” သူ……စိမ်း “
သူမမြင်အောင် တမင်ရှောင်တိမ်း
ရင်ဝေဒနာ အစဉ်သာထိန်း
ခပ်ခွာခွာ အနေယိမ်းလို့
စိမ်းမှာလား မေ ။
သူမဟုတ်သလိုပေါ့
အပူရုပ်ကို မျက်နှာလွှဲ
တစ်သက်စာကွဲတဲ့ သံယောဇဉ်
ဆက်ကာ ချည်ငင် ထုံးပေမယ့်
မုန်းစေလှဲ့လို့ ထားရက်တယ် ။
အများထက်ဝယ် ဒီလူရှုံးစေပေါ့
ထုံးလေ မြဲတဲ့ သံယောဇဉ်
ဓါးထက်ကွယ် သူပင်
ယူငင်ဖြတ်လေတော့
ပြတ်မှာပေါ့ကွယ် ။
သံယောဇဉ် နွယ်ပင်ဖြတ်ပေမယ့်
သည်းထက်၌ အသစ်ပျိုး
အချစ်မျိုး ကိုးဆယ့်ခြောက်ပါးက
ဒီရင်ခွင် ပျောက်သွားအောင်
တိုးလှဲ့ ဖောက်ပြား ။
@ လူစိုး
15.june.2013 ( 11:38 Am )
3 comments
မဟာရာဇာ အံစာတုံး
June 15, 2013 at 7:24 pm
ဒီကဗျာ ဖတ်လိုက်ရတာ …
တစ်မျိုးတော့ တစ်မျိုးလေးပဲဗျ …
ဘယ်လို တစ်မျိုးလည်းတော့ သေချာ ပြောမပြတတ်ပါဘူး။
အားပေးသွားပါတယ်ဗျာ။
အလင်း ဆက်
June 15, 2013 at 9:57 pm
နှစ်ခါ…တိတ်ိ အားရ ပါးရ ဖတ်တွားပါတယ်…
တစ်ခါက..ဒီမှာ…
နောက်တစ်ခါ..က….
😆
🙂
လူစိုး
June 17, 2013 at 9:38 am
ကျေးဇူးပါ အလင်းဆတ်ရေ ကျွန်တော့်ဖေ့ဘွတ်ပေ့မှာလည်း တင်ထားပါတယ် .နောက်တစ်ခုက ကဗျာပြခန်းကိုလည်းပို့ထားပါတယ် 🙂