Facebook ပေါ်မှ တရားရစရာများ
ရလေ လိုလေ အိုတစေ ဆိုတာဟုတ်ပါ့
Facebook မှာ ကြည့်လိုက်ရင် အလကားပေးမည် ဆိုတဲ့ဆိုဒ်ဆိုရင်
လိုတာတွေ ပေးတာလည်းရှိသလို
ရသမျှတောင်းခံနေတာလည်းတွေ့ပါ့
စိတ်ပျက်စရာကောင်းတယ်
ဖုန်းတလုံးလောက်ပေးပါတောင်တဲ့သူနဲ့
ကွန်ပြူတာတောင် ဘာမှ ညာမှနဲ့ တောင်းတဲ့သူနဲ့
အစကတည်းက ဒီလူ ဒီအမျိုးတွေက ရလေလိုလေ ဆိုတာသိထားကြတော့
ရရင်ကော ပေးရင်ကော သူတို့အတွက်မသုံးဘဲ ရောင်းစားမှာလား
တခို့ကလည်း တကယ်လိုလို့
တချို့ကျတော့လဲ မရရင် အရင်း ရရင်အမြတ် ဆိုတာမျိုး
ဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူး
တချို့ကလဲ အလကား အကြောင်းပြပြီး စီးပွါးရေးလုပ်ကြ
ပေးကြည့်ကြည့် တယောက်ယောက်ကို
တောင်လာကြပါလိမ့်မယ် တယောက်ပြီးတယောက်
နောက် ဖုန်းအရောင်းအဝယ်ဆိုဒ် ဆိုရင်
သူများ 1500 ဖုန်းကို ပြန်ရောင်းကြပါတယ်
1သိန်းအောက်မလျော့
ဒီလောက်များပြားနေတာ
လိုတဲ့နေရာတွေ ပေးကြပါလား
1500 ကို သိန်းကျော်ပြန်ရောင်းတာတော့လွန်တယ်
တချို့ဆို 7ကဒ် 8ကဒ်
ဒီလူတွေက တယောက်ချင်းစီ မဲနှိပ်ကြတဲ့ သူတွေလား
အစိုးရက လူတိုင်းသုံးနိုင်အောင် လုပ်ပေးပါတယ်
ဒီလိုလူစားတွေကလည်းရှိသေး
မသကာရှိ 5သောင်း 6သောင်းပေါ့
သိန်းကျော်ပြန်ရောင်းတာတော့လွန်ပါပေ့
ဪ …လူတွေ….လူတွေ
မဲရုံမှာ မဲနိုက်လိုက်တိုင်း
ရက်ကွက်လူကြီး အမျိုးကလွဲပြီး မရတာကများနေ
ကတုံးပေါ်ထိပ်ကွက်ကြတာတွေပြောပါတယ်
အလကားနေရင်း ရန်ဖြစ်နေကြတာရှိသေးတယ်
Myanmar Mobile User
Android နဲ့ iphone
ဟိုတလောက iphone သုံးရင်း မျက်နှာမှာ အလဂျစ်တွေ ထွက်လာတယ်ပြောတော့
iphone သမားတွေက ထဆူ
နောက် s4 က ပေါက်ကွဲတယ်လဲဆိုရော
Android သမားတွေ ထပေါက်ကွဲ
တယောက်နဲ့တယောက်
ကိုယ်ကြိုက်ရာ ကိုယ်ပေါ့
ဘာတုန်း ရန်ဖြစ်နေကြတာ
ရန်ဖြစ်တာထက် တချို့ က ရန်စတာ
ဘာမဟုတ်တာလေးနဲ့ ဒေါသဖြစ်နေကြတာ
မီမီမိုးစက် ကောင်မလေးကလည်းတမျိုး
နေပိုင်ဆိုဒ်ထဲက ကဗျာတွေခိုး
သူရေးသလိုတင်
ပြောတော့ သူ့ဆီရောက်မှ Like များတာလေးဘာလေး ပြန်ဟစ်
အကြော်ရောင်းပြီး ဆင်းရဲတယ်လဲဆိုသေး
iphone တွေ ipad တွေကိုင်
သိတဲ့သူတွေက ဝင်ဆဲ
မသိတဲ့သူတွေက မေတ္တာပွါး
ပြောရင်း တယောက်နဲ့ တယောက် ဆဲကြဆိုကြ
ဟိုတယောက်ကလည်းမမှတ်
အမြင်ကပ်လောက်အောင်ရေးပြီး ပုံတွေတင်
ဆဲကြ ဆိုကြ ထောပနာပြုကြ
