ပုတ်သင်ညို
ငယ်ငယ်က သစ်ပင်ပေါ်မှပုတ်သင်ညို ကိုမြင်လျှင်
ကျနော်တို့’ပုတ်သင်ညိုအပျိုလိခြျင်ခေါင်းညိမ့်’
ဟူ၍အော်လေ့ရှိသည်။ကလေးအရွယ်နှင့်အော်သင့်သလား
မအော်သင့်သလားမစဉ်းစားမိတတ်။ဒါပေသိ ဒီလိုအော်လျှင်
ပုတ်သင်ညိုကခေါင်းညိမ့်သည်။ နဲနဲကြီးလာမှ သူ့ကိုအော်အော်
မအော်အော် သူ့အမူအကျင့်အရခေါင်းညိမ့်တတ်နေခြင်းကိုသိလာ
ရသည်။ သဘာဝ ပင်ဖြစ်သည်။
နောက်ပုတ်သင်ညိုတို့ကိုကြည့်လျှင် အမြဲတမ်း ကြေးခွံအရောင်တမျိုးတည်း
မရှိတတ်။ သူနေထိုင်ရာဒေသ အရပ်ကိုလိုက်၍အရောင်ပြောင်းသည်။
ဒါမှသူ့ကိုစားဖို့ချောင်းနေသော ဌက်များ ရန်သူများအားပတ်ဝန်ကျင်
မြင်ကွင်းနှင့်တရောင်တည်းဖြစ်သောသူ့ကိုမြင်ဖို့မလွယ်သလို
သူ၏သားကောင်များကအနီးသို့ရောက်သည့်တိုင် သတိမထားနိုင်ပဲ
အလွယ်တကူဖမ်းယူစားသောက်နိုင်ပေမည်မဟုတ်ပါလား။
ဒါပုတ်သင်ညိုကိုသဘာဝတရားကပေးသော လက်ဆောင်မွန်တခုပင်
ဖြစ်ပေတော့သည်။ အရောင်ပြောင်းလဲ နေထိုင်မူ့ နှင့်ပါတ်သတ်၍ ကျနော်
တို့ကမူ အလွန်ကျွမ်းကျင်ကြသည်။ တခါတလေမသိသော်လည်း သိသည်ဟု
ပြောင်းလဲချင်သည်။ မလုပ်ချင်သော်လည်း ဟုတ်ကဲ့ စိတ်ချ လုပ်ပေးမယ်
ဆိုပြီးသူတပါးကိုကူညီတတ်သူအသွင်ပြောင်းလဲတတ်သည်။ အင်မတန်စိတ်ဆိုး
နေပါလျက် မဆိုးတတ်ပါဘူးဟု သည်းခံတတ်သူအသွင်ပြောင်းတတ်ကြသည်။
ဒီလိုနဲ့ လူမူရေးစီးပွားရေးနိုင်ငံရေး တို့၌လည်း အရောင်အမျိုးမျိုးပြောင်လျက်
သားကောင်းရရှိရေး ရန်သူလက်မှလွတ်မြောက်ရေးတို့ကို လုပ်ဆောင်နေကြသည်
မဟုတ်ပါလား။
ဤတွင် ဒုတိယကမ္ဘာစစ်အတွင်းမှ ဂျပန်စစ်ဗိုလ် ဘယာစု ကိုသတိရမိသည်။
ထိုစဉ်က အမေရိကန် တပ်ဖွဲ့ တဖွဲ့သည် တွန်းလှန်တိုက်ခိုက်နေသောဂျပန်
စစ်သားများကို လိုက်လံရှင်းလင်းနေချိန်ဖြစ်သည်။နေရာမှာ ဂူအန်ကျွန်းမြောက်ပိုင်း
ပြန့်ကားနေသော ကျွန်းများတွင် ဂျပန်တို့ကခိုအောင်းလျက်တိုက်ခိုက်နေကြသည်။
