Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မွေးနေ့ နှင့် ကျမ အမှတ်တရ

BMTM MdyMay 24, 20131min60923

bb

မွေးနေ့
ဒီနေ့  မေလ ၂၄ ရက်နေ့ သောကြာနေ့ ကကျမ ရဲ့မွေးနေ့ပါ။မွေးနေ့ မွေးရက်မွေးလ လည်းတိုက်ပါတယ်.။
မနက်စောစောက မိုးအေးအေးလေးနဲ့ အရမ်းကွေးလို့ကောင်းတယ်..အိပ်ရာကနေ အတင်းထရတယ်….။
မနက် အစောဆုံးက ခင်မင်ရတဲ့ သူငယ်ချင်းဆီက ဖုန်းလာပါတယ်.။သူငယ်ချင်းလေး Happy Birthday တဲ့.။Thank You ခုလို အစေားဆုံးသတိရ ပေးတဲ့ အတွက်ကျေးဇူးလို့။ တိုက်တိုက် ဆိုင်ဆိုင် မနှစ်ကမွေးနေ့ တုန်းကသူနဲ့ စခင်တာပါ။ တစ်နှစ်ပတ်လုံး အထီးကျန် ဝမ်းနည်းမူတွေကို မျှဝေခံစားပေးပြီး အားပေးခဲ့လို့ ကျေးဇူးပါလို့..။
ခဏနေ တော့ မေမေ ဆီကဖုန်းဝင်လာတယ် မေမေဒီနေ့ သမီး အတွက် ဘုန်းကြီးကျောင်း မှာဆွမ်းပို့ပေးတယ် သာဓုခေါ် နော် ဘုရားသွားပြီး ကုသိုလ် လည်း လုပ်ဖို့မမေ့နဲ့ တဲ့..။ကျေးဇူးပါမေမေလို သမီး ကိုဟိုး ကလေးဘဝကနေ ခုထိနှစ်ပေါင်းများစွာ ကျွေးမွေး ပညာ တွေသင်ပေးလို့ ကျေးဇူးတင်ပါတယ်လို့။ နောက်ပြီး သမီး ကာယကံ ဝစီကံမနောကံ နဲ့ ပစ်မှားမိတာရှိ ရင်ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်..ဆိုတော့မေမေ က ခွှင့်လွှတ်ပါတယ်..မေမေသမီးလေး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေတဲ့ ..။ ဖေဖေဖုန်းကိုခေါ်တော့ ဖုန်းမကိုင်ဘူး။
ဘုးရားသွားဖို့ ပြင်ဆင်နေတုန်း မဆက်သွယ်တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်ဆီ ကဖုန်းလာတယ်..ဪသူ ငါ့ မွေးနေ့ မှတ်မိသားပဲ လို့ထင်ပေမဲ့..သူကဒီတိုင်း သူဆီကိုလာလည် ပါဦးလို့..ပဲပြောတယ် သူမေ့သွားခဲ့ တယ်ထင်ပါတယ်..။
ဘုရားသွားတော့ ဒီနေ့အားလုံးပိတ်ရက်ဖြစ်တဲ့ အပြင် အခါကြီး ရက်ကြီး ဆိုတော့ လူတွေက ကျိတ်ကျိတ်တိုးပါဘဲ..ဖျော်ရည်ဒါန ပြုနေသူတွေလည်းများတယ်. ပတ်ပတ်လည်မှာ ရှိတဲ့ ပန်းခြံတွေ မှာလည်းလူတွေပြည့်လို့ ဘုရားပေါ်ကိုရောက်ဖို့ တော်တော် ကြာကြာ သွားလိုက်ရတယ်.ဘုရားပေါ်မှာလည်း.ညောင်ရေသွန်း ပွဲတော် ဆိုတော့ လူတွေ စည်ကားနေပါတယ်.။ဘုရားရောက်တော့ ခဏ ကောင်းမူလေးတွေလုပ်တယ်.. ဘုရားပေါ်မှာပန်းတွေ ကိုလှုု ထားတယ်သပ္ပာယ် လိုက်တာ..တကယ်ကိုစိတ်ကူး ကောင်းတယ်။1876 ကလည်းဖုန်းခေါ်ပေးပြီး မွေးနေ့ဆုတောင်းပေးတယ်..ကျေးဇူးတင်တယ်လို့..။
ဘုရားပေါ် ကနေ့ဆင်းတော့ဖေဖေကဖုန်း ပြန်ခေါ်တယ်ဖေဖေ ကိုလည်းကျေးဇူးတင်ကြောင်းပြောခဲ့တယ်.. ငါ့သမီးတွေ ကျန်းမာပါစေ ချမ်းသာပါစေတဲ့.. ဘုရားကနေ လမ်းလျှောက်လာပြီး မမနဲ့ အတူ ထမင်းပေါင်းသွာစားခဲ့တယ် ။ ပြီးတော့ စာအုပ်နဲ့ ဘောပင်တစ်ချို့ ဝယ်ပြီး ပရဟိတ ကျောင်းအတွက်လှုု ပေးခဲ့တယ်..။
ဘာပဲပြောပြော.. ဒီနေ့ မွေးနေ့မှာ..ပျော်ရွှင်ပါစေ..ကျန်းမာပါစေ..ချမ်းသာပါစေ ..ဆိုတဲ့ ဆုတောင်းပေးသံတွေကြားရတာ တကယ်ကြည်နှုး..ဖို့ ကောင်းပါတယ်.. အနေဝေးနေ.တဲ့သူငယ်ချင်းတွေကမေ့ သွားခဲ့ပြီထင်တယ်..အလုပ်တူလုပ်တဲ့ သူတွေကတော့..မရင်းနှီးတော့.မသိကြသေးဘူး.. ဒါကြောင့် ရွာထဲက သူတွေ.. ကျမ ကို မွေး နေ့ ဆုတောင်းပေးကြပါဦးလို့……။ဆုတောင်း..ပေးသံလေးတွေ..ကြားချင်နေခဲ့ပါတယ်..။
( မွေးနေ့ အမှတ်တရရေးတာပါ)
Traditional

