ပေးကြ၊ ယူကြရာဝယ်

who whoMay 28, 20131min2369

တစ်နေ့ တစ်နေ့ ကျနော်တို့ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝတစ်နေ့တာကို စာရင်းချုပ်ကြည့် လိုက်တော့ ပေးတာနဲ့ ယူတာ တလှည့်စီ လုပ်နေရတာကို သွားတွေ့မိပါတယ်။ ဈေးဝယ်တော့ ကျသင့် ငွေကို ပေးတာနဲ့ ဈေးသည်ပေးတဲ့ ပစ္စည်းကို ယူတာနဲ့ ဒီမှာလည်း အပေးနဲ့ အယူအလုပ်ပဲ လုပ်နေရ တယ်။ နောက် အလုပ်လုပ်တဲ့အခါ ကိုယ်က လုပ်အား၊ ဉာဏ်အားတွေ ပေးပြီးတော့ ရတဲ့လခတွေကို ယူနေရပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေမှာလည်း ကိုယ်ကပေးလိုက်၊ သူများက ယူလိုက်နဲ့ အပေးအယူ အလုပ်တွေ ဖြစ်နေလိုက်တာ။

ဒီနေရာမှာ ပြောချင်တာက ကိုယ်ရလိုက်တဲ့ ပစ္စည်းတွေအပေါ် တန်ဖိုးလေး သိဖို့တော့ လိုလာပြီ။ ပစ္စည်းရဲ့ တန်ဖိုးက ဘာလဲ ဆိုတာလေးပြောမယ်နော်။ တို့တွေ ပစ္စည်းတစ်ခု ဝယ်မယ် ဆိုရင် သူ့မှာ ကပ်ထားတဲ့ ဈေးနှုန်းတွေရှိတယ်လေ။ ဒါကတစ်ထောင်၊ ဒါက တစ်သောင်း စသဖြင့်ပေါ့၊ ဒါကိုပဲ ဒီပစ္စည်းရဲ့ တန်ဖိုးလို့သိထားကြတယ်နော်။ အခုပြောမယ့် တန်ဖိုးကတော့ ဉာဏ်လေးနဲ့ သိရမယ့် တန်ဖိုးပေါ့။

ဘယ်ပစ္စည်းပဲရရ၊ ဘယ်လောက်တန်တဲ့ ပစ္စည်းမျိုးပဲ ဖြစ်ပါစေ ကိုယ်လက်ထဲ ရောက်လာရင် ပဲ သူရဲ့တန်ဖိုးဟာ “စွန့်ရမှာ” ဆိုတာလေးနဲ့လက်ခံလိုက်ပေါ့။ ကိုယ်ကမစွန့်ရင်သူကစွန့်သွားမှာပဲ။ ဒီတော့ တစ်ခုခုကို ရလိုက်တာနဲ့ဪ ဒီပစ္စည်းလေးမှာ ပါလာတဲ့ သူ့ရဲ့တန်ဖိုးကတော့ စွန့်ဖို့ပါပဲလားလို့သိပေးပါနော်။ ဒီလို တန်ဖိုးကိုသိလို့ပဲ ကိုယ်ကဒီပစ္စည်းကိုလှူဒါန်းလိုက်ရင် ဒါသည် တန်ဖိုးသိပြီး လှူတဲ့အလှူလို့ ပြောလို့ရသွားပါပြီ။ ဒါက ပေးလှူတဲ့ပုဂိ္ဂုလ်မှာ ရှိရမယ့် နှလုံးသွင်းလေး ပေါ့။

နောက် လက်ခံတဲ့ပုဂိ္ဂုလ်ဖက်ကို ပြောဦးမယ်။ သူများပေးတာကို လက်ခံတဲ့ပုဂိ္ဂုလ် အနေနဲ့ လည်း စွန့်ရမယ့် သဘောသဘာဝလေးကို အာရုံပြုပြီး လက်ခံရပါမယ်။ ငါဘယ်လောက်တန်ကြီးရ တယ်လို့ သဘောမထားပဲ ကိုယ်နဲ့ထိုက်တာရတယ်လို့နှလုံးသွင်းရပါမယ်။

ဒီနေရာမှာစွန့်ခြင်းနဲ့ပတ်သက်လို့ပြောချင်ပါသေးတယ်။

သီလသည် လုပ်အားကို စွန့်ခြင်း၊ သမထသည် အာရုံကို စွန့်ခြင်း၊ ဝိပဿနာသည် ခန္ဓာကို စွန့်ခြင်းပဲလို့ သိရပါမယ်နော်။

