Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတူးထင်း report

ပိုဂေါက်သူ

မလေးရှား ဗိုလ်ချုပ်ကြီး အဗ္ဗဒူလာ စားအုန်းဆီ၊ စင်ကာပူ ဒုဗိုလ်ချုပ်ကြီး ဖြတ်စားလတ်စား လူရှောက်ညာ၊ ထိုင်း ဗိုလ်ချုပ်ကြီး ပက်ပုံး နှဖွန်ချက် တို့ပါဝင်သည့် ကာချုပ်များ ဂေါက်ပြိုင်ပွဲတွင် ရာထူးခြင်း အတူတူ မြန်မာဖက်မှ ဗိုလ်ချုပ်မှူးဂျီး မင်းအောင်လှိုင် ဂေါင်းတလုံး ပိုမြင့်နေဂျင်းမှာ ဒေါက်ဖိနပ် ဝတ်ထား၍ မဟုတ်ကြောင်း ဆိုသည်။

စဉ်းစားစရာဗဲ

ယဉ်ထိန်းရဲ ဝတ်စုံဖြင့် ၎င်းတို့ရိုက်ကူးခဲ့သည့် ကြော်ငြာကြောင့် မရှိတော့သည့် ယဉ်ထိန်းရဲအဖွဲ့ ဂုဏ်သိက္ခာ ထိခိုက်ပါမည်လောဟု ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းတို့မှ မေးခွန်းထုတ်လိုက်သည်။

အယူခံခွင့်မရှိ

မြန်မာနိုင်ငံရဲအဖွဲ့မှ ဝေဟင်မှုခင်းများအတွက် ရဟတ်ယဉ်၊ ဂျက်လေယဉ်များ အသုံးပြုနေရာ ယနေ့အချိန်ထိ ကျီးကန်းဆယ်ကောင်၊ စာကလေးငါးကောင်၊ ခိုရှစ်ကောင်အား လေစည်ကမ်း ဖောက်ဖျက်မှုကြောင့် သေဒဏ် အပြစ်ပေး အရေးယူခဲ့ရဂျောင်း ထုတ်ပျံကြေငြာသည်။

စွတ်စွပ်စွဲဆွဲ

တရုတ်သည် တနေ့တွင် ယူအက်စ်အား ကျော်တက်မည်ဟု ကမာ္ဘ့စစ်တမ်း ခန့်မှန်းချက်တွင် ဆိုထားသော်လဲ အချိန် အတိအကျ မပါ၍ ကမာ္ဘလဆန်း တရက်နေ့ဟု ဟောကိန်းထုတ်သော ဘိုးတော် ဦးကြောင်ကြီးအား တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ ကြောင်သူတော်ဂျီးဟု စွပ်စွဲလိုက်သည်။

မှုတ်တာဂျင်းဒေါ့တူ

မန်းလေးတွင် အဖမ်းခံရသည့် လိင်တူချသူများက ရဲများသည် သူတို့ထက် ပိုအမှုတ်ကြမ်းဂျောင်း သတင်းစာ ရှင်းလင်းပွဲလုပ် ဖွင့်ချရာ မန်းလေးရဲမှူးဂျီးကပေမှ ၎င်းတို့ စခန်းအတွင်း ဝီစီမှုတ်ခြင်းဟု တုံ့ပြန်လိုက်သည်။

လိပ်ဆုတောင်း

ရန်ကုန်မြို့ပတ် အမြန်ရထား ပြေးဆွဲတော့မည်ဖြစ်ရာ အောင်မြင်ပါစေဂျောင်း မြန်မာလိပ်များ အစည်းအရုံးမှ ဆုမွန်ကောင်း ပြုသည်။

အစွယ်ပြူးပြူး ဘီလူးလည်းမဟုတ်

မြေယာသိမ်းကိစ္စကြောင့် တပ်မဒေါ်အား ဘီလူးသဖွယ် ခိုင်းနှိုင်းမှုအပေါ် လွန်စွာဝမ်းနဲဂျောင်း ကာကွယ်ရေးဝံဂျီး ဗိုလ်ချုပ်ဝေလွင် လွှတ်တော်တွင်ပြောစဉ် ပါးစပ်မှ အစွယ်နှစ်ချောင်း ငေါထွက်နေဂျင်းမှာ မွေးရာပါ သွားတက်ဟု တပ်မဒေါ်တုတ် မြဝဒီသဒင်းစာတွင် ဖော်ပြသည်။

