Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ် နံဘေးက သစ်ပင်…။

black chawJune 6, 20131min71424

၂၀၀၁ ခုနှစ်လောက်က ရေးခဲ့တဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်အကြိုက်တွေ့နေမိပါတယ်…။
တစ်ပုဒ်လုံးထဲကမှ အောက်က ၂ ကြောင်းထဲကို ခိုက်နေမိတာပါ…။

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့

တဲ့…။
အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။
သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။
သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။
မြစ်ကြီးကတော့ ပုံစံမျိုးစုံနဲ့ စီးဆင်းနေခဲ့တာပေါ့…။
ဘယ်လိုပဲဖြစ်ဖြစ်…
ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ။
—————————————————————–
မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဆိုတာတွေကို ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့…
စောင့်ကြည့်နေခဲ့ဖူးပါတယ်…။
ကြည့်နေရင်းတန်းလန်းမှာပဲ…
ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျံ ရှိတ်စပီးယား ရဲ့ ကဗျာလေးတစ်ပိုဒ်ကိုသွားသတိရမိပါတယ်…။

နှင်းဆီပန်း ကို ဘယ်လိုပဲ အမည်ပေးပေး
မွှေးမြဲမွှေးလျက်သာ

တဲ့…။ ဟုတ်တာပေါ့ဗျာ…။
နှင်းဆီပန်းကို ခွေးသေးပန်းလို့ နာမည်ပေးရင်လည်း သူ့ရဲ့ ကိုယ်ပိုင်ရနံ့မွှေးမွှေးကတော့ ပျောက်ပျက်မသွားနိုင်ပါဘူး…။
ထို့အတူပါပဲ…။
ခွေးသေးပန်းကို နှင်းဆီပန်းလို့ နာမည်ပြောင်းလိုက်ရုံနဲ့ ရနံ့မွှေးမွှေးရမလာနိုင်ပါဘူး…။
အတွေးတွေက အဲဒီမှာတင်ရပ်မသွားဘူးခင်ဗျ…။
တသွင်သွင်ဆက်စီးသွားတဲ့ မြစ်ရေတွေလိုပါပဲ…။ အဆက်မပြတ် တွေးမိတယ်ပေါ့…။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ဘယ်လိုများနာမည်ပေးကြမှာတဲ့လဲ…။
ပေးချင်တဲ့နာမည်ပေးကြစမ်းပါ…။
နှင်းဆီပန်း နဲ့ တင်စားကြမလား…။
ခွေးသေးပန်း လို့ပဲ ကင်ပွန်းတတ်ကြမလား…။
လူတွေရဲ့စိတ်ကို တက်ကြွလန်းဆန်းစေတဲ့ သင်းပျံ့တဲ့မွှေးရနံ့ မရှိတာကတော့ သေချာပါတယ်…။
စိတ်ခံစားမှုကို ဦးစားပေးပြီး ဦးနှောက်မပါတဲ့ လုပ်ရပ်တွေများဖြစ်နေပြီလား…။
ခွေးသေးပန်းလို့ နာမည်ပေးလိုက်ရမှာ ကျွန်တော်ကတော့ တော်တော်အားနာနေမိပါတယ်…။
အဲဒီလို အားနာတတ်တဲ့စိတ်ကြောင့်ပဲ မြစ်နံဘေးက သစ်ပင်ဖြစ်နေတာပေါ့…။
မြစ်ထဲမှာတော့ မြစ်ရေတွေက အဆက်မပြတ် စီးဆင်းနေဆဲပဲပေါ့…။
——————————————————————-
ဒီနေ့ခေတ်လွှတ်တော်ကျင်းပနေပုံကို မြန်မာနိုင်ငံသားတွေ တိုက်ရိုက်ကြည့်ရှုခွင့်ရနေကြပြီဆိုတာကလည်း
သိသာထင်ရှားတဲ့အပြောင်းအလဲတစ်ခုပါပဲ…။
လွှတ်တော်ထဲက လွှတ်တော်အမတ်တစ်ယောက်ရဲ့ ဆွေးနွေးသွားမှုကိုလည်း အခုလို ကြားသိလိုက်ရပါသေးတယ်…။

မကြာမီရက်ပိုင်းအတွင်းတုန်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ ရှိတဲ့ မြန်မာသံရုံးကို အကြမ်းဖက် ဗုံးခွဲဖျက်စီးရန်
ကြံရွယ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ကြံစည်မှုကို အိမ်ရှင် အင်ဒိုနီးရှားအစိုးရက ကြိုတင်သတင်းဖေါ်ထုတ်
တားဆီးကာကွယ်ခဲ့တာကို ကျွန်တော်တို့တွေ့ရပါတယ်…။
အိမ်ရှင်အစိုးရအနေနဲ့ သတင်းကွင်းဆက် ဆက်လက်ဖေါ်ထုတ်ပြီးတော့မှ အဲဒီ အကြမ်းဖက်သမားအုပ်စုကိုလည်း
ထိရောက်ပျင်းထန်တဲ့ ပြစ်ဒဏ်များချမှတ်ခဲ့တာလည်း ကျွန်တော်တို့ ဝမ်းမြောက်ဖွယ် ကြားသိခဲ့ရပါတယ်…။
ဒီလုပ်ဆောင်မှုဟာ အင်ဒိုနီးရှားအနေနဲ့ နိုင်ငံကြီးပီသမှု…၊
နိုင်ငံကြီးသားပီသမှု ကို ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်…။
ဒါကို ကျွန်တော်တို့ နမူနာ ယူသင့်ပါတယ်…။
ကျွန်တော်တို့ ပြည်တွင်းမှာလည်း မူဆလင်ဘာသာလူနည်းစုသာမဟုတ်ပဲနဲ့…
အခြားဘာသာဝင်လူနည်းစုများ အပါအဝင် နိုင်ငံသားတိုင်းရင်းသားတစ်ရပ်လုံးရဲ့
အသက်အိုးအိမ်စည်းစိမ်ကို ကျွန်တော်တို့ အပြည့်အဝကာကွယ်ပေးနိုင်ဖို့အတွက်ကို
လွှတ်တော်ကြီးနဲ့တကွ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့…
ကာကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း တင်ပြလိုပါတယ်…။

