Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနှစ် နှစ်ဆယ် ရှိခဲ့ပြီ

Mr. MarGaSeptember 11, 20131min131942

ဘာလိုလိုနဲ့ သားတော်မောင်တောင် အသက်နှစ်ဆယ် ပြည့်ခဲ့ပေါ့

အချိန်တွေလဲ တဖြည်းဖြည်း ကုန်လွန်လာတာ

ဘယ်လိုလုပ် ဒီလောက်ထိ ရောက်သွားမှန်းမသိလိုက်ဘူး

မျက်စိအောက်မှာ တဖြည်းဖြည်းအရွယ်ရောက်လာလိုက်တာ

အခုတော့ လူပျိုကြီး ဖားဖားကို ဖြစ်လို့

မျက်စိထဲမတော့ ကလေးလို့သာမြင်နေဆဲရယ်။

အသက် နှစ်ဆယ် ပြည့်ပြီ ဆိုတော့

အရွယ်ရောက်ပြီလို့ သတ်မှတ်နိုင်ပါပြီ။

အရွယ်ရောက်လာတဲ့ သားတော်မောင်အတွက် လက်ဆောင်အနေနဲ့ မှတ်သားစရာ စကားလေးတွေ ပြောပေးချင်မိတယ်

ကိုယ်တိုင်ကလဲ အဲသလောက် ပြောနိုင်မယ် မထင်တာကြောင့်

အွန်လိုင်းပေါ်ကနေ မှတ်သားစရာလေးတွေ ရှာပေးမယ်လို့ တွေးမိတယ်။

ဒါကြောင့် ဒီပို့စ်ကို ရေးပါတယ်။

သားတော်မောင်နဲ့ ကျန်တဲ့သူတွေပါ မှတ်သားနိုင်အောင်ပါ။  :kwi:

 

သားရေ…………..

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်လာရတဲ့ အခါမျိုးမှာ

အတတ်နိုင်ဆုံး အချိန်ကို လေးစားပါ။

ဒီနေ့ခေတ်မှာ အချိန်ဟာငွေ၊ အချိန်ဟာ ရွှေဖြစ်တာကြောင့် သူတစ်ပါးရဲ့ အဖိုးတန် အချိန်ကို ကိုယ်က ဖြုန်းမပစ်မိပါစေနဲ့။

 

သားရေ…

မုသား ဆိုတာ

သုံးလို့ကောင်းတဲ့ အရာ မဟုတ်ဘူးကွယ်

တစ်ကြိမ် သုံးစွဲရာကနေ

အမှန်ကို ကာကွယ်ဖို့ ထပ်ကာထပ်ကာ သုံး လာရတတ်တယ်။

မင်း သုံးတိုင်းမှာ

မင်းရဲ့ သိက္ခာ၊ မင်းရဲ့ တန်ဖိုးဟာ တစ်ဖြည်းဖြည်း ကျဆင်းလာလိမ့်မယ်။

 

သားရေ….

ဘာမှ မလုပ်တာက အမှားလုပ်တာထက် ကောင်းတယ်လို့ ဘယ်လိုပဲ ပြောပေမင့်

ဘဝမှာ အမှားကတော့ လုပ်မိနေမှာပဲ။

တကယ် အရေးကြီးတာက

ငါ့သား အဲဒီအမှားတွေကနေ သင်ခန်းစာ ပြန်ယူနိုင်ဖို့ပါပဲကွယ်။

 

ပညာရှင် အများစုက

ဒီအရွယ်ကို ပြဿနာတွေ၊ စိတ်အလိုမကျမှုတွေနဲ့ ပြည့်နှက်နေတဲ့ အရွယ်လို့ ပြောတတ်ကြတယ်။

ဒါကြောင့် ဒီ အရွယ်မှာ ဒီလိုပြဿနာတွေ တွေ့တတ်တယ် ဆိုတာ မှတ်သားလို့ အဆင်ပြေပြေ ကျော်ဖြတ်နိုင်အောင် ကြိုးစားဖို့လဲ မှာချင်တယ်ကွယ်။

 