ဒီမှာ ပေးခြင်းအင်္ဂါ(၃)ပါးရှိတယ်။ တစ်ခုခုကို ကိုယ်က ပေးလိုက်တဲ့အခါတိုင်း စိတ်မှာ နှလုံးသွင်းရမှာက

(၁)စွန့်လွတ်မယ်၊

(၂)စွန့်လွတ်တယ်၊

(၃)စွန့်ပြီးတာကို ဝမ်းသာတယ်။ လို့ ဒီပေးခြင်း အင်္ဂါလေး(၃)ပါးနဲ့ပေးပါ။

လှူတဲ့အခါမှာလည်း“ ၃ တန် စေတနာ ထက်သန်စွာဖြင့် စွန့်လွတ်ရတဲ့ ဒါန” သည် ငြိမ်းရာ ငြိမ်းကြောင်း ရောက်စေဖို့လမ်းဖြောင့်ကြီး သဖွယ်ဖြစ်ပါတယ်။ တနည်း ပြောရရင်တော့ ဒါန သည် မနှောင်အဖွဲ့မှ လွတ်မြောက်စေခြင်းပါပဲ။ ကိုယ်က ပစ္စည်းပေါ်မှာ စွဲထားတဲ့ အနှောင်အဖွဲ့ကနေ စွန့်လွှတ်လိုက်တယ် ဆိုတော့ လွတ်သွားတာပေ့ါနော်။ တစ်ခု စွန် ့ပြီးရင် တမျိုး သက်သာသွားတယ် နော်။ ဒါဆို ဒါန နဲ ့ စွန် ့စွန် ့ပြီးတိုင်း လူဟာအနှောင်အဖွဲ့ကနေ လွတ်လွတ်သွားနိုင်လို့ ပိုပြီးပေါ့ပါး လာတာမျိုး ဖြစ်ရမှာနော်။ ဒါကြောင့် တန်ဖိုးအမှန်ကို သိပြီးမှ လှူတဲ့အလှူကသာတန်ဖိုးရှိစေမှာ ဖြစ်ပါတယ်။

နောက် သူများပေးတာ ယူရတဲ့အခါမှာလည်း ယူခြင်း အင်္ဂါ(၂)ပါးနဲ့ယူပေါ့။

(၁) ထိုက်တာကိုပဲရပါတယ်၊

(၂) ရတာကိုပဲကျေနပ်တယ် ဆိုတာလေးပါပဲ။

ဒီလို ပေးခြင်း ၊ ယူခြင်း အပေါ်နှလုံးသွင်းမှန်စွာ ထားလိုက်ခြင်းကြောင့် ငါ့ပစ္စည်းပါသွားပြီဆိုတဲ့ လောဘ၊ ဒေါသတွေနဲ့ ငါ့ကျ ဒါပဲရတာလားဆိုတဲ့ ရတဲ့အပေါ် ဖြစ်လာတဲ့ လောဘ၊ ဒေါသစိတ် လေးတွေကို အဝင်မခံတော့လို့ အကုသိုလ်နည်းသွားတာပေါ့။ ဒါတွေက တရားနာခြင်းဖြင့် ရလိုက်တဲ့ အသိလေးတွေပေါ့။

တစ်နေ့တစ်နေ့ ကိုယ်ကပေးလိုက် သူများက ယူလိုက်၊ သူများက ပေးလိုက်၊ ကိုယ်က ယူလိုက်နဲ့ အပေး ၊ အယူနဲ့လွတ်တဲ့နေ့ကိုမရှိပါဘူး ။ ဒါတောင် တစ်ခါတလေ သူများက စေတနာ အပြည့်နဲ့ပေးတာ ကိုယ်က အလကားလည်းယူသေး ဂျီးကလည်း များသေးတယ်။ မကြိုက်ဘူး၊ ကြိုက်တယ်နဲ့ ဒီရတဲ့အပေါ်မှာ အလကားနေ ဒေါသထွက်နေသေး တတ်တာနော်။ ဒါက နှလုံးမသွင်း တတ်သေးလို့ပေါ့နော်။

အင်း ခုလိုတွေ ရေးနေရတာကိုက သိထားတာတွေကို စွန့်လွတ်နေတယ်။ အရင်စွန့်ပြီး တာတွေအတွက်လည်း ဝမ်းသာနေမယ်။ နောက်ထပ်လည်း စွန့်လွတ်ဦးမယ်။ ဒါက အပေး အပေါ် နှလုံးသွင်းတာနော်။ နောက် ဖတ်ရတဲ့လူတွေဖက်က နားလည် သွားပုံချင်း ကွာသွားမှာနော်။

