မဲရုံသို့လာ မဲပေးကြပါဦး (ဖတ်/ရွေး၊ ဧပြီ+မေ)

+++++++++++++++++++++++++

” ဟူးးးးးးးးးးးး (မောလိုက်ဒါ) “

ဟုတ်တယ်။ ကျုပ်လည်း အမှီလာတာပဲ။ ဒါမယ့် ခညားတို့လည်း သိဒေါ်မူဂျဒဲ့ အတိုင်းဘဲ။

မြို့ဒေါ် ရန်ကုန်မှာ ဂုံးကျော် တံတားတွေကဆောက်၊ လမ်းတွေက ကြပ်၊ ကားတွေက ကြပ်၊ အရင်ကတည်းက ထုံးစံ လူတွေကလည်း တိုးဝှေ့လို့ ကြပ်ပါဘိသနဲ့။ (နောက်ခါ အလျဉ်းသင့်ရင် “ကြပ်၊ ကြပ်၊ ကြပ်” ဆိုပြီး သီချင်းတီးအုံးမယ်။)

ရှိပါစေတော့။ သဘာဝ တရားကြီးက ကြပ်ခြင်း အရသာ သိအောင် ဖန်တီးထားတာဆိုတော့ ရှိပါစေတော့။ အခု ပြောဂျင်တာက အိုက်လိုတွေ ကြပ် ကြပ် ကြပ် နေလို့ မဲရုံဖွင့်ဖို့ တာဝံကျဒဲ့ ကျီနုတ်တစ်ယောက် အချိန်မှီ ရောက်မလာဘဲ နောက်ကျနေရဒါဂို ခွှေးလွတ်ဂျဘာလို့။

အဟမ်းးး ခုဒေါ့ မဲရုံဂျီး ဖွင့်လိုက်ဘာဘီ။ (မြန်မြန်ပဲ) :mrgreen:

ဒီဒေါ့ဂါ … မဲရုံထဲ ဝင်ပြီး ကိုယ်နှစ်သက်ရာကို မဲတစ်ပြား ထည့်ပေးသွားကြပါရို့ ….။

အထူးအစီအစဉ် အနေနဲ့ မဲပေးဂျတဲ့လူဒွေကို ကံစမ်းမဲ ဖောက်ပေးမှာ ……. တဲ့ ….။ (ကြားတာပဲ)

ဒါနဲ့ … (၂၅) ရက်နေ့ထိပဲ မဲပေးလို့ ရမှာနော်။ ဒီရက်ထက် ကျော်တွားလို့ဂဒေါ့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဘဲ။ :mrgreen:

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

+++++++++++++++++++++++++

+++++++++++++++++++++++++

ကျနော်များ ဖတ်ရွေးအဖွဲ့ရဲ့ (ဧပြီ+မေ) နှစ်လပေါင်းအတွက် စကာတင်ပို့စ်တွေကို ခုလို တွေ့ရပါတယ်။

ဒီပို့စ်တွေကို မန်းဂဇက် ရွာတော်ကြီးရဲ့ စာချစ်သူများ အနေဖြင့် မိမိတို့ နှစ်သက်ရာ ပို့စ်ကို ဝင်ရောက်ပြီး ဗုတ်ပေးသွားကြဖို့ တောင်းဆိုပါရစေ ခင်ဗျ။

ဗုတ်တဲ့အခါမှာ ….

  • မန်ဘာတစ်ယောက်ကို နှစ်သက်ရာ ပို့စ်တစ်ပုဒ်သာလျှင် ဗုတ်ခွင့် ပေးလို့ရပါ့မယ်။
  • မြန်မာစံတော်ချိန် (၂၅) ရက်နေ့ ည (၁၂) နာရီ ဗုတ်ပိတ်မှာ ဖြစ်တဲ့အတွက် ဒီရက်မတိုင်ခင် လာရောက်ပြီး ဗုတ်ပေးကြဖို့ တောင်းဆိုပါရစေ ခင်ဗျာ။

ကျန်တာတွေကိုတော့ ကျန်တဲ့လူတွေ ဝင်ရောက်ပြီး ပြောပေးကြပါဦးလို့။

ဖတ်/ရွေး အဖွဲ့ ရွေးပေးလိုက်တဲ့ စကာတင်ပို့စ်များကတော့ဖြင့် အောက်က အတိုင်းပါပဲ ခင်ဗျာ။

+++++++++++++++++++++++++

~~~~~~~~~~~~~~~~~~~~~~~~~~~

လူစွန့်စားမြင့်ကျော်နှင့် ခေါင်းပြတ်နတ်ရုပ်တု (စ/ဆုံး)
ရာမည
https://myanmargazette.net/176742

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုရီးယားဇာတ်လမ်းတွဲတွေက ရတဲ့ အတွေး
Mr. MarGa
https://myanmargazette.net/176222

~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ဖော် ဆားဗစ်
e tone
https://myanmargazette.net/175042