ကျွန်တော်ကတော့ လွှတ်တော်အမတ်ရဲ့ ဆွေးနွေးမှုကို နားထောင်ရင်း အင်ဒိုနီးရှားအစိုးရရဲ့…
နိုင်ငံကြီးသားပီသမှု
ကို ပီတိဖြစ်နေမိပါတယ်…။
သူတို့သာ မသိကျိုးကျွံပြုနေခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးကလည်း တစ်ဆက်တည်းဝင်လာခဲ့ပါတယ်…။
အဲဒီကနေ တစ်ဆက်တည်းတွေးမိတာက ကျွန်တော်တို့လည်း မသိကျိုးကျွံ ပြုမထားသင့်ဘူး ဆိုတဲ့ အတွေးပါ…။
မြစ်ရေတွေကတော့ အဆက်မပြတ်စီးဆင်းနေတာပါပဲ…။
—————————————————————–
ရန်ညှိုးဆိုတာ ပင်လယ်နဲ့တူပါတယ်…။
ရန်ညှိုးပင်လယ်ဆိုတာ ရူပကအလင်္ကာဖြစ်ကြောင်း အထက်တန်းကျောင်းမြန်မာစာသင်ရိုးမှာ သင်ခဲ့ဖူးတယ်…။
ရန်ညှိုး ဆိုတာ ပင်လယ်လိုပဲ အဆုံးမရှိပါဘူး…။
ကိုယ်ကသူ့ မိသားစုဝင်တွေကို သတ်ရင်…၊ သူကလည်း ကိုယ့်မိသားစု ဝင်တွေကို ပြန်သတ်ဖို့ ကြိုးစားမှာပါပဲ…။
တလောလေးကပဲ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက မေတ္တာရပ်ခံချက်တစ်စောင် ပေးပို့လာတာ
ဖတ်လိုက်ရပါသေးတယ်…။
နည်းနည်းလေး ဖတ်ကြည့်ကြပါဦးဗျာ…။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် ရေကြည်ရာ မျက်နုရာဆိုသလို အတွေ့အကြုံကောင်းလည်းရ…၊ ဝမ်းလည်းဝဆိုသကဲ့သို့ မလေးရှားနိုင်ငံကိုထွက်ခွာပြီး မလေးရှားနိုင်ငံမှာ
အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ရ သိန်းကျော်ရှိပါတယ်…။ မိတ္ထီလာပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့
မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ဘယ်လောက်မျက်နှာငယ်နေရတယ်ဆိုတာကို မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့
မိဘပြည်သူများ ကိုယ်ချင်းစာစိတ်နဲ့ ဒေါသကိုထိန်းသိမ်းပေးကြပါ…။ အတတ်ပညာတွေ သိုမှီးပြည့်စုံတဲ့အခါ အမိ မြန်မာနိုင်ငံကို ပြန်လာကြပြီး မြန်မာနိုင်ငံကြီး ကမ္ဘာအလယ် ဝင့်ထည်ရေးအတွက် ကျွန်တော်တို့ အောက်ကျခံပြီး
အတွေ့အကြုံကောင်းတွေရှာနေတယ်ဆိုတာ မမေ့ကြပါနဲ့…။ ရခိုင်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ကျွန်တော်တို့ နိုင်ငံသားတွေ
မလေးရှားမှာ ဘယ်လောက် ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရသလဲဆိုတာ ကျွန်တော်တို့ပဲ သိပါတယ်…။ အခု ဒုတိယအကြိမ်လာပြန်ပါပြီ…။ ရပ်တန်းက ရပ်ကြပါတော့…။ ဘာသာရေးအဓိကရုဏ်းအသွင် မဆောင်ကြပါနဲ့တော့…။
တစ်ယောက်နဲ့ တစ်ရာ နှုန်း ကျွန်တော်တို့ ဒုက္ခရောက်အောင် ရန်မီးတွေမပွားကြပါနဲ့တော့…။
နိုင်ငံနဲ့ လူမျိုးကိုချစ်တယ်…။ ဘာသာကိုချစ်တယ် ဆိုရင် ပယောဂတွေနဲ့ မြှောက်ထိုးပင့်ကော်လုပ်ပေးနေမှုတွေကို
နားမယောင်ကြပါနဲ့တော့…။ ဘယ်ဘက်ကကြည့်ကြည့် ရှုံးရမယ့်အခြေအနေမှာ သိက္ခာရှိရှိ၊ မေတ္တာဓါတ်အပြည့်နဲ့
သဘောထားကြီးမပေးနိုင်ကြဘူးဆိုရင်တောင် ပြည်ပမှာ ရောက်နေတဲ့ ငါတို့နိုင်ငံသား ရ သိန်းကျော်ဆိုတဲ့ အနာဂါတ်
ကိုတော့ ထည့်တွက်ပေးကြပါ…။

