ဒုတိယအကြိမ် ဆုံစည်းပွဲနှင့် ဆုပေးပွဲလက်ဆောင်
မန်းဂဇက်ရဲ့ စာပေချစ်သူများ ဆုံစည်းပွဲနဲ့ ဆုပေးပွဲလုပ်မယ့်ရက်ကလည်း နီးလာပြီ။ အဲဒီပွဲမှာ ဘယ်လိုဝါးတီးဖွင့်ရမလဲ (အဲလေမှားလို့) ဘယ်လို လက်ဆောင်ပေးရင်ကောင်းမလဲ စဉ်းစားလို့မရနိုင်သေး။ အလိုက်မသိတဲ့ချွေးမ အလုံမှာမနေတဲ့ မွန်မွန်ကလည်း မြှောက်ထိုးပင့်ကော် လုပ်ပြီး တွေ့ဆုံပွဲမှာ ဂဇက်လိုဂိုပါ တဲ့ ဘောပင်တွေလက်ဆောင်ပေးတယ်ဆိုပြီး၊ ခပ်တည်တည်နဲ့ ကဗျာပြခန်း(၄)မှာ ရေးချလိုက်တော့ လက်ဆောင် မပေးဘဲ၊ မသိချင်ယောင်ဆောင်နေဖို့ကလည်းခက်ပြီ။
“ ငါ့ဘဝရဲ့ မီးအိမ်ရှင်မ၊ ငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လေးပါ၊ ငါ့ဘဝရဲ့တန်းခိုးရှင်ပါ” ကားမှောက်တဲ့အဆိုတော် ကောင်လေး သီချင်းထဆိုတာ မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ လက်ကိုင်ဖုန်းက ဖုန်းမြည်သံလေးပါ။ ဟယ်လို အမိန့် ရှိပါ။
ကိုချိုကြီး ကိုပေါက်ပါ။
ဟုတ်ကဲ့အစ်ကိုပြောပါခင်ဗျ။ နေကောင်းလား။
ကောင်းပါတယ်ကိုချို၊ ကျွန်တော်ဓာတ်ပုံလက်ဆောင်ပေးမလို့။
ဗျာအစ်ကို ဘာပြောတာလဲ။
တွေ့ဆုံပွဲမှာလေ ဓာတ်ပုံတွေလက်ဆောင်ပေးမလို့၊ ကျွန်တော်က ပွဲမတက်နိုင်ဘူး အဲဒါကြောင့် ကားကြုံနဲ့ထည့် ပေးလိုက်မယ်။ ကိုချိုသွားယူပြီး မိတိုက်ကိုပေး ပေးပါလား။
ဟုတ်ကဲ့အစ်ကို ကျွန်တော်သွားယူလိုက်ပါမယ်။
ဒါဆို ကိုချိုလိပ်စာနဲ့ ဖုန်းနံပါတ်ပေးလိုက်မယ်။ ဒီနေ့ညနေ ပုံတွေသွားရွေးပြီး ကားဂိတ်ကပို့လိုက်မယ်။ မနက်ဖြန် မနက်ဆို သွားယူလို့ရတယ်။ နောက်မှ ရန်ကုန်လာတဲ့အချိန်ဆုံကြတာပေါ့။
ဟုတ်ကဲ့အစ်ကို ဆုံကြမယ်။
ကိုပေါက်နဲ့ ဖုန်းပြောပြီးပြီးချင်းပါပဲ မိတိုက်ဆီကို ဖုန်းခေါ်လိုက်တယ်။
ညီလေး ကိုချိုကြီးပါ။
ဟုတ်ကဲ့ ကိုချိုကြီးပြောပါ။
ကိုကြီးပေါက်ဖုန်းဆက်တယ်။ ဓာတ်ပုံတွေ လက်ဆောင်ပေးဖို့လေ။ အဲဒါကိုယ်သွားယူပြီး ညီလေးဆီပို့ပေးမယ်။ စနေနေ့ပေးရမလား၊ တနင်္ဂနွေမနက် လာရင်းနဲ့ ပေးရမလား။
ကိုချိုကြီး အဲဒီမနက်မှဆိုရင် မမှီမှာစိုးရတယ်။ ပုံတွေကို စာအိတ်ထဲထည့်ပြီး ပြန်ပိတ်ရဦးမှာ။
ညီလေးဘာလို့ စာအိတ်ထဲထည့်မှာလဲ ဒီအတိုင်းပေးလို့ မရဘူးလား။