~~~~~~~~~~~~~~~~~~~~~~~~~~~

Android ဖုန်း ဝယ် မယ့် သူများ အဝယ်မ မှားရအောင် ဖတ်ဖြစ်အောင် ဖတ်ကြပါ
Mobile House
https://myanmargazette.net/174783

~~~~~~~~~~~~~~~~~~~~~~~~~~~

ပညာရေးမညာကြေး ၁+၂+၃
ဝင့်ပြုံးမြင့်
ပညာရေး မညာကြေး ပထမပိုင်း – https://myanmargazette.net/172854
ပညာရေး မညာကြေး ဒုတိယပိုင်း – https://myanmargazette.net/172936
ပညာရေး မညာကြေး တတိယပိုင်း – https://myanmargazette.net/175601

~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဂါယာခရီးစဉ် (စီးရီးလိုက်)
နွေဦး

ဗုဒ္ဓဂါယာ က မုစလိန္ဒာအိုင်..
https://myanmargazette.net/174988

ရေမရှိသောမြစ်နဲ့ သစ်ပင်မပေါက်သောတောင် (နေရဉ္ဇရာမြစ်နဲ့ ဥရုဝေလတောင်)
https://myanmargazette.net/175138

မိဂဒါဝုန် (Sarnath) နှင့် ဗာရာဏသီ
https://myanmargazette.net/175556

ဧဝံမေသုတံ……..ဘဂဝါ သာဝတ္ထိယံ..
https://myanmargazette.net/175837

~~~~~~~~~~~~~~~~~~~~~~~~~~~

ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ
Surmi
https://myanmargazette.net/173164

~~~~~~~~~~~~~~~~~~~~~~~~~~~

မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဓမ္မ တရားတော် ၌ ယုံကြည်သက်ဝင်နားလည်ခြင်း
မိုက်ကယ်ဂျော်နီအောင်ပု
https://myanmargazette.net/175591

~~~~~~~~~~~~~~~~~~~~~~~~~~~

အန္တရာယ်ကင်းတဲ့ အရက်သောက်ခြင်းဆိုတာဘာလဲ ?
Shwe Ei
https://myanmargazette.net/174743

~~~~~~~~~~~~~~~~~~~~~~~~~~~

အဆိပ်ခတ်အဖွဲ့ကြီးမိလာပြီဗျ
The Winner
https://myanmargazette.net/176483

~~~~~~~~~~~~~~~~~~~~~~~~~~~

၄နှစ်ပြည့်အမှတ်တရ အလွမ်း
လုံမလေးမွန်မွန်
https://myanmargazette.net/177515

~~~~~~~~~~~~~~~~~~~~~~~~~~~

တပည့်မွေးကြမယ်။
ခိုင်ဇာ
https://myanmargazette.net/172634

~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေး
ငှက်ကလေး
https://myanmargazette.net/172728

~~~~~~~~~~~~~~~~~~~~~~~~~~~

အရောင်ပျယ် မျှော်လင့်ပန်းချီ
ရင်နင့်အောင်
https://myanmargazette.net/172027

~~~~~~~~~~~~~~~~~~~~~~~~~~~

တောင်ဇလပ်ပန်းတို့ ပွင့်တဲ့ရွာ
သော်ဇင် (လွိုင်ကော်)
https://myanmargazette.net/172931

~~~~~~~~~~~~~~~~~~~~~~~~~~~

မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းကြသူများ
Blackchaw
https://myanmargazette.net/176339

~~~~~~~~~~~~~~~~~~~~~~~~~~~

အဟံ ပထမံ     
padonmar    
https://myanmargazette.net/176560

~~~~~~~~~~~~~~~~~~~~~~~~~~~

ရပ်ကွက်မှသည် နိုင်ငံဆီသို.
ရွှေတိုက်စိုး      
https://myanmargazette.net/176218

~~~~~~~~~~~~~~~~~~~~~~~~~~~

လေကြီး မိုးကြီး ဝုန်းဒိုင်း…။
blackchaw    
https://myanmargazette.net/173109