သားရေ

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး

ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး  လို့ စာဆို ရှိတယ်ကွယ်။

ဒါကြောင့်

အဲဒီအရာတွေကို လုပ်ဖို့ စိတ်ကူးတိုင်း

အသေအချာ စဉ်းစားပါလို့ မှာချင်တယ်…

 

သားရေ

ငွေကြေးနဲ့ ရာထူးတွေဟာ မက်မောစရာ ကောင်းတာမှန်ပေမင့်

မင်းနဲ့ မင်းမိသားစုအတွက်တော့ ပျော်ရွှင်ကြည်နူးမှုကို ဖြည့်ဆည်းပေးဖို့ ခက်လိမ့်မယ်။

 

သားရေ

ဘဝတစ်လျှောက်လုံးမှာ

တက်တက်ကြွကြွ နေထိုင်ပါ၊ မျှော်လင့်ချက် ကြီးကြီး ထားပါ။ ရည်ရွယ်ချက်နဲ့ အသက်ရှင်ပါကွယ်။
(ရည်ရွယ်ချက် မရှိရင် ဘဝရဲ့ အဓိပ္ပာယ်လဲ ပျောက်သွားတတ်တယ်နော်)

 

အကောင်းမြင်စိတ်ဓာတ်ဟာ ကိစ္စအားလုံးကို ဆုံးဖြတ် သုံးသပ်ရာမှာ အရေးပါတဲ့ အရာတစ်ခုပဲ။
အကောင်းမြင်စိတ် မွေးနိုင်အောင် ကြိုးစားပါလေ…
(ဒီလို ပြောလို့ အရာရာတိုင်းကို ခွင့်လွှတ်သည်းခံခိုင်းတယ်လို့တော့ မယူဆစေချင်ဘူး)

သားရေ..

ဘယ်အရာကိုပဲ လုပ်လုပ် တစ်ယူသန် တစ်ဇွတ်ထိုး မလုပ်ပါနဲ့
အရာရာတိုင်းကို အသေအချာ စဉ်းစား ဆုံးဖြတ်ပြီးမှ လုပ်ပါ။
စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုတဲ့ စကားအတိုင်းပေါ့
စုပေါင်းဆွေးနွေး အဖြေရှာခြင်းနဲ့သာ ပြဿနာကို ဖြေရှင်းတာ အကောင်းဆုံးပါပဲကွယ်

 

သားရေ…
အသက်နှစ်ဆယ် ဆိုတာ လုပ်ငန်းခွင်ကို စ ဝင်စပြုတဲ့ အရွယ်ပဲလေ။
ဒါကြောင့်မို့ လုပ်ငန်းခွင်မှာလဲ အခက်အခဲတွေ အဆင်မပြေတာတွေ တွေ့လာနိုင်တာပဲ။
ဒီလို တွေ့လာတဲ့အခါမှာ
စိတ်အလိုကို မလိုက်ပါနဲ့
လူတိုင်းဟာ ငါ့သားအတွက် ဆရာတွေပဲ ကွယ့်
သူတို့တွေက ငါ့သားကို ပတ်ဝန်းကျင်နဲ့ ဘယ်လိုဆက်ဆံရမယ်၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဘယ်လိုနေရမယ် ဆိုတာတွေကို သင်ပေးနေကြတာ..
ဒါကြောင့်မို့ အဆင်မပြေမှုတွေ တွေ့တိုင်းမှာ ကိုယ့်ကို သင်ကြားပြသပေးနေတယ်လို့ မှတ်ယူပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပါ။

***********************************

ပြောချင်တာတွေက များ

ပြောဖို့တွေးတော့ ထွက်မလာ

ဆိုတော့ကာ

လောလောဆယ်မတော့ ဒါလောက်ပဲ ပြောပါဦးမယ်

များလွန်းရင်လဲ နားပူတယ်ဆိုပြီး ထွက်ပြေးမှာ သေချာသကိုး

နောက် ဒီနေ့ သူ့ မွေးနေ့ ဆိုတော့ စိတ်ဖိစီးလောက်အောင်လဲ မပြောချင်ပါဘူးလေ။

ပြောသာပြောရတယ် သူ့ခမျာ သနားစရာပါ

မွေးနေ့သာဖြစ်တာ ဘယ်မှလဲ မလည်ရ ဘာမှလဲ မလုပ်ရဘဲ စာမေးပွဲတွင်းမို့ စာနဲ့ပဲ နပန်းလုံးနေရရှာတယ်။

