မန်းလေးဂေဇက် အလှူခရီးစဉ်..(၁၁)
**************************************************************************************************************
၈.၇.၂၀၁၃ တနင်္လာနေ့မှာတော့ သွားလှူဖြစ်တယ်ပြောရမလားးး လှူဖြစ်တယ်ပြောရမလားးးး မသွားရဘူးလားဆိုတော့လည်း သွားရတယ်…
အဝေးကြီးတော့ မဟုတ်ဘူးပေါ့…။ ဒီတစ်ခါလှူဖြစ်တဲ့ ရွာကတော့ ကျနော့်ရွာက ကျောင်းကလေးပါ..။ ကျနော့်ရွာလေးဟာ မော်လူးနဲ့
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသာ ခြားထားတဲ့ ရွာလေးဖြစ်ပါတယ်..။ ရွာဆိုတာထက် ရပ်ကွက်လို့ပြောရမလားးး ဟိုးးအရင်က
ကျနော်မမွေးခင်အချိန်က မဲရုံ(၈/၉) ဆိုပြီးခေါ်ခဲ့ပါသတဲ့…။ နောက်ပိုင်းတော့ ရပ်ကွက်(၈/၉)ပေါ့…။ မော်လူးကို မြို့ အဆင့်တိုးမြင့်ပေးဖို့ရာ
ကြိုးစားကြတော့ ကျနော်နေတဲ့ ရွာလေးဟာ မြို့နယ်နမိတ်ထဲ မပါတော့ဘူးဆိုလားပဲ..။ မော်လူးကို မန္တလေး-မြစ်ကြီးနား
မီးရထားလမ်းနဲ့ မော်တော်ကားလမ်းက တောင်မြောက် အပြိုင်ဖြတ်သန်းသွားတာလေ… မီးရထားလမ်းရဲ့ အရှေ့ဘက် မော်လူး
အနောက်ဘက်ကတော့ ကျနော်နေတဲ့ အုန်းဒုတ်ရွာပါ.. ရွာလေးရဲ့ ရာဇဝင်မှတ်တမ်း သမိုင်းကြောင်း ဘယ်လိုစခဲ့မှန်း ကျနော်မသိ..ဟဲ..
ဒီရွာလေးမှာ အိမ်ခြေ နှစ်ရာကျော်ရှိမယ်ခင်ဗျ…။ အရင်ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးပါ.. နောက်မှ ရပ်မိရပ်ဖတွေက
မူလတန်းအဆင့်ကျောင်းလေးဖြစ်အောင် အရပ်စပါးတွေစုကြ..။ အရပ်စပါးစုတယ်ဆိုတာတော့ ရွာထဲမှာနေတဲ့ အိမ်ထောင်တစ်ခုကို တစ်နှစ်ကို
တစ်တင်းထည့်ကြပေါ့… အိမ်ခြေနှစ်ရာဆိုတော့ စပါးတင်းနှစ်ရာ ရရော..။ ဒီတော့ ရွာထဲက စပါးကို ခွဲတိုးယူချင်တဲ့လူတွေကို ပြန်ပေး ..
စပါးပေါ်ချိန်ရောက်တော့ ပြန်ဆပ်ကြပေါ့။ တစ်နှစ်ပြီးတစ်နှစ်စပါးတွေများလာတဲ့ အခါ တစ်ချို့တစ်ဝက်ကိုရောင်းချ..။ တစ်ချို့တစ်ဝက်ကို
အတိုးပြန်ချ…. စပါးရောင်းရငွေတွေကို ကျောင်းဆောက်ဖို့ရာ လိုအပ်မဲ့ ပစ္စည်းတွေဝယ်စုထားး ဒီလို..ဒီလို….နဲ့
မူလတန်းကျောင်းလေးကို ဖြစ်မြောက်အောင်မြင်လာအောင် ကြိုးစားခဲ့ကြရတာ….။ ကျောင်းလေးအတွက် မြေတွေဝယ်
စာသင်ဆောင်တွေဆောက်ပေါ့…ဒီလိုတွေလုပ်ပြီးသကာလ အစိုးရကျောင်းဖြစ်အောင် တော်တော်လှုပ်ရှားလိုက်ရတာ…. ကျနော်တို့ပြည်သူတွေရဲ့
ဘဝတွေများ ရင်နာစရာကောင်းလိုက်ပုံဗျာ… အစိုးရကျောင်းလေးတစ်ကျောင်းဖြစ်ဖို့ရာ ငွေအား လူအားတွေ စိုက်ထုတ်ပြီး ကြိုးစားလိုက်ရတာ