23 comments

  • ကြက်အူလှည့်

    May 24, 2013 at 2:00 pm

    ကျိတ်ကျိတ်ပီးတောင်းတဲ့ဆုတွေ ပြည့်ပါဇီတော်

    :harr:

    မားးးဂီ

    • BMTM Mdy

      May 24, 2013 at 3:08 pm

      ကျေးဇူးတင်ပါတယ် ကျိတ်ပြီးတောင်းတဲ့ဆုလည်း ရှိတာပေါ့

  • အရီးခင်လတ်

    May 24, 2013 at 2:09 pm

    ပျော်ရွှင်ဖွယ်မွေးနေ့မှ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ တစ်ကွ လိုအပ်သာဆု၊ မြတ်သောဆုများ နဲ့ ပြည့်ပါစေ။

    • အရီးခင်လတ်

      May 24, 2013 at 2:10 pm

      ဒါထက် သောကြာသမီး မို့ စကားတော့ များမယ် ထင်ရဲ့။

      Oppppss….
      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      😆

    • BMTM Mdy

      May 24, 2013 at 3:11 pm

      ပေးတဲ့ ဆုနဲ့ ပြည့်ပါစေရှင့် ကျေးဇူးပါ..

  • စနေ

    May 24, 2013 at 2:39 pm

    Happy Birthday ………
    ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် …….
    (ဆုတောင်းစာသား သဂျီးမဖတ်ရ) ……… :kwi:

  • BMTM Mdy

    May 24, 2013 at 3:13 pm

    ကျေးဇူးပါစနေ ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်

  • ယနေ့ မွေးနေ့မှစ
    နောက်နှစ်ပေါင်း များစွာတိုင်အောင်
    စိတ်၏ ကျန်းမာ၊ ချမ်းသာခြင်းအပေါင်းနဲ့
    ပြည့်စုံပြီး သကာလ ..
    အဟမ်းးး ချစ်သောသူ (ကျီနုတ်) နှင့်လည်း :mrgreen:
    ဘွဆက်တိုင်း ဆက်တိုင်း ဆုံတွေ့နိုင်ဘာစေလို့ ….

