Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျိမ်းတုပ် ဂျိမ်းတုပ် ငလျင်လှုပ် Snow Vs. Stone

အောင်မငှီး တိုက်ကြီး လှုပ်နေတယ်…ပြေးဂျဟ လွှားဂျဟ… ရန်ကုန်မြို့လည်ဂေါင် လူသွားလူလာ အထူထပ်ဆုံး ဆူးလေဘုရားလမ်းအနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အချိန်ဂါး ညဉ့်ဦးယံ၊ ရာသီဥတုမှာ အားကစားသမား အကြိုက် မပူလွန်း မအေးလွန်း အနေတော်…။ ထိုအချိန်ဝယ် ရန်ကုန်မြို့ ကြက်သရေဆောင် ထရေးဒါးဟိုတယ် မိုးမျှော် အဆောက်အအုံဂျီးမှာ ယိမ်းထိုးလှုပ်ရှား ကခုန်နေသယောင်…။ ထူးဆန်းသည်မှာ ဘေးနားရှိတိုက်တာ အဆောက်အအုံများ ဘာမျှမဖြစ်သည့်အလား။  အသို့ဖြစ်သနည်း အပမှီသလော.. ရွာသူလက်ချက်ပေလော.. မည်သို့ဆိုစေကာမူ ဆေ့ဖတီဖွတ် လုံခြုံရေး အရေးကြီးသမို့ အရေးပေါ် ကယ်ဆယ်ရပေမည်။

ဘေးဂို ဘေးဂို… ပီးပေါ် ပီးပေါ်.. ရွှီးရွှီး.. မီးသတ်ကား အချက်ပေးသံ၊ လူနာတင်ကား ဥဩဆွဲသံ၊ ရဲ ခရာမှုတ်သံ ဆူညံသွားသည်။ ဝိုင်းအုံ ကြည့်မနေဂျပါနဲ့.. လမ်းရှင်းဂျပါ… ဟိုတယ်တွင်းကလူများ အပြင်ကို ဘေးကင်းကင်း ထွက်လာနိုင်ဖို့ အရေးကြီးတယ်။ ဝှက်သဟဲလ်….. အိစံကွားလား မံကွားလား…. ဟာရေးဘာဘူ တရွာထူ… သောက်ပလုပ်တုပ် အာကြီးမှုတ်  အာမေဋိတ်သံများ မြည်တွန်ဆဲရေး အလိုမကျသံများဖြင့် လူမျိုးတရာ့တပါး ကပြောသမျော ပြေးထွက်လာသည်။ အချို့ဆို ဘာလုပ်နေဂျသည်မသိ ကိုယ်လုံးတီးဂျီးနှင့်..။ ဟိုတယ်ဂျီးကား သွက်သွက်ခါအေင်လှုပ်လိုက် ငြိမ်သွားလိုက် တခါတရံလည်း ဖြည်းဖြည်းမှန်မှန်လေး ယိမ်းထိုးလိုက်…။

ဟိုတယ်ပိုင်ရှင် အေးရှားဝေါလ် သူဌေး စတီဗင်လောခမျာ မျက်နှာငယ်လေးနှင့်… မောင်တို့မယ်တို့ရယ်… အကြောင်းစုံ မသိခင် လျောက်မဖွကြပါနဲ့နော်… တောင်းပန်ပါဒယ်.. မီဒီယာ သမားများအား လက်အုပ်လေး ချီလျက် ရှိခိုးမတတ် ဖြစ်နေည်။ ထိုအချိန်ဝယ် “သူဌေး..သူဌေး.. လူမစုံသေးဘူး… တခန်းကျန်ခဲ့တယ်၊ ၉၉.၉ ရာနှုန်းပဲ အောင်မြင်တယ်…” တလောဂ ရွှေဖါးပြုတ် အရက်ဆိုင် စတိုခန်း  မီးလောင်ရာတွင် အားကြိုးမာန်တက် အသက်စွန့် မီးငြိမ်းသတ်သဖြင့် အသူရာဘွဲ့ ရထားသူ မီးသတ်ဗိုလ်ဂျီး ဂျော်လကီမိုက်ခဲအောင်ပု သတင်းပို့ရာ သူဌေး မျက်မှောင်ကြုတ်သွားပြီး “ ၉၉.၉ ဟုတ်စ.. အခေါက်ရွှေ ကြိုနေတာ မဟုတ်ဖူး၊ ရာနှုန်းပြည့် လိုဂျယ်ဒယ် တယောက်လိုရင် ဟိုတယ် နာမယ်ပျက်ပြီ… ဘယ်သူ ကျန်သတုံး …။” ဗိုလ်ဂျီးအောင်ပုလည်း သူဌေးထံမှရမည့် ဘလက်လေဘယ်လ် အရက်ပုလင်းအား စိတ်ဝယ်မြင်ယောင်လျက် စာရင်းစာရွက် လှန်လှောကြည့်ရင်း..…. ။