ခွန်ဒီယမ်း ရဲ့ မေမေ
တနေ့တမျိုးမရိုးရအောင်
နေ့စဉ် မနက်တိုင်းလာသမျှ တွှေုသမျွ
ဪ …ဒါတွေကလည်း
ကြည့်ရင်းကြည့်ရင်း တရားရစရာပါလား
8 comments
•*¨နန်းတော်ရာသူ •*¨
July 12, 2013 at 2:08 pm
နေ့စဉ်ရှုပါဘာဝနာ
ဖွဘုတ်ကြီးအတွင်းမှာ
😀
Yin Nyine Nway
July 12, 2013 at 2:29 pm
ဟုတ်ပါ့ …. facebook ကမ္ပဌာန်း တို့ဘာတို့ပါ်လာတော့မယ်
မင်းမင်း
July 12, 2013 at 3:51 pm
ဖေ့ဘုတ်ဆိုဒါကြီးကို သုံးတတ်ရင်
အများကြီးအကျိုးရှိပါတယ်။မသုံးတတ်
ရင်တော့……………………။
ကျနော်လည်းဖေ့ဘုတ်သုံးပါတယ်။
အစကနဦးတုန်ကတော့ ဟိုယောင်ယောင်
ဒီယောင်ယောင်နဲ့။
တင်တဲ့ STADUS ကိုဖတ်ကြည့် ဟာ မိုက်တယ်
ကောင်းတယ် LIKE တယ်ကွာ။
အောက်က COMMENT မှာ ပြန်ဆော်တဲ့
စာကိုဖတ်မိပြန်တော့ ဟာဒီလိုတော့လဲဟုတ်တာ
ပဲ။အဲဒီ COMMENT ကို LIKE တယ်ကွာ။
ဒါနဲ့ပဲကျေရော။
မဟာရာဇာ အံစာတုံး
July 12, 2013 at 3:56 pm
အမလေး ..
ပြောသွားလိုက်တာများ
ဘုဘုဘောက်ဘောက်နဲ့ …
၁၅၀ဝ ဖုန်းကတ် ရောင်းဒါဒေါ့ ဟုတ်ဒယ် …
ရောင်းမှာ ၁ဝ ကတ် ဝန်းကျင် ..
ဈေး မေးကျိဒေါ့ .. တစ်ကတ် ၇၅၀၀ဝ တဲ့ …
စဉ်းစားကျိဂျဘေဒေါ့ အရပ်ကတို့ ….။
ဦးကြောင်ကြီး
July 13, 2013 at 10:19 am
တရားရ
အသားကျ
ဖလားပြ
ငနွားမ..
လုံမလေးမွန်မွန်
July 13, 2013 at 11:49 am
တကယ်..တကယ်..ဖွဘုတ် ဆိုတဲ့အတိုင်း တကယ်ကိုဖွ… ဘာတွေမှန်းလည်းမသိ..ကြည့်ရင် အကုသိုလ်ကများနေတယ်…
အာ့ကြောင့်..ဖွဘုတ်မှာ သူငယ်ချင်းတွေ စကားပြောတာကလွဲလို့..( အဲ့.. ဒါ့ပုံလေးလည်း နည်းနည်းတင်တာပေါ့နော်..) သိပ်မသုံးချင်တော့ဝူး.. ရွာရိုးကိုးပေါက် လျှောက်သွားရတာမှ မိုက်သေးတယ်.. တစ်ခါမန့် (၁၂) ကျပ်..ခိခိ…
အလင်း ဆက်
July 13, 2013 at 12:14 pm
၁၅၀ဝတန် ဆင်းကဒ် ကိစ္စ ကိုတော့
ကျုပ်က
သူတို ့အပေါင်းအပါတွေ လုပ်စားခွင့် တမင်ပေးထားသလိုပဲ မြင်တယ်ဗျာ
ဘယ်နှယ်
ဒလောက် မှောင်ခိုဈေးကွက် ဖြစ်နေတာကို
သိနေတာတောင်
ဖြေရှင်း မပေးဘူးဆိုတာ
ပြီးတော့
ဟို အာရုံပြောင်းချင်လည်း ထိရောက်တဲ့နည်းနဲ ့ပြောင်းပေါ့
အခုဟာက
ပြောတော့ပါဝူး
TNA
July 15, 2013 at 11:58 am
ဖေ့ဘွတ်သုံးရတာအခုတလောနဲနဲတော်သေး။ ဟိုတလောကဆိုဆဲကြဆိုကြနဲ့။ အားလုံးဘလော့လိုက်မှ ဒေါသငြိမ်းတော့တယ်။ တရားတော့မရနိုင်ဘူး။ ငရဲတော့ကျမှာသေချာတယ်။ ဖတ်ဖတ်ပီး အကုသိုလ်များများလာလို့။