အရာစူး သုံး

ဂူပေါက်ဝသည် မကျယ်လွန်း မကျဉ်းလွန်းပေ။ သို့ရာတွင် ဂူအတွင်းသို့ ကျွန်ုပ် ကြည့်လိုက်သောအခါတွင်မူ အလင်းတန်းများ၏ အရောင်များကြောင့် ကွဲပြားစွာ မမြင်ရပေ။ ယင်းကြောင့် မထူးစိတ်ဖြင့် ကျွန်ုပ် ဦးထုပ်နှင့် ရောင်းရင်း အေအေပူးတို့ နှစ်ဦးသည် ဂူအတွင်းသို့ စွန့်စွန့်စားစား ဝင်ရောက်ခဲ့ပေ၏။ ကျွန်ုပ် သတိထားမိသလောက် ရောင်းရင်း အေအေပူးမှာ ကြောက်ဒူးများပင် တုန်နေလေ၏။ အဘယ်ကို တွေး၍ ကြောက်စိတ်ဝင်နေသနည်း ဟူမူကား ၎င်းပင် သိပေလိမ့်မည် ဖြစ်တော့၏။

 

“ဟော … ဟိုမှာ … ဟိုမှာ”

… ယင်းသို့ ရောင်းရင်း အေအေပူးမှ အလန့်တညက် လက်ညှိုးညွှန်ပြသည့် နေရာသို့ ကျွန်ုပ် ကြည့်လိုက်သည့် အခါတွင် …

 

“လား … လား .. လား … မြင်း မဟုတ်ပါလား”

“ရောင်းရင်းနှယ်၊ လား ပါဆိုမှ မြင်း ဘယ်လိုလုပ် ဟုတ်တော့မလဲ”

“ဟုတ်တယ် ရောင်းရင်း အေအေပူး၊ လား ဆိုတော့ မြင်း မဟုတ်ဘူး။ ဟော .. ဟိုက သူတော်စင် ပုဂ္ဂိုလ်ကြီးကလည်း မြင်း မဟုတ်၊ လား မဟုတ်ပေဘူး”

“ရောင်းရင်း ဦးထုပ် တော့ ငရဲကြီးတော့မှာပဲ၊ သူတော်စင်ကြီးကို ဘယ့်နှယ်ကြောင့် လားတွေ၊ မြင်းတွေနဲ့ နှိုင်းတွေတာတုန်း”

“နှိုင်းတာ မဟုတ်ပါဘူး ရောင်းရင်းရယ်၊ ကျုပ်က မဟုတ်ကြောင်း ပြောတာပါ”

 

ယင်းသို့ ကျွန်ုပ်နှင့် အေအေပူး တို့သည် တစ်ယောက်နှင့် တစ်ယောက် ပြောဆို နေကြစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ယင်း အသံမှာ  ကြောင်တစ်ကောင်၏ အသံနှင့် တူလေ၏။

“ကျောင် …. ကျောင် …… ညှောင် …”

ထိုအသံ၏ နောက်၌ လွန်စွာ အရုပ်ဆိုးလှသော လူကြီးတစ်ဦးသည် ထွက်ပေါ်လာလေ၏။ ထိုလူကြီးအား မြင်တွေ့သောအခါ ကျွန်ုပ်နှင့် အေအေပူး တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေ၏။ အဘယ်ကြောင့် ဆိုသော် ထိုအရုပ်ဆိုးဆိုး လူကြီးမှာ လွန်စွာမှ နှာခေါင်းကြီးလှသည့်အပြင် ကြောင်၏ မျက်နှာနှင့် လွန်စွာမှ တူနေသောကြောင့်ပင် ဖြစ်ပေတော့၏။

 

ထူးဆန်းစွာပင် ထိုကြောင်မျက်နှာနှင့် တူသူ လူကြီး၏ နောက်မှ ထိုလူကြီးကဲ့သို့သော လူကြောင်နှစ်ဦးကိုလည်း တွေ့မြင်လိုက်ရလေသည်။ ဤသူတို့ကား သူတော်စင် ပုဂ္ဂိုလ်ကြီး၏ အစောင့်အရှောက်များပေလော။ ကျွန်ုပ် မတွေးတတ်။ ထိုသူတို့ကား ကျွန်ုပ်တို့ နှစ်ယောက်အား တိုက်ခိုက်မည့်ဟန် အသင့်ပြင်လိုက်သည်ကို တွေ့လိုက်ရလေ၏။

