လှည့်မကြည့်ရဲသောခြေလှမ်းများ(ဇာတ်သိမ်းပိုင်း)
ကျွန်တော် နဲ့ဘာဆက်စပ်မှုမှမရှိတဲ့ ဒီအိမ်ပေါ်ကို………ဘယ်လိုအတွေး…ဘယ်လိုသတိ္တတွေနဲ့…..လျပ်တပြက်အတွင်းမှာ ဆုံးဖြတ်ချက် ချပြီးတက်သွားရဲ တဲ့
ကိုယ့်စိတ်ကို…ကိုယ့်ဖာသာတောင်နားမလည်နိူင်တော့………..။အိမ်ပေါ်မှာထမင်းစားဖို့ ပြင်နေတဲ့အိမ်သားတွေထဲ…..အသက်ကြီးကြီးနဲ့ အဘတစ်ယောက်က…ဟေ့…..ဘာဖြစ်လို့လည်း
ကျွန်တော့ကိုရဲတွေလိုက်ဖမ်းနေလို့ပါ…ဟု စိုးတထိတ်ထိတ် နဲ့……. ရိုးသားစွာပြောမိလိုက်သည် ……သွားသွား….အခန်းထဲမှာပုန်းနေ တဲ့
ကျန်တဲ့မိသားစုတွေကအဆိုးအကောင်းဘာမှမမေးကြ…….အဘကြီး`၏ စကားကိုနားထောင်ရင်းကျွန်တော့ကိုအကဲခတ်နေဟန်တူသည်…….
ထမင်းဝင်စားပါလား….လို့ပြောတော့ ကျွန်တော်ကမဆာတဲ့ အကြောင်း…ဘယ်ကိုသွားမှာလည်း..မော်တော်ဆိပ်ကို သွားမှာဖြစ်ကြောင်း
သွားတတ်သလား ဆိုတော့……မသွားတတ်ကြောင်း….မေးသမျှတွေကိုတခုပြီးတခုပြောပြနေပါတယ်…..ဒါဆိုဒီမြို ့ကမဟုတ်ဖူးပေါ့….
ကျွန်တော်ကခေါင်းငြိမ့် ပြရင်း..အဘက…လက်သုတ်နေတဲ့ ကောင်လေးနှစ်ယောက်ကိုစကားတစ်ခွန်း လှမ်းပြောလိုက်တယ်
လမ်းထိပ်ကိုသွားကြည့်စမ်း…..ပြီးရင် ဒီခလေးကိုမော်တော်ဆိပ်ထိလိုက်ပို့ပေး……လိုက်တဲ့….။
အဖြစ်အပျက်တွေက ပူတလှည့် အေးတလှည့်မို့ကိုယ့် စိတ်ကိုဒုံးဒုံး မချရဲသေး……အဘကိုကျေးဇူးတင်စကားပြောဖို့မေ့ရင်း
အိမ်ပေါ်ကဆင်းလိုက်သွားခဲ့တယ်…….ကောင်လေးနှစ်ယောက်ရဲ့ ့ ရှေ ့ နဲ့ နောက်နဲ့ ကြားထဲ မှာလိုက်လာရင်း မော်တော်ဆိပ်ကိုရောက်ခဲ့တယ်
မွန်းတည့်ကျော်ပြီ ဖြစ်၍ ရွာကမော်တော်တွေ မရှိနိူင်တော့………ဟော..အထက်မော်တော်ပေါ်မှာ……ကျော်အောင့်ကိုတွေ့ပြီ
မော်တော်ပေါ်တက်ပြီးကျော်အောင့်ကို………မင်းအကျင်္ ီချွတ် မော်တော်ပေါ်ကခမောက်တလုံးခဏယူဆောင်းထား
မြစ်ဖက်ကိုမျက်နှာလှည့်နေ..ရဲတွေမမှတ်မိအောင်…ကျွန်တော့အကျင်္ ီကိုကျော်အောင့်ကို ပေးရင်းတိုးတိုးလေးပြောလိုက်တယ်…..မော်တော်ထွက်တော့မှာမို့
ကောင်လေးနှစ်ယောက် နဲ့…… ကျေးဇူးတင်စကား ပြောဖို့မေ့သွားတဲ့ အဘအတွက်ဈေးထဲကမုန့်တွေ အပြေးဝယ်ရင်းပေးနိူင်ခဲ့တယ်…….