အင်အားချင်မမျှ၍ ဂျပန်တို့သည် ထိပ်တိုက်တွေ့ခြင်းထက် ရှောင်ပုန်းခြင်းကိုသာ၍
အားထုတ်နေရချိန်ဖြစ်၏။အမေရိကန်ကလည်းသိသည်။တိုက်ခိုက်ခြင်းထက် စည်းရုံး
သိမ်းသွင်းခြင်း ဖြင့် လက်နက်ချစေချင်သည်။ ဂျပန်တို့ကလည်း လက်နက်ချခြင်းကို
လုံးဝမနှစ်မြို့ အသေသာခံမည် စိ်တ်ဓါတ်ရှိသူများ၏။ စစ်ပွဲကြီးပြီးသော်လည်း လက်ထဲ
ရှိဓါးကို ကျစ်ကျစ်ဆုပ်လျက်အံကြိတ်နေသောဂျပန်များပင်ရှိ၏။ ဤကဲ့သို့သဘောကို
စည်းရုံးသိမ်းသွင်းဖို့မလွယ်မှန်း အမေရိကန် အရာရှိ ဂေါ်ဒွင်ကုတ္တလာ ကသိသည်။
သူသည်ပင် ဂျပန်စကားတတ်သည်။ဂျပန်ယဉ်ကျေးမူ့ကို အနည်းအကျဉ်းသိသည်။
ထို့ပြင်သူ၏တပ်၌လည်းအမေရိကန်-ဂျပန် ကပြားများရှိသည်။ ဒါပေမဲ့ အားလုံးမှာ
အမေရိကန်ဟန် စတိုင် အမူအရာဖြစ်၍ သူတို့ကို ကျွန်းများတွင်ခိုအောင်းနေသော
ဂျပန်များအားစည်းရုံးဟောပြောနိုင်ဖို့မဖြစ်နိုင်။
တနေ့ ၎င်းတို့ကျွန်းတကျွန်းအနီးဖြတ်သွားစဉ် လနက်က်ချရန်အချက်ပြနေသော ကိုဘယာစု
ကိုတွေ့သည်။ ၎င်းနေထိုင်ရာဂူအတွင်း၌ ခရုခွံဖြင့်ရေးခြစ်ထားသော ကဗျာ ပန်ချီ လက်ရာ
တို့ကိုတွေ့ရသည်။ကုတ္တလာ နှင့် ဂျပန်စစ်ဗိုလ် ဘယာစု တို့ဆွေးနွေးကြသည်။
အမေရီကန်တို့ လေယဉ်များ ရေကြောင်းစစ်ချီလာပုံကိုမြင်တည်းက ဂျပန်စစ်ရှုံးမည်
ကိုနားလည်လာကြောင်း။ စစ်ပွဲကြီးမြန်မြန်ပြီးမြောက်ဖို့မိမိတတ်စွမ်းသလောက်ပါဝင်ကူညီ
ချင်ကြောင်း မိမိမှာမူစစ်ပွဲကြီးပြီးမြောက်ပါက မိမိတတ်ကျွမ်းသော ရှေ့နေအလုပ်ဖြင့်အသက်မွေး
ဝမ်းကြောင်းမည်ဖြစ်ကြောင် ဘယာစု ကအားတတ်သရော ပြောလေသည်။
ကုတ္တလာက အလပ်ဖြစ်ပြီဟု သဘောကျပြီး ၎င်း၏ဟောပြောစည်းရုံးလက်နက်ချရန်
အလုပ်ကိုလုပ်စေလေသည်။ သူကို နကို မူလသုံ့ပန်း အကျဉ်းစခန်းမှ မိမိအနီးရှိတဲတွင်
နေရာပေး၍အစောင့်ထားလျက်နေစေပြီး ကျွန်းပေါ်ရှိဂျပန်စစ်သားများအားစည်းရုံးစေလေ၏။
