Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းလေးဂေဇက် အလှူခရီးစဉ် ( ၆ )……

kotun winlattJune 28, 20132min50613

1

ဆားမှော်ရွာသို့ သွားကြရာဝယ်…ထိုထို လမ်းများ ဖြတ်သွားရပေတယ်……

 

2

ဆားမှော်ရွာ ရောက်ပြီ…..

 

3

ကျောင်းဆိုင်းဘုတ်လေးးးးးးးးး

 

4

ယခုနှစ်မှာမှ ပြီးစီးသွားတဲ့ စာသင်ဆောင်လေးးးးးးး

 

5

အနာဂတ်၏ သာကောင်းရတနာလေးများးးး

 

7

အလှူပစ္စည်းများ ဆရာမသို့ ပေးအပ်စဉ်…..

 

8

ကလေးတွေနဲ့ တရင်းတနှီးဖြစ်နေတဲ့ ကျနော့်သူငယ်ချင်းးးးးးးး

 

9

ပြုံးပြုံးလေးနေ..ဓာတ်ပုံရိုက်ပေးမယ်……

 

10

စာရေးကိရိယာလေးများ ကျောင်းသူလေးတစ်ဦးအားပေးအပ်စဉ်…..

11

ကလေးတို့ရေ စာကြီုးစားကြနော်..အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်းလည်း သားတို့ သမီးတို့လို တောရွာလေးကနေ လာတာပဲ…..။

 

 

 

24.6.2013 တနင်္လာနေ့ မနက်ခင်းသည် ရွာတော့မည့်ဟန်ဖြင်သော မိုးတိမ်တို့ဖြင့် အုံ့မှိုင်းနေချေ၏။ ဒီနေ့ ကျနော်တို့ အဖွဲ့သွားရောက်လှူဒါန်းကြမည့် ကျေးရွာများမှာ မော်လူးမှ

မိုင်(၂၀)ကျော်ကွာဝေးသော ကျေးရွာ(၄)ရွာဖြစ်သည်။ ထိုရွာများမှာ မိုးဖြိုင်ဖြိုင်ကျလျှင် သွားရေးလာရေးမလွယ်ကူတော့ချေ။ ထို့အတွက် ကျနော်တို့ အဖွဲ့လေးသည် မိုးဖြိုင်ဖြိုင်မကျခင် သွားကြမည်ဖြစ်၏။

ဒီရက်ပိုင်းတွေ အတွင်း မိုးကလည်း တစ်ရက်နှစ်ရက်ရွာလိုက် နေပူလိုက်ဖြစ်နေသည်။ ကျနော်တို့ အဖွဲ့မှာ မနှစ်က သွားခဲ့ကြသည့် အတွေ့အကြုံရှိပြီးသားမို့ မိုးရွာနေပါက လမ်းတွေ မကောင်းနိုင်မှန်းသိသဖြင့်

မိုးပြတ်မည့် အချိန်ကို စောင့်နေကြ၏။ သို့သော် ကိုရွှေမိုးက ပြတ်မည့်ဟန်မရှိသဖြင့် ဒီနေ့တော့ မဖြစ်မနေသွားကြရန် အဖွဲ့ဝင်များကို သေချာစွာ တိုင်ပင်ထားရသည်။ မနှစ်က မိန်းကလေးများပါပြီး

လမ်းမကောင်းသဖြင့် သူတို့တွေ များစွာပင်ပန်းကြသလို ကျနော်တို့ ယောက်ျားလေးများမှာလည်း သူတို့တွေ၏ ဆိုင်ကယ်တွေကို တွန်းထုတ်ပေးရ ကူတွန်းပေးရနှင့်မို့ မသက်သာချေ..။ လမ်းက ရွံ့တွေ

ဗွက်တွေနှင့်သာမက ရေများသော ချောင်းကိုလည်း သုံးလေးကြိမ်ကူးရသေးသည်။ ထိုကဲ့သို့သော အကြောင်းအရာများကြောင့် ယခုနှစ်တွင် မိန်းကလေးများကို မခေါ်တော့ပဲ

