အမြင်ဆန်းချင် ရွာလှမ်းရှင်………….
ဒုတိယအကြိမ်တွေ့ဆုံပွဲလုပ်ဖို့ ရက်ရွေးတော့ ပိတ်ရက်တွေ ဒီလောက်ဆက်နေမှန်း သတိမထားမိဘူး။
ပိတ်ရက်များရင် ကိစ္စများတတ်တာမို့ စကတည်းက ပွဲကိုလာခဲ့မယ်လို့ မပြောရဲခဲ့ဘူး။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ဇာတိကိုပြန်ဖို့ ဖြစ်လာတယ်။
မိသားစုနဲ့အတူ မိတ်ဆွေတွေပါ စုပြီးသွားကြမှာမို့ မဖြစ်မနေ လိုက်သွားခဲ့ရတယ်။
လွဲသွားပြီပေ့ါ ပွဲကြီးပွဲကောင်း။ 🙁
ပွဲနဲ့လွဲခဲ့တဲ့အတူတူ သွားခဲ့တဲ့လမ်းတစ်လျှောက် ဓာတ်ပုံတွေ ရိုက်ပြီး ရွာထဲပြန်တင်မယ်လို့ မောင်းတင်သွားခဲ့တယ်။ 😀
ဖြစ်ချင်တော့ သယ်စရာတွေများလို့ ကင်မရာကို ထည့်ပြီးမှ ပြန်ထုတ်ခဲ့ရတယ်။
ထုံးစံအတိုင်း Sony Ericsson ဖုံးကင်မရာလေးနဲ့ပဲ နှစ်ပါးသွားခဲ့တာလေးတွေကို မချစ်သော်လည်း အောင့်ခါနမ်းရတော့တာပဲပေ့ါ။
အခုသွားခဲ့တဲ့ ရွာကလေးက ဟိုအရင် ရွာသူားတွေ စုပေါင်းပြီး သွားခဲ့တဲ့ အစုကြီးရွာထက်ကို ပိုပြီးသွားရေးလာရေးခက်ခဲတဲ့၊ နွမ်းပါးတဲ့ ရွာလေးပါ။
ကားလမ်းဘေးက ချောင်းကလေးတစ်လျှောက် ပဲ့ထောင်နဲ့ နာရီဝက်လောက်သွားမှ ရောက်တဲ့ ရွာလေးပေ့ါ။
သွားရေးလာရေးခက်ခဲတာနဲ့အမျှ မြင်ကွင်းကလည်း မြို့နဲ့မတူ တမူထူးခြားပြီး ရိုးသားပွင့်လင်းတဲ့ တောသူားတွေရဲ့ ဖော်ရွေစွာ လိုလေသေးမရှိ ဧည့်ခံကျွေးမွေးမှုနဲ့အတူ လန်းဆန်းလတ်ဆတ်တဲ့လေကလေး တဖြူးဖြူးက စိတ်ကို ရွှင်မြူးသွားစေတာတော့ အမှန်ပါပဲ။
နောက်နှစ်ဆိုရင်တော့ ကားလမ်းပေါက်တော့မယ်လို့ ရွာခံတွေက ပြောကြတယ်။
တိမ်တွေညိုပြီး မိုးရွာမလိုလိုဖြစ်ခဲ့ပေမယ့် မရွာလို့ တော်ပါသေးရဲ့။
မြို့နဲ့မတူ တမူထူးခြားတဲ့…………….
တောဓလေ့ ငါးမျှားနေကြတဲ့ မြင်ကွင်းလေးကလည်း တမျိုးချစ်စရာကောင်းနေတယ်။
ရေချိုးနေတဲ့ ကျွဲကြီး တွေ့တော့လည်း ပျော်မိတာပဲ။
အေးရာအေးကြောင်းနေနေတဲ့ ကျွဲကြီး၂ကောင်ကိုတွေ့တာလည်း စိတ်ချမ်းစရာပါပဲ။
ရေကူးနေကြတဲ့ ဘဲအုပ်ကိုတွေ့တော့လည်း ရွာသူားတွေကို ပြန်ပြရမယ်ဆိုပြီး ရိုက်မိပြန်ရော။
ဒါကတော့ ချောင်းကူးတံတားလေး။ ဒို့ရွာသူားတွေ ကူးရဲကြပါ့မလား။
ချောင်းနဘေးတလျှောက် အလေ့ကျပေါက်နေတဲ့ ဉာဏ်ပင်တွေတွေ့တော့ ဉာဏ်ပွင့်ချဉ်ကြိုက်တယ်ဆိုတဲ့ အမွှာညီအမကို သတိရမိပါတယ်။
ရာသီနည်းနည်းစောသေးလို့ အပွင့်မပွင့်သေးဘူး။
အပွင့်ပွင့်ချိန်ဆို ဝါထိန်ပြီး ပိုလှပါတယ်။
ပြောရမယ်ဆို…….
ဆြာအုပ်တို့ လုင်တို့ မှော်ဆရာတို့လို ဆရာသမားတွေနဲ့တွေ့ရင် ပိုလှပြီး အမြင်ဆန်းတဲ့ပုံတွေ အများကြီးရနိုင်တာမို့ ဆြာ့ ဆြာတွေကိုတောင် သတိရမိပါသေးတယ်။
ပိုပြီး စိတ်ဝင်စားအောင်ပြောမယ်ဆိုရင်….
ဘီယာနဲ့ငှက်ကြော်ကို အလျှံပယ် ဧည့်ခံလို့ သွားတဖြီးဖြီးတဲ့ အဝတီးနေကြတဲ့သူတွေကိုကြည့်ပြီး ရွာ့သမဂ္ဂအဖွဲ့ဝင်တွေကိုလည်း သတိရမိပါသေးတယ်။
ဒီနှစ်နွေမှာ ကားလမ်းပေါက်မပေါက် မသေချာပေမယ့် ………..
