ကောင်းကင်ပြာရယ် မင်း နဲ့ ငါ
အောက်တိုဘာ ၂၁ ငါ လူဖြစ်ချိန်မှာ
နေမင်းကသာ ကောင်းကင်ကလည်း ပြာခဲ့မှာပဲလေ ၊
အသက် ၅ နှစ် ကျောင်းသား စဖြစ်တော့
ခေါင်းမော့လိုက်တဲ့အခါ ကောင်းကင်က ပြာနေဆဲပါ ၊
လာလေမစဲတဲ့ အထပ်ထပ်သော နေ့သစ်တွေကိုဖြတ်သန်း
၁ဝ တန်း မှသည် ဘွဲ့ရသည်အထိ
ငါ့ဘဝရဲ့ ကောင်းကင်ဟာ ပြာလွင်လို့နေ
တချို့တွေအတွက် မိုးလေတွေပက်ခဲ့ပေမယ့်
အမေ့ရဲ့ အရိပ်အောက်မှာ သားဘဝဟာ
ခါး ရတာမရှိ ပကတိငြိမ်းချမ်း
စိမ်းလန်းတဲ့ ရှုခင်းကြားမှာ
ပြာလဲ့ကြည်လင် ပျော်ရွှင်ခဲ့ပါတယ် ၊
ဒါပေမယ့်လေ
ကိုယ့်လမ်းကိုဖောက် စ လျှောက်ရတဲ့အခါ
တောက်ပခဲ့တာလည်းရှိ အောက်ကျခဲ့တာလည်းရှိ
နောက်ကျခဲ့တာလည်းရှိ ကောက်ရခဲ့တာလည်းရှိ
ဂျောက်ချခဲ့သူတွေလည်းရှိ ပျောက်ကျခဲ့သူတွေလည်းရှိ
တအိအိနဲ့ ရွေ့လာခဲ့ရင်း သက်ပြင်းဆိုတာ ဘယ်လောက်မှန်းမသိ
လမ်းမရှိတာကိုမှ ရွေးမိတဲ့ဘဝမျိုး ဘက်ဂီယာကို အခါခါထိုး
မိုးမှောင်မည်းတွေကြားမှာ မုန်တိုင်းဆိုတာရိုး
ငမျိုးရေ
မင်း တမ်းတတဲ့ ကောင်းကင်ပြာ
ဆောင်းအဝင်မှာလည်း မတွေ့
နွေနေ့တွေမှာလည်း ပျောက်ဆုံး
တစ်မိုးလုံးမှာလည်း မမြင်
ဘယ်ခရီးကို နှင်နေသလဲကွယ် ၊
11 comments
မဟာရာဇာ အံစာတုံး
May 13, 2013 at 1:58 pm
“……
ကိုယ့်လမ်းကိုဖောက် စ လျှောက်ရတဲ့အခါ
တောက်ပခဲ့တာလည်းရှိ အောက်ကျခဲ့တာလည်းရှိ
နောက်ကျခဲ့တာလည်းရှိ ကောက်ရခဲ့တာလည်းရှိ
ဂျောက်ချခဲ့သူတွေလည်းရှိ ပျောက်ကျခဲ့သူတွေလည်းရှိ
တအိအိနဲ့ ရွေ့လာခဲ့ရင်း သက်ပြင်းဆိုတာ ဘယ်လောက်မှန်းမသိ
……”
ဒီနေရာလေး ..
အရမ်း အရမ်း ကျိုက်မိဘာဂျောင်း …
ပေါရရင် တစ်ပုဒ်လုံး ခိုက်ဒယ်ဂျာ ..