ဒါ မိတ္ထီလာ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ မလေးရှားရောက် မြန်မာတွေက ပေးခဲ့တဲ့ မေတ္တာရပ်ခံစာပါ…။
မကြာခင်ကပဲ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ အသတ်ခံရကြောင်းကြားသိလိုက်ရပါတယ်…။
စီးဆင်းနေတဲ့ မြစ်ရေတွေကို ငေးကြည့်နေရင်း ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်…။
ဘာများတတ်နိုင်ကြပါသလဲ…။
အော် ရန်ညှိုးပင်လယ်…။
မြစ်ဆိုတာကတော့ စဉ်ဆက်မပြတ်စီးဆင်းနေတာပဲပေါ့…။
—————————————————————–
မြန်မာနိုင်ငံသားတွေဟာ ကောက်ရိုးမီးလို စိတ်ဓါတ်ရှိသူတွေများ ဖြစ်နေကြပြီလား…။
တမြေ့မြေ့လောင်ကျွမ်းနေတတ်တဲ့ ဖွဲမီးလိုစိတ်ဓါတ်မျိုးရှိနေစေချင်တာပါ…။
အောင်မြင်မှုတွေဟာ ဖွဲမီးလို တမြေ့မြေ့လောင်ကျွမ်းတဲ့စိတ်ဓါတ်ပိုင်ရှင်တွေ အတွက်သာဖြစ်ပါတယ်…။
တစိုက်မတ်မတ် ကြိုးစားမှုကသာ အောင်မြင်မှုကို ရရှိနိုင်တယ်လို့ ကျွန်တော်ကြားဖူးပါတယ်…။
ပြီး…ပြီးရော မေ့လွယ်…ပျောက်လွယ် စိတ်ဓါတ်ပိုင်ရှင်တွေ မဖြစ်ကြစေချင်ပါဘူး…။
သွေးဆူလွယ်တာ ဂုဏ်ယူစရာမဟုတ်ပါ…။
သတ်ဖြတ်မှုတွေကိုလည်း မမြင်လို မကြားလိုပါ…။
လူတွေရဲ့ အသက်တွေကို တရားလက်လွတ် သတ်ဖြတ်ခြင်းသည် ပြသနာတစ်ခုကိုပြီးဆုံးစေခြင်းမဟုတ်ပဲ
ပိုမိုရှုပ်ထွေးသွားနိုင်ကြောင်း ဆင်ခြင်တုံတရားရှိကြစေချင်ပါသည်…။
လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား…၊ ဘာသာတစ်ခုနဲ့ တစ်ခုကြား ရန်ညှိုးတွေကိုလည်း မမြင်တွေ့လိုပါ…။
ကျွန်တော်ကရောတဲ့…။
ကျွန်တော်က ကြောက်တတ်တဲ့ လူတစ်ယောက်ပါ…။
သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။
မြစ်ထဲမှာတော့ ရေတွေက တသွင်သွင်စီးဆင်းနေဆဲပါပဲ…။
ဟုတ်ကဲ့…ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ…။

သစ်ပင်ဘလက်…။

24 comments

  • uncle gyi

    June 6, 2013 at 10:43 pm

    မြစ်နံဘေးကသစ်ပင်ဆိုလို့ ့လွတ်မယ်မထင်နဲ့
    ့မြစ်ရေတိုက်ရင်ပါသွားအုန်းမယ်နော်ကိုဘလက်ရဲ့
    မြန်မာမှာဖြစ်တဲ့အဖြစ်တွေကြည့်ရတာဇာတ်လမ်းတူရုပ်ရှင်ကိုကြည့်ရသလိုဖြစ်နေတယ်
    မှုခင်းတခုဖြစ်မယ်
    ပေါက်ကွဲလူစုရောက်လာမယ်
    လုပ်ချင်ရာလုပ်ရဲကရပ်ကြည့်နေမယ်
    နောက်မှဝင်ထိမ်းမယ်
    ထူးခြားတာကလုပ်တဲ့သူတွေ
    ဘယ်တော့မှမြန်မြန်ဆန်ဆန်မဖမ်းမိဖူး
    ဖမ်းထားသူတွေလည်းပြစ်ဒါဏ်ကျတယ်ဆိုတာမတွေ့သလောက်
    ဂျာနယ်တွေ သတင်းစာတွေတာဝန်မကျေတာလည်းပါမယ်ထင်ပါတယ်
    ရှေ့မှာထိရောက်တဲ့ပြစ်ဒါဏ်မရှိတော့နောက်လုပ်တဲ့သူတွေပိုလုပ်ရဲလာတာလည်းပါမယ်ထင်ပါတယ်
    နောက်ကွယ်မှာထိမ်းချုပ်စေခိုင်းသူရှိတယ်ဆိုတာအားလုံးကလက်ခံထားတယ်
    အစိုးရကလည်းမဖော်ထုတ် ဂျာနယ်တွေ သတင်းစာတွေကလည်းမဖော်ထုတ်
    ဖော်ထုတ်ဖို့ခက်လောက်အောင်ပိရိနေသလား
    ဒါမှမဟုတ်အစိုးရကမဖော်နိုင်လည်း အခုဂျာနယ်တွေသတင်းစာတွေကကော မဖော်ထုတ်ပဲ
    ဘာလုပ်နေကြသလဲလို့မေးလိုက်ချင်ပါရဲ့
    ရခိုင်ကထားတော့
    ကျန်တဲ့နေရာတွေမှာဖြစ်သွားတာတွေကိုကြည့်ရင်
    လူမျိုးခြားကိုဦးတည်ပေမဲ့နောက်ဆုံးမီးရှို့ပြီးလုတာနဲ့အဆုံးသတ်သွားတာချည်းပဲ
    မီးရှို့ကတည်းကကိုယ့်လုူမျိုးအိမ်တွေလည်းပါပြီလေ