ဘယာစုကလည်း ဂျပန် တို့အားဟောပြောစည်းရုံးရာတွင် နိုင်ငံရေးအကြောင်း
ဒီမိုကရေစီအကြောင်းမပါ။ စစ်ပွဲရပ်သင့်ကြောင်း အမေရိကန်တို့ထံလက်နက်ချခြင်းကို
မနှစ်မြို့ပါက အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့တွင်သွားရောက်နိုင်ကြောင်း စသည်ဖြင့်ဟော
ပြောရာ အလွန်အဆင်ပြေ၏။ကြက်ခြေနီအဖွဲ့တွင်ဂျပန်တို့ တစတစလက်နက်ချသည်ကို
တွေ့လာရ၏။ကုတ္တလာ ကအလုပ်ဖြစ်၍ကျေနပ်နေသည်။ ဘယာစုကို၎င်း၏တဲတွင်
ဘီယာသောက်ရန်ဖိတ်သည်။ ဘီယာခွက်ကိုလက်နှစ်ဘက်နှင့်ကိုင်လျက် ခါးကိုမတ်လျက်
ဂျပန်ဟန်အပြည့်ဖြင့် ဘီယာကိုမော့လေသည်။ အရသာဘယ်လိုနေလဲမေးတော့
အမေရိကန်ဘီယာကကောင်းတော့ကောင်းတယ် ဒါပေမဲ့ ဂျပန် ဆာပိုရိုကိုမမှီ။
ဘယာစုကဂျပန်တို့ဘာဝအလုပ်ကြိုးစားသည်။ သူကိုကြည်လျင် ခါးကိုမတ်လျက်အလုပ်
စားပွဲ၌ပြင်ဆင်စရာများကိုမပြတ်ပြင်ဆင်လေ့ရှိသည်။ တခါတရံရုံးဆင်းချိန်ကိုပင်ကျော်
လွန်၍မနဲမထုတ်ရသည်အထိဖြစ်သည်။
သည်လိုနှင့်နဲနဲကြာလာတော့ဘယာစု အကျင့်ပြောင်းလာသည်။အမေရိကန်ရိကန်ကြားရောက်၍
အမေရိကန်ဟန်ပေါက်လာသည်။ ချွင်းဂန်းမြုံတတ်လာသည်။ထိုင်သည်မှ လမ်းလျောက်သည်ထိ
အမေရိကန် ဟန်ပြောင်းလာသည်။အမေရိကန်ရဲဘော်များနှင့်တခါတရံ ပိုကာပင်ဝင်ဆွဲ နေတတ်
လေသည်။
တနေ့ကျွန်းတကျွန်းသို့ ဟောပြောစည်းရုံးရန်ရှိလေသည်။ကုတ္တလာကိုယ်တိုင် ဘယာစု
အားအကဲဖြတ်လို၍လိုက်သွား၏။ပြသနာစပါပြီ။အသံချဲ့စက်ကိုင်ရာတွင်ကအစ ယခင်
ဂျပန်ဟန် လက်နှစ်ဘက်ဖြင့်မကိုင် အမေရိကန်ဟန် လက်တဖက်နှင့်ဖွဖွကိုင်၏။
ဟောပြောရာ၌လည်း ‘လက်နက်ချပါက အမေရီကန်၏ ဥပဒေစိုးမိုးမူ့ကိုခံစားခွင့်ရှိမှာ
ဖြစ်ကြောင်း ဒီမိုကရေစီအနှစ်သာရ ‘ အစရှိသည့်အပြင်အမေရိကန်ရဲဘော်များထံမှ
သိသမျှအမေရိကန်အကြောင်းဟောပြောလေသည်။ ကုတ္တလာ ခေါင်းစားရတော့၏။
