တစ်ခါက နှင့် လရောင်အောက်ကထမင်းပွဲ
လရောင်ဟာ …. တစ်စုံတစ်ယောက်အတွက် ကြည်နူးမှုတွေ ပေးသလ်ို
တစ်စုံတစ်ယောက်အတွက် … စိတ်ကူးယဉ်အတွေးကမ္ဘာထဲ ဆွဲခေါ်သွားတတ်ပြန်ပါရော …..
တချို့ကျတော့လည်း …. လရောင်အောက်မှာ ငြိမ်းချမ်းပါသတဲ့ ။
တစ်ချို့ လူတွေအတွက် လရောင်ဟာ စိတ်ဖောက်ပြန်စေလောက်အောင် ညိုှ့ငင်အားကောင်းနေပြန်သတဲ့လေ …..
ဒါဆို … ကျနော့် အတွက် ဘယ််လိုဖြစ်လေမလဲ ? ??
ဟုတ်ပါတယ် …. တစ်ခါက လသာတဲ့ညရဲ့ လရောင် အောက်မှာပေါ့ …..
ကျနော့်ရဲ့ အမှတ်တရ တစ်ခါက လေးတွေ အဖြစ် ရှိခဲ့ဖူးတာပါပဲလေ …..
××××××××××××××××××××××××××××××××
ကားသမားတွေကြားမှာ ကျနော်ပြောလေ့ရှိတာက “ကားသမားမှာ ဆောရီးမရှိဘူး” ဆိုတဲ့စကားပါ ။ ကျနော့စပယ်ယာလေးတွေကို ပြောနေကျမို့ သူတို့က ကျနော့်ကို “ဆရာဆောရီး” လို့တောင် ကွယ်ရာမှာခေါ်ကြတာ ။ ဟုတ်တယ်လေ … တစ်ခုခုဖြစ်သွားရင် ဆောရီး ဆိုပြီး ဝပြန်ပြင်လို့မှမရဘဲ ။
အသက် ဒါမှမဟုတ် တစ်ခုခုဆုံးရှုံးသွားမှာလေ ။
ဒီလိုသတိထားနေပါလျက်နဲ့ တစ်ကြိမ်မှာတော့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်
မဖြစ်သင့်တဲ့ လွဲချော်မှုတစ်ခု ဖြစ်ခဲ့ရပါတယ် ….. အဲဒါကတော့ လမ်းခုလပ်မှာ ကားပျက်တာဘဲ ။
ကြီးကြီးကျယ်ကျယ်စက်ချို့ယွင်းတာမဟုတ်ပါဘူး … ရိုက်ပန့် လို့ ကျနော်တို့ကားသမားတွေအလွယ်ခေါ်တဲ့ ဆီတင်တဲ့ပန့်လေးပါ ။ သူ့ရဲ့ လုပ်ငန်းဆောင်တာကတော့ ဆီတိုင်ကီက ဆီကို ပန့်နားကိုရောက်အောင် လက်နဲ့ ရိုက်တင်ပြီး
ဆီပိုက်တလျောက်ဆီတွေလေမခိုအောင် သူ့ရဲ့ဘားနဲ့တောင့်ခံ ထားပေးရတာပါ ။
အဲဒီနေ့က ဖြစ်ချင်တော့ ရိုုက်ပန့်က နဲနဲ လေခိုချင်သလိုဖြစ်နေပါပြီ ။ဒါကို ကျနော်က တစ်ခေါက်ပြန်လာပြီးမှ လဲမယ်လို့ ဆုံးဖြတ်ပြီး အညာကို ဆန်နဲ့ တက်ခဲ့တာပေါ့ ။
အသွားတုန်းက အဆင်ကြေပေမယ့် အပြန်မှာတော့ နှစ်နေရာလောက် ထိုးရပ်တော့တာပါပဲ ။
နောက်ဆုံး ထိုးရပ်သွားတဲ့ နေရာကတော့ ကျနော်မောင်ဆာမိနဲ့ အလွန်ဓတ်ကျလှတဲ့
သင်းချိုင်းတစ်ခုရဲ့ရှေ့မှာပါ ။ အဲဒီရိုုက်ပန့်ရဲ့တတ်ဘိုးက ဟိုတုန်းက ၁၀၀ဝ ဘဲတန်တာပါ ။ဒါပေမယ့် ကားကြီးပစ္စည်းဖြစ်လို့ နေရာတိုင်းဝယ်မရပါဘူး ။ဘုရင့်နောင်ကားဝန်းထဲမှာ မှရနိုင်တာဆိုတော့ …..
