Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရေးပေါ် သတင်းကြေငြာချက်

alinsettAugust 1, 20131min123824

ကျပ် ၁၅၀ဝ တန် SIM card များ မဲဖောက် ရောင်းချပေးနေပေမယ့်

ကျပ် တစ်သိန်းကျော်အထိ ပေါက်ဈေး ရှိနေပြီး ရောင်းချ ဝယ်ယူမှုတွေ ရှိနေတယ်လို ့သတင်းရပါတယ်။

 

*-******-******-

 

ဝယ်လိုသူများနေပြီး ရောင်းချပေးတဲ့အရေအတွက်က နည်းနေတော့ အခုလို ဈေးတွေကြီးကုန်တာပေါ့ ။

 

၁၅၀ဝ တန်ကို တစ်သိန်းကျော်ပေး ဝယ်နေရတယ်ဆိုကတည်းက ဈေးနှုန်းမတည်ငြိမ်မှု မမှန်ကန်မှုက အရမ်း ဆိုးရွားနေတာပဲလေ . .

ဟု

မတန်တဆ

ပေး ဝယ်နေရသော ဖုန်းလိုအပ်သူများက ပြောကြားနေပါသည် ။

 

************

 

လက်ရှိ အချိန်ထိတော့ ဈေးနှုန်းမတည်ငြိမ်မှု / မမှန်ကန် မှုတို့ကို တာဝန်ရှိသူများ ဘက်ကလည်း တာဝန် မရှိသလိုလို ဖြင့်

တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသေးပါ ။

 

တမင်တကာများ လုပ်စားခွင့် ပေးထားသလား မသိ ဟု

မကျေမနပ် ပြောဆို ဝေဖန်ပြောဆိုမှုများလည်း ရှိနေပါသည်။

 

***************

 

SIM card များကို ရပ်ကွက် မြို့နယ်များအတွင်း မဲဖောက် ရောင်းချပေးရာ

မဲပေါက်သူ ဦးရေလည်း အလွန်တရာ နည်းပါကြောင်း သိရသည်။

 

လိုချင်သူလည်း အင်မတန်များနေပါသဖြင့် ပြင်ပ ရောင်းချမှုများ ၏ဈေးကွက်အတွင်းတွင် . . ဈေးနှုန်းမြင့်မားမှု / မမှန်ကန် မှုများမှာ ကြီးထွားလျက် ရှိကြောင်း သတင်းရ ရှိပါသည်။

 

**************

 

ဂဇက်ရွာ သူကြီး ဦးခိုင် ၏ စကားအတိုင်း သခင်မျိုးဟေ့ ဒို့ ့ဘားမန်း ဟု ပျော်ပျော်ရွှင်ရွှင် ကြွေးကြော် ရမလို ဖြစ်နေပါသည်။

 

အကြောင်းမှာ . . ,

သခင်မျိုး ဆိုသည်မှာ ကြွယ်ဝ ချမ်းသာ ပြီး ဩဇာ ရှိသော အမျိုးဟု သတ်မှတ်လျှင် ရသောကြောင့် . . . .

 

ယခု ၁၅၀ဝ တန်ကို တစ်သိန်းကျော် ပေးပြီး ဝယ်ယူ အသုံးပြု နိုင်သူများမှာ သခင်မျိုး သာ ဖြစ်ပါကြောင်းးးး

 

ကျွန်မျိုး ဆိုလျှင် ၁၅၀ဝ တန်ကို တစ်သိန်းကျော် ပေး၍မဝယ်ယူနိုင်ပါကြောင်းးးးး

 

သတင်းကောင်း ပါးအပ်ပါသည် ။

 

 

 

