Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြောင်သားဟင်းလျာ (Cat Meat )

Don Juan RonaldAugust 11, 20134min92322

အား လုံး မင်္ဂလာ ပါ  ! ♥ ♥ ♥

 

တရုတ် ဘိုးတော် တယောက် မဟုတ်သရုပ် တွေ ရေး တော့ မယ် နော် ။

ဤ ပို့စ် သည် ဟင်း ချက် နည်း ကို သင်ကြား ပေး သော ပို့စ် မ ဟုတ် ပါ ။

လူသား ( Human being) နှစ် ယောက် ကြောင်သား ( Cat meat ) ကို မတော်တစ်ဆ စား မိ သော ဟာသ တပုဒ် သာ ဖြစ် ပါ သည် ။

နို့ တိုက် သတ္တဝါ များ ဖြစ် ကြ တဲ့ လူသတ္တဝါ နှင့် ကြောင်သတ္တဝါ တို့ သည် အစုံ စား သတ္တဝါ များ ဖြစ် ကြ ပါ သည် ၊ လူသတ္တဝါ သည် ကြောင် သတ္တဝါ ထက် ပို ၍ အစား  စုံ လိမ့် မည် ဟု ယူဆ ပါ တယ် ၊ အ ထူး သဖြင့် တရုတ် ကြီး များ ဟာ အစား အ စုံ ဆုံး ဖြစ် နေ မည် လား မ သိ ။

 

ကျနော် ဆယ်ကျော်သက် ( ၁၉၆၁ ခုနှစ် ) ခန့် က တရုတ် ကျောင်း ဘော်ဒါ ဆောင် မှာ နေ ခဲ့ စဉ် ကာလ ၊ စားဖိုမှူး ဘိုးတော် (Cantonese ) တဦး က ၊ တရုတ်ပြည်ကြီး မှာ ရှိ တဲ့  သူတို့ ပြည်နယ် ( Guandong ) မှာ မြွေသား နှင့် ကြောင်သား ကို ရော ချက် ထား သော  ‘ 龍虎鬥  ’ ဆို တဲ့ ဟင်း တစ် မယ် ရှိ တယ် ၊ ဗမာ လို   ‘နဂါး နှင့် ကျား ’ ၊ မြွေ ကို နဂါး အ ဖြစ် နှင့် ကြောင် ကို ကျား အ ဖြစ် ဖြင့် တင် စား ထား တဲ့ သဘော ပေါ့ ။

အဲ ဒီ အချိန် အဲ ဒီ အရွယ် မှာ တော့ အဲ ဒီ အ ကြောင်း ကို ကျနော် မ ယုံ ပါ ဘူး ၊ ရှားရှားပါးပါး ဘယ်သူ က ကြောင် သား စား မှာ လဲ လို့ ထင် ခဲ့ ဘူး သည် ။

ယခု internet ပေါ် မှာ cat meat လို့ ရှာ လိုက် လျှင် ကြောင်သား စား ချင်း နဲ့ ပါတ်သက် သော website တွေ အများ ကြီး ရှိ နေတာ ကို တွေ့ ရ ပါ သည်  ။

 

ကြိုတင် ရှင်းလင်း တင်ပြချက် ။ ။

အောက် ပါ စာ သား များ တွင် ပါ ရှိ သော “ ကြောင်ကြီး ” သည် ၊ ကျနော် အင်မတန် မှ လေးစား ရ သော ဒီရွာ မှ သုခမိန် ဆရာ ကြောင်ကြီး နှင့် လုံးဝ ပါတ်သက် ခြင်း မရှိ ပါ ၊ အကယ်၍ ရွာသူား များ အတင်း ဆက်စပ် ပြီး တွေး ချင် လျှင် ထို တွေး ချင် သူ ၏ တာဝန် သာ ဖြစ် ပါ သည် ။ 阴险 ဒါ့ အပြင် ခလေးများ ၊ အမျိုးသမီး နှင့် သူတော်စင် များ သည်  ဒီ ပိုစ် ကို ဖတ်ရှု ချင်း အား မ ပေး ပါ ။

 

အဖြစ်အပျက် အ စ အ ဆုံး လေး ကို ကြည့် ကြ ရ အောင် ။

လွန် ခဲ့ သော နှစ် ပေါင်း ၃ဝ ကျော် ၊ ကွန်မြူနစ် တရုတ်ပြည် ကြီး တံခါးဖွင့် ဝါဒ ကို ကျင့်သုံး လိုက် တဲ့ အ ခါ ၊ စပ်စု သော ကုလား ဖြူ များ သည် ၊ တရုတ် ပြည် ကြီး သို့ လည် ပတ် ရန် အ သီးသီး ရောက် ရှိ လာ ကြ ပါ သည် ။

Mr. George တို့ အမေရိကန် လင်မယား သည် လည်းHongkong မှ တဆင့် တရုတ်ပြည် တောင်ပိုင်း Guangzou မြို့တော် သို့ ရောက် ရှိ လာ ပါ သည် ။