ပြီးတော့လည်း အစိုးရအသိအမှတ်ပြုကျောင်းလေးဖြစ်ဖို့ရာ ထပ်ကြိုးစားကြရပြန်ရော.. ထားကြပါစို့ဗျာ…။ ဒီကျောင်းလေး အစိုးရကျောင်းဖြစ်တာ
သုံးနှစ်လောက်ပဲရှိပါသေးတယ်… ကျနော်တို့ အဖွဲ့လေး စတင်ဖွဲ့စည်းခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ.. သုံးနှစ်အတွင်းမှာ ကျနော့်ရွာက
မူလတန်းကျောင်းလေးကို စာရေးကိရိယာ တစ်ကြိမ်ပဲ လှူရသေးတာ…. တကယ်က ကျနော်တို့ရွာလေးက ကျောင်းသား/သူလေးတွေဟာ
ကျနော်ရောက်ခဲ့တဲ့ ရွာလေးတွေက ကလေးတွေထက် အစစအရာရာ သာလွန်နေပါတယ်…။ ဟိုးးတောရွာဘက်က ကလေးတွေဟာ
တကယ်ကို နွမ်းပါးကြတာပါ.. မနက်ခင်း အဆာပြေ ထမင်းကြမ်းခဲကိုပဲ အာဟာရလုပ်စားနေကြရတာ…. နောက်ပြီး ပညာရေး၊ ကျန်းမာရေး
အစစအရာရာ နောက်ကျနေကြတာပါ..ဒါကြောင့် ကျနော်တခြားရွာတွေကို ဦးစားပေးလှူဒါန်းနေတာပါ.. ကျနော်တို့ အဖွဲ့လေးဟာ သုံးနှစ်အတွင်းမှာ
တခြားရွာက စာသင်ဆောင်လေးတွေ ဆရာ/မတွေ အတွက် ထောက်ပံ့ကြေးလေးတွေရအောင် ချိတ်ဆက်ပေးနိုင်လာတော့ ရွာက
လူတွေက ပြောလာကြတယ်… “ဒီကောင်က.. တခြားရွာက ကျောင်းတွေကိုသာ လုပ်ပေးနေတာပါ..ကိုယ့်ရွာကိုတော့ ဘာမှ
လုပ်မပေးဘူး….”တဲ့လေ….။ ဝေဖန်သံတွေ ညံစီလာတာပေါ့…။ ကျနော့်ကို ဝေဖန်လာသူတွေကို ကျနော် အပြုံးနဲ့ပဲ တုန့်ပြန်ခဲ့တာပါ…။ မိုးဆိုတာ
လိုတဲ့နေရာမှာ ရွာမှ အကျိုးရှိမှာပေါ့… မလိုတဲ့နေရာမှာ ရွာရင် အလကား ဖြစ်သွားတတ်တယ်လေ…။ ဒီလို အတွေးနဲ့
အမှန်တကယ်လိုအပ်တဲ့နေရာလေးတွေကိုပဲ သွားလှူခဲ့တာပါ..။ အားလုံးလည်း အလှူပုံတွေကို မြင်ကြရမှာပါ..စာသင်ဆောင်ဟာ စာသင်ဆောင်နဲ့
မတူတဲ့ ကျောင်းလေးတွေ အဖြူအစိမ်းဝတ်စုံပြည့်စုံအောင် မဝတ်နိုင်တဲ့ ကျောင်းသား/သူလေးတွေ လွယ်အိတ် အစုတ်လေးတွေနဲ့ ကလေးတွေ…
ဒါတွေကို မသိကြတာလားးး ဒါမှမဟုတ်…. ဘာကြောင့်လဲ..ဘာကြောင့်များ အပြစ်ပြောချင်ကြတာလဲပေါ့….။ ဒီလို ဝေဖန်သံလေးတွေက
များလာတော့ .. ကျနော့် ဖခင် ကိုယ်တိုင်က “ငါ့သား.. ဒီနှစ်တော့ ရွာကကျောင်းလေးကိုလည်း လှူပေးလိုက်ပါဦးကွာ”လို့ ပြောလာတော့ ကျနော်…
ဒီနှစ်မှာ ရွာက ကျောင်းလေးကို လှူဖို့ ဖြစ်လာရပါတယ်… ကျနော့်ရွာက ကျောင်းလေးက ကျောင်သား/သူဦးရေ တစ်ရာ့ငါးဆယ်ကျော်ရှိပါတယ်…
တခြားကျောင်းလေးတွေက အလွန်ဆုံးရှိလှ ရှစ်ဆယ်ဆိုတာ အာဏာကုန်ပါ..။ ဒီတော့ အလှူပစ္စည်းလေးတွေ ကလေးတစ်ယောက်ကို
စာအုပ်တစ်ဒါဇင် ခဲတံတစ်ဒါဇင် ပေးနိုင်တာပေါ့ … ဒီကျောင်းလေးကိုတော့ ကျောင်းသား/သူတစ်ယောက်ကို ဗလာစာအုပ် ခြောက်အုပ်၊ ခဲတံ
တစ်ဒါဇင်ပဲ ပေးနိုင်ပါတော့တယ်…။ မန်းလေးဂေဇက်ပေးပို့ထားတဲ့ စာအုပ်တွေကလည်း ဒါဇင်(၆၀)ကျော်ပဲ ကျန်တော့တာလေ..။ ကျနော်တို့ အဖွဲ့ရဲ့
