“အရပ်ထဲ ဇာတ်ပွဲရယ်တဲ့ ကြည့်ရအောင်”

nicolus agralJuly 23, 20131min1654

ဦးရာဇတ် နဲ့ ရဲဘော်မောင်ထွေးကို မြန်မာမဟုတ်ဘူး။ အလေးမပြုနိုင်ဘူး ပြောတဲ့သူတွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ သူတို့တတွေကရော မြန်မာမှ ဟုတ်ပါ့မလား။ မြန်မာဆိုတာ ဘာကြီးပါလိမ့်။ ဦးနုတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်သွားလို့ မရခဲ့ဘူးလေ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ နိုင်ငံသားနဲ့ ရောထွေးပစ်လို့မှ မရပဲ။ မြန်မာလို့ ပြောလိုက်ရင် သူ့ဘာသူ ဘာဘာသာကိုးကွယ်ကိုးကွယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံပါ အကျုံးဝင်တယ်။ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာခဲ့သူအားလုံး မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ တိုင်းရင်းသားအားလုံး ဘယ်တိုင်းရင်းသားမဆို လူမျိုးအနေနဲ့သာ ကွဲပြားစွာ ရပ်တည်လို့ရတယ်။ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားသာ ဖြစ်တယ်။ ဒီ့ထက်ရှင်းတာလည်း မရှိဘူး။ ဒီလောက်သပွတ်အူလိုက်ပြီး ရှင်းလို့ မဆုံးတဲ့ ကိစ္စလည်း မရှိဘူး။ ဘာလို့ဆိုတော့ အမှန်အမှား မသုံးသပ်၊ သူများစကား နားမထောင်ပဲ ကိုယ်လိုချင်တာတစ်ခုတည်းကိုပဲ မျက်စိပိတ် နားပိတ်ငြင်းနေကြတာကိုး။ နားရင်းလေး တစ်ချက်နှစ်ချက် ပိတ်အုပ်ပလိုက်မှပဲ ဂယောင်ဂတမ်း အော်နေတာတွေ ရပ်သွားပြီး လူလိုသူလို နားလည်အောင် ရှင်းြ့ပလို့ရမယ် ထင်ပါရဲ့။

