ကျွန်တော် နဲ့ဘာဆက်စပ်မှုမှမရှိတဲ့ ဒီအိမ်ပေါ်ကို………ဘယ်လိုအတွေး…ဘယ်လိုသတိ္တတွေနဲ့…..လျပ်တပြက်အတွင်းမှာ ဆုံးဖြတ်ချက် ချပြီးတက်သွားရဲ တဲ့ ကိုယ့်စိတ်ကို…ကိုယ့်ဖာသာတောင်နားမလည်နိူင်တော့………..။အိမ်ပေါ်မှာထမင်းစားဖို့ ပြင်နေတဲ့အိမ်သားတွေထဲ…..အသက်ကြီးကြီးနဲ့ အဘတစ်ယောက်က…ဟေ့…..ဘာဖြစ်လို့လည်း ကျွန်တော့ကိုရဲတွေလိုက်ဖမ်းနေလို့ပါ…ဟု စိုးတထိတ်ထိတ် နဲ့……. ရိုးသားစွာပြောမိလိုက်သည် ……သွားသွား….အခန်းထဲမှာပုန်းနေ တဲ့ ကျန်တဲ့မိသားစုတွေကအဆိုးအကောင်းဘာမှမမေးကြ…….အဘကြီး`၏ စကားကိုနားထောင်ရင်းကျွန်တော့ကိုအကဲခတ်နေဟန်တူသည်……. ထမင်းဝင်စားပါလား….လို့ပြောတော့ ကျွန်တော်ကမဆာတဲ့ အကြောင်း…ဘယ်ကိုသွားမှာလည်း..မော်တော်ဆိပ်ကို သွားမှာဖြစ်ကြောင်း သွားတတ်သလား ဆိုတော့……မသွားတတ်ကြောင်း….မေးသမျှတွေကိုတခုပြီးတခုပြောပြနေပါတယ်…..ဒါဆိုဒီမြို ့ကမဟုတ်ဖူးပေါ့…. ကျွန်တော်ကခေါင်းငြိမ့် ပြရင်း..အဘက…လက်သုတ်နေတဲ့ ကောင်လေးနှစ်ယောက်ကိုစကားတစ်ခွန်း လှမ်းပြောလိုက်တယ် လမ်းထိပ်ကိုသွားကြည့်စမ်း…..ပြီးရင် ဒီခလေးကိုမော်တော်ဆိပ်ထိလိုက်ပို့ပေး……လိုက်တဲ့….။ အဖြစ်အပျက်တွေက ပူတလှည့် အေးတလှည့်မို့ကိုယ့် စိတ်ကိုဒုံးဒုံး မချရဲသေး……အဘကိုကျေးဇူးတင်စကားပြောဖို့မေ့ရင်း အိမ်ပေါ်ကဆင်းလိုက်သွားခဲ့တယ်…….ကောင်လေးနှစ်ယောက်ရဲ့ ့ ရှေ ့ နဲ့ နောက်နဲ့ ကြားထဲ မှာလိုက်လာရင်း မော်တော်ဆိပ်ကိုရောက်ခဲ့တယ် မွန်းတည့်ကျော်ပြီ ဖြစ်၍ ရွာကမော်တော်တွေ မရှိနိူင်တော့………ဟော..အထက်မော်တော်ပေါ်မှာ……ကျော်အောင့်ကိုတွေ့ပြီ မော်တော်ပေါ်တက်ပြီးကျော်အောင့်ကို………မင်းအကျင်္ ီချွတ် မော်တော်ပေါ်ကခမောက်တလုံးခဏယူဆောင်းထား မြစ်ဖက်ကိုမျက်နှာလှည့်နေ..ရဲတွေမမှတ်မိအောင်…ကျွန်တော့အကျင်္ ီကိုကျော်အောင့်ကို ပေးရင်းတိုးတိုးလေးပြောလိုက်တယ်…..မော်တော်ထွက်တော့မှာမို့ ကောင်လေးနှစ်ယောက် […]