“ဟိုတယ်အပေါ်ဆုံး လေသာဆောင်မှာ တည်းနေတဲ့ နေ့လည်က မင်ဂလာ ဧည့်ခံပွဲ လုပ်သွားတဲ့ စုံတွဲပါ…။” “သူတို့ဆဲလ်ဖုံး ဆက်ကြည့်စမ်း.. တနေရာရာများရောက်နေလားလို့…” “ဆက်ပြီးပီဘောစိ.. ဖုံးမကိုင်ဘူး…။” သတို့သားက ဟောင်ကောင် မြေကျွက်စ် ရှာဖွေရေး ပညာရှင်ဖြစ်ပီး သတို့သမီးကတော့ မွန်ပြည်သစ်ပါတီဝင် သဗုံမယ်ပါ။ ဓါးတုံးဂျီးနဲ့ ပါးပါးလှီး ခရီးသွားကုမ္မဏီ အေးဂျင့် လုံမဂျီးကနေ ဘွတ်ကင်တင်ပေးပါတယ်..။ “ဟေ.. နိုင်ငံဂျားကလည်း ဖြစ်နေ၊ သဗုံမယ်လည်းဖြစ်ဆိုရင် ဗွီအိုင်ပီကေ့စ်ကွ ပေါ့ပေါ့ မလုပ်နဲ့..။ အခုချက်ခြင်း ရှာ…။

ဝရော… ဂျိန်း.. နောက်ထပ်တခါ တိုက်ကြီး လှုပ်လာဗျံသည်.. ဒီတခါ ပိုကြမ်း၏။ ဘေးပတ်ဝန်းကျင်ကတော့ ငြိမ်သက်လျက်…။ အားလုံး မှင်သက်မိစဉ် “ဟေ့ယောင်တွေ ဘာမှ အပူနဲ့.. ကကြောင်ကြီးလာဗီ…” ပြောပြော ဆိုဆို ဟိုတယ်ပြတင်းပေါက် မျက်နှာစာမှ လွှားဂနဲ တွယ်တက်သွား၏။ ရပ်ကြည့်နေသော ပိတ်သက်ကြီးထံမှ လက်ခုပ် တဖြောင်းဖြောင်း တရွှီရွှီဖြင့် “စပိုက်ဒါကြောင် စပိုက်ဒါကြောင် အမြီးကြီးကထောင်” အော်ဟစ် ချီးမွှမ်း ထောပနာပြုသံများ မိုးထက်ညံသွားလေသည်။

ကကြောင်ကြီးကား တထပ်ပြီးတထပ် တက်လျက် အခန်းတွင်း ပိတ်မိနေဟန်ရှိသော မင်ဂလာ စုံတွဲအား သက်စွန့်စံဖျား ရှာဖွေလျက်ရှိသည်။ ရောက်ပြီ.. အပေါ်ဆုံးထပ် လေသာဆောင် ပြတင်းပေါက်၊ မည်သူမျှ မရှိ.. ဧည့်ခန်း.. ထမင်းစားခန်း… တခန်းပြီးတခန်း တိုက်အပြင် ပြတင်းပေါက်မှ ရှာဖွေနေသည်။ စိတ်ထဲတွင်မတော့ ဒီလောက် သွက်သွက်ခါအောင် လှုပ်နေတာ ဘယ်လိုလူမျိုးက အခန်းထဲ နေနိုင်မှာလဲ…။ လမ်းခုလတ် တနေရာ ရာများ ပိတ်မိနေရော့သလား… လက်လျှော့ ပြန်ဆင်းမည်အပြု .. အလို နောက်ထပ် အခန်းတခု ကျန်နေပါသေး ကလား… ကြည့်အုံးမှ.. အားပါး.. ခမ်းနားထည်ဝါလှတဲ့ အိပ်ခန်းဂျီးပဲ… အိပ်ယာကလည်း အကြီးကြီး… မွေ့ယာ တတောင်လောက် မြင့်တယ်။ အမ်.. ဖီးဂျမ်းငှက်ပျောခိုင်ဂျီးပါလား.. ထရေးဒါးနဲ့ ငှက်ပြောသီး၊ ဟီဟိ.. ရယ်ဂျင် ပက်ကျိ ဖြစ်မဆုံးဂင်.. ဟိုက်… အပွဲပွဲနွှဲလာသော ကယ်ဆယ်ရေးသမား ဦးကြောင်ကြီး ဘာကိုတွေ့သည်မသိ… ကြက်သေ  သေသွားသည်။ မျက်လုံးဂျီးပြူးလျက် … နှာခေါင်းဂျီး နီရဲပွလာသည်။ အမြီးဂျီး ထောင်လာသည်။ ပါးစပ်မှလည်း သွားရည်တမြှားမြှားနှင့် လူကတော့ မလှုပ်မယှက်….