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က တနင်္ဂနွေနေ့လေ ။ ဘုရင့်နောင်ဈေး ပိတ်တာပေါ့ဗျာ ။ ဘယ်တတ်နိုင်မလဲ … စပယ်ယာကြွက်နီကိုရန်ကုန်ပြန်လွှတ်ပြီး နောက်နေ့ဝယ်ပြီး ပြန်လာခိုင်းရတာပေါ့ ။ကျနော်ကတော့ ကုန်တွေပါလို့ ကားမှာပဲ စောင့်ရတာပေါ့ဗျာ …
ကြွက်နီက သရဲကြောက်တတ်လွန်းလို့ သူ့ကိုထားခဲ့ရင် ထွက်ပြေးမှာလေ ။ ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့
့ စောင့်ပေဦးတော့ မောင်ဆာမိ ပေါ့ဗျာ ။
ကားစပျက်တဲ့ အချိန်က နေ့လည်ပိုင်းဆိုတော့ ရန်ကုန်ကို ကားကြုံနဲ့ ကြွက်နီကိုတင်ပေးလိုက်ရပါတယ် ။ ကျနော်ကတော့ ကားသမားတွေချပေးခဲ့တဲ့ ပြောင်းဖူးပြုတ်ရယ် ကွမ်းယာရယ် အဆာပြေဝါးရင်း နေ့လည်စာပြီးလိုက်ရတယ်လေ ။
ဒီမှာ ကြုံလို့ ချစ်စရာကောင်းတဲ့ ဟိုင်းဝေးကားသမားတွေရဲ့ အကျင့်လေးပြောဦးမယ်ဗျ ။
ကားသမားအများစုက အတန်းပညာနဲကြပါတယ် ။ရေးတတ် ဖတ်တတ် ရုံပါပဲ ။ ဒါကြောင့် သူတို့ရဲ့အပြုအမူတွေဟာ ရံဖန်ရံခါ မယဉ်ကျေးကြပါဘူး ။ အဆဲ လေးမှမပါရင် စကားမပြောတတ်သလို
နဲနဲရိုင်းတဲ့အသွင်ဆောင်ပါတယ် ။
ဒါပေမယ် ့ …. အခုလို လမ်းမှာ ကားတစ်စီးစီးပျက်နေတယ် ဆိုရင်တော့ သိသိ မသိသိ လိုတဲ့အကူအညီ ပေးတော့တာပါပဲ ။
ဘာလိုလဲ ၊ ဘာလုပ်ပေးရမလဲပေါ့ …. ပြီးတော့ သူတို့မှာပါလာတဲ့ ရေသန့်ဘူး ၊ဆေးလိပ် ၊ ကွမ်းယာ နဲ့ စားစရာ တွေကို ချပေးသွားတတ်တာပါ ။
ဒီလိုနဲ့ဘဲ မောင်ဆာမိဆီမှာ ဆေးလိပ်နဲ့ကွမ်းယာတွေ အလျံအပယ် ဖြစ်နေတော့တာပေါ့ ။
ညနေစောင်းရောက်လာတော့ မောင်ဆာမိလည်း စဉ်းစားရတော့တယ် ….
ညစာဘယ်လိုလုပ်ရပါ့ ပေါ့လေ ။ ကားကြီးထားခဲ့ပြီး ရွာထဲလည်းသွားလို့မဖြစ်ဆိုတော့ …..
ဟိုကြည့်ဒီကြည့် ကြည့်ရင်း သင်းချိုင်းဘေးမှာ တဲလေးတစ်လုံးသွားတွေ့ပါတယ် ။ ဒီလိုနဲ့ပဲ တဲဆီကိုခတ်သုတ်သုတ်ပြေးပြီး ညစာထမင်းကို ပိုက်ပိုက်ပေးပြီးချက်ခိုင်းရတော့တာပေါ့ ။
တဲပိုင်ရှင်အစ်မကြီးက စီစဉ်ပေးမယ်ဆိုတဲ့အကြောင်း ၊ ကား နားကိုလာပို့ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ မောင်ဆာမိလည်း ကားဆီကိုပြန်လာခဲ့ပါတယ် ။
မကြာပါဘူး … ၁၂ နှစ်အရွယ်ကောင်လေးတစ်ယောက်က ရေနွေးအိုးရယ် ပန်းဂံလုံးလေးရယ်ကိုင်ပြီး ရောက်လာတယ်လေ ။ သူ့နောက်က ဦးလေးကြီးတစ်ယောက်ကလည်း ဗန်းတစ်ချပ်ကိုင်လို့ပေါ့ ။ ာဗန်းထဲမှာတော့ အငွေ့တစ်ထောင်းထောင်းနဲ့ ထမင်းနဲ့ ဟင်းတွေပါ ။
ကျနော်လည်း ကားပေါ်မှာစားရင် ကျဉ်းကျပ်တာနဲ့ ဘေး ဘယ်ညာဝေ့ကြည့်တော့ သင်းချိုင်းဝကအုတ်ဂူတစ်ခုရဲ့ရှေ့မှာ
သံမံတလင်းလေးက ပြောင်ရှင်းနေတာတွေ့လိုက်ရတယ်လေ ။
ဒါနဲ့ အဲဒီနေရာမှာပဲ ညနေစာ ထမင်းပွဲက်ို အဝဆွဲတော့မယ်ပေါ့ … .။ သေချာကြည့်တော့ တရုပ်လူမျိုးတစ်ယောက်ရဲ့ အုတ်ဂူဖြစ်နေပါတယ် ။ဒါကြောင့် ဂူရှေ့မှာ ကန်တော့ဖို့ သံမံတလင်းလေးခင်းထားတာပေါ့ ။
ကျနော်က ထမင်းစားနေတုန်း ဟိုဦးလေးကြီးက ဘေးကနေ ရေနွေးငှဲ့ပေးရင်း စကားစမည် ပြောတာပေါ့လေ ။
သူ့သားကတော့ ကားနားသွားပြီး လှည့်ပတ်ကြည့်နေလေရဲ့ ။
ဪ …. ဒါနဲ့ … ကျနော်မိန်ရည်ရှက်ရေ စားခဲ့တဲ့ ညနေစာရဲ့ ဟင်းလေးတွေကို ပြောရဦးမယ် ဗျို ့ …..
ကျနော့ကိုကျွေးတာ ဘာဟင်းလို့ ထင်ကြသလဲ ဗျာ …..
ဒညင်းသီး ဆားရည်စိ်မ်နဲ့ ငံပိရည်ဆိုရင်တော့ မှားလိမ့်မယ်ဗျို့ ….
ငရုပ်သီးဆားထောင်းနဲ့ ဟင်းရွက်ပြုတ်ဆိုရင်လည်း မဟုတ်သေးပါဘူး ခင်ဗျ …..
ဒီလို ဒီလို ….
ဗိုက်ကွဲနေတဲ့ ခတ်ကြမ်းကြမ်းထမင်းရယ် ၊ ဝက်သားလုံးကြော်ရယ် ပြီးတော့ ဝက်ချိုချဉ်ရယ် …. ကြက်ပဲငပိ ရယ် ……
ကဲ ယုံကြလား ….. တကယ် ပါဗျာ ။ ကြောက်တတ်ရင်တော့ ပုံပြင်ထဲက ကျပ်ကုန်းက ကျပ်တွေဖန်ဆင်းပေးတယ်ပေါ ့ ….
