ့မှာ ကိုယ့်ကိုယ်ကို ကိုယ့်အပြင်က မြင်လာမိတတ်ပါတယ်..
    အဲဒီအခါမှာ အမှန်တရားကို ပိုတောင် သဘောပေါက်လာတတ်သေးရဲ့…

    • GaviaGirl

      April 24, 2013 at 10:41 pm

      ဟုတ်..လေးလေးပါ…
      သူတို့ကိုကြည့်ပြီး ကိုယ်လည်းဒီလိုမဖြစ်ရအောင် ဆင်ခြင်မယ်ဆိုတဲ့ အသိလေး ရလာခဲ့ပါတယ်..

      လေးလေးပြောတဲ့အမှန်တရားဆိုတာ တကယ်မှန်တာပဲနော်…

  • weiwei

    April 24, 2013 at 11:02 am

    လူတွေဆိုတာ ဒီလိုပါလားလို့ အမှန်တရားကို များများသိလာလေလေ လူတွေနဲ့ ဝေးဝေးနေချင်လေ …

    • GaviaGirl

      April 25, 2013 at 10:46 am

      ဝေးဝေးနေချင်တဲ့အချိန်မှာ မတတ်သာတဲ့အဆုံး လူတွေနဲ့ထပ်ပေါင်းသင်းနေရတော့… …. 🙂

      ဘုန်းကြီးကပြောတယ်.. တရားစခန်းက ပြန်လာရင် ပိုပြီး ဒေါသကြီးလာတယ်လို့ ပြောကြတယ်တဲ့…အဲ့လိုမဖြစ်အောင် စိတ်ကို တရားနဲ့ သတိကပ်ထားပါတဲ့… သမီးလည်း ပြန်လာပြီးကတည်းက နည်းနည်းဂေါက်နေတယ်… :mrgreen:

  • ခင်ခ

    April 24, 2013 at 11:11 am

    အင်း!
    ဘယ်လိုပြောရမှန်းကို မသိအောင် ဖတ်ပြီးဖြစ်သွားမိတယ်ဗျ။
    တရားထိုင် တရားမှတ်ကြမယ်ဆိုပြီး ရိပ်သာဝင်ကြတယ်၊ အဲလို ရိပ်သာဝင်ကြတဲ့သူတိုင်း
    ငါ ဆိုတဲ့ ငါ စွဲမပြုတ်သရွှေ့ ရိပ်သာဝင်ခြင်းသည် အချီးအနှီး ညောင်းကာပြီး ပါလိမ့်မယ်။
    အခုလည်းကြည့် နေရာလေးတစ်ခုကို ငါ နေရာလို့စွဲကာဖယ်ခိုင်းသူနဲ့ ဖယ်ခိုင်းရပါ့မလား ဒီနေရာမှာ ငါ လဲထိုင်းခွင့်ရှိတာဘဲ ဆိုတဲ့ ငါစွဲလေးကပ်ကာ ပြောကြရှာကြပေသကိုး။ ပြောတဲ့နေရာဒေသက တရားရိပ်သာဖြစ်ပြီ ပြောကြသောသူတွေက တရားရိပ်သာဝင်ကြသူတွေ ပါသကား……….။

    • GaviaGirl

      April 25, 2013 at 10:50 pm

      လေးလေးရေ… သမီးတို့တွေ တရားမရှိတာ ဝန်ခံပါတယ်.. ငါ ဆိုတဲ့ အတ္တကိုဖြုတ်ဖို့ တရားမသိသေးတာလဲ ပါတာပေါ့နော်.. အခုတော့ အသိနည်းနည်းရှိလာလို့ နောက်တစ်ခါဒီလိုမျိုးကြုံရင်တော့ ဒီလိုမတုံ့ပြန်ဖို့ ဆင်ခြင်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်… ပိုစိတ်တိုသွားတာက မဝင်ဖူးလု့ိ မသိတာလို့ ပြောလိုက်တာကိုပါ… ဝင်ဖူးတဲ့သူက မဝင်ဖူးလို့ မသိတဲ့သူကို ကြိုဆိုပြီးနေရာပေးရမှာကို နေရာလာလုနေလို့ ပိုဒေါသထွက်ခဲ့တာ.. နောက်တစ်ခါ ဒီလိုမဖြစ်အောင်တော့ စိတ်ထိန်းပါ့မယ်..

