ဘာရယ်တော့…. မဟုတ်….
ဂနေ့သည်ကား ဂဇက်ရွာ တင်းနစ်ကွင်း၌ ကြက်ပြန်မကျ ဘဲပြန်မကျ ဝက်ဝက်ကွဲအောင် စည်ကားသောနေ့ပေတည်း။ အနှီကဲ့သို့ စည်ကားရသောအကြောင်းကို ရှင်းရသော် တင်းနစ်အကျော် လေလာရာတင်ပေးလို့ အီးပေါက်တိုင်း သံကုန်ဟစ်ရှာတတ်သော ရှာရာပိုဗာကြောင်ကြီး နဲ့ လက်မြန်လေသွက် နှင်းကေသရာချစ်ရတဲ့ ဆရီနာကျောက်စ်တို့၏ နောက်ဆုံးဖိုင်နယ် ရေကုန်ဘီယာခမ်း ကစားကြမည့် အထူးအားကစားပွဲဖြစ်သောကြောင့်ဟု မှတ်ယူကြပါလေကုန်။ အရှေ့ဘက်ပွဲကြည့်စင် နေယွန်းရာခပ်စွန်းစွန်း၌ ဂဇက်သဂျီး မာမွတ်စ်ရှာပွတ်စ် ဦးမားခိုင်နှင့် သဂျော်ဂဒီး ဆရာမကြီးသည် ရွာကြီးဂုဏ်ပြောင် ဦးပါ အန်တီဒုံ အန်တီမမ ဆိုတဲ့ အမှုတော်ဆောင်လူကြီးမင်းများကို အဖော်ပြု၍ ရှုစားကြလေ၏။ ရွာသူရွာသားများကား အထူးမြွတ်ကြားဖွယ်မလို သင့်လျှော်ရာပွဲကြည့်စင်မှ အားပေးကြလေသတည်းဟု အမှတ်သင်ညာပြုကြပါ။
ပွဲစလေသော် ရှာရာပိုဗာကြောင်ကြီး လက်တရမ်းရမ်းနဲ့ ဆာဗင်ပေးဖို့ ဟန်ရေးပြတော်မူသည်တွင် ရေဆေးဆီထိုး ဆာဗစ်ဆင်ပေးမည်ဟု အထင်တော်ရောက်ရှာမူသော ရွာ့အော့ကြောလန် ဦးကြောင်ကြီးသည် ဗိုက်အာဂယာ ဆယ်လုံးကစ် ဒိုင်ဗင်ပစ်၍ ရှာရာပိုဗာလေးဘက်သို့ ဝင်လာပါလေတော့သည်။ ရှာရာပိုဗာကြောင်ကြီးသည်ကား အခွင့်အရေးကို အလွတ်ပေးဟန်မတူ၊ ဦးကြောင်ကြီးအား တင်းနစ်ဘော်လုံးဟု အထင်တော်ရောက်ရှာသဖြင့် အားပါးတရ ဆာဗင်ကြွေးလိုက်သည်တွင် သတိကတုတ် ဉာဏ်မြေလုပ်ရှာသော ဆရီနာကျောက်စ်သည်လည်း လက်ပြန်တီးလိုက်ပါသတည်း။ အလို… အိုဘဲ့ လက်ပြန်….