အဖြစ်မှန်က ဒီလိုဗျို့ ……
တကယ်တော့ သူတို့က သုဘရာဇာတွေပါ ။ ကျနော်ကားပျက်တဲ့ နေ့က April လရဲ့ လဆန်းပိုင်းပေါ့ဗျာ ။ ဆိုတော့ .. ….
April လဆန်းပိုင်းတွေမှာ တရုပ်လူမျိုးတွေက သေဆုံးသွားပြီဖြစ်တဲ့ မိဘဘိုးဘွားတွေကို လာကန်တော့လေ့ရှိပါတယ် ။
ဒီလို ကန်တော့ပြီးသွားရင် စားသောက်ဖွယ်ရတွေကို အများအားဖြင့် နီးစပ်ရာကိုပေးခဲ့တာပါပဲ ။
အဲဒီနေ့ကလည်း တစ်စုံတစ်ယောက် လာကန်တော့ပြီး ပေးသွားတယ်ထင်ပါတယ် ။ မောင်ဆာမိကတော့ သိသိကြီးနဲ့ အပြောင်ရှင်းလိုက်တာဘဲဗျို့ …။ တကယ်တော့လည်းဗျာ ….
သုဘရာဇာဘဲဖြစ်ဖြစ် ၊ သတောင်းစားဘဲဖြစ်ဖြစ် … မဲမဲဖြူဖြူ လူတွေဘဲ မဟုတ်လားဗျာ ….
လူတွေစားတဲ့ အစာ ကို လူတစ်ယောက်က စားနိုင်ရမှာပေါ့ ။ လူတွေနေတဲ့ နေရမှာ လူတစ်ယောက်အဖြစ် နေတတ်ရမှာပေါ ။
ဒီနေရာမှာ ကာလာတွေခွဲပြီး မာန်တက်နေရင် နောက်ဆုံးတော့ အားလုံးအတူတူပဲ
သေကြရမှာပါလေ ။ ဘယ်သူကများအသက်ရှင်တုန်းကဥစ္စ
ာပစ္စည်းတွေ သယ်သွားနိုင်လို့လဲ ။
××××××××××××××××××××××××××××××××××××××
မြင်ကွင်းလေးက ကဗျာဆန်ချင်မှ ဆန်ပါလိမ့်မယ် …..
လဆန်း ၁၃ ရက်ဝန်းကျင် မို့ လမင်းကြီးက အရှေ့ဘက်ကထွက်လာပြီး
သင်းချိုင်းထိတ်က လက်ပံပင်ထိတ်မှာ တွဲခိုနေတဲ့အချိ်န် …..
အုတ်ဂူတစ်လုံးရဲ့ရှေ့မှာ လူသားနှစ်ယောက်ဟာ ရေနွေးကြမ်းအိုးတစ်လုံးအလယ်မှာချပြီး
အေးအေးလူလူ စကားပြောနေကြတယ် …..
တစ်ယောက်က လန်ဒန်စီးကရက်ကိုဖွာပြီး တစ်ယောက်က ဖက်ကြမ်းဆေးပေါ့လိပ်ကို ဖွာနေလေရဲ့……..
ဖုန်းဆိုးမြေကိုဖြတ်သန်းလာတဲ့ လေပြေညှင်းကတော့ သူတို့ရဲ့မီးခိုးငွေ့တွေကို သယ်ဆောင်သွားတယ်လေ …..
ပြောက်တိပြောက်ကြား လရောင်အောက်ကမြင်ရတဲ့ သူတို့မျက်နှာတွေပေါ်မှာတော့
ကျေနပ်ခြင်း နဲ့အတူ လေးလေးနက်နက်တွေးနေပုံပါပဲ …..
ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတစ်ချက်တစ်ချက်နဲ့အတူ ရယ်သံသဲ့သဲ့ လည်းကြားနိုင်ပါသေးတယ် …..
တစ်ယောက်က ကားသမား
တစ်ယောက်က သုဘရာဇာ ….
သတို့ဘာတွေပြောနေကြလဲ လို့ဆိုရင် ………
အဲဒီ အကြောင်းတွေကို တစ်နေ့ နေ့မှာတော့ ပြောပြချင်မိပါသေးတယ် ……။
လေးစားလျှက်
မောင်ဆာမိ
42 comments
ကြည်ဆောင်း
July 5, 2013 at 6:33 am
ဆရာမင်းသိင်္ခရဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားကိုတောင်သတိရမိသေးတော့ ့
သူများမလုပ်နိုင်တာတွေလုပ်နိုင်ပါပေ့လို့ဘဲ တွေးမိလိုက်တယ် ့
Ma Ma
July 5, 2013 at 7:31 am
ခုလေးတင် အရမ်းကြောက်စရာကောင်းတဲ့ သရဲကားကြည့်တဲ့အခါ သွေးအမျိုးအစားအလိုက် ခံစားတတ်ပုံကို ဖေ့စ်ဘုတ်မှာ ရှဲထားတာတွေ့လိုက်တယ်။
Bသွေးပိုင်ရှင်တွေကတော့ သရဲဆိုတဲ့အသံကြားတာနဲ့ ပြေးပြီဆိုတာကို ဖတ်ပြီး မှန်လိုက်တာလို့ တွေးမိတယ်။
အဲ – ဘိုဆာမိရေးမယ့် မမြင်ရတဲ့သရဲဇာတ်လမ်းတော့ စိတ်ဝင်စားတယ်။
😀
โทรศัพท์มือถือ
July 5, 2013 at 7:52 am
comment ရေးမလို့လုပ်တုန်းမှာပဲ.. မမ ရဲ့ FB ကအကြောင်းလေးကို စိတ်ဝင်စားသွားတယ်
မမရေ… လင့်ခ်လေး လုပ်ပါ့အုံးဗျ… အဲ့ဒီအကြောင်းလေး ဖတ်ချင်ပါတယ်…..
xxxxxxxxxxxxxxxxxxxxxxxxx
မနက်ထ ဘရိတ်ဖတ်သွားစားမလို့…
ရွာထဲဝင်ကြည့်လိုက်တာ……
ဘိုးတော်ဦးဆာမိရဲ့ ပို့စ်ကိုစိတ်ဝင်စားပြီး ဝင်ဖတ်လိုက်တယ်…..
