ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ
မနှစ်က ဧပြီ ၁ရက်နေ့မှာ ကျမရဲ့ ဇာတိမြို့လေးက ကလေးတွေနဲ့ အကျီင်္လေးတွေ ပေးရင်း စိတ်ဓာတ်မြှင့်တင်ရေး စာမေးစာဖြေလေးတွေ လုပ်ခဲ့ကြတဲ့အကြောင်း ပဒုမ္မာရဲ့ ချစ်စရာ့အရွယ် Cover Story post လေးကို မှတ်မိကြပါသေးလား။
နောင်နှစ်ထပ်သွားရင်တော့ ကလေးတွေ အခြေအနေ ဘယ်လိုနေပါ့မလဲလို့ ကျမ ရေးခဲ့ပါတယ်။
ဒီနှစ်တော့ မတ်လ 26 ရက်နေ့က မြို့လေးကို ပြန်ရင်း ကလေးတွေနဲ့ ထပ်တွေ့ခဲ့ရပါတယ်။
တပေါင်းပွဲတွေရှိတော့ တစ်ချို့ကလေးတွေလည်း ဘုရားပွဲတွေကို အလည်သွားနေတာဖြစ်လို့ ဒီတစ်ခါ လူနည်းပါတယ်။မနှစ်က ပါတဲ့ကလေးတွေရော၊မနှစ်က မပါတဲ့ကလေးတွေရော ရောက်လာကြပါတယ်။
မနှစ်က ထုံးစံအတိုင်း ကျမတို့လာပြီကြားတာနဲ့ ရောက်လာကြတဲ့ ကလေးတွေကို အတန်းစဉ်လိုက် တန်းစီခိုင်းလိုက်ပါတယ်။
အတန်းကြီးဆုံးက ၆တန်း၊ရတန်းနဲ့ ၈တန်းကျောင်းသားတွေပါ။
သူတို့ကတော့ စာမရကြပါဘူး။အင်္ဂလိပ်စာမေးလည်းမရ ၊မြန်မာစာမေးလည်း ထစ်အထစ်အ၊
သိပ္ပံက နေကြတ်ခြင်းလကြတ်ခြင်းသင်ပြီးပြီဆိုလို့ မေးကြည့်တာ
အင်းအဲနဲ့ ခွေးအကြီး လှည်းကျိုးနင်းသလို ဆိုတာမျိုးဖြစ်နေပါတယ်။
ကျမတောင် စိတ်အားနည်းနည်းလျော့သွားပါတယ်။
၄တန်း ၊၅တန်းကလေးတွေ အလှည့်မှာ အတော် ဖြေနိုင်လာပါတယ်။
အင်္ဂလိပ်လိုတောင် self intro လုပ်တတ်ကြတယ်။
စောစောက အတန်းကြီးတွေ မဖြေနိုင်တဲ့ နေကြတ်လကြတ်ခြင်းဆိုတာတောင် သူတို့ ဖြေနိုင်ကြပါတယ်။
ကျမလည်း ဝမ်းသာအားရ အကျီင်္တွေဆုချရတော့တာပေါ့။
၃တန်းကလေးတွေထဲမှာတော့ မနှစ်က ဗိုလ်ချုပ်အောင်ဆန်းကဗျာရွတ်ပြသွားတဲ့ကလေး ပြန်ပါလာပါတယ်။
(ကိုရင် စည်သူကတောင် ဒီကလေး စစ်မှုထမ်းဖြစ်မယ်လို့ အင်္ဂဝိဇ္ဇာနဲ့ ဟောပေးခဲ့ပါတယ်)
ဒီကလေးကတော့ မြန်မာစာ၊အင်္ဂလိပ်စာ၊သချင်္ာ၊သိပ္ပံ ဘာမေးမေး ဒိုးဒိုးဒေါက်ဒေါက် သွက်သွက်လက်လက် ဖြေသွားပါတယ်။
တစ်မျိုးဖြေနိုင်လိုက် အကျီင်္ တစ်ထည်ဆုချလိုက်နဲ့ ကလေးလက်ထဲ အထည်တွေ အများကြီးရသွားပါတယ်။
အကျီင်္တွေက ကလေးဝတ်၊လူကြီးဝတ် အစုံဆိုတော့ သူ့ အဖေအမေတွေတွက်ပါရသွားတာပေါ့။