 

ထိုအခါ ကျွန်ုပ်မှာလည်း မနေသာတော့။ အနှစ်တစ်ရာနေမှ တစ်ခါ မြင်ရခဲလှသော “မိုးအောက်မြေပြင် ဓားဘုရင်” ဟု အမည်တွင်သော ဓားကြီးအား ခါးကြားအတွင်းမှ ထုတ်ယူကာ ကိုင်ဆွဲလိုက်ရလေတော့၏။ ကျွန်ုပ်၏ မိတ်ဆွေ အဖန်တရာရီ အေအေပူး မှာလည်း ၎င်း၏ မဟာလက်နက် ဖြစ်သော “ကြယ်ရောင် သံမဏိ ယပ်တောင်” အား ၎င်း၏ ကုတ်ပိုးအတွင်းမှ ထုတ်လိုက်သည်ကို တွေ့လိုက်ရလေ၏။

 

ကျွန်ုပ်တို့၏ လက်နက်များအား မြင်လိုက်ရသောအခါတွင် အဆိုပါ လူကြောင်သုံးဦးတို့မှာ အထိတ်တလန့် ဖြစ်သွားသည်ကို ၎င်းတို့၏ မျက်ဝန်းများတွင် အတိုင်းသား တွေ့လိုက်ရလေ၏။

 

“မဖြစ်ဘူး အောင်ကျူး၊ လုံးဝ မဖြစ်ဘူး၊ ကျုပ်တို့ တိုက်ခိုက်လို့ လုံးဝ ဖြစ်မှာ မဟုတ်ဘူး”

“ဟ … ဝုတ်တ၊ မင်းက ဘာကို လန့်နေရတာလဲ”

“သူတို့ လက်ထဲက လက်နက်တွေက တကယ့် လက်နက်တွေဗျ၊ ကျုပ်တော့ မတိုက်နိုင်ဘူး အောင်ကျူး”

“အေး … မင်း မတိုက်ရင်နေ၊ ဟိုနောက်က ကျေးလောင်နဲ့ တိုက်မယ်”

“အာ … ကျုပ်လည်း မတိုက်နိုင်ဘူး အောင်ကျူး၊ သူတို့ လက်နက်တွေအကြောင်း ကျုပ်ကောင်းကောင်း သိတယ်”

 

ယင်းသို့ ၎င်းတို့ အချင်းချင်း တီးတိုး ပြောနေကြသည်ကို ကျွန်ုပ် အတိုင်းသား ကြားနေရလေ၏။ ၎င်းနောက် အောင်ကျူး သည် မင်းတို့ မတိုက်လည်း ငါတိုက်တယ် ဟူသော မျက်နှာထားဖြင့် ၎င်း၏ လွန်စွာကြီးသော နှာခေါင်းကြီးအား တရှုံ့ရှုံ့လုပ်လျက် ရှေ့သို့ တိုးလာပြီးလျှင် ၎င်း၏ သံကြောင် လက်သည်းရှည်ကြီးဖြင့် ကျွန်ုပ်အား လှမ်း၍ ကုတ်လေ၏။ ကျွန်ုပ်လည်း မဆိုစလောက်လေး ရှောင်တိမ်းပေးလိုက်လေ၏။ ထိုအခိုက်တွင် ကျွန်ုပ်၏ ရောင်းရင်း အေအေးပူးမှ လွန်စွာလျင်မြန်လှသော အရှိန်ဖြင့် ၎င်း၏ သံမဏိ ယပ်တောင်အား ယမ်းလိုက်လေရာ အောင်ကျူး၏ သံလက်သည်းရှည်ကြီးမှာ ကန်စွန်းရွက်ရိုးအား ချိုးလိုက်သကဲ့သို့ ကျွတ်ခနဲ ကျိုးသွားလေတော့၏။

 

ထိုအချင်းအရာကြောင့် အောင်ကျူး ဆိုသူမှာ လွန်စွာ လန့်ဖြတ်ပြီး ထွက်ပြေးသွားလေတော့၏။ ကျန်သည့် ဝုတ်တနှင့် ကျေးလောင် ဆိုသူတို့မှာလည်း အခြေအနေ မဟန်လောက်သည့် အတွက် အောင်ကျူး၏ နောက်သို့ လိုက်ပါ ထွက်ပြေးသွားကြလေတော့၏။

 