~~~~~~~~~~~~~~~~~~~~~~~~~~~

ထမင်းတစ်နပ်  
 ရွှေ ကြည်    
https://myanmargazette.net/175104

~~~~~~~~~~~~~~~~~~~~~~~~~~~

လုပ်မယ်ဆိုရင် အခုလုပ်  
လူခါး      
https://myanmargazette.net/173513

~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~

+++++++++++++++++++++++++
အောက်မှာ မဲထည့်ပေးသွားကြပါဦးလို့။
+++++++++++++++++++++++++

[polldaddy poll=”7179104″]

+++++++++++++++++++++++++

 

97 comments

  • Moe Z

    June 17, 2013 at 3:43 pm

    ပို့စ်တွေအကုန်မဖတ်ရသေးလို့ ဗုဓ်သေးဘူးဗျို့
    မဗုဓ်ပဲနဲ့ vote result ကို ဒီတိုင်းကြည့်လို့ရနေတယ်
    ဘယ်လိုဂျီးဒုန်းးး 🙄

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 17, 2013 at 4:17 pm

    သူ့ဟာနဲ့သူတော့ ဟုတ်တုတ်တုတ်ကြတာပါဘဲ
    ဒီအထဲ ကျုပ်ဟာကြီးပါလာတာတွေ့တော့ လန့်တောင်သွားတယ်
    အဲ့သလောက်မလုပ်ဂျဘါနဲ့ဗျာ
    ဆုရပို့စ်တွေကို ကျောက်စာတင်မှာလေ ကျောက်စာတင်မှာ
    သဂျီးမင်းဇဂါးငှားပြောရရင် အဲ့ဒါ မှတ်တမ်းဂျီး မှတ်တမ်းဂျီးဗျ :mrgreen:
    တစ်နေ့နောင်ခေတ်လူငယ်တွေဖတ်မိရင် ခင်ဗျားတို့ဂေဇက် မယဉ်ကျေးတဲ့စကားပြောတဲ့စာလည်း
    ဆုရတယ်ဆိုပြီးဖြစ်သွားရင် ခင်ဗျားတို့ခံစားရမှာနော
    ဘာဘဲဖြစ်ဖြစ်ပါ အကြောင်းကြောင်းကြောင့် အမှတ်ပေးခံရတာကိုတော့ မန်ဘာတစ်ယောက်အနေနှင့်
    ကျေနပ်မိပါတယ်
    ( ဘက်လိုက်ပြောရရင် ကျုပ်ရဲ့ဒဗျေ့အရင်းခေါက်ခေါက် ဆရာကြောင်ကြီး ကို ရစေခြင်တာ :mrgreen: )
    ဆိုခဲ့ပြီးသလို သူ့ဟာနဲ့သူကောင်းကြပါတယ်
    ဘာဘဲဖြစ်ဖြစ် ယနေ့ခေတ်အခြေနေနဲ့တိုင်းပြီးပြောရရင်တော့
    ပိုက်ဆံမရှိလို့ အဆင့်မြင့်ကျောင်းတွေတက်မနိုင်တဲ့ ချို့တဲ့သူတွေကို စာသင်ပေးတဲ့
    ဘုန်းကြီးကျောင်းစာပေသင်ကြားမှု့ကို မကြည်တဲ့ ဆရာမရေးတဲ့ ပိုစ့်ကတော့
    ပညာရေးဝံဂျီးမှသည် ဘာမသိညာမသိ ပြောခြင်တာစွတ်ပြောညွှန်ကြားတတ်တဲ့
    တာဝန်ရှိသူသတ္တဝါတွေဖတ်သင့်တဲ့အကြောင်းတစ်ခု ဖြစ်ပါတယ်လို့ ကိုယ်ထင်တာကိုယ်ရမ်းပြောလိုက်ဘါဒယ်။

    • ချစ်စ/ဆရာ

      June 17, 2013 at 4:29 pm

      ဆရာမရေးတဲ့အကြောင်းကောင်းတယ်ပြောတော့
      အခြားဆရာမနဲ့ ဆရာထီး တွေရေးတာကိုမကောင်ဘူးလို့
      ဆိုလိုပါသလား
      ( အခြေနေပေးရင် ဟိုဖက်မှာပြောနေကြသလို
      ဓါးအမ ဓါးအထီး ယောက္ခမ ယောက္ခဖ ခွဲကြသလို
      ဆရာမ ဆရာထီး ခွဲကြပါလား ) ( စကားချပ် )
      လိင်တူချစ်သူကြီး မိုက်ကယ်ဂျော်နီအောင်ပု ခင်ဗျား
      လေးစားလျှက်
      ……………… ချစ်စရာကောာင်းသော ချစ်စရာ အချစ်တို့၏ဆရာ ချစ်ဆရာ
      ချစ်စ/ဆရာ

      • ဦး ကျောက်ခဲ

        June 17, 2013 at 4:46 pm

        ဟီ ဟိ… ဓာတ်ရှင် လာပြနေဒယ်…
        ၄ စားပါဒယ်… ၅ သရေပါ… ၆ လျော်ပါ့မယ်..

  • သခင် mobile

    June 17, 2013 at 6:39 pm

    ကျုပ်ကတော့ မျက်နှာနာနေတဲ့ တစ်ယောက်ကိုပဲ
    မဲထည့်ထားခဲ့လိုက်ပါတယ်……………….
    ဒီလိုစနစ်လေးတွေကို သဘောကျသဗျို့………….
    xxxxxxx
    ဒါနဲ့ ကျုပ်ရေးတဲ့ပို့စ် ဘာ့လို့မပါတာလဲဗျ………..

  • ဝင့်ပြုံးမြင့်

    June 19, 2013 at 12:02 am