24 comments

  • ခင် ခ

    August 1, 2013 at 10:54 am

    “ငါ ဆင်းကဒ်ကို ၁၅၀ဝ နဲ့ ရောင်းပေးမယ်လို့ မိန့်ခွန်းထဲမှာ ပြောထဲ့လိုက်ပြီးပြီ၊ မင်းတို့ ဖြစ်အောင်လုပ်´´
    “အဘ ကလည်း အပြောစောတာ အဲလိုတော့ ချက်ချင်းကြီး ပေါပေါလောလော ရောင်းလို့ မဖြစ်သေးဘူး အဘ´´
    “ဟေ ဘာလို့လဲဟ´´
    “အရမ်း ပေါပေါလောလောထုတ်ရောင်းရင် အဘနဲ့မိတ်ဆွေတွေ ရှယ်ယာပါထားတဲ့ ဖုန်းဆိုင်တွေ စီပွားပျက် ကုန်မှာပေါ့ အဘရယ်´´
    “မင်းနဲ့ ငါ့တပည့်လုပ်နေပြီး အ ပါ့ကွာ ပြောစကားလည်းတည်အောင် ၁၅၀ဝ နဲ့ အမြန်ရောင်း ဖုန်းဆိုင်တွေ လည်းလုပ်စားကွက်ဖြစ်အောင် ကြံဖန်လိုက်ပေါ့ကွာ သဘောပေါက်ပြီလား´´
    “သဘောပေါက်ပြီ အဘ´´
    သို့ပါသဖြင့် ဆင်းကဒ်အား ယခုကဲ့သို့သော စနစ်ဖန်တီးကာ ရောင်းချခဲ့လေသည်။ သတင်းစာ ခေါင်းကြီးပိုင်းမှာတော့ ဆင်းကဒ်တွေ ၁၅၀ဝ ကျပ်ဖြင့် အစိုးရမှာ ရောင်းချပေးဟု စားလုံးမဲ အကြီးကြီးနဲ့ ရေးလေသည်။
    ဘယ်သူပိုလဲသလဲ ကဲပြောပါအုံး။

    • အလင်း ဆက်

      August 1, 2013 at 4:15 pm

      ဟုတ်တယ် လေးခ ရေ

      သတင်းမှာသာ နာမည်ကောင်းယူ
      အသံကောင်း ဟစ်ပြီး
      ၁၅၀ဝ ထဲနဲ ့ဝယ်လို့ ရမယ် ပေါ့

      တကယ်တမ်း ၁၅၀ဝ နဲ ့မဲပေါက်လို့ရတဲ့သူ
      အတော်နည်း
      🙂

  • kai

    August 1, 2013 at 4:36 pm

    အစိုးရအလုပ်ထဲ.. တိုင်းပြည်ဘဏ္ဍာငွေကို.. ထိမ်းသိမ်း/သုံးစွဲတတ်နိုင်မှုလည်းပါတယ်…။
    အဓိကကတော့.. Checks and Balances အရ.. ကွန်ဂရက်(လွှတ်တော်)က..ငွေထုတ်ပေးရပြီး.. သမ္မတရုံးက.. ငွေတောင်းရ..သုံးရတာပါ..။
    ၁၅၀ဝကျပ်တန်ဆင်းကဒ်လူတွေသုံးနိုင်ဖို့က..ဘက်ဂျက် ငွေခွဲတန်းချကြေးဆို.. နောက်ဆုံးမှာရှိရမယ်လို့.. ယူဆမိတယ်..

    ဆိုတော့..
    ကျုပ်သာအစိုးရဆိုရင်.. လူထုကို ၁၅၀ဝကျပ်တန်ဆင်းကဒ်အစား… လျှပ်စစ်စက်ရုံအကြီးကြီးတွေဆောက်ပေး… ရွာအထိလျှပ်စစ်မီးရအောင်(သာ)လုပ်ပေးတယ်..
    ဘက်ဂျက်ငွေသုံးစွဲပုံပြောတာပါ…။
    ခံလိုက်ကြဦးပေါ့… Burman များ….. :kwi:

    • lele kyi

      August 3, 2013 at 8:16 am

      ၁၅၀ဝ နဲ့ပေးမယ်လို့ စပြောကတည်းကိုကအယုံကြည်မရှိတာပါ။ သူကြီးကို သမတ တင်ချင်ပါတယ်။ဟီးးးး။ ကျမလည်း ကျေးလက်ဒေသတွေကို လျှပ်စ်စစ်မီးရစေချင်တယ်။ လမ်းပမ်းဆက်သွယ်ရေးချောမွေ့စေချင်တယ်။ အဲ့လာဆို ခရီးသွား လုပ်ငန်းကပိုပြီး ဝင်ငွေရ ရမှာ။ ပြီးတော. မြန်မာလူမျိုးတွေ ဆင်းရဲ တယ်။သနားစရာကောင်းတယ်ဆို တဲ့ အမြင်အစား သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်း တကျ တိုးတတ်အောင်ကြိုးစားနေတဲ့ နိုင်ငံတစ်ခုအနေနဲ့မြင်သွားစေချင်ပါတယ်။