လက်ရွှေးစင်တပ်သားများဖြစ်သည့် ယောက်ျားလေးများဖြင့်သာ သွားကြရန် ဆုံးဖြတ်ထားသည်။ သွားရမည့်ခရီးက ဝေးသကဲ့သို့ သယ်ရမည့် ပစ္စည်းတွေကလည်း

များ၏။ ကျောင်းလေးကျောင်းမှ ကျောင်းသား(၂၀၀)ကျော်အတွက် ဗလာစာအုပ် ဒါဇင်နှစ်ရာကျော်၊ ခဲတံ ပေတံ ခဲဖျက် မုန့်များ၊ ဆရာ၊ ဆရာမများအတွက် မြေဖြူ၊ သင်ပုန်ဖျက်စသည့် ပစ္စည်းတွေနှင့်

သွားကြရမှာဖြစ်သည်။

 

 

တနင်္ဂနွေနေ့ကတည်းက ကျနော့်မှာ ဗလာစာအုပ်၊ ခဲတံ..စည်တို့ကို သေချာစွာ ထုပ်ပိုးပြင်ဆင်ထားရသည်။ တစ်အိတ်လျှင် ဗလာစာအုပ် ၂၄ ဒါဇင်နှင့် အိတ်ကိုးအိတ်၊ ခဲတံ၊ ပေတံ၊ခဲဖျက်များကား တစ်အိတ်၊

ဘီစကစ်မုန့်များက တစ်အိတ်ဆိုတော့ စုစုပေါင်း (၁၁)အိတ်ရှိနေ၏။ အနည်းဆုံး ဆိုင်ကယ်(၁၀)ပါမှ ဖြစ်တော့မည်။ ကျနော့်မှာ ခရီးဝေး လမ်းကမကောင်းမို့ လူအင်အားများများပါစေချင်သလို လမ်းမှာ ဆိုင်ကယ်

တစ်ခုခု ချွတ်ယွင်းခဲ့ပါက ပြင်ဆင်ပေးနိုင်ရန် ဝပ်ရှော့ဆရာတစ်ယောက်လောက်ပါ လိုက်ပါစေလိုသည်မို့ အဖွဲ့ဝင်များကို ရက်ကြိုစည်းရုံးပြောဆိုထားရသည်။ အဖွဲ့ဝင်များကလည်း

အားတက်သရောရှိနေကြတာမို့ တော်ပေသေးသည်။ သွားကြမည့်ရက် မနက်စောစောပိုင်းမှာ မိုးဖွဲဖွဲကျလာတော့ တချို့ အဖွဲ့ဝင်တွေက သွားဖြစ် မသွားဖြစ်ကို ဖုန်းဆက်မေးနေကြသေးသဖြင့် မိုးရွာတာမကလို့

မုန်တိုင်းကျလည်း သွားမှာလို့ ပြန်ပြောရသေးတယ်…။ ဒီနေ့ အလှူခရီးကို အင်းတော်မြို့က ပရဟိတ စိတ်ဝင်စားသူတွေကလည်း လိုက်မယ်ဆိုတဲ့ အကြောင်း ကျနော့်ကို အကြောင်းကြားလာတာမို့

အင်းတော်ကနေ စောစောထွက်လာဖို့ မှာရသေးတယ်…။ အင်းတော်မြို့ကလူတွေက ကျနော်တို့လို့ ရွာကနေပြီး Online Donation လုပ်နေတယ်ဆိုတာကို အံ့ဩတာရယ် … ကျနော်တို့ အဖွဲ့ရဲ့ စွမ်းဆောင်ရည်

ဘယ်လောက်ရှိနေတယ်ဆိုတာ သိချင်တာရယ်…ကြောင့် လာရောက်လေ့လာတဲ့ သဘောပါ…။ နံနက်(၇)နာရီထွက်ကြဖို့ ဆော်ဩထားပေမယ့် အဖွဲ့ဝင်တွေ မစုံနိုင်တာမို့ ရှစ်နာရီမှ ခရီးစဉ်စကြပါတယ်…။