ပေးတဲ့လူက ပေးတုန်းကတော့၁၀၀%နဲ့စွန့်လိုက်ပြီ။ ဖတ်ရတဲ့ လူတွေထဲက ၅၀% ပဲနားလည်သွားတာလည်းရှိမယ်၊ ၁၀၀%လုံး နားလည်သွားတာလည်းရှိမယ်၊ ဘာတွေရေးတာမှန်း မသိဘူး ရှုပ်နေတာပဲဆိုပြီး လုံးဝ နားမလည်တာလည်း ရှိမယ်။ တစ်ခုခုတော့ ရနေမှာပဲ။

အဲဒီ ရနေတဲ့ အပေါ်မှာ “ထိုက်တာကိုပဲ ရပါတယ်”၊ “ ရတာကိုပဲ ကျေနပ်တယ်” လို့ နှလုံးသွင်းလို်က်ရင် ကိုယ်ရသလောက်အပေါ် အကုသိုလ်ကင်းစွာနဲ့လက်ခံသွားနိုင်ပြီလေ။ လူတိုင်း ဟာ ကိုယ်နဲ့ထိုက်သလောက်တွေပဲ ရနေကြတာပါ။ မထိုက်တာကို လိုချင်တဲ့ လောဘကြောင့် မထိုက်လို့ မရတဲ့အပေါ် ဖြစ်လာတဲ့ဒေါသတွေပါ ထပ်ဆင့် တိုးလာလို့ ဒုက္ခတွေပိုနေကြရတာပေါ့ ဘာပဲဖြစ်ဖြစ် အရာအားလုံးအပေါ် ပေးတဲ့အခါ၊ ယူတဲ့အခါ နှလုံးသွင်းမှန်စွာနဲ့ ပေးနိုင်၊ ယူနိုင်ကြစေဖို့ ရည်ရွယ်လျက် အခုကိုပဲ ကိုယ်သိတာလေးတွေကို “စွန့်လွတ်မယ်” ၊ “စွန့်လွတ်တယ်” ၊ “စွန့်ပြီးတာကို ဝမ်းသာတယ်” နော် ။ ဒီစာလေးဖတ်ပြီး ယူခြင်းအင်္ဂါ (၂) ပါးနဲ့ ယူနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း တော်လောက်ပြီနော် ။

9 comments

  • KZ

    May 29, 2013 at 8:23 am

    မှန်ပါတယ်ဗျာ။
    ကျနော် ကိုယ်တိုင် လက်ခံထားတာကလည်း …..

    ပေးတဲ့လူက ပေးချင်သလောက်ပေး ရတဲ့ သူက ထိုက်သလောက်ပဲ ရမှာပါ။

    ရေးတဲ့ သူကလည်း ကြိုက်သလောက်ရေး ဖတ်တဲ့သူ လက်ခံနိုင်သလောက်ပဲ နားလည်မှာပါ။

    ခွိခွိခွိ။
    တစ်ချို့ ဉာဏ်ကြီးရှင်များကျတော့လည်း ပေးတာထက် ပိုယူချင် ပိုရချင်…..
    ပြောတာထက်ကို နားလည်နေရလောက်အောင် စန်းစန်းတင့်ဖြစ်တတ်ကြတာကလား။။
    နိုင်ငံ အရေးတွေမှာသာကြည့်!!!

    :kwi:

    ဝှူးဝှူ စာလေးတွေက ဖတ်လို့ ယူလို့ အရမ်းကောင်း၏။
    :hee:

  • ဦးကြောင်ကြီး

    May 29, 2013 at 9:02 am

    ဟေ့ယောင်ကပေ…
    ဟူးကို
    ဗူးနဲ့နော်
    ဒူးစာကျွေးလိုက်လို့
    ရှုးပေါက်မရဖြစ်ချင်လား.. :stop:

    • မောင် ပေ

      May 29, 2013 at 8:34 pm

      ဟေ့ ကိုကြောင်ကြီး
      ဝှူဝှူး ဘက် ကို လှည့်မလာစမ်းပါနဲ ့
      ဂိုး ဂိုး တူဒီ အီတွန် ့ဗွမ်
      :stop:

  • ခင် ခ

    May 29, 2013 at 9:21 am

    ပေးကားပေး၏ မရပေါ့နော်။
    မှန်ပါတယ် မိမိနဲ့ထိုက်တန်သလောက်ဘဲ ရကြတာပါ။
    သဂျီးတောင် ကိုယ်တန်ရာဘဲ ရမယ်လို့ မြန်မာပြည်သူတွေကို ပြောတာ အမှတ်ရမိတယ်ဗျ။

