မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)

Mr. MarGaMay 23, 20131min1652154

ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
***********************************
မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။
သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။
မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်…………….
ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့
ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။
အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ ဖြစ်တော့မယ်။
ထိုသို့ဖြင့် ပြင်ဆင်စရာ ရှိသည်များကို ကမန်းကတန်း ပြင်ဆင်ပြီးသကာလ ပြခန်းတံခါးကို ဖွင့်လိုက်သောအခါတွင်ကား…………………..
ဦးမာဃခမျာ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်သွားပေတော့သည်။
ကြည့်ကြပါဦး အရပ်ကတို့ ဘယ်အချိန်ကတည်းက ဝီရိယကောင်းကောင်းနှင့် စောင့်နေကြသည်မသိ
သဂျီးနှင့် ဆယ်အိမ်ခေါင်းမှလွဲ၍ တစ်ရွာလုံးနီးပါး ပြခန်းရှေ့တွင် ရောက်နေကြပေသကိုး။
ရွာ့ ဆယ်အိမ်ခေါင်း ရွှေတိုက်စိုးနှင့် သဂျီး ဦးခိုင်တို့မှာကား သဂျီးအိမ်ကို ဖောက်ထွင်းခံရမည်ဟု ရွာထိပ်မှာ စာလာကပ်သွားသောကြောင့် လုံခြုံရေး တိုးမြှင့်ကာ ကင်းပုန်းဝပ်နေရသဖြင့် အခုထိ ရောက်မလာနိုင်သေးပေ။
ရှေ့ဆုံးမှ ရွာမီးသတ်ဗိုလ် ဦးခင်ခမှ စိတ်ဆိုး မာန်ဆိုးဖြင့်
ဟေ့ မောင်မာဃ ဘယ်အချိန် ရှိနေပတုန်းကွ မင်းပဲ ကနေ့ ကဗျာပြခန်း ဖွင့်မယ်ဆို
တကတဲ နှိုးလိုက်ရတဲ့ဖြစ်ခြင်း ကာလနဂါးများ ရောက်နေသလား အောက်မေ့ရတယ်။ ဟု
စတင် နှုတ်ခွန်းဆက်သလိုက်ပေသည်။
ဟဲဟဲ…………… ညက နည်းနည်း များ သွားလို့ပါ လေးခ ရယ်။ ကဲ ပြခန်း ဖွင့်ပွဲ စကြရအောင်လား
ထိုအခါကျမှ မီးသတ်ဗိုလ်လဲ စိတ်ပြေသွားပြီး ပြခန်းဖွင့်ပွဲ စတင်ရန် ပြင်ကြ ဆင်ကြလေတော့သည်။
ပြခန်းဖွင့်ပွဲကား ခမ်းနားလှပါဘိတောင်း။
ပြခန်း၏ ညာဘက်တွင် အခမ်းအနားမှူးအဖြစ် ရွာအပျိုချောများ ဖြစ်ကြသည့် အိတုန်နှင့် ဗုံဗုံ
ဘယ်ဘက်တွင်ကား ဖဲကြိုးကိုင်ဆောင်ရန် အထူးတလည် ရွေးချယ်ထားသော ရွာသူ ကဗျာဆြာမများ ဖြစ်ကြသည့် ခိုင်ဇာ၊ ရွှေကြည်နှင့် လုံမလေး မွန်မွန်တို့မှာ ဖဲကြိုးများဖြင့် အရန်သင့် စောင့်နေကြပေသည်။
ပြခန်းရှေ့တွင်ကား ရွာသူား ကြီး၊ ငယ်၊ ရွယ်၊ လတ် တို့မှာ ပြခန်းဖွင့်ပွဲကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
အခမ်းအနားမှူးမှ အစီအစဉ် စတင်ကြောင်း ကြေညာပြီးသည့်နောက်ဝယ် ပြခန်းတာဝန်ခံ ဦးမာဃ မိန့်ခွန်းပြောရန် အလှည့်ကျလာ၏။
ဦးမာဃလဲ ဟန်ပါပါဖြင့် စင်ပေါ်သို့ တက်သွားရာ မိန့်ခွန်းစာရွက် မေ့ကျန်နေသဖြင့် အင်း……အဲ ဟု ဖြစ်နေစဉ် အလိုက်သိရှာသော အံဇာတုံးမှ မိန့်ခွန်းစာရွက် လှမ်း ပေးလိုက်ရပေသည်။
ကဲ ဦးမာဃ မိန့်ခွန်း စတင် ပြောပါပြီ။
ချစ်ခင် လေးစား အပ်ပါသော မိဘ ပြည်သူများ (အဲလေ) မန်းဂဇက် ရွာသူားများခင်ဗျာ
ဒီနေ့မှာတော့ ကျွန်တော်တို့ ကဗျာချစ်သူများရဲ့ ကဗျာပြခန်းကို မကြာမီမှာ စတင်လို့ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
အဲ မဖွင့်လှစ်ခင်မှာဖြင့် ကျွန်တော်က မြန်မာကဗျာသမိုင်းကို အနည်းငယ် တင်ပြ လိုပါတယ်ခင်ဗျ။
ဒါကြောင့်မို့ ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားလို့ မြန်မာကဗျာသမိုင်းကို အနည်းငယ် ပြောခွင့်ပြုပါ။

မြန်မာစာပေသမိုင်းတွင် မြန်မာစာအရေးအသားသည် ပုဂံခေတ် (၁၁-ရာစု) ၌ အစပြုခဲ့သည်ဟု ဆိုုနိုင်သည်။ သက္ကရာဇ် ၁၁၁၂-ခု သို့ ရောက်သောအခါ ပုဂံကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာ စကားပြေကို ရေးထိုးခဲ့သည်။ တွေ့ရသမျှသော မြန်မာစကားပြေထဲတွင် ယင်းကျောက်စာ စကားပြေသည် အစောဆုံး မြန်မာစကားပြေဖြစ်သည်။ ဤမြစေတီကျောက်စာ စကားပြေပေါ်ထွန်းပြီးနောက် နှောင်းကာလတွင် မြန်မာကဗျာများလည်း ပုဂံခေတ်၌ ပေါ်ထွန်းသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ပုဂံခေတ်၌ မြန်မာကဗျာသည် အင်အားမကောင်းသေးပေ။

အင်းဝခေတ် (၁၃၀၁ – ၁၅၃၈) သို့ ရောက်လာသောအခါတွင်မှ မြန်မာကဗျာသည် တစ်ရှိန်ထိုး တိုးတက်ထွန်းကားလာပေသည်။ အင်းဝခေတ် စာဆိုများသည် ဘုရင်နှင့် ဆွေတော်မျိုးတော်များ ဘုန်းတော်ကို ဖွဲ့ဆိုသော ဧချင်းကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း ဖွဲ့ဆိုသည့် မော်ကွန်းကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘုရားရှင်တော်ကို အာရုံပြုလျက် ရေမြေတောတောင်၏ တင့်တယ်ဟန်ကို ဖွဲ့ဆိုသော တောလားကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘာသာစာပေဖြစ်သော ဇာတ်နိပါတ်တော်များမှ နှစ်သက်ရာ ဝတ္ထုကြောင်းတို့ကိုရွေးလျက် ဝေဝေဆာဆာဖွဲ့ဆိုသည့် ပျို့ကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ အထူးသဖြင့် ထိုပျို့မျိုးကို ဦးစားပေးဖွဲ့ဆိုကြသည်။ ဖွဲ့ဆိုရာ၌ အင်းဝခေတ်ကဗျာများသည် ကြွယ်ဝသော စကားအသုံး၊ သုတိသာယာသော ကဗျာဗန္ဓ၊ ဆန်းပြားသော အလင်္ကာတို့ဖြင့် ရေးဖွဲ့ထားသော ကဗျာများဖြစ်ရာ နောင်ဖြစ်ပေါ်လတ္တံ့သော မြန်မာကဗျာတို့အတွက် အမှီသဟဲဖြစ်နိုင်လောက်အောင် ခိုင်ခံ့သောကဗျာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အင်းဝခေတ်ပြီးနောက် တောင်ငူခေတ် (၁၄၈၈ – ၁၅၈၈) သို့ ရောက်လာသောအခါတွင်လည်း စာဆိုများသည် ကဗျာများစွာကို ဆက်လက်ရေးဖွဲ့ခဲ့ကြသည်။ တောင်ငူခေတ်စာဆိုများသည် များသောအားဖြင့် မင်းမှုထမ်းများ ဖြစ်သည်နှင့်အညီ စစ်လည်းတိုက်ရင်း တစ်ဘက်ကလည်း ကဗျာများဖွဲ့ဆိုကြသည်ကို တွေ့ရသည်။ ထိုစာဆိုများသည် ပျို့များ၊ မော်ကွန်းများကို ဦးစားပေးမဖွဲ့ဆိုကြတော့ဘဲ ဧချင်းများ၊ ရတုများကိုသာ အသားပေး ဖွဲ့ဆိုကြသည်။ ဧချင်းသည် ဘုရင်နှင့်တကွ ဆွေတော်မျိုးတော်များ၏ ဘုန်းတော်ကို ဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ရတုမှာမူ စစ်ချီပုံအကြောင်း၊ ဘုရားတိုင်ခြင်းအကြောင်း၊ ရာသီဥတု တောတောင်ရေမြေ ကျေးငှက်အကြောင်း စသည်တို့ကို အခြေပြုလျက် နန်းတွင်းသူ နန်းတွင်းသား မောင်မယ်တို့၏ အချစ်ကိစ္စကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ဤရတုများသည် နောင်ဖြစ်ပေါ်လတ္တံ့သော ကဗျာများအတွက် စံပြုလောက်သော ကဗျာများဖြစ်ပေသည်။
တောင်ငူခေတ်ပြီးနောက် ညောင်ရမ်းခေတ်………………
ဟိုက် စာက ဒီတင်ဆုံးသွားပါလား………..အင်း………ဆက် ရွှီးဖို့ကလဲ ဘာမှ မပြောတတ်တော့
ကဲ လေ မီးစင်ကြည့် က ရုံပေါ့။
ဟုတ်ကဲ့ပါ ပရိသတ်ကြီးခင်ဗျာ
အချိန်ကို ငဲ့ကွက်လို့ ကျန်တဲ့ မြန်မာကဗျာသမိုင်းကိုတော့ ရှေ့ ဆက်လာမယ့် ကဗျာပြခန်းတွေမှာ ဆက်လက်လို့ ဖော်ပြပေးသွားပါမယ်ခင်ဗျ။

