ကင်မလာ နဲ့ ဆီလီကာ
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
ကင်မလာကို ဘယ်ထဲ ထည့်ရမလဲတော့ ရှေ့ပို့စ် မှာ ပြောပီးသွားပေမယ် ဘယ်လို ထားရမလဲ မပြောရသေးလို့ … ရှေ ပို့စ်ကို ဖတ်ပြီး လိုက်လုပ်မယ်ဆိုတဲ့ သူတွေအတွက်ပါ
၁။ Dry Cabinet မှာ ထားတာကတော့ ရှင်းပါတယ်။ ထဲ့ပြီး ပလပ်ထိုး hydrometer လေးကြည့်ရုံပါပဲ။
၂။ လေလုံတဲ့ သေတာ ထဲထဲ့ပြီး မီးလုံးလေးထွန်းမယ် ဆိုရင်တော့ မီးလုံးနဲ့ အရမ်းကပ်မနေအောင် သတိထားပါ.. အရမ်းပူရင် ဆားကစ်တွေ ပြသနာ ရှိနိုင်ပါတယ်။
၃။ Dry Box ထဲမှာ ထားမယ်ဆိုရင်တော့ တချို့ တွေမှာ silica gel ဘူးလေးပါပါတယ် မီးထိုးထားပါ.. ၂ နာရီလောက်နေရင် ဘူးထဲထည့်ပြီး ဘူးမှာ လှည့်ပီး ဖွင့်ရတဲ့လေပေါက် လေးပါပါတယ်.. အဲဒါလေးကို ခဏ လောက်ဖွင့်ထားပြီး နာရီဝက်လောက်ဆိုရင် ပြန်ပြီးပိတ်လိုက်ပါ hydrometer မှာ ၄၀-၅ဝ လောက် ဆိုရပါပီ
၄။ဒါမှမဟုတ် ရိုးရိုးလေလုံတဲ့ ဘူးထဲမှာ ထားမယ်ဆိုရင်တော့ ဒီအတိုင်းမထားပါနဲ့ silica gel ဝယ်ပါ.. ပြီးရင် ကို ဒယ်အိုးနဲ့ လှော်ရင် လှော် ဒါမှမဟုတ် hair dryer နဲ့ မှုတ်ပါ.. ဒါမှမဟုတ် microwave oven ထဲမှာ medium temprature လောက်နဲ့ ၃ မိနစ်လောက် ထဲ့ပြီး အပူပေးပါ
ပူသွားရင် gel လေးတွေ အပြာလိုလို ခရမ်းလိုလို အရောင်ပြောင်းသွားပါလိမ့်မယ်..။ ပြီးတော့မှ အိတ်ကလေးထဲဖြစ်ဖြစ် ထဲ့ပြီး ဘူးထဲထဲ့ထားပါ။ ပူနေတုန်း မထည့်ပါနဲ့ ခဏလောက် အ အေးခံပီးမှထဲ့ပါ။
. ကြာသွားလို့ gel လေးတွေ အဖြူရောင် ပြန်ေပြောင်းသွားပြီ ဆိုရင် ပြန်ထုတ်ပြီး အပူပြန်ပေးပါ..
သိန်းကျော်တဲ့ ကင်မလာတွေအတွက် သောင်းဂဏန်း၊ ထောင်ဂဏန်းလောက် ကလေးနဲ့ ကာကွယ်ထားသင့်ပါတယ် ..
8 comments
kyaw hteik
June 27, 2013 at 10:59 pm
အသိဓာတ်ပုံ ဝါသနာရှင်က အခြားပစ္စည်းမရှိရင် လေလုံတဲ့ပုံး (ခ)သေတ္တာထဲမှာ
ဆန်အနည်းငယ်ကို လှော်ပြီး အအေးခံ၍ ပုံးထဲကိုထည့်ပါ။အပေါ်ကအဝတ်စ ပါးပါးခင်းပြီ ကင်မရာ၊မှန်ဘီးလူး
စသည်တို့ကိုထည့်ပြီး အဖုံးက်ိုလုံ အောင်ပိတ်ပါ။တစ်လ တစ်ခါဆန်ကိုလဲပေးပါက မှိုတက်ခြင်းဘေးမှ
ဝေးရစေမယ်လို့ သိရပါတယ်။
kyaw hteik
June 27, 2013 at 11:23 pm
ဒီပို့ဖတ်ပြီးမှ မိုးတွင်းမှာကင်မရာမှိုမတက်အောင်ပို့ ဖတ်မိပါတယ်။အဲဒီမှာဖော်ပြထားတာကို မသိလို့အပေါမှာ
ကွန်မန့်ပေးမိတာ တောင်းပန်ပါတယ် ခင်ဗျာ။
Ma Ma
June 28, 2013 at 7:05 am
Thank you for your detail discussion Sir Oat. 😀
အလင်း ဆက်
June 28, 2013 at 9:05 pm
ဗဟုသုတ ရတယ်ဗျ.။
အရင် ပိုစ့် ပြန်သွံား ဖတ်အုံးမယ် ။
Mr. MarGa
June 29, 2013 at 5:07 pm
မှတ်ထားတယ်
မှတ်ထားတယ်
မှတ်သွားတယ် ဗျို့
ဦး ကြိမ်
June 29, 2013 at 9:53 pm
သိရှိသူဆရာသမားအပေါင်းတို့ခင်ဗျား……
sony cyber shot နှင့် canon power shot ဘယ်ဟာပိုကောင်းပါသလဲ
ဈေးနူံး မည်မျှကွာခြား ပါသလဲ
ပြောပြပေးပါအုံး………….။
ဂန္ဓာရီ ဆြာအုပ်
July 1, 2013 at 9:14 am
ဘယ်မော်ဒယ်ကို ပြောတာလဲဗျ.. မော်ဒယ်လေးပါမှ ကြည့်ပြီးပြောလို့ရမှာပါ
KZ
July 1, 2013 at 9:26 am
Noted.