နိုင်ငံတစ်နိုင်ငံကို ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်း အခြေခံပြီး ပိုင်းခြားခွဲထွက်ပစ်လို့ မရဘူးဆိုတဲ့စကားဟာ လွတ်လပ်ရေးရကာစ အိန္ဒိယမှာ နေရူးကြီး တဖွဖွပြောခဲ့တဲ့စကားပါ။ သူအတန်တန် တားဆီးစေ့စပ်နေတဲ့ကြားကမှ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်က ကွဲထွက်သွားပါတယ်။ အဓိကအကြောင်းပြချက်ကတော့ ဟိန္ဒူ နဲ့ မူဆလင် ဘာသာချင်း မတူလို့ အတူတူတွဲမနေနိုင်ပါဘူး ဆိုတဲ့အကြောင်းရင်း။ ပဲလှော်ကြားဆားညပ်သလို အချောင်နှစ်ခြမ်းကွဲသွားရတဲ့ ပြည်နယ်ကတော့ ဆစ်ခ်လူမျိုးတွေနေတဲ့ ပန်ဂျပ်ပြည်နယ်ပါ။ ဟိန္ဒူလည်းမဟုတ်၊ မူဆလင်လည်းမဟုတ်ပဲ ပါကစ္စတန်ထဲတစ်ခြမ်း၊ အိန္ဒိယထဲတစ်ခြမ်း ပဲ့ပါသွားတယ်။ သူတို့မှာလည်း သူတို့အယူသူတို့ဘာသာ သီးခြားရှိတဲ့အခါမှာ ဘာသာရေးပွဲတွေ ကျင်းပတိုင်း မခေါ်တဲ့ အိမ်နှစ်အိမ် တစ်ဘက်စီပါသွားတဲ့ ဖိနပ်တစ်ရံ ပြန်ပြန်စုသလို စုစုနေရတာကြောင့် နောက်ဆုံးမှာ သူတို့လည်း သီးခြားခွဲထွက်ခွင့်တောင်းလာပါတယ်။ အဲသလို ဘာသာရေးကြောင့် နိုင်ငံရေးတွေ ခက်နွယ်ရှုတ်ထွေးလာတဲ့အခါ တစ်နိုင်ငံလုံးကချစ်တဲ့ အမျိုးသားခေါင်းဆောင်တွေတောင်မှ လုပ်ကြံခံခဲ့ရတာ အိန္ဒိယသမိုင်းထဲက သွေးကွက်ကြီးတွေက သက်သေပါပဲ။ မဟတ္တမဂန္ဓိကို လုပ်ကြံတဲ့သူဟာ မွတ်ဆလင် မဟုတ်ပါဘူး။ သူနဲ့ဘာသာတူ ဟိန္ဒူအမျိုးသားတစ်ယောက်ပါ။ အင်ဒီယာဂန္ဒီကို လုပ်ကြံတာ လုံခြုံရေးတွေ အထပ်ထပ်ချမထားလို့ မဟုတ်ပါဘူး။ သူ့လုံခြုံရေးအတွက် ခန့်ထားတဲ့ သက်တော်စောင့်တွေက လုပ်ကြံတာပါ။ ရာဂျစ်ဂန္ဒီကို ဗုံးခွဲတာ ငယ်ရွယ်တဲ့ တမီလ်မိန်းမပျိုကလေးတစ်ယောက်ပါ။ နိုင်ငံနဲ့အဝှမ်း လူအမြောက်အများ သေကြေပျက်စီးကြရတဲ့ အကြမ်းဖက်မှုတွေအလယ်မှာ စစ်တိုက်သလို သူ့ဘက်ကိုယ့်ဘက် ကျောဘက်မျက်နှာမရွေး၊ လုပ်ကြံမှုကြီးတွေ အတောမသတ် ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘာသာရေးကို အခြေပြုတဲ့ အမုန်းမီးတောက်တွေ တငြီးငြီးတောက်လောင်နေတာ တွေ့ရတဲ့အတွက် ရှေးကတော့ သူများနိုင်ငံတွေမှာ သည်လိုစလိုက်ရင် အဲသလိုပဲ ဖြစ်ဖြစ်ကုန်ပါတယ် လို့ သတိပေးချင်တာပါ။

