Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပတ်ဝန်းကျင်ကောင်းး ဖြစ်ဖို ့. . . .

alinsettJuly 30, 20131min66529

အကောင်းဆုံးဆိုတာတွေ

စု ပေါင်းလိုက်တိုင်း အကောင်းဆုံးတွေတော့

ဖြစ်မလာပါဘူး။

 

################

 

ဥပမာ =

မုန့် ဟင်းခါး ချက်တယ် ဆိုပါတော့ ။

 

မုန့်ဟင်းခါး ချက်တဲ့ လူကို အကောင်းစားဆိုတာတွေချည်းပဲ ချပေးထားလိုက် ။

 

ငါးဆိုလည်း လတ်လတ်ဆတ်ဆတ် အကောင်းဆုံးငါးကျည်း (သို့မဟုတ်) ငါးမြစ်ချင်းး တွေ / အကောင်းစား မြေပဲဆီ /အကောင်းစား ငံပြာရည်. . . စသည်ဖြင့်ပေါ့ဗျာ ။

 

မုန့်ဟင်းခါး ချက်ရာမှာ လိုအပ်သမျှ အရာတွေ / ထည့်ရမယ့်အရာတွေ အားလုံးကို အကောင်းစားး ဆိုတာတွေကို ပေးပြီး ချက် စေ ပေါ့ ။

 

မုန့်ဟင်းခါးချက်တတ်သူ ဆိုရင် . . . . . . .အရသာကောင်းတဲ့ မုန်းဟင်းခါး ကို . . . .ရမယ်ပေါ့ဗျာ။

 

တကယ်လို ့

မုန့်ဟင်းခါးလည်း တစ်ခါမှ မချက်ဖူး တဲ့ / မချက်တတ်တဲ့

အလင်းဆက် ကို . . လာ ချက်ခိုင်းကြည့် ။

 

လိုအပ်တာတွေ အကုန် ဘယ်လောက်ကောင်းတာ ပေးထား ထားးး ချက်နည်းမသိ / အချိုးကျအောင် မချက်တတ်တဲ့အတွက် စားကောင်းတဲ့ မုန့်ဟင်းခါး

ရလာမယ် မထင်။

 

မကောင်းနိုင်တဲ့အပြင် စားချင်စရာ မရှိတဲ့ မုန်းဟင်းခါး မမည်သော မုန် ့ဝဲစား သာ ဖြစ်သွားမှာ ။

==================

 

အဲဒါဘာကြောင့်လဲ ဆိုတော့

ကျကျနနပေါင်းစပ်တတ်တဲ့

နည်းစနစ် . . . . .

လိုအပ်လို ့ပါပဲ။

 

#################

 

ပေါင်းစပ်တတ်မှု ကို နည်းစနစ်ကျကျ အသုံးချတတ်မှု လိုအပ်ပါတယ် ။

 

##################

 

ပတ်ဝန်းကျင်တစ်ခု မှာ

လူတော် လူကောင်းတွေ ဘယ်လောက်များများ

Super man တွေ သိန်းချီအောင် များနေပါစေ ။

 

နည်းစနစ်ကျတဲ့ ပေါင်းစပ် စွမ်းဆောင်မှု မရှိ ရင် . . . . . . . . .

ကောင်းမွန်တိုးတက်တဲ့ ပတ်ဝန်းကျင် မဖြစ်နိုင်ပါဘူး ။

 

#################

 

လူတော်လူကောင်းတွေလည်း ရှိ /

နည်းစနစ်တကျ ပေါင်းစပ်မှုစွမ်းအားကို လည်း ဖော်ဆောင်နိုင်တယ်ဆိုရင်တော့

ကောင်းမွန်တိုးတက်တဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်လာနိုင်ပါတယ် ။

 

##################

 

ကုန်ကုန်ပြောရရင်တော့ . . . . . .