      • ဦးကြောင်ကြီး

        April 26, 2013 at 9:24 am

        ဘယ်လောက်တောင် စပ်စလူးခါနေလဲမှ မသိတာ….. 🙄

  • Novy

    April 24, 2013 at 11:33 am

    မွန်မွန်ရေ….
    မနိုလည်း ဒီတစ်ခေါက် မဝိမလသိင်ဂီအဖြစ်နဲ့ ဒီလိုဆင်ဆင် ကြုံတွေ့ခဲ့ရပါတယ်ကွယ်
    လူတွေရဲ့ သဘောကိုလည်းနားလည်ခဲ့ရတယ်ကွယ်

    • GaviaGirl

      April 25, 2013 at 10:51 pm

      မနိုရေ..အဆင်ပြေရင် မနိုရဲ့အတွေ့အကြုံလေးတွေလည်း ဖတ်ချင်ပါတယ်လို့…

  • ရာမည

    April 24, 2013 at 12:14 pm

    နားနဲ့ အသံနဲ ့ဆုံတဲ့အခါမှာ ကြားတယ်ဆိုတဲ့ သိမှုသညာ ဖြစ်လာပါတယ် ။
    ကြားတဲ့ အာရုံကို ကြားတယ်လို ့မမှတ်နိုင်ခဲ့ကြလို ့
    လောဘ ဒေါသ မောဟ မီးတွေလောင်ခဲ့ရတာပဲ
    ကြားရင်း ကြားတယ်လို ့မှတ်သိသူမှာကတော ့ မှတ်တုန်းမှတ်စဲ
    အခိုက်အတန် ့မှာတော ့ အဲ့မီးတွေငြိမ်းနေပြီး အေးချမ်းနေပါတယ်
    ဒါကြောင့် ဖြစ်နိုင်သမျှ အမှတ်သတိမလွတ်ဖို ့ဘုရားဟောခဲ့တာပါ
    အကျဉ်းပြောရရင် အပ္ပမာဒ တရားပါပဲ
    တကယ်တော ့ ဒွါရကိုးပေါက်ကဖြစ်ပျက်မှန်သမျှကို မလွတ်တန်းမှတ်သိအောင်ကျင့်ကြံရင်း အာစိန္ဒကံ မြောက်အောင် အလေ ့အလာပြုမှသာ နိဗ္ဗန်မရောက်သေးသော်လည်း
    ဒုတိယဘဝ ဂတိမြဲပြီး စိတ်ချရနိုင်လောက်ပါတယ်လို ့
    ကြားနာဖူးပါတယ် ။
    တကယ်အားထုတ်ချင်ရင် လူအများစုကိုရှောင်ပြီး လူနဲချိန်မှာ အနဲဆုံး
    ၂ လ လောက်ကျင့်ကြံအားထုတ်ပါမှ
    တရားအရသာကို တကယ်မြည်းစမ်းရမှာပါ။
    ဖြစ်နိုင်ရင်တော ့ ၃ လ ၄လ ဆက်တိုက်အားထုတ်သင့်ပါတယ်
    ကျင့်ကြံအားထုတ်နိုင်ပါစေ

    • GaviaGirl

      April 25, 2013 at 10:54 pm

      တရားအတွက် ကျေးဇူးပါနော်…

      အချိန်..အဲဒီ အချိန်ပေါ့ရှင်… တကယ်ပါ .. အဲဒီ (၃) လ (၄) လဆိုတာမျိုး တကယ်အားထုတ်ချင်ပါတယ်… ဒါပေမယ့် .. ဒါပေမယ့်… :byae:

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 24, 2013 at 12:19 pm

    ကျေးဇူးတင်လိုက်တာဗျာ ကျုပ်လည်း တရားစခန်းဝင်မလို့ စဉ်းစားနေတာ
    ဒဂယ်ကျေးဇူးတင်ဘါဒယ်
    တရားစခန်းမှာ ဒီလိုပြဿနာတွေဖြစ်တတ်တယ်ဆိုတော့
    အာပီဂျီတွေ လောင်ချာတွေ မိုင်းဗုံးတွေ နိုင်သလောက်သယ်သွားရမယ်
    ရုတ်ရုတ်လုပ်လို့ကတော့ အပြတ်ချေမှုန်းခဲ့မယ် :mrgreen:

    • kyeemite

      April 24, 2013 at 3:57 pm

      ကိုပုရေ..တရုတ်လုပ် မီးလောင်ဗုံးလေးဒွေယူသွားရင်အဆင်ပြေပါဘီဗျာ.. :mrgreen:
      မွန်မလေးလုံလုံရေ..အစအဆုံးဖတ်ပီးမှမန့်မယ်ကွယ်..

      • GaviaGirl

        April 25, 2013 at 11:01 pm

        ဖျား.. တူဒို့လုပ်မှ နာတော့ အင်ဖော်မေးချင်း မပေးရဲဒေါ့ဝူး.. တော်ကြာ အမှုတွဲထဲပါနေဦးမယ်… :mrgreen:

        အူးမိုက်…. အကြွေးနှစ်ခုရှိပြီနော်… မှတ်ထားတယ်… 🙂

  • သူကလေး

    April 24, 2013 at 12:37 pm

    စိတ်လျှော့ပါ မမမွန်ရယ်…
    အိမ်ကအမေ ပြောပြောနေသလို သူ့ကြောင့်ကိုယ်စိတ်တိုရတယ်ဆိုပေမယ့်
    ကိုယ်မကြိုက်တဲ့သူလုပ်တဲ့အရာကို ကိုယ်လည်း သူများတွေကိုမလုပ်မိဖို့ တရားရတယ်လို့သဘောထားလိုက်ပါ
    ဘယ်သူဘာလုပ်လုပ် ကိုယ်မလုပ်ဘူးဆိုတဲ့စိတ်ကလေးနဲ့ သည်းခံပေးလိုက်ပါနော် …
    မိုးကုတ်စက်ဝိုင်းမသိရင်တော့ ညလေးကိုမေး သိလား
    ကဗျာလေးနဲ့ရှင်းပြမယ် .. တရားစခန်းဝင်ဖူးလို့တော့မဟုတ်ဖူး
    ငယ်ငယ်တည်းက မေမေက ပရိတ်ကြီး ၁၁သုတ်တို့၊ ဓမ္မစကြာတို့၊ ၂၄ ပစ္စည်းတို့ကို
    အလွတ်ကျက်ခိုင်းပြီး ပြန်ပြန်ဆိုခိုင်းလို့ တတ်နေတာ …
    အဲဒီတုန်းက ကျက်ကျက်ပီးလို့ မေမေနဲ့တူတူရွတ်နိုင်ရင် မုန့်ဖိုးတွေရလို့ ကျက်လိုက်တာပဲ
    ခုများတော့လည်း မေမေ့ကိုကျေးဇူးတင်လိုက်တာ 🙂

    • GaviaGirl

      April 26, 2013 at 4:03 pm

      သူကလေးရဲ့ စကားကို နားထောင်ပါမယ်ချင့်…
      ဒါနဲ့ မမလည်းကဗျာဒေ ရွတ်ပြမယ်.. မုန့်ဖိုးပေးမားဟင်… :mrgreen:

  • ဗုံ ဗုံ

    April 24, 2013 at 12:43 pm

    အဲ့ဒါဆိုရင်တော့ မွန်လေးနဲ့ မဗုံတို့ကွာသွားပြီ :mrgreen: မမဗုံတို့က နေရတဲ့အဆောင်က သုံးထပ်ကျောင်းဆောင် အပေါ်ဆုံးထပ် လေတွေကလည်း တိုက်လိုက်တာ တဝုန်းဝုန်းနဲ့ မြောက်ဘက်ကြည့်လိုက်ရင် မန်းလေးတောင်တည့်တည့်မြင်ရတယ် ရှုခင်းတွေလည်းလှတယ် အိပ်ရတဲ့နေရာကလည်း အကျယ်ကြီးတွေဘဲ ရေချိုးခန်းအိ်မ်သာခန်းအဆင်သင့်ပါပြီးသား ရှေ့က ရောက်နှင့်တဲ့ယောဂီတွေက အသစ်တွေဆိုရင် တရားပွဲရဲ့ ရှေ့ဆုံးနေရာမှာ နေရာပေးတယ် နားလည်အောင်လို့တဲ့ ဒီကထိုင်ချင်ဘူး မငိုက်ရမှာစိုးလို့ :mrgreen: တစ်ကယ်တော့ မငိုက်ခဲ့ပါဘူးကွယ် အိပ်ပျော်သွားတာ အိပ်မက်တွေကို မက်လို့ :mrgreen: အချိန်စာရင်းကတော့အတူတူပါဘဲ သုံးနာရီလောက်ဆိုရင် အားလုံးနိုးကြပါပြီ ရေချုးိ သနပ်ခါးလေး နည်းနည်းပါးပါး ခိုးလိမ်း ပြီးရင်တရားထိုင် အာရုဏ်ဆွမ်းစား နားချိန်ပေးတုန်း လသာဆောင်ပေါ်တက် ဓာတ်ပုံရိုက်ကြနဲ့ ကိုယ်လို ရွယ်တူတွေဆိုတော့ အဆောင်မှုးယောဂီလည်း ထိန်းမနို်င်လို့ ဆလံပေးပါတယ် 12 မထိုးခင် စားလို့ရသမျှ အကုန်စား 12 ကျော်ရင် သောက်လို့ရသမျှ အကုန်သောက်ကြတယ် :mrgreen: တရားအားထုတ်လို့ ကောင်းအောင်လို့ပါကွယ် တရားရတာ မရတာ အပထား စိတ်တော့ တော်တော်ချမ်းသာပါတယ် ပြီးတော့ ရိပ်သာခုနှစ်ရက်ဝင်တာ မမဗုံ 3 ပေါင်ကြီးများတောင်တက်လာပါတယ်ကွယ် ပျော်လိုက်တာ နှစ်တိုင်းရိပ်သာဝင်မယ်လို့ ဆုံးဖြတ်လိုက်ပြီ နောက်နှစ် မန်းလေးကို လာခဲ့သိလား တူတူကဲ.. အဲ တူတူတရားအားထုတ်ရအောင်လို့ :harr:

    • GaviaGirl

      April 26, 2013 at 4:09 pm

      ဒါ့ပုံရိုက်တယ်ဆိုတာနဲ့တင် အတော်လေး စိတ်ဝင်စားတွားဒယ်… ဟိဟိ…

      ရှေ့က ရောက်နှင့်တဲ့ယောဂီတွေက အသစ်တွေဆိုရင် ရားပွဲရဲ့ ရှေ့ဆုံးနေရာမှာ နေရာပေးတယ် နားလည်အောင်လို့တဲ့

      ကောင်းလိုက်တာ.. အဲ့လိုဖြစ်နေရမှာလေ…

      12 မထိုးခင် စားလို့ရသမျှ အကုန်စား 12 ကျော်ရင် သောက်လို့ရသမျှ အကုန်သောက်ကြတယ်

      ကျောင်းဘေးက တစ်ဆိုင်တည်းသော မုန့်ဆိုင်ကလည်း နှစ်ရက်အတွင်းပြောင်သွားလို့ ဘုန်းကြီးကျောင်းက ကျွေးသမျှနဲ့ပဲ ရောင့်ရဲခဲ့ရပါကြောင်း…

      တကယ်..တကယ်..နောက်နှစ်သင်္ကြန် မန်းလေးလာနိုင်အောင် ကြိုးစားမယ်… ထွက်မပြေးနဲ့နော်…

  • Foreign Resident

    April 24, 2013 at 1:14 pm

    ” (၃) နာရီပဲရှိသေးတာ – – – ရေတွေချိုး၊ မုန့်တွေစား ”

