လည့်မကြည့်ရဲသောခြေလှမ်းများ (၂)
ကုသိုလ်ကံကကောင်းမလိုလိုနဲ့ အဆိုးဖက်ကိုဦးတည်နေပြီဆိုတာ ကျွန်တော်ရိပ်မိလိုက်ပါပြီ..။
မိုးဟုတ်ဘုရားကြီးအနောက် ့ကတာအတိုင်းဆားမလောက်မြစ်ကိုကူးပြီးရွာကိုပြန်ပြေးရင်ကောင်းမလား
ဒါလည်းမဖြစ်သေး……ကိုယ်ကလွတ်သွားအုံး……..ကျော်အောင်ရှိသေးတယ်။
သူကကိုယ့်အတွက်နဲ့ လိုက်လာတာ…ဘယ်လိုမှထားခဲ့လို့မဖြစ် နိူင်………။.
လွတ်ဖို့လမ်းလည်း……မမြင်တော့
ကျွန်တော်စိတ်ကိုဒုံးဒုံး ချပြီးဖြစ်လာသမျှ ပြဿနာတွေအတွက် ရင်စီးခံဖို့ဆုံး ဖြတ်လိုက်ပါတော့တယ်…….။
ဗြုန်းဆို…ညောင်တုန်းဖက်ကဂျစ်ကားတစ်စီး မြို့.ဝင်ဂိတ်ဖက်ကိုတက်လာတာတွေ့လိုက်ရတယ်…ကျွန်တော်တို့ကိုဖမ်းထားတဲ့နေရာနဲ့ ဓါတ်တိုင်တစ်တိုင်အကွာမှာကားရပ်ပြီးလှမ်းမေးတဲ့အသံကိုကျွန်တော်နဲ့
ကျော်အောင်အတိုင်းသားကြားလိုက်တယ်….။
.ဟေ့ ဒီနေ့ဘာထူးသေးလဲ…တဲ့…
ပျာပျာသလဲ ရဲနှစ်ယောက်စလုံးကျွန်တော်တို့ ဖမ်းထားတဲ့ဆီကနေ အပြေးကလေးထွက်သွားကြတယ် ။
ပြောသံကြားလိုက်တာကတော့…..ချဲသမားတွေမိထားတယ်ဆရာ….တဲ့…..သွားပြီ ……..ကားပေါ်ပါတဲ့လူက ရဲအရာရှိကြီး……..
ခုညတော့အချုပ်ထဲမှာအိပ်ရဖို့ ကျိမ်းသေသွားပြီ…..။
အချိန်တန်လို့ အိမ်ပြန်မရောက်ရင် ပူပင် မှုများစွာနဲ့ မီးနေခန်းထဲကမျှော်နေမဲ့ နွေးနွေးမျက်နှာကိုမြင်ကြည် ့ရင်း
အပြင်ကိုတွန်းထိုးထွက်လာတဲ့ မျက်ရည်တစ်စကိုကျော်အောင်မသိအောင်သုတ်ပြစ်ခဲ့ရတယ်………….
၁ဝမီးနစ်လောက်ရှိပြီ ရဲနှစ်ယောက်က ပြန်မလာသေး…..ဘာတွေပြောနေမှန်းမသိ……
ဒီအချိန်မှာပဲ ကောင်လေးတစ်ယောက်က…….အကို…အကို..ခုအချိန်ပြေးပါလားတဲ့……
စောစောက ပြေးဖို့စဉ်းစားတဲ့စိတ်ကူးလေးကို ကောင်လေးကလှုပ်နှိုးလိုက်သလိုပါပဲ….
.ဟုတ်တယ်..ပြေးရမယ်.။..ကျော်အောင် မင်းအရင်ပြေးတော့…..သွားမဲ့လမ်းကလည်း
ရဲတွေဘေးနားကလမ်းအတိုင်းသွားမိုးဟုတ်ဘုရားရှေ့ကနေဖြတ်ပြီး မော်တော်ရှိတဲ့ ကမ်းနားဖက်ကိုသွားရမှာ……..ကျော်အောင်ခပ်လှမ်းလှမ်းရောက်တော့……ကျွန်တော်လည်းခပ်သွက်သွက်လေး
လိုက်သွားခဲ့တယ်။……နောက်ကနေလှမ်းအော်မလား။….ခေါ်မလား။….လိုက်လာမလား…..။
လှည့်လည်းမကြည့်ရဲ….မိုးဟုတ်ဘုရားကြီးရှေ ့ရောက်တော့……မြင်းကြယ်ဖိနပ်ကိုချွတ်…ခါးမှာထိုးပြီး
ကျော်အောင့်ကိုလှမ်းပြောလိုက်တယ်.။……မင်းလမ်းမကြီးအတိုင်းမပြေးနဲ့…လမ်းကြားထဲကပြေး…..
.မော်တော်ဆိပ်မှာဆုံမယ်……ကျွန်တော်လည်းကိုယ့်ချေထောက်ကို..ကိုယ်အားမရတာနဲ့…
ရှေ့ကသွားနေတဲ့နောက်ထိုင်တစ်စီးပေါ်တက်ထိုင်လိုက်တယ်….။.
ခပ်မြန်မြန်လေးနင်းဖို့ပြောကြည့်တယ်…အားကုန်ပဲတဲ့…..ကျွန်တော့စိတ်ကစောနေတော့အရာရာဟာနှေးကွေးနေသလိုပါပဲ။
နောက်ထိုင်နင်းသမားလက်ထဲပိုက်ဆံ ၅ကျပ်ထည့် ပေးပြီးခုန်ဆင်းကျန်ခဲ့တယ်…….။
ကတ္တရာလမ်းမအတိုင်းဆက်သွားနေရင်ပြန်ပြီးတော့အဖမ်းခံရနိူင်တဲ့ ….စိုးရိမ်စိတ်နဲ့ ဖြတ်လမ်းတခုထဲဝင်သွားခဲ့တယ်။
ဒီလမ်းတွေထဲတစ်ခါမှ မရောက်ဖူး သလို ကမ်းနားကိုဘယ်လိုဆက် သွားရမှန်းလည်း မသိနိူင်တော့…..။
ကျွန်တော်အိမ်တစ်အိမ်ပေါ်ကိုပြေးတက်သွားပါတော့သည်……..။
(နောက်ထိုင်)စက်ဘီးကယ်ရီ
6 comments
Ma Ma
July 19, 2013 at 6:33 pm
ဇာတ်လမ်းက ကောင်းလာပြီ။ 😀
နောက်တစ်ပိုင်းကို ဆက်မျှော်နေပါတယ်။ 🙂
အလင်း ဆက်
July 19, 2013 at 8:42 pm
အန်တီ မမ ပြောသလိုပါပဲ ။
padonmar
July 19, 2013 at 9:19 pm
အားပေးနေတယ်နော်။
လုံမလေးမွန်မွန်
July 19, 2013 at 9:36 pm
ရင်ထိတ်လိုက်တာနော်.. အမြန်လေးဆက်ပါဦး…
အရီးခင်လတ်
July 19, 2013 at 10:28 pm
တော်ပါသေးရဲ့။ အနဲဆုံးတော့ လွတ်သွားလို့။
အလုပ်ရှုပ်မခံချင်လို့ တမင် လွှတ်လိုက်တာ ဖြစ်ပါစေတော့။
မောင် ပေ
July 20, 2013 at 6:40 pm
ရဲတွေလိုက်ဖမ်းလား
မိလား မမိလား
နောက်တစ်ပိုင်းပေါ့