သိပ်မကြာခင်မှာပဲ….မော်တော်စက်နိူးသံတွေဟာတ ဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့ ..နားကွဲမတတ် ဆူညံပွက်လောရိုက်တော့တာပါပဲ……..
ကျွန်တော့အ တွက်တော့ အချို မြိန်ဆုံးသော……ဂီတသံတွေလို…နားထဲမှာကြားယောင်ရင်း
နွေးနွေး နဲ့ သားလေး ဆီသို့…..အမြန်ဆုံးပြန်ရောက်ချင်စိတ်သာစိုးမိုးနေပါတော့တယ်…………။
17 comments
အလင်း ဆက်
July 20, 2013 at 10:06 am
ဆွဲဆောင် အား ခပ်ပြင်းပြင်းနဲ့
တိုက်ရိုက် ဆွဲခေါ်လာလို ့
အခုလို ဇာတ်သိမ်းအထိ
မဖတ် မဖြစ် ဖတ်ခဲ့မိတဲ့ ဘဝ အ မော ဇာတ်လမ်းပါပဲ ဦးကြိမ်ရေ
Ma Ma
July 20, 2013 at 4:56 pm
ရှေ့အပိုင်းတွေမှာ ဖတ်ရင်း မောလာတာ…
ဇာတ်သိမ်းပိုင်းရောက်တော့မှပဲ လွတ်သွားလို့ တော်ပါသေးရဲ့လို့ သက်ပြင်းချမိတယ်။
ဒါက ကိုယ့်ရွာသူားအချင်းချင်းဆိုတဲ့ လောဘနဲ့ လွတ်စေချင်တာ။ 😀
အပြင်လောကမှာတော့ ……..
ကိုယ်နဲ့ပတ်သက်သမျှ ချဲမထိုးဖို့ ဒိုင်မကိုင်ဖို့ အမြဲပြောဖြစ်တယ်။
ချဲပေါက်လို့ဆိုပြီး ရွှေတွဲလွဲ ငွေတွဲလွဲဖြစ်တဲ့လူက သိပ်မကြာဖူး ဒုံရင်းထက်တောင် နိမ့်ကျသွားတာတွေချည်း ဖြစ်နေလို့။ 🙁
မောင် ပေ
July 20, 2013 at 6:45 pm
ပုံပြင်ထဲကလို
ဘုမသိ ဘမသိ နဲ ့တိုးပြီး
မိန်းမထပ်မရတာ နာခဲ့တာပဲ
padonmar
July 20, 2013 at 7:45 pm
မမကိုထောက်ခံပါ၏။
ဦးကြိမ်ရေ
ဝင်သွားတဲ့အိမ်ကလည်း အတော် သဘောကောင်းတယ်နော်၊
ရဲကလိုက်ဖမ်းနေတယ်ဆိုတာလေးနဲ့(ချဲမှုပါလို့ မပြောဘဲ) ဖွက်ပေးတယ်ဆိုတော့
ရဲကို တော်တော် အမြင်မကြည်ဘူးထင်တယ်။
ဦး ကြိမ်
July 20, 2013 at 9:16 pm
ဒါတွေဟာ တကယ့်အဖြစ် အပျက်တွေပါ…..အန်တီပဒုံမာ
ကျွန်တော့အပေါ် ကျေးဇူးများစွာ ရှိတဲ့ အဲ့ဒီ အိမ်ကို ကျွန်တော် ညောင်တုန်းရောက်တိုင်း
တစ်ခါမှ…..မဝင်ဖြစ်တော့ပါဘူး……နောက် တစ်ခါကံကောင်းချင်မှ ကောင်းတော့မှာ မို့ပါ
ဒီမြို ့ကကျဉ်း ကျဉ်းလေး……..လေ ။ခုဆို ကျွန်တော့သားလေး(၂၃)နှစ် ပြည့်သွားသလို
နွေးနွေး နဲ့ ကျွန်တော်တို့ အိမ်ထောင်သက်တန်းကလည်းငွေရတု တိုင်တော့မှာပါ..ဒါပေမဲ့
ဘဝအမောတွေကတော့ခုထိ မကုန်နိူင်သေးပါဘူး အန်တီပဒုံမာရေ……။..