ဆက်လက်ပြီး ကဗျာပြခန်းနဲ့ ပတ်သက်တာကို ဆက် ပြောရရင်
ကျွန်တော်တို့ အနေနဲ့ ကဗျာပြခန်းအတွက် ဝင်ပေါက် တစ်ခုသာ ထား ထားပါသဗျ။
ဒီ ဝင်ပေါက်ကနေသာ ပြခန်းကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။
အဲ ပြခန်းထဲကို လှည့်လည် လေ့လာလို့ ပြီးသွားပြီ ဆိုရင်ဖြင့် ဒီ ဝင်ပေါက်ကနေပဲ ပြန်ထွက်လို့ မှတ်ချက်များကို ပြောကြားစေလိုပါသဗျ။
ကနေ့ ပြခန်းဖွင့်ပွဲမှာ ဦးဦးဖျားဖျား ပါဝင်အားဖြည့်ထားကြတဲ့ ရွာသူားကဗျာဆရာတွေကတော့
ဦးခင်ခ
ခရီးသည်ကြီး
ဆရာထက်ဝေး
ကိုကမ်းဝေး
မိုး မင်းသား
မဟာရာဇာ အံစာတုံး @မောင်ရွာ
ပိတောက်မိုး
အလင်းဆက်
ဆရာမ ဝင့်ပြုံးမြင့်
ခိုင်ဇာ
ရွှေကြည်
လုံမလေး မွန်မွန် စသူတို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ကဗျာတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်အောင်လို့ ကဗျာချစ်သူ အဖွဲ့သား သုံးယောက်ကလဲ သူတို့ရဲ့ အနုပညာနဲ့ ဖန်တီးပြီး ကူညီပေးထားပါသေးတယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့ ပထမဆုံး ပြခန်း ဖြစ်တာမို့ လိုနေတာ၊ ပိုနေတာများ ရှိခဲ့ရင်လဲ အားမနာတမ်း ဝေဖန်အကြံပြုနိုင်ကြပါတယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း နိဂုံး ချုပ်လိုက်ရပါတယ်ခင်ဗျာ။
ဦးမာဃ မိန့်ခွန်း ပြောပြီးသောအခါ ကဗျာပြခန်းကို ကဗျာချစ်သူ ပေါ်ပေါက်လာအောင် အစဖော်သူ အလင်းဆက်၊ ရွာလူကြီးများကိုယ်စား ဖတ်ရွေးအဖွဲ့ ငှက်ကထကြီး ဦးဦးပါလေရာနှင့် ပြခန်းတာဝန်ခံ ဦးမာဃတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ကြလေသည်။
ကောင်းလေစွ ကောင်းလေစွ။
ဖဲကြိုး ဖြတ်ပြီးသည်နှင့် ရွာသူသားများမှာ ပြခန်းအတွင်းသို့ဝင်ရန် တန်းစီကြလေတော့သည်။(ဝင်ပေါက် တစ်ပေါက်သာ ရှိသောကြောင့်)
တာဝန်ခံ ဦးမာဃမလဲ အားသည်မရှိတော့ပေ လက်ကလဲ ပြခန်းဝင်ခွင့် လက်မှတ်များ ထုတ်ပေးရင်း ပါးစပ်မှလဲ ပြခန်းရဲ့ တစ်ပေါက်ထဲသောဝင်ပေါက်ကနေ ဝင်ကြရန် ပြန်ထွက်လာမှ မှတ်ချက်ပေးရန် တစာစာ အော်နေလေသည်။
ဤသို့ဖြင့် မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ဖွင့်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေသည်………………..။
(ဒီတင်ပဲ ဖြတ်မယ် လူလဲ လက် အတော်ညောင်းနေပြီဗျ)
စာကြွင်းအနေနဲ့ နောက်တစ်ခေါက် ထပ်ပြောချင်တာကတော့
ကဗျာ ပြခန်းကို ဝင်ဖို့ ကျွန်တော်တို့ ပြခန်း လိုဂိုကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။
ဘေးက tab တစ်ခုမှာ ပြခန်း ပေါ်လာပါလိမ့်မယ်။
ပြခန်းထဲမှာ မှတ်ချက်ပေးခွင့် ပိတ်ထားတာကြောင့် ဒီပို့စ်မှာပဲ လာရောက် မှတ်ချက်ပေးရမှာ ဖြစ်ပါတယ် ဆိုတာကို ထပ်လို့ ပြောချင်ပါသဗျ။

ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ
ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေကိုလည်း ဒီနေရာမှာ ဗုတ်သွားပေးကြပါ။ တစ်ယောက်ကို သုံးပုဒ် ဗုတ်ခွင့် ပေးထားပါတယ်။

[polldaddy poll=”7123504″]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကား မစပ်

ကဗျာပြခန်းအတွက် ကဗျာများ ပေးပို့ လိုပါက

alinsett.art@gmail.com သို့

ပေးပို့နိုင်ပါကြောင်း……………….

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
3:06 AM (MST) 5/23/2013

154 comments

  • surmi

    May 23, 2013 at 9:08 am

    လောလောဆယ်ဆယ် ပြောချင်တာကတော့လက်ရာအလွန်ကောင်းတယ်ဆိုတာပဲ ။
    ကဗျာဆိုတော ့ အေးအေးဆေးဆေးတစိမ့်စိမ့်ဖတ်ပြီးမှ ခံစားကြည့်ရမှာ ဝ
    ကဗျာတွေတန်းစီချိတ်ဆွဲထားတဲ့ပြခန်းထဲရောက်သွားသလိုခံစားရပါတယ်
    ပြန်လာခဲ့ပါမယ် ။ကဗျာဆိုတာခေါက်ဆွဲကြော်မဟုတ်လို ့ တခါတည်းအဝစားလို ့မရပါဘူး
    ငါးခြောက်ဖုတ်နဲ့ရေနွေးကြမ်းမြည်းသလို
    တဖတ်ခြင်း အဲ ဗျာ …မှားလို ါ့
    တစ်ပုဒ်ခြင်း မြည်းပါ့မယ်

    • Mr. MarGa

      May 23, 2013 at 1:41 pm

      ဟုတ်ကဲ့ပါ ဦးဆာခင်ဗျ
      အေးအေးဆေးဆေး ဝင်ရောက်ခံစားပါ။
      ကျွန်တော်တို့ ပြခန်းက
      24/7 ဖွင့်ပါတယ်ခင်ဗျ :kwi:

  • Munetez

    May 23, 2013 at 9:11 am

    ကောင်းသဗျို့ ..
    တမျိုးစီ ရသပေးကြရဲ့…
    ဆြာတယောက်တည်း က ကဗျာ ၁ဝပုဒ် ရေးတာကို ဖတ်ရတာထက် ကဗျာဆြာ ၁ဝယောက်
    တယောက် တပုဒ်စီ ရေးရတာကို ဖတ်ရတာ ရသပိုစုံသပေါ့ဗျာ..
    ကိုခင်ခ- ကိုကမ်း နဲ့ ကိုအလက်ဆင်း တို့ ကဗျာ၃ပုဒ် ကတော့ ကျုပ်အတွက်ပို
    ပြတ်ပြတ်ထင်ထင် ခံစားရမိပါရဲ့ …

    ခင်တဲ့…

    :harr:

    P.S ပိုစ့်၂ပုဒ်ကို ဘယ်လိုချိတ်ဆက်သလဲဆိုတာလေး သိချင်သားဗျ…
    ပြခန်းက Published မဟုတ်တဲ့ ပိုစ့်ဖစ်နေပြီး ဝင်လို့ ရနေသလားလို့ဗျာ…

    • Mr. MarGa

      May 23, 2013 at 1:44 pm

      ကိုဂီရေ
      published မဟုတ်ရင် ဝင်လို့ မရဘူးလေဗျာ။
      ဒါကတော့ ကျွန်တော်တို့ ကဗျာချစ်သူများ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ နည်းလမ်းလေး ဖြစ်ပါကြောင်း
      :kwi:

      • ကြက်အူလှည့်

        May 23, 2013 at 2:35 pm

        Image ကို Link ချိတ်လိုက်တာတော့ သိတယ်..
        ဒါပေမယ့်

        တံခါးပေါက် ..စာသားတွေနဲ့ပိုစ့် ကို တွေ့ပြီး
        http://myanmargazette.net/176843
        ကဗျာပါတဲ့ပိုစ့်
        http://myanmargazette.net/176844
        ကို Published လုပ်ထားတဲ့ list ထဲမှာ မတွေ့မိတော့ ..
        ဒီလူဒွေ ဘယ်လို ထည့်လိုက်သလဲ အုံးစားသွားပါကြောင်းးး
        ပိုစ့် ဝစ်သင်းပိုစ့် လုပ်ထားတယ် မှတ်ပါကြောင်းးးး
        ဟုတ်ရားးး???
        Inception လိုပေါ့…
        :harr:

        • Mr. MarGa

          May 23, 2013 at 7:41 pm

          မှားပါသေးတယ်ကွယ်
          :harr: :harr: :harr:

    • KZ

      May 23, 2013 at 4:17 pm

      ရေစက်
      ဘယ်လို
      ရေစက် တဲ့လား
      အင်း
      ပြောကြတယ်။
      မီးနဲ့ ရေ ပတ်သတ်မှုရဲ့ အကြောင်းပြချက် အနေနဲ့ပေါ့။

      တို့နှစ်ယောက် ရေချိုးခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။
      ချိုးတဲ့အချိန်က နည်းနေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

      တို့နှစ်ယောက် ပန်းကန်ဆေးခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။
      ဆေးခဲ့တဲ့အချိန်တွေ မရောက်လာတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

      တို့နှစ်ယောက် သောက်ခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။
      သောက်ခဲ့တဲ့အချိန်တွေ နောက်ကျနေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

      တို့နှစ်ယောက် အပင်ရေလောင်းခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။
      လောင်းရမဲ့တဲ့အချိန်တွေ လွန်နေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

      တို့နှစ်ယောက် လျှော်ဖွတ်နေရတာကိုက ရေစက်ကြောင့်တဲ့။
      ဖွတ်စရာ အဝတ်တွေ ပုံလာတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

      ဒီအတိုင်းဆို
      အကြောင်းပြချက် တစ်ခုအနေနဲ့ မဟုတ်ဘဲ
      အပြစ်တင်စရာ တစ်ခု အနေနဲ့
      တို့နှစ်ယောက်ဘဝထဲကို ရောက်လာတဲ့
      ရေစက် ပဲပေါ့ ..။ ။
      သေဂျင်းဇိမ်း အီးပီစီ။
      ဂါးးးးးး။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      အဲလာသာ ကြည့်ပါတော့ အရပ်ကတို့။
      သူ့စိတ်ထဲ ပြတ်ပြတ်ထင်ထင်ဖြစ်တာ ဘယ်ကဗျာတုန်းလို့။
      :kwi:

  • Ma Ma

    May 23, 2013 at 9:18 am

    ပြခန်းထဲ မဝင်ခင် စာရင်းပေးတာ ရှေ့မှာ ၂ယောက်ရှိလို့ တန်းစီစောင့်လိုက်ရသေးတယ်။
    အော်- စိတ်ဝင်စားတဲ့သူတွေ ကိုယ့်ထက်စော ရောက်နေကြတာကိုးးးးးးးး 🙂

    • Ma Ma

      May 23, 2013 at 9:29 am

      ပြခန်းကအထွက်မှ မှတ်ချက်ရေးလို့ရတာကိုးးးး
      ကဗျာပြခန်း လို့ နာမည်ပေးတုန်းက အခုလို ကဗျာတွေကို လှပအောင် ပြင်ဆင်ထားတဲ့ ပြခန်းဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ :hee:

      ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာနဲ့ စထားတာလည်း လှတယ်။
      ပြခန်းကို လှတပတ ပြင်ဆင်ချယ်သထားတာလည်း လှတယ်။
      ဆရာ ဆရာမအပေါင်းရဲ့ ကဗျာလေးတွေလည်း လှတယ်။ :hee:

      အဲ- ပြခန်းဖြစ်မြောက်ရေးအတွက် သိကြားမင်း ချွေးတလုံးလုံးနဲ့ ပင်ပန်းသွားတယ်ထင်တယ်။
      ကိုယ်ယောင်ပြထားတာ မတွေ့လို့။ :harr:

      သတ်ပုံမျက်စိနဲ့ မြင်မိတာလေး ပြောရရင် ……
      ဆရာမဝင့်ပြုံးမြင့်ရဲ့ ကဗျာမှာ သံခမော်နဲ့ ကျွဲဂျိုကုပ် ဆိုတာက…
      သံခမောက်နဲ့ ကျွဲဂျိုကုပ်ကို ဆိုလိုတာများဖြစ်မလားလို့။ :kwi:

      • marblecommet

        May 23, 2013 at 12:53 pm

        မမ ယွှေကျီရဲ့
        ဂန္ထဝင်မဆန်ဘူး
        ဆိုတာများလားလို့…
        ခိခိ…

      • Mr. MarGa

        May 23, 2013 at 1:45 pm

        ဟဲဟဲ
        အန်တီမမရေ
        ပုံတွေနဲ့ ကဗျာနဲ့ တွဲတဲ့သူရဲ့ ဟာကွက် ဖြစ်သွားပါတယ်
        သတ်ပုံကို သေချာ မစစ်လိုက်နိုင်တာကြောင့်
        သတ်ပုံအဖွဲ့သား တစ်ဦးအနေနဲ့
        ကျွန်တော်မျိုးကြီး သေသင့်ပါတယ် လို့ :harr:

        • Ma Ma

          May 23, 2013 at 7:41 pm

          သိကြားမင်းကြီး ဦးမာဃနဲ့ အလင်းဆက်တို့ ့ပင်ပင်ပန်းပန်းလုပ်ထားတာကို သိပါတယ်။
          ရှားရှားပါးပါး ရှာထားတဲ့ အပြစ်ကလေးပါ။
          နောက်ထပ်ပြခန်းတွေ မကြည့်ရမှာစိုးလို့ မသေပါနဲ့အုံး သိကြားမင်းကြီး :kwi:

        • Mr. MarGa

          May 23, 2013 at 7:43 pm

          ဟွန့်
          ပြောလိုက်ရ မကောင်းဘူး
          အဲ့ အလက်ဆင်း ပုံတွေ တစ်ပုံမှ ထိတာမှုတ်ဖူးရယ်
          ပုံအားလုံးကို သုံးယောက်ထဲနဲ့ လက်စွမ်းပြထားတာ :mrgreen:
          ဟီဟိ
          အိုက်ဒီပုံကို ပြင်တဲ့လူက အသုံးမကျတာဗျ :mrgreen:

        • Ma Ma

          May 23, 2013 at 9:14 pm

          အလုပ်ရှုပ်နေတာကို ပိုရှုပ်အောင် လုပ်ပေးလိုက်အုံးမယ်။
          ပြခန်းကို လှတပတ ပြင်ဆင်ချယ်သထားတာလည်း လှတယ်။) မှာ
          ချယ်သ ကို ခြယ်သ လို့ ပြင်ပေးအုံးနော်။ :harr:

        • ခွီခွိ …
          အိုက်ဒီမှာ စတွေ့ဒါဗျဲစ် …
          ဟေ့ .. ဒါမှ ..
          ဒို့ သပ်တ်ပုံပုန် မမ တွ … ဟီဟိ … :mrgreen:

        • Mr. MarGa

          May 24, 2013 at 12:29 pm

          :kwi: :kwi: :kwi:

  • weiwei

    May 23, 2013 at 9:29 am

    ဝင်ကြည့်သွားပါတယ် … အပြင်အဆင်တွေရော အရေးအသားတွေရော အရမ်းစွဲဆောင်မှုရှိလို့ ကဗျာအားလုံး ဖတ်သွားပါတယ် ..
    ကဗျာတွေကို မဝေဖန်တတ်လို့ မှတ်ချက်ပေးစရာမရှိပေမယ့် ကိုယ်တိုင်ကဗျာရေးချင်စိတ်ပေါက်လာအောင်အထိ ဆွဲဆောင်မှုရှိတယ်လို့ပဲ ပြောချင်ပါတယ် ..

    • Mr. MarGa

      May 23, 2013 at 1:47 pm

      ကဗျာရေးချင်စိတ်ပေါက်ကာ
      ကဗျာရေးမိရင်ဖြင့်
      ကျွန်တော်တို့ ကဗျာချစ်သူများ ဆီကိုလဲ
      ကဗျာကလေးများ စွန့်ကြဲပေးပါဦးနော် :kwi:

  • ခင် ခ

    May 23, 2013 at 9:53 am

    ကဗျာပြခန်း စတင်ကာလှမ်း
    ပေါ်ထွန်းထွက်ပေါ် အတော်လှသနော်
    ကြိုးစားလူငယ် ဝမ်းမြောက်ဖွယ်ပင်
    ဖတ်မိသူလည်း ကြည်းနူးစွာမြဲ
    ရွာသူရွာသား အိုအပေါင်းများ
    ကလောင်လက်သွေး ကဗျာရေးလို့
    ပို့ပေးကြပါ တိုက်တွန်းပါသည်
    ကဗျာပြခန်း စည်စေသော်ဝ်။

    • Mr. MarGa

      May 23, 2013 at 1:49 pm

      လေးခရေ
      လာမှ လာပါ့မလားလို့
      မလာ လာအောင်
      အပေါက်ဝကနေကို နှိုးခိုင်းထားရတာ :mrgreen:
      လူကြီးကို ခေါင်းခေါက်ပြီးမှ တောင်းပန်လိုက်ပါဦးမယ်
      ကျွန်တော် ကလိမိတာလေးတွေမှာ အမှားပါရင် ခွင့်လွှတ်ပါနော် :kwi:
      လေးခ ဆီက
      နောက်ထပ် ပျံဝဲလာမယ့် ကဗျာလေးတွေကိုလဲ
      ဆက်လို့ မျှော်နေပါတယ်နော်……..