ဟက်ထိဒယ်ဘော့ …
kyeemite
May 13, 2013 at 3:56 pm
ကောင်းလိုက်တဲ့ ဘဝကဗျာလေး…
အောက်ကဓါတ်ပုံကလည်း ကြည်တောက်ရှင်း နေတာပဲ
ကဗျာနဲ့လည်းလိုက်ဖက်ပါဘိ..ကိုမျိုးရေ..
kaung kin pyar
May 13, 2013 at 4:32 pm
ကောင်းကင်ပြာဆိုလို့ အိပ်ချင်တာတောင် မျက်လုံးတွေ ပြူးကုန်တယ်..။ ဟီးးး။ အကြွေးများ လှမ်းတောင်းတာလားလို့။ အူးမျိုးနဲ့က တစ်ခါမှတောင် မဆုံဖူးတာ သတိရမှ စိတ်ချလက်ချ ကိုးနတ်ရှင် နှောင့်ယှက်တဲ့ကြားက ဖွင့်လိုက်တယ်…။
တော်သေးးးးးးးး
Myo Thant
May 13, 2013 at 4:35 pm
မနေ့က လွဲသွားတာ ကံကောင်းတယ်မှတ်ပါ ကောင်းကင်ပြာ 🙂
MaMa
May 13, 2013 at 5:03 pm
ကောင်းကင်ပြာကို တမ်းတနိုင်သေးတယ်ဆိုကတည်းက မုန်တိုင်းထန်မနေတာ သေချာတယ်။ :hee:
မောင် ပေ
May 13, 2013 at 8:19 pm
ကောင်းကင်ပြာလေး
ဘယ်အချိန် ပြီးဆုံးမလဲ
လမ်းပေါ်မှာ တွေး…
တစ်ယောက်ထဲပဲ…. ( လေးဖြူ သီချင်းစာသားမှ )
alinsett
December 14, 2013 at 8:37 pm
ကောင်းကင်ပြာ…ဆိုတာ…
ကောင်းကင်ပြာပေါ့နော်…
Myo Thant
December 16, 2013 at 9:06 am
အေးပေါ့ အောင်ရဲလင်း ရယ် 🙂
ဦးကြောင်ကြီး
December 16, 2013 at 9:42 am
ကင်းကောင်ပြာ
လင်းအောင်ရှာ
တင်းထောင်လာ
ဝင်းပြောင်ခါ
မြင်းကြောင်ညာ
သင်းဆောင်ဖြာ
နှင်းမောင်ငါ
ရှင်းပြောင်စာ..
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 11:02 am
အမေ့ရဲ့ အရိပ်အောက်မှာ သားဘဝဟာ
ခါး ရတာမရှိ ပကတိငြိမ်းချမ်း
စိမ်းလန်းတဲ့ ရှုခင်းကြားမှာ
ပြာလဲ့ကြည်လင် ပျော်ရွှင်ခဲ့ပါတယ် ၊
ဒါပေမယ့်လေ
ကိုယ့်လမ်းကိုဖောက် စ လျှောက်ရတဲ့အခါ
တောက်ပခဲ့တာလည်းရှိ အောက်ကျခဲ့တာလည်းရှိ
နောက်ကျခဲ့တာလည်းရှိ ကောက်ရခဲ့တာလည်းရှိ
ဂျောက်ချခဲ့သူတွေလည်းရှိ ပျောက်ကျခဲ့သူတွေလည်းရှိ
တအိအိနဲ့ ရွေ့လာခဲ့ရင်း သက်ပြင်းဆိုတာ ဘယ်လောက်မှန်းမသိ
လမ်းမရှိတာကိုမှ ရွေးမိတဲ့ဘဝမျိုး ဘက်ဂီယာကို အခါခါထိုး
မိုးမှောင်မည်းတွေကြားမှာ မုန်တိုင်းဆိုတာရိုး
ငမျိုးရေ
မင်း တမ်းတတဲ့ ကောင်းကင်ပြာ
ဆောင်းအဝင်မှာလည်း မတွေ့
နွေနေ့တွေမှာလည်း ပျောက်ဆုံး
တစ်မိုးလုံးမှာလည်း မမြင်
ဘယ်ခရီးကို နှင်နေသလဲကွယ် ၊
(အရမ်းကောင်းတယ်ဦးမျိုးရေ တော်တော်ကြီးရေးတတ်တာပဲ)
Myo Thant
December 16, 2013 at 11:22 am
own feel ပေါ့ကွယ် 🙂