လူအင်အား(၂၅)ယောက် ဆိုင်ကယ်(၂၂)စီးနဲ့ ခရီးစဉ်စကြပါပြီ…။ ရှေ့ကနေထွက်တဲ့လူတွေထွက်သွားကြပေမယ့် ကျနော့်မှာတော့ လမ်းခရီးမှာ လိုအပ်မဲ့ ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်ဆီစတာတွေ

စီစဉ်နေရတာနဲ့ နောက်ဆုံးမှ လိုက်သွားဖြစ်တာရယ်..။ ရှေ့ကထွက်သွားတဲ့ အဖွဲ့ဝင်တွေက ကျနော့်ကို မလူးရွာမှာ စောင့်နေကြပြီး ကျနော်ရောက်တော့ ဘယ်သူတွေက ရှေ့ကနေသွား၊ ဘယ်သူက

အလယ်ကလိုက် နောက်ဆုံးက ကျနော်လိုက်မယ်ဆိုပြီး အစီအစဉ်ချရပါတယ်…။ ရှေ့ကသွားတဲ့ လူကလည်း အလယ်လူကိုစောင့်…. အချိတ်အဆက်မပြတ်အောင် သွားကြဖို့ ပြောရသည်။ မလူးရွာ၊

မာန်ဟဲရွာ၊ ဟောင်းတုန်းရွာတွေ ဖြတ်ပြီးရင် တောလမ်းခရီးကို စရတော့မှာလေ..။ တောလမ်းဆိုတော့ တစ်စီးနဲ့ တစ်စီး အဆက်မပြတ်မှ လမ်းကမကောင်းဆိုတော့ ဆိုင်ကယ်တစ်ခုခုဖြစ်နေရင်

သွားရော…။ ဟောင်းတုန်းရွာရောက်တော့ ဟောင်းတုန်းရွာ ဘုန်းတော်ကြီးကျောင်းကို 8.3.2013 ရက်နေ့ မော်လူးမှာ ကျင်းပတဲ့ စာပေဟောပြောပွဲ အခွေကို ဘုန်းတော်ကြီးကိုကပ်လှူ ဟောင်းတုန်းရွာကနေ

လိုက်ပါမဲ့ အဖွဲ့ဝင်တွေကို ခေါ်ပြီး ဆားမှော်ရွာကို ခရီးဆက်ကြပါတယ်…။ ဟောင်းတုန်းနဲ့ ဆားမှော်က လေးမိုင်လောက်ဝေးမယ်…။ လမ်းက မိုးမပြတ်ရွာထားတာမို့ ရွံ့တွေ ဗွက်တွေနဲ့ပေါ့…။ ဟောင်းတုန်းရွာကနေ

ထွက်ပြီး မကြာပါဘူး ..ဆိုင်ကယ်တစ်စီး ဗွက်ထဲမှာ လဲပါပြီ..။ ဝိုင်းဝန်းထူမပေးရရော.. မနှစ်ကလည်း ဟောင်းတုန်းနဲ့ ဆားမှော်ကြားမှာ အဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်လှဲတာကို အမှတ်ရပြီး ကျနော်က “အေးးးးးး

အစဉ်လာမပျက်စေနဲ့ ..ထိန်းသိမ်းထားဟေ့… ” ဆိုပြီးပြောတော့ ကျနော့်ကို အသံတိတ် မေတ္တာပို့သနေကြပါတယ်….။ လမ်းက ကောင်းတဲ့နေရာနည်းပြီး မကောင်းတဲ့နေရာက