ဖတ်ရင်းဖတ်ရင်းနဲ့ အရှိန်လေးကောင်းလာတုန်း ဘိုးတော်ကတော့ မရော့မယ်ဗျာ….
တန်းလန်းကြီးလုပ်ပါနဲ့ဗျ….. ကသိကအောက်နိုင်လှတယ်………..
အဲ့ဒီအကြောင်းတွေကို တစ်နေ့နေ့မှာ ပြောချင်ပါတယ်ဆိုတော့….
အခွင့်များသာခဲ့ရင်… အဲ့လို သင်းချိုင်း ဇရပ်လေးပေါ်မှာပဲဖြစ်ဖြစ်
ဆေးလိပ်လေးဖွာရင်း နားထောင်ချင်ပါတယ်………………………
Ma Ma
July 5, 2013 at 9:57 am
အောက်က လင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=598927763471265&set=a.542784232418952.122074.505996199431089&type=1&theater
surmi
July 6, 2013 at 1:15 pm
မကြည်ဆောင်းရေ
စောစေစီးစီးအားပေးသွားတာကျေးကျေးဗျာ
တကယ်တော့ အများထက်ထူးပြီး လုပ်နိုင်တော့မဟုတ်ပါဘူး ။ အခြေအနေအရပြင်လိုက်ရတာပါဗျ 🙂
အန်တီမမရေ
ငယ်ငယ်ကတော့သရဲကြောက်မှာပေါဗျာ
သိတတ်တဲ့ အရွယ်ရောက်မှ မကြောက်တော့တာပါ ။ သရဲပုံပြင်တွေကတော့ ကားသမားတွေပြောလွန်းလို့ နားရည်ဝနေပါပြီ နောင်ကျရင်တော့ …အဲဒီတုန်းကပြောဖြစ်ခဲ့တာလေးတွေ
ပြန်ပြောဖြစ်ဦးမယ်ထင်ပါရဲ ့
မောင်မိုဘိုင်ရေ
မပျက်မကွက်အားပေးနေတာ ကျေးကျေးနော်
ဆက်ရန်လာဦးမှာပါ
ခု နောက်ပိုင်း တော်တော်မအားလို့ပါ 🙂
အလင်း ဆက်
July 5, 2013 at 7:48 am
သူတို ့ဘာတွေ ပြောခဲ့ကြသလဲ
သိပ်သိချင်မိတယ်ဗျာ။
ကဗျာအကြောင်း စာအကြောင်းတွေလည်း ဖြစ်နိုင်တယ်
နိုင်ငံရေးနဲ ့အတွေး အခေါ် ဒဿနတွေ လည်း ဖြစ်နိုင် တယ်
အချစ် အကြောင်းးလည်း ဖြစ်နိုင် တယ်
ဘာသာရေးနဲ ့ တရား သဘော တွေလည်း ဖြစ်နိုင်တယ်
အင်းးးးစိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်
တကယ့် အဖြစ်အပျက် တစ်ခု ကို
အားရပါးရ ဖတ် လိုုက်ပါတယ်။
😆
surmi
July 6, 2013 at 1:25 pm
ထင်နေတဲ့အကြောင်းတွေတော့မဟုတ်ဘူး
ပြောပြပါ့မယ်
တနေ့ နေ့ပေါ့ 🙂
မစောင့်နိုင်ရင် လက်ဘက်ရည်တိုက်ပေါ့ကွယ် ဟဲဟဲ
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 5, 2013 at 7:58 am
ဆိတ်ဖွားဆိုလို့ .. ဆြာခ ရဲ့ ဇာတ်လိုက်ကျော် ဦးဆိတ်ဖွားခမျာတော့
လက်ဖက်ရည်ဆိုင် မနက်စောစော သွားရင်တောင် ကိုယ့်ခွက်နဲ့ကိုယ် သွားရတာဒဲ့..
ပီး .. ဆိုင်ဘေးနားလေးမယ် ဆောင့်ကြောင့်လေး ထိုင် သောက်ရသတဲ့ …
သုဘရာဇာသောက်တဲ့ဆိုင်ဆို လူတွေ မသောက်မှာ စိုးလို့တဲ့ ..
စိတ်ထဲ ..ကိုကျော်သူရေးတဲ့ စာစုတွေ အစီအရီ ထွက်ကျကုန်တယ်
ထားပါတော့ သုဘရာဇာ …
ဟိုဆိတ်ဖွားကတော့ ..ငိငိ..(ရှင်ရဲဖွတ် လို့ ကျော် မပြောဘုနော်..)
ကဘုန်းကျော် အလိုတော် အတိုင်းဆိုရင်တော့ ဟိုအယ်ချုပ် ခင်မောင်something
ကို သောက်ခွက် ၂ချက်လောက်ရိုက်ရင် ပေါ်မယ့်ဟာကို အဟွာ သန်းရှာကြတယ် ဆိုပဲ ..