ယင်းနောက်တွင် “ခွမ်း .. ခွမ်း .. ခွမ်း” ဟူသော အသံနှင့်အတူ ပုလင်းတစ်လုံးအား လက်၌ ဆွဲထားသော လူတစ်ဦးနှင့် ဘဲဥပုံသဏ္ဍာန် သံလုံးများအား ခြင်းတစ်လုံးထဲသို့ ထည့်ကာ ဆွဲလာသော လူတစ်ယောက်တို့ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။ ထိုသူနှစ်ဦးသည် ကျွန်ုပ်တို့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ဘဲဥခြင်း ဆွဲလာသူသည် ၎င်း၏ ဘဲဥသံလုံးတစ်လုံးအား ကောက်ယူကာ လျင်မြန်သော အရှိန်ဖြင့် ကျွန်ုပ်အား ပစ်ပေါက်လေ၏။

 

ကျွန်ုပ်မှလည်း အသင့်ကိုင်ထားသော ဓားဘုရင်ဖြင့် ဝှေ့ယမ်းလိုက်လေရာ ထိုသံလုံးဘဲဥမှာ အာလူးသီးအား ဓားဖြင့် လှီးလိုက်သကဲ့သို့ အဖတ်လိုက် ဖြစ်သွားလေတော့၏။ ထိုဖြစ်ရပ်အား ၎င်းတို့ နှစ်ဦးသည် မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်ကြလေ၏။ ပြီးနောက်တွင် ပုလင်းကိုင်ထားသော သူမှာ အရက်သမား ခြေလှမ်းမျိုးဖြင့် ကျွန်ုပ်တို့ထံ လှမ်းလာပြီးလျှင် တိုက်ခိုက်လေ၏။

 

၎င်း၏ တိုက်ကွက်တို့သည် နွှဲ့နှောင်း၏။ လှပ၏။ ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ တိုက်ခိုက်လေ၏။ ခပ်လှမ်းလှမ်းတွင် ရပ်နေသော သူမှလည်း ၎င်း၏ သံဘဲဥလုံးဖြင့် ပစ်ပေါက်ကာ တိုက်ခိုက်လေ၏။ ကျွန်ုပ်နှင့် အေအေးပူးမှာ သံဘဲဥလုံးအား ရှောင်ရင်းတိမ်းရင်း အရက်သမားသိုင်းသမားအား တိုက်ခိုက်နေရလေ၏။ ခဏအကြာတွင်မူ အရက်သိုင်းသမား၏ ပုလင်းမှာ အေအေပူး၏ လက်စွမ်းဖြင့် ကွဲသွားလေတော့၏။ ထိုပုလင်း ကွဲသွားသောအခါ အရက်သိုင်းသမားမှာ ထိုင်၍ ငိုကြွေးလေတော့၏။

 

သံဘဲဥလုံးဖြင့် ပစ်သောသူမှာလည်း ၎င်း၏ ခြင်းအတွင်း ပစ်စရာ သံဘဲဥ မရှိတော့ပေ။ ကျွန်ုပ်တို့မှာ အနိုင်ရလေပြီ။ အဖန်တရာရီ အေအေပူးမှ ပုလင်းကွဲသွား၍ ထိုင်ကာ ငိုနေသော အရက်သိုင်းသမားအား ၎င်း၏ သံမဏိယပ်တောင်ဖြင့် တအားလွှဲ၍ ရိုက်မည် ဟန်ပြင်လိုက်စဉ် လွန်စွာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။

 

“ဟိတ် …. မလုပ်နဲ့ …. ရပ်”

ထိုအသံကား သူတော်စင် ထံမှ ထွက်ပေါ်လာသော အသံ ဖြစ်လေ၏။

 

“မောင်ရင်တို့ နှစ်ယောက်က အလင်းရောင် ထွက်နေတာကို လာပြီး စူးစမ်းတာ မဟုတ်လားကွဲ့”

“ဟုတ်ပါတယ် ဘိုးတော်”

“အေး … သိတယ်၊ သိတယ် …. ဘာသဟာကြောင့် အလင်းရောင်တွေ ဖြာထွက်နေတယ်ဆိုတာ မသိချင်ကြဘူးလားကွဲ့”

“သိချင်လို့ လာတာပေါ့ ဘိုးတော်ရယ်”

“အေး … ဒါဆိုလည်း ဒီမှာ လာကြည့်”

 

ယင်းသို့ ပြောပြီးနောက် ဘိုးတော်မှာ ထိုင်ရာမှ ထလိုက်လေ၏။ ထူးဆန်းစွာဖြင့် ၎င်းဘိုးတော် ထိုင်နေသော နေရာ၏ အောက်တည့်တည့်၌ အပေါက် တစ်ပေါက်အား တွေ့လိုက်ရလေ၏။ အဆိုပါ အပေါက် အတွင်း၌မူ ………..