များနေပါတယ်…။ ကွေ့ဝိုက် ကွေ့ပတ်ပြီး စီးကြရတာပေါ့…။ ဒီလိုနဲ့ နံနက် ကိုးနာရီခွဲမှာ ဆားမှော်ရွာ မူလတန်းကျောင်းလေးကို ရောက်ခဲ့ကြပေါ့…။ ဆားမှော်ရွာဆိုတာ အရင်ကတော့ ဆားတွေချက်ကြတယ်…။

ဆားငန်ရေထွက်တဲ့ တွင်းထဲကရေကို နေလှန်းဆားလုပ်သလို မီးနဲ့လည်း ဆားချက်ကြတဲ့ ရွာလေးပါ.. အိမ်ခြေ တစ်ရာနီးပါးခန့် ရှိပြီး အများစုကတော့ တောင်သူလယ်သမားတွေပါ..။ ကျနော်တို့ အဖွဲ့လေးကို

ရပ်မိရပ်ဖတွေက ကြိုဆိုနေကြပါတယ်…။ ဆားမှော်ရွာ မူလတန်းကျောင်းကတော့ တောင်ကုန်းလေးပေါ်မှာ ရှိနေပြီး ကျောင်းလေးရှေ့မှာ ကုက္ကိုပင်ရှိနေတာမို့ ငြိမ်းချမ်းသလိုပါပဲ…။ ဒီကျောင်းလေးထဲက

စာသင်ဆောင်လေးဟာ ဒီနှစ်မှ အပြီးသတ်နို်င်ခဲ့တာပါ..။ မနှစ်က ကျနော်တို့ လာတော့ ကလေးတွေ ဘုန်းတော်ကြီးကျောင်းက ဇရပ်လေးပေါ်မှာ စာသင်နေကြရရှာတာ.. အခုတော့ စာသင်ဆောင်လေးက တစ်ထပ်

နံကပ်လေးဖြစ်ပြီး တော်တော်လေးသပ်သပ်ရပ်ရပ် ရှိလှပါတယ်…။ ကျောင်းလေးကိုရောက်ပြီး…။ဆရာမလေးတွေကို ကျောင်းသား/သူ အရေအတွက်မေးအပျော်နေတဲ့ ကလေးတွေ အပါအဝင်

ရှစ်ဆယ်လေးယောက်ဆိုတာသိရပြီး… လှူမယ့်ပစ္စည်းလေးတွေ နေရာချကြရတာပေါ့…။ ကလေးတွေကတော့ ပျော်နေကြပါပြီ…။ ကျနော်တို့ အဖွဲ့မှာ ပါတလာတဲ့ အင်းတော်မြို့က

ကျနော့်သူငယ်ချင်းက ကျောင်းသား/သူလေးတွေရဲ့ လွယ်အိတ်၊ စာအုပ်နွမ်း၊ မျက်နှာနွမ်းနွမ်းလေးတွေနဲ့ ဖြစ်နေပုံကို ကြည့်ပြီးးးး ကျနော့်ကို “ကဲ…ကြည့်စမ်းပါဦး တို့ နိုင်ငံရဲ့ ပညာရေးးးး” ဟု ကျနော်ကိုပြောတော့

ကျနော်ကလည်း အားမပါတဲ့ အပြုံးလေးနဲ့ပဲ တုန့်ပြန်ဖြစ်ပါတယ်….။ ပစ္စည်းတွေ စီစဉ်ပြီး ဆရာမလေးကို လှူမယ့်ပစ္စည်းလေးတွေ ပေးအပ် မှတ်တမ်းဓာတ်ပုံရိုက် ကလေးတွေကိုဝေငှ မှတ်တမ်းဓာတ်ပုံတွေရိုက်နဲ့

မအားလပ်ရအောင် အလုပ်များကြတော့တာပါ.. လူကြီးတွေကတော့ ရပ်မိရပ်ဖတွေနဲ့ စကားတွေပြောကြပေါ့….။ ဆားမှော်ကျောင်းလေးမှာ လှူဒါန်းနေစဉ်မှာပဲ ရာသီဥတုက ပိုဆိုးလာမဲ့ပုံ မိုးသည်းကြီးမဲကြီး