သားက တယ်တော်ပါလား ဆိုတော့ သူက ဘာမှမပြောပေမယ့် ဘေးက ကလေးတွေကပဲ ဒီကောင် ဒီနှစ် ၃တန်းမှာ ပထမ ရတယ်လို့ သတင်းပေးကြပါတယ်။
ဒီကလေး မနှစ်တုံး က ကျောင်းမှာ ဆုရတဲ့ထဲ မပါပါဘူး။ အခုပထမတောင်ရတယ်ဆိုတော့
ကျမတို့ မနှစ်က အမေးအဖြေလေးတွေကများ သူကလေးရဲ့ စိတ်ဓာတ်မြင့်ဖို့ ထောက်ကူပေးလိုက်နိုင်သလားလို့ တွေးပြီးတော်တော်ကြည်နူးမိပါတယ်။
(ကလေးလေးက ဆင်းရဲပါတယ်။သူဝတ်ထားတာလေးဆို တော်တော်နွမ်းပါတယ်၊
ကျမ ရန်ကုန်ပြန်ရောက်တော့ သူကလေးတွက် စာရေးကိရိယာတွေနဲ့ ဖတ်ချင်စရာ အင်္ဂလိပ်စာပျော်စရာ၊ခလေးတို့ချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်း ၊နဲ့ ယဉ်ကျေးလိမ္မာသင်တန်းစာအုပ်တွေ ပို့ပေးလိုက်ပါတယ်)
အခြား ၃တန်း ၂တန်းကလေးတွေလည်း အရင်နှစ်ကထက်စာရင် သွက်လက်လာပြီး မေးရဲဖြေရဲပြောရဲလာကြပါတယ်။
(ဒီရပ်ကွက်လေးရဲ့ မူလတန်းကျောင်းမှာ ဆရာဆရာမတွေ စာကောင်းကောင်းသင်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်)
မနှစ်ကဆို စာမေးမှာလည်းကြောက၊် ကျောင်းစာဆိုတာ စာမေးပွဲပြီးရင်မေ့ပစ်လိုက်ရမှာလို ဘာမှခေါင်းထဲမကျန်ကြတော့ပါဘူး။
ဒီနှစ်တော့ အလီပေါင်းတွေမေးရင်လည်း သွက်လက်နေကြပါပြီ။
အင်္ဂလိပ်စာလည်း အသံထွက်သိပ်အကောင်းကြီး မဟုတ်ပေမယ့် စာထဲသင်ရသမျှ မှတ်မိနေကြပါတယ်။
လောကနီတိ၊ ၃၈ဖြာမင်္ဂလာ၊ဆိုတာတွေကို အဓိပ္ပါယ် အတိအကျကြီး မဟုတ်တောင် ရွတ်လည်းရွတ် သိလည်းသိလာကြပါတယ်။
ငါးပါးသီလကို အရွတ်သာမက အဓိပ္ပါယ်ပါသိကြပါတယ်။
မနှစ်ကဆို အဒိန္နာဒါနာ=၊သူတစ်ပါးအသက်သတ်ခြင်းမှရှောင်တာ ဆိုတာမျိုး အလွဲ ဖြေကြပါတယ်။
၁တန်း၊၂တန်း၊သူငယ်တန်းတွေလည်း အဲဒီလိုပဲ ကိုယ်ရတဲ့စာတွေ အားကြိုးမာန်တက်ရွတ်ပြကြပါတယ်။
ကျောင်းနေတဲ့ ကလေး အားလုံးစာဖြေပြီးလို့ အကျီင်္တွေကလည်း ပိုနေသေးတာနဲ့ မေးခွန်းတွေမေးမယ်။ ဖြေနိုင်တဲ့သူကို အကျီင်္ဆုချမယ်ဆိုတော့ အားတက်သရော ဝိုင်းဖြေကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းသမီး ဘယ်သူလဲဆိုတော့ ကလေးတွေသိကြပါတယ်။ သူ့အမေ ဘယ်သူလဲဆိုတော့လဲ ဖြေနိုင်ကြပါတယ်။(ဟိုမော်ဒယ်တွေထက်သာတယ်နော်)
