နာဂစ်မသတ်ခင် ကြိုးစင်အကြိမ်ကြိမ်တက်ထားတ ဲ့ပြည်
မြန်မာပြည်ဟာလူသားတစ်ဦး ဆိုပါစို့
သူ့မျာ သွေးထွက်သံယို ဒဏ်ရာတွေများ
ခဲ့တယ်။
အနော်ရထာ ကအစ
သီပေါအထိ မြေရှင်ပဒေသရာဇ် နွံထဲ
သက္ကရာဇ်များစွာတိုင်…
ဘုံဘေ ဘားမားက စတယ်ပြောပြော
ကျွန်သက်တမ်းက နှစ် ၁၀၀
ရွှေအတု
ကိုပေးတဲ့ ဂျပန်ကြီးရဲ့
ခြေတော်တင်ခံရတာက ၅ နှစ်။
ကိုအောင်ဆန်းရဲ့
ဈာပန အပြီး
တို့လူမျိုးလို ပိုးတွေ
ကိုယ့်အသားကိုယ်စားခဲ့ကြ
ပြည်တွင်းစစ်
ဆိုရှယ်လစ်လမ်းစဉ်ပါတီ
တော်လှန်ရေးကောင်စီ
အခု…လူသတ် နအဖ ကောင်စီ
ဦးသန့်၊ ဩဂုတ် ၈ ၊
စက်တင်ဘာ ၁၉ ၊
စသဖြင့် ခေါင်းစဉ်တွေအောက်
သွေးစွန်းကွက်များနဲ့
မြန်မာပြည်
နာဂစ်ဆိုတဲ့ မြွေပါးပြင်းထောင်လို့
မွေပြန်ရော့
မြန်မာဆိုတဲ့
လူလည်း
အောက်ပိုင်းသေပြန်ရော..။
မြန်မာ့မြေပုံလို့
မြန်မာပြည်ဟာ
လူတစ်ယောက်ဆိုပါစို့
ခြေလက် ခေါင်း ခါး ဘာမှမကျန်အောင်
အနာတရများခဲ့တာက
အကြိမ်ကြိမ်
ဆိုပေမဲ့… ကိုယ်ခံအားနည်းနေပြီဖြစ်တဲ့
စိတ်ရောဂါ အမြစ်တွေကို
ဘယ်သူကရေးလောင်းပေးမတဲ့လဲ။
သေချာတာက နာဂစ်မလာခင်တဲ့က
မြန်မာပြည်ဟာ
နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်းဒဏ်တွေကို ခံခဲ့
ဖူးသူတွေပါ။
ခေတ်အဆက်ဆက် ပေါ့..။
မှတ်ချက်။ ။ ဦးသိန်းစိန် အစိုးရမတိုင်ခင် နအဖ ခေတ်ကရေးထားသောကဗျာဟောင်းတစ်ပုဒ်ပါ။
6 comments
အလင်း ဆက်
July 15, 2013 at 6:03 pm
ဒါပေါ့ဗျာာာ
ကျွန်တော်တို ့ဘိုးဘွားလက်ထပ်ကတည်းက
အကြိမ်ကြိမ် အသတ်ခံနေရတယ်
တော်တော် ဒဏ်ခံနိုင်တဲ့မြန်မာပြည်
ကံစီမံရာပေါ့ ဆိုတဲ့
ခပ်ညံ့ညံ့ အတွေးအခေါ်ကို စွန့်ပစ်ထားသင့်ပါပြီ မြန်မာပြည်
အာဂ
July 15, 2013 at 6:21 pm
ကျေးဇူးပဲညီ…..မြန်မာပြည်အရေးက ရင်လေးစရာတွေချည်းပဲ…။
uncle gyi
July 15, 2013 at 11:28 pm
အာဂါအာဂါး
မောင်ပဲပျောက်တာလား
ကိုယ်ပဲရွာမရောက်တာလား
တိုက်တိုက်ဆိုင်ဒီနေ့စကိုင်းနက်ကယိုးဒယားရုပ်ရှင်တကားလာတယ်
နာဂစ်တိုက်တဲ့အကြောင်း
ရိုက်ပြသွားတာသူတို့အစိုးရကဘယ်လိုလူတွေကိုအသိပေးတယ်
ဘယ်လိုဘာညာ
ကိုယ်တွေနဲ့တော့နဲနဲပဲကွာတာပါနော်
Garfield
July 16, 2013 at 11:32 am
ဟုတ်ပါတယ် အန်ကယ်ကြီးးး
သူများ အစိုးရနဲ့ ကိုယ်တွေ အစိုးရ နာဂစ်မဝင်ခင်က တစ်ခုပဲ ကွာပါတယ်။
ကြို အသိပေးတာနဲ့ မပေးတာ။
နာဂစ်ဝင်ပြီးနောက်လည်း တစ်ခုပဲကွာပါတယ်။
ထောက်ပံ့ကယ်ဆယ်ရေး လုပ်တာနဲ့ မလုပ်တာ။
ဂစ်ဂစ်ဂစ်။
kyeemite
July 16, 2013 at 11:48 am
ဒဏ်ရာတွေဘရပွနဲ့
ချိုင်းထောက်ကြီးထောက်လို့
ခေါင်းမှာလဲပတ်တီးကြီးနဲ့
မြန်မာပြည်မြေပုံကြီးကိုမြင်နေမိတယ်..ကိုရင်ဂရေ..
kai
July 16, 2013 at 1:24 pm
နှစ်တထောင်ကျိန်စာ…
လွတ်ချင်ရင် လူတိုင်းလုပ်လို့ရတာ.. တခုပဲရှိတယ်…။
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…