Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရားစခန်းသို့ တစ်ခေါက် (၂)

 

 

 

 

 

 

 

……………….. ……………….. ………………..

တရားစခန်းသို့ တစ်ခေါက် (၁)

https://myanmargazette.net/173951/creative-writing

……………….. ……………….. ………………..

 

ဆရာဦးရဲမြင့်က ပဋိစ္စသမုပ္ပာဒ်သင်တန်းတရားကို သင်ပါတယ်။ ဆရာဦးမောင်မောင်ကတော့ မဟာသတိပဌာန်တရားနဲ့ လိုရင်းတိုရှင်းဝိပဿနာတရားတို့ကို သင်ပါတယ်။ ဆရာနှစ်ယောက်စလုံးက သင်ကြားပေးတာ အရမ်းကောင်းပါတယ်။ ဆရာဦးရဲမြင့်ကတော့ မိုးကုတ်တရားအတိုင်း ပဋိစ္စသမုပ္ပာဒ်လည်ပုံပြတ်ပုံတွေကို အပြင်ဗဟုသုတတွေနဲ့ရော၊ စက်ဝိုင်းနဲ့ရော အသေအချာသင်ပေးပါတယ်။ လေယူလေသိမ်းကတော့ ဆရာတော်တွေတရားဟောတဲ့လေသံနဲ့ တူပါတယ်။ ဆရာဦးမောင်မောင်ကတော့ အပြည်ပြည်ဆိုင်ရာဓမ္မစက္ကဖောင်ဒေးရှင်း (I.D.F) ကဖြစ်တဲ့အတွက် ဘာသာရေးအသိတွေ၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့တွေ၊ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သိပ္ပံနည်းကျတဲ့အကြောင်းတွေ စတဲ့ ဗဟုသုတတွေကို ထည့်သွင်းပြောကြားတဲ့အတွက် ကျွန်မတို့လို ဘာမှမသိသေးတဲ့လူငယ်တွေအတွက်ကတော့ တကယ့်ကို မှတ်သားစရာပညာတွေပါပဲ။ ဆရာရဲ့စာအုပ်တွေကိုလည်း ပြန်ကြားရေးဌာနမှာ ဝယ်လို့ရပါတယ်။ အခွေတွေလည်း ရှိပါတယ်။ တကယ်တော့ လက်တွေ့မကျရင် ဘာမှမယုံတတ်တဲ့ ကျွန်မတို့အတွက် ဆရာဦးမောင်မောင်ရဲ့စကားတွေကြောင့် ဘာသာတရားကို ပိုပြီးစိတ်ဝင်စားလာတယ်လို့ ဝန်ခံချင်ပါတယ်။ ဒီနေရာမှာ ကြုံလို့ ကျွန်မရဲ့ အူကြောင်ကြောင်အတွေးတစ်ခုကို ပြောပြချင်ပါတယ်။

 

ကျွန်မအနေနဲ့ ဘုရားပန်း ကပ်ခဲပါတယ်။ ငယ်ငယ်ကတည်းက ဘုရားရှိခိုးရင် ဆွမ်းကပ်တာ၊ သောက်တော်ရေကပ်တာ၊ ဆီမီးကပ်တာကလွဲလို့ ပန်းတို့၊ အမွှေးတိုင်တို့ ကပ်လှူလေ့မရှိပါဘူး။ (နေ့ခင်းဘက်ဆိုရင်တောင် ဆီမီးမလှူပါဘူး။) ကျွန်မအတွေးက ဘုရားက ကိလေသာကင်းစင်တော်မူနေတာ ဒီအမွှေးနံ့သာတွေကို ဘာဖြစ်လို့ ပူဇော်ရတာလဲပေါ့။ ဘုရားက ဒီအမွှေးနံ့တွေကိုမှ မခံစားတာဆိုပြီး စိတ်ထဲမှာ မတင်မကျနဲ့မို့လို့ အသက် (၂၂) နှစ်ကျော်လာတဲ့အထိ ပန်းကပ်တဲ့အလုပ်ကို မတတ်သာတဲ့အဆုံးမှပဲ လုပ်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ မေးကြည့်ပြန်ရင်လည်း ဘယ်သူကမှ ကျေနပ်လောက်တဲ့အဖြေ မပေးနိုင်ကြပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ (၃) လလောက်ကမှ facebook မှာ ဆရာတော်ကြီးတစ်ပါးပြောထားတာကို တင်ထားတာ ဖတ်လိုက်ရပါတယ်။ လူတွေရဲ့ ကိုယ်နံ့တွေ၊ ပတ်ဝန်းကျင်ရဲ့အနံ့တွေ ဘုရားဆီမရောက်အောင်လို့ အမွှေးနံ့သာတွေနဲ့ ပူဇော်ကြတယ်လို့ ဟောထားပါတယ်။ အဲဒါကို ကျွန်မသဘောကျလက်ခံမိပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်းတော့ ဘုရားပန်းကပ်လှူတဲ့အလုပ်ကို သေသေချာချာလုပ်ဖြစ်ပါတယ်။