ရံပုံငွေလေးတွေနဲ့ လိုမယ့် ပစ္စည်းလေးတွေဝယ်ပြီး လှူဒါန်းကြတာပါ..။ ကျနော့်ရွာကျောင်းလေးကိုဆိုတော့ အဖွဲ့ဝင်တွေ
နံနက်ကိုးနာရီထိုးပြီးမှ ရောက်လာကြပါတယ်… လိုအပ်တဲ့ ပစ္စည်လေးတွေဝယ်ပြီး စာသင်ကျောင်းလေးဆီထွက်လာကြပါတယ်…။
စာသင်ကျောင်းလေးကိုရောက်တော့ ဆရာမတွေက ကြိုဆိုနေပါတယ်..ကလေးတွေကတော့ တံခါးပေါက်နား ပြူစိ…ပြူစိ..လုပ်ပြီး
တစ်ယောက်နဲ့တစ်ယောက် တိုးတိုး..တိုးးတိုးးးပြောနေကြလေရဲ့….။ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးထံမှာ ပစ္စည်းတွေတင်ဖို့
စားပွဲလေးတစ်လုံး တောင်းပြီး လှူဒါန်းမဲ့ ပစ္စည်းတွေကို ပြင်ဆင်ကြတာပေါ့…။ ပြင်ဆင်ပြီးတော့ ဆရာမကြီးထံကို အလှူပစ္စည်းလေးတွေပေးအပ်..
ကလေးတွေကို စာအုပ်လေးတွေ ဝေငှ…. ကလေးတွေကတော့ ပြုံးလို့ ပျော်လို့.. ဒီကျောင်းလေးဟာ သွပ်မိုး အုတ်ညှပ် နှစ်ထပ်
အဆောက်အဦးဖြစ်ပါတယ်… မော်လူးနယ်မှာ.. ဒီကျောင်းလေးကိုမီတဲ့ မူလတန်းကျောင်း မရှိပါဘူး.. မူလတန်းကျောင်းလေးမှာ ကွန်ပျူတာနှစ်လုံး ၊
ပရင်တာတစ်လုံး၊ မိတ္တူ ပရင်တာာ တစ်လုံး၊ တီဗွီအပေါ်စက် အောက်စက်၊ ပန်ကာ.. အစုံရှိနေတာပါ..။ ဒီလိုပြည့်စုံနေတဲ့ ကျောင်းလေးမျိုး
ကျနော်ရောက်ခဲ့တဲ့ ရွာလေးတွေမှာ ရှိနေစေချင်လိုက်တာ… အင်းးးးး ဒီလိုအဆင့်စာသင်ကျောင်းလေးတွေဖြစ်လာခဲ့မယ်ဆိုရင်တောင်… မြန်မာနိုင်ငံ
ပညာရေးစနစ်ကလည်းး ပြောင်းလဲလာဦးမှ..ဖြစ်မယ်….။ အခု ပညာရေးစနစ်မျိုးနဲ့တော့ မဖြစ်သေးတာ အသေအချာပါ.. ထားးပါတော့..
ကလေးတွေကို စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စတာလေးတွေ ဝေငှပေးပြီး အလှူမှတ်တမ်းရေး .. ဆရာမတွေ၊ ကျောင်းသား/သူတွေနဲ့ ကျနော်တို့
အဖွဲ့အမှတ်တရ ဓာတ်ပုံတွေရိုက်ကြပေါ့..။ အားလုံးပြီးတော့.. အလှူရှင်တွေဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ကျောင်းအုပ်ဆရာမကြီးနဲ့ တကွ..
ဆရာမလေးတွေကို ရှင်းပြပြီး… အားလုံးကို နှုတ်ဆက်ပြီး ကျနော်တို့ အဖွဲ့..ပြန်လာကြပါတော့တယ်…။ ၂၀၁၃ – ၂၀၁၄ ပညာသင်နှစ်အတွက်
ကျနော်တို့ အဖွဲ့၏ စာရေးကိရိယာ အလှူခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ…။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှစ်ကျောင်း အပါအဝင်
မူလတန်းကျောင်း (၁၀)ကျောင်းတိတိကို လှူဒါန်းနိုင်ခဲ့ပါပြီ…။
ကျနော်တို့ အဖွဲ့လေး၏ အလှူခရီးလေး ဖြစ်မြောက်အောင်မြင်ရန်အတွက် အလှူငွေကောက်ခံပေးပါသော..
