Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Burma VJ Oscar ဆုရကို ရရမည်

kaiFebruary 21, 20103min5814

၂၀0၉ ခုနှစ် အတွက်အကောင်းဆုံး မှတ်တမ်းတင်ကားအော်စကာဆု စကာတင်ရွေးချယ်ခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀ရ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ Saffron Revolution ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့
Burma VJ ရုပ်ရှင်ကားအကြောင်;ဖြစ်ပါတယ်။

အဲဒီကားက အော်စကာ nominated နောမနိတ်ဖြစ်နေပါပြီ။ သူ့ပြိုင်ဖက်တွေကတော့..

Other Nominees in this Category

တို ့ဖြစ်ပါတယ်။ ဆုအားဖြင့်ရော။ အခြေအနေ အချိန်အခါအရရော ယှဉ်နိုင်မယ်မထင်ပါဖူး။ Burma VJ ကတော့ နိုင်ငံတကာဆု ၄ဝကျော်ရပြီးသားလည်းဖြစ်ပါတယ်။ တခြားကားတွေ ဇတ်လမ်းအတိုဖတ်ကြည့်သလောက်တော့ လွမ်းလောက်စရာ မရှိပါဘူး၊ အစားအသောက်အကြောင်းက ၂ခုနဲ့ အမေရိကန်ပြည်ထောင်စုထဲခိုးဝင်ဖို့ကြိုးစားတဲ့ ဇတ်လမ်းတခူ၊ ကျန်တာက နိုင်ငံရေးနွယ် ဗီယက်နမ်စစ်ဆန့်ကျင်ရေးကားပါ။

Saffron ဆိုတဲ့ သင်္ကန်းရောင် ကိုယ်စားပြုသူများကတော့ ဗုဒ္ဓရဲ့သားတော်များဖြစ်တဲ့ ရဟန်းသံဃာတွေဖြစ်ပြီး  နိုင်ငံတကာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့ ရဟန်းသံဃာတွေထဲမယ် အထင်ရှားဆုံးဖြစ်နေတာက ဒလိုင်လားမား(Dalai Lama)ဖြစ်ပါတယ်။ သူ့ကို အမေရိကန်သမတကြီး အိုဘားမား(Obama)က တွေ့ဆုံလို့ ကမ္ဘာ့မီဒီယာတွေမှာ လှုပ်လှုပ်ရှားရှားဖြစ်နေချိန်မှာ Saffron Revolution လို့အမည်ရခဲ့တဲ့ တော်လှန်ရေးကို ဒီကမ္ဘာမြေမှာ စတင်ပေးခဲ့သူတွေက မြန်မာပြည်က ရဟန်းသံဃာတွေဖြစ်ပါတယ်။ဒီအကြောင်းကို ရိုက်ကူးထားတဲ့ အဖြစ်မှန် ဗီဒီယိုတွေကို စုစည်းတင်ပြထားတာကတော့ Burma VJ ဖြစ်ပါတယ်။ VJ ဆိုတာက video journalists ကိုခေါ်တာပါတဲ့။Dalai Lama ဟာဒီရက်ပိုင်းမှာပဲ ဟောလိဝုဒ်ကို ကြွလာနေပါတယ်။ သူဟာ ရုပ်ရှင်လောကသားတွေအပေါ်မှာ ဩဇာရှိသူလည်းဖြစ်တယ်။ သူ့ကြောင့် ဟောလိဝုဒ်သားတော်တော်များများဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြတယ်လို ့သတင်းတွေက ဆိုထားပါတယ်။  ဒီတော့…အခြေအနေတော်တော် ကောင်းနေပါတယ်။

ဒီရက်ပိုင်းမှာပဲ နယူးယောက်နဲ့ အယ်လ်အေမှာ အဲဒီရုပ်ရှင်ကားထုတ်လုပ်သူတွေက အော်စကာရရေး လှုပ်ရှားမှုတွေလည်းတောက်လျှောက်လုပ်နေပါတယ်။

မြန်မာပြည်မှာလည်း ၂၀၁ဝ ရွေးကောက်ပွဲနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ချိန် မှာ နာဂစ်မုန်တိုင်းနဲ့ ဘားမားဗီဂျေရုပ်ရှင်ကားကိုအဆုံးသတ် ဇတ်လမ်းဖွင့်ထားသမို ့အဲဒီသဘာဝဘေးဆိုးနဲ့ ဟေတီငလျှင်ဘေးတို့လည်း သေဆုံးမှုကြီးကျယ်တာခြင်းဆက်စပ်နေမိချိန်မှာ ဒီကားဟာ နော်မနိတ်(စံကာတင်အရွေးခံ)ကနေ အော်စကာဆုကို ဆွတ်နိုင်မယ် မျှော်လင့်ရပါတယ်။

မျှော်လင့်နေ၊ ဆုတောင်းနေယုံနဲ့မပြီး ရကိုရအောင်လည်း ဝိုင်းလုပ်ဖို ့လိုပါလိမ့်မယ်။ ဗမာတွေ ကိုယ်နဲ့ နီးစပ်တဲ့ မိတ်ဆွေတွေကို အဲဒီကားအကြောင်းပြောပါ။ ကြည့်ဖို ့တိုက်တွန်းပါ။ အနည်းဆုံး..အင်တာနက်မှာ အော်စကာ(Oscar )ဆိုတာနဲ့ (Burma VJ) ဆိုတာကို တွဲပြီးတရက်တခါ ( Search)လုပ်ပေးပါ။ အော်စကာဆုပေးမှာက မတ်လ ရ ရက်နေ့ဖြစ်တယ်။ အဲဒီကြားထဲ ဆန်ကာတင်စိစစ်နေချိန်ဖြစ်ပါတယ်။အော်စကာဆုက လူထောင်နဲ့ချင်္ပြီး ရွေးချယ်အမှတ်ပေးကြတာဖြစ်ပါတယ်။