လူတော်တွေ မဟုတ်တဲ့ သာမန်လူတွေပဲ ရှိဦး ။

 

စနစ်တကျ ပေါင်းစည်း စွမ်းဆောင်နိုင်မှုကို ကျကျနန ဖော်ဆောင်ပြနိုင်ရင်တော့ . . .

တိုးတက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖြစ်လာနိုင်မှာပါပဲ ။

 

#################

 

အဓိက ကျတာကတော့

လူတော် တွေ လူညံ့တွေ ဘယ်လိုပဲ ကွဲပြားပါစေ . . . . .

(လူဆိုတာ တစ်နေရာမှာ ညံ့နေပေမယ့် နောက်တခြားနေရာမှာတော့ တော်နေနိုင်တာ မို ့)

စည်းလုံးမှု အင်အား နဲ့ ့ပေါင်းစပ်ဖော်ဆောင်မှု ကောင်းကောင်း ကို . . . . . .စနစ်တကျ လုပ်နိုင်ဖို ့သာ . . . . အဓိက ပါ။

 

###################

 

နတ္တလင်းမြို ့/စာပေဟောပြောပွဲ

(10 .12 .2012 .)

ကာတွန်းပညာရှင် ဆရာအော်ပီကျယ် ရဲ့ ့ဟောပြောချက်ကို နားထောင်အပြီးမှာ ရေးမိတဲ့စာပါ ။

 

#################

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

29 comments

  • ခင် ခ

    July 30, 2013 at 2:01 pm

    ပေါင်းစည်းခြင်းသည် အင်အားပေါ့နော်။

    • အလင်း ဆက်

      July 30, 2013 at 2:03 pm

      ပေါင်းစပ် တတ်မှု အနုပညာ လို့လည်း
      ပြောလို့ရမယ်ထင် ပါရဲ့ လေးခ ရေ

  • ရွာစားကျော် မင်းနန္ဓာ

    July 30, 2013 at 2:42 pm

    ဒါ့ကြောင့်မို့ ပြောကြတာပေါ့ (စိတ်ထဲ ဖျက်ခနဲပေါ်လာလို့)
    ငှက်ပျောသီးပဲကျွေးရင် မျောက်တွေပဲ လာမှာပေါ့ ဆိုတာ….
    တစ်ခါလာလည်း ငှက်ပျောသီး တစ်ခါလာလည်း ငှက်ပျောသီး မဟုတ်ဘဲ
    စပျစ်သီးလေး ပန်းသီးလေး ..ချောကလက်ရေခဲမုန့်လေး.. စသဖြင့် အမျိုးစုံ ပေါင်းမှ စားပွဲ ကောင်းကောင်းလေး ဖြစ်ပေမပေါ့…

  • Phyo Thit Luu

    July 30, 2013 at 2:43 pm

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၂ ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်လိုပေါ့။ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင် အဲဒီထဲကမှ လိင်စိတ်ခံယူမှု ကွဲပြားမှုပါ ထပ်ပေါင်းထည့် စသဖြင့် မတူညီကွဲပြားမှုတွေကို ခွဲခြားမှုမရှိပဲ ဒီဆောင်းပါလေးထဲကလို ကျကျနန ပေါင်းစပ်စုစည်းပြီးတော့ Team Building ကောင်းကောင်းနဲ့ တည်ဆောက်သွားနိုင်မယ်ဆိုရင်တော့ ခွဲခြားမှု ဖိနှိပ်အကြမ်းဖက်မှုတွေ ပပျောက်ပြီးတော့ တန်းတူညီမျှမှုဆိုတဲ့ လူပြောများနေတဲ့အရာလေးတွေတော့ ရတန်ကောင်းပါတယ်ပေါ့။ လူတိုင်းအတွက် လိုချင်တာလေးကို တမ်းတမိတာပါ 🙂

    • အလင်း ဆက်

      July 30, 2013 at 4:37 pm

      တစ်ခု တွေးမိသွားတာက
      ဦးတည်ချက် လည်း ကောင်းဖို့လိုသေးတယ်ဆိုတာပါ

      ပေါင်းစပ် ဖန်တီးမှု ဘယ်လောက်ကောင်းကောင်း
      ဦးတည်ထားတဲ့ အချက်က ပတ်ဝန်းကျင် ဖျက်ဆီးရေး
      ဖြစ်နေရင်
      ကျကျနန ပျက်စီးသွားမယ် ဆိုတာပါ ။