ဤအတိုင်းဆိုပါက ဘယ်ဂျပန်မှ လက်နက်ချစရာအကြောင်းမမြင်။
ညနေစခန်းရောက်တော့ လုပ်ငန်းမှားနေကြောင်းထောက်ပြတော့ ဘယာစုက
အင်္ဂလိပ်စကားနှင့်(ယခင်ကဂျပန်စကားနှင့်သာပြောသည်) မိမိသည်လည်းဂျပန်ကို
စိတ်မဝင်စားတော့ကြောင်း စစ်ပွဲပြီးပါကလည်းဂျပန်သို့မပြန်လိုတော့ကြောင်း
အမေရိကန်တွင် မိသားစုခေါ်၍ သစ်သီးဆိုင်ဖွင့်လိုကြောင်း ပြောလေသည်။
ထို့နောက်ဘီယာခွက်ကိုမြောက်၍ မော့လိုက်ပြီး’ တယ်ကောင်းတဲ့ ဘီယာပဲ’
ဟုမှတ်ချက်ပြုလေသည်။
ကုတ္တလာ လည်းမဖြစ်တော့ဟုသုံးသပ်ပြီး နေရင်းစစ်သုံ့ပန်စခန်းပြန်ပို့လိုက်လေတော့၏။
ဒါကိုပြန်တွေးမိတော့ ကျနော်တို့ဆီမှာရောအရောင်ပြောင်းကုန်ကြပြီလား လို့စဉ်းစား
မိတယ်။ဒီခေတ်ယဉ်ကျေးမူ့တွေလွတ်လပ်စွာစီးဆင်းနေတဲ့ကမ္ဘာ နိုင်ငံရေးအယူအဆတွေ
ပြန့်နှံနေတဲ့ကမ္ဘာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စရိုက်ပေါင်းစုံ ကူးလူးယှက်နွယ်နေတဲ့
ယနေ့မြန်မာက လူတွေရော အရောင်တွေပြောင်းကုန်မှာလား။
ဒါပေမဲ့ ပုတ်သင်ညိုအရောင်ပြောင်းတာက အကျိုးရှိပါတယ်လို့ ။
မင်းခန့်ကျော်
15 comments
မင်းမင်း
June 28, 2013 at 10:58 am
ဖုန်းနဲ့ ရိုက်တင်ရတာမို့ အမြင်မသဲကွဲ
ရှေ့ရောက်လိုဇောနဲ့ရိုက်။လက်သွက်သလောက်
ဖော့င်ကမသွား။သတ်ပုံမှားတာပိုတာလွဲတာတော့
သည်းခံပေးပါဗျိုးးးးးးးး
မဟာရာဇာ အံစာတုံး
June 28, 2013 at 11:08 am
ပုတ်သင်ညို အရောင်းပြောင်းတာတော့ ဟုတ်ဒယ် ..
ကျန်ဒါဒွေ အရောင် ပြောင်းမပြောင်း ကျုပ်ဒေါ့ သိဘူး .. ရှင်းရှင်းဘဲ …
ပုတ်သင်ညိုနဲ့ ပတ်သက်တဲ့ အကျောင်းကို ပေါရရင်ဒေါ့ …
ငယ်ငယ်က တောထဲသွားရင် ထန်းပင်မှာ ကပ်နေဒဲ့ ပုတ်သင်ကို
လေးခွနဲ့ ဆော်ဖူးတယ် …
ပီးရင် ပုတ်သင်ညိုအတွက် မြေပုံလုပ် မှတ်တိုင်ဘာ ထူးပေးထားတတ်တယ် …
အိုက်ဒါဒေါ့ ကျုပ် သိဒါဘဲ ..