  • Mr. MarGa

    August 1, 2013 at 6:17 pm

    Demand & Supply
    Demand & Supply
    Demand & Supply
    အဓိက က အိုက်ဒါ အိုက်ဒါ :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 2:26 pm

    အော် .. လောဘ .. လောဘ ..
    အော် … ဝိသမ လောဘ .. ဝိသမ လောဘ ….
    ငါလည်း ….
    ၁၅၀ဝ နဲ့ ဝယ်ထားတဲ့ ဖိနပ်စုတ်လေးကို တစ်သိန်းလောက်နဲ့ ပြန်ရောင်းအုံးမှ …
    ဝယ်မားဟင်င်င် … :mrgreen:

    • အလင်း ဆက်

      August 2, 2013 at 8:59 pm

      နီ ့ဖိနပ်ကို.. လိုချင်သူများမှ ရမှာပေါ့ဟ ။
      ——–
      ပြီးတော့…နီ က… မိုက်ကယ် ဂျက်ဆင်လည်း.မဟုတ်…
      နီရောင်းမှာ.က.. လက်အိတ်လည်း..မဟုတ်…
      ဖိနပ်စုတ်ကြီး..။
      ——–
      😆

  • Shwe Ei

    August 2, 2013 at 2:41 pm

    ၁၅၀ဝတန်ဆင်းမ်ကဒ်ဆိုတာ မသိရင် ဆင်းမ်ကဒ်ကို နံမယ်ပေးထားသလိုဘာဘဲအေ။

    ဒဂယ်ဝယ်ချင်ရင် ဘဒူ့အဖေခေါ်ရမှန်းမသိတဲ့ ဘွ။ ဖုန်းဆိုင်ကလူ ပြောလိုက်မဲ့ဈေးနှုန်းကို ရင်တထိတ်ထိတ်နဲ့စောင့်နေရတာ။ ဆိုးလွန်းပါဒယ်။ :chee:

  • အလင်း ဆက်

    August 2, 2013 at 8:56 pm

    ဒီညနေ…
    1500 တန် ဆင်းကဒ်ရောင်းတယ်ဆိုတဲ ့.. ဖုန်းအရောင်းဆိုင်မှာ. ဝင်မေးကြည့်တာ..
    1500 တန် GSM ကဒ် တစ်ကဒ်ကု်ိ…
    တစ်သိန်းလေးသောင်းလောက်..နဲ ့ရောင်းနေတယ်..။
    ———-
    CDMA 800 ကတော့…
    တစ်ကဒ်ကို… 85000 တဲ ့လေ..။
    ———-
    1500 တန် မဲဖောက်ရောင်းပေးတဲ ့.. ကဒ်များ..
    ဈေနှုန်ကြားပြီး…
    ခေါင်းမူသွားပါကြောင်းးး

    ————————————–
    :kwi:

  • โทรศัพท์มือถือ

    August 2, 2013 at 10:24 pm

    ကိုအလတ်ဇင်းဘာတွေလျှောက်ပြောနေတာလဲ
    ကြူံတုန်းပွားရအုံးမယ် တစ်လောကမုံရွာပြန်ရောက်တုန်း
    ၁၅၀ဝ တန်ဆင်းကဒ်ဆိုတဲ့ဟာ ပွဲဝင်စားလိုက်တာ တစ်ကဒ်ကို ၅၀၀၀
    နှုန်းပွဲခ ၂ ခါရလို့ mec ဆင်းကဒ်အား မောင်မိုဘိုင်းမှ ၁၀၀၀ဝ ဖိုးကျေးဇူးတင်ရှိပါကြောင်းးးးး