ပုံတွေကို ဒီအတိုင်းတင်ထားရင် ကိုယ်ကြိုက်တဲ့ပုံရွေးယူကြပြီး ရှုပ်ကုန်မှာစိုးလို့ပါ။
ကောင်းပြီညီလေး ကိုယ်စာအိတ်ဝယ်ပြီးထည့်လာပေးမယ်။ ကိုယ့်တာဝန်ထားလိုက်။
ကောင်းပါပြီအစ်ကို စာအိတ်ထဲထည့်ပြီးရင် ကော်ပါပိတ်လိုက်ဦးနော် ဖွင့်ကြည့်ပြီးရွေးမှာစိုးလို့။ (တစ်ကယ်ကို စေ့စပ်သေချာပြီး စနစ်ကျတဲ့ ဆယ်အိမ်ခေါင်းနော် မလွယ်ဘူး၊ ကျွန်တော်ဆိုစဉ်းစားမိမှာ မဟုတ်ဘူး)
ဆယ်အိမ်ခေါင်းမိတိုက်နဲ့ ဖုန်းပြောပြီးတဲ့နောက်မှာ ကျွန်တော်လည်း ပွင့်သွားပါတော့တယ်။ တစ်လွဲ မတွေးကြနဲ့ဦး လက်ဆောင်ပေးဖို့ အသိဉာဏ်ပွင့်သွားတာပြောတာပါ။
ကိုပေါက်ဓာတ်ပုံတွေထည့်ဖို့ စာအိတ်ကို ဂဇက်လိုဂိုနဲ့ “ ဒုတိယအကြိမ်၊ စာပေချစ်သူများ ဆုံစည်းပွဲနှင့် ဆုပေးပွဲ၊ ကိုပေါက်(မန္တလေး)၏ အမှတ်တရလက်ဆောင်” ဆိုတဲ့စာလေးရိုက်ပြီး ထည့်ပေးမယ်လေ။
ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာ ကျွန်တော်ပေးမယ့်လက်ဆောင်ကတော့ ကိုပေါက်ရဲ့ဓာတ်ပုံတွေနဲ့တွဲဖက်မယ့် စာအိတ်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ မပိုင်ဘူးလား စားရိတ်အသက်သာဆုံးနဲ့ အဆင်ပြေသွားတဲ့ လက်ဆောင် လေးပေါ့ဗျာ။
ရွာသူားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
( ဆယ်အိမ်ခေါင်းက ရွေးမှာစိုးလို့ စာအိတ်ပိတ်ခိုင်းပေမယ့်၊ ကျွန်တော်ကတော့ စိတ်ကြိုက် ရွေးခွင့်ရလို့ ကိုယ်ကြိုက်တဲ့ပုံ အရင်ရွေးပြီး ယူထားလိုက်ပြီ)
34 comments
DEPARKO DEPARKO
July 21, 2013 at 8:25 am
ပျောက်နေတာကြာပါပေါ့လား အခုဘယ်ဂျောင်ကထွက်လာတာလဲ
ကိုပေါက်(မန္တလေး)
July 21, 2013 at 9:25 am
ကျနော်က ဓါတ်ပုံဘဲပို့ပေးတာပါ ကိုချိုကြီးတို့မိတိုက်တို့က ဝို်င်းလိုက်ဝန်းလိုက်တော့
ပိုပိုလှပ သေသပ်သွားတယ်။
ကျေးကျေးပါခင်ဗျာ။
ကိုပေါက်(မန္တလေး)
July 21, 2013 at 9:45 am
ဒိပိုစ်မှာ ဓါတ်ပုံရတဲ့ ရွာသူားတွေက ကိုယ်ရတဲ့ ဓါတ်ပုံလေးကိုပြောပြရင် ဘယ်နေရာမှာရိုက်ခဲ့တယ်ဆိုတာလေးကို ပြောပြပေးပါမည်။
ကိုပေါက်(မန္တလေး)
July 21, 2013 at 9:53 am
1 ကိုချိုရတဲ့ပုံကတော့
တောင်သမန်အင်း မြောက်ခြမ်းကို အနောက်ဘက်ကနေရိုက်ထားတဲ့ပုံလေးပါ။