(ဦးမာဃ ဘေးကနေ တုတ်ထမ်း စောင့်နေလို့လေ)

ဒီနှစ်တော့ ကျွတ်ကောင်းပါရဲ့။

(မကျွတ်ရင်တော့ နတ်ပြည်ကနေ ကန်ချဖို့ တွေးထားတယ်)

ကဲ သားကလေးရေ…

လောလောဆယ်တော့ ဒီစကားတွေကို မှတ်ရုံပဲ မှတ်ထား ဒီလလယ်အထိ စာနဲ့ နပမ်းလုံးထားပါဦး…လို့

 

ချစ်သော

ဦးမာဃ (ခေတ္တ လူ့ပြည်)

42 comments

  • KZ

    September 11, 2013 at 5:53 am

    Happy, happy, happy birthday to you..! All the best…! 🙂

    • Mr. MarGa

      September 11, 2013 at 3:00 pm

      တိန်
      ဘူ့ကို ပေါတာလဲ ဟင်
      သိကြားကိုလား သားကိုလား 🙂

      • KZ

        September 11, 2013 at 3:08 pm

        ၂ ကိုယ်ခွဲတွေ နာ့ ကို လာမရိုက်နဲ့နော့။၊.

        ၂ ကိုယ်ခွဲ ကိစ္စတွေ ဟို လူဂျီး ကိုမြင်ကတည်းက စိတ်နာလွန်းလို့။

        “အရင် အစိုးရ လုပ်ခဲ့တာတွေပါ မိဘပြည်သူများခင်ဗျားးးးးး”

        😥

  • မဟာရာဇာ အံစာတုံး

    September 11, 2013 at 6:47 am

    ဒီပို့စ် ဖတ်ပီးဒါ ကျာပေါ့ …
    ဟက်ပီးဘက်ဒေးပါပေါ့ …
    စကားမစပ် …
    ငါ့ အသက် နှစ်ဆယ်တုန်းက အလုပ်ဆိုတာ ဘာမွှန်း မတိ …
    အင်တာနက် အသိ ကလည်း နတ္ထိ …
    ဒီတော့ကာ နင်က ငါ့ထက် စာရင် အများကြီး သာပါသေးတယ်ကွာ …

    အရေးကြီးတာကတော့ ….
    ကိုယ့်အထက်မှာ လူတွေ အများကြီးပါလား လို့ တွေးမိတဲ့အချိန်မှာ
    ကိုယ့်အောက်မှာလည်း လူတွေ အများကြီးပဲလို့ တွေးမိဖို့ လိုတယ် …
    ကိုယ့်အောက်မှာ လူတွေ အများကြီးပါလားလို့ တွေးမိတဲ့အချိန်မှာ
    ကိုယ့်အထက်မှာလည်း လူတွေ အများကြီးပဲလို့ တွေးမိဖို့ လိုတယ် …
    ငါပြောချင်တာ .. အိုက်ဒါ ….

    • Mr. MarGa

      September 11, 2013 at 4:10 pm

      ဖတ်ဖူးတာတစ်ခု သွား သတိရတယ်
      အပေါ်လဲ မကြည့်နဲ့
      အောက်လဲ မကြည့်နဲ့
      ရှေ့တည့်တည့်ကိုသာ ကြည့် တဲ့
      ဘာပဲဖြစ်ဖြစ်
      အသက် နှစ်ဆယ် တောင် ရောက်ပြီဆိုတော့
      ရည်မှန်းချက်တော့ ရေရေရာရာရှိလာပြီထင့်