ကွိကွိ…
တကယ်လို့များပေါ့လေ. .အရှေ့အာရှ က အလွမ်းတတ်ဆုံးယောက်ျားတယောက် က ဘူလဲ ဆိုတာ သိချင်ရင်ဒေါ့
ဟီဟိ…
ဒက်ဂလောက်… ဒက်ဂလောက်
😛
surmi
July 6, 2013 at 1:32 pm
ဆိတ်ဖွား ဆိုလို့ တောင်ငူက အခုကားကြီးဝန်းဖြစ်နေတဲ့နားမှာ သင်းချိုင်းရှိခဲဖူးတယ်လေ
ဆရာခ ကအဲဒီသင်းချိုင်းကိုဇတ်အိမ်တည်ပြီး ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားကို
မွေးဖွားခဲ့တာပေါ့
ဆိတ်ဖွားသင်းချိုင်းလို့တောင် အဲဒီဝတ္ထု နာမည်ကြီးစဉ်ကခေါ်ခဲ့သေးတာ ။
အင်းးးး ကိုကျော်သူ့စကားတွေပြန်သတိယပါတယ်လေ
အရှေ့အာရှက အလွမ်းတတ်ဆုံးကိုရှာဖို့ဆုငွေထုတ်ရင်တော့
ပြောပြ လိုက်ပါ့မယ်လေ
ကွိစ် 🙂
မဟာရာဇာ အံစာတုံး
July 5, 2013 at 8:41 am
ပထမဆုံး ပေါလိုဒါဂဒေါ့ …
အောက်ဆုံး အကန့် ရေးထားတာကို အကြိုက်ဆုံးဘဲ ဥဆာမိ …။
သူဒို့ ဘာဒွေ ပေါဒလဲ သိဂျင်ဒေးဒယ် …။
ကြုံရင် ပြောပေး၊ ရေးပေးဘာအုံး ခည …။
ကျုပ်တော့ ဒါကို ဖတ်အပြီး …
အဲ့ဒီလို နေရာ၊ အဲ့ဒီလို အချိန်မျိုးမှာ
လူသားဒို့ မွေးဖွားရှင်သန်ရာ သင်္ချိုင်းမြေမှာ
ထမင်းလေး တစ်နပ်တော့ လွေးဖြစ်အောင် လွေးဦးမယ်လို့
တေးလိုက်မိသေးတယ် ဆရာ ……။
လေးစားစွာဖြင့်
မောင်အံ
surmi
July 6, 2013 at 1:36 pm
တကယ်ပြောတာလားမောင်အံ
မောင်ရင်သွားကြည့်ချင်ရင် လိုက်ပို့မယ်လေ 🙂
ထမင်းပါစားချင်ရင် မှာကျွေးဦးမှာ
ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတယ်နော
ဟိုရောက်မှထွက်မပြေးနဲ့ 🙂
ဦး ကျောက်ခဲ
July 5, 2013 at 9:03 am
ကိုရင်ဆာ တို့လို့တန်းလန်းနဲ့ ရပ်ခဲ့ပြန်ပြီ…
ပရော်ဖက်ဆာဆိတ်ဖွား ဧည့်ခံတာစားသုံးလာလို့ လောကဓာတ်ကိုအမြင်ကြည်တာပေါ့…
အရေးအခင်းမဖြစ်ခင် ကြံတောသင်္ချိုင်းထဲက ကိုဆိတ်ဖွားတွေဆီမှာ…
မူးယစ်ဆေးဝါး ခွက်ပုံးချက်အရက် လိုချင်တာအကုန်ရတယ်ဗျ…
ယုံမလားတော့မသိဘူး ဖဲဝိုင်း ဂျင်ဝိုင်း အကုန်ရှိတယ်… ရဲကိုကိုတွေတောင် မလာရဲဘူး
surmi
July 6, 2013 at 1:41 pm
မထားခဲ့ပါဘူး ဦးကျောက်ရယ်
အစ်ကိုပြောလို့ သွေးပူလေ့ကျင့်ခန်းပြန်လုပ်နေတာလေ 🙂
သင်းချိုင်းအကြောင်းကတော့သိပါ့ဗျာ ။ငယ်ငယ်ကကျောင်းပြေးရင် သင်းချိုင်းထဲပြေးနေကြဆိုတော့ …
မပြောတော့ဘူး … ပေါ်ကုန်လိမ့်မယ် 🙂
ဆက်ရန်လာပါဦးမယ် ဟဲ ဟဲ
ရွှေတိုက်စိုး
July 5, 2013 at 9:21 am
ဟာဂျာ လုပ်ပီဂျာ ဦးချာမိ ဂျီးကဒေါ့…….. ဒီမှာ ဖတ်မလို. အရှိန်တင်ဒုံးချိတေးဒယ်ဂျာ… မျက်လုံးကို ဘရိတ်မနဲ.ဖမ်းလိုက်ရတယ်… တန်းလန်းကြီး တန်းလန်းကြီးးးးးးးးးးးးးး
kyeemite
July 5, 2013 at 9:56 am
ဖတ်လို့ကောင်းလိုက်တာဗျာ…ဆက်ရေးပါအုံးကိုရင်ဆာမိရေ..
ခေတ်ကွာသွားတာလား…မိဘတွေက ကလေးတွေကိုသရဲနဲ့မခြောက်ကြတော့လို့လား
သရဲရုပ်ရှင်တွေကြည့်ရတာရိုးနေလို့လား…ဘာလားကြောင့်တော့မသိ..
ခုခေတ်လူငယ်တွေ သရဲတော့သိပ်မကြောက်ကြတော့ဘူးနော..
ကျုပ်ငယ်ငယ်ကများ ကြောက်တတ်ချက်ကတော့..နေဝင်ရင် အိမ်ပြင်ကိုခိုင်းမရတော့ဘူး..
ရှားရှားပါးပါး ပြတတ်တဲ့ မြန်မာသရဲကား..ဝင်းဦးပါတဲ့“ဆောင်းအိမ်မက်”တို့..