နိဗ္ဗာန်ဆော်

ကွယ်လွန်သူ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်အတွက် ဝမ်းနည်းဂျောင်း ကြေငြာချက်တွင် ပန်းသေး မူဆလင် ဂေဇက်သဂျီး အယာတိုလာ ခိုမ်မေနီ မှ လောကနိဗ္ဗာန် တည်ဆောက်ရန် ကြိုးပမ်းခဲ့သူဂျီးဟု ဂုဏ်ပြုလိုက်ပြီး အမေရိကန်တွင် ဆေးခြောက်အား အိမ်သုံးဆေးဝါးအဖြစ် ခွင့်ပြုတော့မည်ကို မြင်မသွားရရှာဟု ရေးထားသည်။

ဒီလိုဆိုရင်ဂေါ

လွှတ်တော်တွင် တပ်မဒေါ်အား စစ်အစိုးရ၊ အာဏာရှင် စသဖြင့် ဝေဖန်နေဂျင်းအား တားမြစ်လိုက်ရာ အတိုက်ခံ အမတ်အချို့က အစိုးရမစစ်၊ အာဏာအသေ ဆုပ်ကိုင်ထားသူ ဟူ၍ ပြောင်းလဲသုံးနှုန်းရန် ပြင်ဆင်နေဂျောင်း နေပြည်ဒေါ် အနှိပ်ခန်းနှင့် ဖာဘိများမှ သိရသည်။

လောဘဒဂျီး

မကြာမှီ ကျင်းပတော့မည့် တောင်ပြုံးပွဲတော်အတွက် ကွန်ဒွန်ငါးသောင်း အခမဲ့ ဖြန့်ဝေနေစဉ် ဂေဇက်သဂျီး အယာတိုလာ ရှာပွတ်ခိုမ် တဦးထဲမှ ကွန်ဒွန်နှစ်သောင်းခွဲ လက်ဝါးဂျီးအုပ် လုယူသွားရာ ၎င်းအားပြတ်လဲမည်ကို စိုးရိမ်နေဂျသည်။

ဝေါ့….

အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကပ်တီးမူးလဲ ဖားပြုတ်အောင်ပုမှ  ကင်းမြီးထောက်ထောင် အရက်သောက်နေစဉ် ခေါင်းဆောင်ကြီးများ ကျဆုံးချိန် အတိအကျ ဥဩဆွဲသွားသဖြင့် ၎င်းအံဖတ်ကြောင့် အရက်ဆိုင်တခုလုံး နံဟောင်သွားခဲ့ရသည်။

ဒါကြောင့်ဂိုး

ဘွားဒေါ်အိမ်တွင်လုပ်သော အာဇာနည်နေ့ ဆွမ်းကျွေးသို့ လွှတ်တော်ငှက္ကထ ဦးရွှေမန်း တက်ရောက်လာစဉ် ဓာတ်ပုံထဲရှိ ဗိုလ်ချုပ်အောင်ဆန်းမျက်နှာ သုံမှုန်နေဂျင်းမှာ သူ့ပင်ကိုယ် သဘာဝဖြစ်ကြောင်း ဖြေရှင်းသည်။။

ဟိတ်ယောင် ရွှေမန်း ... မြန်မြန်စား မြန်မြန်ပြန်
ဟိတ်ယောင် ရွှေမန်း … မြန်မြန်စား မြန်မြန်ပြန်

ဆိတ်ရှည်လာပီ

အပြောင်းအလဲ လုပ်ရာတွင် စိတ်ရှည်ရန် လွှတ်တော်ငှက္ကထ ဦးရွှေမန်း ပေါပီးနောက် ဂဇက်သဂျီး အယာတိုလာ ခိုမ်မေနီ၏ သူဂေါင်းပြုခြင်း ခံရသူ ရွာသားအသစ် စပိုင် ဇော်ကန့်လန့် ဦးဆောင်၍ ပျော့ပျော့လေးနှင့်နံသော ကြောင်ချီးခြစ်သူ ဆော့ဖ်လိုင်နာအပေါင်းမှ ဆိတ်ကြီးအား ဆွဲဆန့်ဂျရာ တပေခန့်မျှ ရှည်ထွက်လာဂျောင်း တိရိစာ္ဆန်ဆရာဝံ ဒေါက်တာအေကေကေအိုမှ ပြောသည်။

12 comments

  • မင်းမင်း

    July 20, 2013 at 9:56 am

    ထူးဆန်းပါပေ့ ဦးကြောင်ရေ။

  • အလင်း ဆက်

    July 20, 2013 at 10:14 am

    ကြောင်သူတော်ကြီးလို ့စွပ်စွဲခံရတာတောင် နည်းသေးဒယ် ဦးကြောင်ရယ်

    သတင်းထူးတွေ ဖတ်ပြီး တခွိခွိ ရယ်လိုက် သဖြင့်
    ထွက်ကျသွားသော. . . .
    အလင်းဆက်က . .