ကြက်အူလှည့်
June 28, 2013 at 11:10 am
မူရင်းဆောင်းပါး (ဆြာမင်းခန့်ကျော် ဥပမာအနေနဲ့ ဆွဲယူထားတဲ့) လေး
ဖတ်ချင်မိသဗျား။ (တခြား သိလိုတဲ့အကြောင်းလေး လှစ်ကနဲ တွေ့မိလို့ပါ)
ခင်တဲ့
KZ
June 28, 2013 at 11:29 am
ချွင်းဂန်း ချားဂျင်ဒယ်))))))
ဘီယာတောက်ချင်ဒယ်))))))
အဲဒီ အတွက် အရောင်ပြောင်းဆို ပြောင်းပေးမယ်။
လက်သည်းနီရောင် ကို ပြောဒါ။
ကျန်ဒါ မီးးးးးးးး
ဘာမှ မသိ။။
ဘာကို ဆိုလိုချင်လည်း လည်း နားမလည်။
ဘယ်သူ့ကို စောင်းပြောလည်းမသိ။
အဲဒီတော့ ဘာမှမပြောလိုပါဘု။
မန်းလေးပြန်လာရင် မုန့်လိုက်ကျွေးဘာ)))))))))))
မင်းမင်း
June 28, 2013 at 11:42 am
ကြက်အူလှဲ့ ရေ ဖတ်တာနဲနဲ ကြာနေတဲ့
ဆောင်းပါးလေးပါ။စာအုပ်နဲ့ဖတ်တာပါ။
ဘယ်မှာဖတ်မိသလဲတောင်မမှတ်မိဘူး။
မနေ့ကကမ္ဘာ့မြေပုံကိုကြည့်မိရင်းကနေ သတိရလို့
ရေးဖြစ်တာပါ။ အမှန်က ထိုင်ဝမ်တော်လှန်ရေးကား
ကြည့်မိလို့ မြေပုံပြန်ကြည့်ရင်းပါ။ ဒီထဲမှာ နာမည်တွေ
ရာထူးတွေသိပ်မမှတ်မိလို့ နဲနဲ မှားနိုင်တယ်။
အိမ်ကစာအုပ်ဖြစ်မယ်ဆိုရင် ရှာတော့ကြည့်ပါအုံးမယ်။
အပြင်တွေ့ကရာကဆိုရင်တော့………………………
အလင်း ဆက်
June 28, 2013 at 1:18 pm
သားးသားက တော့
ပုတ်သင်ဘိုဆို
ဟို ပစစ္စည်းလေး တမျိုးပဲ သွားး မြ်င် မိတယ်
ဟီဟိ
ဆိုင်ဘူးနော့
ဒါပေသိ အဲဒိ မဆိုင်တာ ကြီးကို တွဲပြီး ကြော်ငြာ ထားတာ တော့ နားလည် ခက်သာား
😆
ဦး ကျောက်ခဲ
June 28, 2013 at 2:31 pm
ဪ… ဒညင်းဝက်နှယ် အရန်ကော…
ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိမ့်ဆိုပါမှ…
ဒဲ့ ပြောရရင် မကောင်းရှိရော့မယ်…
ကိုမင်းမင်းရေ…
ဦးကျောက်ကတော့ အရောင်မပြောင်းတဲ့ ငမဲခင်ဗျ
အလင်း ဆက်
June 28, 2013 at 8:36 pm
တိန်…ဒညင်းဝက် ဒဲ့…
ငိုပြီ…..
ဗြဲ…..ဟဲ….ဟဲ….
😆
မင်းမင်း
June 28, 2013 at 2:19 pm
ထင်ပါတယ် ထင်ဘါဒယ်
ဂလိုမျိုးတော့ မန့်ဒေါ့မယ်ဆိုဒါ ဟီးးးး
မိုက်ကယ်ဂျော်နီအောင်ပု
June 28, 2013 at 6:42 pm
ပြောင်းသင့်ရင်တော့ အခြေနေကြည့်ပြီး ပြောင်းရပေမပေါ့
ဘုယားဒဂါရယ်
သူများမိုးခါးရေသောက်တော့ ကိုယ်လည်းဘီယာလေးလောက်တော့ ကစ်ရပေမပေါ့
ဦးကြောင်ကြီး
June 29, 2013 at 8:22 am
သာဂျီးဦးခိုင်က အရောင်မပြောင်းဘူး၊ ပလပ်စတစ် ဆာဂျူရီ လုပ်လိုက်တာတဲ့..။ သူ့ကိုယ်သူတောင် အမှတ်မိဒေါ့ဗူးဆိုဘဲ… 😯
Wow
June 29, 2013 at 2:20 pm
အမှန်တရားတစ်ရပ်အတွက် ရပ်တည် ရိုးသားသူများသည်…
ပတ်ဝန်းကျင်တွင် တစ်ခါတရံ အရှုံးနှင့် ရင်ဆိုင်ရလေ့ရှိသည်…
သို့သော် တစ်သက်တာလုံးအတွက်မှု မိမိကိုယ်ကို လိပ်ပြာလုံနေလေတော့သည်….
