ရေခြားမြေခြားရောက် မြန်မာများသို ့လက်ဆောင်
မမေ့အပ်သော ဗုဒ္ဓ ၏ ဩဝါဒ
အားကိုစရာ အစစ်က ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ
မိတ်ဆွေ အစစ်က ကံ ၊ ဉာဏ်၊ ဝိရိယ
နေ့စဉ် အလုပ်က ဒါန ၊ သီလ ၊ ဘာဝနာ
ရန်သူ အစစ်က လောဘ ၊ ဒေါသ ၊ မောဟ
အမြဲ နှလုံးသွင်းရန် အစစ်က အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ
အမြဲလက်ကိုင်ထားရန် အစစ်က ခနီ္တ ၊ သစ္စာ ၊ မေတ္တာ
===========================
အမြဲရွတ်ဖတ်ရန်
ဗုဒ္ဓ၏ စက်ကြီး ၁၃ စက်
၁ ။ ဩောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
၂ ။ တစ်ဆယ့်လေးချက် ဓမ္မစက်
၃ ။ တစ်ဆယ့်ရှစ်ချက် သံဃာ့စက်
၄ ။ လရောင်ဝန်းလျက် ရှင်ပစ္ခေက ဗုဒ္ဓရဟန္တာစက်
၅ ။ မြင့်မိုရ်တောင်ဥိးမကကျူးလျက် မိဘစက်
၆ ။ ဂုဏ်ကျေးဇူးကိ်ု အထုူးသိလျက် ဆရာ့စက်
ရ ။ ဝရစိန်လက်နက် ဗြမ္မာ့စက်
ဂ ။ မိုးကြိုးလက်နက် သိကြားစက်
၉ ။ လောင်မီးကျလျက် နတ်တို ့စက်
၁ဝ ။ ဘွဲ့ဖြူလက်နက် ဘီလူးစက်
၁၁ ။တောင်ဟုန်ပြင်းလျက် ဂဋ္ဋုန်စက်
၁၂ ။အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်
၁၃ ။သုံးတောင်သချင်္ာ ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်
———–
ကျွန်တော် ပေးချင်တဲ့ လက်ဆောင်ကတော့ဒါပါပဲ ။ ရေခြားမြေခြားသမားများကို မှာချင်တာကတော့ ဘုရားတရားကို မမေ့ဖို ့ပါပဲ ။
ဒီစက်ကြီး ၁၃ စက်ကို ရွတ်ဖတ်ပေးပါရန် အန္တရယ်ကင်းပါလိမ့်မယ် ။ကျန်းမာပါလိမ့်မယ် ။ ချမ်းသာပါလိမ့်မယ်။
အဓိကကတော့ ရေခြားမြေခြားရောက်နေတဲ့ မိဘနဲ့ဝေးနေတဲ့ ညီငယ် ညီမငယ်လေးများ..အစ်ကိုများ ၊ဦးဦးများ ဒေါ်ဒေါ်များ..လက်ဆောင်ပေးချင်တာပါ။
ညီမလေးရွှေကြည်ကိုလည်း ဒီစာလေးနဲ့ လက်ဆောင်ပေးလိုက်ပါတယ် ။ မလေးရှားမှာ ရှ်ိတဲ့ ကျွန်တော့် တူမ ကိုလည်း လက်ဆောင်ပေးပါတယ် ။
ကျန်းမာချမ်းသာကြပါစေ ။
ချစ်ခြင်းမေတ္တာဖြင့်
မိုးမင်းသား
4 comments
ရွှေ ကြည်
May 11, 2013 at 8:33 am
ကိုမိုးမင်းသားရေ ကျေးဇူးအကြီးကြီးတင်ပါကြောင်းပြောပါရစေရှင့်
အနန္တောအနန္တ ငါးပါးကို အမြဲဦးတင်ပါတယ်အစ်ကိုရေ
ဒီစာလေးထဲက
ဗုဒ္ဓ၏ စက်ကြီး ၁၃ စက် ကိုလည်းရွတ်ဖတ်ပါ့မယ့် သတိတရရှိလို့ကျေးဇူးပါ :hee:
မိုး မင်းသား
May 11, 2013 at 7:38 pm
ညီမလေးရွှေကြည်…..ဘုရားတရားမမေ ့ဘူးဆိုတော ့ရေးရကျိူးနပ်ပါ ့ကွယ်…..
အားလုံးအတွက်ရယ်ပါ…..
နေကောင်းပါစေ…..
အရာရာအားလုံးအစဉ်ပြေပါစေ…….
naing yelin
October 22, 2014 at 12:15 am
Thank par brother
Yae Myae Tha Ninn
October 22, 2014 at 10:24 am
ဒါတော့ မပူနဲ့… မိုးမင်းသားရေ… နိုင်ငံခြားရောက် သူငယ်ချင်း တွေ ဒီမှာသာ ဘုရား မှန်မှန် မကန်တော့တာ.. ဟို မှာတော့ ရိုသေလိုက်ကြတာ တောထွက် မတတ်ဆိုပဲ… တကယ်လဲ လိုအပ်တာကိုးဗျ… 🙂