အဲဒီရွာကို သွားရအုံးမှာမို့ လိုက်ချင်သူများ ကြိုတင်စာရင်းပေးနိုင်တယ်နော်။ 😀
(ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့တဲ့အထဲမှာမှ အများပြည်သူကို မျက်စေ့ဒုက္ခပေးရတာ အားနာသောအားဖြင့် နည်းနည်းပဲ ရွေးပြီးတင်လိုက်ရတယ်။)
72 comments
အရီးခင်လတ်
July 22, 2013 at 1:01 am
မမ ရေ
ခရီးသွား ဓာတ်ပုံ အဆင် လေး ကို သဘောကျမိတယ်။
ထပ်တင်ပါဦး။
ကျွန်မချစ်တဲ့ မြစ်ကမ်းဘေး ရေနားနီးတဲ့ မြို့ကလေးအလွမ်းပြေ မို့ပါ။
တောကအစားအစာ တွေကိုရော မှတ်တမ်းမတင်ခဲ့ဘူးလား။
ဖုန်းကင်မရာ လေး နဲ့ရိုက်ထားတာတွေ ကလဲ လှတာပါဘဲ။
အောက်ဆုံးပုံလေးကဆို ပန်းချီကားလေးတောင် တူသေး။
ရွာ့ ပန်းချီဆရာ ဥရောပသား ကိုတောင် သတိရလိုက်တယ်။
😛
Ma Ma
July 22, 2013 at 2:00 pm
အိမ်ရှေ့ရေကပြင်မှာ လေတဖြူးဖြူးနဲ့ စကားတပြောပြောနဲ့ စိတ်ချမ်းသာပြီး စားစရာတွေ ရိုက်ဖို့ မေ့သွားတယ်။
လိုက်လာတဲ့ ဧည့်သည်တစ်ယောက်က …
ဒီအချိန်မှာ ခေါင်းအုံးလေးများချပေးလိုက်လို့ကတော့ တခါတည်းအိပ်ပျော်သွားမှာပဲ …. လို့တောင် ပြောသေးတယ်။
ချောင်းရိုးတလျှောက် ပဲ့ထောင်စီးရင်း ရေမှုန်ရေမွှားလေးတွေစင်တာ။
မြစ်ကမ်းဘေးတလျှောက်မှာ အလေ့ကျပေါက်ပင်တွေ ရေထဲမှာ ပေါလောပေါလောဖြစ်နေတဲ့ မြင်ကွင်းတွေ၊
တောသူတောင်သားတွေရဲ့ဖော်ရွေမှုတွေကြောင့် ဘာမှန်းမသိပဲ မွန်းကျပ်နေတဲ့ ရှိရင်းစွဲစိတ်တွေ ဘယ်ရောက်ကုန်မှန်းမသိပဲ ပေ့ါပါ့းလန်းဆန်းသွားတယ်။
ဥရောပသား ရွာ့ပန်းချီဆရာနဲ့တွေ့ရင် ဆေးတံသောက်ကြသူများဆိုတဲ့ ပုံလိုမျိုး မြန်မာ့ရှု့ခင်း မြန်မာ့စိတ်ရင်းပုံတွေ အများကြီး ရလာနိုင်တာပေ့ါ။ 🙂
Inz@ghi
July 22, 2013 at 6:41 am
မာမားရေ သား မိန်းမရတော့မဗျ…
ဟို အကြွားသန်တဲ့ လူမဲကြီးကို မခံချင်စိတ်နဲ့ ကြိုးစား လိုက်တာဖစ်ပါဂျောင်း…။
ဒချိဒချိ
ဦးကျောက်ခဲ
July 22, 2013 at 7:56 am
ဝါတွင်း ၃လ ဆိုတာကြီးနဲ့ ကျောက်စ်တို့ကို ကျော်တက်မည့်သူတွေကို…
ကျောက်စ် အသီးယားတယ် ဒယ်ဒီပါပါး ချစ်ဖေဖေ…
တောက်စ်… နေနှင့်ဦးပေါ့လေ…
Inz@ghi
July 22, 2013 at 8:03 am
စိတ်လျှော့ပါ တရုတ်မကြိုက်သူယီးရယ်… ငိငိ…
စကားဝဲဝဲလေးနဲ့ မညာတတ်တဲ့ တိုင်းရင်းသူလေးပဲ ကောင်းဒယ်…
ငိငိ..