ကိုအမတ်မင်း ( ရန်ကုန်)၊ ကိုထူးဆန်း(ရန်ကုန်)၊ မအိကြည်ပြာစိုး(ရန်ကုန်)နှင့် အလှူငွေကောက်ခံပေးပြီး စာရေးကိရိယာများကို ဝယ်ယူကာ
မန်းလေးမှ မော်လူးသို့ ရောက်အောင် ဆောင်ရွက်ပေးသည့် လေးပေါက် (ကိုပေါက်-မန္တလေး)နှင့် ကိုပေ၊ မန်းလေး-မော်လူး မီးရထားတန်ဆာခကို
လှူဒါန်းပေးပါသော မန္တလေးမြို့မှ ဒေါ်မဲရင်၊ အလှူငွေများကို စိတ်အားထက်သန်စွာ လှူဒါန်းပေးကြသော မန်းလေးဂေဇက်
ရွာသူရွာသားများ(Mandalaygazette.com)နှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မန်းလေးဂေဇက်
အလှူခရီးစဉ်မှတ်တမ်းနှင့် အတူ… မေတ္တာပို့သ ကျေဇူးဆပ်ပါသည်။ အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ….။
K.T.W.L
8 comments
kotun winlatt
July 16, 2013 at 7:49 pm
ကဲ…ကဲ…ရွာသူရွာသားးးအပေါင်းးးတို့ရေ.. ၂၀၁၃/၂၀၁၄ ပညာသင်နှစ်အတွက် စာရေးကိရိယာ အလှူခရီးစဉ် ပြီးဆုံးသွားခဲ့ပါပြီ.. ကိုးနတ်ရှင် မကောင်းသည့် အတွက် ယခု အလှူပို့စ်လေး နောက်ကျသွားသည်ကို ခွင့်လွှတ်ပေးတော်မူကြပါကုန်…..
အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်းးးး ဆုတောင်းမေတ္တာပို့သရင်းးးးးးးးးးးးးးးးးးးးးး
padonmar
July 16, 2013 at 10:14 pm
သာဓု သာဓု သာဓုပါ။
ကိုထွန်းဝင်းလတ်ရေ၊
ကိုယ့်ရွာဆိုတဲ့ အစွဲကိုဖယ်ပြီး တကယ်ပိုပြီး လိုအပ်တဲ့နေရာတွေအတွက် အလှူခံပေးခဲ့တဲ့
စေတနာ နဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။
တကယ့် ပရဟိတ စိတ်ဆိုတာ ဒါပဲလို့ သိလို်က်ရပါတယ်။
candle .
July 17, 2013 at 8:36 am
သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်ရှင်..
နောက်တစ်ကြိမ်အလှူခရီးစဉ်လေးများရှိခဲ့ရင် လက်တို ့ပေးပါဦး..
နှမ်းတစ်လုံးအဖြစ် အားဖြည့်ခွင့်လေး ရချင်လို ့ပါ ။
Garfield
July 17, 2013 at 8:39 am
သာဓု
သာဓု
သာဓု
🙂
Ma Ma
July 17, 2013 at 9:03 am
ကိုဝင်းထွန်းလတ်တို့ရွာရဲ့ ကျောင်းဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ်ပုံကလည်း အတုယူစရာပဲ။
နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးလို့ ဆိုကြပေမယ့် ……….
စပါးတစ်တင်းကနေ ဒီလိုကျောင်းဖြစ်လာပြီး ကိုယ့်ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် အထောက်အကူပြုနိုင်ပါပေတယ်။ 🙂
Ma Ei
July 17, 2013 at 10:46 am
ဒီကျောင်းလေးကိုကြည့်လို့ တစ်ခြားကလေးတွေကိုလဲ
ဒီလိုကျောင်းမျိုးလေးတွေမှာ စာသင်နိုင်စေချင်ပါတယ်….
တစ်ယောက်အားနဲ့ မရ စုပေါင်းအားနဲ့ရင်ဆိုင်ရမှာပါ…
ကိုယ့်ရပ်ရွာ အတွက်သာမကဘဲ အများအတွက်စေတနာထားတတ်တဲ့
ကိုထွန်းဝင်းလတ်တို့လို လူတွေများများပေါ်ထွက်လာပါစေလို့
ဆုတောင်းရတော့မှာပါဘဲ…
ကထူးဆန်း
July 17, 2013 at 12:11 pm
ကိုထွန်းဝင်းလတ် ရေ….
တကယ် လိုအပ်တဲ့ နေရာတွေ ဦးစားပေး လှုဒါန်း နိုင်အောင် ကြိုးပမ်းပေးခဲ့တာ ကျေးဇူးပါ ။
kotun winlatt
July 18, 2013 at 9:05 pm
ဟုတ်..လာရောက် အားပေးကြသူအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်…
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..