မောင်ပီတာလေး
***အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်…
အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက သားဦးကို… နောက်တော့
သူလည်းညီလေးတစ်ယောက်
ထပ်ရလာပါရော..
အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တယ်…
တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတယ်…
ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း
သူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တယ်…
အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရောဗျာ..
***အဲဒီကောင်လေးကို မောင်ပီတာလေးလို့ သူကိုခေါ်တာပေါ့..
ပီတာလေးက ကျောင်းသွားတော့ အဲဒီနေ့က ကျောင်းကစောဆင်းပေးလိုက်တယ်..
သူလည်း ပျော်ပျော်နဲ့ အိမ်ကိုပြန်လာပါရော…
အိမ်ထဲလည်းဝင်ရော သူ့မိဘတွေပြောတဲ့စကားတစ်ခွန်းကို
နားစွန်နားဖျား ကြားလိုက်တယ်…
” ချစ်လေး.. သားသားလေးယူမလား.. မီးမီးလေးယူမလား..”
ဆိုတော့ မောင်ပီတာလေးက အခန်းထဲပြေးဝင်လာပြီး
” ဒါဆို သားကိုလည်း စက်ဘီးတစ်စီး ”
***မောင်ပီတာလေးကို သူ့အဖေက စာကြိုးစားအောင်ဆိုပြီး
မက်လုံးတစ်ခုပေးလိုက်တယ်..
” သား စာမေးပွဲမှာ အဆင့် (၁)ရရင် စက်ဘီးတစ်စီးဝယ်ပေးမယ်”
“အဆင့်(၂)ရရင် နာရီတစ်လုံးဝယ်ပေးမယ်”
စာမေးပွဲဖြေပြီး မောင်ပီတာလေး report card လေးကိုင်ပြီး
သူ့အဖေဆီကို ပြေးလာတယ်…
“ဖေကြီး ကျွန်တော့်ကို စက်ဘီးရော နာရီရော ဝယ်ပေးတော့”
“ဟာဖြစ်လို့လဲ.. အဆင့်(၁)ရလို့လား ဒါမှမဟုတ် အဆင့် (၂)ရလို့လား”
“ဟုတ်တယ်… အဆင့် (၁)ရော (၂)ရော နှစ်ခုလုံးရတယ်…”
လို့ပြောပြီး သူ့အဖေကို ကတ်ပေးလိုက်တယ်..
ကြည့်လိုက်တော့ အဆင့်က ( ၁၂ ) တဲ့..
***မောင်ပီတာလေးမှာ ညီလေးတစ်ယောက်ရှိပြန်ရောတဲ့..
ဒါပေမယ့် သိတဲ့အတိုင်း ပဲသူက ညီကိုမှမချစ်တာကို..
တစ်ညမှာ သူတို့ရဲ့မိဘနှစ်ယောက် ချစ်ရေလူးနေတာကို မောင်ပီတာလေးကိုတွေ့တော့
သူ့ညီကိုလက်လေးနဲ့တို့ပြီးနိုးလိုက်တာပေါ့…
သူညီကလည်း သူတို့ အဖေနဲ့အမေဘာလုပ်နေကြလဲဆိုတာကို စိတ်ဝင်တစားနဲ့
ထိုင်ပြီးကြည့်နေတာကို.. သူ့ရဲ့အဖေကြီးကတွေ့သွားပြီး..
အငယ်ကောင်ကို ရိုက်ပါလေရောတဲ့..
အဲဒီအချိန်မှာဘေးမှာအိပ်နေတဲ့ မောင်ပီတာလေးက
” အဖေကြီး ဒီကောင့်ကို တွယ်တာတွယ်.. ကျွန်တော်ပြောသားပဲ..
အိပ်ကြည့်လည်း ရပါတယ်လို့ပြောတာကို ဒီကောင်ဘာသာ ထကြည့်နေတာ..”
လို့ပြောလိုက်တာနဲ့ သူ့ကိုပါ တွယ်ပါလေရောတဲ့…
***မောင်ပီတာလေး ကျောင်းကိုလာတော့ မျက်ကွင်းတစ်ဘက်ညိုနေတယ်..
ဆရာမ… ” ပီတာ ဘာလို့မျက်ကွင်းတစ်ဘက်ညိုနေတာလဲ”
ပီတာ…” ကျွန်တော်က အဖေနဲ့အမေရဲ့ဘေးမှာအိပ်ရတာ..
ညတုန်းကအဖေက ကျွန်တော့်ကို သားအိပ်ပြီးလာလို့မေးတယ်..
ကျွန်တော်က မအိပ်သေးဘူးလို့ပြန်ဖြေတယ်..
နည်းနည်းကြာတော့ ထပ်မေးတယ်.. သားအိပ်ပြီလား.. ကျွန်တော်က
မအိပ်သေးဘူးလို့ထပ်ဖြေတယ်.. အဲဒီမှာ ကျွန်တော့်ကို လက်သီးနဲ့
ထထိုးတော့တာပဲဗျာ…
ဆရာမ…” ဒါဆိုဒီနေ့ညကျရင် အိပ်ချင်ယောင်ဆောင်လိုက် ”
ပီတာ …” ဟုတ်ကဲ့ပါ ဆရာမ ”
နောက်တစ်နေ့ကျောင်းသို့လာတော့ပီတာလေး မျက်ကွင်းနှစ်ဖက်ညိုနေတယ်…
ဆရာမ.. ” ပီတာလေး ဘာလို့နှစ်ဖက်လုံးညိုသွားရတာလဲ..”
ပီတာ…” ဆရာမပြောသလိုပဲ ညက ကျွန်တော်လုပ်ပါတယ်..
အဖေက မေးတယ်.. မောင်ပီတာလေး အိပ်ပြီးလားလို့မေးတော့.
ကျွန်တော်လည်း အိပ်ချင်ယောင်ဆောင်နေလိုက်တယ်..
အဲဒါမှာ.. အဖေကပြောတယ်…
” ကဲ မေကြီး.. လုပ်ငန်းစကြရအောင် ” တဲ့..
ကျွန်တော်လည်း သိချင်လို့… ဘာလုပ်မလို့ဟင် လို့မေးလိုက်တယ်ဗျာ..
အဲဒါနဲ့ ကျွန်တော်ကို လက်သီးနဲ့ ထထိုးပါလေရောဗျာ..”
2 comments
maypearl
July 28, 2010 at 9:51 am
မောင်ပီတာလေးရဲ့ဇာတ်လမ်းတွေကကောင်းပါတယ်
နောက်ကိုလည်းတင်ပေးပါဦး
ကျေးဇူး
kopauk mandalay
July 28, 2010 at 12:04 pm
ဖတ်ကြည့်ရင်ရီစရာကောင်းပါတယ်။
ကိုယ်ဝတ်လယ်မှာတော့အကြောက်သားဗျာ။