      • ခင် ခ

        May 23, 2013 at 4:33 pm

        ကိုမာဃရေ အလင်းဆက်မေးထဲကို ဆက်ပို့ထားပါကြောင်း။
        ကဗျာပြခန်းမှာ ထဲ့သွင်းပေးတဲ့အတွက်ကျေးဇူးပါ။
        ဪ ခင်ခ ရေးပြီး ကဗျာပြခန်းအတွက်ပေးပို့ခဲ့သောကဗျာတွေကို ကဗျာပြခန်းအဖွဲ့အနေနဲ့ ကြိုက်သလို စီမံခန့်ခွဲ လုပ်နိုင်ပါတယ်နော်။ အဲဒါလေး ပြောချင်လို့။

        • Mr. MarGa

          May 23, 2013 at 7:45 pm

          ဟုတ်ကဲပါခင်ဗျ
          ထပ်ပို့ထားကြောင်း သိရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ
          ကဗျာတွေကို ကျွန်တော်တို့ ပိုလို့ အသက်ဝင်အောင် ကြိုးစားသွားပါမယ်ခင်ဗျ။

  • သဂျားရေ… တကယ့်ကို Bravo ပါ… အိပ်ရာထနောက်ကျတာ ညက တစ်ညလုံးမအိပ်ဘဲနဲ့များ ပြခန်းအတွက်လုပ်နေလို့လား… 🙂

    • Mr. MarGa

      May 23, 2013 at 1:53 pm

      အေးပေါ့ကွယ်။
      သူများတွေကို အခိုင်းလွန်သွားတာ ကိုယ့်အလှည့်ကျတော့ ဖုတ်ပူမီးတိုက် လုပ်လိုက်ရသကိုး
      :harr:

  • ဦးဦးပါလေရာ

    May 23, 2013 at 10:00 am

    ဖတ်ရွေးအဖွဲ့ရဲ့ ဥက္ကဌကြီး မမပဒုမ္မာဖြစ်ပါတယ်..။
    ရွာလူကြီးများကိုယ်စား သူက ကိုမာဃနဲ့အတူ ဖဲကြိုးဖြတ်ဖို့ကို
    သူမအားတာနဲ့ ကိုယ်စားဝင်လိုက်ပါကြောင်း….။
    :hee:

    =========

    အစကတည်းက တော်တော်ကောင်းမယ်ထင်ထားပေမယ့်လဲ
    ထင်ထားတာထက်ပိုကောင်းနေပါတယ်။
    ဂုဏ်ပြုချီးကျူးပါတယ် မန်းဂဇက်ကဗျာချစ်သူများရေ…

    =======

    ကဗျာအားလုံးကို ကြိုက်ပါတယ်…
    ကိုကမ်းဝေးရဲ့ ကဗျာကတော့ စိတ်နှလုံးကို ဆွဲခါလိုက်သလို ခံစားရစေပါတယ်။

    • Mr. MarGa

      May 23, 2013 at 1:55 pm

      ဥက္ကဋ္ဌကြီး မအားတာ သိတာမို့
      ငှက်ကထကြီး ဦးပါကို ချောဆွဲလိုက်တာ ဖြစ်ပါကြောင်း :kwi:
      ထင်ထားတာထက် ပိုကောင်းတယ် ဆိုတဲ့ မှတ်ချက်ကလေးအတွက်
      ကျေးကျေး အကြီးကြီး တင်ပါတယ် ဦးပါရေ့ :hee:

  • ကိုရင်စည်သူ

    May 23, 2013 at 10:09 am

    ကိုအလင်းဆက်ရဲ့ အိုက်ဒီယာကို ကိုမာဃက ပြပွဲမှူးအနေနဲ့
    အထူးကြိုးစားပြီး တင်ဆက်သွားတာ တွေ့ရတယ်..။
    တစ်ခုခုကိုရွေးပြီး ကြိုက်ပါဆိုရင်တောင်..
    စပ်ဆိုသူ ဆရာ/မ တို့ကို အထူးပင် ချီးကျူးသွားပါတယ်။
    ပုံမှန် ပြပွဲတစ်ခုအဖြစ် တင်ဆက်နိုင်ရင်ပိုကောင်းပါတယ်။ 😳

    • Mr. MarGa

      May 23, 2013 at 1:56 pm

      ကိုရင်စည်သူရေ
      ကျွန်တော်တို့ အဖွဲ့ အနေနဲ့လဲ
      ပုံမှန် တင်ဆက်နိုင်အောင် ဆက်လို့ ကြိုးစားသွားပါမယ်ဆိုတာ
      အသိပေးအပ်ပါတယ်ဗျာ။ :hee:

  • Mon Kit

    May 23, 2013 at 11:09 am

    ကဗျာ ပြခန်းထဲ ဘွားကနဲရောက်သွားတော့ ဟာကနဲဖြစ်သွားတယ်..
    ပြခန်းလေးက ခန်းနားပီး ဖတ်မိခဲ့တဲ့ ကဗျာလေးတွေကလဲ အားလုံး ကောင်းမှကောင်း..
    မွန်ကစ်တော့ အားကျယုံဘဲ တတ်နိုင်ပီး ပြန်ထွက်လာခဲ့တယ်..
    ကဗျာတွေ စာတွေ မစီနိုင်ပေမဲ့ အမြဲ ဖတ်ရှုအားပေးနေပါ့မယ်နော်…
    :hee:

    • Mr. MarGa

      May 23, 2013 at 1:57 pm

      ကဗျာပြခန်းရဲ့ အမာခံ ပရိသတ်အဖြစ်
      မှတ်တမ်းတင်ထားလိုက်ပါတယ်နော့
      :kwi:

  • kyeemite

    May 23, 2013 at 11:26 am

    အိပ်ရာထနဲနဲနောက်ကျသွားလို့ အခုမှကဗျာပြခန်းလာခဲ့ရပါတယ်…
    ပြခန်းထဲဝင်ဖို့တန်းစီရင်း ပြောချင်တာက ပြခန်းဖွင့်ပွဲအကြောင်းရေးရင်းကဗျာ့သမိုင်း
    ကို ရှာဖွေဖေါ်ထုတ် တင်ပြထားတာချီးကျူးပါဂျောင်းးး
    စီစဉ်သူ ပြခန်းမှုး ကိုမာဃကိုလည်း အထူးပင်ချီးကျူး ရင်းကျေးဇူးတင်ပါဂျောင်းးးး :hee:
    ပြခန်းကပြန်ထွက်မှ ဝေဖန်ရေးထပ်လုပ်ပါမည့်အကြောင်း….

    • Mr. MarGa

      May 23, 2013 at 1:57 pm

      အဲဒီ ဝေဖန်ရေးကို စောင့်ကြိုနေပါတယ်ခင်ဗျ :hee:

  • စနေ

    May 23, 2013 at 11:37 am

    ကဗျာပြခန်းကို ဝင်ရောက်ဖတ်ရှုသွားပါတယ် …
    ကဗျာရေးတတ်တဲ့သူတွေကို အရမ်းအားကျတယ် …
    ပြခန်းပြင်ဆင်တဲ့သူတွေကိုလဲ အားကျတယ် ………
    ကဗျာပြခန်း အမြဲဖွင့်လှစ်နိုင်ပါစေလို့ …….. 🙂

    • Mr. MarGa

      May 23, 2013 at 1:58 pm

      ဟုတ်ကဲ့
      ကျွန်တော်တို့ အဖွဲ့ အနေနဲ့လဲ
      အမြဲ ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်ခင်ဗျာ။

  • အလင်း ဆက်

    May 23, 2013 at 11:37 am

    အဟမ်းးးးး

    ဒီနေရာကနေပြီး… နည်းနည်းပြောချင်တာလေးတွေ ရှိနေပါတယ် ။
    ရွာ ့စာမျက်နှာပေါ်ကနေ တက် မအော်ချင်သေးလို ့..ဒီနေရာကနေပဲ..ပြောပါရစေ ။
    —————–
    ကဗျာတွေကိ်ု… ပန်းချီပြပွဲတစ်ခုထဲမှာ..ချိတ်ဆွဲထားတာကို ခံစားရသလိုဖြစ်အောင်..
    ပြခန်းလေးတစ်ခု ဖန်တီးဖို ့…ဆိုတဲ့ အတွေးနဲ ့..
    ကျွန်တော်က အစ ပဲ.ဖော်လိုက်တာပါ ။
    တကယ်တမ်း ပင်ပင်ပန်းပန်း..ဖန်တီး ပေးကြသူတွေကတော့..
    သိကြားမင်းတို ့ အဖွဲ ့ပါ ။
    သူတို ့အဖွဲ ့ရဲ ့ အားကြိုးမာန်တက်.. ပူးပေါင်းဆောင်ရွက်မှုတွေ.
    ကဗျာကို ချစ်တဲ့စိတ် နဲ ့..
    ရွာ ့အရေးကို တက်တက်ကြွကြွ အကျိုးဆောင်လိုစိတ်တွေနဲ ့…
    သူတို ့ရဲ ့ နည်းပညာ ကျွမ်းကျင်တတ်မြောက်မှု လေးတွေက…
    ဟော ဒီ.. ပြခန်း..ဒီလောက် လှပ ခန် ့ထည် သွားစေတာပါ…။

    ကျွန်တော် တစ်ယောက်တည်းးးသာ…ပြခန်း..ကို ဖွင့်ရရင်..
    ဒီလောက် လှပ သေသပ်နေမှာမဟုတ်ပါဘူ း။
    ဒါကြောင့်……
    ကျွန်တော့် အတွေးစ / စိတ်ကူး စ ကလေးကို..
    အောင်မြင် လှပ အောင်… ဝိုင်းဝန်း..ကူညီဖန်တီးပေးကြတဲ့…
    အူးမာဃ အပါအဝင်..ကဗျာချစ်သူများအဖွဲ ့ကို….
    လေးစားစွာ…ကျေးဇူး အထူးတင်မိပါကြောင်းးး။
    ===================

    ကဗျာများ..ပေးပို ့ကြသော…
    ရွာ့ကဗျာ ဆရာ / ဆရာမ များကိုလည်းး..ကျေးဇူးတင်..မိပါကြောင်းး
    နောင် လာမယ့် ပြခန်း တွေအတွက်လည်း..ကဗျာ အသစ်ကလေးများ
    ပေးပို ့ ချီးမြှင့်ကြပါအုံးးးးလို ့….။
    —————————————

    နောက်တစ်ချက်ပြောချင်တာကတော့….