    အစိုးရကလည်းမဖော်ထုတ်
    ဂျာနယ်တွေ သတင်းစာတွေကလည်းမဖော်ထုတ်နဲ့
    ဒီဇာတ်ကဆက်လက်ကအုန်းမှာသေချာသလောက်ပါ
    ပြည်သူတွေဘာဆက်လုပ်မလဲသေချာစဉ်းစားရမှာပါ
    စတည်တာလူ၅ဝ အများဆုံး၁၀ဝလောက်ပါ
    အဲဒီလူလောက်ကိုရပ်ကွက်ကလူဦးရေနဲ့သေချာထိမ်းချုပ်နိုင်ပါတယ်
    ရပ်ကွက်ညီဖို့လိုတာပါ
    ဘာလူမျိုးညာလူမျိုးမခွဲခြားပဲရပ်ကွက်သူရပ်ကွက်သားစိတ်နဲ့
    အားလုံးညီရင်သူတို့ဘာမှလုပ်လို့မရပါဖူး
    အားလုံးညီစေရမှာပါ
    အားလုံးညီမှဒီလူတွေကိုထိမ်းလို့ရမှာပါ
    အခုလိုကိုယ်နဲ့မဆိုင်သလိုဘေးထိုင်ကြည့်နေလို့ကတော့
    ကိုယ့်အိမ်လည်းဘယ်နေ့မီးဘေးတွေ့မလဲကြိုတွေးထားရတော့မှာပါ

    • black chaw

      June 7, 2013 at 6:02 am

      @ uncle gyi ;
      ပထမဆုံး ရေးပေးခဲ့တဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ အန်ကယ်ကြီးရေ…။
      ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခ တွေအတွင်းမှာ
      ကျွန်တော်တို့ လုပ်ပေးနိုင်ခဲ့တာ ဘာများရှိခဲ့လို့လဲ အန်ကယ်ကြီးရယ်…။
      သတင်းတွေကို နားစွင့်နေခဲ့ရတာပဲ မဟုတ်ဘူးလားဗျာ…။
      ဒီ့ထက်ပိုပြီး လုပ်နိုင်တာရော ဘာများရှိခဲ့ကြပါသလဲ…။

      အခုလိုကိုယ်နဲ့မဆိုင်သလိုဘေးထိုင်ကြည့်နေလို့ကတော့
      ကိုယ့်အိမ်လည်းဘယ်နေ့မီးဘေးတွေ့မလဲကြိုတွေးထားရတော့မှာပါ

      မြစ်နံဘေးက သစ်ပင် ဆိုတဲ့ပို့စ်ကို
      ဘေးထွက်ထိုင်နေတာပဲကွာလို့ မတွေးပဲ
      အနုပညာတင်ဆက်မှုတစ်ခု ပုံစံတစ်ခု အဖြစ်ကြည့်ပေးရင်
      ပိုအဆင်ပြေသွားနိုင်ပါတယ်ခင်ဗျာ…။
      လေးစားချစ်ခင်တဲ့…
      ဘလက်ချော…။

    • စနေ

      June 7, 2013 at 10:04 am

      အန်ကယ်ကြီးရေ …
      ရပ်ကွက်သူ/သားတွေက ညီပါတယ် …
      ဒါပေမဲ့ မြို့နယ်တခုမှာ ကောလဟာလ ထွက်ပြီဆိုရင်
      ရဲမှူးတွေက ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီး
      တကယ်လို့ ပြဿနာတခုခုဖြစ်ရင် ကိုယ့်ဘက်က ဘာမှ ပြန်မလုပ်နဲ့ …
      သူ့တို့ဆီကို ဖုန်းဆက်ပါ … ချက်ခြင်းလာမယ်ဆိုပြီး ခေါ်ပြောပါတယ် …
      အဲလိုခေါ်ပြောတာလဲ စဉ်းစားစရာပဲ ……..
      ပြီးရင် ပြဿနာဖြစ်ပြီးမှ သူတို့ရောက်လာမယ် …

  • kyaw hteik

    June 6, 2013 at 10:51 pm

    မြစ်​ကမ်​းန​ဘေးထိုင်​​နေ​ပေမယ်​့
    မင်​းခ​ယောကျာင်္ ကမ်​းနားသစ်​ပင်​
    အစိုးမရ ပျက်​ဆီးတတ်​တယ်​
    လို့ကြားဖူးပါတယ်​။
    ​ဘေးထိုင်​​နေ​ပေမယ်​့ အဲဒီဂရက်​က
    ကိုယ်​နဲ့ဆိုင်​လာတတ်​တယ်​ ခင်​ဗျာ။
    သတိ​လေးနဲ့ ထိုင်​ကြည်​့ပါလို့
    အကြံပြုပါရ​စေ ခင်​ဗျာ။

    • black chaw

      June 7, 2013 at 6:09 am

      ဟုတ်ကဲ့…။
      သတိလေးနဲ့ ကြည့်ထိုင်ဖို့ သတိပေးသွားတာ
      ကျေးဇူးပါ ကိုကျော်ထိုက်ရေ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ခင်ဗျာ…။
      လေးစားချစ်ခင်တဲ့
      ဘလက်ချော…။