    ထွက်ကျသော အရာများမှာ မျက်ရည်များသာ ဖြစ်ကြောင်း
    အကြော်စုံ ရောင်းသော ဒေါ်ဖွားမေ အား ဖြေရှင်းသည် ။

  • San Hla Gyi

    July 20, 2013 at 4:54 pm

    ဂေဇက်သဂျီးက တောင်ပြုံးပွဲမှာ ကွန်ဒွန် ၂ သောင်းခွဲတောင် လက်ဝါးကြီးအုပ်သွားတယ် ဆိုပါလား။

    • kai

      July 20, 2013 at 5:16 pm

      လိုအပ်တဲ့နေရာ… ပြန်ဝေပေးမလို့ပါဗျာ… :mrgreen:

  • DEPARKO DEPARKO

    July 20, 2013 at 5:10 pm

    မွတ်သားလောက်ပါဘေ့ ဥူးကျောင်ဂျီးရယ် သွပ်တွတ်သွပ်

  • Ma Ma

    July 20, 2013 at 5:12 pm

    ဘယ်လိုပြောလို့ ပြောရမှန်းမသိအောင်ကို ရေးတတ်ပါပေတယ်။ 😀
    ဒါ့ကြောင့်လည်း ကြောင်းသတင်းစဉ်ကို မလွတ်တမ်းဖတ်ရှု့နေရတာပေ့ါ။

    • Ma Ma

      July 20, 2013 at 5:17 pm

      ကြောင် သတင်းစဉ်လို့ ရေးတာ…
      ကြောင်း သတင်းစဉ်ဖြစ်သွားတယ်။
      ကြောင်ကြီးမသိချင် အချိန်မီ အမှားပြင်ဆင်ခြင်းးးး 😆

  • မောင် ပေ

    July 20, 2013 at 6:31 pm

    မန်းတလေး ကျုံးဘေးက အခြောက်တွေကို ရဲဖမ်းတာကတော့ ဖြစ်သင့်တယ်ဗျ
    ဘာလို ့ဖြစ်သင့်သလဲဆိုတော့
    ညဆိုရင် ကျုံးဘေးလေးမျက်နှာလုံး ၊ သူရို ့အလုပ်ခန်းလို သဘောထားနေတာကလား
    ဖြတ်သွားသမျှ ပုရိသအားလုံး ကို အသံလိုက်ပေးတယ် ၊ လိုက်ကလူတယ် ။
    အဆိုးဆုံးကတော့ လူပြတ်ချိန်ဆိုရင် ၊ ဘေးကတောင် လိုက်ဆွဲကြသေးတယ်
    လူ ့အခွင့်အရေး နဲ ့ အခြောက်ဖင်ယားတာနဲ ့တော့ မစပ်အပ်သင့်ကြောင်းရယ်ပါလေ

    • TNA

      July 21, 2013 at 3:35 pm

      ဒါနဲ့ဘဲ ရဲမူးဂျီးက ဝီစီမှုတ်လိုက်ကောဘဲလား

  • Wow

    July 21, 2013 at 2:50 pm

    ဆိတ်ကြီးကို ဒေါက်ဒေါက်က ဆေးစစ်ပေးဒယ်ဆိုပါလား တုံဂလေးရေ… :mrgreen:

  • cobra

    July 21, 2013 at 3:28 pm

    မသိလို့မေးပါရစေ…..
    တောင်ပြုံးပွဲ နဲ ့ကွန်ဒွန် ဆိုတာကြီးကဘယ်လိုများပက်သတ်နေပါသလဲ။
    ဂေဇက်သဂျီး အယာတိုလာ ရှာပွတ်ခိုမ် တဦးထဲမှ ကွန်ဒွန်နှစ်သောင်းခွဲ လက်ဝါးဂျီးအုပ် သွားတာဘာကြောင့်ပါသလဲ။
    တကယ်မသိတာပါ ဦးကြောင်သေသေချာချာရှင်းပြစေလိုပါတယ်။ 😛

  • uncle gyi

    July 21, 2013 at 4:25 pm

    ဦးကြောင်
    ရူးမကြောင်
    ထူးဒါ
    စာပြောင်

Leave a Reply