  • Myo Thant

    September 11, 2013 at 9:07 am

    အသက် ၂ဝ ဆိုတာ သင်ယူလို့ အကောင်းဆုံး အချိန်ပါပဲ ၊

    လူချွန် လူမွန်တစ်ဦး ဖြစ်ပါစေဗျာ ၊

    ( စကားမစပ် ငါ အသက် ၂ဝ မှာ အင်းစိန်ဂျီတီအိုင်တက်တုန်း ၊ လိုသမျှ အမေ့ဆီက လက်ဝါးဖြန့်တုန်း ၊ )

    • Mr. MarGa

      September 11, 2013 at 4:12 pm

      ကောင်းပါလေ့ ဗျာ
      ကျန်တဲ့သူတွေလည်း အဲဒီအချိန်မှာ ဘယ်လိုတွေဆိုတာ သိချင်စမ်းပါဘိ 🙂

      • KZ

        September 11, 2013 at 4:24 pm

        နာ အသက် ၂ဝ မှာ မှ ကျောင်းစတက်ရတာ။
        တဂျားလို တော့ မတော်မတတ် ကြိုးစားချင်စိတ်မရှိခဲ့ပါဘူးးးး
        ပျော်ပျော်ပဲနေချင်လို့ ခပ်ပေါ့ပေါ့ပဲ နေခဲ့တာပဲ။ :kwi:

        သိတာ တတ်တာလည်း သိပ်မများဘူးးးး
        စာတွေ ပဲ အရမ်းဖတ်ဖြစ်တော့ လေ ပဲ သိပ်ကြီးတယ်။

        ခုတော့ ……………………………………………
        အဲ!!

        လေ ပဲ ကျန်တာပါပဲလေ။ ဟိဟိဟိ။ 😀

        လေခွက်ကြီးကျန် အလံမလဲ ပဲ။

        :mrgreen:

        • Mr. MarGa

          September 11, 2013 at 5:05 pm

          မြတ်စွာဘုရားးးးး
          သိတာ တတ်တာလည်း သိပ်မများဘူး
          စာတွေပဲ အရမ်းဖတ်ဖြစ်တော့ လေ ပဲ သိပ်ကြီးတယ် ဆိုပါလားးးး
          ဂျီးဒေါ်ရယ်
          စာ ဂလောက် ဖတ်မှတော့ သိတာ တတ်တာ သိပ်မများဘူး ဆိုတာ ဖြစ်နိုင်ပါတော့မလားဟင်
          အဲဒီအချိန်က ဖတ်ခဲ့တာတွေအခု တစ်လုံးမှ မမှတ်မိဘူး လို့တော့ မပြောနဲ့။ :mrgreeen:

  • ဦးကြောင်ကြီး

    September 11, 2013 at 9:41 am

    သက်နှစ်ဆယ်
    အရက်ဝယ်
    ကြက်သည်
    ဖက်တွယ်
    ဇက်လည်
    နတ်မယ်
    အပ်ထည်
    မြတ်ရှယ်..

    • Mr. MarGa

      September 11, 2013 at 4:13 pm

      မြတ်ရှယ်
      ထပ်တွယ်
      ကျပ်တယ်
      ဖြတ်မယ် :mrgreen:

  • မင်းခန့်ကျော်

    September 11, 2013 at 9:47 am

    သားရှင်​​တွေက​တော့

    တုတ်​ထမ်​းနိုင်​မှဗျိူးး :mrgreen:

    • Mr. MarGa

      September 11, 2013 at 4:18 pm

      သားကိုရိုက်ဖို့လား
      သားကို စောင့်ဖို့လား ဟင် :mrgreen:

  • အလင်းဆက်

    September 11, 2013 at 10:10 am

    ကျနော်လည်း
    ဖတ်ပြီးတာ ကြာပြီ။
    2020 မှ တက်လာမယ် ထင်ထားတဲ့ပိုစ့်ပေါ့။

    =====

    ပျော်ရွှင်ချမ်းမြေ့စွာနဲ့
    ဘဝ ခရီးလမ်း ဖြောင့်ဖြူးသာယာပါစေ လို ့
    မွေးနေ ့ဆုမွန်စကား ပြောပါရစေ
    ချစ်သော သကြားရေ။