  • အရီးခင်လတ်

    June 6, 2013 at 10:56 pm

    မလေးရှား မှာ စိတ်မကောင်းစရာ တန်ပြန်မှု တွေ ဖြစ်လာတာ မျိုး ကို တော့ လူ့အခွင့်အရေး အော်ပေးနေသူတွေ ဆီက အသံ မကြားရသေးဘူး။
    ကိုယ့်အလှည့် မှာတော့ ဘယ်သူ ကမှ စာနာစကား ကမ်း မပြောကြဘူး။

    • black chaw

      June 7, 2013 at 6:18 am

      ှ@ အရီးခင်လတ် ;
      ရန်ညှိုးပင်လယ် ကြီးထဲမှာ
      အဆုံးမရှိသော လက်စားချေခြင်းတွေ
      မမြင်ချင်…မကြားချင်ပါဘူးအစ်မရေ….။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါအစ်မရေ…။

  • kyaw hteik

    June 6, 2013 at 11:00 pm

    ရပ်​ကွက်​ကလူ​တွေနဲ့ ထိန်​းရင်​ရတယ်​ ဆို​ပေးမယ်​့
    လူအများစုက ကိုယ့်​ထမင်​းကိုယ်​ ယတ်​ခတ်​ပဲစားချင်​ကြပါတယ်​။
    ရပ်​ကွက်​ကထိန်​းလို့ လက်​လွန်​ရင်​ ကိုယ်​ပဲဒုက္ခ​ရောက်​ကြမှာပါ။
    သူတို့ကလုပ်​ရင်​ကြ ပြဿနာက မရှိပါ။မြန်​မာပြည်​မှာ တစ်​ခုခုမဖြစ်​လိုက်​နဲ့
    ဆွမ်​းကြီး​လောင်​းမယ်​့သူက အများကြီးပါ။မလွယ်​ကူပါ။
    အဓိက အစိုးကထိန်​းချင်​ရင်​ အလွယ်​​လေးပါ ခင်​ဗျာ။

  • kai

    June 7, 2013 at 6:20 am

    ဟိုးးးးးးးးးးးး ရှေးရှေးကတဲ့..
    ပြည်တန်ဆာမတယောက်ကတဲ့..
    ဂဂါ င်္မြစ်ကမ်းနားကနေ.. သစ္စာဆိုလိုက်တာ.. မြစ်ကြိးရေလှန်ပြန်ဆန်သွားသတဲ့..

    ပုံပြောပြတာ..
    အာဟိ… :kwi:

  • Ma Ma

    June 7, 2013 at 6:33 am

    ုမြစ် နံဘေးက သစ်ပင်တဲ့ လားးးးး…..
    တင်စားလိုက်ပုံလေးက သင်းလိုက်တာ။ :hee:

    မလေးက သတင်းတွေကြားပြီး ပြည်ပရောက်နေတဲ့ မြန်မာများကိုရော၊ ဒီမှာကျန်နေတဲ့တဲ့ သူတို့ရဲ့မိသားစုတွေကိုရော ကိုယ်ချင်းစာမိပါတယ်။

    (သွေးဆူလွယ်တာ ဂုဏ်ယူစရာမဟုတ်ပါ…။
    သတ်ဖြတ်မှုတွေကိုလည်း မမြင်လို မကြားလိုပါ…။) ဆိုတာကို ထောက်ခံပါတယ်။
    လူထုအနေနဲ့ သူများယောင်တိုင်း လိုက်မယောင်ပဲ စဉ်းစားဆင်ခြင်ဉာဏ်ရှိကြဖို့ လိုနေတာကို ကလောင်လက်နက်နဲ့ အစွမ်းပြလိုက်နိုင်ပါပေတယ်။ :hee:

    • black chaw

      June 7, 2013 at 6:54 am

      @ MaMa ;
      တကယ်တော့…
      ကျွန်တော်တို့အားလုံးဟာလည်း…
      မြစ်နံဘေးက သစ်ပင်တွေချည့်ပါပဲ မမရေ…။
      အခုလိုစီးဆင်းခြင်းတွေမှာ
      ကျွန်တော်တို့ကိုုယ်တိုင်လည်း
      ဘာတွေများ လုပ်ပေးနိုင်ကြလို့လဲဗျာ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ မမရေ…။

  • black chaw

    June 7, 2013 at 6:44 am

    @ kai ;
    စာရေးတဲ့လူတွေ ဟာ
    သူတို့ဖြတ်သန်းတဲ့ခေတ်ကို မပြင်နိုင်ကြပါဘူးလို့
    ကြားဖူးပါတယ်သူကြီးရေ…။
    ဆိုတော့…
    အဲဒီ ပြည့်တန်ဆာမ ဒီခေတ်ကိုပြန်လာပြီး
    သစ္စာဆိုမယ်ဆိုရင်တောင်
    စီးနေတဲ့ မြစ်ရေတွေ ပြန်ဆန်တက်လိမ့်မယ်လို့
    ကျွန်တော်မထင်ပါဘူး သူကြီးရေ…။

  • weiwei

    June 7, 2013 at 8:44 am

    မြစ်တို့၏မာယာ ..
    မြစ်ကမ်းနံဘေးကနေ ထိုင်ကြည့်နေရင်း မာယာများလွန်းတဲ့ မြစ်အကြောင်း တွေ့မြင်ရတာပေါ့နော် …
    ဒါပေမယ့် သစ်ပင်အမြင့်ကြီးပေါ်ကနေ ထိုင်ကြည့်မှသာ များများမြင်နိုင်မှာလို့ ဖြန့်တွေးသွားပါတယ် ..
    မြစ်နံဘေးက မြင့်မားသောသစ်ပင် ..