ကလေးတွေ မသိတာတစ်ခုက နေ့ကြီးရက်ကြီးတွေ ကျောင်းမှာမသင်လို့များလား သူတို့ မသိကြပါဘူး။
ကလေးတွေကို တစ်ကိုယ်ရေ သန့်ရှင်းရေး တွက် အိမ်သာတက်ပြီးတိုင်း လက်ဆေးသလားမေးတော့ ဆေးကြောင်း လက်ဝိုင်းထောင်ပြကြပါတယ်။
အမှိုက်တွေ ဘယ်လိုပစ်သလဲဆိုတော့ မြစ်ထဲကို ပစ်ကြပါတယ်တဲ့။
ဒါနဲ့ မြစ်ထဲ ချောင်းထဲ အမှိုက်ပစ်ရင် ဘယ်လို အန္တရာယ်ရှိကြောင်း နည်းနည်း ပြောပြပြီး နောင်ဆို စနစ်တကျစွန့်ပစ်ဖို့ သင်ပေးခဲ့ပါတယ်။
ကျောင်းမနေတဲ့ ကလေးတွေကိုတော့ သနားပေမယ့် လုံးဝမပေးပါဘူး။
စာသင်ချင်စိတ်၊စာကြိုးစားချင်စိတ်ဖြစ်အောင် ကျောင်းနေတဲ့သူ၊ သင်တဲ့စာကို တကယ် တတ်တဲ့သူတွေကိုပဲ ဆုချခဲ့ပါတယ်။
ကလေးတွေက အရင်လို ကြားဖြတ်တိုးတာ၊ ၂ခါ ၃ခါ မရသေးဟန်ဆောင်ယူတာမရှိတော့ပါဘူး။
စာဖြေနိုင်ရင် ဆုရမယ်ဆိုတာ ယုံကြည်လာကြပါတယ်။
ဆရာမမေးပါအုံး၊မေးပါအုံးနဲ့ ဝိုင်းပြောနေကြလို့ မနည်း ဖြတ်ပြီးပြန်လာရပါတယ်။
နောက်နှစ်သွားရင်တော့ အလွယ်တကူရှိတဲ့ အကျီတွေသာမက ကလေးတွေ ပိုနှစ်သက်မယ့် ကစားစရာ ဆန်းဆန်း ၊မှတ်သားစရာစာအုပ် ၊စာရေးကိရိယာလှလှပပ လေးတွေ ဝယ်ပြီး ဆုအဖြစ်ပေးအုံးမယ်လို့ စိတ်ကူးမိပါတယ်။
နောက်တစ်နေ့ကျတော့ သချိင်္ုင်းမှာ အဖေအမေအဖိုးအဖွားတွေရဲ့ အုတ်ဂူကို သွားကန်တော့ရင်းနဲ့ သုသာန်နားမှာ နေတဲ့ ကလေးတွေကို မုန့်ဝေရင်း ဒီလိုပဲ စာမေး ဗဟုသုတမေးလုပ်ခဲ့ပါတယ်။
ကျမတို့ ရပ်ကွက်လေးက အတန်းတူကလေးတွေလောက် ဉာဏ်ရည်မရှိသေးတဲ့အပြင် မေးရဖြေရမှာ
ကြောက်နေကြပါသေးတယ်။
သူတို့ စာတွေ မမှတ်မိ ကြ တော့ ဖြေနိုင်မယ်ထင်တဲ့ ဘုရားရှိခိုးမေးကြည့်ပါတယ်။အနားမှာ သုသာန်ဘုန်းကြီးကျောင်းရှိလို့ပါ။
ဘုန်းကြီးကျောင်းသားကွ ဆိုတဲ့ ကလေးလေးတစ်ယောက်ပဲ ထစ်ထစ်ငေါ့ငေါ့ ရွတ်သွားပါတယ်။
သူတောင်မှ ပါဏာတိပါတာဆိုတာ ဘာလဲ မသိပါဘူး။ရွတ်ရုံပဲတတ်တယ်ဆိုပါတော့။
ဒီလို ယှဉ်ကြည့်တော့မှ လွန်ခဲ့တဲ့ ၃နှစ် ယဉ်ကျေးလိမ္မာသင်တန်းလေးမလုပ်ပေးခင် ကျမရပ်ကွက်လေးက ကလေးတွေလည်း သုသာန်နားက ကလေးတွေလို မှန်တာကို မပြောရဲ မဆိုရဲ၊ ဘာမဆို လုယက်ယူချင် ၊ကျောင်းစာကို အလေးမထားဆိုတဲ့ စရိုက်ကလေးတွေရှိခဲ့တာပဲ။