( Damage ကို ဒါးမကြီး ၊ Manage ကို မာနကြီး ဟု ငယ်ငယ် တုံး က ဖတ် ခဲ့ ဘူး သလို ၊ George ကို လည်း ဂျော့ကြီး လို့ ဖတ် လိုက် ကြ ရ အောင် ။)

ဂျော့ကြီး တို့ ဇနီး မောင်နှံ သည် Guangzou မြို့တော် တွင်း ရှောက် လှည် ရင်း ၊ ထမင်း စား ချိန် ရောက် သော အ ခါ ကြီးကျယ် ခန်းနား သော စားသောက် ဆိုင် တဆိုင် ထဲ သို့ ဝင် ပြီး စားသောက် ကြ ပါ သည် ။

ဂျော့ကြီးကတော် သည် Menu ကို ကြည့် နေ စဉ် ၊

ဂျော့ကြီး သည် တောင်ကြည့် မြောက်ကြည့် နဲ့ နောက်ဆုံး အလွန်ချောမောလှပ ပြီး အ ပြုံး နဲ့ ရွှင် နေ သော waitress တရုတ်မ လေး ကို ဏှာမျက်လုံး အစုံ နှင့် ငေး ကြည့် နေ ပါ သည် ၊

ကောင်မလေး နဲ့ စကား ပြော ချင် လို့ ဦးဂျော့ကြီး သည်  ပါ လာ တဲ့  pet  ပါးရှန်းကြောင်ကြီး (Persain Cat ) ကို လက် ညိုး ထိုး ပြီး ၊ တရုတ်မလေး ကို ပြော လိုက် သည် ၊

 

13457138822539udv0u6p20_medium
ပါးရှန်းကြောင်ကြီး (Persain Cat )

“ Please feed the pussy something ” ဗမာဘာသာ လို “ ကြောင်ပူစီ ကို စားစရာ တခုခု ကျွေးမွေး လိုက် ပါ ဦး ”

( ဂျော့ကြီး သည် သူ တို့ အမေရိကန် နိုင်ငံ မှာ လို ၊ ဧည့်သည် တွေ ပါ လာ တဲ့ pet ကို ဆိုင် က  ကျွေးမွေး ပြုစု တဲ့ ဝန်ဆောင် မှု ရှိ နေ သည် ကို အကျင့် ဖြစ် နေ ပြီး ၊ ဒီမှာ လည်း ဒီ လို ရှိ သည် ဟု ထင်နေ ပါ သည် ။)

( တရုတ် waitress လေး ကို ကျနော် တို့ မသိန်းသိန်း လို့ ခေတ္တ နာမည် ပေး ထား လိုက် ကြ ရ အောင် ။)

မသိန်းသိန်း သည် မျက်နှာ ချိုသာ စွာ ဖြင့် “ အိုက် ခက် စ် ခယူးစ်မီး =Excuse me ”  ဟု တရုတ် အသံ ကြီး နဲ့ အင်္ဂလိပ် လို ပြန် ထူး လိုက် ပါ သည် ။

ဒီ တရုတ် မ လေး အင်္ဂလိပ် လို သိပ် မ ပြော တတ် ဘူး လို့ ထင် ပြီး ၊ ဂျော့ကြီး သည် ဟန် အမူအရာ နဲ့  ပါးရှန်းကြောင်ကြီး ကို လက်ညိူး နဲ့ ထိုး ပြ လိုက် ၊ သူ့ ပါးစပ် ကို လက် ညိုး နဲ့ ပြန် ထိုး ပြ လိုက်  ။

 

မသိန်းသိန်း သည် လည်း ပြုံးပြုံး လေး နဲ့ ဂျော့ကြီး ကဲ့သို့ ပါးရှန်းကြောင်ကြီး ကို လက်ညိူး နဲ့ ထိုး ပြ ကာ “ Pussy ” လို့ ပြော ပြီး ၊ လက် ညိုး ကို ပါးစပ်ပြန် ထိုး ပြ လိုက် ပြီး “  eat ? ” လို့ မေး လိုက် ပါ သည် ။

ဂျော့ကြီး  လည်း သဘော ကျ စွာ နဲ့ ခေါင်း ကို ညိမ့် ပြီး “ ယား ! ယား ! ယား ! =Yeah ! Yeah ! Yeah !  ”

 

ဂျော့ကြီး သည် ပါးရှန်းကြောင်ကြီး ကို မသိန်းသိန်း အား အစာ သွား ကျွေး ဖို့ လှမ်း ပေး လိုက် ပါ သည် ။

 

မသိန်းသိန်း သည် ပြုံးပြုံး လေး နဲ့ ပါးရှန်းကြောင်ကြီး ကို ပွေ့ ချီ ပြီး စားဖိုဆောင် သို့ တန်း သွား လိုက် ပါ တော့ သည် ။