    • အလင်း ဆက်

      August 3, 2013 at 7:54 am

      ကျနော်တော့
      ကျေးဇူး မတင် နိုင်သေးဘူး

      ခုထိ မဲ မပေါက်သေးလို ့

      ဝယ်လည်း မဝယ်နိုင်သေးဘူး
      တစ် သိန်းကျော် မို ့
      🙂

  • uncle gyi

    August 2, 2013 at 11:01 pm

    ဖုန်းဆိုင်ကသူဖာသာသူဘယ်ဈေးရောင်းရောင်း
    ဝယ်သူရှိလို့ပေါက်ဈေးဖြစ်တာ
    ဝယ်သူမရှိရင်သူ့ဖာသာသူဘယ်ဈေးဖွင့်ဖွင့်ဆိုင်ရှင်ဘာတတ်နိုင်မလဲ
    ပြောမယ်ဆိုတနှစ်ပေါ့
    မစောင့်နိုင်သူဝယ်ပေါ့
    သူ့ပိုက်ပိုက်နဲ့သူဝယ်တာ
    ဝယ်ပါစေ
    မြန်မာတွေဘယ်လောက်ချမ်းသာတယ်ဆိုတာ
    ကမ္ဘာပတ်ကြွားပလိုက်စမ်းပါ

    • အလင်း ဆက်

      August 3, 2013 at 7:51 am

      အာ့ ကြောင့်
      အပေါ်မှာ ထည့်ပြောခဲ့တာ

      သူကြီး စကား

      သခင်မျိုးဟေ့ ဒို ့ဘားမန်း
      🙂

  • ဦးကြောင်ကြီး

    August 3, 2013 at 8:47 am

    ၁၅၀ဝနဲ့ ရောင်းနေတာ လအတန်ချီကြာပီ.. ခုထိ မှောင်ခိုဈေး ကောင်းနေဆဲဆိုဒေါ့ တခုခု လွဲနေပါပြီ။.. စစ်တပ်ဦးပိုင်ကို ဆင်းမ်ကတ် ရောင်းချဖြန့်ချီခွင့် တဦးတည်း ပေးထားကထဲက စလွဲနေဒါ… ကဲ… ဆိုဂျဦးလေ.. သမဒဂျီး ဘောသိပ်ကောင်းဒါပဲလို့… စားဂျကွာ သမဒဂွေးသီး.. နင်တို့ အဲဒါပဲ တန်ဒယ်…

  • marga thagyar

    August 3, 2013 at 2:09 pm

    သမတကြီးက စေတနာပေးတယ်
    ဝိသမလောဘသားတွေကဝေဒနာပေးတယ်
    ဖုန်းကဒ်မဲဖေါက်ပေးပိုင်ခွင့်ရှိသူတွေက ငွေအသပြာ ရွေးချယ်
    ကျောမွဲများအတွက်ကတော့ သေရွာသာပြေးဖွယ်

    • အလင်း ဆက်

      August 3, 2013 at 2:32 pm

      အစိုးရက
      ၁၅၀ဝတန် ဆင်းကဒ်တွေကို
      မှောင်ခို ရောင်းချသူတွေ ရဲ့ ဈေးကွက် လက်ဝါးကြီးအုပ်မှု ကာကွယ်တဲ့အနေနဲ့
      ၁၅ ရက် အတွင်း
      အသုံးမပြုရင်
      အလိုအလျောက် လိုင်း ပိတ်သိမ်းမယ် ဆိုပြီး စီစဉ်လ်ုက်တယ်

      အခု ၁၅၀ဝ တန် ဆင်းကဒ် ကို
      တစ်သိန်းကျော် နဲ့ ရောင်းနေတဲ့ဆိုင်တွေက လည်း အကြံကောင်းတယ်

      ဆင်းကဒ်ထဲ ငါးထောင် ဖိုး ငွေဖြည့်ထားပြီး ရောင်းနေတယ်။
      တစ်သိန်း သုံးသောင်း နဲ့ ရောင်းမယ့် ကဒ်ကို
      ၁၃၅၀၀ဝ နဲ့ရောင်းတယ်။ ငွေငါးထောင်ဖိုးဖြည့်ပြီးသား ကဒ် ပေါ့ ။

      ကောင်းပါလေ့

      🙂

  • koyinmaung

    August 3, 2013 at 7:49 pm

    လွယ်ပါတယ်..1500ဆင်းကဒ်တွေကိုဈေ းတင်ပြီး
    ရောင်းနေတဲ့ဆိုင်တွေလူတွေကို ချဲဖမ်းသလိုဖမ်းပြီး…
    ထောင်မချနဲ့ကဒ်တကဒ်ရောင်းတာမိယင် တသိန်းခွဲဒဏ်ငွေရိုက်ပစ်လိုက်….