ဦးကျောက်ခဲ
July 22, 2013 at 3:06 pm
အခုတော့ ညီဘွား ဒီစကားပြောပြီပေါ့လေ…
အရင်ကတော့ တရုတ်မကြိုက်သူ +၁ ဆို…
စံတော်ချိန် ၁နာရီလေးပိုစောတာကို…
အခုလိုကျော်တက်မယ်ဆိုလည်း…
သည်းခံပါတယ် အန်တီမာမားရယ်…
Ma Ma
July 22, 2013 at 2:24 pm
ကမာ္ဘ့အရှေ့ခြမ်းမှာ နေကြသူချင်းပေမယ့်…
သူက စံတော်ချိန်ပိုစောတာမို့ ကျောက်စ် သည်းခံလော့……. 😛
Ma Ma
July 22, 2013 at 2:03 pm
ကြားရတာ ဝမ်းသာစရာပဲ။
ဒါပေမယ့်တဖက်တည်းတီးတဲ့ လက်ခုပ်တော့ မဖြစ်ပါစေနဲ့။ 😆
Inz@ghi
July 22, 2013 at 2:19 pm
အထင် စမောထှာ မာမားရာ…ကျောက်ဆင်းတု ခေါင်းငြိမ့် မောင်ဂီ့ ပါဗျ…
Ma Ma
July 22, 2013 at 2:27 pm
နာမည် စီးမှာကို စိုးရိမ်မိတာပါ။ 😀
Garfield
July 22, 2013 at 7:46 am
ဒီ နေ့ အဝ ကြွားတော့မဲ့ ဟို ငနဲကို ကြောက်လို့ ရွာထဲမလာဘူး ဆုံးဖြတ်သော်ငြားးး
ချစ်မ ပို့(စ) စိမ်းစိမ်းလေး လာကြည့်ပြီးစိတ်အေးချမ်း၊ မျက်စိ အေးချမ်းသွားပါကြောင်းးး
နားကတော့ မနေ့ကတည်းက ပူနေလို့။
ဦးကြောင်ကြီး
July 22, 2013 at 9:20 am
ဘီယာငှက်ကြော်
အီဆာနတ်ကတော်
ကြည်ပြာရှက်အော်
မီတာတက်သနော်
ဒီမှာလာဘ်ခေါ်
နီလာဇာတ်မျှော်
ပီဇာတဝက်ဆော်
ညီညာမြတ်ပျော်…။
Ma Ma
July 22, 2013 at 2:06 pm
မောင် ကို မနိုင်ရင် ယောင်းမနဲ့ ကိုင်ရမှာမို့ လောလောဆယ် သည်းခံပေးလိုက်ပါ ခိုင်ဇာရေ။ 🙂
Inz@ghi
July 22, 2013 at 2:22 pm
သမီးလေး အခါလည်လောက်မှ အလွမ်းပြေ ပြန်လာခဲ့ဘာ့မယ် မာမားရယ်..
အော်.. ကွိကိုယ် ..မစွံ မစွံ နဲ့ .. စွံနိုင်ပါရိုးလား ..အားနေ ဒီထဲ လာ တပြားမှမရတဲ့ စာရေးစာဖတ် လုပ်နေတာကိုး…။
ကနေ့ကစပီး ကလောင် သိမ်းဘီ …အဲ .. မှုတ်ဖူး …သူတယောက်အတွက်သာရေးတော့မည်…ဒချိဒချိ..
KZ
July 22, 2013 at 2:25 pm
ခု သမီးလေး ရနေပြီကိုးးးး
အဝေးကနေကို စွမ်းတာဟယ်။
ငိငိငိ။
Ma Ma
July 22, 2013 at 2:12 pm
အခုသွားလည်တဲ့ ရွာကအိမ်မှာ ကြောင်လေးတစ်ကောင်ရှိတယ်။
သူ့မွေးပြီး မျက်စေ့တောင် မဖွင့်သေးခင် ကြောင်မကြီး သေသွားလို့ အဲဒီအိမ်မှာ မွေးထားတဲ့ ခွေးမကြီးက နို့တိုက်ပြီး မွေးခဲ့တာ။
ခွေးမကြီးက ကြောင်လေးကို သူ့သားလေးလိုပဲ ခုချိန်ထိ စောင့်ရှောက်နေပြီးတော့…..
အဲဒီကြောင်ကတော့ လူလည်ကျ လူပါးဝတယ်ဆိုပဲ။ 😆
surmi
July 22, 2013 at 9:23 am
ကားလမ်းမပေါက်ခင်သွားချင်ပါကြောင်းးး
ရေမကူးတတ်ပါ သို့သော် မိုလာပုံးနှစ်လုံယူလာမည်ဖြစ်ကြောင်းးးး
အမှန်တော့ ြမြို့ပြရဲ့ မွန်းကျပ်မှုတွေပြေလျော့စေတဲ့ ခရီးလေးပါ
ခရီးထွက်ရင် ရွှင်လန်းစေတာမို့ တစ်နေ့အဆင်ပြေလျှင် ……….. 🙂
Ma Ma
July 22, 2013 at 2:15 pm
ကားလမ်းပေါက်ရင် သွားရလာရလွယ်ကူပေမယ့် အခုလို ချောင်းရိုးတလျှောက်ပဲ့ထောင်စီးရတဲ့အရသာကို မရနိုင်ဘူး။
မိုးမရွာလို့ ကံကောင်းတာလည်း ပါတယ်။
တစ်နေ့အဆင်ပြေလျှင်…….. 🙂
အလင်း ဆက်
July 22, 2013 at 9:24 am
ကျွန်တော် ့ရဲ ့ရွာ ( ကျွန်းကလေး )ကို အသွား..လမ်းခရီးမြင်ကွင်းတွေနဲ့လည်း.ခပ်ဆင်ဆင်မို ့..
လွမ်းသွားပါတယ် ။
ဟို ဝါးတံတားလေးတွေလ်ိုမျိုး.. ရွာမှာ.. အမြဲလိုလို ကူးခဲ့ ရတာမို ့…..
ကူးရဲပါတယ် ။
😆
Ma Ma
July 22, 2013 at 2:19 pm
တံတားလေးကို ကူးရဲတယ်ဆိုရင် စာမေးပွဲအောင်ပြီ။
ရွာသွားရင် ခေါ်သွားရမယ်။ 😀
ဦးကျောက်ခဲ
July 22, 2013 at 2:31 pm
မောင်ကျောက် ဖခင်ဇာတိရွာက အဲသည်လိုပဲမို့ လွမ်းသွားတယ် အန်တီမာမားရေ…
ရွာသွားရင် တောထမင်း တောဟင်းတွေက စားရမိန်တာမို့ စားစရာပုံပါမလား ပြူးပြဲရှာမိသေး…
Ma Ma
July 22, 2013 at 8:46 pm
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့ဒေသနဲ့သူ စားစရာတွေက ကွဲပြားလေ့ရှိတယ်။
ကိုယ်တိုင်တော့ ကိုယ့်ဇာတိမို့လား မသိဘူး ကျွေးသမျှကို စားကောင်းနေတော့တာပဲ။
အဲလိုနဲ့ စားစရာတွေ ရိုက်ဖို့ မေ့သွားတာ တစ်ပုံမှကို ပါမလာဘူး။
kai
July 22, 2013 at 2:42 pm
ရွာတွေတွေ့ရင်.. လွမ်းတော့လွမ်းတယ်..