ယခု လောက် ဆို ရင်  ပါးရှန်းကြောင်ကြီး  ရဲ့ကံကြမ္မာ ကို လူကြီးမင်း တို့ ခန့်မှန်း လို့ ရ ပြီ ပေါ့ နော် ။

 

စားဖိုဆောင် ၏ Chief Cook  “ အမေရိကန် မိတ် ဆွေတွေ ကျနော် တို့ ဆိုင် ရဲ့ နာမည် ကျော်ကြား သော ကြောင်ဟင်းလျာ စား ဖို့ ရန် သူ ကိုယ်တိုင် အမေရိကန်ပြည် မှ ကြောင်ကြီး  ကိုသယ်ဆောင် လာ ပြီး ချက် ခိုင်း တာ ၊ ယနေ့ အကျွန်ုပ်  ကိုယ် တိုင် ဦးဆောင် ပြီး ၊ ဆိုင်တွင်း ရှိ အကောင်း ဆုံး သော မြွေသား များ ထည့် ၍ူ အရသာ အ ရှိ ဆုံး 龍虎鬥 နဂါး နှင့် ကျား ဟင်း ကို the best of the best  ဖြစ် အောင် ချက် ကြွေး လိုက် ပါ မည် ။”

 

Chief Cook သည် ဤ မျှ ထွားကြိုင်း ပြီး အသား နု သော ကြောင်ကြီး ကို ဒီတစ်သက် တခါ မျှ မတွေ့ ခဲ့ ဘူး ပါ ။

Chief Cook သည်  အမွေး အလွန် လှပ တဲ့ ကြောင်သားရေ ကို မိမိ ၏ ဇနီး အတွက် မာဖလာ muffler လည်စည်း တစ် ထည် ချုပ် ပေး ရန် စိတ်ကူး စီစဉ် လိုက် ပါ သည် ။

( တရုတ် များ သည် မိမိ ၏ ဇနီး အပေါ် စေတနာ အပြည့်  ထား တတ် သော အကျင့် ကောင် း ရှိ ကြ ပါ သည် )

 

Chief Cook သည် ဂျော့ကြီး တို့ ဇနီး မောင်နှံ အတွက် မှ ပို လျှံ နေ သော ကြောင်ဟင်းလျာ များ ကို ဆိုင် မန်နေဂျာ အား တစ် ခွက် ဆက်သ ပေး လိုက် ပါ သည် ။

( တရုတ် များ သည် ဆရာသမား နှင့် အထက် အရာရှိ ပေါ်မှာ အ မြဲ ရိုသေ ခစား တတ် သော အကျင့် ကောင်း ရှိ ကြ ပါ သည် )

 

Chief Cook သည် မိမိ ၏ ယောက္ခ ထီး နှင့် မိမိ ၏ ဒက်ဒီကြီး အတွက် တပွဲ စီ ချန် ထား ပေး လိုက် ပါ သည် ။

( တရုတ် များ သည် လူကြီးမိဘ များ ကို အမြဲ ရိုသေ လေးစား စေတနာ ထား တတ် သော အကျင့် ကောင်း ရှိ ကြ ပါ သည် ၊ ထို့ကြောင့် သမီး ချောချော ရှိ လျှင် တရုတ် ကောင် လေး နဲ့ ပေးစား ချင်း ဟာ အမျှော် အမြင် ရှိ သော လုပ် ဆောင် ချက် တရပ် ဖြစ် ပါ လိမ့် မည် )

မှတ်ချက် ။ ။   ယောက္ခ ထီး က ကြောင်သား စား လျှင် ယောက္ခမ အတွက် အကျိုး ရှိ စေ ပြီး ထို နည်း တူ ဒက်ဒီကြီး ကြောင်သား စား လျှင် မာမီကြီး အတွက် အကျိုး ရှိ သည် ကို ၊ စာသား များ အား လုံး ဖတ် ပြီး လျှင် ၊ လူကြီး မင်း များ သဘော ပေါက် သွား ပါ လိမ့် မည် ။

 

Chief Cook သည် ကျန် ရှိ သေး သော ကြောင် ဟင်းလျာ ကို ဆိုင် ဝန်ထမ်း များ တစ်ယောက် တစ် ခွက် စီ ဝေ ပေး လိုက် ပါ သည် ။

( တရုတ် များ သည် ဝေစားမျှစား တတ် သော အကျင့် ကောင်း ရှိ ကြ ပါ သည် )

 

ကဲ~ ကဲ~ ပြဿနာ က လာ ပြီ ။

ဂျော့ကြီး တို့ ဇနီး မောင်နှံ သည် ဟင်းလျာ ကို ပိုက် တင်း အောင် မြိန်လျှက် စွာ စား သောက် ပြီး နောက် ၊ မသိန်းသိန်း ဆီ မှ ပါးရှန်းကြောင်ကြီး ကို ပြန် တောင်း တဲ့ အ ခါ ၊  မသိန်းသိန်း သည် အံ့ဩ စွာ နဲ့ ဂျော့ကြီး တို့ ဇနီး မောင်နှံ အား “ ယူ ယိယိ = you eat it  ” ဟု ပြောပြ လိုက် ပါ သည် ။