သည်ပြဿနာအားလုံးရဲ့အစဟာ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးသလိုပဲ အမျှော်အမြင်မဲ့တဲ့ တိုင်းပြည်ကိုရောင်းစားချင်တဲ့သူတွေ မသိချင်ယောင်ဆောင်နေခဲ့သော နယ်စပ်ဖြတ်ကျော်နေထိုင်ခြင်း ကြောင့် လို့ ဆိုချင်ပါတယ်။ အခုတော့ ခေါင်းလျှိုဝင်လာတဲ့ ကုလားအုပ်တွေက တဲရှင်ကို မောင်းထုတ်နေပြီ။ ကိုယ်တွေမှာသာ တစ်ခုတစ်ခု ဖြစ်လာတဲ့ ပြဿနာတွေကို နောက်က ကသောကမျော အတင်းလိုက်လိုက် ဖြေရှင်းနေတာ။ သူတို့ဘက်ကတော့ သည်အချိန်မှာ ဘယ်အကွက်နဲ့စပြီး ဘယ်အကွက်ဆက်နင်းရမယ်။ ဘယ်ဘူတာကိုဆိုက်ရင် ဘယ်ရထားကို ပြောင်းစီးရမယ်။ အစစအရာရာ ကြိုတင်စီမံ အကွက်ချထားပြီးသား ဖြစ်ပါတယ်။ ရှို့နေတာလည်း သူတို့ပဲ။ အနိုင်ကျင့်နေတာလည်း သူတို့ပဲ။ ခုတ်ထစ်သတ်ဖြတ်နေတာလည်း သူတို့ပဲ။ လစ်ရင်လစ်သလို ကုလားကျင့်ကုလားကြံ ဘာမှမချန်ပဲ အကုန်လုပ်ပြီးတာနဲ့ နိုင်ငံတကာအလယ်မှာ သူတို့ကဦးအောင် ဖင်ထောင်ပြီး ကယ်တော်မူပါ အော်ကြပါတယ်။ တကယ်ဆိုစဉ်းစားကြည့်ရင် သူတို့လူမျိုးဟာ တစ်မိတည်းပေါက်တဲ့ မောင်နှမသားချင်းချင်းတောင် စိတ်ချလက်ချ အတူထားမရတဲ့ ဗီဇပါလာတယ်ဆိုတာ ဘင်္ဂလားမောင်နှမဆိုတဲ့စကားကို နားလည်သူတိုင်း သိကြပြီးသား။ သမီးရီးစားတွေက ကိုယ့်နှမလေးပါ။ ကိုယ့်အကိုပါ။ လို့ ညာပြောရင် “ဘင်္ဂလားကလား။” လို့ မေးကြတယ် မဟုတ်ဘူးလား။ အင်မတန်ရင့်သီးရိုင်းပြတဲ့ စကားလုံးတွေကို ရေးရတဲ့အကြောင်းရင်းကတော့ စာဖတ်သူတွေထဲက ဘယ်သူတွေ ဆတ်ဆတ်ခါ နာကျည်းကုန်ကြသလဲဆိုတာကို သိစေချင်လို့ပါ။ ကိုယ်က အဲသလိုရေးလိုက်တဲ့အခါမှာ ကိုယ့်တိုင်းပြည်တွင်းမှာနေကြတဲ့ မူဆလင်ဘာသာဝင်တွေတော်တော်များများက သူတို့ကို စော်ကားသလို နင့်နင့်သည်းသည်း နာကျည်းကြပါတယ်။ အဓိက ထောက်ပြချင်တဲ့အချက်က အဲဒါပါပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာ တူရုံကလေးတစ်ခုတည်းနဲ့ မြန်မာနဲ့ ဘင်္ဂါလီကို အတူတူ ရောထွေးပစ်တော့မလို့လား။ ကိုယ့်ဘက်က အခါခါ နစ်နာတာပါ။ သူတို့တတွေ အတင်းဝင်လာပြီး ဆိုးခိုးလုယက် လူသတ်ဖျက်ဆီးသမျှလည်း ခံရတယ်။ သူတို့သွေးထိုးပေးလို့ မျိုးရိုးစဉ်ဆက် အတူယှဉ်တွဲနေလာတဲ့သူတွေနဲ့လည်း ပဋိပက္ခဖြစ်ရတယ်။ နိုင်ငံတကာမှာလည်း မြန်မာတွေဟာ လူမျိုးတုံးသတ်ဖြတ်နေပါတယ် လို့ မဟုတ်တမ်းတရား စွပ်စွဲခံရတယ်။