ဘာလွမ်းမှန်းမသိ….
ဖါးတွေငါးတွေရိုက်ပြီးစားရရင်တော့.. ရှယ်နေမှာ…
Inz@ghi
July 22, 2013 at 2:47 pm
မန့်မယ့်မန့်တော့လည်း သူများ အသက်တွေ ချည်း ကြံဇီနေတော့တာပါလား …။
ကျေးဇူးတော် ချီးမွမ်းနေတုန်း အကုသိုလ် ဖြစ်ထှာ ဗျာ…
အာမင်..။
ဦးကျောက်ခဲ
July 22, 2013 at 2:59 pm
ကျေးဇူးတော် ချီးမွမ်းပြီး ကိုယ်တော့်အတွက် တစ်ခွက်၊
ဂါးဂါးလေးအတွက် တစ်ခွက်၊ ပိုသောက်လိုက်လေ…
အာမင်…
Inz@ghi
July 22, 2013 at 3:04 pm
အူးလေး ကျော်တို့အနားမယ် ဘယ်ရွာသူားမှ မရှိတာ ကံကောင်းတယ်ဗျ..
နို့မို့ သောက်ညင်ကပ်ပုဒ်မနဲ့ ဒါးထိုးခံရလောက်ဘီ …ငိငိ..။
ခုတောင် လူလွှတ် သတ်ခိုင်းမလား မဆိုနိုင်။
kai
July 22, 2013 at 3:08 pm
အခုတင်ဒိန်ချဉ်သောက်နေတာ..
ဗူးမှာရေးထားတာက.. ဘာတဲ့.. ” 15 Billion Live Probiotics” တဲ့…
ကောင်းပါလေ့.. ( ကျမ်းမာရေးအတွက်.. )
Lowfat Yogurt Drink, 15 Billion Live Probiotics … – MyFitnessPal.com
http://www.myfitnesspal.com/…/dahlicious-lassi-oregon-strawberry-lowfat-yog…
Calories in Dahlicious Lassi Oregon Strawberry Lowfat Yogurt Drink, 15 Billion Live Probiotics, 30% Real Fruit. Find nutrition facts for Dahlicious Lassi Oregon …
ဦးကျောက်ခဲ
July 22, 2013 at 3:17 pm
ဟီဟိ… မှတ်မိသေးတယ်၊ RC-2 အလယ်ကန်တင်း…
ဆရာမတစ်ယောက်ရဲ့ ခင်ပွန်းဟောင်းဆိုင်မှာရေးထားတာ က…
” ဥတုဘောဇန ကျမ်းအလို…
ဒိန်ချဉ်သည် သလိပ်ကိုကြေစေ၏
အားကိုဖြစ်စေ၏ သုပ်ကိုပွါးစေ၏ ” …. တဲ့
မောင်ကျောက်တို့ လက်ကမြင်းပြီး အောက်ကဆက်ဖြည့်လိုက်တာ…
နောက်နေ့ ကျော်ငြာသင်ပုန်းကြီးရှေ့ လူတအုံးအုံးနဲ့
Inz@ghi
July 22, 2013 at 3:42 pm
သူညှီဘီ
Ma Ma
July 22, 2013 at 7:04 pm
ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံးပဲလို့ ပြောလာရင် ….
ကျောင်းတက်ရ၊ စာကျက်ရ၊ စာမေးပွဲဖြေရနဲ့ ဘယ်လောက်ပင်ပန်းသလဲလို့ ပြောခဲ့မိတာတွေကို အလုပ်ခွင်ဝင် စီးပွားရှာရတဲ့အခါကျတော့မှ ဘွာတေးချင်မိတယ်။ 😛
ဦးကျောက်တို့ မောင်ဂီတို့လို ဇဝနဉာဏ်ရွှင်သူတွေရဲ့ ကျောင်းတုန်းကဇာတ်လမ်းဆို အင်မတန်ဖတ်လို့ ကောင်းတာ။ 🙂
Ma Ma
July 22, 2013 at 8:11 pm
သဂျီးလာရင် လိုက်ပို့ပေးမယ်။
အဲဒီသွားရင်းနဲ့ အင်းလေးထဲမှာ ပဲ့ထောင်စီးပြီးသွားရတာကိုတောင် သတိရမိတယ်။
ညောင်ချောင်းသာဆိုပြီး ညောင်တုံးက လုပ်သလို….