၃နှစ်လောက်ကာလတွင်းမှာ တစ်နှစ်မှ တစ်ခါလေး ဘာမဟုတ်တဲ့ အကျီင်္လေးတွေ ပေးပြီး မဖြစ်စလောက်သင်ရုံနဲ့ ကလေးတွေရဲ့ စိတ်နေစိတ်ထားတွေ တိုးတက်လာရင်
ဒီပန်းကလေးတွေကို တကယ် နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေက စနစ်တကျ အချိန်ပေးပြုစုပျိုးထောင်ရင် ဘယ်လောက်တောင် လှတဲ့ ပန်းခင်းကြီး ဖြစ်လာမလဲလို့ တွေးမိပါတယ်။
သူငယ်ချင်းမေအေးဦးရဲ့ စကားလေး ယူသုံးပါရစေ။
ပွင့်သောပန်းတိုင်း လန်းစေချင်ပါတယ်။
30 comments
Ko chogyi
May 27, 2013 at 1:23 am
ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ
ငွေတွေကိုရေလိုလောင်း ဒီခေတ်စာသင်ကျောင်း။
padonmar
May 27, 2013 at 10:08 pm
ကိုချိုကြီးရေ
ကျမကလေးတွေရဲ့ မိဘတွေကတော့ မအောင်ချင်နေပါစေ၊ငွေကိုရေလိုမလောင်းနိုင်ပါဘူးတဲ့။
အဲဒီလို ငွေရေလောင်းနေကြတဲ့ မိဘတွေကြောင့်လည်း ပညာရေး အဆင့် နိမ့်နိမ့်လာရတာပါပါတယ်။
Ko chogyi
May 28, 2013 at 3:24 pm
ရေ(ငွေ)မလောင်းရင် ကိုယ့်ခလေး မျက်နှာငယ်မှာ
ဒုက္ခပေးခံရမှာကြောက်တော့ လောင်းရပါတယ်။
အခု ဘာကြေးမှ မကောက်ရဘူး၊ ပုံနှိပ်၊ လေ့ကျင့်ခန်းပေးတယ်ဆိုပြီး
လက်တွေ့မှာ မရကြပါဘူး။ ဘယ်လိုလုပ်ကြရပါ့မလဲ။
ဦးဦးပါလေရာ
May 27, 2013 at 7:26 am
တိုင်းပြည်အတွက် အုတ်တချပ်သဲတပွင့် ဆိုရရင်လဲ
ဒီအုတ်ချပ်က အကြီးကြီးပါကလား…
:harr:
တကယ်အလုပ်ဖြစ်တဲ့ မပဒုမ္မာကို ချီးကျူးအားကျပါတယ်ဗျို့……
အရီးခင်လတ်
May 28, 2013 at 3:17 pm
ကိုပါ့နောက်က ဆက်လိုက်မယ်။
အုပ်ချပ်အကြီးကြီးတောင် မဟုတ်။ အုပ်ချပ်တွေ အများကြီးဆက်ထားတဲ့ နံရံကြီး ထက်တောင် ပိုပါတယ်။ 😛
padonmar
May 28, 2013 at 8:32 pm
မလတ်
မအားတဲ့ကြားက ဝင်အားပေးသွားတာကိုး။
ရှဲ့ရှဲ့။
အလင်း ဆက်
May 27, 2013 at 7:46 am
လန်း သော ပန်းတိုင်းလည်းး
မွှေးစေချင် ပါတယ် ဗျာာာ
ကြက်အူလှည့်
May 27, 2013 at 8:09 am
ဗရာကြော်ပါ အာတီဒုံရေ …
နောင်နှစ်များမှာ ပူးပေါင်းပါဝင်ဖို့ ကူဖို့လှူဖို့ ဆန္ဒများစွာဖြစ်မိပါကြောင်း..
