Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချစ်တတ်မှ ဖြစ်မယ်…

etoneJuly 30, 20101min2162
လူတိုင်းလူတိုင်း အချစ်နဲ့ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်းအကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့ အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။ (၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ ယောက်ျား အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ် ဆိုတာကတော့ မိဘနဲ့ သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့ နှမ စသည်တို့ မိသားစု အချင်းအချင်း ချစ်ကြတဲ့ အချစ်ပါ။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။ ပါဋ္ဌိလိုဆိုရင်တော့ တဏှာပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာပေမရယ်ပါ။

အခု ကျနော်ပြောမယ့် ချစ်တတ်မှ ဖြစ်မယ် ဆိုတာကတော့ ပါရမီအချစ်နဲ့ ချစ်မှ ဖြစ်မယ်ဆိုတာကို ဆိုလိုရင်း ဖြစ်ပါတယ်။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါး အကျိုးကိုပဲ ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို တကယ့် ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် သူ့ကို ကြီးပွားစေချင်တယ်၊ တိုုးတက်စေချင်တယ်၊ အောင်မြင် စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။ သူ့ဆီကတော့ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါကတော့ ပါရမီအချစ်ရဲ့ သဘောတွေပါ။ ဘယ်လောက် အေးချမ်းလိုက်တဲ့ ပါရမီ အချစ်ပါလည်းနော်..။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ်ကိုပါရမီ အချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်မူဟာ အစဉ် ခိုင်မြဲနေမှာ မလွဲပါဘူး။ နောက် တစ်ဆင့်ထက် တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူး ပြုနေတော့မှာပါ။ တစ်စုံတစ်ယောက်ကို ကိုယ်က တကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်ပံ့တွေ အခါအားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါ့မယ်။

ဒီလိုပါပဲ..။ သတ္တဝါတွေ အားလုံး အပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု အချင်းချင်း မှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေနဲ့ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူအချင်းချင်း တဏှာရာဂကို အခြေခံပြီး ချစ်တယ် ဆိုပေမယ့်လည်း သူကုသိုလ်ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးမယ်၊ ကိုယ်ကုသိုလ်ဖြစ်ဖို့ သူက ဖန်တီးပေးမယ် ဆိုရင် ချစ်သူနှစ်ယောက် အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိမ်မက်ထဲမှာတောင် ရှာတွေ့ ရတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အိမ်ထောင်ကျပြီးတယ် ဆိုရင်လည်း ပါရမီ အချစ်လေးနဲ့သာ ဆက်ပြီး ချစ်သွားမယ်ဆိုရင် နိဗ္ဗာန်ထိတောင် အတူတူတက်လှမ်း နိုင်မှာ မလွဲပါဘူး။ ကိုယ့်ရဲ့ မိသားစု ဘဝလေးဟာလည်း ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကဘဲ တရားထူး တရားမြတ်ရဖို့ အတွက်လည်း အထောက်အပံ့တွေ ဖြစ်တော့မှာပါ။

တချို့ မိသားစုအတွင်းမှာ အဆင်မပြေ ဖြစ်ကြတယ် ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာရှိနေရင် တစ်ဖက်က မသိလို့မှားတဲ့ အမူအရာကိုပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ဘဲ “ဪ.. သူမသိလို့ဘဲလေ” ဆိုပြီး ခွင့်လွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက်သားကိုလည်း တရားနဲ့ ပြန်ဖေးမ ပေးတတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်း ရပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းလို်က်ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။

တချို့ မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဖက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်ပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။ ဘဝမှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေ့ရဲ့ သဘောက ကိုယ့်ရဲ့အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ချစ်သူ၊ ဒါမှမဟုတ် မိတ်ကောင်းဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကိုမြင်ပြီး ပြုပြင်ပေးတဲ့အခါ ပြုပြင်ပေးတဲ့အတိုင်း လက်ခံကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပေက္ခာပြုသွားအောင် ပြုပြင်ဖေးမမှုကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။ ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။

ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အချစ်နဲ့မှ မကင်းနိုင်သေးတာ။ အချစ်နဲ့ကင်းပြီး လောကုတ္တရာဘက်ကို ကူးပြောင်း သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကိုယ်က မကူးနိုင်သေးဘူး.. လောကီထဲမှာပဲ သားရေး သမီးရေးတွေနဲ့ စီးပွားရှာရင်း.. လောကီ လောကုတ္တရာ နှစ်ခု မျှတအောင် လုပ်ချင်တယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ဟာ အဓိက ကျပါတယ်။ ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါဆို ပါရမီအချစ် ဆိုတာလည်း မြင့်မြတ်သူတို့ရဲ့ အချစ်ပေါ့။ တော်ရုံစိတ်မျိုးနဲ့ ပါရမီအချစ် ချစ်တတ်ဖို့ မလွယ်ကူပါဘူး..။ ချစ်တတ်ဖို့ အတွက်တော့ အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါ့ကြောင့် စာဖတ်သူလည်း ပါရမီအချစ်နဲ့ မချစ်သေးဘူးဆိုရင် ချစ်တတ်အောင် ကြိုးစားပါ…။ ချစ်တတ်အောင် ကြိုးစားရင်း.. မြင့်မြတ်သော ပါရမီအချစ်နဲ့အတူ.. မြင့်မြတ်သော အရိယာအဖြစ်သို့ ဆိုက်ရောက်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏ ပါရမီအချစ် စာအုပ်ကို မှီးညမ်းကိုးကား၍ ရေးသားထားပါသည်။

စာရေးသူ။ မောင်ကောင်း
to visit: http://www.dhammamittar.com/2009/05/blog-post_15.html

2 comments

  • kopauk mandalay

    July 30, 2010 at 3:12 pm

    အချစ်ကြောင့်ဖြစ်လာတဲ့လူ
    အချစ်နဲ့စတဲ့ဘဝ
    အချစ်ကိုသရုပ်ခွဲကြည့်ပေမယ့်နောက်ဆုံးအဖြေကတော့
    ချစ်တာတစ်ခုထဲသိတယ်တဲ့

  • DD lay

    August 15, 2010 at 1:25 pm

    အချစ်အကြောင်းကို အခု လို ဖော်ပြပေးတာ ကျေးဇူး အများကြီးတင်ပါတယ်။

Leave a Reply