ကြည်အေး…. ပေါတာ…
နာပေါတာမဟုတ်….
မင်းမင်း
June 29, 2013 at 3:23 pm
Wow ရေ ဒါလဲဟုတ်တာပဲနော့်။
lele kyi
June 29, 2013 at 3:51 pm
ကိုမင်းမင်းရေ-နည်းနည်းရှင်းပြပါရစေ။ ကျမ ပို့စ်ရဲ့ အကြောင်းအရာနဲ့ ရည်ရွယ်ချက်ကိုပဲ ကျမနားလည်သလိုဝေဖန်ပါတယ်။ စာရေးသူကိုလေးစားပါတယ်။ဘာပဲဖြစ်ဖြစ်သူ့ယုံကြည်ချက်ကိုတင်ပြရဲသူတစ်ယောက်ပါ။ အဲဒီလိုပဲ အမြင်မတူသူ တွေရဲ့ ဝေဖန်မှုတွေလာတဲ့အခါအကြောင်းအရာကိုပဲ ဝေဖန်တယ်လို့ မှတ်ယူပေးပါ။ အရောင်ပြောင်းတယ်ဆိုတဲ့ အကြောင်းကိုပြောရရင်။ ပုတ်သင်ညိုဟာပတ်ဝန်းကျင်ကိုလိုက်ပြီးအရောင်ပြောင်းပါတယ်။ ဒါက သဘာဝက ပေးတဲ့လက်ဆောင်နဲ့ သူ့ရဲ့အသက်အန်ဒရယ်ကိုကာကွယ်ဖို့ဖြစ်လာတယ်။ လူတွေကပြောကြတယ် ကျမတို့ရဲ့အမူအကျင့်တွေနေထိုင်တဲ့ဒေသအရပြောင်းလဲသွားရင် ပုတ်သင်ညိုလိုလူတွေပေါ့။ အမှန်တော့ ကျမတို့ပုတ်သင်ညိုလို သူတို့နဲ့တသားတည်းကျမသွားပါဘူး။ ပြောရရင်ကျမတို့ သူတို့အတိုင်းချွတ်စွတ်တူမသွားပါဘူး။ သူတို့စီကအကျိုးရှိမယ့် အချက်အလက်တွေကို အတုယူပါတယ်။ လေးစားသင့်တဲ့အမူအကျင့်တွေကိုမွေးစားပါတယ်။ ကျမတို့ အကုန်လုံး သူတို့ဆီက ကော်ပီမကူးကြပါဘူး ။ အဲဒါပုတ်သင်ညိုနဲ့မတူတဲ့ လူသားရဲ့အစွမ်းအစပါ။
မင်းမင်း
June 29, 2013 at 4:52 pm
Lele kyi ရေ အရောင်ပြောင်းတိုင်း
မကောင်းတယ်မဆိုလိုပါဘူးဗျာ။
လူမှန်ရင် ပုတ်သင်ညို လိုပြောင်းနိုင်ရမယ်။
သူ့ရည်ရွယ်ချက်က သူ့ကိုယ်သူရပ်တည်နိုင်ဖို့
သူ့ဆီကျရောက်လာမယ့်ဘေးတွေကနေကာကွယ်ဖို့။
အဲဒါနဲ့ဆန့်ကျင်ဘက် အတ္တကဲတဲ့ မူရင်းပျောက်အောင်ထိ
အရောင်ပြောင်းလဲမူ့တွေကိုပြောချင်တာပါဗျာ။
ရောမရောက်ရင်ရောမလိုကျင့်ရပေမဲ့။ ရောမလူတွေလိုပြောင်းပစ်
စရာထိမလိုဘူးထင်ပါတယ်။
ဒါဆိုကျနော့်အမြင်နဲ့ တူမယ်လို့ထင်ပါတယ်။