 

ဒီနေရာမှာ သင်လာခဲ့ရတဲ့ တရားအကြောင်း နည်းနည်းပြောချင်ပါတယ်။ ကျွန်မသိသလောက်ပေါ့နော်။ မှားနေရင်လည်း ပြင်ပေးကြပါရှင့်။

 

ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းကိုသင်တော့ ဘဝတစ်ခုဖြစ်လာတာ အဝိဇ္ဇာ (မသိခြင်း) ကြောင့်လို့ ပြောပါတယ်။ သစ္စာ (၄) ပါးကို မသိတာပေါ့။ ဒါကြောင့် ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲကြောင်းအမှန်တရား (သမုဒယသစ္စာ)၊ ချမ်းသာခြင်းအမှန်တရား (နိရောဓသစ္စာ)၊ ချမ်းသာကြောင်းအမှန်တရား (မဂ္ဂသစ္စာ) ဆိုတဲ့ သစ္စာလေးပါးကို မသိတဲ့အတွက် သင်္ခါရဆိုတဲ့ ပြုလုပ်ခြင်းတွေလုပ်တယ်။ ပုညာဘိသင်္ခါရ (ကုသိုလ်ပြုလုပ်ခြင်း) ဆိုရင် လူနတ်ခန္ဓာရမယ်၊ အပုညာဘိသင်္ခါရ (အကုသိုလ်ပြုလုပ်ခြင်း) ဆိုရင် အပယ်လေးပါးခန္ဓာရမယ်၊ အနဉ္ဇာဘိသင်္ခါရ (စာလုံးပေါင်းမှားနိုင်ပါတယ်) (ဗြဟ္မာပြည်ရောက်ကြောင်းအလုပ်ကိုပြုလုပ်ခြင်း) ဆိုရင် ဗြဟ္မာခန္ဓာရမယ်တဲ့။

 

ခန္ဓာဆိုတာ ဖောက်ပြန်တတ်တဲ့သဘောရှိတယ်၊ အနတ္တ – အစိုးမရဘူး၊  အတ္တ (ကိုယ်ပိုင်) မဟုတ်ဘူး။ ရုပ်ခန္ဓာပြောင်းလဲမှုတွေက လက်ဖျစ်တစ်တွတ်မှာ ကုဋေတစ်သိန်းဖြစ်တယ်။ စိတ်ပြောင်းလဲမှုက ရုပ်ပြောင်းလဲမှုရဲ့ (၁၇) ဆ ပြောင်းလဲတယ်။ ဒါကြောင့် ဒီလိုမတည်မြဲတဲ့ ရုပ်နာမ်တို့ချုပ်ငြိမ်းရာ၊ သံသရာပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ကြိုးစားရမယ်။ ဒီလိုကြိုးစားဖို့ရာမှာလည်း ကျွန်မတို့မှာ ကောင်းခြင်း (၅) ဖြာနဲ့ ပြည့်စုံနေပါတယ်။

 

(၁) ကမ္ဘာ၏ကောင်းခြင်း

သုညကမ္ဘာ (ဘုရားမပွင့်တဲ့ကမ္ဘာ) နဲ့ အသုညကမ္ဘာ (ဘုရားပွင့်တဲ့ကမ္ဘာ) ဆိုတဲ့ ကမ္ဘာ (၂) မျိုးမှာ ကျွန်မတို့က ဘုရား (၅) ဆူတောင်ပွင့်တဲ့ ဘဒ္ဒကမ္ဘာမှာ ရောက်နေကြတာပါ။

 

(၂) သာသနာ၏ကောင်းခြင်း

မြတ်ဗုဒ္ဓရဲ့သာသနာ ထွန်းကားနေတဲ့အချိန် ဖြစ်ပါတယ်။

 

(၃) ဘာသာ၏ကောင်းခြင်း

အစစ်မှန်ဆုံးသောဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ဖြစ်နေကြပါတယ်။

 

