Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကျုရှင်ခ´´

ခင္ခMay 27, 20131min48416

“ကျုရှင်ခ´´

 

သားလေးအရွယ် ၅ နှစ်ကွယ်

သမီးလေးအရွယ် ၅ နှစ်ကွယ်

ကျောင်းစထားဖို့ ပြင်ကြမယ်

ကျောင်းအပ်နှံကြ မိဘရယ်၊

 

လာမည့် ဇွန်လ ကျောင်းဖွင့်ကြတော့

ထို ၅ နှစ်ကလေး လွယ်အိတ်လေးနဲ့

ကျောင်းစတက်ပြီး ပျော်ကြမည်

နောက်ကအရိပ် လိုက်ပါခဲ့မှာ ကျုရှင်ပါတဲ့

မထားလည်းမကောင်း ထားလည်းမကောင်းမို့

မဖြစ်မနေ ထားရပေမည်

မထားချင်ကြ ရွှေးချယ်ပြပေါ့

ကိုယ်ပိုင်ကျောင်းသို့ ပို့ကြတော့လည်း

ကျုရှင်ခအပါ ယူကြသည်။

 

ကျောင်းအပ်နှံခ အခမဲ့မို့

သက်သာမိဘ မထင်ကြနဲ့

ဆင်ဖိုးထက်မက ချွန်းဖိုးကျမည်

ကျုရှင်ခများ ကုန်ကြလေသတည်း။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

16 comments

  • TNA

    May 27, 2013 at 3:03 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး မှန်လွန်းအားကြီးလို့ သွေးထွက်သွားပါဂျောင်း။

  • သုရှင်

    May 27, 2013 at 3:13 pm

    ကျူချင်ကျူချင်
    ကျူချင်ရှိလို့လဲ
    ပညာရေးတိုးတက်လာတယ်မထင်ပါနဲ့။
    ကျူချင်ခ အပိုကုန်တယ်။
    ဒုံရင်းတဲ့လေး။

  • Myo Thant

    May 27, 2013 at 3:23 pm

    သားကတော့ ကျူရှင်မထားရတော့ပါဘူး ၊
    သူ့ကျောင်းက လစဉ် စာမေးပွဲစစ်ပြီး အမှတ်နည်းတဲ့ဘာသာကို စနေမှာ အချိန်ပိုခေါ်သင်ပါတယ် ၊
    အရင် အစိုးရ အ – မ – က ကျောင်းမှာတုန်းကတော့ သူ့ဆရာမဆီမှာ ကျူရှင်တက်ရပါသဗျာ ၊

  • KZ

    May 27, 2013 at 4:12 pm

    ကိုကြီးခ

    အနော် ကျူရှင်သွားမို့ ကျူရှင်ခပေးပါ။
    ဒီနေ့နောက်ဆုံးပေးရမှာ။

    :kwi:

    • ခင် ခ

      May 27, 2013 at 4:49 pm

      KZ နော် အရင်ကပြောတော့ ကျောင်းအပ်ခဘဲ ပေးဆို။
      အခု ကျောင်းအပ်ခ အခမဲ့ဆိုတော့ ကျုရှင်ခ ဘက်လှည့်တောင်းနေပါရောလား။
      ဘယ်လိုလုပ်ရပါ့လိမ့်နော်။

  • လင်းဇော် ထက်

    May 27, 2013 at 5:20 pm

    ကျူရှင်ခ ယူချင်ကျ
    အပူမမြင်က လူချဉ်ပ

  • Mr. MarGa

    May 27, 2013 at 8:39 pm

    ကျောင်းနဲ့ ကျူရှင် လုံးချာလိုက်
    ကလေးခမျာ ငိုက်တိုက်တိုက်
    လွယ်အိတ်နဲ့လူနဲ့မလိုက်
    :kwi: :kwi: kwi:

  • kyaw hteik

    May 28, 2013 at 2:04 pm

    အ​မေရိကနိုင်​ငံမှာ​တောင်​်​ မလိုက်​နိုင်​​သောဘာသာရပ်​ကို ကျူရှင်​ယူရပါတယ်​။ကျူရှင်​ပြတာအဓိကပြသာနာမဟုတ်​။ဆရာ ဆရာမများ​ကျောင်​းမှာ စာ​ကောင်​း​ကောင်​းသင်​ပြဖို့က
    အဓိကပြသာနာပါ။စာမလိုက်​နိုင်​​သော ဘာသာကိုတာ ကျူရှင်​ယူရမယ်​ဆိုရင်​​ကောင်​းပါတယ်​။
    ဒါ​ပေမယ်​့ ဆရာ/ဆရာမ​တွေရဲ့ ဝင်​​ငွေနှင်​့စိတ်​ဓာတ်​များကို အရင်​ပြုပြင်​ရမယ်​လို့ထင်​ပါတယ်​။
    အစိုးရမှပြုပြင်​​ပြောင်​းလဲ​ရေးကို အ​ခြေခံမှစ၍အလုံးစုံတပြိုင်​နက်​ပြုပြင်​လုပ်​​ဆောင်​ရပါမယ်​။
    ဒါမှပညာ​ရေးဘက်​စုံဖွံဖြိုးတိုးတက်​လာမယ်​လို့ အကြံပြုပါရ​စေ။​ကျေးဇူးတင်​ပါတယ်​။