ရွာတော့မယ်ပေါ်လို့ အဖွဲ့ဝင်တစ်ယောက်က မြန်မြန်လေးလုပ်မှနော်… ရာသီဥတု အခြေအနေ မကောင်းဘူးဟု ကျနော့်ကိုပြောပါတယ်…။ ကျနော်လည်း လှူဒါန်းမှုပစ္စည်းတွေရဲ့တန်ဖိုး မှတ်တမ်းလေးရေး

လက်မှတ်တွေထိုးခိုင်းပြီး အလှူရှင်တွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ဆရာမလေးတွေကို ရှင်းပြ..ဆရာမလေးတွေက ပါးစပ်အဟောင်းသားနဲ့ငေးလို့….ဟုတ်ပေသားပဲ..အင်တာနက်ဆိုတာ သူတို့အတွက်

အလှမ်းဝေးလွန်းတယ် မဟုတ်လား..ဘာပဲဖြစ်ဖြစ်သူတို့တွေလည်း ဝမ်းသာကြောင်း နောင်နှစ်တွေကိုလည်း ဆက်လက်လှူဒါန်းနိုင်ပါစေကြောင်း ဆုတွေ တောင်းပေးနေကြပါတယ်…။

ရာသီဥတုအခြေအနေသိပ်မသာယာတာမို့ ကျနော်တို့လည်း ကျောင်းလေးရှေ့မှာ ကလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံမရိုက်တော့ပဲ…ဆက်လက်ထွက်ခွာဖို့ နှုတ်ဆက်တော့ ..ပြန်ကြတော့မှာလား

ထမင်းချက်ခိုင်းတော့မလိုဟု ပြောရာ ကျနော်က ချက်မနေနဲ့တော့ဗျ..ကျနော်တို့က ခရီးဆက်ရဦးမှာ ခေါင်တုန့်စည်ရွာအထိတက်ရမှာဗျလို့ ပြောတော့ ဆရာမလေးတွေ အံ့ဩနေကြပြန်ရော….. သူတို့လေးတွေ

အံ့ဩနေပေမယ့် ကျနော်တို့တော့ ရပ်နေလို့ မရဘူးလေ..ဒီတော့ အားလုံးကို နှုတ်ဆက်ပြီးးးးးးကျနော်တို့ အဖွဲ့လေးဟာ ပစ္စည်းတွေ သေချာထုပ်ပိုးပြီးးး

ဆားမှော်မှသည်…နားမကျိုင်းဆီသို့…ဆက်လက်ချီတက်လာကြပါတော့သည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

K.T.W.L

 

13 comments

  • kotun winlatt

    June 28, 2013 at 10:09 pm

    ကဲ…ရွာသူားတို့ရေ အလှူခရီးစဉ် (၆) ရောက်လာပါပြီ… ရေးလိုက်တဲ့ ပို့စ်တိုင်း ကွန်မန့်လေးတွေက နည်းတော့ ရေးရမှာ လက်တွန့်လာမိတာတော့ အမှန်ပဲဗျို့…သို့သော်…
    အလှည့်ကျ မနွဲ့စတမ်းမို့ နောက်ထပ် နောက်ထပ်များ ဆက်လာဦးမည်ဖြစ်ပါကြောင်းးးးးးး။

  • kyaw hteik

    June 28, 2013 at 10:15 pm

    ကိုထွန်​းဝင်​းလတ်​နှင်​့အဖွဲ့သားအားလုံးကို ​လေးစားအားကျမိပါတယ်​။
    ဒီလို ရာသီဥတု နှင်​့ လမ်​းခရီးအ​ခြေအ​နေကိုမြင်​ရ​တော့ တကယ်​ကို
    အကိုတို့အဖွဲ့ရဲ့ ​စေတနာ​မေတ္တာကို အံဩဝမ်​းသာပီတိဖြစ်​ရပါတယ်​။
    အကိုတို့အဖွဲ့သားအားလုံး ကျမ်​းမာချမ်​းသာကြပါ​စေလို့ ဆန္ဒပြုရင်​
    ​နောက်​အလှူ ကို​စောင်​့​မျှော်​ အား​ပေး​နေပါတယ်​။