ဂျော့ကြီး အံ့ဩ စွာ နဲ့ “ What ?  ” လို့ အသံ ကျယ်လောင် စွာ နဲ့ အော် မေး လိုက် ပြီး ၊

မသိန်းသိန်း သည် တုန်တုန်ယင်ယင် နဲ့ “ ပူစီ ” လို့ ပြော ပြီး ၊ လက် ညိုး နဲ့ ဂျော့ကြီး  ၏ ပါးစပ် နဲ့ ဝမ်း ပိုက် ကို ထိုး ပြ  ပြီး “  eat  ” လို့ ဖြေ လိုက် သည် ။

“ အိုးမိုင် god !!! ” ဂျော့ကြီး တို့ လင်မယား တပြိုင် နဲ့ အော် လိုက် ပြီး ၊ ကုလား ထိုင် ပေါ် သို့ လဲ ခွေ ကျ သွား ပါ တော့ သည် ။

ရန်ဖြစ် သံ ကို ကြား သွား သော မန်နေဂျာ သည် ကြောင်သား စား ရင်း တန်းလန်း နဲ့ ပြေး ထွက် လာ သည် ၊ အင်္ဂလိပ် လို ကောင်း စွာ ပြော တတ် သော မန်နေဂျာ သည် အ ကြောင်း စုံ ကို သိရှိ ပြီး နောက် “ အိုးမိုင် god !!! အရမ်းအရမ်း ကို ဆောရီး ဘဲ It’s a complete , perfect misunderstanding mistake  ” ဟု ဆို လိုက် ပါ သည် ။

မသိန်းသိန်း သည် လည်း အကြိမ်ကြိမ် ခါး နှင့် ခေါင်း ကို ညွတ် ပြီး  “ ဆောရီး…ဆောရီး…ဆောရီး…  ………… ”

 

မန်နေဂျာ သည် နည်းအမျိုးမျိုး နဲ့ တောင်းပန် ပြီး ၊ လျော်ကြေး အဖြစ် ဖြင့် ဂျော့ကြီး တို့ လင်မယား ယခု စားသောက် သွား သည် ကို free of charge ၊ သူတို့ Guangzou မြို့္ပ္ပ္ပ္ပ္ပ္ပတွင် ရှိ နေ စဉ် ကာလ အတွင်း ၊ နေ့စဉ် နံနက်စာ နှင့် ည စာ ကို ဒီ ဆိုင် က တာ ဝန် ယူ မည် ၊ ဒါ့ အပြင် တရုတ် ပြည် ၏ အကောင်း ဆုံး အရက် ထဲ မှ တစ် မျိုး ဖြစ် တဲ့ မော်ထိုင် (茅台酒 ) အရက် နှစ် ပုလင်း လက်ဆောင် ပေး လိုက် ပါ သည် ၊ ဂျော့ကြီး တို့ လင်မယား လည်း ဘယ် တတ် နိုင် မှာ လဲ ၊ ကြောင်ကြီး က ကိုယ့် ပိုက် ထဲ ရောက် နေ ပြီ ဥစ္စာ ၊ ဒီတော့ ကျေအေး လိုက် ရ တာ ပေါ့ ၊ မျက်ရည် ဝှဲ ပြီး သဘောတူ လိုက် ရ ပါ တော့ သည် ။

 

မန်နေဂျာ သည် ဂျော့ကြီး တို့ လင်မယား အား နှစ်သိမ့် တဲ့ အနေ နဲ့ ကြောင်သား စား ချင်း၏ အကျိုး အာနိသင် ကို လည်း ရှင်း ပြ သွား ပါ သည် ။

ကြောင်ဟင်းလျာ စား ချင်း အား ဖြင့် ၊ ကိုယ်ခံ အား ကောင်း လာ နိုင် ပါ သည် ၊ အမျိုးသမီး များ အတွက် အသားအရည် ချောမော လှပ ကောင်း မွန် လာ နိုင် ပါ သည် ၊ အထူး သဖြင့် ယောက်ျား များ အတွက် ကာမ စွမ်းအား သန်မာ စေ ချင်း ………စသဖြင့် ပေါ့ ။ မယုံ လျှင် internet ပေါ် ရှာ ကြည့် တဲ့ ဗျ ။

 

ည အချိန် ဂျော့ကြီး တို့ လင်မယား ဟော်တယ် ပြန် ရောက် လာ ပြီး ၊ ရေ မိုး ချိုး ပြီး နောက် အနား ယူ နေ သော အခါ ၊