(၄) အခါ၏ကောင်းခြင်း

သဒ္ဒါယုဂ၊ သီလယုဂ၊ သုတယုဂ၊ သမာဓိယုဂ၊ ဝိမုတ္တိယုဂ ဆိုပြီး ခေတ်အခါ (၅) ခုရှိပါတယ်။ တစ်ခေတ်ကို နှစ် (၅၀၀) စီ ကြာပါတယ်။ (၅) ခု ပြည့်သွားရင် အနောက်က ပြန်စပြီး ရေပါတယ်။ ဒါကြောင့် အခု သာသနာတော်နှစ် (၂၅၅၆) ခုနှစ်ထဲကို ရောက်နေတဲ့အတွက် ဝိမုတ္တိယုဂခေတ်ထဲကို ရောက်နေတာ ဖြစ်ပါတယ်။ (ဝိမုတ္တိယုဂခေတ်ဆိုတာဘာလဲ ဆိုတာကိုတော့ ကျွန်မပဲ မမှတ်ထားမိလိုက်တာလားမသိဘူး၊ အဲဒီအကြောင်းကိုတော့ သေချာမသိခဲ့ပါဘူး။)

 

(၅) ဘဝ၏ကောင်းခြင်း

မနုတ္တဿဘာဝေါ ဒုလ္လဘော ဆိုတဲ့အတိုင်း ရခဲလှတဲ့ လူ့ဘဝကို ရနေရုံမျှမကဘဲ လူထဲမှာမှ တရားတော်ကို နာနိုင်၊ ကြားနိုင်၊ သိနိုင်၊ အားထုတ်နိုင်တဲ့ ကိုယ်လက်အင်္ဂါပြည့်စုံတဲ့လူအဖြစ်ကို ရရှိထားကြပါတယ်။

 

ဒါကြောင့် ဒီလို ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ဘဝကို ရထားတဲ့အတွက် ဒီဘဝ၊ ဒီခန္ဓာ၊ ဒီသံသရာကိုပြတ်အောင် အားထုတ်သင့်ပါတယ်။

 

ဘယ်လိုအားထုတ်မလဲဆိုတာကိုတော့ ဆရာဦးမောင်မောင်ရဲ့ သတိပဌာန်တရားတော်နဲ့ သင်ပြပေးပါတယ်။ အာနပါနကမ္မဌာန်းကို မူလချည်တိုင်အဖြစ်ထားပြီး သမာဓိထူထောင်၊ နောက် ရုပ်နဲ့နာမ်ရဲ့ ဖြစ်ပျက်မှုသဘောတွေကို ငါစွဲဆိုတဲ့ သက္ကာယဒိဌိဖြုတ်ပြီး ရှုမှတ်ရမယ်လို့ ပြောထားပါတယ်။ အကျယ်ကိုတော့ ဆရာ ဓမ္မစက္ကဦးမောင်မောင်ရဲ့ (၁၅) မိနစ် တရားရှုမှတ်နည်းစာအုပ်မှာ ဖတ်နိုင်ပါတယ်။

 

ကျွန်မ တရားဟောနေသလို ဖြစ်သွားရင် သည်းခံပေးပါနော်။ ကျွန်မသိလာသမျှတွေကို အကျဉ်းချုပ်ပြီးပြောပြတာပါ။ (၇) ရက်ဆိုတဲ့အချိန်လေးအတွင်းမှာ သိလာခဲ့တဲ့ နည်းနည်းလေးက ကျွန်မတို့အတွက်ကတော့ စိတ်ဝင်စားစရာ အသစ်အဆန်းတွေပါပဲ။ ဆရာက တစ်ဦးချင်းတရားစစ်ဖို့၊ တွေ့ဆုံဖို့အချိန်မရှိတဲ့အတွက် သိချင်တာတွေကို စာရေးပြီးမေးနိုင်တယ်လို့ ပြောပါတယ်။ ကျွန်မတို့သူငယ်ချင်းတွေလည်း သိချင်တာလေးတွေ မေးခဲ့ကြပါတယ်။

 

မေး                   – ပဋိစ္စသမုပ္ပာဒ်အရဆိုရင် ဘဝကိုရတာ အဝိဇ္ဇာကြောင့်လို့ ပြောပါတယ်။ အဝိဇ္ဇာကို ဘယ်က စလုပ်ခဲ့ကြတာပါလဲ။ မြတ်စွာဘုရားကတော့ “ငါဘုရားကိုယ်တော်တိုင် (၄၅) ဝါပတ်လုံး တရားမဟောကြားဘဲ လူတစ်ယောက်ရဲ့သံသရာအစကို ထိုင်ပြီးရှာဖွေနေမယ်ဆိုရင်တောင် ပရိနိဗ္ဗာန်ပြုတဲ့အချိန်အထိ သံသရာရဲ့အစကို မတွေ့နိုင်ဘူးလို့ ဟောကြားခဲ့ပါတယ်။ ကြက်ဥအစရှာမရသလိုလည်း တင်စားခဲ့ပါတယ်။ ဒါပေမယ့် သိပ္ပံပညာဘက်ကကြည့်ရင်တော့ ခန္ဓာတစ်ခုဖြစ်လာတာ အဝိဇ္ဇာတစ်ခုတည်းကြောင့်လို့ ပြောရုံနဲ့ မလုံလောက်ဘူးလို့ ထင်မြင်မိပါတယ်။ ဆရာတော်ကြီးတစ်ပါးရဲ့တရားထဲမှာလည်း ခန္ဓာကို ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ထဲမှာ ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိပ္ပံရှုထောင့်ကနေ ဟောကြားထားတာများရှိပါသလား။