    (၃) နာရီ ဆိုတော့ အာရုဏ် မတက်သေးဘူးပေါ့ ၊
    အဲဒါဆို ၊ ဥပုသ် ကျိုးမယ် ထင်တယ်နော် ။

    ” ဗိမာန်အောက်ထပ်ခန်းမတစ်ခုလုံး လူအပြည့်ပါ ”

    အကြံလေးပေးချင်လို့ပါ ။
    နောက်တစ်ခါဆိုရင် ဗဟန်းက ဦးဂိုအင်ကာ တရားစခန်း သွားကြည့်ပါလား ။
    အဲဒီမှာ ဆို လူသိပ်မကျပ်ဘူး ။

    ဟီ ဟိ ။ သူက စဝင်ကတည်းကနေ ထွက်တဲ့အထိ ဝစီပိတ် တဲ့ ။
    တရားထိုင်တာလဲ ၊ တစ်ခါထိုင် ၃ နာရီ ဆက်တိုက်တဲ့ ။
    အဘ တော့ မဝင်ရဲသေးဘူး ။ ဟီ ဟိ ။

    • amatmin

      April 24, 2013 at 2:41 pm

      အဘဖော ပြောတာ ဓမ္မဇောတိ ရိပ်သာထင်ပါရဲ့…။
      ကျနော်တော့ တင်းပြည့်ကျပ်ပြည့်ထောက်ခံပါ ကြောင်း..။
      ဘာလို့ ထောက်ခံလည်းဆိုရင်တော့ ကိုယ်တိုင်သွားဝင်ကြည့်ရင် ပိုသိမှာရယ်..။
      အဘရေ. ၃ နာရီ ဆက်တိုက်က ယောဂီ ဟောင်းတွေ အတွက် ဖြစ်ပီး ..
      စဝင်ဝင်ချင်း အသစ်တွေ အဖို့တော့.နဲနဲ လျော့ပေးထားသဗျ..။ 🙂

    • Foreign Resident

      April 24, 2013 at 3:24 pm

      ” အဘဖော ပြောတာ ဓမ္မဇောတိ ရိပ်သာ ထင်ပါရဲ့ ”

      နာမည်တော့ သိဘူးရယ် ။ ဂျပန် သံရုံးဘေးက လမ်းအတိုင်း ဝင်ရတာပဲ ။
      သူ့ရှေ့မှာတော့ ဆုထူးပန် ဆရာဟန် အဘိဓမ္မာ သင်တဲ့ ၊
      ဗိုလ်ချုပ် ဝင်းတင် လှူထားတဲ့ ဓမ္မာရုံ ရှိတာပဲ ။
      အဘ ၊ အဲဒီဓမ္မာရုံ မှာ အဘိဓမ္မာ သင်ယူဘူးတယ် ။

      ၃ နာရီ ဆက်တိုက် ဆိုတာက အမေ ပြောတာပါ ။
      အမေက အဲဒီမှာ ထိုင်ဘူးတယ် ။

      ကို အမတ်မင်းက အဲဒီမှာ ဝင်ဘူးတယ်ပေါ့ ။ လေးစားတယ် ။ တကယ် ။
      အဘ တော့ ၃ နာရီ ဆက်တိုက် မထိုင်နိုင်သေးဘူး ။ အရိုးတွေ ကျိုးကုန်မလား မှတ်ရတယ် ။
      မဟုတ်သေးဘူး ။ နာတာက တစ်ချိန်မှာ ကျော်သွားတယ် ၊ အဓိက က ပျင်းလာတာ ။

      နည်းတွေလဲ စုံနေပါပြီ ၊ မိုးကုတ် ၊ မဟာစည် ( ချမ်းမြေ့ ) ၊
      သတိပဋ္ဌာန် ၊ ဖားအောက် ၊ ဓမ္မာ နုပဿနာ ၊ ဗုဒ္ဓ နုဿတိ ။
      စာတွေဖတ်ပြီး ကိုယ့်ဖာသာကိုယ် သုံးသပ်မိသလောက်ကတော့ ၊
      ကိုယ်တွေက ဒေါသ ၊ ရာဂ အားကြီးတဲ့ အတွက် ၊
      အသုဘ ကမ္မဋ္ဌာန်း နှင့်မှ အဆင်ပြေမယ့် သဘောရှိသတဲ့ ။