နော်အင်းလေး ဆိုပြီး ပန်းတနော်က အင်းလေးလို့ လုပ်ရင် ကောင်းမလားလို့။ 🙂
ကိုရင်စည်သူ
July 22, 2013 at 3:22 pm
ကျဲကျဲ ရေ… အဖေ့ရွာဘက် လည်း အဲ့လိုမျိုးဆိုတော့ သတိရသွားပါတယ်…
ဘယ်အရပ်လဲဗျ.. ဧရာဝတီတိုင်းဘက်က ရွာလေးတွေနဲ့ ခင်ဆင်ဆင်မို့ပါ.. ကျဲကျဲ… 😆
Ma Ma
July 22, 2013 at 7:21 pm
ဧရာဝတီတိုင်းထဲက ချောင်ကျကျရွာလေးပါ။
မိုးတွင်းမို့ ကုန်းတတန် ရေတတန်သွားလို့ရတဲ့အချိန်က အဆင်အပြေဆုံးပဲ။
နွေမှာဆို တာလမ်းအတိုင်း မြေပက်ကြားအက်တွေနဲ့ လျှောက်ပေရော့………. 🙁
Mr. MarGa
July 22, 2013 at 5:10 pm
ပုံတွေ ကြည့်ပြီးတဲ့ အခါမှာ
သွားပြီးတော့ အေးအေးဆေးဆေး စာထိုင်ရေးချင်စိတ် ပေါက်တယ်
(စကားမစပ် မှတ်ဉာဏ်တုတ်ချောင်းအတွက် ဒေါ်လေးနဲ့ အန်တီမမကို ကျေးကျေးပါ လို့ ) 🙂
Ma Ma
July 22, 2013 at 7:52 pm
နေ့ချင်းပြန်သွားရင် ပျော်စရာကောင်းသလောက်… ရေးစရာတွေ အများကြီး ထွက်လာမယ်ထင်တယ်။
အဲ- ညအိပ်ညနေဆိုရင်တော့ ငိုချင်စိတ်ပေါက်သွားလိမ့်မယ်။
မှတ်ဉာဏ်တုတ်ချောင်းတဲ့လား သိကြားရယ်။ 😀
မောင်ဘလိူင်
July 23, 2013 at 11:19 am
အပေါ်က မောင်သိကြားလိုပဲ မှတ်ဉာဏ်တုတ်ချောင်း အတွက် ကျေးဇူး
တင်ပါတယ် အန်တီမမ ခင်ဗျား..
မိုး မင်းသား
July 22, 2013 at 7:16 pm
သေချာတာကတော ့…..အန်တီမမသွားတဲ ့ရွာလေးကိုအခုတောင်…
သွားလိုက်ချင်မိရဲ ့…တကယ်ဗျ…..
ကျွန်တော်ကရေမြင်ရင်ကိုပြောနေတာဗျ……လှပတဲ ့နေရာလေးတစ်ခုပါ…..
ဒါကြောင် ့…ကြိုပြီးစာရင်းပေးသွားပါတယ်…..အန်တီမမရေ……
Ma Ma
July 22, 2013 at 8:08 pm
မြစ်ဝကျွန်းပေါ်က မြို့တွေအားလုံး ကားလမ်းပေါက်ကုန်ကြပြီဆိုတော့….
ရေလမ်းနဲ့ သွားရရင် သွားရေးလာရေးခက်ခဲတယ်ဆိုပြီး ညည်းညူကြပေမယ့်…
တကယ့်တကယ်ကျတော့ မတူထူးခြားတဲ့ အရသာတွေက စိတ်ချမ်းသာစရာကောင်းတယ်။
ဧည့်သည်လာရင် ကလေးလူကြီးအားလုံးပျော်နေတတ်ကြတဲ့ စရိုက်လေးက ချစ်စရာကောင်းတယ်။
သွားဖြစ်ဖို့အတွက် မိုးမင်းသားဆီက မဲတစ်မဲရပြီ။ 🙂
လုံမလေးမွန်မွန်
July 22, 2013 at 8:31 pm
ရွာပွဲမှာ မဆုံလိုက်ရတာ စိတ်မကောင်းပေမယ့် ဒီခရီးသွားခဲ့ရတဲ့ တီတီ့ကိုတော့ အားကျမိသား…
သမီးလည်း ကျောင်းပိတ်ရက်တွေဆို အမျိုးတွေရွာကို အလည်သွားတယ်.. အခုတောင် သွားချင်စိတ်ပေါက်နေတယ်.. မွန်းကြပ်နေတဲ့ ရန်ကုန်မြို့က ခဏလောက်ထွက်ချင်နေတာ အမှန်ပဲ…
တံတားလေးကတော့ သမီးသာဆိုရင် စာမေးပွဲအောင်ပါတယ် တီတီရေ…
ငယ်ငယ်ကဆို လက်တန်းဝါးလုံးမပါဘဲ ဝါးတစ်လုံးတည်းတံတားပေါ်ကို မြောင်းအလယ်မှာ စိုက်ထားတဲ့ ဝါးလုံးလေးတစ်ချောင်းတည်းကို အားပြုပြီး ဒီဘက်ကနေ ဟိုဘက်ကို ကူးခဲ့ဖူးကြောင်းပါ….
Ma Ma
July 22, 2013 at 8:39 pm
ပွဲနဲ့လွဲသွားပြီး မလာနိုင်လို့ မနာလိုဝန်တိုစိတ်နဲ့ ရေးလိုက်တာ မဟုတ်ဘူးလို့ မပြောဘူးနော်။
ကိုပေါက်(မန္တလေး)
July 22, 2013 at 10:30 pm
ဒီတစ်ခေါက်ပုသိမ်ကိုအသွား ပန်းတနော်လမ်းခွဲရောက်တော့ အစုကြီးကိုသွားခဲ့တာသတိရမိပါတယ်.