  • အရီးခင်လတ်

    May 29, 2013 at 5:02 pm

    ဟုတ်ပ ဟူးဟူးရေ။
    တစ်ခါတစ်ခါ ပေးပြီးမှ နောက်မှာ စိတ်က ဝိစိကိစ္စာ ခေါ်မလား။
    မပေးရ အကောင်းသား တွေ ဘာတွေ ဖြစ်တတ်တာ အမှန်ဘဲ။
    ဒါနဲ့ နောက်စိတ်က မနဲပြန်ဖြတ် ရတာတွေ လဲ ရှိဖူးပါတယ်။
    အဲဒါမကောင်းတာ သိသိချည်း နဲ့ စိတ်က မထားတတ်တော့ အကုသိုလ် ကိုပြောင်းသွားတာ။

    ဒါကြောင့် အလှူခံ သူတွေကလဲ လှူသူတွေ စိတ်ထဲမှာ လှူလိုက်ရတာ ကို တန်ဖိုးရှိတယ် လို့ ခံစားလို့ ရအောင် လဲ တုန့်ပြန်တတ်တဲ့ ပညာကလဲ အရေးကြီးသလားလို့။
    ပေးလှူသူတွေ ဆိုတာက အားလုံးဟာ စိတ်ထားတတ်သူ တွေ၊ နဂိုပြည့်နေသူတွေ၊ မှန်ရာကို နှလုံးသွင်း တတ်သူတွေ မဟုတ်တာကိုး။

    Reminder စာလေး တစ်ခု ထပ်ဖတ်ရလို့ ကျေးဇူးနော်။

  • kyaw hteik

    May 30, 2013 at 1:18 am

    ပြန်​လည်​စွန်​့လို့ ​ကျေးဇူးတင်​ပါတယ်​။ကျ​နော်​လည်​း ရထိုက်​သ​လောက်​ ရသွားပြီး / ရသ​လောက်​လည်​း​ကျေ
    နပ်​​သွားပါတယ်​ ခင်​ဗျာ။

  • ကြက်အူလှည့်

    May 30, 2013 at 9:02 am

    ၁ကွက်ကာတွန်းလေး တခုသွား သတိရတာရယ်..
    အလှူခံ ဖလား ပိုက်ထားတဲ့လူက အာပေါင်အာရင်းသန်သန်နဲ့ စေတနာ-၃တန် ပြဌန်း၍ ..ဘာညာ အော်နေတုန်း
    လူတယောက်က လမ်းထိပ်က ဆိုင်းဘုတ် ကိုလက်တို့ပြီး ပြနေတဲ့ပုံ…။
    ဆိုင်းဘုတ်မှာရေးထားတာက ၃တန် နှင့် အထက် မဝင်ရ တဲ့…

    တိန်…

    နောက်တာပါဗျာ ..အပေး-၃ပါး အယူ၂ပါးကို သေချာ ဖတ်သွားပါကြောင်းးးးး.

    ခင်တဲ့ ..

  • weiwei

    May 30, 2013 at 9:22 am

    နေ့တိုင်းလိုလို အပေးအယူမတည့်တဲ့ ပြသနာတွေနဲ့ ဒေါသတွေ ထွက်နေကြရတာ ..
    ဈေးထဲသွားပြီး သားငါးဝယ်တဲ့အခါ အသိသာဆုံးပေါ့ ..
    ကြက်သားဝယ်တဲ့အခါ ဈေးသည်က အလေးခိုးတယ် .. ဈေးလဲတင်တယ် … အပေါက်လဲဆိုးသေးတယ် …
    ဝယ်ရတဲ့သူက အလေးခိုးတာကိုလဲသိတယ် .. ဈေးကြီးတာလဲသိတယ် .. ဒါပေမယ့် မေးမိပြီးမှတော့ ဝယ်လိုက်ရတယ် .. အပေး အယူ မမျှတာပေါ့နော် ..
    အဲဒီလိုအခါမှာတော့ ထိုက်တာကိုလဲရပါတယ်လို့ နှလုံးသွင်းဖို့ခက်ခဲတာကြောင့်မို့လို့ …

    အခုလို သတိပေးစာလေးအတွက် ကျေးဇူးတင်ပါတယ် …

  • black chaw

    May 30, 2013 at 5:06 pm

    မမြင်ရတာအတော်တောင်ကြာပြီနော် whowho ရေ…။
    ကွန်းမန့်မရေးဖြစ်ပေမယ့် အားပေးနေပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော…။

Leave a Reply