ကြက်သေသေ မှင်သက်မိသွားသော စပိုင်ဒါ ကြောင်ကြီးဖြစ်အင်
ကြက်သေသေ မှင်သက်မိသွားသော စပိုင်ဒါ ကြောင်ကြီးဖြစ်အင်

 

လုပ်ကြပါအုံး.. ကကြောင်ကြီးနဲ့ အဆက်အသွယ် မရတော့ဗူး… ပြတင်းပေါက်ဖက်လျက် ကိုမာဖြစ်သွားပီ ထင်တယ်… ဝေါ့ကီတော့ကီကနေ ခေါ်တာလည်း ပြန်မထူးဘူး..။ ဘောစိဂျီး နှစ်ပြန် ဂေါင်းကြီးသွားသည်..။ ကယ်ကာမှပိုဆိုး.. အခုမှ ပိုသတင်းကြီးတော့မည်..။ သာမီလေးများ အသည်းဆွဲ ကကြောင်ကြီး တခုခုဖြစ်ရင် မလွယ်ရေးချမလွယ်… ယခင်က ဦးကြောင်ကြီးအား နှစ်ပြားမတန် ပျစ်ပျစ်ခါခါ ပြောခဲ့သော ရေငါး၊ မတူမတန် အရေးမလုပ် နေနိုင်လွန်းသော ခရစ်စတယ်လှိုင်းတို့ ငိုကြွေးနေကြပီ… တရုတ်သဗုံ ကြေးမုံဂျီး မျက်နှာလည်း မကောင်း… ကြောင်ကြီး မရှိမှ တန်ဖိုးသိဂျသည်ထင့်၊ မိန်းမဟူသည်ဂါး မပေါင်းလဲခက် ပေါင်းလဲခက် ရလျင် နာနာ နှက်ရမည်သာတီး…။

လှုပ်ခါနေသောတိုက်ကြီး ပြန်လည်ငြိမ်အသွားတွင် သက်ပြင်းချလျက် ပြန်ဆင်းလာသော ကကြောင်ကြီးအသံ တရှပ်ရှပ်နှင့် ကြားရသည်…။ သာမီးလေးများ မျက်နှာ ပြုံးရွှင်လာသည်။ ကြေးမုံဂျီး မျက်နှာဂါး မဲ့သွားလေ၏။ ဒင်းရို့ဆိတ် အတွင်းသဘော နားလည်ခက်ရပေသည် တမုံ့…။

ဘာဖြစ်တာလဲ ကကြောင်ကြီး ပြောပါအုံး.. ဟိုစုံတွဲရော တွေ့သလား..။ ဘာလုပ်နေဂျသလဲ… ဘာပြုလို့ ဖုံး ခေါ်တာ မထူးတာလဲ.. ကကြောင်ကြီး အဲဒီမှာ ဘာလို့ အကြာကြီးရပ်နေတာလဲ… တယောက်တပေါက် ဗျောက်သောက် မေးသံ ဆူညံပွက်နေသည်။ ဂေဇက်ရွာသူ ရွာသားများ အကဲဆုံး… ရွာအပျိုဂျီးများ ရှေ့ဆုံးမှ ဖြစ်သည်ကို အထူးပြောပြရန် လိုအံ့ မထင်ချေ..။ “ဟိုဒင်း..အဲ..ဟိုဟာ.. ဂလု..” တံတွေးမျိုချရင်း အဖြေမရှိ အထစ် အထစ် ဖြေလေ… ပိုသိဂျင်လေ။ ဒီလိုပါကွယ်.. ငလျင်လှုပ်တာ အဟုတ်ဖူး.. ဂေဇက်ရွာက စနိုးစတုံး စုံတွဲလည်း ကောင်းကောင်းမွန်မွန်ရှိပါတယ်.. ကောင်းတာမှ ဟိုဖက် ဆယ်ဘူတာ လွန်သေး…။” အာမခံကုမ္မဏီ လူဂျီးများ ဆိတ်သက်သာရာရ ပျံသွားဂျသော်လည်း အနှစ်နှစ်ဆယ် အာမခံနှင့် ရောင်းထားသော ကဲဂျင်ဒိုင်းကဲ ပရိဘောဂဆိုင် သူဌေးမျက်နှာမှာမူ အီးမှန် ထားသည့်အလား… တောက်တခေါက်ခေါက်နှင့်..။ ကုတင်ကျိုးပျက် ယိုင်နဲ့နေမည်မှာ သေချာနေသည်ဂိုး…။