  • KZ

    June 7, 2013 at 8:56 am

    ကိုယ့် စကားတစ်ခွန်း
    ကိုယ့် လုပ်ရပ်တစ်ခု
    ကိုယ့် အတွေး တစ်ချက်ဟာ
    ဘယ်သူတွေကို
    ဘယ်အချိန်မှာ
    အကျိုး ဘယ်လောက် သက်ရောက်မယ် လို့ မသိနိုင်တဲ့ အခြေအနေမျိုးမှာတော့
    ဘာမှ မပြောမလုပ်မတွေးပဲ
    ငြိမ်ပြီးပဲ တိတ်တိတ်လေး ငေးနေချင်ပါရဲ့။
    တခြားသူတို့ ပြုလုပ်ထားတဲ့ အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးတရားရေစီးနဲ့ မျော မပါသွားခင်ထိပေါ့။
    ~~~

    ဖြစ်ချင်တာကိုပြောတာပါဗျာ။
    မနေနိုင်ပါဘူး။
    ပင်ကိုယ်စရိုက်ကို က ဟို အော် ဒီ အော် ပရမ်းပတာကိုး။
    :harr:

    • marblecommet

      June 7, 2013 at 11:58 am

      ဗရာဗို……….

  • nozomi

    June 7, 2013 at 10:54 am

    မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ နဲ ့ ပတ်သက်ပြီး
    မြင်ရ ကြားရတာ
    စိတ်မ‌ကောင်းဘူး
    မဖြစ်‌စေချင်ဘူး
    ကိုယ့်လူတွ ရဲ ့ အသိဉာဏ် ပညာ ကိုလဲ အားမလို အားမရ ဖြစ်ရတယ်
    ဒါ‌ပေမဲ့လဲ ကိုယ့် အ‌နေအထား ကိုယ်တတ်နိုင်တာ နဲ ့
    ( သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
    သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ )
    ကျွန်တော် လဲ မြစ်နံဘေးက သစ်ပင် တစ်ပင်ပါ ပဲ ။

    မြစ်‌လေးထဲ မြင်‌တွေ ့ ‌နေရတာ‌တွေထဲက
    သင်ခန်းစာ ယူစရာ ရှိတာ ယူရင်း
    ကိုယ်တိုင် မိသားစု ပတ်ဝန်းကျင် မှာပဲ
    ရပ်တည်ချက်မှန်ဘို ့ ကြိုးစား‌နေရတယ်

  • ရွှေတိုက်စိုး

    June 7, 2013 at 11:06 am

    မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ဘယ်လောက်မျက်နှာငယ်နေရတယ်ဆိုတာကို မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့
    မိဘပြည်သူများ ကိုယ်ချင်းစာစိတ်နဲ့ ဒေါသကိုထိန်းသိမ်းပေးကြပါ…။ အတတ်ပညာတွေ သိုမှီးပြည့်စုံတဲ့အခါ အမိ မြန်မာနိုင်ငံကို ပြန်လာကြပြီး မြန်မာနိုင်ငံကြီး ကမ္ဘာအလယ် ဝင့်ထည်ရေးအတွက် ကျွန်တော်တို့ အောက်ကျခံပြီး
    အတွေ့အကြုံကောင်းတွေရှာနေတယ်ဆိုတာ မမေ့ကြပါနဲ့…။

    ဒါလေးတော့ စိတ်ထဲ ချဉ်မိသဗျာ…….. ကိုယ်တိုင်းပြည်ကို ချစ်လို. သူများဆီမှာ အောက်ကျခံပညာရှာ… ပြန်လာပြီး တိုးတက်အောင်လုပ်တာ တစ်ယောက်တလေ ကို မမြင်မိပေါင်ဗျာ……..
    ကျွန်တော်တို.မြန်မာတွေများ အဲလိုလေးပြောရင်ကို ပီတိတွေဖြာ အီးအီးတွေပါနေလိုက်တာ……… ချဉ်ပအေ….
    အဲလို အန္တရာယ်တွေကြားမနေချင်ရင် ကိုယ်နိုင်ငံကိုပြန်လာပါလားအေ……..

  • ဦးဦးပါလေရာ

    June 7, 2013 at 11:10 am

    ဘယ်လိုတွေးကြသင့်တယ်၊ ဘယ်လိုမြင်ကြသင့်တယ်၊
    ဘယ်လိုခံယူကြသင့်တယ်၊ ဘယ်လိုပြုမူကြသင့်တယ် ဆိုတာတွေကတော့ ….
    လူအမျိုးမျိုး စိတ်အထွေထွေနဲ့မို့ စည်းရုံးပြောဆိုလို့ရတဲ့အခါလဲရမှာပေါ့….
    စည်းရုံးပြောဆိုလို့ မရတဲ့အခါလဲ မရဘူးပေါ့လေ…။

    အဲဒါကြောင့်လဲ ပြောမရတဲ့လူတွေအတွက် ပြောမရမယ့်လူတွေအတွက်
    ဥပဒေ ဆိုတာရှိနေတာပေါ့…
    ဥပဒေ ဆိုတာကို အကျိုးရှိအောင် အရာထင်အောင် အသုံးပြုချင်ရင်
    ဥပဒေကို အသက်ဝင်အောင်လုပ်ရပါမယ်..
    (မြန်မာပြည်မှာ ရှိတော့ရှိနေပြီး လက်တွေ့ အသက်မဝင်တဲ့ဥပဒေတွေ အများကြီးပါ)
    အသက်ဝင်တဲ့ ဥပဒေတွေအတိုင်း
    လူတွေလိုက်နာအောင်
    မလိုက်နာလို့မရအောင်
    ဥပဒေစိုးမိုးအောင် လုပ်ရပါမယ်။