  • uncle gyi

    June 28, 2013 at 10:33 pm

    သွားရတဲ့လမ်းကြည့်လိုက်တာနဲ့တင်
    ပိုမပြောဖူးဆိုတာသိလိုက်ပါပြီကိုထွန်းရေ
    အနှီးကလေးများထဲမှ
    နောင်တနေ့နိုင်ငံတာဝန်ကြီးတွေ
    ထမ်းနေတဲ့သူတွေမထွက်ပေါ်ဖူးလို့
    အဘယ်သူပြောမည်နည်း
    ကိုစိန်တင်လေနဲနဲယူကြည့်လိုက်တာပါ

  • Myo Thant

    June 29, 2013 at 12:55 pm

    ကျွန်တော်တို့က လှုစရာရှိလို့ လှုလိုက်ပေမယ့်
    တကယ်အပြီးသတ်ပင်ပန်းရတာ ကိုယ်တိုင်ကိုယ်ကျ သွားရသူတွေပါ ၊
    ဓါတ်ပုံလေးတွေကြည့်ပြီး ကြည်နူးရသလို
    ကိုထွန်းဝင်းလတ်တို့ကိုလည်း တကယ်ချီးကျူးဂုဏ်ပြုလိုက်ပါတယ် နော့ ။

  • ကြည်ဆောင်း

    June 29, 2013 at 3:55 pm

    ကိုထွန်းဝင်းလတ်တို့တကယ်လက်တွေ့သွားလှုရတဲ့ လမ်းတွေခက်ခဲသလို အင်တာနက်လေလှိုင်းကလဲ
    အခုတလောအဝင်တော်တော်ခက်နေလို့ ကွန်မင့်နည်းတာဖြစ်ပါလိမ့်မယ် ….
    ကွန်မင့်ပေးပြီးလဲ တော်တော် တက်ဖို့ခက်နေတာ
    အခုနောက်ပိုင်း ရှစ်ခါ ကိုးခါလောက် ကြိုးစားရတယ်
    ဒီကွန်မင့်လဲဘယ်နှစ်ခါလောက်ဖြစ်မယ်မသိ. . . .
    ဓါတ်ပုံလေးတွေ အတွက်ရော ..အလှုခရီးအတွက်ရော..
    ကျေးဇူးအထူးပါ . . . .

  • ဝင့်ပြုံးမြင့်

    June 29, 2013 at 5:02 pm

    အင်မတန်လေးစား မိပါတယ် ကိုထွန်းဝင်းလတ်ရေ

  • padonmar

    June 29, 2013 at 8:33 pm

    ကိုထွန်းဝင်းလတ်ရေ
    ကွန်မန့်နည်းတာ အားမပေးချင်လို့ မဟုတ်ပါဘူး။
    ရွာဝင်ခက်တာရော၊သာဓုဆိုတာလောက်နဲ့ မရေးသွားချင်တာရောကြောင့်ပါ။
    ပို့စ်တွေ မတင်ပဲတော့မနေပါနဲ့။
    တိတ်တိတ်အားပေးနေတဲ့သူတွေရှိနေပါတယ်။
    ကောင်းတာလေးတွေလုပ်နေကြတာ ဖတ်ရမြင်ရတော့ အားကျအတုခိုးတဲ့သူတွေ များလာရင်
    ကိုထွန်းဝင်းလတ်တို့ ကုသိုလ်အမှုဟာ ဆပွားလာမှာပေါ့။
    ဓာတ်ပုံက စာလေးတွေဖတ်ပြီးလည်း ပီတိဖြစ်ရပါတယ်။
    အင်တာနက်ဆိုတာကို ပါးစပ်အဟောင်းသားဆိုတဲ့ ဆရာမလေးတွေတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။
    ရန်ကုန်မှာတော့ စာသိပ်မတတ်သူတောင် အင်တာနက်ဆိုင်သွားပြီး ဒူဘိုင်းက သားနဲ့ ဂျီတော့မယ်။
    မလေးက သမီးနဲ့ စကိုက်ပ်မယ် ဆိုတာတွေ ရှိနေတာကိုး။

