သေဂျင်းဇိမ်း ရဲ့ ပထမနှစ်
အွန်း ..ကျောင်းသားဘဝ ပြန်တူးမိတော့ .. ဆက်တူးချင်သွားပြီ ..ကွိကွိ..
ရှေ့ပိုစ့်က ထိပ်ဆုံး တလအတွင်းကြုံခဲ့တာတွေပါဗျာ…
အဲ့သည့် Lab မှာပါပဲ …။
လက်တွေ့လုပ်ပြီးရင် တကယ် တတ်ကျွမ်းနားလည်သလား ဆိုတာကို ဆြာမလေးတွေက၁ဝယောက်တစု
စာမေးတယ်ခည.. စာပြန်ရတယ်ပေါ့ဗျာ..လက်တွေ့လုပ်ခဲ့တာရဲ့ အကြမ်းဖျင်းကို ..အဲ… ဆြာမပေါက်စလေးတယောက်
သူက နည်းနည်း ဘိုဆန်တယ် .. စာမေးတာကို စာပြန်တယ် စာဆိုတယ် ဂလိုမသုံးဘူး ဘာတဲ့..
Oral ပေးတယ် တဲ့ ..ကွိကွိ..
ဂွကျတာများပြောပါတယ်.. တရက်သားဗျာ..။
ဟဲ့ ..ဟို ၃၇၆ လုပ်စရာရှိတာမြန်မြန်ပီးအောင် လုပ်စမ်း ပီးရင် ငါ့ကို Oral လာပေးလှည့် တဲ့ ..။ ငိငိ
ဖြစ်ပုံ …။
ကျောင်းသားဆိုတဲ့ သကောင့်သားများကလည်း Oral ဆို အဝှာပဲ အတွေးပေါက်နေတာဆိုတော့ ဗျာ..
ကျုပ်လည်း ရေလည် ခေါင်းနပန်းကြီးသွားတော့တယ်…အဲ့ဒါနဲ့ပဲ ခပ်မြန်မြန် Oral ပေး ..အဲ့လေ စာပြန်ပြီး
ဆြာမ ညနေကျရင် ကန်တင်း ကစောင့်ပါ ပြောဇယာ ရှိလို့ ဆိုပြီး မှာခဲ့ရတော့တယ်..
(နောက်ပိုင်း ဘော်ဒါဖြစ်သွားပါတော့တယ်..)
ရှေ့လျောက်တော့ …. ဟီးးး (ပိုဆိုးလာဒယ်)
first year ကျောင်းသားတွေဆိုတာ ..ဆေးကျောင်းစာ ဆိုတာထက် အခြား တက္ကသိုလ်တွေမှာ သင်ယူရတဲ့
ဘာသာတွေ ပါ သင်ရတာကိုးဗျ …။ Zoo, Botany စာအုပ်တွေကတော့ ပိုထူပေမယ့်ပေါ့လေ..
မြန်မာစာ ယင်းဂလိပ်စာ သချင်္ာ ရူပနဲ့ ဓါတု ပါသင်ယူရတာကလား..။
ထူးခြားတာက အကုသိုလ် အတုံးအတစ် မောင်ဂီ့ က မိုင်နာ လို့ ယူဆရမယ့်
(မြန်မာ ယင်းဂလိပ် သချင်္ာ) တို့နဲ့ ပြေလည်သလောက် မေဂျာ လို့ ယူဆရမယ့်
(ရူပ ဓါတု ဇူးနဲ့ ဘော့တနီ) တွေနဲ့ ရန်ခနခနဖြစ်တာပါပဲ။
မြန်မာစာက စပြောမယ်… ဌာနမှူး သဘောကောင်းတာလည်းပါတယ်ဗျ…။
မောင်ဂီ့နဲ့ အလွမ်းသင့်တဲ့အထဲမှာ ..ငယ်ကတည်းက ကြက်အူလှည့် စိတ်ဓါတ်ဝင်နေတာကြောင့်လည်းပါသဗျ..
ငိငိ..