    ဥပဒေစိုးမိုးတယ်ဆိုတာ ဟိုလူတွေထင်နေသလို
    သေနတ်ကြီးထုတ်ပြရင် ကြောက်ဒူးတုန်တာကိုဆိုလိုတာမဟုတ်ပါဘူး…
    ဥပဒေစိုးမိုးတယ်ဆိုတာ
    ဥပဒေက လူတိုင်း နေရာတိုင်း ကိစ္စတိုင်းရဲ့အပေါ်မှာ ချွင်းချက်မရှိ လွှမ်းမိုးတည်ရှိတာကို ဆိုတာပါ။

    ဥပဒေစိုးမိုးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ကိစ္စကတော့
    လူအမျိုးမျိုးအလိုက် အတွေးအမြင်အမျိုးမျိုးရှိမှာပေါ့…
    ကျုပ်ရဲ့ သီသန့်အမြင်ကတော့
    ဥပဒေစိုးမိုးစေချင်ရင်
    လူတွေ ဥပဒေမလိုက်နာပဲမနေရဲအောင် လုပ်ရမယ်
    အဲဒါတစ်ခုတည်းသောနည်းပဲ….။
    (လူတွေသူ့ဘာသာသူဥပဒေလိုက်နာချင်အောင်လုပ်ချင်ရင်တော့ ခင်ဗျားတို့ဘာသာ တစ်လောကလုံးသောတာပန်တည်အောင် တရားလှည့်ဟောပေတော့…)

    တစ်နေ့ ကြုံမှ ဂျပန်ခေတ်က နယ်တစ်နယ်မှာ သူခိုးဓါးပြ လုံးဝမရှိအောင် ဘီဒီအေက လုပ်ခဲ့တာလေး ပြောပြဦးမယ်…။

  • marblecommet

    June 7, 2013 at 11:30 am

    အစ်ကိုကြီးပြောသလို

    ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။
    သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။
    သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
    ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
    သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။
    ……….
    ဟုတ်ချင်လဲ ဟုတ်မှာပေါ့ အစ်ကိုရာ
    ဒါပေမဲ့
    ကျနော်လည်း အဲလိုပဲ
    ချပ်ချပ်ရပ်ရပ်ကလေး နေချင်မိတာ အမှန်
    ဆိုလိုတာလေးက အဲဒီ စကားလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်သက်ရောက်မှုကို
    လက်တွေ့ကျကျ ခံစားပြီးပြောတာမဟုတ်(လက်တွေ့ဆိုရင်တော့ ရေတိုက်စားမှာတို့ ဘာညာ တွေးတော့ပူပန်ပြင်ဆင်ရဦးမှာမလား)
    ဒီတော့ဗျာ
    မြစ်နံဘေးမှာ နိမိတ်ပုံလေးအဖြစ်သာ…
    တိုးတိုးတိတ်တိတ်ကလေး နေချင်မိတယ်….
    လေးစားတဲ့
    ငကမ်း…

  • Mr. MarGa

    June 7, 2013 at 12:02 pm

    သူများကိုသာ ပြောနေတယ်
    ကိုယ်တိုင်လဲ အဲဒီသစ်ပင် ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့။
    သွေးဆူလွယ်တဲ့စိတ်တွေကတော့
    ချုပ်တည်းထားရတာ များလို့ ပွင့်အန်ထွက်လာတဲ့သဘောလို့ ပြောရမလားမသိ
    ဘာပဲဖြစ်ဖြစ်ပေါ့
    ကမ်းနားက သစ်ပင်အနေနဲ့
    ကိုယ့်ရဲ့ မြေသားကိုတော့
    နောက်ဆုံးအချိန်အထိ ကာကွယ်ပေးရဦးမှာပါပဲဗျာ

  • kyeemite

    June 7, 2013 at 1:02 pm

    အိမ်နံဘေးက သစ်ပင်မှာ
    ငှက်ဆိုးထိုးသံတွေ…
    ကြားရတဲ့အချိန်တိုင်းမယ်..
    ရင်မှာလေ..ထိတ်တယ်..
    စိတ်မှာလေ..ကြောက်တယ်…
    ……………………………
    အဲဒီစာသားလေးလိုပဲ စိုးတထိတ်ထိတ်နေနေကြရတဲ့
    လူတွေကို ကိုယ်ချင်းစာပါတယ်…
    ဒါကြောင့် တတ်နိုင်သလောက်ကိုယ်လက်လှမ်းမီရာ
    ဝန်းကျင်မှာအဲဒီ..မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ နဲ ့ ပတ်သက်ပြီး
    ဆွေးနွေးကြည့်တော့
    အများစုက သွေးထိုးသမျှ ဆူမဲ့လူတွေများနေတာတွေ့ရတယ်ဗျာ..
    စိတ်မကောင်းစရာ ပဲ.. :eee:
    ရဲဘော်ဘလက် ကိုရွာထဲ ခပ်စိတ်စိတ်လေးတွေ့လာရတာတော့ ဝမ်းသာပါ၏
    ကျန်းမာရေးလည်းကရုစိုက်ပါဗျို့…