တန်ပြန်တိုက်စစ်ကို မျှော်လင့်မထားသဖြင့် ဟန်ချက်ပျက်သွားသော ရှာရာပိုဗာကြီးလည်း ရသလိုဖမ်းတွယ်လိုက်လေရာ ဦးကြောင်ကြီးကား မြောက်ဘက်ပွဲကြည့်စင်ဖက်သို့ လွင့်ရှာပါတော့သည်။ ဤအရေးအား ကယ်လိုက်သူမှာ ရွာသူလေး ခရစ်စတယ်လိုင်း ဖြစ်တော့သည်။ ရှင်းပါအံ့… တင်းနစ်ဘောလုံးဟု အထင်ရောက်ရရှာသော ဦးကြောင်ကြီးအား လက်ဖြင့်မဖမ်းပဲ နှစ်လုံးမြေမကျ ဒူးဖြင့် “ပင့်” တိုက်လိုက်သည်တွင် ကွင်းလယ်ပြန်ကျ၍ “ဂန့်”ပါလေတော့သည်တကား။ အနှီတွင် ဆာယေးဆယာ ဆေးမှူး မိုက်ကယ်ဂျော်လကီဘုလည်း မနေသာ၊ လက်ဝဲရံ လက်ကျ်ာရံခြံရံပြီး ကွင်းအတွင်းဝင်ရောက် ဦးကြောင်ကြီးအား နှာနှပ်ပါမှ…
“ဟမ်မားရေး… အဖိုးမတန် မျိုးမသန် ဂလန်ပြန်ရတဲ့ ကြောင်ကြီး၊ သွားရှာပါရော့လား” ဟု လက်ဝဲရံ လက်ကျ်ာရံများမှ ကထေလ်သံ လေဒီဘွိုင်းသံဖြင့် မြည်ကြွေးသည်တွင်…
“ဟဲ့… နင်တို့တွေသိပ်အသံမထွက်နဲ့… ငါရှိပါသေးတယ်၊ သုံးထပ်ကိတ် ဖုတ်လို့ရပါသေးတယ် ဟ…” ဟုဆိုပြီး ဆေးမှူး မိုက်ကယ်ဂျော်လကီဘုမှ ဦးကြောင်ကြီးအား အမြီးမှဆွဲ၍ ကြမ်းပေါ်မှောက်ရက်ဆွဲသွားပါတော့သည်။
တောင်ဖက်တန်းမှ ဆေးဆရာ ဆာဒူးကြီးကပေသည် ကိုရင်ခကို မကြားတကြား “ငါ့စကား… နားမထောင်၊ ဖီးကြမ်းကို နင်အထင်သေးတာကိုး…” ဟု ရေရွတ်လေသော်လည်း ဟိုဂျလေဘီသည်ကြီး မုန့်ဝင်ရောင်းနေရင်းက မိတုံ မွန်မလေးလုံလုံ ရွှေအိ ရွှေကျီနဲ့ ညီအမ ရွာသူများကား ဂိုဏ်းချုပ်ကျီး “ဝေါင်း”အား အမှူးထား၍ “ဝမ့်….စမော” အော်မြည်ကြလေ၏။ သို့သော်… ဤအရေးကား ဤတွင်မရပ် ခြင်သေ့ကျွန်းသူ မိဇာဂျီးမှ ချွန်းတွန်းပင့်ကော် လုပ်ပေးတာမို့ “ဝမ့်.စမော”လား “ဝေ့ စာမော”လားဟု မဲခွဲကြရန် ရွာတော်ရှင်နှင့် အန်တီဝေမှ အဆိုတွင်သွင်းကြရာ “ဦးမိုက်နှင့် ကိုဘလက်”မှ အပ အားလုံး “သဘူတော”ကြ၏။ သဂျီးနဲ့ သဂျော်ဂဒီးကား “ဒို့နဲ့မဆိုင်…. ဆိုဘွယ်မရှိ…” အနှီကြောင်ရဲ့ ကြမ္မာဆိုးပုံကို သမီးဒေါ်လေးရှေ့ထားပြီး ဖင်ချင်းပေါက်လိုက် ရင်ချင်းအပ်လိုက်ပျော်ပါးသည်တွင် ရေငံပိုင်ဦးဖောမှ “စဉ်းစားကြ စေလိုပါဒယ်” ဟုလည်းကောင်း အင်ဂလန်အရီးမှ “ဒို့က… စုချစ်သူ၊ နင်တို့ ဂလန်ပြန်တာ ငါနဲ့မဆိုင်”ဟု မြည်ကြွေးသည်တွင် ကိုရင်ဂီ ဆြာအုပ် ကလုလင် ဦးကြီးပေါက်စ် တို့မှ မှတ်တမ်းတင်လိုက်တဲ့အချိန် အိုင်ချစ်သူကြီးက “အမြစ်တူးမယ်… ထောင်ဖောက်မယ်”လို့ ဆိုပါကြောင်း….