    ဗုတ်တာလွဲမယ်နော်။ ဖွင့်ကြည့်တော့ မျှစ်ကြော်ရဲ့ ပို့စ်က အမှတ်များနေတယ်။ creative writing တကယ်ကောင်းတာက ဝန်ကြီးပဒေသရာဇာပါ။ ပညာရေးမညာကြေး ပထမပိုင်းက ကိုယ်ရေးကိုယ်တာ ပါနေတယ်။ တတိယပိုင်းက တိုက်ခိုက်မှုပါနေတယ်။ ဒုတိယပိုင်းကတော့ အရေးကြီးမတ်စေ့ပါလို့ အထက်က ဆရာပုပြောသလို ဆုရပို့စ်တွေကို ကျောက်ထက်တင်မှာဆိုရင် အဲဒီဒုတိယပိုင်းလေးကိုတော့ တကယ်ပဲ သီးခြား ဆောင်းပါးလေးအဖြစ် ဖြစ်စေချင်ပါတယ်။ (တာဝန်ရှိသူ တစ်ဦးဦးတွေ့မိဖတ်မိစေချင်လို့ပါ) ပညာရေးမညာကြေးကို ဆုရပို့စ်တော့ မဖြစ်စေချင်ပါ။ တစ်နှစ်ထဲ ၂ကြိမ်ဆိုရင် မကောင်းဘူး။ ပို့စ်ကလည်း (တတိယပိုင်းမှာ) ဝေဖန်တိုက်ခိုက်မှုလုပ်ထားတာ ရှိလို့ပါ။

  • ချစ်စ/ဆရာ

    June 19, 2013 at 9:48 am

    အမှန်တိုင်းပြောရရင်တော့ ဆုပေးတဲ့အခါ ရွေးတဲ့စာတွေကိုဘယ်လိုပုံစံကိုရွေးတယ်ဆိုတာ
    ပြောရမယ်ထင်ပါတယ်
    အချို့ ဆိုလိုရင်း အတော်ကောင်းကြပါတယ် ပြောခြင်တာက
    စာကိုဖတ်ကြည့်ပြီးတော့ ဒီလိုဘာလားလို့ သိသွားတာတွေရှိရပါတယ်
    နည်းနည်းလေးလွဲသွားတာက စာရေးသူရဲ့ ရေးသားမှု့ ပြေပြစ်မှု့အတိမ်းအစောင်းလေးတွေ
    ကြောင့် အံဝင်ဂွင်ကျမဖြစ်ရပေမယ့် သိသင့်သိထိုက်တဲ့ အကြောင်းတွေကိုသိသွားရတာတွေ
    ရှိကြပါတယ်
    တစ်ခါတစ်လေ တွေးမိပါတယ် ဂေဇက်ထဲက စာတွေ ကမန့်တွေ ကို နားလည်တဲ့သူတွေကနေ
    အက်ဒစ်လုပ်ပြီးတော့ စာအုပ်ပါးပါးလေးတွေ လုပ်သင့်ပါတယ်
    အချို့ဆို စာရေးသားမှု့ မပြေပြစ်ပေမယ့် အလွန်ကောင်းတဲ့အနှစ်သာရတွေကိုတွေ့ရပါတယ်
    ပြောရရင်တော စာရေးဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
    ဂေဇက်ထဲက စာတွေကိုဖတ်ပြီး တစ်ခုခု ပြန်ရေးဘို့ ကုန်ကြမ်းကိုရနိုင်ပါတယ်
    ဆိုလိုတာက ကျောက်ရိုင်းတုံးတစ်တုံးကို ကျွမ်းကျင်တဲ့ပညာရှင်က ပုံစံသွင်းရုပ်လုံးဖေါ်တဲ့
    သဘောကိုပြောတာပါ
    ရံခါသတိထားမိပါတယ်
    ဂေဇက်ထဲ ပါတဲ့ စာတွေနဲ့ ခပ်ဆင်ဆင် စာတွေကို အချို့ဆိုဒ်ကြီးတွေမှာတွေ့ရတတ်ပါတယ်
    ဂေဇက်ရဲ့ အားသာချက်လို့ပြောရမလားမသိ
    ရေးတဲ့သူတွေက နေ့တစ်ဒူဝ မိမိတို့ တွေ့နေတဲ့အတွေ့အကြုံတွေကိုရေးကြတာဖြစ်လို့
    အမျိုးအမျိုးအဖုံဖုံ အသိတွေစုံလှတယ်ပြောရမလားဘဲ
    ပြောရရင်လည်း ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ဖြစ်မှာမို့
    အားလုံးကောင်းပါတယ် 🙂
    ဒါပေမယ့် ဆဲတတ်တဲ့လူကြီးကိုတော့ ဆုမပေးသင့်ပါဘူး

  • ဆူး

    June 19, 2013 at 2:36 pm

    မဲပေးတဲ့ လူ စာရင်းကြည့်ရတာ အားမရလိုက်တာ

    • kai

      June 19, 2013 at 3:14 pm

      ရွာသူားများအတွက်သီးသန့်လုပ်ထားတော့.. ဖေ့စ်ဘုတ်မှာကျုပ်လည်းရှယ်လို့မရဘူး..
      အဲဒါနဲ့..သာမန် လော့င်္ဂအင်မလုပ်ပဲ.. စာဖတ်သူတွေသိကိုမသိဘူးဖြစ်နေပုံရတယ်..။

      • ဟက်ကဲ့ …
        ယီခုအခါ … မန်ဘာ အုန်းတီး မီဟုတ်ဒေါ့ဘဲ …
        အများသူငှာ ဗုတ်နိုင်စေရန်အတွက် …
        စတုဒိတာ ဖွင့်ကာ ပေးထားပါဂျောင်းးးးးး

  • ရွှေတိုက်စိုး

    June 19, 2013 at 3:40 pm

    ဟူးးးးးးးး အခုမှ ဘဲ ဝင်လို.ရသွားတော့တယ်.အေ…. ဟေးဟေးဟေး Vote ပြီးပါကြောင်းးးးးးးး

  • e tone

    June 19, 2013 at 4:48 pm

    တပုဒ်နှစ်ပုဒ်လောက်ပဲ ဖတ်ဖူးတာ ပါတယ်ဆိုတော့ …. တခြားအပုဒ်တွေ ပြေးဖတ်ပြီးမှပဲ ပြန်လာပါတော့မြီကွီ … :kwi:

  • KyawThein

    June 20, 2013 at 1:21 pm