နောက် ချောင်းကလေးတွေထဲမှာလှေလေးတွေနဲ့သွားနေတာတွေ့တော့ အတော်လေးကိုအမြင်ဆန်းတယ်လို့ ထင်မိပါကြောင်း
Ma Ma
July 23, 2013 at 7:01 am
ဟိုးအရင်ကဆိုရင် အဲလိုစက်တပ်လှေ (ဒေသအခေါ် ပဲ့ထောင်) ကိုပဲ တစ်နယ်လုံးရဲ့ သွားလာရေးအတွက် အဓိက သုံးကြရတယ်။
ခုခေတ်မှာတော့ ကားလမ်းတွေ ပေါက်ကုန်တော့ အဲလိုပဲ့ထောင်နဲ့ သွားရတဲ့ရွာက အင်မတန်နည်းသွားပြီ။
ကားလမ်းပေါက်ရင် ၅မိနစ် ၁ဝမိနစ်လောက်ပဲ ကြာနိုင်တဲ့ခရီးကို ရေလမ်းက ဆိုတော့ နာရီဝက်လောက်သွားရတယ်။
မိုးလည်းမရွာတော့ လေညှင်းခံထွက်ရသလိုပဲ အင်မတန်ပျော်ဖို့ကောင်းတယ်။
အဲဒီခရီးနဲ့ ကိုပေါက်နဲ့တွေ့ရင်လည်း ဓာတ်ပုံတွေ အများကြီး ရနိုင်တယ်။ 🙂
Inz@ghi
July 23, 2013 at 7:08 am
မွန်ပြည်သစ်ပါတီကထွက်ပီး ကေအင်ယူ ထဲ ဝင်ချင်တယ် မာမားရယ်..ငိငိ
Ma Ma
July 23, 2013 at 4:42 pm
လိုက်မမီတော့ပါလားကွယ် 🙁
manawphyulay
July 23, 2013 at 7:55 am
မနောလည်း အဲလို စိမ်းစိမ်းစိုုစိုရွာလေးတွေမြင်ရင် အရမ်းသွားချင်မိတယ်တီတီမမရယ်
Ma Ma
July 23, 2013 at 2:40 pm
မြို့ပြနဲ့မတူတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းက ဘာမှန်းမသိပဲ မွန်းကျပ်နေတဲ့စိတ်တွေကို ပျောက်သွားစေလို့ ပျော်ခဲ့ရပါတယ်။
အဆင်ပြေရင် ဒို့ရွာသူားတွေကို အလည်ခေါ်ချင်စိတ်ပေါက်တယ်။
အစားအသောက်အတွက် မပူရပေမယ့်……
ဆင်းရဲနွမ်းပါးတဲ့ဒေသမို့ အနေအထိုင် အဆင်မပြေမှာကိုတော့ စိုးမိသား။ 🙁
weiwei
July 23, 2013 at 9:16 am
မနှစ်က တွံတေးဘက်မှာ ပဲ့တောင်နဲ့သွားခဲ့ရတာလေး သတိရမိတယ် … အဲဒီလို ခံစားချက်မျိုးကို အရမ်းကြိုက်တယ် ..
နောက်တစ်ခေါက်သွားအုန်းမယ်ဆိုရင် လိုက်ချင်ပါတယ်
Ma Ma
July 23, 2013 at 4:03 pm
တွံတေးက မြစ်ထဲမှာ စီးရတာမို့ ရေမကူးတတ်တဲ့သူတွေ ကြောက်ချင်ကြောက်နေနိုင်သေးတယ်။
ခုက ချောင်းရိုးလေးမှာမို့ ကြောက်စရာမလိုပဲ အချိန်အကြာကြီးလည်း မဟုတ်တော့ လေညှင်းခံထွက်ရသလိုပဲ အရမ်းပျော်ဖို့ကောင်းတယ်။
ဘယ်တော့သွားဖြစ်မလဲ မသိသေးပေမယ့် နောက်သွားဖို့ ရှိသေးလို့ လက်တို့လိုက်မယ် ဝေဝေရေ။ 🙂
ဦးကျောက်ခဲ
July 23, 2013 at 4:10 pm
လမ်းကြုံရင် ကျောက်စ်တို့လည်း လိုက်ချင်ပါကြောင်း…
ဟီ ဟိ အတည်ပြောသည်ဟု မှတ်ပါရန်…
ဆောင်းတွင်းဘက်ဆို စားစရာပိုပေါမယ် ထင်ပါ့…
Ma Ma
July 23, 2013 at 5:01 pm
အင်းထဲမှာရှိတဲ့ တံငါရွာမို့ အစားအသောက်အတွက် ပူစရာမလိုပေမယ့်…….
မြို့သားတွေအတွက် အနေအထိုင်အဆင်မပြေပါပဲ စိုးရိမ်ရပါတယ်။
မဟာရာဇာ အံစာတုံး
July 23, 2013 at 9:28 am
ရွာ့ရှုမျှော်ခင်းတွေ မြင်မိပြန်တော့
လွမ်းမိပေါ့ ဇာတိမြေ
လာကြည့်လေ လက်ယက်ကာ ပျူငှာပါလို့
သာသည့်မြေ ပြန်မနင်းနိုင်သေးပေမင့်
ဇာတိတွေ ဆုံးတဲ့အခါမှာလေ …
အော် … အရိုးဖြင့် မြေကျချင် …..။
Ma Ma
July 23, 2013 at 5:03 pm
မဟာရာဇာကြီးက အရိုးဖြင့် မြေကျချင်ဆိုတော့………..
ငါ့ထက်ကြီးသူ ငါ့ငယ်သူ သေသူများလှပြီ ဆိုတာကို သွားသတိရမိပြီး နည်းနည်း တုန်လှုပ်သွားတယ်။
Ma Ei
July 23, 2013 at 9:53 am
ရွာရှုခင်းလေးတွေ လှလဲလှ စိမ်းစိမ်းစိုစိုမို့ အမြင်လဲအေး
စိတ်ချမ်းသာစရာကောင်းလိုက်တာ…
ရေကြောက်ပေမယ့် ရေတွေ့ရင်လဲ ပျော်နေပြန်ရော…
ဂဇက်ပွဲနေ့ လာမယ်ထင်ထားလို့ ဖုန်းဆက်လိုက်မိတာ…
စေတီဂမုန်းပင်လေးပေးလိုက်တယ်နော်…
🙂
Ma Ma
July 23, 2013 at 5:05 pm
မအိရေ-
တကူးတက ယူလာပေးတဲ့ စေတီဂမုန်းပင်လေးရပြီနော်။
ကျေးဇူးလည်း တင်၊ ဝမ်းလည်း သာပါတယ်။
🙂
kyeemite
July 23, 2013 at 12:04 pm
ဘီယာနဲ့ငှက်ကြော်ကို အလျှံပယ် ဧည့်ခံလို့ သွားတဖြီးဖြီးတဲ့ အဝတီးနေကြတဲ့သူတွေကိုကြည့်ပြီး ရွာ့သမဂ္ဂအဖွဲ့ဝင်တွေကိုလည်း သတိရမိပါသေးတယ်။
အင်း..ဒီအချက်တော့ စိတ်ဝင်စားတယ်အန်တီမမရေ…စားကောင်းလိုက်မဲ့ဖြစ်ချင်း…
သတိရဖေါ်ရလို့ကျေးဇူးပါဗျာ..