    ရွာ ့ စာမျက်နှာပေါ်မှာ.. ကဗျာရေးကြသော…
    ကဗျာဆရာ / ဆရာမ များ..ကို..
    နည်းနည်း..အတွန် ့တက်ချင်တာလေးပါ ။

    တချို ့ ကဗျာတင်ပြသူတွေက..
    တိကျတဲ ့Category ကို ရွေးြုပီးးး သူတို ့ရေးတဲ ့ ကဗျာကို Poetry ထဲပဲ..ထည့်ကြပါတယ် ။
    အခုပြောချင်တာက…အဲဒီ တိကျတဲ့ Category ရွေး သူတွေကို မဆိုလိုပါဘူး ။

    တချို ့ကတော့… ကဗျာရေးပြီးးCreative Writing ထဲ ထည့်လိုက်ကြတယ် ။
    တချို ့ကတော့… My Dear Diary ထဲ..မှာ..ထည့်ထားပြန်ရော…
    အဲ..တချို ့ကျတော့လည်း..ဘာလို့လဲမသိ…ကဗျာက Copy/Paste ထဲမှာရောက်နေတယ် ။
    Copy/Paste ထဲရောက်နေတဲ ့ ကဗျာတင်ပြသူကတော့.. ရွာထဲ ဝင်လာခါစ အသစ်ဖြစ်ဖို ့များပါတယ် ။
    မေ ့သွားတာလည်း.ဖြစ်နိုင်ပါတယ် ။
    —————
    အဲဒီလို..ကဗျာရေးပြီး… Poetry ထဲ မရောက်တာက နည်းနည်း..အလုပ်ရှုပ်စေပါတယ် ။
    ကဗျာ သီးသန့်ဖတ်ချင်သူ… စာဖတ်သမားအတွက်.. ကဗျာသီးသန် ့ရှာရတာ ခက်သွားနိုင်တဲ့အပြင်..
    ကျွန်တော်တို ့ ကဗျာပြခန်းအတွက်.. ကဗျာလိုက် စုဆောင်း ရာမှာလည်း..
    အခက်တွေ ့သွားပါတယ် ။
    တကယ်တမ်းမှာ…
    Poetry ဆိုတဲ ့Category ထဲကနေသာ.. ကဗျာကို ဆွဲထုတ်လိုက်ရရင်..
    အပုဒ်ရေ နည်းနည်းကလေး..ပဲ..ပါလာမှာဖြစ်ပါတယ် ။
    ဒါကြောင့်ကျွန်တော်တိ်ု ့… ကဗျာပြခန်းအဖွဲ ့သားများက..
    ဂဇက်မှာ တင်ထားသမျှ ပိုစ့်တွေကို တစ်ပုဒ်ချင်းးးစီ..လိုက် ဖွင့်ကြည့်ပြီးးးး
    ကဗျာလို ့.. ယူဆ လို ့ရတာလေးတွေ ကို..လိုက်သိမ်းလိုက်ရပါတယ် ။
    ——————
    ကျွန်တော်တို ့သဘောကတော့..
    ကဗျာလို ့.. ကျွန်တော်တို ့…ယူဆတာကို…ကဗျာပြခန်းထဲ..မထည့်လိုပါဘူ း။
    စာတစ်ပုဒ်ကို ကဗျာ ဟုတ်တယ် မဟုတ်ဘူး..ဆိုတာ သတ်မှတ်ဖို ့က..
    အခုခေတ်အခြေအနေအရ.. မလွယ်ပါဘူ း။
    ပိုစ့်မော်ဒန် ခေတ်ကိုးးဗျ ၊
    ကဗျာရေးသူကိုယ်တိုင်က..ကဗျာလို ့ သတ်မှတ်ထားတာလေး….
    Poetry ထဲ..ထည့်ပြ ထားတာလေးကို သာ..ကဗျာပြခန်းထဲ…စိတ်ချလက်ချ ထည့်ချင်ပါတယ် ။
    ပြီးတော့.. ပြန် ့ကျဲ နေတဲ ့… ကဗျာတွေကိုလိုက်ရှာ ရတာ ကျွန်တော်တို ့ရော..ကဗျာသိးသန် ့ဖတ်ချင်သူတွေအတွက် ပါ….အလုပ်ရှုပ်စေလို ့….ပါ ။

    အားနာနာနဲ ပြောရရင်…ကဗျာလို ့ ကိုယ်တိုင်က ယူဆရင်..Poetry ထဲ..ထည့်ထားပေးစေလိုပါတယ် ။
    ဒီစကား က ပိုစ့်တင်သူရဲ ့လွတ်လပ်ခွင့်ကို… နှောင့်ယှက်သလိုဖြစ်သွားရင်တော့တောင်းပန်ပါတယ် ။
    ————————————–
    တကယ်လို ့…
    ကိုယ်ကြိုက်သလို ..ရေးထားတဲ့စာကို..ကိုယ်ကြိုက်တဲ ့..
    Category ရွေးတယ်…ဆိုရင်လည်း…

    ကျွန်တော် တို ့က…တော့…နည်းနည်း အပင်ပန်းခံ / အလုပ်ရှုပ်ခံရရုံပါပဲ ။
    အစကတည်းက… ကောက်သင်းကောက်သလို လိုက်ကောက်ပါမယ်..လို ့ ပြောထားပါတယ် ။

    ==================

    အက်ဒါလေး..နည်းနည်း.. အတွန် ့တက်ကြည့်တာပါ ။
    ရွ ာ့စာမျက်နှာပေါ် ပို ့စ်တစ်ပုဒ်အဖြစ်…တက် မအော်ချင်တော့လို ့..
    ဒီ မှာပဲ…အတွန် ့တက်လိုက်ပါတယ် ။
    ————————————-

    ပြောခဲ့သမျှ ထဲ.. လွန်သွားတာ ကျွံ သွားတာများးး.ပါခဲ့ရင်.. ခွင့်လွှတ်ပါ..လို ့။

    ကျွန်တော်ချစ်သော ကဗျာဆရာများးးအားး
    လေးစားစွာဖြင့်…..

    အလင်းဆက်

    • ကြက်အူလှည့်

      May 23, 2013 at 12:10 pm

      ကဗျာလေးတွေ အကုန် ကောင်းသဗျ …ကိုဒညင်းဝက်ရ …
      နောက်ပိုင်း အဲ့ထဲက ကဗျာလေးတွေ စုစုပြီး
      ကဗျာ စာအုပ်ပါလုပ်ရောင်းဗျာ …ဟိ ပီးရင်
      ဖွတ်တီးကွတ်တို့ ဒိုဇင်ပလွတ် လို ကိုထွန်းဝင်းလတ်တို့ လို
      အလှူအဖွဲ့ တခုခုနဲ့ချိတ်ဆက်ပြီး အမြတ်ကို လှူနိုင်ရင်
      ရွာ့အနေနဲ့ ပရိုဒတ်ရှင်းလည်း ဖြစ် သမိုင်းလဲကျန် အလှူလည်း ဖြစ် ကုသိုလ်& ပီတိ လည်းရ ….