အရီးခင်လတ်
July 21, 2013 at 1:05 pm
တော်ပါသေး ရဲ့ ဦးကြိမ် ရယ်။
မိသားစု ကို လုပ်ကျွေး နေတဲ့ သူ တွေ ကို အန္တရာယ်ကင်း ဘေးရှင်း စေချင်တယ်။
ဇာတ်လမ်းလေးတွေ ဆက်ပါဦး။
မင်္ဂလာနှစ် ငွေရတု တောင် ရတော့ မှာဆိုတော့ အတော်ခိုင် တဲ့ လက်တွေဘဲ။
ဦးကျောက်ခဲ
July 21, 2013 at 1:33 pm
ဟမ်မရေး… သက်ပြင်းသက်မ အခု မှ ချနိုင်တော့တယ်…
သမုဒ္ဒယာ ဝမ်းတထွာမို့ ကွန်မန့်မပေးပါရစေနဲ့… ဥပဒေဘောင်အတွင်းမှာ…
စီးပွါးလည်းဖြစ် အန္တရာယ်လည်းကင်းပါစေ လို့
ဦး ကြိမ်
July 21, 2013 at 4:27 pm
တန်ဖိုးရှိတဲ့ …….အချိန်တွေထဲက ဖဲ့ ပြီးကျွန်တော့စာတွေကိုဖတ်ရှုသွားတာရယ်
ကျွန်တော့ ဘဝ ခရီးလမ်းကိုမီးမောင်းထိုးပြသွားတဲ့……..ဦးကျောက် နဲ့ အရီးခင်ကိုအထူးပင်
ကျေးဇူးတင်မိပါတယ်……သူတစ်ပါးနှလုံးစိတ်ဝမ်း ပူပင်သောကဖြစ်မှ စားရမဲ့ ထမင်းလုပ်တွေ …..
စိတ်ဓါတ်အဆင့် အတန်းနိမ့် ပါးတဲ့သူတွေကို ဒူးထောက် ခေါင်းငုံ့ လည်စင်းပေးရ တဲ့
အလုပ်တွေ နဲ့ဝေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ….စာရေးခိုင်းလို့လည်း့ဝမ်းသာပါတယ်အရီးရေ…….
ခုမှကွန်ပျုတာ….အသုံးလုံးကိုစတက်နေရတာမို့…………့ရေးနိူင်အောင်ကြိုးစားပါ့မယ်
ဘဝ အမောတွေက ရင်နဲ့မဆန့်အောင်ပါပဲ….။
uncle gyi
July 21, 2013 at 4:44 pm
ဘယ်နိုင်ငံမှာမှမရှိတဲ ့
မြန်မာ့စိတ်ဓါတ ်
ဒုက္ခရောက ်နေသူကိုကူညီချင်တဲ ့စိတ ်
အခုတော ့နည်းကုန်ပါ ရော ့လား
KZ
July 22, 2013 at 8:03 am
ဦးကြိမ်။
မရေးဘူး၊ မရေးဘူးနဲ့ အရေးကောင်းပဲ ကော။
ပို့(စ) ၃ ခုကို ဆက်တိုက်ဖတ်ပြီးပါပြီ။
နောက် လာမဲ့ ပို့(စ) တွေကိုလည်း အားပေးပါဦးမည်။
🙂
candle .
July 22, 2013 at 3:41 pm
အပိုင်း 1 , 2 , 3 ရဲ ့ဘဝအမောတွေကို ကိုယ်ချင်းစာစိတ်အပြည်နဲ ့ကိုဖတ်ရှု ့ခံစားသွားပါတယ် ။
” လူ ့လောကမှာ လှုပ်ရှားသွားလာနေတဲ့အခါ
အဆင်မပြေတာတွေ မတွေ ့ရအောင်ကတော့နေလို ့ကိုမရပါဘူး ။
လောကရဲ ့သဘာဝကိုက အဆင်မပြေတာတွေ အမြဲတမ်းရှိနေတာပါဘဲ ”
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
သားကြီးက 23 နှစ်ဖြစ်ပြီး မဂ်လာနှစ်ငွေရတု တိုင်တော့မှာဆိုတော့ ဘဝအမောလေးတွေလည်းပြေသင့်သလောက်ပြေနေလောက်ပြီလို ့ထင်ပါတယ် ဦးကြိမ် 🙂
ဦး ကြိမ်
July 22, 2013 at 5:55 pm
ဟုတ်ပါတယ်…..candle …လောကသဘာဝ
ဒီခန္တာ…ရ ပြီဆိုထဲက ပြေးလို့မလွတ်မှန်း ခုနောက်ပိုင်းတော့ နဲနဲ ပိုသိလာပါတယ်
ကျွန်တော့ရဲ ့အမောဖောက် သံတွေကို နှလုံးသားနဲ့ ခံစားနားထောင်သွားလို့ လည်း
တူသောအကျိုးကို နေ့ ည မဆိုင်းပဲ …….ရပါစေလို့ဆုတောင်းပေးပါတယ်…..