    ရွာထဲဝင်​ရတာခက်​ခဲလှပါတယ်​
    မန်​ဘာသီးသန်​့ ပို့စ်​​တွေ သိပ်​မဖတ်​ဖြစ်​ပါဘူး
    Login ဝင်​ပြီးရင်​ စာမျက်​နှာ အပြည်​့​ပေါ်ဖို့ခက်​ပါတယ်​ ။
    အခုလည်​း ဗုတ်​လို့မရပါဘူး ။
    မိတ်​​ဆွေမန်​ဘာတစ်​​ယောက်​​ပြောတာက​တော့ ဗုတ်​တဲ့သူ အလွန်​နဲပါတယ်​ တဲ့ ။အ​ဖြေရှာကြည်​့​စေလိုပါတယ်​

  • ကထူးဆန်း

    June 20, 2013 at 2:31 pm

    ဗုတ်တဲ့ သူ အလွန်နဲ တယ် ဆိုတာ ကိုယ့်ဟာကိုယ် နိုုင်းပြောရရင် အားလုံးပြန်ဖတ်ကြည့်ရမှာ အားလုံး ပြန်မဖတ်ဖြစ်တော့ မပေးတာလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော်လည်း ယနေ့ ထိ မဗုတ် ရသေးသလို ပြန်လည်း အားလုံး မဖတ်ဖြစ်သေးပါ ။
    ဒီလ ဗုတ်ဖြစ်မည် မထင်ပါ ။

  • Char Too Lan

    June 20, 2013 at 4:21 pm

    မှန်လားမှားလားတော့တိဝူး ပေးခဲ့လိုက်ပီ 😀

  • Green Rose

    June 21, 2013 at 5:35 pm

    အားလုံးဖတ်ပြီးမှ vote ပါ့မယ်ရှင့်

    လေးစားလျှက်

    (Green Rose)

  • ဦးကြောင်ကြီး

    June 22, 2013 at 10:34 am

    မဲရုံမှူး
    ပဲကုန်ကူး
    သဲပုံထူး
    ဖဲစုံဘူး
    နှဲအုံမြူး
    ရဲတုန်ဒူး
    ဆွဲငုံဖူး
    ဘဲပြုံလူး..။

  • may july

    June 22, 2013 at 10:44 am

    ၁၈ နှစ် မပြည့်သေးတဲ့သူမဲ ပေးလို့ရလားဦးလေး.. ဟီးးး နောက်တာပါဗျာ …
    ရွာထဲကို ဝင်မရတာ နှစ်ရက်သုံးရက်ရှိပြီ .. ဒီနေ့မှ ဝင်လို့ရတယ် …
    စာတွေ တော်တော်များများ မဖတ်ရသေးတော့ ဖတ်ပြီးမှပဲ Vote တော့မယ်ဗျာ ..

  • Green Rose

    June 22, 2013 at 12:32 pm

    ဟမ်မလေး……. ကြီးကြီးကျယ်ကျယ် အကုန်လုံးဖတ်ပြီးမှ vote လုပ်ပါ့မယ်လို့ ပြောမိတယ်။ ခုတော့… ဘယ်လိုလုပ်ရမလဲ.. ပို့စ်တွေ အကုန်လုုံးက တစ်ပုဒ် တစ်မျိုးစီကောင်းနေတာကြီးကို.. ရွေးစရာတွေများတော့ ရွေးမဆုံးဘူးဖြစ်နေပြီ။ မျက်စိမှိတ်ပြီး vote ပစ်လိုက်ရရင်တော့.. :mrgreen:
    ခုမှပဲ ဖတ်ရွေးအဖွဲ့ဝင် လူကြီးတွေကို ကိုယ်ချင်းစာမိတော့တယ် တစ်လတစ်လ တော်တော် ခေါင်းခြောက်ရမှာပဲ..
    ပို့စ်တွေအကုန်ကောင်းပေမယ့် ကိုယ်အကြိုက်ဆုံး အကြောင်းအရာလေးကို ပဲ ရွေးပြီး vote ခဲ့ပါတယ်။

    လေးစားစွာဖြင့်

    Green Rose

  • ခရီးသည်ကြီး

    June 22, 2013 at 3:36 pm

    ဗုတ်​မရဘူးဗျ ။
    ကွန်​နက်​ရှင်​​ကြောင်​့ထင်​တယ်​

    • Ma Ma

      June 22, 2013 at 4:00 pm

      ကွန်နက်ရှင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။
      နောက်ပြီး မန်ဘာအုန်းသီးလုပ်ထားလို့ လော့အင်ဝင်ပြီးမှ ဗုတ်လို့ရပါတယ်။
      အဲဒါလေး သတိမထားမိမှာစိုးလို့။

      • Ma Ma

        June 22, 2013 at 4:35 pm

        စတုဒီသာဖြစ်သွားပြီတဲ့ ခရီးသည်ကြီးရေ။

        မဟာရာဇာ အံစာတုံး says:

        ဟက်ကဲ့ …
        ယီခုအခါ … မန်ဘာ အုန်းတီး မီဟုတ်ဒေါ့ဘဲ …
        အများသူငှာ ဗုတ်နိုင်စေရန်အတွက် …
        စတုဒိတာ ဖွင့်ကာ ပေးထားပါဂျောင်းးးးးး

  • ကိုင်းးးး
    မဲရုံ ပိတ်ပါပြီဗျို့ …..။
    ပထမဆုံး ဗုတ်စစ်စတန် နဲ့ စတင်တဲ့ …
    ဖတ်ရွေးရဲ့ ဒီဗုတ်မှာတော့ ဗုတ်ပေါင်း (၅၂) ဗုတ် ရှိခဲ့ပါတယ် ….။
    ဒါကလည်း ….
    စလက်ရှင် မရှိ တစ်ခုတည်းကို ဗုတ်ခွင့်ပေးခဲ့ခြင်း