      ကြပ်တာမဟုတ် အတည်

      တော်သေးဘီ
      ခင်တဲ့

      :528:

      • Mr. MarGa

        May 23, 2013 at 2:02 pm

        ကောင်းမွန်တဲ့အကြံပေးချက်မို့
        မှတ်သားထားပါမယ်ဗျို့

        • ကြက်အူလှည့်

          May 23, 2013 at 2:15 pm

          ဟုတ်ပါပြီဗျာ …
          ဖတ်ရွေး အဖွဲ့လည်း ဒီထဲ ရောက်နေသမို့
          ဒီမှာပဲ ဆွေးနွေးကြည့်ချင်မိရဲ့
          ကဗျာချစ်သူတွေရဲ့ အနှစ်သက်ဆုံး ကဗျာ ဆိုပြီး
          ဗုတ်တင် စနစ်ကို သည်ထဲဖြည့်ရင် ကောင်း မကောင်းဆိုတာခည..။
          (အစမ်းသဘောထည့်သွင်းဖို့ပြောတာဗျ)
          နောက်ပိုင်းတွေ အတည်ဆက်သုံးချင်လည်း သုံးပေါ့
          ဘာပြုလို့တုန်းဆို ဗုတ်တင်စနစ် စနစ်ကို စမ်းသပ်စရာ နေရာ ဆိုလို့
          လက်တလော အသင့်တော်ဆုံးနေရာအဖြစ် ကဗျာ ပြခန်းပဲ
          ရှိနေလို့ပါ..
          ကျနော်အတည်ပြောတာပါ …. ဖတ်ရွေးမှာ သုံးဖို့ဆို ..
          အချိန်ကာလအရ မစမ်းရင်မမီတော့ဘု မို့လို့ပါ
          :byae:
          မဟုတ်ရင် ကျနော် ဖွတ်တီးကတ်ကို နောက်သလို
          မိုးကြီး-မိုးလေး-သင်ချာကြီး-သင်ချာလေး-မှုံကြီး-မှုံလေး တို့တသိုက်ပုံတွေ
          သွားဆွဲလာပြီး အစမ်းဗုတ်ကြည့်ရဘာလိမ့်မယ်..။

          :528:

          ဆွေးနွေးဂျဘာဦးခညာ…

          (စောဖွပြေး နဲ့ အမြန်လာဘာ.. ဖွတ်တီးကတ်လည်း ထလော့-ကဖက်-ကဖက်ထလော့)
          :hee:

        • Mr. MarGa

          May 23, 2013 at 2:22 pm

          ကိုဂီရေ
          အကြားအမြင်များ ရနေသလားဟင်
          ကျွန်တော်တို့လဲ ကဗျာဆု လုပ်ဖို့ အကြံရှိပါတယ်။
          လောလောဆယ် အခြေအနေအရ မစသေးတာပါ။
          ဖတ်ရွေးရဲ့ ရွေးချယ်ပုံကို ကြည့်ပြီးမှ စမလားလို့ တွေးထားကြတာဗျ။
          အခု ဖတ်ရွေးအတွက် စမ်းကြည့်ချင်တယ် ဆိုတော့ကာ………
          အိုဘယ့် ကဗျာချစ်သူများ
          အသို့ ရှိလေသနည်း……………
          လာရောက်ကာ ဆွေးနွေးကြပါကုန်………. :harr:

  • kyeemite

    May 23, 2013 at 11:53 am

    ပြန်ထွက်လာပါပြီဗျား….
    ဆရာကြီးမင်းသုဝဏ် ရဲ့ ကြိတ်ပိုးဘွဲ့ လေးနဲ့စထားတာ ကောင်းလှသဗျာ…
    ရွာထဲက လူပျိုသိုးကြီးများကို ဒဲ့စပ်ဆိုထားသလိုပါပဲ.. 😆
    ရွာသူရွာသားတွေရေးစပ်ဖန်တီးထားတဲ့ ကဗျာလေးတွေကို
    တကယ့်ပြခန်းအပြင်အဆင်နဲ့မြင်ရတာ ရှုမဆုံးတော့သည်ပါပဲ..
    ကဗျာတွေကိုအားလုံးဖတ်၍ ကိုယ်တိုင်က ကဗျာမစပ်စာမစပ်တတ်တော့
    မဝေဖန်နိုင်ပါ…ကောင်းပါသည်ဟုသာ…. 😆
    ဂုဏ်ပြုချီးကျူးပါတယ် မန်းဂဇက်ကဗျာချစ်သူများရေ…
    အဒွန့်ရှည်ကြာတည်တံ့ပါစေ…

    • Mr. MarGa

      May 23, 2013 at 2:03 pm

      ဦးမိုက် ဆန္ဒပြုတဲ့အတိုင်း
      ဖြစ်အောင်လို့ ကြိုးစားသွားပါ့မယ်ဗျာ :hee:

  • ကထူးဆန်း

    May 23, 2013 at 11:58 am

    ဖဲကြိုးဖြတ် ကထဲ က တီးမိသော လက်ခုပ်မှာ ကဗျာပြခန်းဝင်ပြီး ထွက်လာသည် အထိ မရပ်နိုင်သေးပါ ။

    • Mr. MarGa

      May 23, 2013 at 2:05 pm

      အဲဒီလို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလို့
      ကျေးဇူး အထူး တင်ရှိပါတယ်ဗျို့၊
      အခါအခွင့်သင့်လို့ ကဗျာ ရေးဖြစ်ရင်ဖြင့်
      ကျွန်တော်တို့ အဖွဲ့လေးကို သတိရပေးပါ လို့

  • TNA

    May 23, 2013 at 12:14 pm

    ဖွင့်ပွဲကိုလာရောက်အားပေးသွားပါတယ်။ ကဗျာများကိုတော့ အေးအေးဆေးဆေးဖတ်ရှု့အားပေးမည်ဖြစ် ပါကြောင်း။

    ( ဘာမှလဲမကျွေးဘူး။ လက်ဆောင်လဲမပေးဘူး။ )

    • Mr. MarGa

      May 23, 2013 at 2:08 pm

      အပေါ်မှာ ဦးဆာ ငါးခြောက်ဖုတ်နဲ့ ရေနွေးကြမ်းဝိုင်း ဖွဲ့ထားတယ်လေဗျ
      ကျော်လာတာလားဟင်င်င်င် :kwi:

      • TNA

        May 24, 2013 at 11:18 am

        အောင်မယ်အေ။ ဦးဆာက သူ့ဟာသူ ခေါက်ဆွဲကြော်ဝယ်မစားပဲ ရေနွေးကြမ်းနဲ့ ငခြောက်ဖုတ်မြီး တာလေအေ။ ညီးတို့ဖွင့်ပွဲမှာကျွေးတာမှမဟုတ်။ ဘာပဲဖြစ်ဖြစ်အေ။ ညီးပြခန်းတော်တော်လှ တယ် အေ။ အစားအသာက်မလိုပဲကိုပြည့်စုံပါတယ်။ ကြိုက်တဲ့ နှစ်ပုဒ် ဗုဓ်လိုက်ပါတယ်။တကယ်လှပ ခန့်ညားတဲ့ ပြခန်းလေးပါ။ ပို့ချင်ရင်ဘယ်ပို့ရမလဲ။ ကဗျာပြောပါတယ်။

  • အလင်း ဆက်

    May 23, 2013 at 12:24 pm

    ဒညင်းဝက်လို ့.. ခေါ်နဲ ့…။
    ငိုချင်တယ် ။
    ချစ်သုဝေကို ဖက်ပြီးးးးး
    :kwi:

    • Mr. MarGa

      May 23, 2013 at 2:09 pm

      အလက်ဆင်း
      နင် ဒီ ချစ်သုဝေကို ပြခန်းမှာ မပြောလို့ရဘူးလားဟင်
      :harr: :harr: :harr:

  • marblecommet

    May 23, 2013 at 12:45 pm

    ဝင်ကြည့်လိုက်တော့ ရင်ခုန်သွားတယ်
    ရင်ခုန်ခြင်းအမျိုးအစားတွေအများကြီးရှိတဲ့အထဲမှာ
    ဒီလိုရင်ခုန်သံမျိုးက ရှားတယ်
    ခဏခဏမရဘူး
    ဖြူစင်တယ်
    နုပျိုတယ်
    အတွေးက ကျောင်းသားဘဝထိနောက်ပြန်ဆုတ်သွားတယ်
    လက်လုပ်ကဗျာစာအုပ်တွေ
    မအိပ်မနေလုပ်ခဲ့ကြတာတွေ သတိရသွားတယ်
    အဲဒီတုန်းကလည်း ဒီလိုရင်ခုန်သံမျိုးနဲ့
    ကဲ့ရဲ့သူ၊ ရှုတ်ချသူ၊ လှောင်ပြောင်သူ၊ အားပေးသူတွေကြား
    ဒီရင်ခုန်သံမျိုးနဲ့တက်ကြွလှုပ်ရှားခဲ့ဖူးပါရဲ့…
    ဘဝမှာကျန်ခဲ့တာတွေ ချန်ခဲ့ရတာတွေ
    မရေတွက်နိုင်ပေမဲ့
    ကျွန်တော်ဆီမှာတော့
    စာကဗျာကိုချစ်တဲ့ အနုပညာကိုချစ်တဲ့
    ဒီရင်ခုန်သံလေး ကိုယ်နဲ့မကွာ ကပ်ပါလာတုန်း
    ဆိုတော့…..
    ဒီလိုရင်ခုန်သံကိုပြန်နှိုးဆွပေးကြတဲ့
    ပြခန်းတာဝန်ခံများကို ကျေးဇူးတင်လေးစားပါကြောင်း…
    အားပေးဖတ်ရှု ဖေဝန်ဆွေးနွေးကြသူများကိုလည်း
    ကျေးဇူးတင်လေးစားပါကြောင်း
    ပြခန်း(၁)ကနေ နောက်လာမယ့် ပြခန်းတွေထိ
    ရေးသူဖတ်သူရင်ခုန်သံအပြန်အလှန်
    နွေးထွေးဝေမျှကြပါစေကြောင်း
    ဆုတောင်းလိုက်ပါတယ်ခင်ဗျား………
    လေးစားတဲ့
    ငကမ်း…….