ဂျော့ကြီးကတော်  “ ကို ဂျော့ကြီး ရေ ~~ရှင်ဟာ တစ် သက် လုံး စည်အိုင်အေတရုတ် ဌာန မှာ အလုပ် ၊ လုပ် ခဲ့ တာ ၊ တရုတ် တွေ ကြောင်သား စား တာ တောင် မသိ လိုက် ရ ဘူး လား ဟင် ~~ ”

ဂျော့ကြီး သည် ခေါင်း ကို စောင်း ၍ ပခုံးနှစ် ဖက် ကို တွန့် လိုက် ပြီး ၊ လက် နှစ် ဖက် ကို ဖြန့် ကာ ၊ ဘာမျှ မတတ်နိုင် သော အမူအရာ နဲ့

“ ကျုပ် တို့ က တရုတ်ကြီး တွေ အိမ် နီး ချင်း နိုင်ငံ များ နဲ့ ပြဿနာ ဖြစ် အောင်ဖန်သီး တဲ့ တာဝန် ယူ နေ ရ တာ နဲ့ ကို အလုပ် ရှုပ် နေ ပြီ ၊ သူ တို့ ဘာ စား တာ ဘယ် အရေး စိုက် နိုင် မှာ လည်း ။ ”

………………………..။

ခဏ ကြာ တော့ ကိုဂျော့ကြီး က “ ပြော လို့ ပြော တာ မ ဟုတ် ဘူး နော် ၊ အဲ ဒီ ကြောင်သား က စား လို့ တော့ အကောင်းသား ၊ ကဲဗျား~~ ပြောရင်းဆိုရင်း  နဲ့ ကြောင်သား ရဲ့ အာနိသင် တောင် ပြ လာ ပြီ ၊ ဒီည  အိမ် က ပါ လာ တဲ့ Viagra တောင် စား ဖို့ မလို တော့ ဘူး  ”

ဂျော့ကြီးကတော် သည် ရှက်သွေး တွေ ဖြန်း ပြီး မျက်နှာ နီ ရဲ လာ ကာ ဂျော့ကြီး ကို လက်သီး လေး နဲ့ လှမ်း ထု ရင်း ၊

ဟဲ့ ~~သေဏှာကြီး ရဲ့………… ” တဲ့ ဗျို့ ။哈哈

 

«««««««««««««««««««««««« ♥ ♥ ♥ »»»»»»»»»»»»»»»»»»»»»»»»

 

မသိန်းသိန်း အကြောင်း ကို နဲနဲ ပြန် သွား လိုက် ကြ ရ အောင် ။

 

ပုံ-၁ မသိန်သိန်းနီးပါး လှပ သောတရုတ်မင်းသမီး YangMi (for reference only)
ပုံ-၁ မသိန်သိန်းနီးပါး လှပ သောတရုတ်မင်းသမီး YangMi (for reference only)

မသိန်းသိန်း သည် တရုတ်ပြည်ကြီး ဗဟိုထောက်လှမ်ရေး မှ Agent တဦး ဖြစ် ပါ သည် ၊ သူမ သည် ပီကင်း ဗဟိုနိုင်ငံရေးတက္ကသိုလ် မှ credit အမှတ်ပြည့် နှင့် အောင် ပြီး ဘွဲ့ ရ ခဲ့ ပါ တယ် ၊ အင်္ဂလိပ် ၊ ရုရှား ၊ ပြင်သစ် နှင့် စပိန် ဘာသာ လေး မျိုး စလုံး ကို ကျွမ်းကျင် စွာ ရေး တတ် ဖတ် တတ် သည် ။ ကျောင်း နေ စဉ် က The Queen of  ပီကင်း ဗဟိုနိုင်ငံရေးတက္ကသိုလ် tittle ကို လေး နှစ် တိုင်တိုင် စွတ် ခူး ခဲ့ ဘူး သည် ။

YangMi -2
ပုံ-၂ မသိန်းသိန်း နီးပါး လှပ သောတရုတ် ခေတ် မင်းသမီး YangMi ( for reference only )

 

မြွေ မြွေ ချင်း ခြေ မြင် သလို ပေါ့ ၊ ဂျော့ကြီး ဝင် လာ က တည်း က သူ မ က စည်အိုင်အေ အနံ့ ရ နေ ပြီ ၊ ဂျော့ကြီး ကဏှာပွ နေ လို့ သတိ လစ် သွား တာ ၊ ပြီး တော့ ဂျော့ကြီး က ဏှာ ငွေ့ တန်း နေ တဲ့ မျက် လုံး နဲ့ ပူစီ ပြော လို့ ၊ သူမ က ဒီ ဏှာဗူး ကို ပညာ ပြ ပေး လိုက် ရ ချင်း သာ ဖြစ် ပါ သည် ။

( အမေရိကန် တွေ ဟာ ပူစီ ကို ကြောင် ဟု ဆိုလို သည့် အ ပြင် ၊ လူသား တွေ ရဲ့ မျိုးပွားအင်္ဂါ များ ထဲ မှ တခု ကို လည်း ပြောဆို လေ့ ရှိ ပါ သည်။ )