  • ဖြစ်သင့်တာကတော့
    ကိုယ်မလိုအပ်ရင် မဝယ်နဲ့။
    ဝယ်ပြီးရင်ပြန်ရောင်းမစားနဲ့။
    ဒါဆိုရင် လိုချင်သူတွေလက်ထဲ တကယ်ရောက်သွားမှာပါ။

    အခုတော့ပေးတဲ့သူက လည်းလောက်ငှအောင်မပေးနို်င်။
    မလိုတဲ့သူကလဲ အလုအယက် တိုးဝှေ့ပြီးရတော့ ပြန်ရောင်းစား။

    အရှင်းဆုံးပြတ်ပြတ်သားသားပြောရရင် ဒီဖုန်းကိုင်ရလို့လဲ ဘာမှထူးပြိး ဘဝက မြင့်တက်မလာပါဘူး။
    မကိုင်လို့လဲ နိမ့်ကျမသွားပါဘူး။
    မြန်မာပြည်ဆင်းရဲသားအများစု အတွက် ဒီထက်လိုအပ်တာတွေအများကြီးရှိနေပါသေးတယ်။
    အခုတော့ အာချောင်တဲ့ကောင်နဲ့ သံယောင်လိုက်တဲ့ကောင်တွေကြောင့်
    အဓိကလိုအပ်ချက်မဟုတ်တဲ့ ဆင်းကဒ်လေးနဲ့ချွေးအသိပ်ခံလိုက်ရတာပါ။

  • အလင်းဆက်

    August 5, 2013 at 8:27 pm

    အခုတော့ အာချောင်တဲ့ကောင်နဲ့ သံယောင်လိုက်တဲ့ကောင်တွေကြောင့်
    အဓိကလိုအပ်ချက်မဟုတ်တဲ့ ဆင်းကဒ်လေးနဲ့ချွေးအသိပ်ခံလိုက်ရတာပါ။

    အမှန်ပါပဲ..လေးပေါက်ရေ..
    ဘာမဟုတ်တဲ ့.. ကိစ္စလေးမှာတောင်…
    မှန်မှန်ကန်ကန်…စနစ်တကျ
    ဆောင်ရွက် မပေးနိုင်တာ…
    အံ့ဩတယ် ။

  • e tone

    August 6, 2013 at 10:07 am

    1500 အရင်းပြုပြီး ဘာမဟုတ်တဲ့ အမြတ်ငွေလေးနဲ့ သိက္ခာတရားတွေ အပွန်းပဲ့ခံလို့ …. ။
    ရပ်ကွက်ထဲမှာလည်း ရပ်ကွက်လူကြီး လုပ်သူတွေ ရှက်ကြောပြတ်ပြီး ၊ ခွဲဝေယူတယ် …. ဘယ်တုန်းက နာမည်တွေကောက်ပြီး ဘယ်တုန်းက ဘယ်လို မဲနှိုက်လိုက်တယ် မသိဘူး … ရတဲ့ လူတွေ အချင်းချင်း ပွဲစားကို ဈေးပြိုင်ပေးလို့ မတည့် ထခုတ်တော့မှ …၊ သိတော့တယ် …. ။
    ရပ်ကွက်ကတော့ အတူနေကြသူအချင်းချင်း ပုလင်းတူဗူးစို့ စရိုက်ဆန်လို့ မပြောတော့ပါဘူး ။

    ဌာနဆိုင်ရာတွေမှာလည်း ဘာထူးလဲနော် ….. ။ လူကြီးအမည်ခံတွေက … ဘာမှ မဟုတ်တာလေးနဲ့ အစွယ် တဝင်းဝင်းမြင်ရအောင်ပဲ တပ်မက်မှုတွေ များနေလိုက်ကြတာ … ။ ကိုယ့်ရဲ့ ရာထူးနဲ့ သိက္ခာတောင် မထောက်ထားနိုင်ပဲ …. လက်သိပ်ထိုး ဝေပေးတာတွေ … လုပ်နေကြလေရဲ့တော် … ။

Leave a Reply