    • Mr. MarGa

      May 23, 2013 at 2:10 pm

      ကိုကမ်းရေ
      အသင့်သာ ပြင်ထားပေတော့ဗျာ
      နောက်ထပ် နောက်ထပ် ရင်ခုန်သံတွေ ထပ်လို့ ပေးဦးမှာ…..ဗျ
      :hee:

  • အလင်း ဆက်

    May 23, 2013 at 12:52 pm

    ပြခန်း(၁)ကနေ နောက်လာမယ့် ပြခန်းတွေထိ
    ရေးသူဖတ်သူရင်ခုန်သံအပြန်အလှန်
    နွေးထွေးဝေမျှကြပါစေကြောင်း…

    အက်ဒီ့ ဆုတောင်းစကားလေးးး အတွက်…ကျေးဇူးတင်ပါဒယ်..ကိုကမ်းရေ. ။
    နောက်ထပ်လည်း.ကဗျာလေးတွေ.. မ စ ပါအုံးနော့ ။
    :kwi:

  • လယ်ထွန်သွား နွားမေ့ဆိုဒါ
    နင့်ကို ပေါဒါ နေမှာ … ငွင်းး ငွင်းး

    ပြခန်းလေး လုပ်ထားတဲ့ စတိုင် မိုက်ဒလယ် …
    ကဗျာလေးတွေလည်း ကောင်းဒယ် …
    အားပေးတွားဒယ်နော် ကဗျာဆြာ၊ ဆြာမ အပေါင်းဒို့ …

    တီမမ ပေါဒဲ့ ထဲကို ပျံကျိမိဒယ် ..
    ဟုတ်ဒလယ် …
    မွှားနေဒယ် …
    အိုက်ဒါ ပြန်ပျင်ဂျ … ကျားလား .. ဆင်လား .. :mrgreen:

    • Mr. MarGa

      May 23, 2013 at 2:12 pm

      အေး အေး
      ပုံကို ပြန်ပြင်ခိုင်းတယ်ဆိုရင်
      ဘယ်မလဲ မူရင်းဖိုင်က
      နာလဲ နာ့ဆီရောက်တာ ထည့်လိုက်တာလေ
      အဲဒီပုံကိုပေးကတည်းက မူရင်းဖိုင် ပါရင်တော့ နာ ပြန်ပြင်လိုက်မယ်
      အခုတော့ ဘယ်သူ့ဆီတောင်းရမှန်းမသိလို့
      ပြင်တော့ဘူး :mrgreen:

  • ko pauk mandalay

    May 23, 2013 at 2:14 pm

    မနက်အစောက ဝင်မန်းသေးတယ်
    မပြီးခင် အောက်လိုက်တော့ ကော်မင်းပျောက်သွားပါတယ်။
    အခုရက်ကတော့ ကဗျာအဟောင်းတွေကို သတိတရနဲ့ပြန်ကူးတင်နေလို့
    ကဗျာပြခန်းဘက်မလှည့်နိုင်သေးပါ.
    အရင်က ရွာထဲမှာ ကဗျာတို့ ရသစာပေတို့ဆိုတာ အတော်မျက်နှာငယ်ရတဲ့
    အနုပညာပစ္စည်းထဲမှာပါ ပါတယ်။
    အခုတော့ ကဗျာကတော့ လူရာဝင်တန်းဝင်သွားပါပြီ..

    ကက်တာဂိုရီခွဲတာနဲ့ပြောရရင် ကျနော်ကိုယ်တိုင်တောင်စာရေးစက
    ရေးချင်တာကလွဲလို့ အဲလို ခွဲရတာတွေမသိပါ.
    နောက်မှာ သူများပြောပြမှာ သိလာရတာပါ။
    အဲတော့ မတတ်သူကို ကူပေးပါ။

    ဝမ်းသာပါ၏။

    • Mr. MarGa

      May 23, 2013 at 2:17 pm

      လေးပေါက်ဆီက
      ရှေးကဗျာတွေနဲ့
      ရင်တွင်းဖြစ်တွေကိုလဲ
      ပြခန်းမှာ ထည့်ချင်ပါသေးတယ်ဗျာ

  • ko pauk mandalay

    May 23, 2013 at 2:36 pm

    စေတနာကောင်းနဲ့အကြံပေးရရင်
    ကဗျာလေးတွေက အတွေးအမြဲလှပါတယ်။
    အတွေးလှပေမယ့် သတ်ပုံအမှားနဲ့ရေးတာကိုဖတ်ရတော့
    အဓိပ္ပါယ်အကောက်လဲ လွဲပါတယ်။
    ကဗျာဆိုတာ စာလုံးနဲ့ပန်းချီဆွဲတာကိုးဗျာ။
    စာလွဲရင်ကောက်ကြောင်းတွေလဲ လွဲကုန်တတ်ပါတယ်။
    အဲတော့ သတ်ပုံကိုသေချာစစ်သင့်တယ်လို့ ပြောချင်ပါတယ်။
    တမင်သက်သက် စကားလုံးအဆန်းထွင်ချင်လို့ သတ်ပုံကိုဖျက်ရေးတာက
    တော့ တစ်ပိုင်း။
    ကဗျာဆိုတာ သဒ္ဒါစည်းကမ်းကိုချိုးဖောက်ခွင့်ရှိပါတယ်။
    ဥပမာ အတော်လေးငြင်းခုန်ခဲ့ကြရတဲ့

    လကို မြင် ကြယ်စင် ဟုတ်ဘူး ဆိုတာမျိုးပေါ့။

    ဆိုလိုရင်းက လမင်းမှာမြူတွေဖုံးနေလို့ ကြည်လင်စွာမမြင်ရဘူးလို့ဆိုလိုရင်းပါ။
    ဒါပေမယ့် လဆိုမှတော့ ကြယ်မဟုတ်မှန်းလူတိုင်းသိတာပေါ့လို့ အငေါ်တူးခံရနိုင်ပါတယ်။
    ကဗျာဆိုတာ အဲလိုလေးပါ။
    နောက်စာလုံးသိပ်သေးတာကို ကာလာထည့်လိုက်ရင် အထူးသဖြင့်ခရမ်းရောင်နဲ့ဆိုရင်
    ကျနော်တို့လိုမျက်မှန်သမားအတွက် အဆင်မပြေပါ.
    အဲတော့ စာလုံးသေးကို ကာလာချယ်ရင် သတိပြုစေလိုပါတယ်။

    • Mr. MarGa

      May 23, 2013 at 7:47 pm

      ဟုတ်ကဲ့ပါ လေးပေါက်ခင်ဗျ
      အဲဒီ စာလုံးသေးတွေကတော့ ကျွန်တော့်လက်ချက် ဖြစ်ပါလိမ့်မယ်
      စာလုံးတွေ ကြွချင်ဇော အားကြီးပြီး ကာလာထည့်လိုက်မိလို့ပါ :mrgreen:
      နောက်ပိုင်းမှာ သတိထားပါမယ်ခင်ဗျာ :kwi:

  • Foreign Resident

    May 23, 2013 at 3:03 pm

    အားပေးသွားပါတယ်ကွယ် ။

    • ဘဘ …
      အားပေးရုံဘဲလား …
      အဘ ရေးထားတဲ့ …
      ဘာဒါလေး ကဗျာ တွေလည်း နည်းနည်း လုပ်ဘာအုံးလားလို့ .. ဟီဟိ …
      အိုက်ဂလိုမှ မဟုတ်လည်း ..
      ငယ်ငယ်က ရီးစားစာ ကဗျာလေး ဘာလေးပေါ့ဗျာ .. :mrgreen:

    • Mr. MarGa

      May 23, 2013 at 7:50 pm

      ဘဖော
      ဒါလောက်နဲ့ မရဘူး
      ကဗျာပြခန်းအတွက် ဘဖောရဲ့ ကဗျာလေးတွေကိုပါ ပျိုးထောင်ပေးခဲ့ပါ။
      :kwi:

  • ကြည်ဆောင်း

    May 23, 2013 at 3:58 pm

    ကဗျာပြခန်းဝင်ရောက်ဖတ်ရှုသွားပါကြောင်း..
    အလက်ဆင်းရဲ့ ကဗျာလေးလူငယ်လေးတွေအတွက်သဘောကျ ကြိုက်မိပါကြောင်း….နဲ့
    ပြခန်းအတွက် အပင်ပန်းခံ စီစဉ်ထားမှုများအား အလေးထား အားပေးသွားပါကြောင်း …….

    • Mr. MarGa

      May 23, 2013 at 7:52 pm

      အပင်ပန်းခံ စီစဉ်ထားမှုများကို အလေးထား အားပေးသွားတယ်ဆိုလို့
      စီစဉ်သူ ကျွန်တော်တို့အဖွဲ့က အထူးတလည် ကျေးဇူးတင်ပါတယ်နော့
      :kwi:

  • KZ

    May 23, 2013 at 4:15 pm

    တဂျားရေ။
    တော်လိုက်တဲ့ တဂျားလေး။
    အာဘွား။
    :528:

    မနက်ကတည်းဟ ရွာပြင်က ဝင်ချောင်းပြီး သဘောကျနေတာ။
    ပင်ပန်းရောပေါ့ နော့။

    နောက်တစ်ခါဆို ကူပါ့မယ်အေ။
    ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပါ။
    :hee:

    • Mr. MarGa

      May 23, 2013 at 7:53 pm

      ရပါတယ်ဗျာ
      အားမှ မအားတာကိုး
      နောက်တစ်ခါအတွက် အားမွေးထားပါ
      အပူကပ်စရာ တစ်ပုံတစ်ပင်ရှိတယ်နော့ :mrgreen:

  • အလင်း ဆက်

    May 23, 2013 at 4:31 pm

    ကြည်ဆောင်းရေ..
    သားကဗျာကို.. သဘောကျတယ်ဆိုလို ့.. ဝမ်းသာပါ၏ ။
    အခြားကဗျာတွေကြားမှာ.. သားကဗျာလေး.မျက်နှာငယ်နေပြီထင်တာ ။ အဟိအဟိ ။
    ———————-

