“အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည”
“အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည”
ဆန်းစကွေးကွေး
လရောင်လေးရဲ့
အလင်းစက်များက
မူန်ပြပြ ရီဝေဝေ
သစ်ရွက်ကြိုသစ်ရွက်ကြားတွေမှာ
ဝိုးတို့ဝါးတားဖြာကျ
ကဗျာဆန်စွာလှပ
လွမ်းဘို့ကောင်းတဲ့ညလေးတစ်ညပါဘဲ။
အိပ်လို့မရပါဘူးဆိုမှ
ရာသီဥတုကလဲပူမှပူ။
မကြားချင်ပါဘူးဆိုမှ
ဘယ်ကလာမှန်းမသိတဲ့ အသံတွေကလဲ
ဆူလိုဆူ။
အစိုးမရတဲ့စိတ်တွေကလဲ
ဟိုရောက်ဒီရောက်
ကိုယ့်အနားကပျောက်သွားတဲ့
ချစ်ခဲ့ဘူးသူကို သတိရလို့ရ။
အထီးကျန်ည
တစ်ကိုယ်တည်းည
အဖော်မရှိတဲ့ ည
သန်းခေါင်ယံည အိပ်မရတဲ့အတူတူ
ဟိုနားဖွ ဒီနားအဖွမှာ
ဖွင့်မကြည့်တာ အကြာကြီးကြာနေတဲ့
ဒိုင်ယာရီစာအုပ်အဟောင်းကြားမှာ
“သတိရရင်ကြည့်ပါကြည့်မိရင်သတိရပါ”လို့
သေးသေးသော့သော့လက်ရေးလေးအောက်က
ပြုံးနေတဲ့မိန်းမလှလေးရဲ့
ဆေးရောင်ပျယ်စ ဓါတ်ပုံလေးကတစ်ပုံကို
တစ်ဝက်တစ်ပျက်သာကျန်နေရှာတဲ့
စွယ်တော်ရွက်လေးတစ်ရွက်နဲ့
ယှဉ်တွဲလျက်
မြင်လိုက်ရတဲ့ ခဏ
ထိန်းမနိုင်တဲ့စိတ်တွေက
ဟိုးအဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အတိတ်ဆီကို
ရိပ်ကနဲပြန်ပြေးအသွားမှာ
အိပ်မောကျသွားသလိုငြိမ်သက်
ချစ်ခဲ့ဘူးတဲ့ရက်များကို ပြန်သတိရ
ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။
ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။
ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။
ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ
6-7-2013
မိတို်က်=ရွာထဲက အူတူတူ မန်းလေးသား ငနဲနှင့် ဘာမှ မဆိုင်ပါ။
12 comments
အလင်း ဆက်
July 7, 2013 at 5:52 pm
မိတိုက်ဆိုတာကို လေးပေါက် ရှင်းချက် ထုတ်ထားလို ့သာ ။
အစ မှာကတည်းက ချစ်သုတိုက် များလားလို ့ထင်နေမိတာ
😆
အင်းးးး
အတိတ်ဆိုတာလည်း
ကျွန်တော်တို ့ မကြာခဏပြန် လှန် ဖတ်ချင်နေတဲ့
ကိုယ့်သမိုင်းစာမျက်နှာ ပဲဆိုတော့
အတိတ်ဆီက အလွမ်းတွေက
ကိုယ့်ကို မကြာခဏ ပြန် နာကျင်စေပြန်တယ်
အော် အတိတ် အတိတ်
အတိတ်ဆိုတာ
အရိပ်လို မလိုက်ပဲ
တဆိတ် ကျန်ခဲ့ဖို့ကောင်းတယ်ကွယ်
အဟိ
ဘာတွေ ပြောမိပါလိမ့်
•*¨နန်းတော်ရာသူ •*¨