အောက်ကလင့်ကနေလည်း မဲပေးပါ။
http://documentaries.about.com/b/2010/02/06/opinion-poll-which-documentary-will-win-the-oscar.htm

အဲဒီကား အော်စကာရကိုရမှဖြစ်ပါမယ်။ အဲဒီကားရရင် ဗမာပြည်တွင်းက ဂျာနယ်လစ်တွေ အင်အားရှိလာမယ်၊ လုပ်ရဲလာမယ်။ အလုပ်အကိုင်လမ်းပွင့်လာမယ်။
ဒီကားဟာ ဗမာပြည်သတင်းထောက်တွေကိုလည်း အကွေ့အပြောင်းဖြစ်စေမဲ့ကားပါ။ ပြည်သူလူထုကိုလည်း ကမ္ဘာကမမေ့နေကြောင်းပြောရင်း အင်အားတွေ ပေးမဲ့ကားပါ။ ဘားမားဗီဂျေ ကားကို ဆိုနီဗီဒီယိုကင်မရာလေးနဲ့ လက်ကိုင်ဖုံးတွေသုံးပြီး လုပ်သွားခဲ့တာလို ့ရုပ်ရှင်ကြည်ပြီး သုံးသပ်မိပါတယ်။  အခြေအနေနဲ့ အချိန်အခါကို ကွက်တိနင်းသွားတာက ဒီကားရဲ့  ကဇတ်လမ်းဖြတ်ကောင်းလေးတွေ ထွက်လာစေပြီး ရိုက်ကူးသူတွေ အဖမ်းခံကြရတာက ကြည့်သူတွေကို ဘိ(ရိုက်ချက်) ဖြစ်စေပါတယ်။

တိုတိုချုံပြောရရင် ဒီကား အော်စကာဆုရမှကိုဖြစ်ပါမယ်….လို့ပါပဲ။

ဒီအကြောင်းကို ရိုက်ကူးထားတဲ့ အဖြစ်မှန် ဗီဒီယိုတွေကို စုစည်းတင်ပြထားတာကတော့ ဖြစ်ပါတယ်။ VJ ဆိုတာက video journalists ကိုခေါ်တာပါတဲ့။

4 comments

  • sonny wynn

    February 21, 2010 at 7:54 pm

    ဗမာစစ်အစိုးရကမျက်စေ့ဒေါက်ထောက်ကြည့်ခြင်းခံရတဲ့ သား’သုံး’သား (ကျောင်းသား၊စစ်သားနဲ့ဘုရားသားတော်များဖြစ်တဲ့ရဟန်းတော်များ) ထဲက မြန်မာနိုင်ငံကသံဃာတွေရဲ့ရွှေဝါရောင်တော်လှန်ရေးဂယက်ကကမ္ဘာကိုကိုင်လှုပ်ခဲ့ပါတယ်။ သွေးမြေကျခဲ့ရတဲ့ တော်လှန်ရေးဟာအောင်မြင်မှုပန်းတိုင်ကိုမရောက်ခဲ့ပေမဲ့၊ စစ်အစိုး၇ရဲ့’ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်’ အာဏာရှင်ဝါဒကိုတော့အတိုင်းအတာတခုအထိဇက်သတ်နို်င်ခဲ့တယ်လို့ယူဆပါတယ်။ အခက်အခဲကြားမျိုးစုံက ပုံးလျှိုးကွယ်ရှိုး ဖန်တီးခဲ့ရတာမို့၊ graphical ဖြစ်ပေမဲ့လက်ရာအတော်မြောက်ပါတယ်။ Santa Ana ဘက်မှာ ရုံသွင်း စဉ်က ပွဲပြည်ပရိတ်သတ် ကျွန်တော်တို့လင်မယားအပြင် အခြားသားအမိစုံတွဲတခုသာတွေ့ရပါတယ်။ ပွဲပြီးလို့သူတို့ကိုမေးကြည့်တော့ မျက်ရေလည်ရွဲနဲ့ ‘မယုံနိုင်စရာတွေ’လို့မှတ်ချက်ပြုပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ဗုဒ္ဓအယူလွှမ်းတဲ့တိုင်းပြည်မှာလက်နက်မဲ့ပြည်သူတွေဘုရားသားတော်တွေကို ရန်သူလိုပစ်ခတ်တာတွေ၊မြင်ကွင်းတွေကိုကမ္ဘာကသိစေခဲ့တဲ့သမိုင်းဝင်မှတ်တမ်းပါ။ based on true story ဆိုတာထက် တကယ့်မြင်ကွင်းတွေကိုခက်ခက်ခဲခဲရိုက်ကူးခဲ့တဲ့…’သွေးနဲ့ရေးခဲ့တဲ့’ ရုပ်ရှင်မှတ်တမ်းတစ်ခုပါ။

  • susunosuki

    April 19, 2010 at 8:38 am

    အဲဒီကား အော်စကာရလို့ကတော့
    မြန်မာကို မ၏ကမ္ဘာ ကသိတော့မှာပေါ့

  • doekalay

    October 6, 2010 at 8:50 am

    တကယ် ့အဖြစ်အပျက်တွေကိုရိုက်ထားတာလေ……..ရသင် ့တာပေါ ့။ရကိုရမှာ
    ဘုန်းကြီးတွေကိုနှိ်ပ်စက်တာဘယ်လိုဆိုတာကိုကမာ္ဘကအကုန်သိစေရမယ်……

Leave a Reply