သည်ဆောင်းဟေမာန် ဆိုပီး စာစီစာကုံး ရေးခိုင်းတယ်.. မောင်ဂီ့ ကိုငှက်ရဲ့ လွမ်းသူ့အိပ်မက်ကို စကားပြေ
ချရေးပစ်တယ် လေ.. ပီးရော ..။
အဲ့သည့်တလောက စာစီစာကုံးထဲ ကဗျာတွေ ထည့်ရေးတာ ခေတ်စားသဗျ။
တက္ကသိုလ် ဘုန်းနိုင်ကဗျာတို့ ဘာတို့ပေါ့ဗျာ.. သိဒယ်မလား မောင်ကျောင်းသားက
ဆြာဆီကနေ သူစာအဖတ်နာတယ် ဆိုတာကို ပြပြီး အမှတ်ချူဆီ ထည့်တာလေ…။
ဘယ်ရမလဲ ..ကျုပ်လည်း လက်တန်းကဗျာတွေ ထည့်ထည့်ရေးတာပေါ့..။
ဟိုဆြာကြီးပဲ ရေးခဲ့သလိုလို သည်ဆြာမပဲ ဖွဲ့ခဲ့သလိုလို ကောက်ကတ်ဆော်တာ ..
စာစစ်တဲ့ဆြာမလေးတွေ ခညာ သူရို့ မဖတ်မိတဲ့ ကျော်သွားတဲ့ စာတွေထဲကလား ခေါ်ခေါ်မေးတဲ့အထိ..
မောင်ဂီ့ ကတော့ ခပ်တည်တည် ပဲ ..နောက်ဆုံး ဌာနမှူးခေါ်မေးတော့မှ ကျနော်မျိုးယီး လက်ကမျင်းမိတာပါ
ဝန်ခံယူရတဲ့အထိ… ။ သဘောကောင်းတဲ့ ဌာနမှူးဆိုတော့ ဒီကောင်လေးနှယ့် ကြံကြံဖန်ဖန်ကွယ် ဆိုတာလောက်နဲ့
ဇာတ်သိမ်းလို့သာ ..။
မြန်မာစာအကြောင်းပြောရင် ဇူးအကြောင်း မချန်ထားစကောင်းဘူး ။ ဇူးဌာနမှူးက မြန်မာစာနဲ့ မတည့်ဘူးဗျ။
မတည့်ဆို ဘွားတော်ဇူး က စာသင်တာမယ် မြန်မာစာလုံး သွေးစိမ်းရှင်ရှင် ကို ဘယ်လိုမျက်မုန်းကျိုးတယ် မဆိုနိုင်ဘူး
သွေးနီရွှင်ရွှင်ထွက်တယ် ဆိုပြီး ပြင်ပြော တယ် သုံးတယ်.. သည်တော့ မြန်မာစာဌာနက သဒ္ဒါကျိုးနေတယ်ဆိုပီး
သွေးစိမ်းရှင်ရှင် ဋီကာ ဖွင့်ပါရောလားဗျာ။ တခါသား အနှီ ဌာနမှူးတွေ ကိုယ်စီ ထမင်းစားဆင်းချိန် ကန်တင်းမယ် အအေးသောက်နေတုန်း
မောင်ဂီ့ အိမ်သာသွားမလို့ ဂစ်တာလေးချ ထ-ထွက်လာပါလေရော ..။ ကန်တင်းထိုင်နေတဲ့ မိညီမ က လှမ်းအော်မေးတယ်..
ဟိတ် – ဇာဖားစ် ညီး ဘယ်သွားမို့တုန်း .. တဲ့ ..
ကွိကွိ…
ဇူးဌာနမှူးကို ကြည့်မရတဲ့ မောင်ဂီ့ ပြန်ဖြေပါတယ် ..
ငလား.. သေးဝါရွှင်ရွှင် သွားထုတ်မလို့ဟဲ့ ..ပါဆယ် ယူအူးမလား … ဆိုပီး ..
အိန်ဒရေကြီးတဲ့ မြန်မာစာ ဌာနမှူး မျက်ရည်တောင် ထွက်တယ်ဗျာ ..တခွိခွိနဲ့ … ဟိုဘွားတော်ကတော့ တင်းမပေါ့..။
ဟိ.. အဲ့ဒါနဲ့ ဘွားတော်က တင်းတင်းနဲ့ … မောင်ဂီ့ မကောင်းကြောင်းကို ဘော့တနီ ဌာနမှူးဆီ လက်ထောက်ချပါတော့တယ်..
ဘော်တနီ လက်ဘ် ထဲမယ် တရက် တရုတ်စကားပန်း ကိုသုံးတယ်ခည … အန်သိုဆိုင်ယန်နင် တွေအကြောင်း ထင်ပါ့.
မမှတ်မိတော့ဘု ..။ ညက ဂိမ်းစွတ်ဆော့ပီး အိပ်ရေးပျက်ထားတဲ့ မောင်ဂီ့ ငိုက်ပါလေရောဗျာ..။ အဲ့ဒါနဲ့ ကြားထားတဲ့သတင်းနဲ့တင်
ကြည်ညိုရင်းစွဲ ရှိပြီးသား ဘော့တနီဌာနမှူးက အဲ့ဒိတရုတ်စကားပန်းကို မောင်ဂီ့ ကို ပန်ခိုင်းပါတော့တယ်..