အဲဒီပုံလေးနဲ့အတူ ကျွဲလှည်းလေး ကုန်းပေါ်ရောက်နေတာကို ရိုက်ခဲ့ပါတယ်။
2 ကိုဆာမိရတဲ့ပုံကတော့ မန်းလေးကျုံး အနောက်မြောက်ဒေါင့်က ပုံလေးဖြစ်ပါတယ်။
3 water Fish ကတော့ သူရတဲ့ပုံလေးကို ဖုန်းဆက်လာပါတယ်။
မန်းလေးမြို့အရှေ့ဘက်ခြမ်း အောင်ပင်လယ်ကိုဖြတ်ပြီး ရေတံခွန်တောင်ဂေါက်ကွင်းအသွားလမ်းက
စိမ်းစိုတဲ့ သစ်ပင်တန်းလေးပုံဖြစ်ပါတယ်။
ကိုရင်စည်သူ
July 21, 2013 at 12:14 pm
ကိုပေါက် အတွေးပါးပါးလေးတွေနဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်ရသူများ အစား ဂုဏ်ယူပါတယ်.. 🙂
နောက်တစ်ခေါက် မရရအောင် ယူပါ့မယ်… ပေးမှာရားဟင်…။ လေးပေါက်…
တမီးလေးတစ်ယောက်ပါ အစစ်ထည့်ပေးနော်…
အရီးခင်လတ်
July 21, 2013 at 12:50 pm
ကိုချို ရေ
အကြို Post လေး အတွက် ကျေးဇူးပါ။
ပွဲ ရဲ့ ပုံရိပ်တွေ ကိုကြည့်ဖို့၊ ကြားဖို့ စောင့်နေပါပြီ။
ဒီအချိန် အားလုံး အဆီရစ် နေလောက်ကြပြီ။
ကပေါက် လက်ရာ ဓာတ်ပုံလေးက လှလိုက်တာဗျို့။
ကိုရင်စည်သူ
July 21, 2013 at 1:11 pm
ဟုတ်ပါတယ်ဂျိူ့… အဆီမရစ်ခင်လေးနဲ့… ဆက်ပြီး ချီတက်မည့်သူများ
မချီတက်ခင်… ပုံရိပ်တွေမြင်ရဖို့ စောင့်နေပါတယ်ဗျို့…
အရီးခင်လတ်
July 21, 2013 at 1:13 pm
ကိုရင်လေး
ရေထဲမှာဘဲလား ????? 😛
ကိုရင်စည်သူ
July 21, 2013 at 2:59 pm
ဟုတ်အရီးးး ရေထဲမှာ ဘဲ… ရေ မကူးတတ်တဲ့ ဘဲလိုပဲ..
ငပိရည်ကို အမဲနှပ်နဲ့တော့ ဘယ်သူကလဲမှာလဲ.. အဲ့လိုဘဲ..
kai
July 21, 2013 at 1:38 pm
ပုံတွေမြင်ချင်ပါတယ်ဆိုနေမှ..

ဒီမှာမတင်.. ဒီမှာတင်သကွာ..
DEPARKO DEPARKO
July 21, 2013 at 2:21 pm
သူဂျီးကလည်း အောက်ကနာမည်လေးတွေ(ကလောင်)ပါထိုးလေ အဝေးကဘဲအားပေးနေရတဲ့ ကျွန်တော်တို့လည်းသိရအောင်ပေါ့ လာချင်ပေမည့် အဝေးရောက်နေတော့ ပုံလေးကိုဘဲငေးပြီး အားလုံးကိုမြင်အောင်ကြည့်လိုက်ပါတယ်
အရီးခင်လတ်
July 21, 2013 at 2:29 pm
ဟား
ဒီ သူကြီး အကြားအမြင် ပေါက် အစွမ်းထက် ပုံများ။
အဲဒီ ကနေတောင် လှမ်းရိုက်နိုင်တယ်လား။
စောင့်နေတာ တန် သွားသမို့ ကျေးကျေးပါ။
ဟိုဘက်ခြမ်းလဲ တင်ပါဦး။
ပုံတွေထဲ သိသူရှိ၊ မသိသူရှိ။
စိတ်ဝင်စားစရာဘဲ။
😆
မမရော????
အစ်မဒုံ ပိန်သွားသလား???