    ကနဦးတွင် မန်ဘာ သီးသန့်သာ ထားရှိခဲ့ခြင်း တို့ကြောင့် ဗုတ် နည်းခဲ့ခြင်း ဖြစ်မည် ထင်ပါသည်။

    ဒါတွေ ထားလိုက်ပါဦး ….။
    လောလောဆယ် .. တစ်ခု ကြေညာချင်တာကတော့ဖြင့် ….
    ဧပြီ + မေ နှစ်လပေါင်းအတွက် မန်းဂဇက် စာချစ်သူများဆုကို ရရှိသွားသူကတော့ ….

    ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ
    … ဆိုတဲ့ ပို့စ်နဲ့ ဦးဆာမိ ပဲ ဖြစ်ပါတော့တယ် ခင်ဗျား ….။

    ဖြောင်းးး ဖြောင်းးးး ဖြောင်းးးး
    (ဥဆာမိ လက်ဖက်ရည် တိုက်ဘာ) :mrgreen:

  • KZ

    June 26, 2013 at 1:46 pm

    ကဲ။ ဦးဆာ။ တမီးကို မုန့်ပါကျွေးပါ။ :mrgreen:
    ရန်ကုန်ရောက်ရင်။
    ခွိခွိခွိ။ ။
    ကွန်ဂရက်ကျူလေးရှင်း ပါ ဦးဆာ။ :mrgreen:

  • Ko chogyi

    June 26, 2013 at 1:53 pm

    ဂုဏ်ယူပါတယ်ဦးဆာမိရေ
    ဆုံကြဦးမယ်နော်…………………

  • ဦး ကျောက်ခဲ

    June 26, 2013 at 2:09 pm

    ဝေးးးး….
    ကိုရင်ဆာမိရေ…
    ကွန်ဂရက်ကျူလေးရှင်း အကြီးကြီး ပါ ဗျို့…
    လဘက်ရည်တိုက်ဗျာ… :mrgreen:

  • အလင်း ဆက်

    June 26, 2013 at 2:50 pm

    အူးဆာ….ရေ..
    ဂုဏ်ယူပါတယ်ဗျ ။

    ( မုန့် ထပ် ဝယ်ကျွေး ရမယ်…ဒါပဲ.. )
    😆

  • Hnin Hnin

    June 26, 2013 at 3:02 pm

    အစ်ကိုဆာမိရေ…ဝမ်းသာဂုဏ်ယူပါတယ်နော်။

  • ဗုံဗုံ

    June 26, 2013 at 3:53 pm

    ဟေး… ဂုဏ်ယူပါတယ် အူးဆာ… ဆုရတဲ့အထိမ်းအမှတ်အနေနဲ့.. တမီးကို ညက်မှန်လေးပေးပါ.. :mrgreen:

  • nature

    June 26, 2013 at 10:43 pm

    အချိန်မှီလေး vote လိုက်သေးတယ်။ ကွန်ဂရက်ကျူလေးရှင်းပါဦးဆာမိ ။

  • surmi

    June 26, 2013 at 10:59 pm

    အားလုံး မင်္ဂလာပါခင်​ဗျ
    ရွာထဲဝင်​​ရောက်​ဖို့ ခက်​ခဲလွန်​း​နေတဲ့အတွက်​​နောက်​ကျ​နေမိတာခွင်​့လွှတ်​ကြပါဗျို့
    အခုလို ပထမဆုံးအကြိမ်​ ရွာသူားများ စု​ပေါင်​း​ရွေးချယ်​ပြီး
    အမှတ်​တရလက်​​ဆောင်​ ခံယူခွင်​့ရလို့ အထူးပဲ ဝမ်​း​မြောက်​ရွှင်​လန်​းမိပါတယ်​ ။
    ဒီလို ​ရွေးချယ်​​ရေး ၊ လက်​​ဆောင်​ချီးမြှင်​့​ရေး နှင်​့ ​တွေ့ဆုံပွဲ ဖြစ်​​မြောက်​​ရေး အမှတ်​တရစာအုပ်​ထုတ်​​ဝေ​ရေးတို့အတွက်​ အဖက်​ဖက်​မှ
    စီမံ ​ဆောင်​ရွက်​​ပေးကြ​သောဖတ်​​ရွေး အဖွဲ့ ဥက္ကဌ အစ်​မဒုမ္မာနှင်​့ အမှု​ဆောင်​လူကြီးမင်​းများ ၊ နည်​းပညာပံ့ပိုး​ပေး​လေ​သော ကိုဖက်​ ကိုဂီ ကိုအံစာကိုမာဃနှင်​့ အခန်​းအနားတာဝန်​ခံ ကိုတိုက်​ ကိုမတ်​ တို့အား ​ကျေးဇူးတင်​ရှိပါတယ်​ ။
    ထို့အတူ အား​ပေးဖတ်​ရှု ​ကွန်​မန်​့​ရေး ​မဲ​ပေး ခဲ့​လေ​သော ရွာသူားများနှင်​့တကွ ပြင်​ပစာရှုသူများကိုလည်​း အထူးပဲ​ကျေးဇူတင်​ရှိပါတယ်​ခင်​ဗျာ ။
    မန္တ​လေးဂဇက်​မိသားစု များနှင်​့ ဖတ်​​ရွေး အဖွဲ့ ကဗျာ ပြခန်​းအဖွဲ့
    ဓတ်​ပုံပြခန်​း အဖွဲ့တို့အားလည်​း ​အောင်​မြင်​​စေ​ကြောင်​း ဆုမွန်​​တောင်​းရင်​း ​မောင်​ရင်​းနှမ ညီရင်​းအစ်​ကို များဖြစ်​တဲ့ ရွာသူားများ​ပေးအပ်​ချီးမြှင်​့​သောအမှတ်​တရဆုလက်​​ဆောင်​ကို မြတ်​မြတ်​နိုးနိုး တန်​ဖိုးထားပြီး​လေး​လေးစားစား သိမ်​းဆည်​းသွားပါမည်​ ဆိုသည်​့အ​ကြောင်​း ….

    ​လေးစားလျှက်​
    ​မောင်​ဆာမိ

  • surmi

    June 26, 2013 at 11:04 pm

    အမှတ်​တရစာအုပ်​ထုတ်​​ဝေ​ရေး ​ဆောင်​ရွက်​​ပေး​လေ​သော