ဇာတ်ပေါင်းသော်….
ပြန်ပြောပြသူ ဦးကျောက်ခဲ တောင်ကျွန်းမှာ နွေဖက် နှင်းကျတော့မှာလို့ ကမတ်နဲ့ ကဆွေရဲ့စကားတွေကို အဖော်ပြုရင်း လတ်တလောမိန်းမရသွားတဲ့ကိုရင်ရှုံးရယ် ရေထဲက ကိုရင်စည်ရယ် ကဝေးရဲ့စကော့တလန်စမ်းရည်သောက်ပြီး ကယွဲစိ ရွဲ့လုံးတွေကို နာကြားချင်ပါကြောင်း…
(ကိုညိုဝင်း… ရှင်ကြီး…. သာဘောထား ပြောပါဆိုတဲ့ အကြောင်း….)
(ဟတ်လူ… ကိုရင်ကြောင်နဲ့ ကပု… ခင်ဗျားတို့ ခရီးသွားနေလဲ အားရင် ရွာထဲဝင်ပါဗျ….)
(မောင်ဂီ…. လုပ်ပါဦး ကျုပ်နှာခမ်းမွှေးတွေ အရမ်းသန်နေပြီ… ဟီဟိ)
46 comments
မင်းမင်း
June 16, 2013 at 8:08 am
ဘာရယ်တော့မဟုတ်ပါဘူးဗျာ
ဖတ်စရာ မရှိတော့လို့
စိတ်ကိုဒုံးဒုံးချပြီးဖတ်သွားပါတယ်။
စောစောစီးစီး။
သနားလိုက်တာ
ဥူးကြောင်ရာ။
ဦး ကျောက်ခဲ
June 16, 2013 at 12:13 pm
ကိုမင်းမင်းရယ်… ဦးကျောက်လည်း ဘာရယ်တော့မဟုတ်…
ဟို ကကြောင်ဇုတ်ကို အွန်လိုင်းမမြင်မိတာမို့…
စောစောစီးစီး လက်သွေးလိုက်မိတာပါ… ကိန် ကိန်
:harr:
ဇဂါး လွတ်
June 16, 2013 at 9:10 am
Will be back..! 🙂
ဦး ကျောက်ခဲ
June 16, 2013 at 12:17 pm
ပြန်လာခဲ့…ဘာ “စိုင်း”ချစ်တူဂျီး…
မှတ်ချက်။ ။ စိုင်းအောင်တင့် ခီည…
(ခွက်ဒစ်တူ ကန္နားစီးမောင်ဂီ)
KZ
June 16, 2013 at 5:13 pm
ဘာ စိုုင်းအောင်မှ မတင့်ဘူး။

လူကြမ်းထဲကျုပ်ကြွေတာ ဒီမှာာာာာာာာာ
http://www.google.com.sg/search?q=မင်းရဲဆက်&client=safari&hl=en&source=lnms&tbm=isch&sa=X&ei=upW9UbCBGMGXrgfLhIEw&ved=0CAkQ_AUoAA&biw=768&bih=928#biv=i%7C0%3Bd%7CVteXAfK2_yjNSM%3A
မဟာရာဇာ အံစာတုံး
June 16, 2013 at 9:31 am
ဟီဟိ ..