ကဲကဲ.. ဒါလောက်ဆို ကျေနပ်ကြတော့နော်.. ဧည့်သည်တွေလည်း ကိုယ်အခန်းကိုယ်ပျံ နိုင်ကြပါပီ.. စားစရာ ရှိတာဆက်စား၊ ဆော်စရာရှိတာ ဆက်ဆော်ဂျပါ..။ လူဂျီးမင်းတို့ လုံခြုံရေး အာမခံပါတယ်..။ ပွင့်လင်းမြင်သာမှု မရှိတာကတော့ ကျနော်တို့ သမဒဂျီး  ဦးသိန်းစိန် အစိုးမရ သက်တမ်း ၂နှစ်ခွဲ ပဲရှိသေးလို့ပါ..။ ပြောနိုင်ဒါဂ… ဖီးဂျမ်း သိပ်စွမ်းပါတယ်။ တဖီးလုံးစားရင် ကမာ္ဘဂျီးတောင် ကိုင်လှုပ်နိုင်လေ မလားဗဲ..။ ဤသို့ဖြင့် ပိတ်သက်လဲ အူလည်လည်ဖြစ်ကကာ ဖီးဂျမ်းနဲ့ ငလျင် ဘာဆိုင်သလဲ… နွားမပေါင်ကျိုးတာနဲ့ ညောင်ဦးကမ်းပါးပြိုတယ်လား အလဂါး…. မဆီမဆိုင်ဒွေ ဟု မကျေမနပ် ရေရွတ်ုရင်း  လူစုကွဲ အိမ်ပြန်သွားဂျလေသည်။

23 comments

  • KZ

    August 1, 2013 at 9:15 am

    အဟွတ်။
    အဟွတ်။
    ပါပါ စတုန်းးးး လေး ပင်ပန်းနေရှာရော့မယ်။

    :mrgreen:

  • မင်းမင်း

    August 1, 2013 at 9:31 am

    ဒါသက်သက်မဲ့

    လူလယ် အဲ ကြောင် လယ်ကျတာ :mrgreen:

  • ခင် ခ

    August 1, 2013 at 9:40 am

    အင်း ဒီငလျင် ရစ်ချက်စကေး ဘယ်လောက်ရှိတယ်တောင် ပြောမသွားဘူးဗျာ။ အတော်ပြင်းပုံပါဘဲနော်။

  • ဦးကျောက်ခဲ

    August 1, 2013 at 9:43 am

    ဟမ်… ဒီကြောင် ညှီပြန်ပြီ…
    သူပဲ ကျောက်စ် ကို၊ အဲ့လူကြီးက “ဒူး” နေတာလို့ ကြပ်တုန်းက ကြပ်ပြီးတော့…
    အထင်တော် မလွဲကြပါနဲ့ ခင်ဗျ… ကြောင်ကြီး အမြီးထောင် သွားရည်ကျတာက…
    အခန်းထဲမှာ ကြွက်တွေ့လို့ မြေကျွက်စ် ရှာဖွေရေး ပညာရှင် စတုန်းက နှိမ်နင်းနေတာမို့ပါ…
    ထရိတ်ဒါးကလည်း ဖောင်ဒေးရှင်း ကောင်းပါတယ်… ဟီ ဟိ
    ကောင်းဆို… ဖောင်ဒေးရှင်း Bored Pile တူးတုန်းက ကျောက်စ် အလုပ်သင်စလေ… ဟိ
    😀

    • Foreign Resident

      August 2, 2013 at 3:33 pm

      ဦးကျောက်ခဲ says:
      ” ထရိတ်ဒါးကလည်း ဖောင်ဒေးရှင်း ကောင်းပါတယ်… ဟီ ဟိ
      ကောင်းဆို… ဖောင်ဒေးရှင်း Bored Pile တူးတုန်းက ကျောက်စ် အလုပ်သင်စလေ ”