    GreenRose အားလည်​း​ ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်​း ….
    ​လေးစားလျှက်​
    ​မောင်​ဆာမိ

    • Ma Ma

      June 27, 2013 at 6:37 am

      ဝမ်းသာဂုဏ်ယူပါကြောင်းးးးးးးးးးးးးး
      ဦးဆာမိလက်ကို ပြစားပြီး ဂေဇက်လက်တွေဟာ ဒီလောက်မြင့်တယ်ဆိုတာကို လိုက်ကြွားရမယ်။ 😀

  • kyeemite

    June 27, 2013 at 8:27 am

    ဖြောင်းးး ဖြောင်းးးး ဖြောင်းးးး
    ရသင့်တာကြာပြီဖြစ်သော စာရေးကောင်းသည့် ရွာသား ကိုရင်ဆာမိ
    ထိုက်ထိုက်တန်တန်ရရှိသွားခြင်းဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်းပါဗျာ…
    ကိုရင်ဆာမိ စာလေးတွေလည်းမျှော်နေမိပါဂျောင်းးးးးး :mrgreen: 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2013 at 2:33 pm

    မှတ်တမ်းဝင်သွားပြီပေါ့ အဲ့သလိုလား ???

    • Ma Ma

      June 27, 2013 at 4:24 pm

      လူထုခေါင်းဆောင် ဆိုတဲ့နာမည်တစ်လုံးကို လူထုဆန္ဒခံယူပွဲက ရတာမဟုတ်သလို…..
      ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော် ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကိုလည်း ….
      ရွာသူားတွေကို ဗုတ်ပေးခိုင်းရာက ရနိုင်တာ မဟုတ်ဘူး။ 😀

  • ဝင့်ပြုံးမြင့်

    June 27, 2013 at 5:18 pm

    ဒီလို ဒီလိုရှိတယ် ကိုရင်ဆာမိ၊ ကိုရင်ဆာမိနဲ့ မျှစ်ကြော်က မဲတစ်ခုလေးပဲ ဖြတ်သွားတာဆိုတော့ မျှစ်ကြော်က ကျေနပ်ဖူးရယ်။ အဲဒီတော့ ရမယ့်ဆုကို ဓားနဲ့ နှစ်ပိုင်းတိတိပိုင်းပြီး မျှစ်ကြော်ကို တစ်ပိုင်းပေးရမယ်။ ဒါဗြဲ …
    နောက်တာပါ ကိုဆာမိရေ။ ကွန်ဂရက်ကျူလေးရှင်းပါ။
    —-
    ဒါနဲ့ အန်တီပဒုမ္မာတို့ကို မသိလို့မေးချင်တာရှိသေးတယ်။ ဂဇက်မှာ ဘာသာပြန်အခန်းဆက်သမားတွေကော ဆုမှန်းလို့မရဘူးလား ဟိဟိ။ ဂယ်ပြောတာပါနော်။ ဆြာဘလှိုင်တို့ပြန်တာ တစ်ချို့အပိုင်းတွေ တော်တော်ကောင်းတယ်။

    • Ma Ma

      June 28, 2013 at 6:58 am

      I really want to pay prize to Mg Ba Hlaing. So I want to know that can he attend coming gathering. If he’ll come, I’ll prepare my personal prize for him. How can I know?

  • Mr. MarGa

    June 27, 2013 at 8:48 pm

    ဟေး…….
    ဦးဆာမိကို မုန့်ကျွေးခိုင်းလို့ ရပြီကွ

  • padonmar

    June 27, 2013 at 9:26 pm

    ဂျလေဘီရေ
    ဝမ်းသာပါဂျောင်း၊
    ကဆာမိကို ချစ်သူတွေလည်း ဝမ်းသာကြမယ်ထင်ပါဂျောင်း။
    (ကပ်ကပ်လွဲနေတဲ့ နင့်ကို ငါကသနားနေတာ လို့ ဆိုခဲ့တဲ့ အဘနီကို ပြောတာပါ)
    (ဘပုကတော့ ကလိကလိဖြစ်နေပြီထင်ရဲ့ :P)
    ……
    နောက်ဆုံးအချိန်အမှတ်တွေကပ်နေတာတွေ့တော့ ပြုံးနဲ့ ကဆာမိကို ဗျောင်နောင်နောင် တဗေ့ဗေ့ဂျိလို့ လုပ်ပေးရတော့မယ် မှတ်နေတာ။
    ……
    ဘာသာပြန်အခန်းဆက်တွေလည်း ဆုမှန်းလို့ရတာပေါ့ပြုံးရယ်။
    ဒါပေမယ့် အပိုင်းလေး တစ်ပိုင်းနဲ့ ဆုံးဖြတ်ပေးရတာ နောက်အပိုင်းတွေလည်း ကောင်းရင် ထပ်ထပ် ပေးရမလိုဖြစ်နေတော့ ဖတ်ရွေး ခေါင်းခြောက်တာပေါ့။
    အခုတောင် ကြိုက်လို့ ရွေးကြတဲ့ထဲ အခန်းဆက်တွေပါနေတယ်လေ။
    မောင်ဘလှိုင် ဘာသာပြန်တာအရမ်းကောင်းပါတယ်။
    ခက်တာက မောင်ဘလှိုင်က