      ရွာသူားများရော ဘယ်မှာများ အသုဘ ကမ္မဋ္ဌာန်း ကောင်းကောင်းပြပေးတဲ့ ၊
      တရားစခန်း များ ရှိတယ်လို့ ကြားဖူးကြလဲဟင် ၊
      မသေခင်လေးတော့ သွားကျင့်ကြည့်ချင်လို့ ။

      • အဘ တိဂျင်ဒေါ့လည်း ပေါရဒေးဒါပေါ့ …
        အဲ … လမ်းညွှန် ရမှာပေါ့ …
        အသုဘ ကမ္မဋ္ဌာန်း ကောင်းကောင်း ပြနိုင်ဒဲ့နေရာ ချိဒဗျ …
        နံမယ်ဂ “မဟာရာဇာ ကမ္မဋ္ဌာန်း ရိပ်သာ” ….. ဒဲ့ …..။
        :kwi:

        • MaMa

          April 26, 2013 at 6:03 am

          မှော်ဘီက ဗောဓိရိပ်ငြိမ်မှာဆိုရင် အသုဘကမ္မဌာန်း ကောင်းကောင်းပြနိုင်မယ်ထင်တယ်။
          ဓမ္မာရုံခေါင်မိုးကနေ အရိုးစုကြီးဆွဲထားတာ မြင်ဖူးလို့။
          ဆူးတို့ ကိုးကွယ်နေတဲ့ကျောင်းပဲ။
          သူဆိုရင် ပိုသိမလားပဲ။

      • ဆူး

        April 26, 2013 at 11:54 am

        ဆူး ကိုးကွယ်တဲ့ ကျောင်း ဆိုလို့.. ဝင်ပြီး ပွားလိုက်ပါအုန်းမယ်..

        အသုဘ ကမ္မဌာန်း အစစ် ကို ပွားများချင်ရင်.. သုသာန်သည် အကောင်းဆုံး ဖြစ်ပါတယ်။
        တကယ်လို့ ဗောဓိရိပ်ငြိမ်မှာ တရား အားထုတ်ချင်တယ် ဆိုလျှင်လည်း လိုအပ်တာများ ကူညီပေးပါမည်။ အသုဘ ကမ္မဌာန်း နဲ့ ပတ်သတ်တာ ကို ဆရာတော် ဆီမှာ တောင်းပြီး တရားအားထုတ် နိုင်ပါကြောင်း။

        ဆရာတော်လည်း သချိုင်းမှာ သွားထိုင်ဖူးတယ်.. သုသာန် ဓူတင် ဆောင်ခဲ့ဖူးတယ်။
        ဆရာတော် ကို မေးမြန်းကြည့်တာတော့ ရွာ သချိုင်း တခုမှာ.. မနက်ကမှ သေလို့ မြုပ်ထားတဲ့ မြေပုံပေါ် ညမိုးချုပ်တော့ သွားထိုင်တဲ့ အခါ… အပုပ်နံ့တောင် နာခေါင်းထဲ တက်တဲ့ အကြောင်းလည်း ကြားဖူးပါတယ်။

        ဆရာတော် မိန့်တဲ့ စကားတခွန်းပါ .. “ကြောက်ရင် ရှေ့တိုးတဲ့..” အဲ့ဒီ စကားလေး အတိုင်းပေါ့တဲ့..

        သရဲမကြောက်ဘူးလား မေးတဲ့ ဒကာဒကာမတွေ ကို အဲ့လို ဖြေပါတယ်။
        ကြောက်တယ်လို့ ခံစားရရင်.. ရှေ့ဆက်ပြီး တရားကို ပိုပြီး ပြင်းပြင်းထန်ထန် အားထုတ်ပါ.. ဘေးကို အာရုံပြန့်လေ ကြောက်စိတ်ဝင်လေပဲ.. ကြောက်စိတ်ဖျောက်ဖို့ ဘေး ကို အာရုံ အပြန့် မခံတော့ပဲ အားထုတ်ခြင်းကို ဆိုလိုတာပါ။