ညွှန့်ဝင်းပါတဲ့ “လကွယ်မိုးနှောင်း”တို့..ဆိုတဲ့ကားတွေများကြည့်ပြီးရင် ကြောက်လိုက်တာမှ
ညီကိုမောင်နှမတွေ တန်းစီအိပ်ရင်တောင် အလယ်ကိုစုတိုးအိပ်ကြတာ….
တော်တော်ကြီးလာမှ ကြောက်တတ်တာတွေမနဲဖျောက်ယူရတယ်ဗျို့… 😆
surmi
July 6, 2013 at 1:53 pm
ကိုရွှေတိုက်ရေ
လာမယ်နော် ဖြေးဖြေး ။ပြီးမှ ဒီလူကြီး ရေးတာ အန်ချင်လိုက်တာဖြစ်နေဦးမယ်
ဟဲဟဲ
ကျုပ်က အကြွေးမထားဘူး…ပြောပြဦးမှာ 🙂
ဦးမို်က်ရေ
မလွတ်တန်းအားပေးဖတ်ရှုပေးနေတာကျေးကျေးဗျာ ။
ကလေးတွေသိပ်မကြောက်တတ်တော့တာကတော့ လက်တွေ့ပိုဆန်သွားကြလို့များလား ထင်မိတယ်
အိမ်က ကလေးတွေကိုတော့ ငယ်တုန်းအရွယ်မှာ ကြောက်စရာဇတ်ကားတွေမကြည့်ခိုင်းဘူး
စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ ပရလောကအကြောင်းတွေကို အသိညဏ်မပြည့်စုံခင်မှာ
မပြောပြ မဆွေးနွေးတာ ပိုကောင်းမယ်လို့ထင်တာပဲ
•*¨နန်းတော်ရာသူ •*¨
July 5, 2013 at 10:36 am
သုဘရာဇာသံချောင်းကတော့သချိုင်္င်းနဲ့ရေစက်ပါတယ်
ကဗျာဆန်သလိုလိုအရှိသားဥဆာမိရေ
Shwe Ei
July 5, 2013 at 10:44 am
လရောင်အောက်က မြင်ကွင်းတိုင်း ခံစားတတ်ရင် ကဗျာဆန်တာကြီးဘာဘဲ…
အနော်တော့ အူးလေးတို့၂ယောက် ကြည်နူးဆွတ်ပျံ့လွမ်းမောဖွယ်ရာ အကြောင်းလေးတွေပြောကြမယ်လို့ မှန်းလိုက်တယ်…ေိေိ
Crystalline
July 5, 2013 at 10:45 am
သချိုင်းဆိုပေမယ့် ဘယ်လိုမှကြောက်စရာမကောင်းတဲ့ သချိုင်းတွေရောက်ဖူးတယ်.. ပန်းပင်လေးတွေနဲ ့
အိန်ဂျယ်ရုပ်လေးတွေနဲ ့ အဲဒီနေရာမျိုးသွားသေချင်စိတ်ပေါက်တယ်..
surmi
July 6, 2013 at 2:04 pm
နန်းတော်ရာသူ ရေ
ပျောက်နေတာလည်း ကြာလှပေါဗျာ
အင်းးးး သံချောင်းအကြောင်းပြောရရင်တော့ဗျာ သိတဲ့အတိုင်းဘဲလေ 🙂
မရွှေအိ ခင်ဗျ
တကယ့်အဖြစ်အပျက်က တခါတရံ ကဗျာဆန်ချင် ဆန်နေတတ်တာပါပဲလေ
တကယ်ပြောနေတဲအကြောင်းက ……..
မကြာမှီ လာမည် 🙂
@ခရစ်စတယ်လိုင်း
ထင်မိတာတော့ ခရစ်ယန်သင်းချိုင်းများဖြစ်နေမလား ပဲ
ကျနော်ပြောတဲ့နေရာကတော့ သာမန်လမ်းဘေးမှာတွေနေကျဖြစ်တဲ့ ရွာသင်းချိုင်းတစ်ခုပါ
ကြံဖန်ပြီး နေတတ်အောင်နေကြည့်ရတာလေ 🙂
Ma Ei
July 5, 2013 at 11:04 am
လရောင်အောက်ထမင်းဝိုင်းရဲ့စကားတွေ
ပြောချင်တဲ့ နေ့တနေ့ ကို မျှော်နေပါမယ်….