  • အရီးခင်လတ်

    June 7, 2013 at 5:17 pm

    အပေါ်က မောင်သိကြား အတွေးကနေပွါး လို့ မတူအောင်ပြန်တွေးမိတာလေး။

    “မြစ် ဖြစ်ခဲ့ မယ် ဆိုရင် ကိုယ်ချန်ခဲ့တဲ့ မြေကြီးတွေ၊ သစ်ပင်တွေ ကို တိုက်စားပြီး ဆွဲချသွားတဲ့ မြစ်” တော့ မဖြစ်ချင်ပါဘူး။
    “သစ်ပင်တွေ ကို ခွန်အားပေးနိုင်တဲ့ အလှတရားတွေ နဲ့ အပြစ်ကင်းတဲ့ မြစ်တစ်စင်း” ဘဲ ဖြစ်ချင်ပါရဲ့။

    အပြာရောင်မြစ်တစ်စင်း တဲ့ ထူးအိမ်သင် သီချင်း။

    (ဟိဟိ .. ကဘာ ဆန်ကြည့်တာ) 😛

  • black chaw

    June 8, 2013 at 6:19 am

    @ စနေ ;
    ကွန်းမန့်လေး ဝင်ရေးသွားတာ ကျေးဇူးပါ စနေ ရေ…။
    @ weiwei ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ မဝေရေ…။
    ကိုယ့်ကိုယ်ကို တောင် ဘယ်လောက်မြင့် တဲ့ သစ်ပင်မှန်း မသိတော့ပါဘူးဗျာ…။
    ကျွန်တော် ရေးထားတာတွေက သစ်ပင်ရဲ့ အမြင့်ကို ဖေါ်ပြနိုင်မယ်လို့ ထင်ပါတယ်…။
    မြစ်ထဲမှာ ရေတွေကတော့ တသွင်သွင်စီးဆင်းနေတုန်းပါပဲ ဗျာ…။
    @ KZ ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ မခိုင်ဇာရေ…။
    @ nozomi ;
    မအားတဲ့ ကြားက ကွန်းမန့်ဝင်ရေးပေးသွားတာ ကျေးဇူးပါ ကိုနိုဇိုးမိရေ…။
    @ ရွှေတိုက်စိုး ;
    မြစ်ကြီးကတော့ စီးနေတာပဲ ညီလေးရေ…။
    မြစ်ဘေးမှာနေသူတိုင်းကတော့ မြစ်ထဲက အဖြစ်အပျက်တွေကို မြင်နေကြမှာပဲပေါ့…။
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ ဗျာ…။
    @ ဦးဦးပါလေရာ ;
    မအားတဲ့ ကြားက ကွန်းမန့်လေး ဝင်ရေးပေးတာ ကျေးဇူးပါ ကိုပါကြီးရေ…။
    ဒီပို့စ်ကို ပါးစပ်နဲ့ ရေးနေခဲ့တာ ကိုပါကြီး နားတွေတောင်ညည်းနေရော့မယ်…။
    ဆဲမယ့်လူတွေ များလိမ့်မယ်ဗျ ဆိုပြီး သတိပေးစကားကြောင့် မတင်ဖြစ်ပဲ နေခဲ့တာပါ…။
    အခု ပုံစံတစ်မျိုးပြောင်းပြီး ပါးပါးလေး ရေးလိုက်တာပါ…။
    ဒါတောင် ဘေးထိုင် ဘိုင်ကျ ဘုပြောနေတယ် ထင်တဲ့လူက ထင်သွားသေး ဟေး…ဟေး…။
    ဘာပဲဖြစ်ဖြစ်
    ကျွန်တော်ပြောချင်တာကို ပြောလိုက်ရလို့ နေသာထိုင်သာ ရှိသွားပါပြီ ကိုပါကြီးရေ…။
    ကျေးဇူးပါဗျာ…။
    @ marblecommet ;
    မင်းဆီ တန်းတန်းကြီးကိုယ်ပြန်ခဲ့ပါမယ် ဆိုတဲ့ ဗဒင်သီချင်းလိုပဲ ညီလေးရေ…။
    တန်းတန်းကြီး ကို တည့်တည့်ကြီး ရောက်သွားတော့တာပဲဗျာ…။
    ဝင်္ကတွေ သိတ် ဝုတ္တိလို့ မရတဲ့သဘောပေါ့…။
    ကျေးဇူးပါဗျာ…။
    @ kyeemite ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ…။
    ကျန်းမာရေးမကောင်းလို့ ရွာထဲ ခတ်စိတ်စိတ်တွေ့နေရတာပါဗျာ…။
    ကျန်းမာရေးကောင်းသွားလို့ ငွေပြန်ရှာရမယ့်အချိန်ကျရင်
    ရွာထဲ အတွေ့ရနည်းနေဦးမှာပါ…။
    ဒါပေမယ့်ရွာသားတစ်ယောက်အနေနဲ့တော့
    ပို့စ်လေးတွေ တင်နိုင်သလောက် တင်နေဦးမှာပါဗျာ…။

  • အလင်း ဆက်

    June 8, 2013 at 4:16 pm

    ကျွန်တော်ကတော့..မြစ်ထဲက… သစ်တုံးပါ ။
    မျောရင်းပါရင်းနဲ ့…မောပမ်းနေပါပြီ ။
    တဖြည်းဖြည်းလည်း.ဆွေးမြေ့လာပါပြီ ။

    ဆက်လက် မျောနေရပါအုံးမယ် ။
    ပင်လယ်….ဆီ….
    ထို ့ထက်ပို၍….
    သမုဒ္ဒရာဆီ…

Leave a Reply