ကျုပ်တို့ကလည်း တွေ့ဆုံပွဲကနေသတိရနေကြတာပါ..
Ma Ma
July 24, 2013 at 7:06 am
အင်းထဲက တံငါရွာလေးဆိုပေမယ့် ရန်ကုန်ကို အရောက်အပေါက်များလို့ လူရည်လည်တယ်လို့ ပြောလို့ရတာမို့ ဧည့်သည်အကြိုက် ဧည့်ခံတတ်တယ်။
ရောက်ရောက်ချင်းတော့ ဧည့်သည်တွေက အင်တင်တင်ဖြစ်နေကြပေမယ့် နောက်တော့လည်း ဟန်မဆောင်နိုင်တော့ဘူး။ 😆
အဲဒီက ရွာသူားတွေကတော့ တောသူတောင်သားတွေပီပီ ဧည့်သည်လာရင် ပျော်နေကြတာ။
ခင် ခ
July 23, 2013 at 4:35 pm
လွတ်လပ်ပေါ့ပါး ခရီးသွား ဓာတ်ပုံရှုခင်းတွေမြင်ရတော့လည်း ခရီးတစ်ခုကို သွားချင်သလို ဖြစ်မိပြန်တယ်ဗျ၊
Ma Ma
July 24, 2013 at 7:28 am
ကိုယ်တိုင်ကပဲ ဝါသနာပါလို့လားတော့ မသိဘူး ခရီးသွားရတာကို ပျော်တယ်။
ရောက်ဖူးတဲ့နေရာပဲဖြစ်ဖြစ်၊ မရောက်ဖူးတဲ့ နေရာပဲဖြစ်ဖြစ် ခရီးသွားရရင်ကို ပျော်တာ။
ဒါ့အပြင် နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားရသလို ခံစားရလို့ ခရီးသွားဖို့ကို အားပေးတယ်။ 🙂
ဦးဦးပါလေရာ
July 23, 2013 at 5:23 pm
လမ်းကြပ်ကြပ် ကားကြပ်ကြပ်တွေပေါ်က ထွက်လာပြီး
ဒီပိုစ့်လေး ဖတ်ရတော့ ပုံတွေကြည့်ပြီး ရင်ထဲအေးချမ်းသွားလိုက်တာ…
ဧည့်သည်အဖြစ်နဲ့ဆို တော်တော် နေလို့ လည်လို့ကောင်းမယ်..
ရွာသားတွေအတွက်တော့
(ဘယ်တော့ ဘယ်တော့မှ လျှပ်စစ်မီးမပေးဖို့ ဆုံးဖြတ်ထားပုံရတဲ့ အစိုးရကြောင့်) သိပ်အဆင်မပြေသေးလောက်ဘူး..
ဒီပိုစ့်ကို မနေ့ကတည်းကဖတ်တာ
မန့်လို့မရလို့….
MEC Tel ရဲ့ကျေးဇူးတွေပေါ့..။
Ma Ma
July 24, 2013 at 7:34 am
(ဧည့်သည်အဖြစ်နဲ့ဆို တော်တော် နေလို့ လည်လို့ကောင်းမယ်..
ရွာသားတွေအတွက်တော့
(ဘယ်တော့ ဘယ်တော့မှ လျှပ်စစ်မီးမပေးဖို့ ဆုံးဖြတ်ထားပုံရတဲ့ အစိုးရကြောင့်) သိပ်အဆင်မပြေသေးလောက်ဘူး..)
ဦးပါရဲ့ နတ်မျက်စေ့ ပုလင်းကွဲကို ခဏငှားချင်တယ်။ 😛
အဲဒီရွာမှာနေကြတဲ့သူတွေအဖို့ကတော့ လျှပ်စစ်မီးမရှိတာ၊ ဂျိုးဖြူရေမရတာ၊ ရေဆိုးမြောင်းမရှိတာတွေကို အသားကျပြီးဖြစ်လို့ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာလို့ မထင်ကြတော့ပါဘူး။ (ထင်ရမှန်းလဲ မသိကြပါဘူး။) 🙁
uncle gyi
July 23, 2013 at 11:07 pm
ထူးအိမ်သင်ကကျေးလက်ကအမေ့အိမ်ကလေးတဲ့
မမက ကောဘယ်သူ့အိမ်ကလေးလဲ
Ma Ma
July 24, 2013 at 9:29 am
အသက်၈ဝရှိပြီဖြစ်တဲ့ အမေက သွေးသားစပ်တဲ့ဆွေမျိုးတွေရော၊ သွေးသားမစပ်တဲ့ ရပ်ဆွေရပ်မျိုးတွေကိုရော တွေ့ချင်စိတ်နဲ့ ကိုယ့်ဇာတိကိုသွားမယ်ဆိုရင် ရှေ့ဆုံးကတက်ကြွနေတတ်တာမို့….