    တစ်ပိုင်းနဲ့ တစ်ပိုင်းကြား ကြာလွန်းတော့ အဲဒီ ကုလားလေးသာ မိန်းမဆို ကလေး တစ်ယောက်လောက်တောင် အပြင်မှာ မွေးလိုက်လို့ ရတယ်။
    ဖတ်ရတဲ့သူက မေ့မေ့သွားလို့ အစပြန်ပြန်ရှာနေရတယ်။
    ဘာသာပြန်ရော ကိုယ်တိုင်ရေးတွေရော အခန်းဆက်တွေ ပြည့်သွားရင် အစအဆုံးလေး ပြန်ပေါင်းတင်လို့ရရင် သိပ်ကောင်းမှာပဲ။

    • surmi

      June 28, 2013 at 9:06 am

      အစ်​မပဒုမ္မာ နဲ့တကွ ရွာသူားအားလုံး မင်္ဂလာပါဗျာ
      ရွာအ​ခြေအ​နေနဲ့ ကျ​နော်​သုံးရတဲ့ ကွန်​နက်​ရှင်​အ​ခြေအ​နေအရ
      ရွာထဲ​ရောက်​ဖို့ခက်​​နေတာပါ
      ခုလို လာ​ရောက်​အား​ပေးချီးမြှင်​့​ပေးတာ
      အထူးပဲ​ကျေးဇူးတင်​ရှိပါ​ကြောင်​း ​ပြောပါရ​စေ …….
      ဦးမိုက်​​တို့ ဦး​ကျောက်​တို့​ပြောသလို မကြာမကြာ​ရေးနိုင်​ဖို့လည်​း ကြိုးစားပါ့မယ်​

      ​လေးစားလျှက်​
      ​မောင်​ဆာမိ

  • padonmar

    June 27, 2013 at 9:30 pm

    ဗုတ်တဲ့သူ ၅၂ ယောက်ပဲရှိတာတော့ အားမရဘူး။
    ကျမလည်း မဗုတ်ပဲစောင့်နေရတော့ ပေါင်း ၅၃ ယောက်ပဲ စိတ်ဝင်စားသလိုကြီးဖြစ်နေတယ်။
    ကထူးဆန်းလည်း ဗုတ်ခဲ့ရင် ၅၄ ယောက်ပေါ့။
    ရွာအဝင်ခက်နေလို့ များလား။

  • ဦးဦးပါလေရာ

    June 27, 2013 at 11:36 pm

    ရွာထဲကို လော့အင်ဝင် စာဝင်ဖတ်တဲ့ မန်ဘာ နည်းတာလို့ထင်တာပါပဲ။
    ဒီပိုစ့်ကို အစက မန်ဘာအုန်းလီးလုပ်လိုက်တော့ တစ်ခါဝင်ကြည့်လို့မရရင် နောက်ထပ်မဝင်ကြည့်တော့လို့
    စတုဒိသာဖြစ်သွားမှန်းလဲ သိကြပုံမပေါ်ပါဘူး….
    မနှစ်က ဒီအချိန် ဓါတ်ပုံ ပြပွဲဆို ဗုတ်သူ နှစ်ရာကျော်ပါတယ်။
    စဉ်းစားစရာ ဖြစ်ပါကြောင်း……….

    • kai

      June 28, 2013 at 3:54 am

      ကြည့်ရတာ.. ဘေးမှာ Widget အနေနဲ့..အဲဒါမျိုးပေါ်နေအောင်လုပ်ရမယ်ထင်မိတာပဲ..
      အခုစမ်းလုပ်ပြထားတယ်..။

      • surmi

        June 28, 2013 at 9:15 am

        ​နောက်​တစ်​ခုက
        စိတ်​ကြိုက်​ သုံးပုဒ်​​လောက်​​ရွေးခွင်​့​ပေးရင်​ ​ဘယ်​လို​နေမလဲမသိ ။
        တစ်​ပုဒ်​တည်​း ဆို​တော့ တကယ်​​ရွေးရခက်​ပါတယ်​
        ဟိုဘက်​ပြခန်​းက သုံးပုဒ်​ဆို​တော့ စည်​ကား​နေတာလည်​းဖြစ်​နိုင်​ပါတယ်​ ။
        မြန်​မာပြည်​ ​ကော်​နက်​ရှင်​ကလည်​း ဒုက္ခ​ပေး​နေပါတယ်​
        ကျ​နော်​ဆိုရင်​ ​လောအင်​ ဝင်​မရလို့ အပြင်​ကဖတ်​​နေရတာများပါတယ်​

      • အလင်း ဆက်

        June 28, 2013 at 9:19 pm

        အက်သလိုလေးလုပ် ရင်…ပိုကောင်းမယ် ထင်ပါတယ် ။
        ( အက်သလိူ = သူကြီးပြောသလို နှင့် အူးဆာမိ ပြောသလို )

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 28, 2013 at 9:20 am

    မန်ဘာဖြစ်မှ ဗုဒ်ခွင့်ရတာတို့ မန်ဘာဖြစ်မှ ဖတ်လို့ရတာတို့ဆိုတာတွေကိုလည်း
    ထည့်သွင်းဆင်းဇား ပြုပြင်ဘို့လိုမယ်လို့ အကျံပေးဘါဒယ်
    သဂျီးမင်းရဲ့ ကြေငြာချက်အရ မန်ဘါ တစ်သောင်းကျော်ကျော်ရှိတဲ့အထဲ
    ရတဲ့ဗုဒ်က အတော်မျက်စိမျက်နှာပျက်ဇရာဖြစ်နေဘါဒယ်

  • surmi

    June 28, 2013 at 9:45 am

    ဟို​နေ့ကပဲ INTRO ကို​တွေ့လိုက်​လို့အံ့ဩမိ​သေးတယ်​
    သူ့ကိုရွာထဲမှာမ​တွေ့တာ ကျ​နေုာ့တစ်​သက်​ပါပဲ
    ဆိုချင်​တာက မန်​ဘာ​​ဟောင်​းများလည်​း အသံတိတ်​ဖတ်​​နေမယ်​ထင်​မိပါ​ကြောင်​း
    ကိုယ်​တိုင်​လည်​း အဲဒီလိုဖြစ်​​နေလို့ပါ 🙂

Leave a Reply