  • ကို ငြိမ်းမောင်

    May 28, 2013 at 2:21 pm

    kyaw hteik ရေ အမှန်ပါဘဲဗျာ။ အခုဟာက ကျောင်းမှာထက် ကျုရှင်ကျမှ ဆရာ ဆရာမ အများစုက သင်ကြတာရယ်၊ သူတို့ဆီကျုရှင်မယူတဲ့ကလေးဆို ပညာပြမဲတာရယ်တွေကြောင့် ဘာသာစုံကို ကျုရှင်ယူနေရတယ်လေ။ ကိုယ်ပိုင်ကျောင်းတွေက ကျုရှင်ယူစရာမလိုအောင် တကယ် သင်ကြလို့ ကောင်းတယ်ဆိုပေမယ့် တစ်နှစ်စာပေးရတဲ့ကြေးကလည်း မနည်းပါဘဲမို့ မိဘတိုင်း မတက်နိုင်ဘူးလေ။ တကယ်စေတနာ ဆရာ ဆရာမ တွေ ပြန်လည်ပေါ်ထွန်းပါစေလို့ဘဲ ကိုယ့်ကလေးကျောင်းပို့ရင်း ဆုတောင်းနေမိပါတယ်လေ။

  • may july

    May 28, 2013 at 4:04 pm

    ကျူရှင် ကျူရှင် ဆိုတော့ ဘယ်ကျူရှင်လဲ အေ့..
    ကျောင်းက ဆရာမသင်တဲ့ ကျူရှင်လား … အပြင်ကျူရှင်လား …
    ဈေးတော့ကွာတယ်နော် … အဆင့်လဲ ကွာလိမ့်မယ် …
    ကဲကဲ ကျောင်းအပ်ရင် တစ်ခါတည်း စာရင်းပေးထားမယ်နော် … ကျူရှင်ကိစ္စ :kwi:

    • ခင် ခ

      May 28, 2013 at 4:16 pm

      မေဇူလိုင်ရေ ဘယ်ကျုရှင်ဘဲ ဖြစ်ဖြစ် အခုခေတ်က ကျောင်းသာဆို ကျုရှင်က မလွတ်ဘူးလေ။
      သူငယ်တန်းကစပြီးကို ကျုရှင်ယူနေရတာလေ။
      အခု မိဘတွေကျောင်းအပ်တာနဲ့ ကလေးကကျောင်းမတက်ရသေးဘူး အတန်းပိုင်က ကျုရှင်ပြသလား ဘယ်မှာလဲ ဘာသာစုံလား အဲဒါတွေပါ မေးမြန်းစုံစမ်းနေရပြီလေ။

  • မောင် ပေ

    May 28, 2013 at 7:26 pm

    ဒီလိုပါပဲ
    ကျူရှင်တွေကြားထဲ
    ယောင်ချာချာ
    ငေးမောတွေးရင်းနဲ ့…
    ဝင်ငွေကနဲ
    ဘယ်လိုလုပ်မလဲ
    အဖေအမေတွေထိုင်ကာ ဆွေးနေရဲ ့…
    ( ဘစ်ဘက် ၏ သီချင်း ကို စာသားပြောင်းလိုက်၏ )

    • ခင် ခ

      May 29, 2013 at 9:11 am

      တယ်ဟုတ်ပါလား လုံမလေးရေ။
      သမီးခေးရရင် လာလည်ကာ ကြည့်အုံးမယ်နော်။

  • ko pauk mandalay

    May 29, 2013 at 9:47 am

    ကျနော်တို့ငယ်ငယ်က ကျုရှင်ဆိုတာ မလိုက်နိုင်မှယူကြတာ.။
    အခုက ကျူရှင်မယူတဲ့သူက စာမလိုက်နိုင်တော့ဘူးလေ။

    • ခင် ခ

      May 29, 2013 at 11:28 am

      အခုက အများအားဖြင့် ကျောင်းမှာထက် ကျုရှင်မှ ဆရာ ဆရာမတွေက ပိုကောင်းအောင် သင်ကြသကိုး ကိုပေါက်ရေ။

Leave a Reply