Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လမ်းဘေး Talk ´´

ခင္ခJune 19, 20131min6419

“လမ်းဘေး Talk ´´

မနေ့က မန္တလေးတောင်ခြေက မြောက်ပြင်ဘက်ခြေဦးလှည့်မိတာနဲ့ တိုင်းရင်းဆေးတက္ကသိုလ်ဘက်ကို ဆက်ပြီး သွားခဲ့မိတယ်လေ၊ တိုင်းရင်းဆေးတက္ကသိုလ်သွားတဲ့ကားလမ်းလေးဘေး တက္ကသိုလ်ကျောင်းနဲ့မနီးမဝေးမှာ အဲဒီဘက်ရောက်ဖြစ်ရင်ထိုင်နေကျ လဘက်ရည်ဆိုင်လေးရှေ့ကားရပ်ပြီး ဆိုင်ထဲလှမ်းကာဝင်လိုက်ရင်ဘဲ

“ဗျို့ ကိုခင်ခကြီး ပေါ်မလာအတော်ကြာပါ့ပေါ့´´ လို့ လက်ကလေးထောင် လှမ်းပြောသူဆီ မျက်စိကရောက် သွားတော့ တိုင်းရင်းဆေးတက္ကသိုလ်က ပါမောက္ခဆရာကြီးတစ်ဦးဖြစ်နေတာနဲ့ ခင်ခ လည်းအဲဒီစားပွဲဆီကိုဘဲ လှမ်းကာသွားပြီး ထိုင်လိုက်ရင်း

“မင်္ဂလာပါဆရာကြီး´´

“အေး မင်္ဂလာပါဗျာ´´

ဆိုင်က စားပွဲထိုးလေး ရေနွေးအကြမ်းခွက်လေးလာချပေးရင်း “ဆရာဘာမှာမလဲ´´ မေးတော့

“လဘက်ရည် ပုံမှန်တစ်ခွက်ပေးကွာ´´ ပြောပြီး ခုန ဆရာကြီးနဲ့ စကားစမည်းပြောဖြစ်ကြတယ်ပေါ့၊ ခင်ခ တို့စကားပြောတဲ့နေရာက တိုင်းရင်းဆေးတက္ကသိုလ်အနီးနားက လမ်းဘေးလက်ဘက်ရည်ဆိုင်မှာဆိုတော့ “လမ်းဘေး Talk ´´ပေါ့ဗျာ။

“ကျွန်တော် အခုတလော အလုပ်ရှုပ်နေတာနဲ့ ဒီဘက်မလှည့်ဖြစ်ဘူးဆရာကြီး´´

“ကျုပ်တို့က ပြီးခဲ့တဲ့ အပတ်ကဆုံကြတုန်းက လာမလားလို့ဆိုပြီး မျှော်နေတာလေ၊ ဆရာသာအောင် တောင် ခုနလေးတင် ဒီရှေ့ကဖြတ်သွားတာ လက်လှမ်းပြလိုက်လို့ ပြန်လှည့်လာခဲ့မယ် အော်သွားတယ်ဗျ အခု ကိုခင်ခ ရောက်လာတော့ အတော်ဖြစ်သွားတာပေါ့´´

“ဆရာသာအောင်ဆိုုလို့ ဟိုးတလောက ကျွန်တော်ရုံးဘက်ရောက်လို့ဆိုပြီး ဝင်လာသေးတယ် အဲဒီတုန်းက ခြေထောက်သွေးကြောထုံးသလို ဖြစ်လို့ ကျွန်တော်တို့နာက တိုင်းရင်းဆေးဆိုင်မှာ တရုတ် တိုင်းရင်း လိမ်းဆေးဆိုလား လာဝယ်တာလေ´´

“ဖြစ်နိုင်တယ်ကိုခင်ခ ဆရာသာအောင်က လူကသေးသေးပိန်ပိန်လေးဆိုတော့ ထိုင်လို့ရှိရင် ခြေထောက် ချိတ်ပြီး ထိုင်တဲ့ အကျင့်ရှိတာကိုး´´