ဟတ်ကောင် နင် ကိုယ့်အပြစ်ကိုယ်သိ တနေကုန် ဒီအတိုင်း နေရမယ် မချွတ်ဘဲ ပန်ထား ..ကြားလား တဲ့ ..။
ဟဲဟဲ ..ရှက်ကြောပြတ်နေတဲ့ မောင်ဂီ့ ပဲ ..နေ့လည် လှည်းတန်း အစာရှာထွက်လည်း ပန်ထား..။ အင်းဝမှာ ကောင်တာသွားပစ်လဲ
ပန်ထား ..။အော် မေ့လို့ ..သူကဒီအတိုင်း ဆိုလို့ မောင်ဂီ့ က ဒူတီကုတ်တောင် မချွတ်ဘူးရယ်..။
နေ့မကူးဘူး သထုံလမ်း တဝိုက်မယ် ဆေးကျောင်းသားအရူးတယောက် လျောက်သွားနေပါတယ် သတင်း က ပွထလာပါတော့တယ်..။
မောင်ဂီ့ ဇင်ဝိုင်းနဲ့ တွေ့ရပီပေါ့ … အဲ့ထိလည်း ပန်းပန်လျက်ပါပဲ…ကွိကွိ…။
ဇာတ်ကြောင်းပြန်တော့ …ဌာနမှူးခညာ သူ့စကားနဲ့သူမို့ …ဘာမှမပြောသာ …။ မောင်ဂီ့ကို အညှိုးသိုပါတော့တယ်…။
အဲ့ဒါနဲ့ မောင်ဂီ့ ရဲ့ ကျောင်းသားနားနေခန်းမှာ အမြဲထားတဲ့ ဂစ်တာကြီးကို အပြစ်မရှိအပြစ်ရှာပြီး သိမ်းပါတော့တယ်..။
မောင်ဂီ့မှာ မြှုပ်ကွက် တခု က ရှိထားပီးသား အဲ့ဒါကလည်း ကံကောင်းလို့ ရခဲ့တာ … မောင်ဂီ့ ဆူပါစလွန်းနဲ့
ဘော့တနီကွင်း လို့ နာမည်ကြီးတဲ့ ဆြာမပေါက်စလေးရဲ့ ဆူပါစလွန်းက ရှေ့ဆင့်နောက်ဆင့် ပါကင်ထိုးနေကြ …။
တခါသား ဆြာမလေး အလောသုံးဆယ်နဲ့ ကားမှား ယူသွားတယ်.. (86 nissan တွေက သော့တွေ မကောင်းကြပါ)
လှည်းတန်းလောက်ရောက်မှ သိပါသတဲ့ .. အရေးကလည်းကြီးနေ ပြန်လှည့်ဖို့လည်းခက်နေလေတော့ မောင်ဂီ့ဆီ
ဖုန်းဆက် အကျိုးအကြောင်းပြောပြီး ကားခနလဲသုံးတယ်ပဲ မှတ်ပေးပါလို့ ဆိုလာလေတော့တယ်..။
မောင်ဂီ့လည်း ဆြာမလေးကားနဲ့ ကျောင်းကိုပတ်ပီးမောင်းနေတာပေါ့..။ ဂလိုနဲ့ ဆြာမလေးနဲ့ ဘော်ဘော်ဖြစ် …။
သိတဲ့အတိုင်း ဝန်ထမ်းဆိုတာ အထက်လူကြီးအကြောင်း အတင်းတုတ်လေ့ရှိတဲ့အမျိုးမို့ ..ဌာနမှူး ဇီဇာကြောင်တဲ့အကြောင်း
ငယ်တုန်းက ဘိုကျောင်း တက်ခဲ့လို့ ဘိုနာမည်ရှိတဲ့အကြောင်း သိလာရပါတော့တယ်…။ ခင်မင်သူတွေက ဒေါ်ရိုစ့် လို့ ခေါ်ပါသတဲ့ ..
ဟိဟိ ..မောင်ဂီ့ ပဲဟာ တခြားလူမှတ်လို့ …ဂစ်တာကြီး သိမ်းသွားတဲ့အညှိုးနဲ့ ဘော်တနီ ဌာနရှေ့ ..