ဝေဝေ က ဒီအတိုင်းဘဲ။
ဆူး က ဖွံ့လာတယ်။
Ma Ma
July 21, 2013 at 4:58 pm
သွေးသောက်ညီအစ်မလို့ မပြောရဘူး။
သတိတရမေးတာ ဝမ်းသာပါတယ် မလတ်ရေ။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ပန်းတနော်ကိုသွားစရာ အကြောင်း၄ခုလောက်ဆုံလာတော့ မသွားမဖြစ်သွားလိုက်ရလို့ 🙁
Ma Ma
July 21, 2013 at 4:56 pm
ပွဲကို မတက်နိုင်တာ ခုပုံကိုတွေ့တော့ မနာလိုဖြစ်လာပြီ။
အရီးခင်လတ်
July 22, 2013 at 1:07 am
နောက်တစ်ကြိမ် ဒါ့ပုံ ကိုပြန်ကြည့်အပြီး
သဘောင်္သီး ကိုရင်စည်လေး ရောဂါကြွ လာဦးတော့မှာ ကြားမိသေး။
😉
ဘူသူ မှလဲ အသစ်ထပ်မထင်ကြသေးဘူး။
မျှော်နေပါတယ်ဗျို့။
😆
အလင်း ဆက်
July 21, 2013 at 2:04 pm
သူကြီးပြထားတဲ ့ပုံထဲမှာ
ညာဘက် အစွန်ဆုံးမှာ ရပ်နေတာကတော့
အောင်ရဲလင်းနဲ့တူတဲ့
အလင်းဆက် ပါ
အဟ်ိ
လေးပေါက် ပေးတဲ့ တိမ်ပြာပြာ ပုံရိပ်ကလေးကို
လေးပီချို ရဲ ့အပြင်အဆင် လက်ဆောင်လေးနဲ့
ရရှိပါတယ်
ကျေးဇူးပါခင်ဗျာ
😆
ကိုပေါက်(မန္တလေး)
July 21, 2013 at 3:28 pm
တေးကလုန်က တော့ ချောင်းသာက ပုံလေးရသွားပါတယ်။
cobra
July 21, 2013 at 4:06 pm
ခုမှသေချာကြည့်မိတယ်
သား အရပ်ကတော်တော်ရှည်တာပဲ
ဒီနေ့လည်း ဆုံဆည်းရတာပျော်ဖို့ကောင်းပါတယ်
ပွဲဖြစ်မြောက်ဖို့ စီစဉ်သူတွေဘယ်လောက်ခေါင်းခဲရလဲဆိုတာလည်းသိသွားပါတယ်
ကိုယ့်မျက်စိရှေ့မှာတင် အလုပ်တွေရှုပ်နေကြတာ
ပွဲပြီးတော့လည်းစာရင်းတွေလုပ်ကြရတာ
ဥက္ကဋ္ဌ ကြီးဆိုရင်ပြောမနေနဲ့တော့ကားသော့တောင်းတာ
ကားသော့ကမျက်စိရှေ့ထားပြီးတော့ပျောက်နေတယ်
လေးမိုက်ဆိုလည်း ဟိုပြေးဒီပြေးနဲ ့…ကိုတိုက်၊ကိုအမတ်တို့ဆိုလည်းငြိမ်ငြိမ်မနေရ
ဦးမာဃနဲ့အလင်းဆက်ဆိုရင်တော့ လူတော်တော်များများရဲ ့ စာအုပ်လေးတွေကိုင်ပြီး
လက်မှတ်လိုက်ထိုးခိုင်းနေရတော့ ဟိုလူ့ကိုရှာလိုက် ဒီတစ်ယောက်ထိုးပြီးပြီလားမေးလိုက်
၂ယောက်ထဲနဲ ့ မျက်စိကိုရှုပ်နေအောင်ပြေးနေရတာ
အကုန်လုံးပင်ပန်းကြပါတယ်။
မအားရတဲ့အထဲအပင်ပန်းခံလုပ်ရတဲ့ပွဲစီစဉ်သူတွေကိုလည်းကျေနပ်စေတဲ့အတွက်
လာရောက်ကြတဲ့ရွာသူား များအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်။
အလင်း ဆက်
July 22, 2013 at 6:08 pm
ဟုတ်ပါ့ကိုကော်ဘရာရေ..
😆
ကျွန်တော် ့ကိုလည်း.. အတော်မျက်စိနောက်သွားကြပြီထင်ပါရဲ ့။
ဒါမှ မဟုတ်..
ကျွန်တော့် အချောအလှကို.. လူတွေတော်တော်.. သတိထားမိသွားကြပြီထင်ပါရဲ ့။
ချစ်သုဝေကို ခေါ်လာလို့မရတာနာတယ်ဗျို ့ ။
ချစ်သုဝေလေးကို လက်ချိတ်ပြီး… ဖလမ်းဖလမ်းထ နေရမယ့် ဟာကို…
😆
😆
Ma Ma
July 21, 2013 at 5:02 pm
ပဒုမ္မာကို ကိုယ်စားလှယ်လုပ်ပြီး စာအုပ်ဝယ်ဖို့၊ စာအုပ်မှာ လက်မှတ်ထိုးဖို့ မှာလိုက်ပေမယ့် …
ပွဲမတက်ပဲ ကိုပေါက်ရဲ့ဓာတ်ပုံလည်း လိုချင်သေးတယ်။
မအိဆီက ပန်းပင်လည်း လိုချင်သေးတယ်။
လောဘကြီးတာတော့ မဟုတ်ပါဘူး။
ကိုပေါက်(မန္တလေး)
July 22, 2013 at 9:50 pm
ဓါတ်ပုံတွေက ပွဲတက်သူထက်ပိုတဲ့အတွက် မိတိုက်ကို ဓါးပြတိုက်ကြပါ.