အစပိုင်းမှာ ပြထားတဲ့ နမူနာပဲ ပြန်ကောက်ပြပါ့မယ်။ ဦးရာဇတ်ကို မြန်မာတစ်ယောက်လို့ မမြင်ပဲ မူဆလင်တစ်ယောက်လို့ မြင်တာ ဘာကြောင့်လဲ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ သူ့လုပ်ဆောင်ချက်တွေကို မမြင်ဘူးလား။ သူ့အိမ်မှာ သူ့ဘာသူ ယုံကြည်တဲ့ ဘုရားကို ရှိခိုးပါလိမ့်မယ်။ တိုင်းပြည်အတွက်တော့ သူဟာ မြန်မာပညာရှင်တစ်ယောက်အဖြစ် တစ်ရွေးသားမှ မလျော့ပါဘူး။ မန်းလေးမှာ အင်မတန်မှ နံမယ်ကြီးတဲ့ မြန်မာမူဆလင်ကြီးတွေ ရှိခဲ့တယ်။ ကျားဘငြိမ်းဆိုတဲ့ လက်ဝှေ့ဆရာကြီးဟာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ အားကစားသမား စစ်စစ်ကြီးပဲ။ သူကမွေးတဲ့ သားထဲက ဦးဝင်းငြိမ်းဆိုတာ မြန်မာစာပေလောကထဲက အင်တာဗျူးဆရာတွေအကြောင်းပြောရင် သူ့ကိုချန်ထားလို့ မရဘူး။ သည်ကနေ့ မြန်မာစာပေလောကကို တဘက်တလမ်းက ကျားကန်ပေးတဲ့ ရွှေအမြုတေဆိုတဲ့ စာပေအသိုင်းအဝန်းကြီးကို သူဦးဆောင်တယ်။ သူ့ကိုသွားမေးကြည့်ပါလား မြန်မာမြန်မာနဲ့ စစ်စစ် စစ်စစ် ကိုမြည်အောင် စစ်တယ်။ အပြင်က ဝင်လာတဲ့ ဘင်္ဂါလီလူမျိုးခြားတွေကိုတော့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်မြန်မာပြည်သားအချင်းချင်းကျမှ နင်တို့ဘာသာဝင်တွေကဆိုပြီး ရမယ်ရှာတာ ဘယ်လိုဦးနှောက်မျိုးနဲ့ တွေးခေါ်ဆုံးမထားလို့ပါလိမ့်။ တစ်ခုပဲ ပြောစရာရှိတယ်။ အဲဒီပြည်တွင်းနေမူဆလင်ကြီးများက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ငါတို့ အစ္စလာမ်သာသနာတော်ကြီး စည်ပင်ပြန့်ပွားဖို့အတွက်ဆိုပြီး သူခိုးဓါးရိုးကမ်းလုပ်နေရင်တော့ တမျိုးပေါ့။ သူတို့ဘက်ကလည်း မြန်မာအနေနဲ့ရပ်တည်ဖို့လိုတာ ပြောစရာ မလိုတော့ဘူးနော်။ အဲလိုရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း သူတို့ကို မြန်မာအနေနဲ့ပဲ အသိအမှတ်ပြုထားရမယ် ဆိုတာ သည်ကနေ့ ပြောချင်တဲ့ ဆိုလိုရင်းအချက်ပါပဲ။ အမှောင့်ပယောဂတွေ ဝင်လာတဲ့အခါ ကိုယ့်လူသူ့လူ ကွဲကွဲပြားပြား သိထားဦးမှ ဖြစ်မယ်ဗျ။

လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်သတဲ့။ ကိုယ့်ဘက်မှာလည်း သည်ပြဿနာတွေ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်လာအောင် မီးလောင်ရာလေပင့်ပေး ဖွပေးဆွပေးတဲ့သူတွေ မရှိပဲ ဘယ်နေပါ့မလဲ။ နိုင်ငံခြားသတင်းစာတွေကဆို အထောက်အထားနဲ့တကွ State Sponsored Riots လို့ ဆိုတယ်။ ဥက္ကံမှာ အိမ်တွေဖျက်တော့ တစ် နေရာယူ၊ နှစ် ကျည်ဆန်ထည့်၊ သုံး အသင့်ပြင်။ ဆိုတာမျိုး ခရာသံနဲ့ အဆုတ်အတက် ညီညီညာညာ ဘူဒိုဇာပါတက်မောင်းတဲ့ ဘုန်းဘုန်းတွေရှိပါတယ် လို့ မျက်မြင်တွေက အခိုင်အမာဆိုတယ်။ နောက်ကွယ်က ကြိုးကိုင်သူဆိုတာတွေကို ဘယ်သူကမှ လက်ပူးလက်ကြပ် ဖော်ထုတ်မပြနိုင်ဘူး။ ရခိုင်မှာ လက်နက်မျိုးစုံနဲ့ လက်ပူးလက်ကြပ်မိတဲ့သူတွေတောင် ဘာသံမှမထွက်ဘူး။ မီးခိုးကြွက်မလျှောက်နိုင်တဲ့အပြင် အပြစ်မရှိလို့ အခုချက်ခြင်း ပြန်လွှတ်ပေးပါ အတောင်းခံရတယ်။

