Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပို မြင့်မြတ်တဲ ့ ကူညီမှု / ပို ထိရောက်တဲ ့ကူညီမှု ကို…… လိုအပ်နေကြတယ် ။

alinsettJune 17, 20135min54412

မနေ့က ပျင်းပျင်းရှိတာနဲ့……..

ကြည့်ပြီးသား ဇာတ်ကားအဟောင်းတွေထဲက တစ်ကားကားတော့ပြန်ကြည့်ဦးမှ..ဆိုပြီး..

အခွေ ဟောင်းတွေကို ကိုင်ကြည့်ပြီး.မွှေနေမိပါတယ် ။

ကျွန်တော် ကြ်ိုက်တဲ ့ဇာတ်ကားတွေ ကို ဘယ်ကား ပြန်ကြည့်ရကောင်းမလဲ..လို ့ စဉ်းစား ရွေးချယ်ရပါတယ် ။

AVATAR

1

No…… ဒီ အချိန်မှာ..ဘယ်လို နယ်မြေ ကျူးကျော် သိမ်းပိုက်မှုမျိုးကိုမှ မကြည့်လို ../ မမြင်လို….။

=================

 

HARRY POTTER

harry

ဒါလည်း… No…… / စိတ်ကူးယဉ် ဆန်းကြယ် မှု တွေနဲ ့ လက်တွေ ့ဘဝကနေ ကင်းကွာနေရမယ့် အချိန်လည်း.. မဟုတ်ပြန်ဘူး..။

 

========================================

 

TIYANIC

tiiii

မျက်တောင် ခတ်ဖို ့ / အသက်ရှု ဖို ့တွေကိုတောင် မေ့လျော့ နေစေတဲ့..

အံ့မခန်း ရိုက်ျက်တွေနဲ့.. အချစ် စွန် ့စားမှု ဇာတ်ကားကြီးမို ့..

မကြာဏ ပြန်ကြည့်မိပေမယ့်..

အခုလောလောဆယ်တော့ ဒါလည်း… No………..။

 

===========================================

 

13 EERIE

13 ff

ဒီလို ရက်င်္ရက်စက်စက် သတ်ဖြတ် စားသောက်တတ်တဲ့ လူသားစား သတ္တဝါကြီးကို လည်း…အခုလို အချိန်မှာ.. မကြည့်သင့်သေးပါဘူးလေ..။

 

=============================

 

Final Distination 1 , 2 , 3 , 4 , 5

 

final...

အဲဒီလောက် တိတိကျကျ လိုက်လာနေတဲ ့ သေခြင်းတရား နဲ ့ နိမတ်ဆိုးတွေကို ကြိုမြင်တတ်တဲ ့ လူငယ်တစ်စု ရဲ ့ ဇာတ်လမ်းကျတော့လည်း..

အသည်းတယားယား..ရင်တထိတ်ထိတ်နဲ ့ ကြည့် ရတာ…။

တော်တော် တော့ကြည့်လို ့ကောင်းပါရဲ ့။ ဒါပေမယ့်….

အဲဒီ ဇာတ်ကားတွေ ကြည့်ပြီးရင်…. ဘယ်အရာ ဝတ္ထု ကို ကြည့်ကြည့်.. တစ်ခုခုများ..ထ ဖြစ်တော့မလား.ဆိုတဲ့ ရင်ထိတ်တဲ့ အတွေးနဲ့.. ဖြစ်နေမိလို ့…. ။

အရသာတော့ တစ်မျိုး..ကောင်းနေပေမယ့်… အခု မကြည့်ချင်သေး.။

 

=================================================

 

Prometheus

prooooooo

အာကာသ သိပ္ပံ ဇာတ်ကားတွေ ကြည့်ပြီးရင်.. အာကာသ ထဲ ခဏ ဖြစ်ဖြစ်.ထွက်ကြည့်ချင်စိတ်တွေ တားမရ လွန်းလို ့……..။

 

===============================================

 

The collection

444

စနစ်တကျ ထောာင်ချောက်တွေ ဆင် ပြီး… လူတွေကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်တတ်တဲ ့.. လူသတ်ကောင်ကြီးမိုူ ့… မကြည့်ရက်နို်င်သေး………. ။

ပြီးတော့.. ကျွန်တော်က သူများ ရဲ ့ နာကျင်မှုကို မြင်ရရုံ /ကြားရရုံနဲ ့.. ကိုယ့် အသားပါ..နာကျင်လာသလို..ခံစားမှု ကူးစက် လွယ်တတ်လွန်းလို ့…။