    ========

    ဒါနဲ ့မနက်ဖြန်မနက်မှာ
    သကြား နဲ့ နတ်သမီးတစ်ပါးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရေးထားတာလေး
    ဖွင့်ပြလိုက်တော့မယ်နော်

    အဟိ

    🙂

    • Mr. MarGa

      September 11, 2013 at 4:22 pm

      အင်း…အင်း…
      လက်က အတော်သွက်နေသကိုး
      တင်စေ တင်စေ
      ပြီးမှ ဖြေရှင်းချက် ထုတ်ပေးမယ်… :mrgreen:

      • Myo Thant

        September 11, 2013 at 4:41 pm

        အဲဒီနတ်သမီးကို သိနေတယ်နော် 🙂

        don’t try for lie ………

        • Mr. MarGa

          September 11, 2013 at 4:50 pm

          သူ့ကို အလှည့်ပေးထားတာ
          မေ့လောက်မှ ပြန်ဆော်မှာ ဟီဟိ

  • kyeemite

    September 11, 2013 at 10:33 am

    happy birthday to you..! mr.MarGa
    Wishing you all the best.. 😆

    • Mr. MarGa

      September 11, 2013 at 4:25 pm

      ကျေးကျေး ကျေးကျေး ပါ ဦးမိုက်
      လောလောဆယ် ကြုံနေတာလေး အဆင်ပြေရင်ပဲ အတော် ကျေနပ်နေပြီ :mrgreen:

  • marblecommet

    September 11, 2013 at 2:22 pm

    အော် အာ့ကိုရီး သကျားမင်း သားတောင်
    အသက် (၂၀) ပြည့်သွားပီဂိုး
    အာ့ကိုရီးသား မွေးနေ့အတွက်
    ဟာ့ပီးဘတ်ဒေးပါခင်ဗျား…….

    • Mr. MarGa

      September 11, 2013 at 4:26 pm

      ဆုံးမ ညွှန်ကြားသင့်တာလေးတွေလဲ သင်ကြားပြသပေးလိုက်ဦးနော့ :mrgreen:

  • ရွှေ ကြည်

    September 11, 2013 at 6:26 pm

    ကဲ ကဲ သိကြားမင်း ရေ လိုက်နာမှတ်သားသွားပါတယ်သိကြားရယ်
    မွေးနေ့မှာပျော်ရွှင်ပါစေ ဂျူနီယာသိကြားရေ
    နောက်ပြီး မင်းအဖေ မစ္စတာမာဂပြောတိုင်းမယုံနဲ့ဦးကြားလား
    မုသားဆိုတာ မဖြစ်မနေသုံးရမယ့် အခါ ဆိုတာကြုံကြရမှာပဲ
    အဲဒိအခါမှာ မှန်ကန်တဲ့ မုသားဖြစ်ဖို့အခြေအနေအရပ်ရပ်ကိုသုံးသပ်တတ်ဖို့ ကြိုးစားပါ ငါ့တူရေ
    မင်းအဖေပြောတာတွေကိုတော်တော်များများ အန်တီရွှေကြည်က ထောက်ခံပါတယ်ကွယ် အဲဒိမုသားတချက်ပဲကွယ့် နော် 😀

    • Mr. MarGa

      September 12, 2013 at 5:23 pm

      အင်း…..
      မုသားသုံးရင် မှန်ကန်တဲ့မုသားဖြစ်ဖို့ သုံးသပ်ရမယ် ဆိုတော့
      မုသားဆိုတာ ဘာပါလိမ့် ?????
      သူ့ထက်စာရင် လုံးဝ မသုံးဘဲ ဒီအတိုင်း မပြောဘဲထားတာ ပိုကောင်းမှာပေါ့ :kwi:

  • အမှန်တိုင်းပြောရရင် ယောက္ခမအသက်၂ဝတုန်းက ခေးလောက်တောင် စဉ်းစားတွေးခေါ်မရင့်ကျက်ခဲ့ဘူး။
    ဂျားက အရွယ်နဲ့မလိုက်အောင် လိန်မာဘ
    :mrgreen:

    • Mr. MarGa

      September 12, 2013 at 5:32 pm

      အရွယ်နဲ့မလိုက်အောင် လေကြီးတာလေးပဲ ဖျက်နေတာ ဟလား :mrgreen:

  • အရီးခင်

    September 11, 2013 at 8:06 pm

    အလိုလေး။
    အသက် နှစ်ဆယ်။ ဆယ်ကျော်သက် လွန်စ ဘဲ ရှိပါသေးလား။
    လောကမှာ လူလုပ်ဖို့ အများကြီးလိုပါသေးလား။
    သနားတယ်။
    နောက်တာပါ ဖိုးသိကြားရေ။

    ပျော်ရွှင်စရာမွေးနေ့ ကနေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များ နဲ့ လိုအပ်သောဆု၊ မြတ်သောဆုများ ပြည့်ပါစေ။
    😛

    • Mr. MarGa

      September 12, 2013 at 5:50 pm

      အရီးရေ
      လူလုပ်ဖို့လည်း အများကြီးလိုသေးတယ်
      အဲဒီတော့ ရှေ့က လူတွေရဲ့ အမှားတွေကို သင်ခန်းစာယူလို့ရတာပေါ့ :mrgreen:
      ဆုတောင်းအတွက် ကျေးကျေးပါဗျာ

  • ခင် ခ

    September 11, 2013 at 8:47 pm

    ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မယ်ဆိုတော့မှ ပေါ်လာကြပြီ
    အဖေ ဦးမာဃ
    သား မောင်မာဃ

    တကယ်စစ်တန်းကောက်ချိန်နီးရင်
    ကိုကို မာဃ
    ညီညီ မာဃ
    ငယ်လေး မာဃ
    တူလေး မာဃ အဲလို အဲလိုတွေထပ်ပေါ်လာအုံးမလားဘဲနော်။

    Happy Birthday ပါ မွေးနေ့ရှင် မောင်မာဃ ရေ

    • Mr. MarGa

      September 12, 2013 at 5:55 pm

      လေးခ ကလဲဗျာ
      ဒီဖအေနဲ့ ဒီသား နှစ်ယောက်လေးပဲ ရှိတာပါ
      ဘယ်သူမှ ထပ်မပေါ်ပါဘု
      အော်ရီဂျင်နယ် ဦးမာဃ နဲ့ သားမာဃ ပါ :mrgreen:

  • Mahar Myanmar

    September 12, 2013 at 3:18 pm

    ပြောကြပါ ဗျာ… အသက် ၂ဝ မပြည့်သေး လို့ အဲဒီ ဖီလင် မသိသေးဘူး..
    နားပဲ ထောင်တေ့ မယ်..
    အသက် က စက်ပျက် လို့ ရပ် ေ နတာ ကြာ ပေါ့ …

    • Mr. MarGa

      September 12, 2013 at 5:56 pm

      ကောင်းပါလေ့
      စက်ကလေးကို ပြန်ပြင်ဖို့ အစီအစဉ် မရှိဘူးလားဟင် :mrgreen:

  • Shwe Ei

    September 12, 2013 at 5:20 pm

    အသက်နှစ်ဆယ်ပြည့်ဘီ…..အနာဂတ်အတွက် ရည်မှန်းချက် အတိအကျရှိဘီလား

    ပလန်ရောဆွဲထားသလား

    ဘယ်တော့စမှာလဲ…စ ရော စ နေဘီလား

    ဘယ်အသက်အရွယ်လောက်မှာ ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်နေရမယ်လို့ မှန်းတုန်း ?