“ဆရာကြီး ခြေထောက်ချိတ်ထိုင်တာနဲ့ ခုန ခြေထောက်သွေးကြောထုံးတာ ပက်သက်နေလို့လားဗျ´´

“ဆိုင်တာပေါ့ ကိုခင်ခရေ ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ဟန်ပန်လှပေမယ့် အမြဲတန်းထိုင် တတ်ရင်တော့ ခြေထောက်သွေးလှည့်ပတ်မှု့ကို အနှောက်အယှက်ဖြစ်စေပြီး ခြေထောက်သွေးကြောထုံးခြင်း (Varicose Vein) ဖြစ်စေနိုင်တာပေါ့၊ ဒူးအထက်ကို ခြေချိတ်ထိုင်တော့ တစ်ဖက်ကတစ်ဖက်ကို ဖိထားသလို အမြဲဖြစ်ပြီး သွေးကြောတွေရဲ့သွေးစီဆင်းမှု့ကို အဟန့်အတားဖြစ်စေလို့ သွေးကြောမှာသွေးစုပြီး ကြာလာ တော့ သွေးကြောထုံးလေးတွေဖြစ်လာတာဘဲလေ၊ ဒါကြောင့် ဖြစ်နိုင်ရင် ခြေနှစ်ချောင်းကို ကြမ်းပြင်မှာတစ်ပြေး တည်းချထားပြီးထိုင်ခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ညီညီမျှမျှဖြစ်စေပါတယ်လေ´´

“ဟောပြောရင်းနဲ့ ဆရာသာအောင်တောင် ရောက်လာပြီဆရာကြီး´´

“ဆရာသာအောင် အခုဘဲ မောင်ရင် အကြောင်းပြောနေတာလေ´´

“ဟုတ်လားဗျ၊ ကိုခင်ခကြီး မျက်စိလည်လာတာလား´´

“ဒီဘက်ရောက်တာ လှည့်လိုက်တာလေ ဒါနဲ့ ဆရာ ဟိုနေ့ကဆေးရလား´´

“ရတယ်ဗျ အခုမှစလိမ်းနေတာဆိုတော့ ထူးခြားလားလို့ ပြောရခက်နေသေးတယ်လေ´´

စားပွဲထိုးလေး အကြမ်းခွက်ကလေးလာချတော့ ဆရာအာသာအတွက်ပေါ့စိမ့်လဘက်ရည်မှာပေးနေလို့ စကားပြောလေး ခဏရပ်သလိုဖြစ်ပြီးနောက် ဆရာကြီးကဘဲစတင်ကာ စကားပြောဆက်ကြပြန်တာပေါ့

“တစ်ခါတလေ သတိမပြုမိတဲ့နေထိုင်မှု့တွေကလည်း ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်ဗျ´´

“မှန်တာပေါ့ ဆရာကြီးရေ မိန်းကလေးတွေ ဒေါက်ဖိနပ်အမြဲစီးတာလဲ မကောင်းဘူးဗျ၊ အရွယ်ငယ်တုန်းတော့ မသိသာပေမယ် အရွယ်ရလာရင် အဲဒီဒေါက်ဖိနပ်စီးခဲ့တဲ့အကျိုးဟာ ခါးရိုးမှာ ပြသနာဖြစ်နိုင်လာနိုင်တယ်လေ´´

“ဟုတ်တယ် ဆရာသာအောင်ရေ ကျွန်တော်ခါးနာတာနဲ့ပက်သက်ပြီး ဖတ်ဖူးတဲ့ထဲမှာ လမ်းများများ လျှောက်ပြီး အလုပ်လုပ်ရတဲ့ မိန်းခလေးတွေ ဒေါက်မြင့်ဖိနပ်မျိုးမစီးသင့်ကြောင်း၊ အလွယ်တကူ ဆိုဖာခုံတွေ ပေါ်မှာ အိပ်တာတွေ၊ မွေ့ယာက ဟောင်းပြီးပြားကပ်တဲ့နေတဲ့အပေါ် အိပ်တာတွေ ရှောင်သင့်တယ်လို့ ဖတ်ဖူးတယ်ဗျ´´

“တစ်ချို့ကလည်း ခေါင်းအုံးထူထူနဲ့မှ အိပ်တတ်တာလည်း ရှိသေးတယ် ကိုခင်ခရေ´´

“ဆရာကြီးအဲလို အိပ်ရင်ဘာဖြစ်လို့လဲ´´

“ခေါင်းအုံးကို ကိုယ့်ခန္ဓာကိုယ်စောင်းလိုက်ရင် အနေတော်လောက်ဖြစ်တဲ့ အမြင့်နဲ့ဘဲအိပ်သင့်တယ်လေ၊ အဲဒီထက်အထူမှာ အိပ်ရင် လည်ပင်နဲ့ ခါးအတွက် ကိုယ်နေမသင့်လျော်လို့ ဇတ်နာတာတို့ ခါးနာတာတို့ ဖြစ်စေတတ်သလို လည်ပင်ကျည်းပေါင်းလည်းတက်စေတယ်ပေါ့၊ အကယ်လို့ မှောက်ပြီးအိပ်တတ်လေ့ရှိသူ ကတော့ ခေါင်းအုံးပါးပါးဘဲသုံးတာ အကောင်းဆုံးပေါ့´´