      🙂

    • kai

      July 30, 2013 at 4:39 pm

      ကွန်ဆာဗေးတစ်တို့ရဲ့မူလဘူတ.. ပုပ်ဖရန့်စစ်ရဟန်းမင်းတော့ ပြောပြီဗျို့…။
      ကွန်ဆာဗေးတစ်တို့.. အလယ်ဖက်ရွေ့ကြရတော့မယ်… ရတော့မယ်..
      ဒန်တန်တန်… :mrgreen:

      On Gay Priests, Pope Francis Asks, ‘Who Am I to Judge?’
      New York Times (blog)-by Reem Makhoul-1 hour ago
      In that context, brief remarks by Pope Francis suggesting that he would not judge priests for their sexual orientation, made aboard the papal …
      ..
      “If someone is gay and he searches for the Lord and has good will, who am I to judge?” Francis told reporters, speaking in Italian but using the English word “gay.”

    • ဦးကြောင်ကြီး

      August 1, 2013 at 9:58 am

      နင်လိုဂျင်ဒါ ငါသိပါဒယ်… ငါ့မှာ နှဲဂျီးရှိဒယ် မှုတ်မား…. 😯

  • အရီးခင်

    July 30, 2013 at 2:44 pm

    အရီး လဲ အရင်က မုန့်ဟင်းခါး တစ်ခါမှ ချက်ဖူးပေါင်တော်။
    ဒီမှာ ချက်လိုက် တော့လဲ အတော်ကောင်း တဲ့ မုန့်ဟင်းခါး ရတာဘဲ။

    Ready-made ထုတ် ကို ရေရော ရတာ ပညာ ပါဖို့ တော့ လိုသပေါ့ လေ။
    အဟိ။ 😛
    jk ….
    စိတ်ကြည်သွားအောင်ပါ။

  • TNA

    July 30, 2013 at 3:21 pm

    မှတ်သားထိုက်တဲ့ပိုစ့်မို့ မှတ်သားလိုက်ပါတယ်သားရေ။ စိတ်ဆိုးပြေပီလားဟင်။

  • Min Zarni

    July 30, 2013 at 3:42 pm

    Positive synergism
    🙂

    ခုတော့ ရှီးနဲ့ဖုန်းပြောနေလို့ ဂလောက်ပါပဲ

    ပုံ

    အိုက်အိချိ ခရိုင်မှ အပျော်ဆုံးယောက်ျား

    • โทรศัพท์มือถือ

      July 30, 2013 at 4:52 pm

      တရှီရှီ တရွှီရွှီနဲ့ မြွေသံလိုလို ဘာသံလိုလိုတွေ ခဏခဏကြားနေ မြင်နေရပါကလားးးး
      အိုက်အိချိ ခရိုင်မှ မျက်ရည်အပေါးဆုံး အငိုရဆုံး ရောက်ကြားဆိုတဲ့ သတင်းလေးမတက်ခင်
      အချိန်ထိကြားနေရမယ် ထင်ပါတယ်………….
      xxxxxxxxxxxxxxxxxxxxxxxxxxxxx
      ကိုအလက်ဇင်းရဲ့ အဆိုကို လက်ခံပါတယ်…….
      အင်မတန်မှ သဘောကျစရာကောင်းတဲ့ စိတ်ကူးပုံဖော်မှုလေးလို့ မြှောက်ပြောချင်ပါတယ်…
      ဒါကိ်ု
      ပေါင်းစပ်ခြင်း အနုပညာ
      ပေါင်းစပ်ခြင်း နည်းပညာ
      ပေါင်းစပ်ခြင်း ဘာညာသာရကာ စသဖြင့် စသဖြင့် အမျိုးမျိုး ခေါင်းစဉ်တပ်လို့ရပေလိမ့်မည်……
      +++++++++
      ကိုအလင်းဆက်ပြောတဲ့ မုန့်ဟင်းခါး အူးဗမာအရ
      ကျုပ်လည်း တမာရွက်ကယ်.. ခွေးတောက်ရွက်ကယ်… ဆေးခါးကြီးရွက်ကယ်..
      သုံးမျိုးပေါင်းပြီး ဆား.. ငုပ်တီး ဖန်ခါးတီး စသဖြင့် အထောက်အကူ ပစ္စည်းများဖြင့်
      ကျင်လည်စွာ ပေါင်းစပ်ဖန်တီးတတ်သူ တစ်ယောက်ရှာပြီး ဟင်းချိုကောင်းကောင်း
      တစ်ခွက် ချက်ခိုင်းအုံးမှပဲ………..