    • Mr. MarGa

      May 23, 2013 at 7:55 pm

      စကား မစပ်
      ဒီပို့စ်မှာ စိမ်းနေတာလေးတွေ မြင်ရတော့
      မျက်စိ အေးသကွယ် :harr:

  • black chaw

    May 23, 2013 at 4:42 pm

    မန်းဂဇက် ရဲ့ ပုံရိပ်ကို
    မြင့်တက်စေသော
    ထူးခြားတဲ့
    လုပ်ဆောင်ချက်တစ်ခုပါဗျာ…။
    လက်ခုတ်တီးပြီး အားပေးသွားပါတယ်ဗျိုး …။

    • Mr. MarGa

      May 23, 2013 at 7:59 pm

      ဘဘ ဘလက်
      ဒီလိုမျိုး ကျွန်တော်တို့ ပြခန်းကို တကူးတက လာရောက်အားပေးလို့
      တကယ် ကျေးဇူးပါခင်ဗျာ။
      မန်းဂဇက်ရဲ့ ပုံရိပ်ကို
      တစ်ဖက်တစ်လမ်းက မြှင့်တင်တယ်လို့ မြင်ပေးလို့လဲ
      ကျေးကျေး အကြီးကြီး တင်ပါသဗျ။

  • အရီးခင်လတ်

    May 23, 2013 at 4:55 pm

    အားပါးပါး။ ဟုတ်လှချည်လားကွယ်ရို့။
    ကောင်းမှကောင်း။ တကယ်ပါ။

    ကျုပ်လဲ ကဗျာ စပ်ကြည့်မယ်။
    ပို့တိုင်း ထည့်မှာလား။
    ကောင်းမှထည့်မှာလား။

    မှတ်ချက် – ကောင်းကောင်း မကောင်းကောင်း မထည့်ရင်တော့ ဇိကုတ်ပြီး နတ်ပြည်ပြန်ပို့မယ်။ 😆

    • Mr. MarGa

      May 23, 2013 at 8:03 pm

      ပို့တိုင်း ထည့်ပါကြောင်း
      ကောင်းသည် မကောင်းသည်ကို ကျွန်တော်တို့ မဆုံးဖြတ်ရဲပါကြောင်း
      (နတ်ပြည် ပြန်မသွားချင်သေးဘူးဗျ အတင်း ပို့မနေနဲ့) :kwi:

  • အလင်း ဆက်

    May 23, 2013 at 4:59 pm

    အရီးရေ…
    ကောင်းကောင်း မကောင်းကောင်း…မထည့်ရင်..
    သားကိုရော…ဘာလုပ်မှာလဲ..ဟင် ။
    ချစ်သုဝေနဲ ့ ပေးစားမလား.ပြော ။
    ဟီဟိ ။
    (ဒီ ကွန်မန့်ကို သဂျား မမြင်ပါစေနဲ ့ ။ တူက ချစ်သုဝေအကြောင်း..ဒီမှာမပြောရဘူးဒဲ ့ ။)
    :kwi:
    :kwi:

    • Mr. MarGa

      May 23, 2013 at 8:08 pm

      အေး
      သိရင် ပြီးတာပဲ
      နောက်တစ်ခါ ထပ်တွေ့ရင် မသက်သာဘူးမှတ်
      :om:

  • Ma Ma

    May 23, 2013 at 6:28 pm

    ဗုတ်သွားပြီဗျို့……….. 🙂
    ချစ်သုဝေလေး မပါရင် ကဗျာပို့ပေးမယ်။ :kwi:

    • Mr. MarGa

      May 23, 2013 at 8:12 pm

      အလင်းဆက်
      ကြားဒယ် (အဲ) မြင်ဒယ်နော်
      အန်တီမမဆီက ကဗျာ မရရင် နင်တော့ ပြေးပေါက်သာ ရှာထား
      ငွင်းငွင်း
      :kwi:

  • မောင် ပေ

    May 23, 2013 at 7:57 pm

    ဒဏ်ရာပေါင်းချုပ်
    မှန်ရှာခေါင်းရှုပ်
    ပန်ကာရောင်းထုတ်
    ဖန်ကွာပြောင်းတုတ်
    လန်နာဖောင်းအုပ်

  • အလင်း ဆက်

    May 23, 2013 at 8:52 pm

    ပြောတော့ဝူးးနော် ။ အန်တီမမ
    ကဂျာ ပို့ပေးးး ။
    ဒါဗြဲ

    • Ma Ma

      May 24, 2013 at 4:14 pm

      အလင်းဆက်ကို ချစ်သုဝေအကြောင်း ပြောနိုင်အောင် ယတြာချေပေးလိုက်တာ။
      ကဗျာ မရေးတတ်ဝူးးးးးးးးးး :kwi:

  • ရွှေ ကြည်

    May 23, 2013 at 9:12 pm

    ပျော်ရွှင်မိပါတယ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ဂုဏ်ယူရပါတယ် ကဗျာလက်ရာတွေတစုတည်းဆိုတော့အားရပါးရဖတ်ရတာပ 😆

  • ရာမည

    May 23, 2013 at 10:25 pm

    မပြောတတ်အောင် ကောင်းလွန်းပါတယ် ။
    ကျွန်တော်လည်း ကဗျာလားဘာလားမသိတာလေး ပို့ချင်ပါတယ် ။
    ကဗျာလို့ မယူဆရင်ဖြစ်ဖြစ် အခြား ထည် ့ပေးဖို့အဆင်ပြေရင်ဖြစ်ဖြစ်
    ပယ်နိုင်ပါတယ်ခင်ဗျာ ။
    အားကျလို့ပါ ။

  • padonmar

    May 23, 2013 at 10:53 pm

    ကဗျာပြခန်းလေး အရမ်းကောင်းလို့ လက်တို့လို့ အပြေးလာရတာ မောလိုက်တာအေ။
    တစ်ပတ်လှည့်ကြည့်လိုက်တော့ အမောပြေသွားတဲ့အပြင် အားသစ်တွေပါရလိုက်တယ်။
    ကဗျာပြခန်းမျိုး ဖန်တီးဖို့ စိတ်ကူးရတဲ့သူရော ဝိုင်းဝန်းအလှဆင်တဲ့သူတွေရော ကဗျာပိုင်ရှင်တွေရော ချီးကျူးလို့ မဆုံးပါ။
    ဒီလို အစွမ်းထက်တဲ့ လူငယ်လေးတွေ ရှိတဲ့ ဂဇက်ရွာသူဖြစ်ရတာ ဂုဏ်ယူပါတယ်။
    ဗုတ်လည်းလုပ်ခဲ့ပါပြီ။
    ကဗျာဆုပေးမယ်ဆိုတာလည်း ဖြစ်စေချင်ပါတယ်။
    နိုင်တဲ့ဖက်က ဝိုင်းဝန်းပါမယ်။
    ( ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကိုပါ ဗုတ်ထဲထဲ့တော့ အကယ်၍ ဆရာကြီးကဗျာက ဗုတ်အများဆုံးဆို ဘယ်လို ဆုပေးမလဲ)

  • nozomi

    May 24, 2013 at 6:54 am

    အနုပညာနဲ့အတတ်ပညာ
    ပေါင်းစပ်လိုက်တော့
    ဒီ ပို့စ် လေးကိုက
    ကဗျာတွေပါတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်သွားတယ်

    ကဗျာမရေးဘူးတဲ့
    ကဗျာမရေးတတ်တဲ့
    ကျွန်တော်တောင်
    ဒီပို့စ်လေး ဖတ်မိပြီး
    ကဗျာရေးချင်စိတ်ပေါက်လာတယ်

    အဲ ဘယ်လို ရေး ရ ပါ့

  • အလင်း ဆက်

    May 24, 2013 at 7:25 am

    စာရွက် ပေါ် ဘောလ်ပင် ထောက်ပြီးးးးး
    ဘယ်က နေ ညာ ကို စ ရေး ပါ

    ဟိဟိ
    စ တာ ပါ ။

    ကဗျာတွေ ရေးပြီးး ပို ့စေလိုပါ ဂျောင်းးးး

  • padonmar

    May 24, 2013 at 8:58 am

    တရုတ်စာရေးရင်တော့ ညာကနေ ဘယ်ကိုရေးရတယ် ဆက်ဆက်ရဲ့။
    အဲတော့ အန်တီဝေနဲ့ ကိုရင်မောင်များ ကဗျာပို့ရင် ဘယ်ကညာလား၊ညာက ဘယ်လား သေချာ ဖတ်နော်။

  • kai

    May 24, 2013 at 11:02 am

    ပြခန်းကြီးကြပ်သူဆရာတို့ရေ…
    ပါတဲ့ကဗျာတွေကို.. စာသားအနေနဲ့.. ကျုပ်ဆီပို့ပေးပါဦးနော…
    editor@myanmargazette.net
    သတင်းစာက.. ဒီညစက်တင်ရမှာမို့.. အချိန်မှီအောင်.. တပုဒ်ရွေးလိုက်လို့ဖြစ်ပါတယ်..

    ကျုပ်ရွေးတာတော့မဟုတ်…
    ကဗျာအယ်ဒီတာလေဒီခိုင်ရွေးသွားတာဖြစ်ပါကြောင်း….။ :kwi:

    • Mr. MarGa

      May 24, 2013 at 12:49 pm

      ပို့လိုက်ပါပြီ သဂျီးရေ
      အဆင်ပြေမပြေ ပြန်ပြောပေးပါ
      ဒါဗျဲ
      ဒါလောက်တောင် ကပ် ပြောရသလားဗျ :om:

Leave a Reply