 

ဖြေ                    – သိပ္ပံပညာက အရာဝတ္ထုတွေကို Atom တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ Atom ကို ထပ်ခွဲရင် Proton, Neutron, Electron ဆိုပြီး အခြေခံအမှုန်သုံးမှုန်ရှိပါတယ်။ အခုနောက်ဆုံးတွေ့ရှိချက်အရ Electrom က Nucleus ကို လှည့်ပတ်နေတာမဟုတ်ဘဲ Electron မှုန်လေးတွေက ပတ်လမ်းတစ်လျှောက် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလု့ိ တွေ့ရှိထားပါတယ်။ မြတ်စွာဘုရားကတော့ အနုမြူမှုန်တစ်မှုန်ကို ၃၆ ပုံ ၁ ပုံ ထပ်ပုံလိုက်၊ ပရမာအနုမြူဆိုတာ ရှိပါတယ်။ အရာဝတ္ထုတွေဟာ ပရမာအနုမြူပေါင်းများစွာပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ်လို့ လွန်ခဲ့တဲ့ (၂၆၀၁) ခုုနှစ်ကတည်းက ဟောကြားပြီးဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရဲ့ ထပ်မံတွေ့ရှိမှုတွေဟာ ဗုဒ္ဓရဲ့တရားတော်တွေကို သက်သေပြနေသလိုပါပဲ။ ခန္ဓာကို ဓာတ်ကြီးလေးပါးသဘာဝတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

ပထဝီ                 – မာခြင်း၊ ပျော့ခြင်း

အာဘော            – ဖွဲ့တည်ခြင်း၊ ယိုစည်းခြင်း

ဝါယော               – ထောက်ကန်ခြင်း၊ တိုးဝှေ့ခြင်း

တေဇော             – ပူခြင်း၊ အေးခြင်း (လောင်ကျွမ်းခြင်းသဘာဝ)

 

ဓာတ်ကြီးလေးပါးမှာ ဆန့်ကျင်ဘက်သဘာဝတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီလိုဆန့်ကျင်ဘက်တွေနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာဟာလည်း ဖောက်ပြန်တဲ့သဘောရှိပါတယ်။ ဒါဆိုရင် သိပ္ပရှုထောင့်ဘက်ကကြည့်ရင်လည်း တရားတော်ဟာ မှန်ကန်တယ်ဆိုတာ သိလောက်ပါပြီနော်။

 

မေး                   – ဗုဒ္ဓဘာသာဟာ အနတ္တဝိညာဏ်လို့ ဆိုပါတယ်။ ဟုတ်ပါသလား။ လူတွေပြောပြောနေကြတဲ့ လူဝင်စားဆိုတာ ဘာကိုခေါ်တာပါလဲ။

 

ဖြေ                    – အနတ္တဝိညာဏ်လားဆိုရင် မဟုတ်ပါဘူးလို့ ဖြေပါမယ်။ တရားတော်အရ ဝိညာဏ်ဆိုတာ ခန္ဓာငါးပါးထဲက တစ်ပါးပါ။ အခြားဘာသာတွေက ပြောသလို သေပြီးဖြစ်သွားတဲ့ ဝိညာဏ်ကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါကြောင့် အနတ္တနဲ့ ဝိညာဏ်နဲ့ မတွဲပါဘူး။ ဘဝတစ်ခုကုန်ဆုံးသွားရင် ရုပ်နဲ့နာမ် ပျက်စီးသွားပါတယ်။ ဒီဘဝ ဒီရုပ် ဒီနာမ် ဒီခန္ဓာ၊ နောက်ဘဝမှာ နောက်ရုပ် နောက်နာမ် နောက်ခန္ဓာပါ။ ဘဝနှစ်ခုကို ဆက်စပ်ပေးတာက ကမ္မသတ္တိဖြစ်ပါတယ်။

(လူဝင်စားအကြောင်းနဲ့ပတ်သက်ပြီးတော့တော့ မဖြေသွားဘူးလို့ ထင်ပါတယ်။ ဆရာမေ့ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။)