  • GARFIELD

    July 30, 2013 at 5:15 pm

    အော်… ဇတ်ရည်လည်သေးဘူးကွယ်…

    • အလင်း ဆက်

      July 30, 2013 at 5:47 pm

      အဟိ
      ဇာတ်ရည်လည်အောင်
      ရှင်းပြချင်ပါတယ်
      ဒါပေမယ့်
      ဂလောက်ပဲ ရေးတတ်ဒယ်
      🙂

  • Ko chogyi

    July 30, 2013 at 9:54 pm

    ကောင်းကောင်းပေါင်းစည်းနိုင်တဲ့ စွမ်းအားရှိရင်
    ညနေစာအတွက် ဘုန်းကြီးကျောင်းက ဟင်းပေါင်းက အကောင်းဆုံးပေါ့။

  • KZ

    August 1, 2013 at 10:01 am

    မွင်းငါး စားဂျင်ဒယ်…..

    • အလင်း ဆက်

      August 1, 2013 at 4:34 pm

      မမခိုင်ဇာ ပြန်လာရင်
      အတူ ချက် ချားကြမယ်လေ

      အခုတော့ ရယ်ဒီမိတ်နဲ့ပဲ ဖြေသိမ့်လိုက်ပါဦး
      🙂

  • Shwe Ei

    August 2, 2013 at 2:01 pm

    ပေါင်းစပ်မှု အနုပညာအကြောင်းပြောရရင်တော့ သများတို့လို့ ဟင်းချက်ကောင်းသူတွေအတွက်

    ချဉ်ပေါင်ဟင်း တခွက်ချက်ရသလို လွယ်လွန်းပါတယ် ေိေိေိေိ :mrgreen: (နောက်ထှာ)

    အနိမ့်အမြင့်မတူညီတဲ့ လူတန်းစား လူနေမှုဘဝ တွေကဘဲ လူမှုပတ်ဝန်းကျင်ကြီးတခုလုံး

    ဟန်ချက်ညီအောင် ထိန်းမတ်ပေးနေတယ်လို့ မြင်မိတယ်။ အိုက်ထဲမှာ လိုနေတာက ပွင့်လင်းမြင်သာမှု

    အသိဉာဏ် ဖွံ့ဖြိုးမှုတွေ ဖြစ်လိမ့်မယ်ထင်တယ်။ ဆင်းရဲ ချမ်းသာဆိုတဲ့ ပေတံနဲ့တိုင်းလို့မရတဲ့

    အချိုးညီမှုတခုပေါ့ဗျာ။ (ခပ်တည်တည်နဲ့ လေလုံးထွားပလိုက်သည်.. သည်းခံတော်မူကြပါကုန်) 😉

    • အလင်း ဆက်

      August 2, 2013 at 2:08 pm

      ပွင့်လင်း မြင်သာမှု နဲ့
      အသိဉာဏ် ဖွံ ့ဖြိုးမှု လည်း
      တကယ့်ကို
      လိုအပ်ပါတယ် လေ