ဒီတစ်ခါဒေါ့ …
ဒို့များ ဒက်ဒီကြောင် ဂန့်ရှာပါလေရောလား …
ဒါဂျောင့် … ဒီလူကြီး မတွေ့ဒါဂိုးးးးး
အည .. အည .. အည …
ဦး ကျောက်ခဲ
June 16, 2013 at 12:29 pm
အဲ့… ကြောင်ကတော့ “ဂန့်”မှအေးမှာ…
ဒါပေသည့် ဒီငနဲ… ရွာထဲမလာတော့လည်း လွမ်းသဗျ…
မောင်အံ… လဘက်ရည်ဘိုး လကုန်ရင် ချန်ထားပါ ပါ ပါ…
ကြည်ဆောင်း
June 16, 2013 at 10:07 am
ရေကုန်ဘီယာခမ်း ဆိုလို့ ဘယ်လိုများ ခမ်းမယ်မှတ်တယ်…
ဦးကြောင်ကြီး ဂွမ်းသွားရတဲ့ အဖြစ်ကိုး ….
ဦး ကျောက်ခဲ
June 16, 2013 at 12:34 pm
အား ဟိ… မကြီစောင်း…
ဒီကြောင် ဆြာကျောက်ကို “ဖောင်း”တာများပြီမို့…
အလင်း ဆက်
June 16, 2013 at 11:11 am
ခွိ ခွိ
ရီ လိုက် ရတာ ဗျာာ
သင့်တော်ရာ ပွဲကြည့် စင် က နေ
ကြည့် ရှု သွားပါ ကြောင်းးးး
😆
ဦး ကျောက်ခဲ
June 16, 2013 at 12:37 pm
ကိုရွှေ ဒညင်းဝက်…
ရေးမိတုံးက ခီညားတို့ သဂျားတို့ ခြောက်မျက်နှာတို့ မိဗုံ ဘဲဥ အကုန်ပါသဗျ…
ကျုပ်လည်း မနက် ၄နာရီကျော်တင်လိုက်မိတာ ဘာဖြစ်တယ်မသိ… ဟီ ဟိ
ဗုံ ဗုံ
June 16, 2013 at 3:40 pm
အီ…မိဗုံက ဘယ်နေရာက ပါတာလဲဟင်.. တမီး ဒက်ဒီကြောင်ကိုထိရင်ခံဘူးနော် အူးကျောက်…တီတီ့ကိုသွားပြီး ချွန်ပစ်လိုက်မယ် ဘာမှတ်နေရဲ …..
အလင်း ဆက်
June 16, 2013 at 4:39 pm
တိန်
ကိုရွှေ
ဒညင်းဝက် ဒဲ့. . .
ပါ သဒဲ့
🙂
😆
မောင် ပေ
June 16, 2013 at 12:18 pm
ဇါတ်ပေါင်းသော်
ယမကာကြိုက်သူသည် ကျုပ်
တည့်ကြောင်သူသည် ကိုကြောင်ကြီး
ရိုက်ချက်ပြင်းသူသည် ကိုကျောက်ခဲ ဖြစ်ပေတော့သည် တကား
(ခရက်ဒစ်တူ ကိုဖိုးထောင်)
ဦး ကျောက်ခဲ
June 16, 2013 at 12:43 pm
ဟယ်… အဲဂလို “ဒဲ့”ကြီး မပေါရဘူးလေ…
ကျောက်စ် မန်းကို ဟားနီးမွန်းရောက်ရင် အနေခက်ရချည့်…
အိုဘယ့် ထွေးညို နဲ့ ကြက်ကာလသားဟင်း… ဟီ ဟိ
မင်းမင်း
June 16, 2013 at 12:20 pm
ဟီးးးး
ဦး ကျောက်ခဲ
June 16, 2013 at 12:44 pm
ဟီးးးး တော့လည်း ဟားးးး တာပေါ့ ကိုရင်ရယ်…
Mr. MarGa
June 16, 2013 at 1:07 pm
ဦးယေး…ကျောက်
တား ဖတ်ပီး မျက်ချိတွေ လည်နေလို့
အသစ်တစ်ပုဒ်နဲ့ ပြန်ရှင်းပြပေးဘာ