ခင်တဲ့
KZ
May 27, 2013 at 8:47 am
အာတီဒုံရေ။
နောက်ခါများမှာ ကျနော့ကို လက်တို့ပါဗျ။
နေခြည်မှာ ရွှေရည်လောင်းချင်လို့ပါ။
:hee:
ကျနော် ကိုယ်တိုင်လည်း နယ်ကျောင်းမှာပဲ စာသင်ခဲ့ရတဲ့ သူမို့။
သုံးတန်းကနေ ငါးတန်းအထိ နယ်က ဘုန်းကြီးကျောင်းထဲက စာသင်ကျောင်းလေးကို ဖိနပ်လေးချွတ်ကိုင်ပြီး သွားခဲ့ရတာပါ။
ခု ဓာတ်ပုံလေးတွေ ကြည့်ပြီး အတိတ်ကို လွမ်းမိပါသေးတယ်။
padonmar
May 28, 2013 at 6:03 am
မောင်ဂီနဲ့ မယ်ဆွိရေ
လက်တို့ပါပြောကြလို့ ကျေးကျေးပါ။
အန်တီက နှစ်တိုင်း မတ်လ 27 နဲ့ ဧပြီ 1 ရက် ကြား ပိတ်ရက် မှာ မြို့ပြန်ပါတယ်။
နောက်နှစ်ကျရင် လက်တို့ပါမယ်။
ကိုယ်ကြီးပြင်းရတဲ့ နေရာဆိုတော့ ကိုယ့်မှာပဲ အဓိက တာဝန်ရှိတယ်ယူဆလို့ အလှူမခံပဲ ကိုယ်တစ်နိုင်ပဲ လှူခဲ့တာပါ။
နောက်နှစ်ဆို ရွာသူားတွေဆီက အကြံဉာဏ်လည်း လိုချင်တယ်။
ကလေးလေးတွေကို အကျီထက်ပိုပြီး သူတို့ သဘောကျမယ့် (အခြားအပေါင်းအသင်းတွေကြားမှာ ငါတို့ ဆုရတာလို့ ကြွားလို့ရမယ့်)
ကစားစရာဆန်းဆန်းလေးတွေ၊ဖတ်စရာ စာအုပ်လှလှလေးတွေ၊စာရေးကိရိယာ ဆန်းဆန်းလေးတွေ ပေးချင်ပါတယ်။
မောင်ဂီတို့ မယ်ဆွိတို့နဲ့ လူငယ်တွေဆီက အိုင်ဒီယာရမယ်လို့ မျှော်လင့်ပါတယ်။
weiwei
May 27, 2013 at 9:41 am
ကြည်နူးဖို့ ကောင်းလိုက်တာနော် …
အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြနိုင်ခဲ့တာကို ဂုဏ်ယူပါတယ် .. အားလဲကျတယ် ..