“တော်ရုံဇတ်နာ ခါးနာတာလောက်ကတော့ မြင်းခွါရွက်သတ္တုရည်ကို ဓာတ်ဆီရောပြီးလိမ်းလိုက်ရင် သက်သာပျောက်ပါတယ်´´

“ဟုတ်ကဲ့ ဆရာကြီး´´

“အဲဒီမှာ အမျိုးသမီးတွေ မှိုတို့ မျှစ်တို့ အမြဲစားရင်လည်း မကောင်းဘူးလေ´´

“ဘယ်လို မကောင်းတာလဲ ဆရာသာအောင်ရ´´

“တစ်ချို့အမျိူးသမီးတွေက မှိုနဲ့မျှစ်ကို ကြိုက်တော့အမြဲစားကြတယ်လေ၊ အဲလိုအမြဲစားတဲ့ အမျိုးသမီးတွေ အသက်အရွယ်ကြီးတဲ့အခါ မီးယပ်ချည့်တတ်ပြီး အဆစ်အမြစ်တွေကိုက်တတ်တာတို့၊ ခါးကိုက်တာတို့ ခါးညောင်းတာတို့ ဖြစ်တယ်တဲ့´´

“ဒါကြောင့်လေဘက်နာရှိသူတွေ မှိုမစားသင့်ဘူးရှောင်ပါလို့ ဆိုတာပေါ့လေ´´

“ဟုတ်လား ဆရာကြီး´´

“အရမ်းခါနာနေရင် နာကျင်နေတဲ့နေရာပေါ် ရေခဲကြပ်ထုပ်ထိုးကာနှိပ်ပေးရင် သက်သာပျောက်တယ်လို့ ဆိုတယ်ဗျ´´

“မှန်တာပေါ့ ကိုခင်ခရေ၊ ရေခဲရဲ့သဘာဝဓာတဟာ ရောင်ရမ်းခြင်းကိုကျစေပြီး ကြွက်သားများဒဏ်ဖြစ်ခြင်း (Strain) ကို ပျောက်စေတဲ့ အစွမ်းရှိတယ်´´

“အကောင်းဆုံးနည်းလမ်းတစ်ခု ဆရာကြီးတို့အနေနဲ့ပြောနိုင်တာကတော့ လမ်းလျှောက်လေ့ကျင့်ခန်း မှန်မှန်လုပ်စေချင်တာပါဘဲ၊ တစ်ချို့ကပြောကြတယ် လမ်းလျောက်ဖို့ အချိန်မရဘူး ဒါဆို ဒီလိုလေးကော ကျင့်လို့မရဘူးလား လူတစ်ယောက်က တစ်နေ့ အစားသုံးကြိမ်ယေဘူယျစားတယ် အဲဒါဆို မနက်စာ စားပြီး ၁၅ မိနစ်၊ နေ့လည်ထမင်းစားပြီး ၁၅ မိနစ်၊ ညနေထမင်းစားပြီး ၁၅ မိနစ်လောက်လေးဘဲ စားပြီးထိုင်မနေဘဲ လမ်းလျှောက်ပေးလိုက် ပုံမှန်တာလုပ်သွားရင် ကိုယ်စားတဲ့အစာတွေထဲကအဆီ စုဖို့အခွင့်အရေးနည်းသွားမယ် အဓီကအဆီမစုရင် အဝသက်သာမယ်၊ အဝသက်သာရင် ကျောရိုးဆစ်တွေ ဒူဆစ်တွေ၊ ခြေချင်းဆစ်တွေက ကိုယ်ခန္ဓာကိုယ်ဝိတ်ကိုထမ်းရတာသက်သာရင် အဲဒီ အဆစ်အမြစ်နဲ့ ကျောရိုးခါနာ သက်သာပါတယ်ကွာ၊ ပုံမှန်တစ်နေ့ နာရီဝက်/၄၅ မိနစ် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ´´