နားကြီးမျက်စိကြီး အလုံးစုံ ကြားသိနိုင်တဲ့သူတွေတောင် ရေငုံနေကြဆဲမို့ ကိုယ့်ဘက်ကလည်း ဘယ်သူဘယ်ဝါ ရမ်းသမ်းစွပ်စွဲစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ဘာအတွက် ဘာကြောင့် လုပ်နေသလဲဆိုတာတော့ တွေးတောသုံးသပ်မိတာပေါ့။ မြန်မာပြည်တွင်းမှာ လူမျိုးရေး အဓိကရိုဏ်းတွေ ဖြစ်လာရင် ဘယ်သူတွေအတွက် အကျိုးအမြတ်ရှိသလဲ။ မေစုတို့ ဘစိန်တို့ကတော့ မလုပ်တာသေချာပါတယ်။ ခုတောင် သူတို့ခမျာ ဆုတ်လည်းစူး စားလည်းရူး၊ စကားများများတောင် မပြောရဲဘူး။ ပါချင်တဲ့ဘက်ပါ နောက်တစ်ဘက်က မုန်းမှာ။ အလယ်မှာ တည့်တည့်ထိုင်နေ တို့ဘက်မပါရကောင်းလားဆို နှစ်ဘက်စလုံး မုန်းမှာ။ ဘာမှ မပြောလည်း ဘာမှမပြောလို့ဆို မုန်းမှာ။ တော်ပါတော့ ပြောလည်း မုန်းမှာ။ ဘာလုပ်လုပ် ဘာပြောပြော မုန်းတယ် မုန်းတယ် မုန်းတယ် အမြောက်တစ်သိန်းနဲ့ မလွတ်ဘူး။ ဒါကြီးရှိနေသရွေ့ သူတို့မှာ မီးခဲခေါင်းရွက်ထားသလို ဘုန်းရှိန် ဂုဏ်သိန် ကျက်သရေ ဂုဏ်သတင်း ဘယ်ဟာမှ တိုးတက်ဖို့ မရှိဘူး။ အခုပိုဆိုးလာတာက လူတွေချည့်ပဲ မဟုတ်တော့ဘူး။ ဘုန်းကြီးတွေလည်း နွယ်လာပြီ။ ရှင်းလို့ကို မရတော့ဘူး။ တကယ်လို့များ ဒီကိစ္စဟာ သူတို့ကို မုန်းတဲ့သူတစ်ယောက်ယောက် သူတို့နေရာ ဝင်ထိုင်ချင်တဲ့သူ တစ်ယောက်ယောက်က လုပ်ထားတာဆိုရင် အိမ်မှာ ကျွမ်းထိုးနေလောက်ပြီ။ ပျော်လွန်းလို့ ရူးသွားနိုင်တယ်။

နောက်ထပ်စဉ်းစားစရာတစ်ခုက သည်အချိန်ဟာ ကပ္ပိလပြည်ဘက် ဘီးတဝက်နင်းတဲ့အချိန်။ သူတို့သက်တမ်း တဝက်ကျိုးပြီ။ နောက်သက်တမ်းအတွက် ခုကတည်းက ပြင်ဆင်ကြရမှာပေါ့။ နီးကာမှ လမ်းခင်းမီးလင်း ထမင်းကျွေးနင်းပေး လိုက်ဖားလို့ မရဘူး။ ဒီအချိန်မှာကတည်းက နံမယ်တစ်ခု တည်ဆောက်ထားရတော့မယ်။ တစ်ခါမှ နံမယ်တောင်မကြားဖူးတဲ့သူကို ဘယ်သူက မဲထည့်မှာလဲ။ အဲသလို ကိုယ့်နံမယ်ကလေး လူသိဖို့ဆိုတာ အခုလို ပွဲလန့်တုန်းကလေး ဖျာခင်းလို့ အကောင်းဆုံးပဲ။ ကျောက်ဂူထဲမှာ ၃ နှစ်တိတိ ဝဇီပိတ်တရားကျင့်တဲ့ မိုင်းပုန်းဆရာတော်ဆိုတာ ခုမနက်မှာ တစ်ခါပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ဖူးသေးတယ်။ မန်းလေး မစိုးရိမ်တိုက်သစ်ကဆရာတော်လေးကတော့ သူ့နံမယ် မပါတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဆိုတာ တစ်ရက်မှ မရှိဘူး။ ကမာ္ဘသိ၊ နိုင်ငံတကာသိ၊ သမိုင်းဝင်၊ အုတ်ကျင်းဝင်၊ ပေါ်ထင်ချက်ကတော့ မပြောပါနဲ့။ ဥပမာပြောပြတာပါ။ ဆိုလိုတာက ဒီအချိန် ဒီအရေးဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ ကိုယ့်နံမယ် ထင်ရှားလာအောင်ကြော်ငြာဖို့ အကောင်းဆုံး Billboard ကြီးပဲ။ သန်းခြောက်ဆယ်မှာ ၅၉.၉သန်းလောက် ပိန်းတဲ့ မြန်မာပြည်ကြီးမှာ လူပြိန်းကြိုက် နိုင်ငံရေးလှုပ်ရှားမှုများနဲ့သာလျှင် ရာဇပလ္လင်ပေါ်တက်နိုင်လိမ့်မယ်။ လက်တစ်ဆုပ်စာ ပညာရှင်တွေကို ဂရုစိုက်စရာ မလို။ သူတို့မှာ အသံမရှိ။ အာဏာရတော့ ဒင်းတို့ကို လည်စိကကိုင်ထားလို့ရတယ်။