Ma Ma
July 21, 2013 at 5:17 pm
ပွဲတက်လာတဲ့လူတွေကို နောက်မှ ဥက္ကဌကြီးကို တိုးတိုးကပ်မေးရမယ်။ 😀
surmi
July 21, 2013 at 8:33 pm
အစ်ကိုရေ
ကျေးဇူးဗျာ ။
စာအိပ်ပါ သိမ်းထားမယ်ဗျို့
အန်တီမမ ကိုတော့ နောက်တစ်ပွဲမှာ အထူးအစီအစဉ် လုပ်ဖို့
တောင်းဆိုရမယ် 🙂
Ma Ma
July 21, 2013 at 11:15 pm
နောင်ခါလာ နောင်ခါဈေးပေ့ါ ကိုဆာမိရေ။ 😆
KZ
July 22, 2013 at 7:56 am
ကိုချို။
မလာနိုင်တဲ့ အနော်တို့ရော စာအိတ်ရဘူးလားဟမ် ??
Ko chogyi
July 22, 2013 at 11:42 am
မလာနိုင်သူတွေအတွက် ပို့စ်တင်ပေးထားတာလေ။
ဦးကျောက်ခဲ
July 22, 2013 at 1:54 pm
ပွဲတက်ချင်တာ ထွန့်ထွန့်ကိုလူးနေတာပဲ…
မတတ်သာလို့ အင်တာနက်ပေါ်ကပဲ လွမ်းလိုက်တယ် ကိုချိုရေ…
Thu Wai
July 22, 2013 at 3:09 pm
တော်သေးသဟ အစွန်ဆုံးမှာလက်မောင်း တစ်ဖက်တော့ပါလိုက်လို့
လုံမလေးမွန်မွန်
July 22, 2013 at 6:15 pm
ယောက္ခမရေ.. မတွေ့လိုက်ရတာ စိတ်မကောင်းဘူး…
ယောက္ခမရဲ့ အတွေးကောင်းကောင်းနဲ့ ပေးတဲ့ လက်ဆောင်မှန်းသိသွားတော့ အဲ့စာအိတ်လေးကို သေချာ သိမ်းထားပါမယ်…
ချွေးမလေး..
မိုး မင်းသား
July 22, 2013 at 7:01 pm
ဒီပွဲလေးကိုမတတ်နိုင်ပေမဲ ့….
ကိုပေါက်ရဲ ့လက်ဆောင်လေး…ကိုတော ့မျှော်လင် ့မိပါရဲ ့…..
ဒါပေမဲ ့………………………………………………………..
မွန်မလေးလုံလူံက….ဘာလေးရတာလည်းသိချင်စမ်းပါဘိကွယ်…..
ရွှေတိုက်စိုး
July 23, 2013 at 9:13 am
ကျွန်တော့်မှာ ပုံတွေ ရှိနေပါသေးတယ်… လိုချင်သူများ လာယူလို.ရပါကြောင်း………….
မဟာရာဇာ အံစာတုံး
July 23, 2013 at 9:21 am
လာမယူဘူးးး
ပင်ဘန်းဒယ် ….
မေးလ်နဲ့ ပို့လိုက် …
မပို့ရင် သမီးဒေါ်ဂလေးဘွ မတွေးဝံ့စရာ ဖစ်တွားမယ် …
ကျားလား .. ဆင်လား … 👿
Ma Ei
July 23, 2013 at 9:36 am
ရွှေရောင် ရေထဲက နေလုံးဝါဝါ
သစ်ပင်ကိုင်းတွေက အနက်ရောင်
လှပတဲ့ ဓာတ်ပုံလေး လက်ဆောင်
ရခဲ့ပါတယ်…ကျေးဇူးတင်ပါတယ်နော်….
kyeemite
July 23, 2013 at 10:57 am
ဟူးးးးးးး မောထှာ
အလုပ်နဲနဲပိနေလို့ ခုမှဝင်ကြည့်ဖြစ်တယ်..
ကြီးမိုက်ဆိုတဲ့ကောင်..ခန့်ချောကြီးပါလား…