        အဲ့လို အားထုတ်ရင်းနဲ့ တရား နဲ့ ပတ်သတ်ပြီး ပိုပြီး သိသိသသာသာ တက်လာလိမ့်မယ်လို့ ပြောဖူးပါကြောင်း။

        စာပေထဲမှာ.. ရရက်တိတိ.. စိတ်မပျံ့လွင့်ပဲ သေသေချာချာ လုပ်နိုင်ရင်.. သောတပန် အထိ ဖြစ်နိုင်တယ်လို့ ဖတ်ဖူးတယ်။ ဘယ်မှာလဲတော့ မသိတော့ဘူး။
        ရရက် အတွင်းမှာ ကျင့်ကြံတဲ့ အားထုတ်မှု အစွမ်းကြောင့် ထက်မြက်လာတဲ့ ဉာဏ်ရည် က သောတပန် အဆင့် ကို လွယ်ကူစွာ လှမ်းနိုင်တယ် ဆိုလိုထားပါတယ်။

    • Foreign Resident

      May 5, 2013 at 8:29 pm

      ” အသုဘ ကမ္မဌာန်း အစစ် ကို ပွားများချင်ရင်..
      သုသာန်သည် အကောင်းဆုံး ဖြစ်ပါတယ် ”

      ဟုတ်တယ် ၊ ကျနော်က ၊
      လူသေကောင် ကိုကြည့်ပြီး ရှုတာကို ပြောတာ ။
      အရိုးစုလောက်နှင့် ကတော့ ၊ အာရုံ မရလောက်ဘူး ။

      ငယ်ငယ်တုံးက ကျနော့် ကုတင်အောက်မှာ အရိုးပုံး ရှိခဲ့တာပဲ ။

      • GaviaGirl

        May 6, 2013 at 11:01 am

        ဖျား…အရိုးခေါင်းတွေ၊ လူသေတွေကိုကြောက်လို့ ဆေးနဲ့ပတ်သက်တာ ဘာမှကို မလုပ်ခဲ့ဘူး.. ဟီး.. အာနာပါနပဲ ရှုပါတော့မယ်… 🙂

  • ကိုရင်စည်သူ

    April 24, 2013 at 5:46 pm

    မွန်လေး.. တရားစခန်းဝင်ဒါ မတရားစခန်းရောက်ဒွါးတာကိုး..။ ။
    ရွာထဲက အာပျိုဂျီးတွေ သင်္ကြန် လည်တာလိုက်သွားတာတော့ ဟုတ်ဖူး.. :mrgreen:
    အသုဘကမ္မဌာန်လေးများအားထုတ်မယ့်လူတွေရှိရင်
    သံချောင်းခေါက်ပေးပါ။ မြေကြီးဆွဲအားတွေလွတ်နေလို့..
    ရာဂတွေကြီးနေဘာ့ ထင်တလယ်.. :kwi:

  • အစောဂျီးတည်းက ဖတ်ခဲ့ပါအိ …
    သို့ရာတွင် .. ဟိုဒင်း ဟိုလို ဒီလို ဟိုအရာ ဒီအရာ ဟိုအကြောင်း ဒီအကြောင်း
    စသော ဆတော အကျောင်းညားဂျောင့်
    ခု မန့်လိုက်ပါအိ ….

    တရားစခန်းသွား နေရာ လုရန် မသင့်တော်ဘာလို့ …
    ဂုဏဝုတ်ဒ ပဆာယန ဆိုလား ဘာလား …
    ကြီးသူကို ရိုသေ ဆိုဒလိုပေါ့ …
    နည်းလမ်း မကျလည်း လျှော့သင့်တဲ့အခါ လျှော့ပေးလိုက်ဒါ အကောင်းဆုံးဘာ …
    ပုံမှန်အားဖြင့် ကိုယ့်ထက် အတက်ကြီးသူ၊ တစ်နည်းအားဖြင့် သေဖို့ ပိုနီးသူကို
    အလျှော့ပေးဒါ ကုဒို ရဘာဒယ် … :mrgreen:

Leave a Reply