ဆေး-၁ ပထမနှစ် ဆိုတာ သထုံလမ်း က (လိပ်ခုံးမဟုတ်ပါ) တက္ကသိုလ် ပုံနှိပ်တိုက် အနီး တထပ် အနီရောင် အဆောက်ဦ
ဖြစ်ပါတယ်ခည ဘော်တနီ ဌာန က လမ်းနဲ့အနီးဆုံး လမ်းပေါ်ဂီတာတီး သီချင်းဆိုတာ ကျောင်းသားဖစ်စေ အပြင်လူဖစ်စေ
သိပ် လွန်တယ် ဆူညံတယ် မဟုတ်ရင် ဘာမှ လုပ်လို့မရစကောင်း ဘူး ခိခိ…
ဘော်ဘော်တွေခေါ် ရဲဆေးတွေတင်ပီး ရေကြောင်းက ဆေးဘဲတွေ လာလှူသွားတဲ့ တခြားဂစ်တာတလက်ဆွဲလို့ သီချင်းသွားဆိုပါတော့တယ် …
ဘာသီချင်းလဲ သိလား ..ဟီဟိ…
အို ဝို .. ရိုစီ … ဘော့တနီတွေမေးအုံးမလား ..အာဟာဟား …ရေးရဲ…
ကိုလေးရဲ့ အသုံးမကျတဲ့ နှင်းဆီပါခီညားးး
ဂလောက် ဂျွန်းသဒါလန် တာတေလန် လက်လန် အကုန်လန် အောင် သောင်းဂျန်းတဲ့ မောင်ဂီ့ က
ယင်းဂလိစာ နဲ့ သင်္ချာ ဌာနမှူးတွေနဲ့တော့ အလွမ်းသင့်ပါသတဲ့ … အကြောင်းက ဂလို…
သင်္ချာ ဌာနမှူးက မြိတ်သူဖစ်လေတော့ မောင်ဂီ့က အနှီ ဒေသ အနေကြာဖူးတော့ မောင်ဂီ့နဲ့ဆို
ဘိတ်လိုပြော ဘိတ်အကြောင်းပြော ဘိတ်စာ ချက်စား နဲ့ …ဇာတိပုည ဂုဏ်မာနပေါ့ဗျာ..
ယင်းဂလိစာ ဌာနမှူး ကတော့ သူ့ခေတ် သူ့အခါ က ရန်ကုန်တက္ကသီလာ ယင်းဂလိစာ ကွင်းပါတဲ့ …
ဘယ်လောက်ဆိုရှယ်ကျမလဲ စင်းစားသာကြည့်ပေတော့ … လစ်ဘရယ် အချင်းချင်း သတင်းလွေ့လွေ့ပေါ့ဗျာ..။
မောင်ဂီ့က ဝက်ဒင် သချင်း ပျာနို တေးသွားကို ဂိုက်တာ နဲ့ တီးပြတဲ့အခါ ဆြာမက အားယီးချီးကျူးတာ…
ကွိကွိ..
ဆြာမ မသိတာက ဝက်ဒင်ဆောင်းမှာမှ အတက်နဲ့ အဆင်း ၂ပုဒ်ရှိတာမှာ အတက်ပဲ တီးတတ်ပီး
အဆင်းကို ဘယ်လိုသင်သင်မတတ်လို့ …ဆန်းဒေးစကူးတွေကနေ ထွက်ပြေးနေတဲ့ ငတိဆိုတာ …
ထားပါတော့ ..ပထမနှစ် စာရင်းချုပ်တော့
သူရို့ အချိန်တွေဆို မောင်ဂီ့ မိန်းမလှကျွန်းရောက်နေတတ်လွန်းလို့ အဲ့ဘာသာတွေ ဆပ္ပလီ ထိပါရောလားဗျာ..
မောင်ဂီ့တို့ခေတ် မိန်းမလှကျွန်းဆိုတာ YUFL ကိုပြောတာခည ..။ သိတော်မူတဲ့အတိုင်း မြို့ထဲ ရှိတဲ့တက္ကသီလာ ဆိုလို့
ဆူနာပြု တက္ကသိုလ် … (ဒါဒွေကို မောင်ဂီ့တို့ စာမလိပ်ဘု) နဲ့ တိုက်ဂေါတွေ ပေါတဲ့ ဘီအီးဒီ ရယ် YUFL ရယ်ပဲ ရှိတာမလား
YUFL က အဲ့တုန်းက အဝတ်အစားမကန့်သတ်သေး ..စကီလေးဒွေ အပြိုင်အဆိုင်ဝတ်ရင်း ရေလည်လန်းတဲ့ ခေတ်ပေါ့ဗျာ..။
ဂလိုနဲ့ အမျိုးသားကောင်း မောင်ဂီ့လည်း သချင်္ာမတွက် ဘိလပ်စာမကျက်ဘဲ ..စိနစာတွေသာ သွားသွား သင်အံလေ့ကျက်နေခဲ့ ပါတော့တယ်..