  • ကထူးဆန်း

    June 29, 2013 at 9:57 pm

    အန်တီပဒုမ္မာ ပြောသလိုကောနဲ့ ဒီရက်ထဲ လိုင်းတွေ တအားကျတာကော ပါပါတယ် ကိုထွန်းဝင်းလတ်ရေ..
    အခုလို သွားရောက်လှုဒါန်းပေးတဲ့ အတွက် ကျေးဇူးကမာ္ဘဆိုင်ပါ..

  • kai

    June 30, 2013 at 5:01 am

    ဒီစာကို မန်းဂဇက်သတင်းစာမှာပုံနှိပ်ဖေါ်ပြရင်း . လူဆွယ်ပေးပါ့မယ်…။
    ဆိုတော့…
    High Resolution ဓါတ်ပုံများနဲ့စာကို editor@myanmargazette.net ပေးပို့စေလိုပါကြောင်း…
    ဆက်သွယ်ရမယ့်.. ဝက်ဘ်ဆိုက်.. ဖေ့စ်ဘုတ်လိပ်စာ.. စသဖြင့်ထည့်ရေးပေးစေလိုကြောင်း…

  • Ma Ma

    June 30, 2013 at 7:11 pm

    ကိုဝင်းထွန်းလတ်ရေ-
    ကွန်မန့်နည်းလို့ ရေးရတာ စိတ်ပျက်တယ်ပြောလို့ စိတ်တောင်မကောင်းဘူး။
    အလှူဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက်ကြိုးစာထားတာတွေ တွေ့ရတာ ဝမ်းသာအားရဖြစ်မိပါတယ်။
    အဲဒါကြောင့်ဆက်ရေးဖို့ တိုက်တွန်းအားပေးပါတယ်။
    နောက်တစ်ချက်က ဂဇက်မှာ မှတ်တမ်းတင်တဲ့အနေလည်း ဖြစ်တာမို့ ရေးသင့်ပါတယ်။ 🙂

    ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုကြည့်ပြီး ပြောရမယ်ဆိုရင် ရွာထဲမှာ ပိုစ့်မတင် ကွန်မန့်မပေးပဲ ဝင်ဖတ်နေတဲ့ ပမာဏ မနည်းဘူးဆိုတာ သေချာတာမို့ ရေးသာရေးပါလို့။

  • Ma Ei

    July 1, 2013 at 10:16 am

    One candle ရဲ့ လက်ရွှေးစင်တပ်သားများကို ချီးကျူးပါရစေ…
    ရာသီဥတု၊ လမ်းအခြေနေတွေကို စိတ်ခွန်အားနဲ့ ကျော်ဖြတ်ခဲ့ကြတာကိုး…
    နောက်အလှူလေးတွေလဲ ဆက်ဖတ်ချင်ပါတယ်နော်…

  • kotun winlatt

    July 1, 2013 at 7:25 pm

    အားလုံးပဲ မင်္ဂလာပါ ခင်ဗျားးးးး အလှူခရီးစဉ်တွေကို ဆက်ရေးနေမှာပါ ခင်ဗျာ.. အခုလည်း အလှူခရီးစဉ် (၇)ကို တင်ထားပြီး ဖြစ်ပါကြောင်း… ကွန်မန့်နည်းလို့ စိတ်ပျက်တာ မဟုတ်ပါ.. ကိုယ်ရေးတာကို ဝင်မဖတ်ကြဘူးလို့ ထင်မိပြီး အားငယ်မိခြင်းသာ ဖြစ်ပါသည်။ သို့သော်..ကျနော်ပြောခဲ့သလိုပါပဲ… အလှည့်ကျ မနွဲ့စတမ်းပါ…ဆက်လက်ရေးသားမည်ဖြစ်ပါကြောင်းးးး အသိပေးအပ်ပါသည်။
    အလှူခရီးစဉ် ( ၇) က ဒီမှာပါ ခင်ဗျာ…http://myanmargazette.net/179636
    အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါသည်။