အကြောင်းတိုက်ဆိုင်လာတိုင်း မကြာခဏသွားဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် မွေးရပ်မြေကအိမ်ကလေးပေ့ါ။ 🙂
lele kyi
July 24, 2013 at 5:03 pm
ကျမ ရဲ့ ကြီးပြင်းခဲ့တဲ့ ရွာကလေး ကလည်း အဲလိုပါပဲ။ မြစ်ချောင်းပေါတဲ့ ဧရာဝတီတိုင်းရဲ့ထုံးစံ တံတားတွေ အစီအရီပေါ့ ။ ငယ်ငယ်ကဆို အဲလို ဝါးတစ်လုံး တံတားပေါ် အသဲယားယားနဲ့ ကျော်ဖြတ်ခဲ့ဖူးပါပေါ့။ တံတားအောက်ကအရှိန်ပြင်းပြင်းနဲ့စီးနေတဲ့ရေတွေကြည့်မိရင်ခြေထောက်တွေယားလာပြီးမခိုင်ချင်တော့ဘူး။ jungle adventure ပါပဲ။
Ma Ma
July 30, 2013 at 10:52 am
လီလီငယ်ငယ်က စာဖတ်သန်တဲ့အကြောင်း၊ တောရွာလေးကနေ မြို့မှာ ကျောင်းတက်တဲ့အကြောင်းတွေဖတ်ဖူးပြီး မြစ်ဝကျွန်းပေါ်သားချင်းဆိုတာလည်း မှတ်မိနေတယ်။
ဟိုးတုန်းက ကားလမ်းနဲ့သွားလို့ရတဲ့ မြစ်ဝကျွန်းပေါ်မြို့တွေဆိုတာ အင်မတန်နည်းပါးလို့ လမ်းပန်းဆက်သွယ်ရေးမှာ ရေကြောင်းကိုသာ အားကိုးခဲ့ရတယ်။
လှေနဲ့သွားရတာ ခရီးမတွင်တဲ့အပြင်….
လှေအဆင်းမြင်းအတက် ဆိုသလို အတက်အဆင်းလည်း အင်မတန်ခက်တာမို့ မြို့သူားတွေဆိုရင် အလည်လာရမှာ ကြောက်ကြတယ်လေ။
မောင် ပေ
July 24, 2013 at 7:07 pm
အာရကေများပေါလို ့ကတော့
အဲဒီရွာကလေးဆီ
တစ်ခါလောက်လှမ်းလျှောက်အလည်သွားချင်စမ်းပါဘိသနဲ ့ကွယ်
Ma Ma
July 30, 2013 at 10:56 am
မောင်ပေရေ-
အာရကေပေါဖို့မလိုပါဘူး။
ရန်ကုန် မန်းလေးကားခလောက်ရှိရင်ကို အဆင်ပြေပြေသွားနိုင်ပါပြီ။ 🙂
padonmar
July 24, 2013 at 10:53 pm
ဝါးတံတားလည်း ကူးရဲပါတယ်။
တောသူပဲ။
ဖုန်းကင်မရာလေးကလည်း အတော်လှတဲ့ပုံတွေ ထွက်တာပဲနော်။
(ကိုယ့်ချင်းချင်းဆိုတော့ မြှောက်ပေးရတယ်လေ)
Ma Ma
July 30, 2013 at 10:59 am
သူငယ်ချင်းတွေစုပြီး စက်ရုံဆင်းတုန်းက ….
စက်ဘီးဆိုလည်း စီးတတ်တာပဲ၊
ရေလည်းကူးတတ်တယ်။
ကြက်တောင်လည်း ရိုက်တတ်တယ်။
လမ်းလျှောက်သွားရမယ်ဆိုလည်း ရတာပဲ။
ဒေါင်လိုက်ကျကျ ပြားလိုက်ကျကျ နေနိုင်တယ်ဆိုတော့ ဝိုင်းပြီးဩဘာပေးကြတယ်…တောသူမို့ တဲ့။
Yin Nyine Nway
July 25, 2013 at 11:04 am
အန်တီမမ
နောက်တခါသွားရင် အနော့်ကိုခေါ်နော်
လိုက်ချင်တယ်.. အဲနေရာလေး
Ma Ma
July 30, 2013 at 1:18 pm
တကယ်ခေါ်ရင် လိုက်နိုင်ပါ့မလား တစ်ယောက်နဲ့တစ်ပိုင်း နွေးသီးလေးရေ။ 😀
โทรศัพท์มือถือ
July 30, 2013 at 10:14 am
စိမ်းလန်းစိုပြေသာယာနေတဲ့ မြင်ကွင်းလေးတွေကို မြင်လိုက်ရတာ အေးချမ်းလိုက်တာ….
အဲ့လိုရွာလေးကို အလည်တစ်ခေါက်လောက်တော့ အခွင့်ရှိရင် ရောက်ဖူးချင်ပါတယ်….
ပဲ့ထောင်တွေဘာတွေ စက်လှေတွေနဲ့ မသွားပဲ လှေတစ်စီးလောက်ကို ကိုယ့်ဖာသာ
လှော်ပြီးသွားရရင် ပိုပျော်ရွင်ဖွယ်ရာကောင်းမယ်…….
ကျနော်ကတော့ အဲ့လိုချောင်းမြောင်းလေးတွေမြင်ရရင် ငါးဖမ်းချင်စိတ်အားကြီးကိုဖြစ်မိတယ်….
Ma Ma
July 30, 2013 at 1:44 pm
ပြောရမယ်ဆိုရင် မြစ်ဝကျွန်းပေါ်မြို့တွေအကုန်လုံး ကားလမ်းနဲ့သွားလို့ရနေပြီ။
ရွာတွေတောင် ခုလို ရေလမ်းသုံးရတဲ့ရွာက ခပ်ရှားရှားဖြစ်နေတာ။
အဲဒီရွာတဝိုက်မှာတော့ လက်လှော်လှေနဲ့ စက်တပ်လှေကိုပဲ ခုချိန်ထိ သုံးနေရတုန်းပဲ။
ဒီရွာလေးတောင် နောက် ၁နှစ် ၂နှစ်လောက်ဆိုရင် အခုလို သွားရတဲ့ အရသာမျိုးမရနိုင်တော့ဘူး။ 🙂