 

YangMi -3
ပုံ-၃ မသိန်းသိန်း နီးပါး လှပ သော တရုတ် ခုခေတ် မင်းသမီးလေး YangMi ( for reference only )

 

ဂျော့ကြီး ကို ပညာ ပေး ချင် လို့ အပြစ် မ ရှိ တဲ့ ပါးရှန်းကြောင်ကြီး ကို သူ့ သခင် ၏ အူ လမ်း ကြောင်း ကို ဖြတ် ကျော် စေ ပြီး မြေ ဩဇာ https://myanmargazette.net/113265  အဖြစ် နဲ့ ပါးရှန်းကြောင်ကြီး ကို တရုတ်ပြည် ကြီး မှာ ချန် ထား ခဲ့ တာ တော့ နဲနဲ လွန် တာ ပေါ့ ဗျာ ၊ နောက်ပိုင်း တွင် သူမ မှာ လည်း နောင်တ တွေ ရ ပြီး  ယူကျုံးမရ ဖြစ် ခဲ့ ပါ သည် ။

ယခု အချိန် မှာ မသိန်းသိန်း သည် ပင်စင် ယူ ပြီး နောက် ပိုင်း ၊ တရုတ်ပြည်ကြီး ၏ ကြောင်သား စား ချင်း ဆန့်ကျင် ရေး အဖွဲ့ တွင် တက် ကြွ စွာ ပါ ဝင် လှုပ်ရှား နေ ပါ တော့ သည် ။

d332573
No need , Cat meat !!!

«««««««««««««««««««««««« ♥ ♥ ♥ »»»»»»»»»»»»»»»»»»»»»»»»

ကြောင် သတ္တဝါ သည် တရုတ် များ အတွက် ဘာ ကြောင့် ဒီ လောက် အ ရေးကြီး သလဲ ဆို ၊

ကြည့် လေ လူဦးရေ တိုး ဖို့ ကြောင်သား ကို သုံး ရ တယ် ။

နိုင်ငံ တိုးတက် ဖို့ အ တွက် ကြောင် နဲ့ အား ပေး ရ သေး တယ် ၊

ဥပမာ။ ။ ကွယ်လွန်သူ တရုတ် ခေါင်းဆောင် ကြီး တိန့်ရှောက်ဖင် သည် ၊

ပြည်သူ တွေ အလုပ် ကြိုးစား ဖို့ အတွက် ကြောင် ကို အသုံး ပြု ပြီး ဤ ကဲ့သို့ အားပေး အဆို ရှိ ခဲ့ တယ် ၊

အိုဘယ့် ~~ကြောင်ဖြူ ကြောင်မဲ ၊ ကြွက် ဖမ်း နိုင် လျှင် ကြောင်သူရဲ

ဒီစကား ကြောင့် တပြည်လုံး ရှိ တရုတ် တွေ ၊ ဖြစ် တဲ့ နည်း ( တရား သောနည်း +မတရား သောနည်း ) နဲ စီးပွား ရှာ ခဲ့ တာ ၊

ယခု ဆို ဖက်ဆစ် ဂျပန် ကို ဖြတ် ကျော် ပြီး ၊ ကမ္ဘာ့ ဒုတိယ စီးပွား ရေး နိုင်ငံ ဖြစ် လာ ပြီ ၊

နှောင် တ ချိန် တွင် အမေရိကန် ကို ဖြတ်ကျော် ပြီး Top ဖြစ် လာ နိုင် သည် ဟု တချို့ ပညာရှင် တွေ က ခန့်မှန်း ထား ပါ သည် ။

 

ထို နည်း တူ အမေရိကန် ခေါင်းဆောင်ကြီး O Burma လည်း ၊

အိုဘယ့် ~~ လူဖြူ လူမဲ ( Black )  ၊ မဲ ( Vote ) နိုင် လျှင်  သမတ ဘဲ ”

 

ကျနော် တို့ ရွာ့ ခေါင်းဆောင်ကြီး ၊ ခန့်ပြီးချော တဲ့ သဂျီးမင်း အနေ နဲ့ ဒီ လို မပြော ချင် ဘူး လား  ?

အိုဘယ့် ~~ကြောင်ကြီး ၊ ကြောင်သေး ၊ ကြောင်မလေး ၊

အိုဘယ့် ~~ကြောင် ဝ ၊ ကြောင်လတ် ၊ ကြောင်ပေါက်စ ၊

ပို့စ် ကောင်းကောင်း ရေး နိုင် လျှင် ၊ ကြောင်သူရ ၊ ကြောင်ဝဏ္ဏ ၊ ကြောင်ဇဝန  ”

 

စကားမစပ် ၊ Snowden ကပြော တယ် ၊ ကျနော် တို့ စကား ပြော နေ တာ ကို သဂျီးမင်း နှင့် ဆရာကြောင်ကြီး တို့ က ဖြတ် နား ထောင် လို့ ရ တယ် ဆို ???