  • အရီးခင်လတ်

    July 2, 2013 at 2:32 pm

    ဆရာလေး ရေ (စာသင်တဲ့ ကျောင်းဆရာလေး ကို ညွန်းသည်)

    ထူးအိမ်သင်သီချင်း လေး။
    “ကျေးလက်က ဆရာ သူငယ်ချင်း ရေ၊ စိတ်ဓာတ်လေး ဖြူရှင်သန့်ရှင်းတယ်၊ ကလေးများအတွက် တာဝန်တွေ ထမ်းဆောင်တယ်၊ မင်းတို့ အတွက် ဂုဏ်ယူလိုက်ပါတယ်”
    တဲ့။
    ကျွန်မ လဲ ဒီ က ကျောင်းသား ကလေးတွေကြည့်ပြီး ကိုယ့် မြန်မာပြည် က ကလေး တွေ ကို သတိရ မိရင် ရွာထဲ က “ကျေးလက် ဆရာ လေး” ကို ပါ သတိရပါတယ်။
    ကိုယ်လုပ်ချင်ခဲ့တဲ့ အလုပ် ကို ကိုယ် မလုပ်နိုင်တဲ့ အချိန်မှာ အဲဒါကို လုပ်ပေးနိုင် တဲ့ သူတိုင်း ကို တလေးတစား အမြဲ ဦးညွတ်ပါတယ်။
    ရှင်လဲ ပါသပေါ့။

    Post က ပုံတွေ တော့ သူကြီး မြို့ အရွေ့ ရွာဟောင်း ထဲ မှာ ကျန် နေတယ်ထင်ရဲ့။
    စာလေးတွေ ဖတ်ပြီး တစ်ချိန်က နယ်လေးတစ်ခု က ဝက်တွေ၊ ကြက် တွေ ကို ကြည့်နေရင်း ကျောင်းနောက်ကျနေတဲ့ ကျွန်မ ချစ်တပည့်လေးတွေ က သတိရမိပါရဲ့။
    သေချာတာကတော့ သူတို့ ကလေး တွေ မှာလဲ ကောင်းမွန်တဲ့ ပညာရေး ရ မှာ မဟုတ်တာ ပါဘဲ။
    နှစ်ပေါင်း နှစ်ဆယ်အတွင်း တိုးတက်မလာဘဲ အောက် ကို ထိုးချ သွားတဲ့ ပညာရေးစနစ် ကြား ကျွန်မတို့ အနာဂါတ်ကလေးတွေ လမ်းပျောက် နေရတာဟာ ဒီ အသုံးမကျ တဲ့ အစိုးရ ကြောင့် ကလွဲ လို့ တစ်ခြားမရှိဘူး။
    အာဏာရူး တစ်ဘို့ ထဲ သမားတွေ ရှိနေသ၍ ကျွန်မတို့ ကလေးတွေလဲ နစ် နေဦးမှာဘဲ။

    Post လေးတွေ ဆက်ရေးပါ။ ကျွန်မတို့ အမြဲ ဖတ်ပါတယ်။
    ကျွန်မ မှာ ဖတ်ချင်ရင် မရေးနဲ့၊ ရေးချင်ရင် မဖတ် နဲ့ အခြေအနေ ဖြစ်ဖြစ် နေလို့ မှတ်ချက်လေးတွေ မပေးဖြစ် ဖြစ်နေတာပါ။
    စိတ်မရှိပါနဲ့ နော်။
    ခရီးလေး ဆက်ဖတ်ချင်ပါတယ်။

Leave a Reply