အခု အချိန်မှာ… ရက်စက်မှုတွေကို ပြန်မကြည့်ချင်…။

 

========================================================

 

BAIT

5555

ပင်လယ်ကြီးကို.. ချစ်ပေမယ့်..ငါးမန်း ကြီးတွေရဲ ့  ကြောက်မက်ဖွယ်ရာ.. တိုက်ခိုက် ပြီး..လူသားတွေ သတ်ဖြတ် စာေးသာက်ခြင်းကိုတော့… မချစ်ပါ ။

အသည်းတယားယား…အထိတ်တလန် ့ကြည့်ရသော BAIT ကိုလည်း..အခု နေတော့.. ပြန်မကြည့်ပါရစေနဲ ့..ဦး…။

———————————————

 

ဒါဖြင့်….

The  Day After  Tomorrow

2

No..ကွယ်… ။  သဘာဝဘေး အန္တရယ်တွေ  ကျရောက်လာတဲ့အခါ….ဘယ်သူကိုမှ အပြစ်တင်နေဖို ့.. နာကြည်းနေဖို ့ အချိန် မရပဲ..

သဘာဝ ဘေး ဒုက္ခတွေကြားမှာ…. လူသားတွေ ရဲ ့ အသက်တွေ.. အိုးအိမ်စည်းစိမ် တွေ… ပျက်စီး.. ပျောက်ကွယ်သွားတာ… တွေလည်း..

မကြည့်ရက်ပါဘူး …။

 

————————————————

 

 

The  Karate  Kid

3

 

အဲဒီ ဇာတ်ကားထဲက… သိုင်းကွက် တချို ့ကို.. အားကျ မက်မောတယ် ။

တတ်မြောက်ချင်တယ် ။ 

ပြီးတော့…

ဂျက်ကီချန်း ခေါ်သွားတဲ့ တောင်အမြင့်ကြီး ပေါ်က သိုင်း ပညာရှင်တွေရဲ့ ကျောင်းတော်ကြီးကို သွားကြည့်ချင်မိတယ် ။

ဒါပေမယ့် လောလောဆယ်  သိုင်းကွက်တွေ ခင်းကျင်းပြီး… တိုက်ခိုက် တာထက်

စကားလုံးတွေကို ကျင်ကျင်လည်လည် သုံးနိုင်တဲ့ စကားလုံးသိုင်းသမား ပဲ ဖြစ်ချင်နေတယ်။ မကြည့်သေးဘူး။

————————————————

 

Summy ‘s Avonturen

ssssss

ပင်လယ် ရေအောက်က ချစ်စရာကောင်းတဲ့ ရေသတ္တဝါ လေးတွေရဲ့ စွန် ့စားခန်းး  ကာတွန်းပေါ့ ။

အင်းးးးကျွန်တော်လည်း ခုချိန်ထိ ကာတွန်းကားလေးတွေကို နှစ်ခြိုက်နေ မိတုန်း ။  

ဒါပေမယ့် ဒီဇာတ်ကားလေးတော့ နောက်မှ ပြန် ကြည့်ပါမယ်လေ ။

————————————————-

 

Brave

bbbbbb

ဒီ ဇာတ်ကားထဲက ကောင်မလေးကို ဆံပင်လည်းညှပ်ပေးချင်သေးတယ်။  

စုန်းမကြီးရဲ့  ဆေးမှားကြောင့်  အမေဖြစ်သူ လူသားကနေ   . . . . . . . ။

အင်းးး ဒီ Brave လည်း နောက်မှ ပြန်ကြည့်မယ့် စာရင်းထဲ သွား ။

————————————————–

 

ဟော   ဟောဒီမှာ………………….

Mr . Bean  ရဲ့ ဟာသ ဇာတ်လမ်းတိုလေးတွေ ပါလား။

0000

လောလောဆယ် စ်ိတ်ညစ်စရာ လေးတွေလည်း  ရှိနေလေတော့

ဒီလို ရယ်စရာ လေးတွေ ပြန်ကြည့်ဖို့ စိတ်ဝင်စားနေပါတယ် ။

ဒါနဲ့ပဲ . . . . Mr .Bean ရဲ့ ဟာသပြကွက် ကလေးတွေကို  ပြန် ကြည့်မိပါတော့တယ် ။

=========================

Mr .Bean ရဲ့ ဟာသပြကွက် ကလေးတွေက.. တစ်ခန်း ရပ် ဟာသလိုမျိုး.. တိုတို ထိထိ မိမိ လေးတွေပါ ။

အူတတ်သွားမလိုလို..ရယ်ရလွန်းလို ့… ကျွန်တော်…တော်တော်လေး သဘောကျ မိပါတယ်  ။

ဒီနေ့……..