 

မေး                   – တောင်းပန်ရင်ကျေအေးတယ်လို့ မှတ်သားဖူးပါတယ်။ ကျေအေးတယ်ဆိုတာ အကျိုးအပြစ်ကို ဒီဘဝမှာရော သံသရာမှာပါ လုံးဝမခံစားရတော့တာလား၊ ဒါမှမဟုတ် လျော့ပါးသွားတာလား။

 

ဖြေ                    – အပြစ်ပေါ်မူတည်ပါတယ်။ အပြစ်သေးသေးတွေက တောင်းပန်ရင် ကျေအေးပါတယ်။ ဒါပေမယ့် ပဉ္စာနန္ဒရိယ (အဖေသတ်၊ အမေသတ်၊ ရဟန္တာသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာသင်းခွဲ) ဆိုတဲ့ ကံကြီးကတော့ တောင်းပန်တာနဲ့ မကျေအေးပါဘူး။ အပြစ်ခံရပါတယ်။ ပဉ္စာနန္ဒရိယကံကြီးထိုက်ရင် အဝီစိငရဲမှာကျပါတယ်။ ဒါပေမယ့် ကမ္ဘာပျက်လို့ ငရဲပျက်သွားရင် လွတ်နိုင်ပါတယ်။ ဒါပေမယ့် မိစ္ဆာဒိဌိဆိုတဲ့ အယူမှားရှိတဲ့သူကတော့ အဝီစိငရဲမှာကျပြီး ကမ္ဘာပျက်လို့ ငရဲပြည်ပျက်သွားရင်တောင် အခြားကမ္ဘာမှာ အပြစ်ကို ဆက်လက်ကျခံရပါတယ်။ မိစ္ဆာဒိဌိ (၆၂) ပါးရှိပါတယ်။ ဦးဆောင်နေတာက သက္ကာယဒိဌိပါ။

 

တစ်ခြားမေးခွန်းတွေလည်း အများကြီးကျန်ပါသေးတယ်။ ဒါက ကျွန်မတို့ သူငယ်ချင်းတွေ မေးကြတဲ့မေးခွန်းတွေပါ။ အမှန်အတိုင်းပြောရင် အဲဒီ (၇) ရက်မှာ ကျွန်မတို့တွေ တရားထိုင်ရင် တစ်ခါထိုင် အလွန်ဆုံး (၄၅) မိနစ်ပဲ ထိုင်နိုင်ပါတယ်။ (၄၅) မိနစ်လောက်ပဲ သမာဓိထူထောင်ပြီး ဝေဒနာကိုရှုနိုင်ပါတယ်။ ဒါပေမယ့် တရားအများကြီး မထိုင်နိုင်ခဲ့ရင်တောင် ကျွန်မတို့အတွက် ဗဟုသုတတွေအများကြီးရခဲ့တာ၊ ကျွန်မတို့မရှင်းတာတွေကို သိခဲ့ရတာက ကျွန်မတို့အတွက် အရမ်းကို အကျိုးများလှပါတယ်။ စာအုပ် (၄) အုပ် ဝယ်ဖြစ်ခဲ့ပါတယ်။ What is Buddhism မြန်မာပြန်စာအုပ်၊ (၁၅) မိနစ် တရားရှုမှတ်နည်း၊ ဝိသုဒ္ဓိ (၇) ပါး၊ အဓမ္မဝါဒီဝိနစ္ဆယကျမ်းတို့ ဖြစ်ပါတယ်။ အကုန်တော့ မဖတ်ရသေးပါဘူး။ Great Philosopher လို့ ခေါ်တဲ့ ဗုဒ္ဓရဲ့ Supreme Philosophy တွေကို လေ့လာဖို့ စိတ်ဝင်စားနေတာတော့ အမှန်ပါပဲရှင်။

 

(ဒီအပိုင်းကတော့ တရားဟောနေသလိုဖြစ်သွားရင် သည်းခံပေးပါနော်။ ကျွန်မထက်သိတဲ့သူတွေ အများကြီးရှိမှာပါ။ သိသလောက်ကလေး ရေးတာဖြစ်တဲ့အတွက် ဒီအပေါ်မှာမေးလာမယ့်မေးခွန်းတွေအတွက်လည်း ကျွန်မမဖြေနိုင်ဘူးဆိုတာ ကြိုပြောပါရစေ။ လေ့လာဖို့ အစပျိုးတုန်းပဲ ရှိသေးတာမို့လို့ပါ။ နောက်တစ်ပိုင်းမှာတော့ ကြုံတွေ့ခဲ့ရတဲ့ လူတွေရဲ့အကြောင်းတွေကို ရေးပါမယ်။)