 

ဒီ တစ် ခါ Negative  နဲနဲ များ သွားတယ် ၊ နောက် ပို့စ် မှာ Positive ဖြစ် တာ လေး တွေ ရေး တော့ မယ် ။

ကြောင်ကြီး ရေ ~~ ကန်တော့~~  ကန်တော့~~

 

ကျေးဇူး တင် ပါ သည် ။

အားလုံး ရွှင်လန်း ချမ်းမြေ့ ပါ စေ ~~~

22 comments

  • အရီးခင်

    August 11, 2013 at 2:34 pm

    သူတော်စင် အမျိုးသမီကြီးမို့ မဖတ်တော့ပါဘူး။ 😉

    ကြောင်သား က အင်မတန် နံ တာလို့ တော့ ကြားဖူးပါရဲ့။
    ဘာဘဲဖြစ်ဖြစ် ရွာထဲက တရုတ်ချစ်သူကြောင်ပူစီကြီး ဘေးရန်ကင်းရှင်းပါစေ သောဝ်။
    😛

  • garfield

    August 11, 2013 at 3:40 pm

    ကလေးသူငယ်လည်းမဟုတ်။
    သူတော်စင်လည်းမဟုတ်။
    အဲ! အမျိုးသမီးမပီသသော အမျိုးသမီးလို့ ကိုယ့်ကိုယ်ကို ယူဆလို့ ဖတ်သွားပြီ။

    ခွိခွိ။
    ကြောင်ချစ်သူမို့လားမသိ။
    အိမ်မွေးသတ္တဝါကို စားတာကို မနှစ်သက်တတ်ဘူးဗျ။
    တောကြောင်တော့ တစ်ခါလား စားဖူးတယ်။ 😀

  • Crystalline

    August 11, 2013 at 4:10 pm

    စားဖို့မရဲတဲ့အသားထဲ ကြောင်သားလဲပါတယ်.. ဒါပေမယ့် ကြောင်သားဟင်းလျာဆိုလို့ recipes လားလို့ဝင်ကြည့်တာ.. :mrgreen:
    ရွာထဲသောင်းကျန်းတဲ့ကြောင်ကို ချက်ပြီးရွာအလှူမှာ ကျွေးမလို့ :kwi:

  • Ma Ma

    August 11, 2013 at 4:42 pm

    မကြာခဏ ကြေးမုံကြီးကို ရန်ရှာလွန်းလို့ တရုတ်ဘိုးတော်ပေါ်လာပြီး ကိစ္စတုံးလုပ်လိုက်တာ ထင်တယ်။
    အဲ…. ပြောလိုက်မှ မသူတော်ဖြစ်တာ ပေါ်သွားပြီ။ :mrgreen:

  • cobra

    August 11, 2013 at 4:56 pm

    တစ်ခါမှမစားဖူးပါဘူးလေ……….
    တစ်ခါလောက်တော့စားကြည့်ချင်သား
    စားလည်းမစားရဲဘူးလေ
    မသိပဲနဲ့လိမ်ကျွေးရင်တော့စားချင်တယ်

  • lele kyi

    August 11, 2013 at 7:26 pm

    ငယ်ငယ်တုန်းက တောကြောင်ဖမ်းတာမြင်ဘူးတယ်။ ရွာထဲက လူကြီးတွေ ဝိုင်းလိုက်ကြတာ။ အဲ့ကြောင် ရေကူးတတ်တယ်။ချောင်းကိုဖြတ်ကူးပြေးတယ်။ဒါပေမဲ့ လူတွေကအလွတ်မပေးပါဘူး။ လှေနဲ့လိုက်ဖမ်းတယ်။ အဲ့ဒီမြင်ကွင်း တော်တော် ဝမ်းနည်းစရာကောင်းတယ်။ အဲ့ဒီ လူကြီးတွေကို အရမ်း မုန်းခဲ့တာ။ ငယ်ငယ်တုန်းကဆိုရင်အိမ်မှာ ကြောင်တွေရော ခွေးတွေရော လူတွေရော တရုံးရုံးပေါ့။ ကျမ က အကောင်ပလောင်တွေကို နဲနဲတော့ သနားတတ်တယ်။ တစ်ခါတုန်းက ငါးရှည့်တစ်ကောင်ကို ကျမကြောင်လေး ကုတ်ဖဲ့လေတော့ သူ့ဆီက လုယူရတယ်။ ဒါဏ်ရာတွေနဲ့ ငါးရှည့်ကို သနားလို့ နနွင်းမှုန့် သိပ်ပေးပြီပြန်လွတ်လိုက်တယ်။ အဲ့ဒီမှာ ငါးရှည့်တွန့်လိမ်ကောက်ကွေးတော့တာပဲ။ ရေထဲပြန်လွှတ်ပေးရတယ်။ ကျမ ထင်တာက နနွင်းမှုန့် သိပ်လိုက်ရင် ဒါဏ်ရာ သက်သာသွားမယ်ပေါ့။ လူကြီးတွေ အဲ့လိုုလုပ်တာမြင်ဖူးတာကိုး။