ခင် ခ
May 27, 2013 at 9:58 am
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်´´
မြို့မကျောင်းတက်တုန်းက နေ့တိုင်းဖတ်ခဲ့တဲ့ဆောင်ပုဒ်လေးပါ။
လက်တွေ့မှာလည်း တကယ်ထိရောက်ပါတဲ့ ဆောင်ပုဒ်ပါဘဲလို့။
TNA
May 27, 2013 at 11:57 am
စိတ်ရောကိုယ်ပါ အားတက်သရောလုပ်ဆောင်မှု့ကိုအားကျပါတယ်အန်တီကြာရေ။ တကယ့်ကိုကလေးတွေ စိတ်ဓါတ်တိုးတက်လာတာတွေ့ရပါတယ်။ မနှစ်ကပိုစ့်လဲဖတ်လိုက်ရပါတယ်။ အခုပြန်မှတ်မိသွားပြီ။ အားကျပါတယ်။
padonmar
May 28, 2013 at 6:09 am
ဝေဝေ၊ကိုခင်ခ၊သည်းနုအေး
အားပေးကြတာ ကျေးဇူးပါ။
ကလေးလေးတွေဆိုတာ အနာဂတ်ရဲ့ အညွန့်အဖူးလေးတွေဆိုတော့ ကျမတို့ရွာသူားတွေ ကြုံကြိုက်တဲ့နေရာတိုင်းမှာ မြေတောင်မြှောက်တဲ့အလုပ် လုပ်ပေးကြပါစို့။
(ငွေပေးတာထက် စိတ်ဓာတ်အင်အားလေးတွေပေးပေးနိုင်စေချင်ပါတယ်)
kyeemite
May 27, 2013 at 1:17 pm
အန်တီဒုံရဲ့စေတနာ
ပန်းကလေးများအတွက်ပါ
ပန်းကလေးတွေဝေဆာသွား
တိုင်းပြည်သာယာသွား
နှစ်တိုင်းနှစ်တိုင်းလုပ်မယ်ဆို
ကျုပ်တို့ကိုလည်းဖိတ်ပါဗျို
အဟုတ်ကိုစေတနာထား
လုပ်နိုင်ပါစေ ထာဝစဉ်ဗျား…… :hee:
လေးစားချီကျူးပါတယ် ဒေါ်ပဒုမ္မာရေ…
padonmar
May 28, 2013 at 6:13 am
ဦးကြီးမိုက်
လက်တန်းကဗျာလေးကကောင်းလိုက်တာ၊(ကဗျာပြခန်းလည်းဖွင့်လိုက်တော့မှ ဒို့ဦးကြီးမိုက်ရဲ့ ကဗျာစွမ်းတွေ တွေ့ရတော့တယ်)
တကယ်ဖိတ်ရမှာလား၊လမ်းကြမးတယ်နော် မြို့ပြန်ရင် ၄- ၅နာရီလောက်မောင်းရတယ်။
ကျောက်ခဲမြိုသွား အစာကြေတဲ့နေရာလည်းရှိတယ်။
ရွာသူားတွေ လိုက်ချင်ရင် တကယ်စီစဉ်လိုက်မှာနော်။
ဦး ကျောက်ခဲ
May 28, 2013 at 11:44 am
အဟင့်… မရက်စက်ကြပါနဲ့ ခင်ဗျာ… ဒီဘွမှာ ပျော်ပျော်ကြီး နေပါရစေဦး…
:harr:
padonmar
May 28, 2013 at 8:27 pm
ဘွာတေးပါ ဦးကျောက်ကိုမေ့သွားလို့။
အော် ဦးကျောက်ခဲ ဆိုတော့ ကျောက်ခဲသီချင်းဆိုတဲ့ ဟို်မင်းသားကြီးရဲ့ သဇင် သီချင်းသတိရမိတယ်။
ဘာတဲ့…နှင်းရည်စိုလူး၊ရာသီဦးဝယ်၊ပွင့်လွှာဖြူဖွေး၊မာလာလေးရယ်…တဲ့။
အဲဒီ သီချင်းလည်းကောင်းတယ်နော်။
Ma Ma
May 28, 2013 at 9:57 am
ပဒုမ္မာရဲ့ ပုံပမာ မဟုတ်တဲ့ လက်တွေ့အသီးအပွင့်များးးးးးးးးးးး :hee:
may july
May 28, 2013 at 4:24 pm
ဖြူစင်တဲ့ ပန်းကလေးတွေ ပွင့်ဝေစေတဲ့ စိတ်ထားမြတ်သူရဲ့ ပျိုးထောင်မှုပဲနော် ..