ဘဝအမောတွေကတော့……တစ်မျိုး နဲ့ တစ်မျိုး မရိုးအောင် အလည်လာလျှက်ပါပဲcandle ရေ….။
ဦး ကြိမ်
July 22, 2013 at 5:57 pm
ဆက်တိုက်ဖတ်ပေးတဲ့ ကေဇက်
ကျေးဇူးပါ…..။
လုံမလေးမွန်မွန်
July 22, 2013 at 8:04 pm
တော်သေးတာပေါ့ အူးလေးရယ်… လွတ်သွားလို့ပဲ.. တကယ် ကျေးဇူးကြီးတဲ့ အိမ်နော်…
တစ်ခါလောက် ရှာကြည့်ပါလားဟင်င်…
ဇာတ်သိမ်းပိုင်း တင်တာကို သိတယ်… မဖတ်ရသေးလို့ ဖတ်ပြီးတဲ့သူကို မေးရသေးတယ်..
လွတ်သွားတယ်တဲ့… အဲ့လောက်အထိ စွဲဆောင်မှုရှိတယ်…
Mr. MarGa
July 22, 2013 at 8:19 pm
ရင်မောစွာ
စိတ်ဝင်စားစွာ
သိချင်စိတ် များစွာနဲ့
သုံးပိုင်းလုံးကို တစ်ခါထဲ ပေါင်းဖတ်သွားသဗျ
အခုအချိန်မှာတော့
ငြိမ်သက်တဲ့ ဘဝမှာ အခြေကျနေပြီလို့ ယူဆမိပါတယ်နော်
kyeemite
July 23, 2013 at 3:49 pm
ကံကောင်းပေလို့ပဲ…
ဘယ်တော့ဖြစ်ဖြစ် ရဲနဲ့နှီးနွယ်တဲ့အလုပ်မျိုးမလုပ်စားတာကောင်းပါတယ်ဗျာ..
အအိပ်မဖြောင့် အစားမဖြောင့်…
စာရေးကောင်းလို့ သုံးပုဒ်လုံးရှောကခဲဖတ်သွားပါဂျောင်းးး
ဦး ကြိမ်
July 23, 2013 at 5:31 pm
လုံမ..အဲ့ဒီတုံးက.ဦးကြိမ်လည်းပြန်သွားဖို့….စဉ်းစားမိပါတယ်.မြို ့လေးကကျဉ်းတော့တစ်ဦး နဲ့တစ်ဦး
ရင်းနှီးပတ်သက်မှုတွေက ခန့်မှန်းရခက်တယ်လေ (ဒါကိုယ့်အတွေး) နောက်တစ်ခါ ကိုယ့်ကုသိုလ်ကံကို
လည်း မယုံရဲတော့လို့ပါ….။စိတ်ထဲမှာမေတ္တာတွေပို့ ဖြစ်ပါတယ်…ခုထိပါပဲလုံမရေ……။
ဦးမာဃ..ငြိမ်သက်တဲ့ ဘဝအတွက် လှုပ်ရှားရုန်းကန် နေရတုံးပါပဲ…ကျွန်တော့်အကြောင်းတွေကိုစိတ်ဝင်
စားစွာဖတ်ရှုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်…..။
ကိုကြီးမိုက်…ကျွန်တော့်ထက် ကြီးကြီး ငယ်ငယ်…လေးစားစွာလက်ခံပါတယ်
ဒီအလုပ်နဲ့ ဒီလူတွေကိုရှောင်ကျဉ်ထားတာကြာခဲ့ပါ ပြီ……ကျွန်တော့စာတွေကိုအထူးအားပေးသွားလို့
ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ ကြောင်း………..။