    ကြိုးစားထား ငါ့တူ… အချိန်တွေကုန်တာ အရမ်းမြန်တယ်ကွီ .. ေိေိ :mrgreen:

    • Mr. MarGa

      September 12, 2013 at 6:00 pm

      ဂျီးဒေါ်ချွေအိ
      မမြင်တာ ကြာပေါ့
      ကျန်းခန့်သာလို့ မာပါစ :mrgreen:
      ရည်ရွယ်ချက် ရည်မှန်းချက်များကတော့
      စတင်ဆဲ…. :kwi:

  • uncle gyi

    September 12, 2013 at 11:25 pm

    အသက်၂ဝ တူမောင်
    ဘာလုပ်လုပ်သခင်စိတ်နဲ့လုပ်
    ကျွန်စိတ်နဲ့မလုပ်နဲ့
    အန်ကယ်ကြီး

    • Mr. MarGa

      September 13, 2013 at 7:08 pm

      အားပေးစကားအတွက်
      ကျေးကျေးပါ အီးကယ်ဂျန်

  • kai

    September 12, 2013 at 11:53 pm

    ပြောလိုက်ပါဘိ ဟောပါဘိ

    ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
    မင်း၏ သက်လှယ် ၊ မင့်သားငယ်သည်
    သက် နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။
    သူ သုံးနှစ်သား ၊ ဖော်ချင်းများနှင့်
    အူယားဖားယား
    ကစားရာမှ ၊ နွားရုပ်ချ၍
    နတ်ကျသည့်သွင် ၊ မင့် ရင်ခွင်သို့
    ပြေးဝင်ပုန်းလာ ၊ သူ့ မူယာကို
    ငါမြင်ခဲ့၏ မှတ်မိ၏ ။
    မိုးက စိုစို ၊ ကျီးအုပ်ပြို၍
    ထိုမှ ဤမှ ၊ တို့လမ်းမတွင်
    ပျံကြ ဝဲကြ ၊ ငရဲထ သို့
    အုံကြွ မြည်အာ၊ မသာယာကို
    ငါကြားခဲ့၏ မှတ်မိ၏ ။
    ထိုနေ့၌ပင် ၊ ထိုချိန်ထင်၏
    သခင်အောင်ဆန်း ၊ ပြည်သူ့ပန်းသည်
    ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏
    မြေခ သတင်း ၊ မိုးကြိုးခွင်းသို့
    အိမ်တွင်း အိမ်ပြင် ၊ တို့လမ်းခွင်၌
    မချင့်မရဲ ၊ ဝမ်းနည်း ခံခက်
    မျက်စိ မျက်နှာ ၊ ညှိုးကျရှာသည်
    ရွာဦးပိုင်းမှ သင်္ချိုင်းထိ ။
    ငါ့ညီပြောင်း ၊ မောင်သစ်ဆင်း
    မင်း၏သားငယ် ၊ နှစ်ဆယ် သက်စစ်
    သူတို့ခေတ်၌
    တိုင်းချစ် ပြည်ခင် ၊ မြတ်စေချင်၏
    မင်းမြင် ငါကြား ၊ စကားဥဒါန်း
    ဆန်း၏သတ္တိ ၊ ဆန်း၏သမာဓိ
    ဆန်း၏ပညာ ၊ ဆန်းမှာ ဆုံပေါင်း
    ယောက်ျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
    မင့် သားချောကို
    ပြောလိုက်ပါဘိ ဟောပါဘိ ။
    ဇော်ဂျီ (၁၉၆၄ ဇူလိုင်)

      • Mr. MarGa

        September 13, 2013 at 7:16 pm

        ထားလိုက်ပါလေ
        ဒီကဗျာက ကျုပ်တို့ ကဗျာပြခန်းမှာ ထည့်ပြီးသားပဲဟာကို :mrgreen:

    • Mr. MarGa

      September 13, 2013 at 7:12 pm

      သဂျီး
      ဒီကဗျာကို ဘယ်ကနေ ယူပါသလဲ :mrgreen:
      ဒီကဗျာက
      ကျွန်တော် ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်မို့ အမှတ်တရ ထပ် မှတ်ထားလိုက်သဗျို့

  • ခင် ခ

    September 13, 2013 at 3:10 pm

    သိကြားရေ ၉ ခုတော့ စာရင်းတို့ထားလိုက်ပြီ။

    • Mr. MarGa

      September 13, 2013 at 7:32 pm

      ဟမ် ကိုးခုပဲ ရှိသေးတာလား
      ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ရေ
      နီကြပါ နီကြပါ
      အားရပါးရ နီကြပါဗျို့
      ကူကြပါဦး…. :mrgreen:

Leave a Reply