လေးစားဂုဏ်ယူပါတယ် အန်တီ …. :hee:
padonmar
May 28, 2013 at 8:29 pm
မမနဲ့ မေဂျူလိုင်
အားပေးတာ ကျေးဇူးပါ။
မောင် ပေ
May 28, 2013 at 7:59 pm
ပြီးခဲ့တဲ့ ကြာသပတေးနေ ့တုန်းကပေါ့
မန်းတလေး ချမ်းမြသုခ နာရေးကူညီမှုအသင်း က အမှုဆောင် တစ်ယောက်နဲ ့တွေ ့တော့
အန်တီမာ တို ့ဘက်ပဲ ဗျ ။ ဟိုတစ်ခါ ဆေးရုံကို သွားလှူတဲ့ဘက် လေ
အဲ့နားက ရွာက စာသင်ကျောင်းမှာ ကျောင်းသူားတွေ အတွက် ထိုင်ခုံနဲ ့စာတင်ခုံတွေ လိုနေလို ့ သွားလှူကြမှာတဲ့
ဒါနဲ ့ ၊ တစ်ဆက်စာ ၃သောင်း၅ထောင်ကျပ် လှူဖြစ်ခဲ့တယ် ။
padonmar
May 28, 2013 at 8:31 pm
သာဓု သာဓု သာဓုပါ မောင်ပေရေ။
မြန်ပြည်တလွှား လိုအပ်ချက်တွေ အများသား။
Ma Ma
May 29, 2013 at 8:18 am
ဒီနှစ်ကျောင်းအပ်တဲ့ မိဘတွေဆီက ကြားရတာ ဝမ်းသာစရာသတင်းမို့ ပြန်မျှဝေလိုက်အုံးမယ်။
မူလတန်းကျောင်းသားတွေ အကုန်လုံး (အစိုးရကျောင်းတွေမှာ) ကို ကျောင်းအပ်တာ ဘာမှပေးစရာမလိုတဲ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီကို စာအုပ်၊ ဘောပင် စသဖြင့်ကျောင်းသုံးပစ္စည်းတွေ ဝေငှတဲ့အပြင် ခဲတံစတဲ့ အခြားပစ္စည်းတွေ ဝယ်ဖို့ ငွေ ၂၀၀ဝကျပ်ပါ ပေးတယ်လို့ သိရပါတယ်။
ဘက ကျောင်းတွေပါ မပါ မသိရပါ။
ဟင်းစားပေးတာထက် ကွန်ချက်ပြတာက ပိုအကျိုးများပေမယ့်…
လောလောဆယ် စားဖို့သောက်ဖို့အတွက် ဟင်းစားအရင်ပေးပြီး
ရေရှည်စားသောက်နေထိုင်ဖို့အတွက် ကွန်ချက်ပြမယ်ဆိုရင်….. :hee:
Ma Ma
May 29, 2013 at 8:20 am
ဂျပန်နိုင်ငံက လှူဒါန်းတာလို့ သိရပါတယ်။
kyaw hteik
May 30, 2013 at 10:44 pm
ဝမ်းသာပီတိ ကြည်နူးမိပါတယ် အန်တီ Padonmar ခင်ဗျာ။နှစ်စဉ်နှစ်တိုင်း ပိုမိုလှူတန်းနိုင်ဖို့အတွက်
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီ စီးပွားဥစ္စာ ဒီရေအလာ တိုးတက်အောင်ပြုလုပ်နိုင်ပါစေ။
မဟာရာဇာ အံစာတုံး
May 31, 2013 at 12:12 am
အပေါ်ဆုံးက …
လက်ပိုက်ထားတဲ့ ဟိုကလေးပုံကို ကြည့်ပြီး
တော်တော် သဘောကျမိသွားတယ် …
သူ့ပုံစံက ငါကွ လို့ ပြောနေသလို …
စကားမစပ် ….
ခေါင်းစဉ်ကို ကြည့်ပြီးတော့ ငယ်ငယ်က ရွာကျောင်းမှာ သံပြိုင်ဟစ်ခဲ့တာကို ပြေးပြီး သတိရမိလို့ ပြုံးမိပါသေးတယ် ….
ဘာတဲ့ …
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း၊ ဟောင်းလောင်း ….”
Shwe Ei
May 31, 2013 at 3:09 pm
သများလဲလိုက်ချင်တယ် အန်တီဒုံ…
မလိုက်ဖြစ်ရင်တောင် လှူချင်တယ်။
အဝတ်အစားတွေက အသစ်ဘဲလှူရသလား…အဟောင်းတွေလှူလို့ရောရသလား
သိချင်ပါတယ်ရှင့်။
padonmar
May 31, 2013 at 9:53 pm
ကိုကျော်ထိုက်
ဆုတောင်းလေးတွက် ကျေးကျေးပါ။
…
မောင်အံ
ဟုတ်ပါ့၊လက်ပိုက်ထားတဲ့ ချာတိတ်က စာမေးတာ မဖြေနိုင်တဲ့သူလေ။
ဒါပေမယ့် ခပ်မာမာပဲ။ရင်ကိုကော့လိုက်သေး။
..