ဦး ကျောက်ခဲ
June 17, 2013 at 8:30 am
မျက်ချိလယ်ရင် မျက်မှန်တပ် သဂျား…
နောက်တစ်ပုဒ်ရေးဖို့ကတော့ သွေးမပူသေးဘူး… ဟီး ဟီး
အရီးခင်လတ်
June 16, 2013 at 3:41 pm
သူ လူကြီး တွေ ပျောက်တာနဲ့ အတော် ရင်ကွဲ ပြီး လွမ်းနေသလားဘဲ။
နှင်းရေ အသေအချာ စစ်ကြည့်ဦးကွဲ့။
😆
ဦး ကျောက်ခဲ
June 17, 2013 at 8:31 am
ဒဂယ်ပါ အရီးရယ်…
ဒီလူတွေပေါ်မလာတော့လည်း လွမ်းမိသား…
padonmar
June 16, 2013 at 6:58 pm
ကြောင်ပျောက်တဲ့ နွေဦးရောက်ပြီလေ။
ဦး ကျောက်ခဲ
June 17, 2013 at 8:33 am
အန်တီဒုံရေ…
ရှိနေပြန်ရင်လည်း ကျောက်စ်ကို ကြပ်ပြန်ရော…
အရီးခင်လတ်
June 17, 2013 at 1:52 am
ဟေ့ ကကျောက်
စဉ်းစားဖို့ အလုပ်ပေးမလို့။
ရုရှားမလေးရှာယာ သူကို ငယ်နိုင် ဆရီနာ ကို ထုံးစံအတိုင် ရှုံးပြန်တဲ့ အချိန် …..
ရှင်တို့ ဟောင်ကောင် ဟိုတယ်တစ်ခု မှာ အမေဒီးကားက အင်ဖော်မာ တစ်ယောက် ပျောက်သွားတဲ့ အချိန် ……
မဟာဂဇက်ရွာ တည်ရာ ဌာန ဆာဗာကြီး ပျက်သွား တဲ့ အချိန်
ကကြောင် တစ်ယောက် ခြေရာဖျောက် နေတာ …….
အဖြစ်အပျက်လေးတွေ ပြန်စဉ်ကြည့် တစ်ခုခု တွေ့လိမ့်မယ်။
ဘာမှလဲ မဆိုင်ဘူးနော်။ 😆
ဘာရယ်တော့မဟုတ်။
ကြောင်တစ်ကောင် ဆာဗာကြီးထဲ ညပ်နေသလားဘဲ။
ဆုတောင်းပါတယ်။
အမြန် ပြန်ထွက်လာနိုင်ပါစေ။
ဦး ကျောက်ခဲ
June 17, 2013 at 8:39 am
အဟတ်… အရီးရဲ့…
ကကြောင်ရော… ကပုရော နှစ်ယောက်လုံး ပျောက်နေတာဆိုတော့…
သဂျီးနဲ့ အချစ်စမ်းနေကြလားမသိ… ဟီ ဟိ
ဦးကြောင်ကြီး
June 17, 2013 at 10:07 am
မပျောက်မပျောက်
ထွက်ရပ်ပေါက်
ကတောက်ကမြောက်
ပလောက်တောက်
မကြောက်မသောက်
အနောက်ထောက်
တခေါက်နှစ်ခေါက်
ဓါးကောက်ဖြောင့်..
ဦး ကျောက်ခဲ
June 17, 2013 at 10:35 am
သက်ရှိထင်ရှား ကြောင်လုံးပြတယ်ဆိုတော့…
နှစ်လုံးမကွဲသေးဘူးပေါ့… ဝမ်းသာပါ၏…
Wow
June 17, 2013 at 8:22 pm
အော်.. ငါ့ခမျာ အခုတစ်လော… ကန္တားစီးက ထမင်းဖိတ်ကျွေး…

သားစိမ်းငါးစိမ်းတွေနဲ့ ညှီပါတယ်အေ.. ဆိုလို့ မျက်လုံးလေးကလယ်ကလယ်…
အခုတော့ အိမ်သာကျင်းတူးသူက ဂိုဏ်းချုပ်ခန့်သကွဲ့..