      ကြုံလို့ အကြံပေးပါရစေ ။
      ဦးကျောက် ရဲ့ ပွဲ ကို ထရိတ်ဒါး မှာ မလုပ်ပါနှင့်လား ။
      အခုလောလောဆယ် ထရိတ်ဒါး မှာ Car Parking လုံးဝ ( လုံးဝ ) မရှိဘူး ။
      ဟိုတစ်နေ့က အဘ နာရီပြင်ဖို့ ထရိတ်ဒါးက နာရီပြင်ဆိုင်ကိုသွားတာ ၊
      Car Parking မလွတ်လို့ ၊ နှစ်ပါတ်လောက် ပါတ်လိုက်ရတယ် ။

      • အရီးခင်

        August 2, 2013 at 3:40 pm

        ဟယ် အဘ …. ဥရောပခရီး က ဝယ်လာတဲ့ ဆွစ် နာရီကြီး ပျက်သွားပြီလား။ 😉

        • Foreign Resident

          August 2, 2013 at 4:22 pm

          အရီးခင် says:
          ” ဟယ် အဘ …. ဥရောပ ခရီး က ဝယ်လာတဲ့
          ဆွစ် နာရီကြီး ပျက်သွားပြီလား။ 😉

          အရီးလတ် ကလည်း ။ ဒီ နာရီက ၂၀၀၅ ထဲက ဝယ်ထားတာပါ ။
          ပျက်တာလဲ မဟုတ်ပါဘူး ။
          Servicing မလုပ်ပဲ ၈ နှစ်တောင်ကြာလို့ဖြစ်တာပါတဲ့ ။

          ဘာပဲဖြစ်ဖြစ် ။ အဘ ကတော့ နာရီ အသစ် ဝယ်ဖို့ စ စဉ်းစားနေပြီ ။
          ရွာသူား တို့ကိုပဲ အကူအညီ တောင်းရတော့မှာပဲ ။
          ဗုဒ္ဓ ဘာသာဝင် ပိုင်တဲ့ ၊ နာရီဆိုင် ကောင်းကောင်းလေးများ သိကြသလားကွယ် ။

        • ရဲစည်

          August 3, 2013 at 12:28 am

          အောက်မှာပြောလို့မရတော့လို့ ကြိုက်တဲ့ တံဆိပ်နဲ့ မော်ဒယ်အမျိုးအစားပြော မူရင်းဈေးထက် ၄% ဘဲပေးပါခင်ည လက်ဝယ်အရောက် ပို့ပေးပါ့မယ် တန်ဖိုးအရမ်းကြီးရင်တော့ အခွန်ဆောင်ပေးနော် လောလောဆယ် အဘနဲ့ လိုက်တဲ့ နာရီတွေ့ထားတယ် ရိုးလက်စ်က ဈေးမဆိုးဘူး ၄ထောင်ကျော်ဘဲ
          သားက မြန်မာနိူင်ငံသား ကရင်/ဗမာ ဗုဒ္ဓဘာသာနော်
          စကားချပ် ဒူဘိင်းက ရိုးလက်စ်ကတော့ ယူရို ၁.၃သန်းတဲ့
          😀

      • ဦးကျောက်ခဲ

        August 2, 2013 at 3:57 pm

        အဘရေ… စရံပေးပြီးသွားပြီခင်ဗျ…
        ရက်အပြည့် ဖြစ်နေတာ ဆီဒိုးနားက ဧပြီလကုန်မှ ခန်းမရမတဲ့…
        ထရိတ်ဒါးတောင် မတ်လမှရမယ်လုပ်နေတာ၊ သူများ ပွဲရက်ရွှေ့သွားလို့…
        ရက်ရတုန်း အပြေးအလွှား စရံသတ်လိုက်ရတယ်…
        အဲဒီရက် ကားရပ်ဖို့ အဆင်ပြေအောင် လုပ်ပေးမယ် ပြောတယ် အဘဖော…

  • Min Zarni

    August 1, 2013 at 10:23 am

    မာမီသံ ဖျံသို ပျောက်သွားတယ်ကြားတာ ..လက်စသတ်တော့..
    ငိငိ

  • GARFIELD

    August 1, 2013 at 10:44 am

    အော်…
    အဖြေထွက်ပြီ… သူကဖီးကြမ်းစားပြီး…
    ချစ်ချစ်ကို သီးမွှေးကျွေးနေတာကိုး…