    ပျော်ရွှင်ဖွယ်ရာ မွေးနေ့ မွေးရက်လေး ဖြစ်ပါစေ ခင်ဗျာ …..
    အပေါ်က စနောက်တာကို ဗွေမယူပါနဲ့လို့ …

  • BMTM Mdy

    May 24, 2013 at 3:45 pm

    ကျေးဇူးပါ ကိုအံဇာ

  • Foreign Resident

    May 24, 2013 at 6:45 pm

    သမီး ရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့မှာ ၊
    ကောင်းကျိုးလိုရာ ဆန္ဒတွေ နှင့် ပြည့်စုံပါစေကွယ် ။

    ဒါနှင့် ၊
    1876 ကလည်းဖုန်းခေါ်ပေးပြီး မွေးနေ့ဆုတောင်းပေးတယ် ဆိုတာ ၊
    ဘာကိုပြောတာလဲဟင် ။

    • ကထူးဆန်း

      May 24, 2013 at 8:30 pm

      call center ကနေ တစ်ယောက်ယောက် ကတောင်းပေးထား (သို့) call center က service တစ်ခုခုယူထားလို့ အဲ့ဒီ့ ကနေ မွေးနေ့ဆုတောင်းပေးတာ ဖြစ်မယ်ထင်ပါတယ် ဘဖောရေ ။ ၁၈၇၆ ဆိုတာက call center ဖုန်းနံပါတ်တွေလေ .. ဟုတ်တယ်ဟုတ် ..

  • KZ

    May 24, 2013 at 6:50 pm

    ပျော်ရွှင်၊ ကြည်နူး စရာ မွေးနေ့မှသည် အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းပေးခဲ့ပါသည်။
    ရွှင်လန်း ချမ်းမြေ့ပါစေ။
    :hee:

  • Ko chogyi

    May 24, 2013 at 7:03 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။
    ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ကြုံတွေ့ပါစေ။

  • padonmar

    May 24, 2013 at 8:10 pm

    မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ။
    သက်ရှည်ကျန်းမာဘေးရန်ကွာ လိုရာဆန္ဒပြည့်ပါစေ။
    ရွာထဲမှာလည်း ကြာရှည်နေနိုင်ပါစေ။
    ပရဟိတ အလှူတွက် သာဓုပါ။

  • ကထူးဆန်း

    May 24, 2013 at 8:35 pm

    ပျော်ရွှင်ချမ်းမြေ့ သော မွေးနေ့ မှသည် နေ့တိုင်းနေ့တိုင်း ရက်တိုင်းရက်တိုင်း ပျော်ရွှင် အောင်မြင်သော နေ့များပိုင်ဆိုင် နိုင်ပါစေ တောင်ပေါ် အောင်ပန်းသူ ရေ။

  • Nyo Win

    May 25, 2013 at 10:02 am

    Happy Birthday..ပါ……တောင်းသောဆု…ကောင်းသောဆု နှင့် ပြည့်စုံပါစေ….

  • may july

    May 25, 2013 at 11:50 am

    Happy Birthday ………ပါနော် 🙂

  • Mr. MarGa

    May 25, 2013 at 12:18 pm

    သို့ traditional medicine
    မွေးနေ့မှာ
    တောင်းတဲ့ မွေးနေ့ဆုတောင်းတွေလဲ ပြည့်စေ
    မမွေးတဲ့ နေ့တွေမှာ
    တောင်းတဲ့ ဆုတောင်းတွေလဲ ပြည့်စေသဒီး :mrgreen:

Leave a Reply