……………………..

…………………………

……………………………

………………………………..

…………………………………….

……………………………………………………..။

 

++++++++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++++


    Pages: 1
  • 2

18 comments

  • KZ

    June 3, 2013 at 9:42 pm

    နောက်မီးလင်း အဲလေ အောက်လင်း ဒုုတ်မီးဂျီးလားဟင်င်င်င်င် ???
    :harr:

    • သိဝူးးးး
      သိဝူးးးးးးး
      ရာဂျာ ဘာမှ သိဝူးးနော် …
      ကိုယ့်ဟာကိုယ်ဒါ တွေးကျိဂျဘေဒေါ့ …. :mrgreen:

      ပဆုံး လာအားပေးတွားဒဲ့ ချစ်မမ ကို ချစ် ချစ် ချစ် …. <3

  • padonmar

    June 3, 2013 at 10:11 pm

    အရာစူးတာ ရေးတဲ့သူနော် ။
    ဖတ်တဲ့သူ မဟုတ်ဘူးမလား။
    ပုလင်းသိုင်းကတော့ စိန်ဗိုက်ပဲ(လွမ်းတယ်အေ)
    သံကြက်ဥပစ်ပြီးကစားတာတော့ ပြာထွန်းပြန့်က ဦးနေးချားပဲဖြစ်ရမယ်။

  • uncle gyi

    June 3, 2013 at 10:40 pm

    ဟားဟားဟား
    ကိုအံစာက
    ပါဝါဓါတ်ခဲလာညာကြော်နေတာကိုး
    ဟိုးဟိုုး

  • ဦး ကျောက်ခဲ

    June 4, 2013 at 9:05 am

    ယင်းသို့ ပြောပြီးနောက် ဘိုးတော်မှာ ထိုင်ရာမှ ထလိုက်လေ၏။ ထူးဆန်းစွာဖြင့် ၎င်းဘိုးတော် ထိုင်နေသော နေရာ၏ အောက်တည့်တည့်၌ အပေါက် တစ်ပေါက်အား တွေ့လိုက်ရလေ၏။ အဆိုပါ အပေါက် အတွင်း၌မူ ………..

    ဘိုးတော် အာပီးထားသော အုံပီးသည်ကား သုံးဆယ်ကျပ်သားခန့်ရှိသည်ဟူသတတ်… ဟီ ဟိ
    :harr:

  • သျှားသက်မာန်

    June 4, 2013 at 9:33 am

    ကိုအံက အဲလိုလည်းရေးတတ်တာပါသေးလား………….

  • kyeemite

    June 4, 2013 at 10:22 am

    အရာစူး သုံး
    ဘလာဗူးတုန်း
    ဆရာကျူးမုန်း
    တဏှာရူးမဆုံး
    ငါအမူးဆုံး….ဟိ
    :harr:

    ဘာပဲပြောပြောကွာ..ငါလည်း“အရက်မူးပုလင်းကိုင်သိုင်းသမား” လေးကိုလွမ်းမိဂျောင်းးး

  • Ma Ei

    June 4, 2013 at 10:28 am

    မမှတ်မိတော့လို့ ၁၊၂ ကိုပြန်ဖတ်ရင်း မတွေ့ရတာကြာတဲ့
    ရွာသူရွာသားတွေကို လွမ်းမိသွားတယ်…
    Pooch
    Mocho
    aye.kk
    yaungchikha
    စိန်ပေါက်ပေါက်
    Khaing Khaing
    :byae:

  • ကိုယ့်ကိုကိုယ်တော့သိသားပဲ အရူးစာရေးတယ်ဆိုတာ….ဟိဟိ…
    သူကိုယ်သူသိုင်းသမားဒဲ့…. ခြေသလုံးပလွေရိုး သိုင်းသမား…. ခွိခွိခွိ…

    ဘိုးတော် ဖင်ခုထိုင်ထားတာ….. အဲဒါ ဖုန်းဟန်းဆက်ပဲဖြစ်ရမယ်….ဖုန်းလာနေတာ မကိုင်ချင်လို. ဖင်ခုထိုင်ထားတာနေမှာ……. ဟိဟိဟိ….