ရွှေအိ
သွားဖြစ်ရင် ခေါ်မှာနော်။
အဝတ်တွေက အန်တီကတော့ ပေးရတာ မျှအောင် အသစ်ပေးတာပါ။
ဒါပေမယ့် သူတို့ရော သူတို့မိဘတွေရော တော်တော်ဆင်းရဲကြတော့ အဟောင်းတွေ လှူလည်းဝမ်းမြောက်ဝမ်းသာရှိကြတာပဲ။
(တခါတလေ ဆွေမျိုးတွေဆီက အဟောင်းတွေတောင်းပြီး စက်ရုံက ကလေးမလေးတွေ၊ပဲရွေးတဲ့ အလုပ်သမလေးတွေကို ဝေပေးရင် သူတို့ သိပ်ပျော်ကြတာပဲ)
သူတို့ အနေနဲ့ ဝယ်မဝတ်နိုင်၊ဝယ်ဝတ်နိုင်တောင် ဖောဖောသီသီ ဘယ်ဟုတ်မလဲ။
ကိုယ့်အဟောင်းက သူတို့တွက် သစ်တောင်နေပါတယ်။
အဟောင်းပေးရတာ အားမနာပါနဲ့။
တကယ် လိုအပ်တဲ့နေရာကို ရောက်သွားတာ ဝမ်းသာပါ။
ပြီးခဲ့တဲ့ အပတ်ကတောင် ကိုထွန်းဝင်းလတ် ပို့စ်တင်လာတော့မှ ကျောင်းဖွင့်ခါနီး စာရေးကိရိယာတွေ လိုမှာပဲ ဆိုပြီး အဲဒီကလေးတွေတွက် ဗလာစာအုပ်တစ်ဒါဇင်၊ခဲတံ၊ပေတံ၊ဘောပင်၊ခဲဖျက် တွေ ဝယ်ပြီးပေးခိုင်းလိုက်ရတယ်။(ဝေးဝေးက ကလေးတွေတွက် လှူသလို နီးနီးလေးကိုကျတော့ မေ့နေတတ်တယ်လေ၊မိုချိုတောင်ရေးသေးတယ်)
လှူဖို့ သတိရစေတဲ့ ကိုထွန်းဝင်းလတ်နဲ့ ကိုထူးဆန်းကို ကျေးဇူးတင်ပါတယ်။
.ကျမတို့.မြို့က လူငယ်လေးတွေ ဦးဆောင်ပြီး အဲသလိုပဲ ဆင်းရဲတဲ့ ကျောင်းက ကလေးတွေတွက် ကလေးထီး လေးတွေ လှူအုံးမယ်တဲ့။(ထီးတစ်လက် ၂၀၀ဝ တဲ့)
ကိုယ်ကနောက်လိုက်ပါ။
ထီးမရှိတဲ့ ကလေးတွေမှာ ကြွပ်ကြွပ်အိတ်ကြီးကြီးတွေ ဆောင်းပြီး ကျောင်းတက်ရတယ်တဲ့။
မိုးသိပ်သည်းရင်တော့ ကျောင်းပြေးရတော့တာပေါ့။
ဒါကြောင့် ဒီနှစ် အစိုးရကလည်း စာရေးကိရိယာထောက်ပံ့မယ်ဆိုတော့ လိုနေမယ့် ထီးလှူကြမယ်လို့ တိုင်ပင်ထားကြပါတယ်။
ရွာသူားတွေကို ကုသိုလ်အမျှပေးတာပါ။(နီးစပ်ရာတွေမှာ လိုအပ်တာတွေ ဖြည့်နိုင်ကြပါစေ)
padonmar
March 23, 2014 at 1:53 am
အခုမှ ပို့စ်အဟောင်းပြန်ရှာကြည့်မိတယ်။
သူများတွေ ပြောတဲ့အတိုင်း ဓာတ်ပုံတွေ ပျောက်ကုန်ပါရော့လား။
နှမျောလိုက်တာ။