ပြန်ကြည့်မိတဲ့… ပြကွက်တွေထဲမှာ…

ရင်ထဲကို..တန်းခနဲ..ဝင်လာပြီး..အတွေးတွေ..တသီတတန်း ကြီး..ပေးသွားတဲ့ ပြကွက်တစ်ကွက်…ကို တွေ ့လိုက်ရပါတယ် ။

အဲဒီ ပြကွက်ကတော့……..

————————————————

လမ်းဆုံတစ်ခု ရဲ ့…..

ထောင့်ချိုးကလေးတစ်ခုမှာ…

မျက် မမြင် … ဒုကိ္ခတ တစ်ယောက်…..

ဂစ်တာတီင်္း … သီးချင်းဆိုပြီး….. ခွက်လေးတစ်လုံးရှေ့ချ…လို ့…

ပိုက်ဆံတောင်းနေတယ် ။

အဲဒီ နေ ရာကို…..MR . BEAN ရောက်လာပါတယ် ။

သူတောင်းစား ဘေးက ဖြတ်သွားတယ် ..။

ကျော်သွားပြီးမှ…. ပြန်လှည့်လျှောက် လာတယ် ။

BEAN က  ပိုက်ဆံ ပေးကမ်းဖို ့…  ပြင်တယ် ။

ပိုက်ဆံ တွေ ထုတ်တယ် ။ ပိုက်ဆံ  အကြွေ ရှာတယ် ။

မတွေ ့ဘူး ။

ဘောင်းဘီ အိတ်တွေ.. အကျိီ င်္ အိတ်တွေ ထဲ.. နှိုက်နှိုက်ချွတ်ချွတ်  ရှာတယ် ..။

ဒါပေမယ့်… Bean မှာ.. ပိုက်ဆံ အကြွေက ပါမလာပါဘူး ။

ဒါနဲ့…………….

ပိုက်ဆံ အတန်ကြီင်္းတစ်ရွက်ကို ကိုင်ပြီး…. သူတောင်းစား ရဲ ့ခွက်ထဲကို… ကြည့်တယ် ။

အတန်ကြီးထဲက..ပေးချင်သလောက်ကို  ပြန် အမ်းနိုင်သလား..ပေါ့လေ. ။

ဒါပေမယ့်….. သူတောင်းစား ရဲ ့ ခွက်ထဲမှာလည်း….. ပိုက်ဆံက များများမရှိ… ပြန်မအမ်းနိုင်လောက်ဘူး ။

Bean  အကျပ်ရိုက်နေတယ် ။  သူတောင်းစားကိုလည်း..ပေးချင်….

ပိုက်ဆံ အကြွေ ကလည်း..မရှိ …

ပိုက်ဆံ အတန်ကြီးတစ်ရွက်လုံး.ပေးခဲ့ဖို ့ ရာကလည်း..မဖြစ်…..

သူ…ခေါင်းကုတ် ဖင်ကုတ်နဲ ့….. အကြံ ထုတ်နေပါတယ် ။

————

မကြာခင်မှာပဲ…..

Bean   အကြံ တစ်ခု ရသွားပါတယ် ….။

သူတောင်းစားရဲ ့..ဘေးမှာ.. Bean   ဝင်ရပ်တယ် ။

အကျီ င်္ အိတ်ထဲက.. လက်ကိုင်ပဝါလေး… ထုတ်ပြီး..အရှေ့မှာ ဖြန့်ခင်းတယ်.. ။

ပြီးတော့….

သီးချင်း ဆိုပြီး..ပိ်ုက်ဆံတောင်းနေတဲ ့…. မျက်မမြင် ဒုကိ္ခတရဲ ့…ဘေးမှာ…  ကျကျနန ရပ်ပြီး..က ပါတော့တယ် ။

သိပ် မကတတ်…ပဲ..ကတော့.. Bean  က နေတာက  ရီစရာ ကြီးပါ ။

ကိုးရိုးကားယားနဲ ့….. Bean

က ပြီး.. ပိုက်ဆံ တောင်းနေပါတယ် ။

မျက်မမြင် သူတောင်းစားက..သီချင်းဆို…ပြီး..တောင်းတယ် ။

Bean က.. ဘေးကနေ… က … ပြီး ..တောင်းတယ် ။

————-

ခဏ အကြာမှာတော့…..