ကျမတို့ ယမုံနာ တိုးအဖွဲ့နဲ့ ပုဂံ ဘုရားဖူးသွားတဲ့ အခေါက်မှာ
ဒေါင်းသေချောင်းဖြတ်ဖို့ကို ရေနဲနဲရှိနေ မှောင်ရီကလဲပျိုးနေ ဆိုတော့
ကားသမားကမရဲတရဲစမ်းမောင်းရင်း ကားကြီးသဲနစ်ပါလေရော…
ရွာသားတွေက ကားဘီးအောက်ကို သံပေါက်ပြားတွေထည့်လို့ရအောင်
လာကူပေးနေကြပြီး လူကြီးတွေ၊အမျိုးသမီးတွေနဲ့
ကလေးတွေ ဟိုဖက်ကမ်းမှာသွားစောင့်နေကြပါဆိုတော့
ချောင်းရေစပ်စပ်ကို ကူးသွားကြပြီး ကမ်းပေါ်က အကာမရှိ အဆောက်ဦးတစ်ခုမှာ
သွားစောင့်နေကြတာ….ချောင်းထဲက ကားကို ငေးနေမိတာ လရောင်နဲ့ ချောင်းရေနဲ့ အတော်လှတယ်ပေါ့… အချိန်တွေလဲကြာတော့မှ လလေးကလဲသာသာ ဘေးဘီကိုလဲ ကြည့်မိရော
ဟိုဘက်ဒီဘက် နှစ်ဘက်လုံး ခတ်လှမ်းလှမ်းမှာ အုတ်ဂူတွေရယ်…
ကင်းခြေများတွေ၊မီးရထားကောင်တွေကလဲ ဟိုနားဒီနား…
အချိန်တွေ တစ်ကမ္ဘာကြာသွားလားမှတ်ရတယ်…
အမှတ်တရပါဘဲ…
ချောင်းရေစပ်စပ်ကို ကူးသွားပြီး ကမ်းပေါ်က အကာမရှိတဲ့
surmi
July 6, 2013 at 2:13 pm
အစ်မ မအိရေ
အဲဒီကားသမားကိုနားရင်ရိုက်ရမှာဗျ
ဒေါင်းသေချောင်းမှာ အဲဒီလိုဝါးတာတားသွားလုပ်ရင် ကားစီးလုံးတိုက်ရေမျောသွားနိုင်တယ်
ကျနော်တို့ဆိုရင် တောင်ပေါ်မှာမိုးတွေမဲပြီးရွာနရေင်မကူးတော့ဘူး
တောင်ကျရေက သိပ်ကြောက်ဖို့ကောင်းတယ်
ကမ်းဘေးက ရွာတွေက အဲဒီလိုကားနစ်နေရင်သိပ်ကြိုုက်တာ ။သူတို့တွန်းခရတယ်လေ ။
ဒရိုင်ဘာအတွေ့အကြကြဲုနဲလို့ထင်တယ်နော
မောင် ပေ
July 5, 2013 at 11:20 am
ရှေးလူကြီးတွေ ရဲ ့စကား
ငတ်မရှက် ဆိုသလိုလိုပေါ့နော
အဲ့ထမင်းဝိုင်းမှာ မပါတဲ့အရာ တစ်ခု ကျန်ခဲ့သလိုလိုပဲ ကိုဆာမိရေ
surmi
July 6, 2013 at 2:15 pm
ဘာများကျန်ခဲ့ပါလိမ့် ကိုပေ ရေ
အရက်တော့မဟုတ်လောက်ဘူးထင်တယ် 🙂
ခင် ခ
July 5, 2013 at 11:21 am
တရုတ်လူမျိုးတွေက သေလွန်တဲ့အခါ သင်းချိုင်းဂူမှာ အစားအသောက်အစုံအလင် ကောင်းကောင်းမွန်မွန် နဲ့ ပြုလုပ်ပေးကြတယ်။ ဒါကြောင့်လားမသိဘူး နောင်ဘဝကူးသွားတဲ့ တရုတ်တွေ လူပြန်ဖြစ်တော့ ကောင်းကောင်းစား ကောင်းကောင်းနေကြရ စီပွားရှာလွယ်ကြတယ်။
မြန်မာတွေကျတော့ သေလွန်တဲ့အခါ ထမင်းတနပ်စာ စားမိန်စာထုပ်လေးတစ်ထုပ်ဘဲ ထဲ့ပေးလိုက်ကြတယ်။
ဒါကြောင့် မြန်မာတွေလူပြန်ဖြစ်တော့ ထမင်းနပ်မှန်အောင်စားရဖို့ အတော်ရုန်းကန်နေရတာ များလားလို့ ဒီပိုစ့်ဖတ်ပြီး တွေးမိတယ်။ ( မယုံရင်တော့ ပုံပြင်ပေါ့နော် )။
surmi
July 6, 2013 at 2:23 pm
သိပ်တော့မဆိုင်လှဘူးထင်ပါတယ်ဦးခ ရေ …..
ကံ ကံ၏အကျိုးပါပဲ ။ လူမျိုးအသီးသီးရဲ့ သေလွန်တဲ့အခါမှာပြုလုပ်ကြတဲ့
ဓလေ့ထုံးစံထဲကအချို့ဟာ သိပ်အကျိုးများလှတယ်မဟုတ်ပါဘူး
ပြောရင် လဲ အငြင်းပွားဖွယ်ရာတွေဖြစဘာဦးမှာ ဆိုတော့ 🙂
ဘာပဲဖြစ်ဖြစ် လာအားပေးတာ ကျေးကျေးဗျာ နော
ခင် ခ
July 6, 2013 at 3:21 pm
ကံ ကံ၏အကျိုးပါပဲ မဆိုင်ဘူးဆိုတာ လက်ခံပါတယ်။ ကျွန်တော်လည်း “မယုံရင် ပုံပြင်မှတ်´´ ဆိုတာလေးနဲ့ မန့်ချင်လို့ ကြံဖန်ရေးရတာပါ ဆရာဆာရယ်။
လုံမလေးမွန်မွန်
July 5, 2013 at 12:44 pm
သာမီးကတော့ အသည်းနှလုံးနုနယ်သူပါ..သရဲကားမပြောနဲ့ လူသတ်ကားတွေတောင် မကြည့်ရဲဘူး… ဟာသကားပဲ ကြည့်တယ်…
အပြင်မှာ တကယ်သာ အဲ့လိုနေရာမှာ အဲ့လိုအချိန်ရှိမယ်ဆိုရင်တော့ ဘာမှမဟုတ်ဘဲ ကြောက်စိတ်နဲ့တင် အသက်ထွက်လောက်တယ်…
ဒါနဲ့..မျက်မှန်လေးအကြောင်း ပြောတာလားဟင်င်င်..
ဗုံဗုံ
July 5, 2013 at 2:53 pm
ဟမ်မလေး…အုတ်ဂူ ကြီးတွေနဲ့ မှောင်မှောင်မည်းမည်း… ဦးဆာရယ်…. မိဗုံသာဆို ကြောက်လန့်တကြားနဲ့ မျက်မှန်လေးကို ပြေးဖက်ထားလိုက်မှာဘဲ မွန်လေးထက်အရင်.. (မယုံရင် ပုံပြင်မှတ်)
surmi
July 6, 2013 at 2:27 pm
မွန်မွန် နဲ့ဗုံဗုံ
မအားတဲ့ကြားက ကျုပ်သားမျက်နှာနဲ့ လာအားပေးတာကျေးကျေးနော 🙂
တကယ်တော့ …..
ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးလို့သာမှတ်လိုက်
ဘာမှမဖြစ်တော့ဘူး 🙂
Mr. MarGa
July 5, 2013 at 8:55 pm
တစ်ခုတော့ ရှိတယ် ဗျ
အဲဒီ ထမင်း တစ်နပ် ဟာ အတော် စားမြိန်မယ် လို့ ထင်မိတယ် ဦးဆာရေ့
ပြောခဲ့တဲ့ အကြောင်းအရာတွေကလဲ
စိတ်ဝင်စားစရာ ကောင်းမယ် လို့ ထင်မိပါတယ်ဗျာ
uncle gyi
July 6, 2013 at 12:04 am
ပုံးကလေးနဲ့ပိုက်ဒါရိုက်ဆက်မောင်းလိုက်ရောပေါ့ကိုဆာမိရယ်
surmi
July 6, 2013 at 2:42 pm
သဂျားမင်း
ရန်ကုန်ရောက်အောင်လာခဲ့
ပြောပြမယ် 🙂
အန်ကယ်ကြီးရေ
ကားပေါက်စမဟုတ်တော့ ပုံးထောင်မောင်းဖို့မဖြစ်လောက်ဘူးခင်ဗျ
V8340 အင်ဂျင်ဖြစ်နေတယ်လေ
အရီးခင်လတ်
July 6, 2013 at 2:10 am
သူတို့ ပြောစကားတွေ ကို နားထောင်ဖို့ စောင့်နေပါတယ် ကဆာမိ ရေ။
ပြီးခဲ့တဲ့လက အများကြိုက် Post လေး အတွက်လဲ Congratulations ပါ။
ပွဲကျရင် ကျွန်မ ကို ဆိုပြမဲ့ သီချင်း ဆိုပါဗျို့ လို့လဲ request လုပ်ပါတယ်။။ 😉
surmi
July 6, 2013 at 2:56 pm
အရီးလတ်ရေ
မတွေ့ရတာတောင်ကြာပေါ့ဗျာ
အင်းး ရေးတော့ ရေးဖြစ်ပါဦးမယ် ။ ကျေးကျေးပါဗျာ
ဟိုသီချင်းကတော့ အရီးပြန်လာမှဘဲ ဆိုဖို့လေ့ကျင့်ထားပါ့မယ် 🙂
ခုတော့ ………..
ဦးကြောင်
ချက်ကြီးကအဲဒီခေတ်က မပေါ်သေးဘူးဗျ
ဘာ ဝင်းထိန်ဆိုလား ????
အဲဒဆိုဟုတ်တုတ်တုတ်
ဦးကြောင်ကြီး
July 6, 2013 at 10:02 am
မဟုတ်မှလွဲရော ဒေါက်တာချက်ကြီးဆိုက်မှာ တင်တဲ့ မူဗွီကားအသစ် အကြောင်းများလား… 🙄
မဟာရာဇာ အံစာတုံး
July 6, 2013 at 10:06 am
ဒေါက်တာကြီး အကြောင်း
ပျံမပေါချမ်းဘာနဲ့ဒေါ့ ဒက်ဒီရာ …
စာမလာ ဒဒင်းမကျား ပျောက်ရှတွားဒါဂို
ရင်နာနွန်းနို့ … 👿
surmi
July 6, 2013 at 3:00 pm
မောင်အံရယ်
ဒို့ဦးကြောင်လည်း ဆိုဒ်ထောင်ထားတယ်ကြားမိတာဘဲကွ
သူ့မေးကြည့်လိုက်လေ 🙂
ရဲစည်
July 7, 2013 at 5:33 pm
အူး ဆာမိ အားကျလို့ ..
အနော်လဲ လရောင်အောက်မှာ အတင်းဆွဲ(ဆွဲလား ရမ်းလား) လုပ်ခံရတဲ့ အကြောင်း ရေးဦးမှ … ကွိ ကွိ ..
surmi
July 8, 2013 at 9:13 am
လုပ်ပါ လုပ်ပါ ကိုရဲစည်ရေ
ဆွဲလားယမ်းလားက ပိုပြီးစိ်တ်ဝင်စားဖို့ကောင်းတယ်ဗျ
စောင့်နေမယ်ဗျို့
မရေးပဲတော့မနေနဲ့ဦးနော
ဖုန်းဆက်ပြီးလှမ်းမေးမှာ 🙂
KZ
July 8, 2013 at 9:26 am
ဆောရီး ဆိုတဲ့စကားက ကားသမား ဒစ်ရှင်နရီမှာ မရှိဘူးပေါ့နော်။
ဦးဆာကလေ …
ဗိုက်ဆာပါတယ်ဆိုမှ ဖတ်ပြီး ဗိုက်ဆာလာအောင်။
တစ်ချို့ကလည်း မစားကောင်းဘူး ဘာဘူးပေါ့။
အာဏာစက်လျော့တယ် ဆိုလား ဘာလားးးးး
ကျနောဖြင့် စားချက်က ပြောင်လို့။
surmi
July 8, 2013 at 9:53 am
မခိုင်ဇာရေ
အဲဒီလိုဘဲဗျ …လုပ်သလိုမဖြစ်တော့ ဖြစ်အောင်လုပ့််ရတာပေါ့ 🙂
တခါတလေမှာ ကိုယပြငါချင်သလိုပြုပြင်လို့မရတဲ့ပတ်ဝန်းကျင်မှာ
ကိုယ့်ဟာကိုယ်ဘဲပြင်ရတော့တာပေါ့လေ
အခုတော့လည်း ….ပြန်ပြောရင် ပုံပြင်တွေပါပဲ 🙂