လူစွမ်းကောင်း ဟီးရိုးမှန်ရင် ကယ်တင်ခြင်းအမှုကို လူသိရှင်ကြား ပြုပြရတယ်။ ဘယ်သူ့ကိုမှ ကယ်တင်စရာမရှိရင် ဇာတ်လမ်းမစနိုင်ဘူး။ တသက်လုံးက လူကြမ်းနေရာမှာ ဗီလိန်လုပ်လာတဲ့သူတွေကလည်း ဇာတ်သိမ်းကာနီးရင် သူတို့အတွက် ဖြေပေးဖို့ တစ်ကွက်နှစ်ကွက်လောက်တော့ လိုတာပဲ။ ဒါကြောင့် ကိုယ့်တပည့်တွေထဲက မင်းတို့ကောင်မလေးကို သွားဆွဲကြ။ ခဏနေရင် ငါလာကယ်မယ်။ လက်သီးတစ်ချက်နှစ်ချက်ထိုးလိုက်ရင် မှောက်ပြပြီး ထွက်ပြေးကြ။ ကျန်တာ မင်းသမီးနဲ့ ငါနဲ့ ဆက်ကမယ်ဆိုတဲ့ နှစ်ကျပ်ကွက်တွေကလည်း တောကဗီဒီယိုရုံတွေမှာ ခုချိန်ထိ ပြကောင်းနေတုန်းပါပဲ။ ကိုယ်ဝင်မယ့် နယ်မှာ ဘယ်ဘက်ကမဲရနိုင်သလဲ အရိပ်အခြေကြည့်ပြီး မီးစင်ကြည့်ကပေးမယ့်သူတွေက ပေါမှပေါ။ လူကြမ်းတွေလဲရင်ကြိုက်လား။ အကြမ်းအရမ်းဆုံးတော့ လွမ်းခန်းပြန်ဖြစ်လိမ့်မယ်။