စကားပြောလေးခဏရပ်လိုက်သလိုဖြစ်ပြီး ရေနွေးကြမ်းလေးမော့ကြကာ

“ကဲ စကားပြောလည်းကောင်းပါရဲ့ အတန်းချိန်လေးနီးလို့ သွားလိုက်အုံးမယ်နော်´´

“ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်တို့လည်း သွားတော့မယ်လေ´´

“ကိုခင်ခ အဆင်ပြေရင်လှည့်လာလေဗျာ´´

“လာပါ့မယ် ဆရာသာအောင်ရေ´´

“ဒါဆိုနောက်မှတွေ့မယ် ကိုခင်ခရေ´´

“ဟုတ်ကဲ့ ဆရာကြီး ဖြေးဖြေးနော်´´

 

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

9 comments

  • မောင် ပေ

    June 19, 2013 at 3:14 pm

    လေးခရေ
    ဒီနေ ့က စပြီး
    တစ်နေ ့၁၅မိနစ် သုံးကြိမ်
    လမ်းလျှောက်တော့မယ်ဗျို ့
    ဗိုက်လဲ တော်တော်ပူနေပါပြီ
    ရှဲရှဲ ပါ

  • kyeemite

    June 19, 2013 at 3:26 pm

    ကျန်းမာရေးဗဟုသုတလေးတွေမျှဝေပေးတာကျေးဇူးပါ ကိုခရေ 😆

  • မင်းမင်း

    June 19, 2013 at 3:49 pm

    ဒူးချိတ်ထိုင်ခြင်း

    အားဆင်ချင်ပါတော့မည်။

    ကျေးဇူးတင်ပါတယ်ဗျာ။

  • TNA

    June 19, 2013 at 7:04 pm

    မှတ်သားထိုက်တာလေးတွေမို့မှတ်သားသွားပါတယ် လေးခင်ခရေ

  • အလင်း ဆက်

    June 19, 2013 at 8:27 pm

    တကယ့်ကို မှတ်သား ထိုက်တာလေး ပါ ။
    ကျေးဇူးတင်ရင်း နဲ ့…ပဲ..မှတ်သား လေ့လာ သွားပါတယ်လို ့…။

  • KZ

    June 20, 2013 at 11:24 am

    လမ်းဘေး တော့(ခ) ဆိုလို့ စကားပြောရမလားလို့ ဝင်လာတာ။
    လမ်းတော့မလျှောက်ချင်ဘူး::
    စကားပဲ ပြောချင်တယ်။
    :mrgreen:
    ဟီး::
    နောက်တာပါ ကိုခ
    ကျေးဇူးတင်ပါတယ်။ မျှစ်က ကျနော် အကြိုက်ဆုံး အစားအသောက်ပါ။ ဆင်ခြင်မှ။
    :mrgreen:

    • ခင် ခ

      June 20, 2013 at 11:45 am

      အဲဒီမှာ ပုံမှန်အားဖြင့် တပတ်ခြားတနင်္ဂနွေနေ့မနက်ပိုင်းအားရင် ဆုံဖြစ်ပြောဖြစ်လို့ Sunday Talk လို့ပေးမယ်စိတ်ကူးပေမယ့် Sunday Talk က ရုပ်မြင်အစီအစဉ်တစ်ခုရဲ့ခေါင်းစဉ်ရှိနေလို့
      တော်နေ မူပိုင်မှိုင်းဗုံးစကားလုံးတွေထိမှာကြောက်လို့ လမ်းဘေးက လဘက်ရည်ဆိုင်လေးမှာ ကျွန်တော်တို့ ပြောဖြစ်လို့ လမ်းဘေး တော့(ခ) လို့ အလွယ်ဘဲအမည်ပေး ဖြစ်တာပါ KZ ရေ။

  • Ma Ei

    June 20, 2013 at 1:15 pm

    ခြေထောက် သွေးပြန်ကြောပိတ်တဲ့ ရောဂါဖြစ်လို့ ညအိပ်ရင်
    ဖက်လုံးပေါ်ခြေတင် ခြေထောက်မြှင့်ထားပြီး အိပ်နေရတယ်…
    သောက်ဆေးတွေကြောင့် ဆေးဒဏ်တွေလဲ ခံနေရပါတယ်…
    :byae:

  • ဦးကြောင်ကြီး

    June 21, 2013 at 10:00 am

    ဆေးဆြာဂျီး
    မေးညာဖြီး
    တေးသာငြီး
    ပြေးကာတီး.. :P:

Leave a Reply