    ဂါဂါး

  • TNA

    August 1, 2013 at 5:31 pm

    ပထမတော့ဘာမှန်းမသိဘူး။ အလယ်လောက်ရောက်တော့ နဲနဲရေးတေးတေး ဆုံးသွားမှအော်ဒဲ့ဆော်ထား ဒဂိုးလို့ အာဟိ

  • အာဂ

    August 1, 2013 at 5:59 pm

    အဲဒီနေ့ကျရင် ထရိုတ်တားစ် ဟော်တယ် ဘက်ကို မသွားတော့ဘူး..။ အယ်ဒါပေမယ့်…။ ဆာကူရာဘက် ကနေတော့ ကင်မရာသမားတွေ အများကြီးလွှတ်ထားမယ်။

    • အာဂ

      August 1, 2013 at 6:06 pm

      လင်ဝတ်တရား ငါးပါး။

      ၁။ လျာကျွေးရမယ်။
      ၂။မခံချင်အောင်မပြောရဘူး။
      ၃။မျက်နှာမလုပ်ရဘူး
      ၄။ဘယ်တော့ မှ ကိုယ်က အထက်စီးကနေမဆက်ဆံရဘူး။
      ၅။ သောက်သာသောက် ဆော်ဒါ မလျော့စေနဲ့။

  • Mr. MarGa

    August 1, 2013 at 7:58 pm

    သတင်း သဲ့သဲ့ ကြားတာတော့
    အဲဒီနေ့ ရွာ ဒါ့ပုံဆြာများက အထူးစပါယ်ရှယ် လက်စွမ်းပြမတဲ့
    နေ့ရော ညပါ ဂျူတီ ချထားသတဲ့
    ဟီဟိ

  • Ko chogyi

    August 1, 2013 at 10:13 pm

    “ဟေ့ယောင်တွေ ဘာမှ အပူနဲ့.. ကကြောင်ကြီးလာဗီ…”
    ပြေတီဦး အချိုရည်ကြော်ငြာထဲကပုံစံမျိုးနဲ့ ချီတက်သွားတာ။

  • Wow

    August 2, 2013 at 9:26 am

    အော် ဒယ်ဒီကျောက်စ် ဖီးကြမ်းတစ်ဖီးချ ပြီး ကြွက်နှိမ်နှင်းရေးလုပ်နေတာဂိုးးးးး :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 10:26 am

    ဂျိမ်းတုပ် ဂျိမ်းတုပ် ငလျင်လှုပ် …
    ကြောင်ဂျီး အမြီးကုပ် ..
    ဖီးဂျမ်း ဖီးဂျမ်း သမီးဂလေးစမ်း …
    ဂွမ်း .. ဂွမ်း .. ဂွမ်း ..

  • Yin Nyine Nway

    August 2, 2013 at 2:48 pm

    ဝှက်သဟဲလ်….. အိစံကွားလား မံကွားလား…. ဟာရေးဘာဘူ တရွာထူ… သောက်ပလုပ်တုပ် အာကြီးမှုတ် အဲလိုယောင်ဖူးဘူး

  • Aye Lwin Oo

    August 2, 2013 at 3:37 pm

    အောင်းမျတ်လေး
    တဖီး၂၀၀ဝနဲ့ ရွာတားတွေမဝယ်နိုင်အောင် ဘဂျောင့်ဖြစ်တလဲ စင်းစားနေတာ . . . . .
    ၁ယခန်တွေ့ဘဂွ . . .
    ရိုင်းတွေ ဝဲနေပြီ။
    မပြေးနဲ့ ဟိတ်

  • ကိုရင်စည်သူ

    August 2, 2013 at 4:35 pm

    ဘဝမှာ တစ်ခါမှ မင်္ဂလာမဆောင်ဘူးတော့ ဘတ်ချလာနိုက်စ်ကို
    ဟိုတယ်မှာ တည်းရမလား.. ငှားထားတဲ့တိုက်ခန်းမှာ..တည်းရမလား။
    ကိုစတုံးအတွက်… ရွာက တောကြက်ဥနဲ့ အာရပ် ကုလားအုပ်ဒိန်ချဉ် စုထားတယ်ဗျို့…
    နောက်ကျရင်တော့ တားဖို့ ဖြစ်သွားမယ်.. မြန်မြန်ဆောင်တော့.. :mrgreen:

Leave a Reply