အမျိုးသမီးကြီးတစ်ယောက်က ….

ကွေးနေအောင်.. က နေတဲ ့.. Bean  အရှေ ့က… လက်ကိုင်ပဝါ ပေါ်ကို… ငွေ အကြွေကလေး ပစ်ချ ပေးသွားပါတယ် ။

ငွေ အကြွေက်ု… ရတော့… Bean   အက ရပ်တယ် ။

သူ..တောင်း..လို ့ ရတဲ ့ငွေ အကြွေကို..သူတောင်းစား ရဲ ့ခွက်ထဲ.. ထည့်ပေးလိုက်တယ် ။

ပြီးတော့…..

သူ ့လက်ကိုင်ပဝါလေး..သူ..ခေါက်သိမ်းပြီးးးးးး သူ ့လမ်းသူ…..

ဆက်လျှောက်သွားပါတော့တယ် ….။

=====================================

ပြကွက်ကလေးက… အဲဒါပါပဲ ..။

သိပ်လည်း.မရယ်ရပါဘူး ။

ဒါပေမယ့်.. တွေးတော ဆင်ခြင်စရာတွေကတော့….. တန်းစီ…ပြီး.ထွက် လာပါတယ် ။

=====================================

သူတောင်းစားကို..ပေးဖို ့….. ပိုက်ဆံ မရှိတဲ ့ အချိန်မှာ….

ကိုယ်တိုင်က  သူတောင်းစား  အဖြစ်..ခဏ လုပ်ပြီးးး… တောင်းတယ် ။

ရလာတဲ့.. ပိုက်ဆံကို… သူတောင်းစားအတွက်.. ပြန်ပေးသွားတဲ ့ လုပ်ရပ်ဟာ…

ဘယ်လောက်များ..ချစ်စရာကောင်းလိုက်သလဲ… ။

နော် ့ ။

———–

ရှိရင်.. လှူမယ်.. မရှိရင်.. မလှူ ဘူး..ဘာတတ်နိုင်မလဲ..ဆိုတဲ ့… ပြီင်္းစလွယ်.. သဘောထားမျိုး…မရှိ ။

သူတောင်းစားနဲ ့… လှူသူ ဆိုတဲ ့… အဆင့်အတန်းခွဲခြား မှု လုံးဝ မရှိ…။

သူတောင်းစားနဲ ့ ပေးကမ်းသူဆိုတဲ ့ နယ်နမိတ် မရှိ.. ။

သိက္ခာ ဆယ်တာတို ့…

မာန တတ်တာတို ့.. မရှိ ။

သေချာတွေးကြည့်ရင်တော့…….

သူတောင်းစားကို ပေးဖို ့… သူတောင်းစားခဏ လုပ်ပြီး.  ပိုက်ဆံတောင်း..ပေးတာ ဟာ.. သိက္ခာ ကျစရာလည်း… မရှိပါဘူးလေ ။

အကူအညီလိုသူကို.. ကူညီနိုင်တဲ့ အခြေအနေမှာ.. မျက်ကွယ်ပြု လိုက်တာကမှ……

=========================

သူတောင်းစားကို ပေးဖို ့… သူတောင်းစားခဏ လုပ်ပြီး.  ပိုက်ဆံတောင်း..ပေးတာ ဟာ..

ကိုယ်ကျိုးစွန့်သော…..

အဆင့်အတန်း မခွဲခြားသော….

မြင့်မြတ် ဖြူစင်သော… လုပ်ရပ်ကလေး မို ့….. ချစ်စရာတောင် ကောင်းနေသေးတယ် မဟုတ်လားကွယ်… ။

============================

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကျွန်တော်လည်း…….

ကိုယ့် ပတ်ဝန်းကျင်က….  အားနည်းသူတွေ..အကုူအညီ လိုနေသူတွေကို….

ကူညီင်္ နိုင်ဖို ့..ကြိုးစားရဦးမယ် ။

ပိုပြီးတော့….. ဖြူစင်သော..

ပိုပြီးတော့..မြင့်မြတ်သော….. ကူညီစောင့်ရှောက်မှု မျိုးနဲ ့…..ထိထိရောက်ရောက်..

ကူညီ တတ်တဲ ့ လူ တစ်ယောက်…..