    ဟဲ့ အံချာဒုံး ရဲ. နီတို.နှစ်ယောက်ချောင်းကြည့်တာ ဂူပေါက်မဟုတ်ဘူး….အဲဒါ ကေတီဗွီ ရွမ်းးးး ဟိဟိဟိ

  • အရီးခင်လတ်

    June 4, 2013 at 2:37 pm

    ဒီလိုသာ ရေးလိုက်၊ တစ်မေ့တမော နေပြီးမှ ပြန်ဆက်လိုက်။
    ဒီလိုပုံနဲ့သာဆက်သွားလို့ ကတော့ လူပိုကြီး ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ။
    😆

  • မောင်ဘလိူင်

    June 4, 2013 at 3:09 pm

    လျူကွမ်းကျုံး ရဲ့ ဂန္ထဝင် ဝတ္ထု All men are brothers ကို မှီငြမ်းပြီး ဇာတ်ကောင်တွေ
    နေရာမှာ ကျုပ်တို့ မန်းဂဇက် ဝိုင်းတော်သားတွေ ထည့် ရေးရကောင်းမလား တောင်
    စဉ်းစားမိသဗျို့.. :harr:

    • အရီးခင်လတ်

      June 4, 2013 at 3:28 pm

      တမေ့တမောကြီး ပစ်မထား ရင်ရေးပါလေ။
      လူပိုကြီးတွေ ဖြစ်ကုန်မစိုးလို့ ပါ။
      မောင်ဘလှိုင် ရောပေါ့။ 😆

  • Ma Ma

    June 4, 2013 at 3:48 pm

    ကြောင်ဂိုဏ်းကို အပြတ်ဆော်ထားပါလား။
    ဒါ့ထက် ကြောင်လက်သည်းကျိုးတာ ကန်စွန်းရွက်ချိုးရသလိုပဲဆိုလို့ ချိုးကြည့်ချင်မိတယ်။ :harr:

    (၎င်းဘိုးတော် ထိုင်နေသော နေရာ၏ အောက်တည့်တည့်၌ အပေါက် တစ်ပေါက်အား တွေ့လိုက်ရလေ၏။)
    အဆိုပါအပေါက်အတွင်း၍မူ…. ရေနွေးအိုးကျိုဖို့ မီးမွှေးထားတာ ဖြစ်မယ်။ :kwi:

  • Mr. MarGa

    June 4, 2013 at 6:33 pm

    အရူးစာကြောင့်
    နဖူးမှာ
    ချိုတော့ ပေါက်မလာပါဘူးနော့

  • ဟက်ကဲ့ ခည …
    ဂုလို လာရောက် အားပေးဂျဒဲ့ …
    ဦးဦး ဒေါ်ဒေါ် ကိုကို မမ အပေါင်းဒို့ကို
    ကျေးဇူး အထူးပါ ခညာ …

    ကျုပ်လည်း ရီပလိုင်း ပြန်မလို့ဘဲ …
    ကောင်မလေးတွေက အတင်း ဆွဲထားလို့ မလာအားဘူး ဖစ်တွားဒယ် … :mrgreen:
    ဒီအတွက် အားဂျီး တောင်းဘန်ဘာဒယ်နော့ …

  • ဦးကြောင်ကြီး

    June 5, 2013 at 8:50 am

    ဂန်ထရီဦးထုပ်
    ဟန်ချီလူးလှုပ်
    ဖျံဆီဒူးသုတ်
    ကြံစည်ဖူးမှုတ်… :kwi:

  • မောင် ပေ

    June 5, 2013 at 1:22 pm

    အပေါက်ထဲမှာ တွေ ့လိုက် ရ သည် မှာ
    မိုက်ကယ်ဂျော်နီအောင်ပု အိ အီးပုံ ဖြစ်ပေတော့ သည် တကား
    အီ တွင် ဂန်နာရီ ဦးထုပ် လဲ အားရပါးရ ပြေးဆွဲလေတော့ သည်။
    ပြီးပါ ပြီ
    ဟီ ဟိ

  • ဂန္ဓာရီ ဆြာအုပ်

    June 5, 2013 at 8:54 pm

    ဂန်နာရီ ဦးထုပ် ဖင် အောက်တွင်တွေ့လိုက်ရသည်ကား အံစာတုံး ဖြစ်နေတော့သတည်း
    မှတ်ထား ကျူပ်နာမယ် အလွဲသုံးစားလုပ်တဲ့ အံဇာ

Leave a Reply