ပထမနှစ်ကျောင်းသားဘဝက အဲ့လိုပါဆို..။
(ဖစ်ဇစ်ဌာနမှာ သီးခြား ဖော်ပြရန်လိုသဖြင့် အီစာစုတွင် ချန်ထားခဲ့ပါသည်)
13 comments
ဦး ကျောက်ခဲ
July 5, 2013 at 12:36 pm
ဟီး ဟီး အမျိုးတူရာလာစုတာပဲ….
ဦးကျောက်လည်း ငယ်ရွယ်စဉ် တက္ကသိုလ်ကျောင်းသား ဘဝမှာ မတရား အခွက်ပြောင်ခဲ့ဖူးတာပေါ့…
အီကို မိန်းမလှကျွန်းမှာ ဗရုပ်သွားကျတာ ဆရာလိုက်လို့ပြေးရ…
မော်ကွန်းထိန်းဖိတ်လို့ ခဏ ခဏ လက်မှတ်ထိုးရ… ပြန်တွေးရင် အလွမ်းသား….
Moe Z
July 5, 2013 at 12:40 pm
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသကိုး မနာဘူးလားဟမ်
လုံမလေးမွန်မွန်
July 5, 2013 at 12:54 pm
ဟီး..အဲ့ဂလိုလား..ပါးစပ်မစိနိုင်ဝူးအေ့… ဆက်ရေးပါဦး…
ရွှေတိုက်စိုး
July 5, 2013 at 1:14 pm
တာရာမင်းဂီ တာရာမင်းဂီ…
ရွှေဖိနပ်မှာ အစိမ်းရောင်းဖားပြုပ်နဲ. ကောင်ကလေး(သေချင်းစိမ်း) လုံးချင်းဝပ်ထု…
Shwe Ei
July 5, 2013 at 1:35 pm
အရှေ့အာရှမှအဂွမ်းဆုံးယောက်ပြားတျောက်အကျောင်းအား
စောင့်မျှော်အားပေးမီဖစ်ဂျောင်းးး
Ma Ei
July 5, 2013 at 1:48 pm
အိုက်စာတွေကို အသံထွက်ဖတ်ပြနိုင်မားဟင်…
nozomi
July 5, 2013 at 2:02 pm
ကိုဂီ သေချင်းစိမ်း စီးရီးလိုက် ရေးပါ အမှန်အကန်ကို အားပေးနေပါတယ်
ကိုကျောက် လက်ရာတွေလဲ မတွေ ့ ရတာကြာပြီ ကျောင်းတုန်းက စီးရီးလေးလုပ်ပါဦး
ကြည်ဆောင်း
July 5, 2013 at 3:33 pm
ဒီအတိုင်းဆို အေ့ရှအာရှမှာ အလွမ်းတတ်ဆုံး ဆိုတာမဖြစ်နိုင်လောက်ဘူး
အေ့ရှအာရှမှာ မျက်ခွက်အပြောင်ဆုံးလူသား ဖြစ်နေလောက်ပြီ ့
Mr. MarGa
July 5, 2013 at 6:34 pm
အဲဒီကပဲ မျိုးစေ့ ချ ပေးလိုက်သလား
ဒါမှမဟုတ် မျိုးစေ့မှန်ပြီး အပင်သန်သွားသလား တော့မသိ
အခုတော့ တကယ်ကို မျက်ခွက် အပြောင်ဆုံး လူသားပါပဲ
ဟီဟိ ပြေးပြီ
•*¨နန်းတော်ရာသူ •*¨
July 5, 2013 at 8:29 pm
ဖလားဖလား…ပါးစပ်ထဲယင်ကောင်ဝင်ဥသွားသလားမှတ်ရတယ်
ဇူးဌာနမှူးချင်းတူချက်….ဇူးတွေက ဂလိုချိပဲလားဂီ့
ဦးကြောင်ကြီး
July 6, 2013 at 10:18 am
ငါဆေးကျောင်း တက်တုန်းကဆိုကွာ… ပြောတော့ဝူး….
Crystalline
July 6, 2013 at 5:17 pm
လက်တွေရေဝဲစားလို ့တော်တော်ကုလိုက်ရတယ်မဟုတ်လားဦးကြောင်
Ma Ma
July 6, 2013 at 2:36 pm
ကြက်အူလှည့်သာ သေချင်းစိမ်းကို စောစောက ရေးခဲ့ရင် …
မစန္ဒာရဲ့ ဂျီဟောသူ ငိုချင်းချရလိမ့်မယ်။ 😆