အင်တာနက်မှာ အချိန်ကိုက် တစ်ဖိုင်လောက်တင်လိုက်လို့ကတော့.. .၂၀၁၃ က နာ့နှစ်လို့ ကျွေးကျော်လို့ရဘီ…
ဦး ကျောက်ခဲ
June 18, 2013 at 8:14 am
လုပ်ပြလိုက်စမ်းပါ မိရွှေWow ရယ်…
ယုံကြည်လို့ ” ဂိုဏ်းချုပ်” ခန့်တာပါဆို… ဟီ ဟိ
Wow
June 18, 2013 at 3:21 pm
ဆွိကနာ့ကို ယူမယ်လို့ပြောထားဒယ်…
ဒါမျိူးလေးဆို တစ်မျိုးတဆန်းမလား…
KZ
June 18, 2013 at 3:26 pm
ဘယ်တော့ မင်ဂါ ဆောင်ကြမတုန်း:::::::
ဝီလယူ မယ်ရီးမီ???

ဦး ကျောက်ခဲ
June 18, 2013 at 3:26 pm
ဟင့်… အမျိုးသားစောင့် ဥပဒေနဲ့ ငြိသွားမယ်…
ဘာမှတ်နေလဲ…..
ကြက်အူလှည့်
June 18, 2013 at 3:31 pm
ဘူဘူချင်း ၁ လုပ်ချင်သူများပါပေ…
ကွိကွိ
Wow
June 18, 2013 at 3:48 pm
ဟို အုပဒေ မထွက်ခင် မင်ဂါဆောင်ဂျမယ်…
Wow
June 18, 2013 at 3:51 pm
ဟို အူးဇင်းကြီးတင်မဲ့ ဟို အုပဒေ မထွက်ခင် မင်ဂါဆောင်ဂျမယ်လေ…
KZ
June 18, 2013 at 3:58 pm
အေး::::

ဟုတ်တယ်။
မောင်ဂလေးဂို ဓာတ်ပုံရိုက်ခိုင်းမယ်နော်။
သူ့ အကိတ်ကြီးဒွေ လက်လွတ်သွားလို့ အသီးများ ကွဲနေဦးမား မသိ။
လုံမလေးမွန်မွန်
June 17, 2013 at 9:47 pm
မျက်စိထဲတောင် မြင်ယောင်မိတယ် အူးလေးရယ်…. ရှယ်ပဲ… ခိခိ… နောက်တစ်ပုဒ်လောက် ထပ်တင်ပါဦး… :harr:
ဦး ကျောက်ခဲ
June 18, 2013 at 8:19 am
တစ်ပုဒ် ၅ကျပ်… ၃ပုဒ် တစ်ဆယ် တူမရဲ့…
ရှယ်ပဲဆိုတော့… ဦးကြောင်ကြီးကို မေတ္တာထားတယ်ပေါ့…
kai
June 18, 2013 at 5:30 am
ဘာရယ်တော့မဟုတ်..
အဲဒါကိုစဉ်းစားနေမိတယ်..။
အင်း.. ရေကန်ပြင်အလည်ပျော်နေတဲ့ ရွှေငန်းတွေနဲ့တူမလား..