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 12:33 pm


    အကောင်းဆုံးဆိုတာတွေ
    စု ပေါင်းလိုက်တိုင်း အကောင်းဆုံးတွေတော့
    ဖြစ်မလာပါဘူး။

    ဝုတ်ဒယ် … ဝုတ်ဒယ် …
    ဘောစကားနဲ့ ပေါရရင်ဒေါ့ကွာ …
    ရီးရဲယ် ရဲ့ ကြယ်စင်စုဂျီးလိုပေါ့ ….
    ကျားဖူးဒလား … မကျားဖူးလည်း ကျားဖူးဒယ်လို့ မှတ်လိုက် ..
    ဒါဘာဗျဲစ် … သာဒု .. ပဲ …

  • Mr. MarGa

    August 4, 2013 at 1:52 pm

    အကောင်းဆုံးတွေကို ပေါင်းတိုင်း ကောင်းမလာတာ မှန်ပေမင့်
    အကောင်းဆုံးသူ က ဖန်တီးရင်တော့ ဘာပဲဖြစ်နေပါစေ ကောင်းလာမှာ သေချာတယ်လေ
    အဲဒီစကားကို ကွကိုယ် အနက်ပြန်ကာ ပြောချင်တာကတော့
    ခုန ပေါသလိုပေါ့
    အကောင်းဆုံးသူက ဖန်တီးတဲ့အခါမှာ
    ကောင်းလာတယ် လို့ ပြောနိုင်တဲ့ ရယ်ဒီမိတ်တွေ ထွက်လာပါလေရော တဲ့ ကွယ်
    ဒချိ ဒချိ

    • မမှားသော ရှေ့နေ
      မသေသော ဆေးသမား ဆိုတဲ့စကား
      မကြားဖူးဘူးလား ဩကြားရယ်
      သနားစရာ သကြား
      အဟိ
      🙂
      ========
      အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်တဲ့
      ဟိုအထူးကုဆရာဝန်ဂျီး
      အထူး ကုပေးလိုက်ထာ
      လူနာ သေသွားပါရောလားးး

      အကောင်းဆုံးသူက
      အကောင်းဆုံး လုပ်တိုင်း
      အကောင်းဆုံး ရလဒ် မထွက်နိုင်

      ပုံ

      အဆိုးမြင်သမား

      • Mr. MarGa

        August 4, 2013 at 2:07 pm

        အကောင်းဆုံး သူ
        အကောင်းဆုံး လုပ်တိုင်း
        အကောင်းဆုံး ရလာဒ် မထွက်နိုင်
        သို့သော်……
        ထိုနေရာတွင်
        သူမဟုတ်ဘဲ အခြားသူ ဆိုပါက
        ပိုလို့ ဆိုးသွားနိုင်မည်ကို သတိချပ်ပါလေ
        ခင်သော
        သိကြား……

  • လူတော်တွေ မဟုတ်တဲ့ သာမန်လူတွေပဲ ရှိဦး ။
    စနစ်တကျ ပေါင်းစည်း စွမ်းဆောင်နိုင်မှုကို ကျကျနန ဖော်ဆောင်ပြနိုင်ရင်တော့ . . .
    တိုးတက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖြစ်လာနိုင်မှာပါပဲ ။

    အဓိက ကျတာကတော့
    လူတော် တွေ လူညံ့တွေ ဘယ်လိုပဲ ကွဲပြားပါစေ . . . . .
    (လူဆိုတာ တစ်နေရာမှာ ညံ့နေပေမယ့် နောက်တခြားနေရာမှာတော့ တော်နေနိုင်တာ မို ့)
    စည်းလုံးမှု အင်အား နဲ့ ့ပေါင်းစပ်ဖော်ဆောင်မှု ကောင်းကောင်း ကို . . . . . .
    စနစ်တကျ လုပ်နိုင်ဖို ့သာ . .အဓိက ပါ။

    ——————
    ပြောရတာမောလို ့..
    ပိုစ့်ထဲမှာ..ရေးထားတာပဲ.ပြန်ပြောတော့မယ် ။

Leave a Reply