ဖြစ်ဖို ့……..

ကြိုးစား ရမယ် ။

 

========================

လေးစားစွာဖြင့်

အလင်းဆက်

alinsett.art@gmail.com

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • kyaw hteik

    June 17, 2013 at 9:55 pm

    မရှိလို့မလှူ မလှူလို့မရှိ မဖြစ်​ရ​လေး​အောင်​
    ကိုယ်​တတ်​န်ိုင်​တဲ့ ​နေရာက ကူညီကြပါစို့။
    လုပ်​အားတတ်​နို်​င်​လုပ်​အား ​ငွေအားတတ်​နိုင်​​ငွေအား
    လူညီစွာ ကူညီကြပါစို့။
    မိတ်​​ဆွေအ​ပေါင်​း သူ​တော်​​ကောင်​းတို့​ရေ…………

  • အလင်း ဆက်

    June 17, 2013 at 10:07 pm

    ညီပြီ…ဗျို ့….
    ဝိုင်းအော်ပေးတဲ ့..လေးလေး kyaw hteik ကျေးဇူး ဗျ ။
    🙂

  • ဝင့်ပြုံးမြင့်

    June 18, 2013 at 12:07 am

    အဲဒီ ဦးပဲ ဇာတ်ကား၊ အဲဒီအခန်းကို ကြည့်ဖူးတယ်နော်။ တစ်ခါတည်းစွဲသွားတာ။ အဲဒီ အခန်းကို အစွဲဆုံး။ ဦးပဲ ဇာတ်ကားတွေ အကုန်ကြည့်တယ်။ အကုန်ကြိုက်တယ်။ အခု အလင်းဆက်ပြောတဲ့အတွေးမျိုး ဝင်ခဲ့ဖူးတယ်။

    • အလင်း ဆက်

      June 18, 2013 at 11:14 am

      အဟိ

      ဦးပဲ တဲ့ လားဗျ

      ကျွန်တော်လည်းးး စိတ်ညစ်တဲ့အခါတိုင်းးးဦးပဲ ကို ကြည့်တယ်
      😆

  • ကြက်အူလှည့်

    June 18, 2013 at 7:19 am

    ကျုပ်တွေ့ထားတယ်…
    တယောက် ဆိုမှတယောက်
    အဲ့ဒိ မိန်းကလေးက အပျို
    ဒါပေသိ တနှစ်မှာ ၅၂ခါ ကလေးအမေဖြစ်တယ်….
    ကလေးအမေဖြစ်တာမှ ကလေးတယောက်အမေမဟုတ်ဘူး
    ကလေးများစွာရဲ့ အမေ .. သူ့ သားသမီးတွေကလည်း
    တယောက်မှ၆၃ကျတာမပါဘူး…လမ်းဘေးလေလွင့်ချာတိတ်တွေ..

    ဟုတ်တယ်..
    နယ်စပ်မှာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ မိန်းကလေး တယောက်
    ဆန်းဒေးစကူးရှိချိန်တိုင်းမှာ လမ်းဘေး ကလေးတွေ ခေါ်ပြီး
    အစာကျွေး စာသင်ပေးနေတာလေ..
    (အစာကျွေးတာ အကြောင်းရှိတယ် စာသင်ပေးရုံသက်သက်ဆို လမ်းဘေးမှာ
    တောင်းစားနေတဲ့ကလေးတွေ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်သူမှ လာမသင်ဘူး)

    ကလေးတို့ မှာ မိဘမရှိဘူးတဲ့ … တပါတ်ကို တရက် တမနက်တော့ ကျမ
    ကလေးတို့ရဲ့ မွေးစားမေမေ ဖြစ်ပါရစေတဲ့ ….။
    ကဲ…။

  • KZ

    June 18, 2013 at 8:06 am

    ဟိုလေ……………………
    မိဘမဲ့ကလေး ဈေးရောင်းပွဲမှာ ………………..
    စိုင်းစိုင်းရောင်းတဲ့ မျက်မှန် ကို ဝယ်ပြီးအားပေးတာတို့……………. :mrgreen:
    အောင်ရဲလင်းရောင်းတဲ့ ကြာဇံကြော် သွားဝယ်စားတာတို့……… :mrgreen:
    ရဲတိုက်ရောင်းတဲ့ အအေး ဝယ်သောက်တာတို့………….. :mrgreen:
    ကောင်းပြည့်နဲ့ ဓာတ်ပုံ တွဲရိုက်တာတို့က ရော မြင့်မြတ် ထိရောက် အကျိုးရှိတဲ့ ကူညီမှုမျိုးလား ဟမ်??? :mrgreen:

    • အလင်း ဆက်

      June 18, 2013 at 11:29 am

      မမ ခိုင်ဇာ
      အက်ဒါကတော့
      အဟိ
      ကူညီမှု တော့ ကူညီမှုပဲ
      ဒါပေမယ့်
      အင်းးးးးးး
      မင်းသားလေးတွေနား ကပ်ချင်တာက များများ
      အင်းးးးး

      ကူညီမှုပါပဲလေ

      ဟိဟ်ိ

  • တိမ်မည်း

    June 18, 2013 at 9:17 am

    အဲ့ကားကို ကြည့်ဖူးတာကြာပါပီ… အဲ့လို အတွေးတော့ မဝင်မိဖူးရယ်……………
    🙂

  • အလင်း ဆက်

    June 18, 2013 at 11:47 am

    တိမ်မည်း ရေ
    အင်း ကျွန်တော်ထက် ကြီး လာ ငယ် လားမသိ ။
    အသက် ပြောပါ တယ်။

    😆
    ဖတ် ရှု ခံစား ပေး လို ့ကျေးဇူး ပါ။

  • Ma Ma

    June 19, 2013 at 8:23 am

    ကြည့်သောသူ မြင်၏ တဲ့။
    ကြည့်တတ် မြင်တတ်ပါပေတယ်။
    ကိုယ်တိုင်လည်း ကြည့်ဖူးပေမယ့် အဲလိုအတွေးမျိုး မဝင်မိဘူး။
    မြင့်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ရပ်လေးက အားကျစရာ၊ အတုယူစရာပါပဲ။

    တစ်ခါတုန်းက အသိမိတ်ဆွေ မိသားစု (အတော်ကြီးချမ်းသာပါတယ်) က အညာက အနာကြီးရောဂါသည်တွေရဲ့ရွာကို သွားပြီး အလှူလုပ်တယ်။
    ဘယ်မိတ်ဆွေမှ မဖိတ်ဘူး။
    သူတို့အလှူကို ရိုက်ထားတဲ့ ဗွီဒီယိုခွေကို သူတို့အိမ်မှာ နေမကောင်းလို့ မလိုက်နိုင်တဲ့အမေဖြစ်သူကို ဖွင့်ပြတုန်း ကြုံလို့ကြည့်မိတယ်။
    အနာကြီးရောဂါသည်တွေရဲ့ ရွာမှာ စတုဒိသာကျွေးတာကို အလှူရှင်မိသားစုလည်း တစ်ခါတည်း ဝင်စားတာတွေ့ရတော့ အဲဒီမိသားစုကို အံ့ဩချီးကျူးမိတယ်။

    ကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စမျိုးကို လုပ်နိုင်တဲ့သူတွေကို အင်မတန်ချီးကျူးပါတယ်။ 🙂

  • အလင်း ဆက်

    June 19, 2013 at 10:56 am

    အန်တီ မမ ရေ
    အန်တီ မမ ပြောတဲ ့ အ ကြောင်း လေး ဖတ်ပြီးးးတော့

    နာရေး အိမ် ကို သွား တော့သွား ပြီးး
    နာရေး အိမ် က မုန် ့ဟင်းခါး မို ့မစား ချင် တဲ ့
    ခင် ကြီး ကျယ်တွေ ကို မြင်ယောင် မိတယ်။

    အဲဒီ အလှူ မတ်တမ်း ခွေ ကို
    ခင်ကြီးကျယ် ကြီး တွေ ကို
    ပြချင် လိုက်တာ ဗျာာ

    😆

    ကျွန်တော် ရုပ် ရှင် ဇာတ်ကား တွေ ကြည့်ပြီးတိုင်း
    ခံစား မိတာလေးတွေ ချရေးတတ်ပါတယ်။
    ရုပ် ရှင် ခံစား မှု ဆောင်းပါး လေးတွေ ပေါ့။
    မြန်မာ ဇာတ်ကားတွေ တော့ မကြည့်ဖြစ်ပါဘူး။

    ဇာတ်ကား တွေ သီချင်းတွေ ကို
    ခံစား ထားတာလေးတွေ ကိုလည်း
    အ ကြောင်း ညီညွတ်တဲ့ အခါ
    တင် ပြ ချင်ပါသေးတယ်။

Leave a Reply