လမ်းဘေးက အီနေတဲ့..ဝုတ်ဝုတ်တွေနဲ့တူမလားပဲ..။
ဦး ကျောက်ခဲ
June 18, 2013 at 8:23 am
ရေပြင်အလည်က ရွှေငန်းလေးတွေလိုဆိုရင်တော့…
လည်တိုင်ချင်းပါ ချိတ်ရလိမ့်မယ် သဂျီးရဲ့…
ဟို ဝုတ်ဝုတ်တွေလိုဆိုရင်တော့… ကျောက်စ်မသိ… ဟီး ဟီး
Ma Ma
June 18, 2013 at 8:50 am
ပွဲလန့်တုန်း ဖျာခင်းရသတဲ့။
ဘရုတ်သုတ်ခဖြစ်နေလည်း ဘယ်မှမပြေးပဲ နေရာကောင်းရတုန်း ယူထားမှ။
ကျောက်ကလောင်ကြောင့် ကြောင်တစ်ကောင် အေးချမ်းမေဖြစ်သွားမလား………..
ဒါမှမဟုတ်-
ဓားကောက်ဖြောင့်နေတဲ့ ကြောင်ကြီးလက်ချက် ကျောက်အနှက်ခံရလေမလားးးးးးးးးးးးး
မျှော်ကြအုံးစို့ရယ်…………….. :kwi:
ဦး ကျောက်ခဲ
June 18, 2013 at 10:01 am
ကျောက်စ်ကို တူနဲ့ ခဏခဏထုတာမို့… ပြန် ကျီစားကြည့်တာပါ…
အေးချမ်းမေ ဖြစ်သွားတယ်ဆိုတော့လည်း ကြောင့်ကုသိုလ်ပေါ့…
ရေးမည့်သာရေးရ… ဘယ်အချက် အခြစ်ခံရဦးမယ် မသိ… ဟီး ဟီး
Crystalline
June 18, 2013 at 11:51 am
ဦးကျောက်ရဲ့ ပင့်ဒူးမိလို ့ကွင်းထဲပြန်ရောက်တဲ့အဆင့်နဲ ့တင်မကျေနပ်နိုင်ဘူး… ဒူးနဲ့ပင့်လို့ ကွင်းထဲပြန်အဝင် ဆရီနာကလည်း ဆာဗင်ထိုးမယ့် ရှာရာဆီ အားကုန်ရိုက်ပေးလိုက်.. ရှာရာကလည်း ဒီတင်းနစ်ဘောမကောင်းတော့ဘူးဆိုပြီး ကွင်းပြင်ရိုက်ထုတ် အဲဒီတော့မှ ဆေးမှုးလာပစေ.. :kwi:
ဦး ကျောက်ခဲ
June 18, 2013 at 12:00 pm
ဟီ ဟိ… ဦးကျောက်စ် ဘော်ဘော် ကကြောင်ကြီးကို အတော်ခြစ်ပုံရဒယ်…
ဇာတ်ညွန်းကိုကွန့်လိုက်တာများ… ဖယား ဖယား…
ကြောင်ညွန့်တုံးလို့ ကြောင်လုံးလှဖို့မမြင် ဟီ ဟိ…
:harr:
Nyo Win
June 18, 2013 at 4:02 pm
ဦးကျောက်ရေ….ခုတလောရွာထဲဝင်မရလို ့စိတ်ညစ်နေတာ…
အခုမှ..ခလုတ်တိုက်.ဟတ်ထိုးလဲ ပြီး ရောက် လာတာ……
ဦးကျောက်ပိုစ် ့တွေ ့တော့ရေငတ်ပြေသလိုခံစားရတယ်…..
ဒါနဲ ့ စကားမစပ်…ဦးကျောက်ရောက် ရင်အကြောင်းကြားပါ အုံး..
ကျွန်တော ့mail က nyowin@gmail.com ပါ။
ဦး ကျောက်ခဲ
June 18, 2013 at 4:08 pm
အ ဟဲ… သိတော်မူကြတဲ့အတိုင်း.. သဂျီးဆာဗာ ကင်းကိုက်သွားလို့…
ရွာပြန်မရောက်ခင် ဆက်သွယ်လိုက်ပါ့မယ်ခင်ဗျာ…