 

ခင်တဲ့

လုံမလေးမွန်မွန်

14 comments

  • ခင်ခ

    April 24, 2013 at 4:39 pm

    ( ကျွန်မအတွေးက ဘုရားက ကိလေသာကင်းစင်တော်မူနေတာ ဒီအမွှေးနံ့သာတွေကို ဘာဖြစ်လို့ ပူဇော်ရတာလဲပေါ့။ ဘုရားက ဒီအမွှေးနံ့တွေကိုမှ မခံစားတာဆိုပြီး စိတ်ထဲမှာ မတင်မကျနဲ့မို့လို့ အသက် (၂၂) နှစ်ကျော်လာတဲ့အထိ ပန်းကပ်တဲ့အလုပ်ကို မတတ်သာတဲ့အဆုံးမှပဲ လုပ်ဖြစ်ပါတယ်။…… )

    မြက်ရိတ်သမားတစ်ယောက်က မြတ်စွာဘုရားကို မြက်ရှစ်ဆုပ်လှုဖူးတယ်လို့ ဖတ်ဖူးတယ်။
    အမှန်ကတော့ ဉ္စာပစ္စည်းက အဓိကမကျဘူး စိတ်ထဲကကြည်ညိုတဲ့သဒ္ဒါကလှုတာ။ ဘယ်အရာဘဲ ဖြစ်ဖြစ် ကြည်ညိုတဲ့သဒ္ဒါတရားနဲ့လှုဖို့ အဓိက ပါလို့ သိသလောက်မျှဝေတာပါ။

  • Mr. MarGa

    April 24, 2013 at 5:15 pm

    တရားအကြောင်း ဆွေးနွေးတာကိုလဲ ဖတ်ရှု ဆန်းစစ်သွားတယ်။
    အပေါ်က ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျတယ်။ တရားတော်တွေဟာ သိပ္ပံနည်းကျတယ် လို့ ပြောတာတွေကို နည်းနည်း စောဒက တက်ချင်သဗျ။
    ကျွန်တော်တို့ အရာတစ်ခုခုကို ဟုတ်မှန်ကြောင်း ပြချင်တယ်ဆိုရင် သူ့ကို ဆန်းစစ်ရတယ်မလား
    အခု ပြောကြပါစို့
    ကျွန်တော်က ဦးမာဃဟာ သိကြားမင်းပါလို့ ပြောတယ်
    ဒါကို အံဇာတုံးက ဟုတ်မဟုတ် သူ့ဟာသူ စုံစမ်းပြီးတော့မှ ဟုတ်တာကို သွားတွေ့တယ်
    ဒါဆိုရင် အံဇာတုံးက ကျွန်တော်ပြောတာ မှန်ပါတယ် ကျွန်တော့်စကားဟာ သူစုံစမ်းတာနဲ့ ကိုက်ညီပါတယ်လို့ ပြောရမယ်မဟုတ်လား
    အခု တရားတော်ကိစ္စကို ကြည့်မယ်ဆိုရင်
    သိပ္ပံပညာရှင်တွေက ဒီအရာတွေကို မြတ်စွာဘုရားရဲ့ နောက်မှ လေ့လာဆန်းစစ်ပြီး တွေ့ကြတာလေ
    ဒါကို ဒီတရားတွေဟာ သိပ္ပံနည်း ကျပါတယ်လို့ သွားပြောရင် ရှေ့နောက်လွဲသလို ဖြစ်နေတယ်။
    သိပ္ပံပညာရှင်တွေကသာ သူတို့တွေ့တာဟာ ဒီတရားအတိုင်းပဲဖြစ်ပါတယ်လို့ ပြောရမှာ
    ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓက သူတို့ထက်အရင် တွေ့ခဲ့တာကိုး
    တရားတော်တွေဟာ သိပ္ပံနည်းကျပါတယ်လို့ပြောရင်
    ရှေ့နောက်က မညီသလို ဖြစ်သွားမယ်ကွယ်။
    ဦးမာဃ သိလို့ တတ်လို့ ပြောတာ ဟုတ်ဖူးနော်
    ဆရာဆန်းလွင်ပြောတာကို ရေးတတ်သလို ပြန်ရေးပြတာ
    အဲဒီစာအုပ် ဖတ်ချင်ရင် ဦးမာဃဆီလာတောင်း
    ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း တဲ့
    ဦးမာဃတောင် ဖတ်ဆဲပဲ ရှိသေးတယ် :hee:

  • Shwe Ei

    April 24, 2013 at 5:45 pm

    Oops … ကိုယ့်ကိုယ်ကို ဘုရား တရားနဲ့ကင်းကွာလွန်းနေတာ သတိထားမိသွားဘီ :byae:
    ပို့စ်အတွက် ကျေးဇူးဘာ မွန်မွန်ရေ :hee:

    • KZ

      April 25, 2013 at 9:45 am

      မနေ့က ဒါဖတ်ပြီး တွေးမိတဲ့ အတွေး။
      ရွှေအိ နဲ့ တူတူပဲ။
      :byae:

      မူလနှစ်ဖြာ
      သစ္စာနှစ်ခု
      လေးခုအလွှာ
      အင်္ဂါ တစ်ဆယ်နှစ်ပါး
      သုံးပါးအစပ်
      နှစ်ရပ်မူလ
      ဝဋ်သုံးဝ
      ကာလသုံးဖြာ
      ခြင်းရာနှစ်ဆယ်
      ဤရှစ်သွယ်
      အလွတ်ကျက်မှတ်
      သိစေအပ်သည်
      သံသရာမှ လွတ်ကြောင်းတည်း။.

      ဒီပုံ အတိုင်းဆိုရင် တော့ ဟို သီချင်းပဲ ဆိုရတော့မယ်။
      “သံသရာ……………………………
      ဆွဲ ……………………………….. ဆန့်လို့ ………………………. ”

      :eee:

      • ဗုံ ဗုံ

        April 25, 2013 at 4:32 pm

        အဝိဇ္ဇာနှင့် တဏှာရင်းခံ
        ဥပါဒါန်
        ကံကြောင့်ရုပ်နာမ်ပေါ်
        အပင်မှမျိုး မျိူးမှအပင်
        အမျှင်မပြတ် ဆက်စပ်သည့်ဟန်
        ကံကြောင့် နာမ်ရုပ်
        နာမ်ရုပ်ကြောင့် ကံ
        အဖန်ဖန်
        ဖြစ်ပြန်နည်းအလျှော်
        ဗြဟ္မာသိကြား စသည်များက
        ပြုပြင်ဖန်ဆင်း စီရင်ခြင်းကြောင့်
        လူနတ်များစွာ သတ္တဝါတို့
        ဖြစ်လာရမှု မဟုတ်ဟု
        ဉာဏ်ဖြင့်ရှု၍ မျှော်…….

        မမဂျီးနောက်က လိုက်ဆိုတာ :mrgreen:

        • ဟိုက်စ် !!!!

          အစကတော့ ဒီလင်္ကာတွေကို
          ကျုပ် တစ်ယောက်တည်း ရတယ် မှတ်နေဒါ … :mrgreen:
          ခုမှ သိရဒယ် ..
          သူရို့လည်း ရဂျဒါဘဲ ….
          နောက်ခါ တရားကြောင်း ဆွေးနွေးဖို့ အဖော်တွေတော့ တွေ့ပေါ့ …
          အဲ့ဒီ အခါမှ ဘာဘာ ဘာမှ မသိဝူးးလို့ မလုပ်ဂျနဲ့ …

  • အရီးခင်လတ်

    April 24, 2013 at 7:08 pm

    သာဓု၊ သာဓု၊ သာဓု ပါ လုံမရေ။
    အရီးလဲ လူလွတ်တုန်းက တရားစခန်း ဝင်လေ့ရှိပါရဲ့။
    အခုတော့ ဝေးနေတာကြာပါပြီ။
    အပိုင်း(၃) ကို မျှော်ပါတယ်။
    အဲဒီတုန်းက တရားစခန်းမှာ ရှိတတ်တဲ့ လူ့သဘော မနော တွေကို လုံမ Post မှာ ပြန်မြင်ရတယ်။
    အလွမ်းပြေပေါ့။ 😆

  • မောင် ပေ

    April 24, 2013 at 7:19 pm

    သာဓု သာဓု သာဓု ပါ ယောဂီမွန်လေးရေ
    မွန်လေး သံသရာခရီးအတွက် အများကြီး အထောက်အပံ့ ရသွားတာ သေချာပါတယ်

  • အင်းးး တရားတွေ အားဂျီး သိလာတာပဲ …
    သာဓု .. သာဓု .. သာဓု ပါဗျားးး

    ပဋိစ္စသမုပ္ပာဒ် အကြောင်း နည်းနည်းလေး ပြောကြည့်ရရင် …
    ဝေဒနာ နဲ့ တဏှာ ကြားမှာ ဘုရားပွင့်တယ်တဲ့ …
    ဒီလိုလေး ကြားဖူးထားတယ် …
    ကြားဖူးတာပဲ ပြောတာနော့ …
    ဘာတုန်းတော့ မမေးနဲ့ မပြောဘူး … :mrgreen:

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2013 at 9:15 am

    ဒီဒဂါမ လုပ်တာနဲ့ ၉၆၉ တော့ မြောင်းထဲရောက်တော့မှာဘဲ
    နှစ်ပေါင်းငါးရာကျော်သွားရင် တရားအားထုတ်လို့ မရသလိုဖြစ်သွားဦးမယ်
    ဆိုတော့ကာ
    တရားဂုဏ်တော် ခြောက်ပါးကို ပြန်လည် လေ့လာစေခြင်ပါကြောင်း

    • Foreign Resident

      April 25, 2013 at 10:20 am

      ” ဒီဒဂါမ လုပ်တာနဲ့ နှစ်ပေါင်းငါးရာကျော်သွားရင်
      တရားအားထုတ်လို့ မရသလိုဖြစ်သွားဦးမယ် ”

      ဟုတ်သေးဘူး ၊ ကိုအောင်ပုရဲ့ ။
      တကယ့် ဆိုလိုရင်းကို ၊ မွန်မွန်က ရှင်းမပြသွားလို့ပါ ။
      အဲဒီ သဒ္ဒါယုဂ၊ သီလယုဂ၊ သုတယုဂ၊ သမာဓိယုဂ၊ ဝိမုတ္တိယုဂ တွေဆိုတာ ၊
      အဲဒီခေတ်တွေမှာ ဘာအကျင့်တွေ အားကောင်းလာမယ် ၊ လူကြိုက်များလာမယ် ။
      ဘာအကျင့် ကျင့်သူတွေ များပြားလာမယ် ဆိုတာကို ယေဘူယျ ဆိုတာဗျ ။

      ဆိုလိုတာက ၊ သဒ္ဒါယုဂ ခေတ် မှာဆိုရင် အလှူအတန်း လုပ်တာများတဲ့ ခေတ် ကိုပြောတာဗျ ။
      အဲဒီ ၊ သဒ္ဒါယုဂ ခေတ် မှာကိုပဲ ၊ ဘုရားရှင်ရဲ့ တရားတော်တွေကို ၊
      မှန်ကန်စွာ ကျင့်ကြံနိုင်ရင် ၊ မဂ်လေးတန် ဖိုလ်လေးတန် ရပြီး ရဟန္တာ ဖြစ်နိုင်ပါတယ် ။

      ” တရားဂုဏ်တော် ခြောက်ပါးကို ပြန်လည် လေ့လာစေခြင်ပါကြောင်း ”

      ဘုရားရှင် ဟောခဲ့တဲ့ တရားတော်တွေရဲ့ အကာလိကော ဂုဏ်တော် ကိုတော့ ၊
      ဘယ် ဗုဒ္ဓဘာသာ အဖွဲ့ ( မိုးကုတ် ) ကမှ မငြင်းဆိုပါဘူးဗျာ ။

  • Foreign Resident

    April 25, 2013 at 10:33 am

    ” ဝိမုတ္တိယုဂခေတ်ဆိုတာဘာလဲ ဆိုတာကိုတော့
    ကျွန်မပဲ မမှတ်ထားမိလိုက်တာလားမသိဘူး ”

    အဘ မှတ်မိသလောက် ပြောမယ်နော် ။ မှားရင် ပြင်ပေးကြပါ ။
    ရွာသူားထဲမှာ ဝိသုဒိ္ဓ မဂ် တက်နေတဲ့သူတွေရှိတော့ ၊ ဆရာ မလုပ်ရဲပါဘူး ။

    သဒ္ဒါယုဂခေတ် = အလှူအတန်း
    သီလယုဂခေတ် = သီလ ဆောက်တည်
    သုတယုဂခေတ် = တရား အသိအမြင် ဗဟုသုတ
    သမာဓိယုဂခေတ် = သမာဓိ ဈာန် တရား ကျင့်စဉ် ( ဗြဟ္မာ ဖြစ် )
    ဝိမုတ္တိယုဂခေတ် = ဝိပဿနာ တရား ကျင့်စဉ် ( ရဟန္တာ ဖြစ် )

    • GaviaGirl

      April 25, 2013 at 10:50 am

      ဟုတ်… အဘဖော.. ရှင်းပြပေးတာ ကျေးဇူးပါနော်… မှတ်ထားလိုက်ပါတယ်…

  • လူကလေး

    April 25, 2013 at 1:51 pm

    ငါ စာအုပ်မေ့ကျန်ခဲ့လို့ နောက်မှ ကျကျ နန ထပ်မန့်ပါ့မယ့် တငယ်ချင်း..

Leave a Reply