တလိမ်နှစ်လိမ် ပွေလိမ်ရှုပ် အမယ်ဘုတ်ကယ့် သူ့ချည်ခင်တဲ့။ အစီအစဉ်တကျ နေရာဝင်လုလာတဲ့ ကျူးကျော်သူတွေရှိတယ်။ အချိန်ကိုက် ညာသံပေးတောခြောက်မယ့် ပြည်တွင်းပြည်ပ အသားထဲကလောက်တွေ ရှိတယ်။ ပွဲလန့်တုန်းဖျာခင်း၊ ပြိုင်ဘက်ကို ခြေထိုးပြီး၊ ယိုးဒယားကွက်နင်းမယ့် မျက်နှာဖုံးရှင် သမင်လိုက်ခွင်ရိုက်လိုသူ ရာမမင်းသားတွေလည်း ရှိတယ်။ ဆိုးဝိုင်းကနတ်သံပစ်လိုက်ရင် ကိုကြီးကျော်မှန်း အမေဂျမ်းမှန်းမသိပဲ မျက်စိစုံမှိတ် ထိပ်ပေါ်လက်တင်ပြီး ခုန်ပေါက်စုံမြောက်လို့ ပူနောင်ချပ်ချိန်း ဒိန်းဒလိန်းကမယ့် လူပြိန်းကြီးများလည်း ရှိတယ်။ ဟဲ့ ဟဲ့ ဘာတွေဖြစ်နေလဲ။ သူတို့မှာ ပေါင်မုန့်မရှိဘူးလား။ နင်တို့အိမ်က ကိတ်မုန့်တွေ ထုတ်ပေးလိုက်လေ လို့ ဘုမသိဘမသိ တရေးနိုးထအကြံပေးမယ့် ယောင်ချာချာ အန်တွိုင်းနက်ကြီးလည်း ရှိတယ်။ ရုံတော်မင်္ဂလာမှာ ပုံဖော်ဆင်ကာသာ ရှုစားတော်မူကြပါတော့။

credit to Dr Soe Min

4 comments

  • kyaw hteik

    July 23, 2013 at 4:39 pm

    လူတိုင်​း ဖတ်​ကြည်​့သင်​့​သောပို့မို့ share ခွင်​့ပြုပါ။ဖတ်​ပြီး စဉ်​းစား၊ပြီးရင်​လိုက်​နာ ကျင်​့သုံးသင်​့​သော
    အချက်​များပါဝင်​ပြီး ​ဆောင်​ရန်​​ရှောင်​ရန်​ နှင်​့ သတိပြုစရာများကို တင်​ပြထားလို့ ​ကျေးဇူးအထူးတင်​ပါတယ်​။

  • ခင် ခ

    July 23, 2013 at 4:55 pm

    အာဇာနည်ဆိုတာ ထိုကျဆုံးသော သူတွေ အရာရှိ ရဲဘော်တွေ ရဲ့ သမိုင်းကြောင်းနဲ့ဆိုင်ပါတယ်။ လူမျိုး ဘာသာနဲ့ မဆိုင်သလို အာဇာနည်ကို အလေးပြုတာလည်း သူရဲ့လုပ်ရပ် စွမ်းဆောင်ချက်ကို အသိအမှတ်ပြု အလေးပြုကြတာပါ။ ဘာသာ လူမျိုး ကို ရှေ့တန်းတင်ပြီး လုပ်တဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုမယ်ထင်ပါတယ်၊ အဲလိုမှ နားမလည်ဘဲ တစ်ယူသန်စိတ်တွေနဲ့ ဆိုရင်တော့ နောင်အနာဂတ်အတွက် သမိုင်းကြောင်းတွေပြောင်းရင် နိုင်ငံအခြေအနေလည်း ပြောင်းလာပါလိမ့်မယ်။ ကောင်းလာမယ်လို့တော့ မထင်နဲ့နော် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြဖို့ဆိုတာ အလှမ်းဝေးကြသလို ကျီးလန့်စာစား ဘဝတွေကို ပြန်လည်ခါးစီးခံရလိမ့်မယ်လို့ ယူဆမိပါရဲ့။

  • အလင်း ဆက်

    July 23, 2013 at 8:57 pm

    စာရေးတဲ ့သူ
    တော်တော်..အရေးကောင်းတယ် …လို ့ပြောရမယ်…။

  • ဦးကြောင်ကြီး

    July 24, 2013 at 10:36 am

    အနော်ဆို အယာတိုလာ မာမွတ်ရှာပွတ် ဦးခိုမ် မူဂျာဟစ် ဘင်္ဂါလီ သောင်းဂျန်းသူ ဖြစ်နေလည်း သာမီးဒေါ်ဂလေးတော့ အပြစ်မမြင်ပေါင်… ယောက္ခမ လျှာပွတ် ဘာဘွတ် ဖျာစွတ် မာမွတ်ခိုမ် အား သားမက်ကြောင်ကြီးမှ ဂါဝရပြုပါ၏ ….. 😛

Leave a Reply