July 7, 2013 at 7:21 pm
ဦးပေါက်လွမ်းသလားပုံကို ထပ်တူခံဇားအားပေးခဲ့ပါသည်။
ko pauk mandalay
July 7, 2013 at 10:34 pm
တော်သေးတာပေါ့ ကိုကိုကြိမ်ရယ်
မတော်လို့မေးခိုင်ပိုးများဝင်သွားခဲ့ရင်
အခုလိုတောင်ပြန်ပြောနို်င်တော့မှာမ ဟုတ်ဘူးနော်
kotun winlatt
July 7, 2013 at 8:04 pm
ဝိုးးးးးးးးးးးးးးးးးးးးးလေးးးးးးးးးးးးးးးးးးးးးးးးးးပေါက် ် ် ် ် ် ် ် ်
ဂလိုလည်းးးးးဖြစ်တာပါပဲလားးးးးးးးးးးးး
ဂွတ်၏။။။။။။။။။။။။။။။။။။။။။။။။။။
ဦး ကြိမ်
July 7, 2013 at 9:58 pm
သံဆူးကြိုး ကာထားတဲ့ ခြံစည်းရိုးတဖက်က
ရည်းစားရဲ ့ပါးလေးကိုနမ်းရင်း
ရင်ဘတ်မှာ ခြစ်မိတဲ့ဒဏ်ရာကို ပျောက်သွားမှာစိုးလို့ဆေးတောင်မထည့်ခဲ့ဘူး……
ပထမဦးဆုံးအနမ်း မို့အမှတ်တရ ရှိခဲ့သလို
နောက်ဆုံးအနမ်း အဖြစ်လည်းဘဝမှာလွမ်းရပြန်ပါတယ်……..။
….အတိတ်ကို ရိပ်ကနဲ
တွေးမိ လိုက်တဲ့ အကွက်လေးတခုပါ…..တူးဆွပေးတဲ့ကိုပေါက်ကို
ကျေးဇူးတင်ပါတယ်..။
မဟာရာဇာ အံစာတုံး
July 8, 2013 at 12:37 am
တော်ဒေးဒယ် ….
အောက်က မှတ်ချက် စာသား ပါလာလို့ ….။
နို့မဟုတ်ရင်ဒေ့ါလား …
နာ့ ဒက်ဒက်တိုက်တော့ …
အထင်မှားစရာဒွေ ဖစ်ဒေါ့မှာ … ခွိခွိ ….။
ဖေပေါက်ဂျီးက …
ခုထိ လွမ်းနေဒုန်းလားဂျ ….
KZ
July 8, 2013 at 9:37 am
ပြန်မရနိုင်တဲ့ အတိတ် ဆိုတာ ကို
အလည်သွားရုံက လွဲပြီးးးးးးးးးးး
ဦးကြောင်ကြီး
July 8, 2013 at 9:47 am
အလည်ပြန်ည
ငယ်မာန်ထ
ရယ်သံကြွ
ဆည်ကံလှ
ကြွယ်လျှံပွ
ရှယ်ညဏ်ဖွ
ခြယ်ဟန်သ
မယ်ပျံက..
Mr. MarGa
July 8, 2013 at 6:49 pm
အတိတ်ကို အလည်ပြန်
အမှန်အကန် အလွမ်းဝေရပေမင့်
တန်ပြန်ကာ ပြန်လည်ကြည့်မိတော့
ကဗျာဆန်တာတွေ ဘယ်ကိုပျောက်သွားပါလိမ့်
အလို ကျုပ်ဘေးမှာ ချစ်ဇနီးရှိနေသကိုး………
မောင် ပေ
July 8, 2013 at 8:41 pm
မိတိုက် ဘယ်သူလဲ ဆိုတဲ့ ကိစ္စကိုတော့
ရွာထဲကလူတွေ ကော်မရှင်ဖွဲ ့ပြီး စုံစမ်းသင့်တာကလား
uncle gyi
July 8, 2013 at 11:27 pm
ဘယ်မြို့သူလဲဆိုတာငါသိတယ်နော်
တို့တောင်ပေါ်ကိုဖိတ်ခေါ်ပါတယ်
ကြုံရင်အလယ်တော့လာကောင်းပါတယ်
ko pauk mandalay
July 12, 2013 at 9:38 am
အီးကယ်ဂျန်ကို သတိရလို့တဲ့ တစ်ယောက်ကပြောသွားတယ် လွှတ်ပေးလိုက်ရမလား