  • GARFIELD

    August 12, 2013 at 3:32 am

    ညောင် ဝေါင် ဝေါင်
    အဘရယ် ဟိုပူစီနဲ့ ဒီပူစီတော့ မရောပါနဲ့ကွယ်
    တောင်းပန်ပါတယ်
    ကြက်သီးထလို့ပါ

    ဂါဂါး

  • ဦးကြောင်ကြီး

    August 12, 2013 at 7:25 am

    ရန်မိဂလေး လှလှဂျီလားကွယ်… သူ့ပထမဆုံးပုံ အကြိုက်ဆုံးပဲ… တော်ကောက်တော်မူမည်…။ ခရစ်စတယ်လှိုင်းလေး ဆိတ်အဆိုးရဗူးနော်… ညီအမလို သဘောထားရမယ်..။
    တရုတ်နဂါး ကြေးမုံဂျီးကို ကျားဆရာ ကြောင်ကြီးလက်အပ်လိုက်ဗျာ.. ကျောင်းမှန်းကန်မှန်း အင်တာနက်မှန်း သိအောင် တဂျွတ်ဂျွတ် ဝါးစားလိုက်မယ်…။ သူ့ကိုလည်း ကိုယ့်ဂျီးဒေါ်ရင်းလို သဘောထားရမယ်နော် ခရစ်စတယ်လေး… အနည်းဆုံးတော့ ထမင်းချက်ဟင်းချက် ကူလောင်ကူဖက် ရသာပေါ့…. 😀

  • ဦးကျောက်ခဲ

    August 12, 2013 at 8:12 am

    ဪ အနိစ္စ…
    ကျောက်စ်ဘော်ဘော် ကြောင်ကြီးတို့ ကိုကြောင်ဝတုတ်တို့တော့ ဟင်းဖြစ်သွားပြီ
    ကြိတ်ပြီး ပုလဲမခနဲ့နော် ခရစ်စတယ်လှိုင်းလေး… ဟီ ဟိ ပြေးပြီ
    😀

    • Crystalline

      August 12, 2013 at 10:19 am

      ဝေးပါတယ် .. အဲဒီကြောင်ကြီးဖမ်းချက်ပြီး.. အန်ကယ်ရမ်ဒီတို့ မင်ဂါညစာကျွေးမလားလို့.. :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 10:34 am

    တောက် .. ကွာ ..
    အခုမှ ဒို့များ ဒက်ဒီကြောင် ကို မျင်ဖူးဒေါ့ဒယ် …
    ဒဂယ့် ကြောင်ဂျီးဘဲ … ခွီးခွိးး
    :mrgreen:

  • kyeemite

    August 12, 2013 at 11:02 am

    စိတ်ဝင်စားဖို့ကောင်းသားဗျ…
    ဒါပေမဲ့ကျုပ်လည်းကြောင်သားတော့မစားရဲဘူး…
    လင်းမြွေသားတော့တစ်ခါမြည်းကြည့်ဖူးတယ်… 😀

  • ဦးဦးပါလေရာ

    August 12, 2013 at 11:29 am

    အင်မတန်ကောင်းတဲ့ ဟာသ စာတပုဒ်ပဲ..
    နှစ်ဆစ်ချိုးလေးတောင် ကွေ့လိုက်သေးတယ်…
    🙂

    ကျုပ်အဖို့တော့ ငယ်စဉ်ကတည်းက ကြောင်ဆိုတာကို အဖေါ်လို ကစားဖေါ်လို မိသားစုဝင် လိုနေလာတာမို့
    ကြောင်သား စား တာကို သဘောမကျပါဘူး…။

    ဒါပေမယ့်လဲ ..
    အသားရှိတဲ့သတ္တဝါ ဆိုတော့ စားချင်တဲ့သူတွေလဲ စားကြပေါ့….။

    ကြောင်ရယ်၊ ကြွက်ရယ်၊ ပူးရယ်၊ ယုန် ရယ် ဟာ (တကယ်တော့ အခြား ခပ်ဆင်ဆင်သတ္တဝါတွေလဲ ပါနိုင်ပါတယ်)
    အဆီ က နံတယ်..။
    ဒါကြောင့် အဆီနဲ့ အရေပြားကို မစားရဘူး၊ ထည့်မချက်ရဘူး…။
    အကောင်းဆုံးက အရေခွာ အဆီခြစ်ထုတ်ပြီး အမွှေးနံ့သာ ပြင်းပြင်းနဲ့ နယ်/ သို့မဟုတ် ကျပ်တင်ပြီးမှ / ကင်ပြီးမှ ချက်ပြုတ်စားကြရင် ပိုကောင်းတယ်လို့ ဆိုပါတယ်။

    ကြောင်သားစားတာကို (ကိုယ်မကြိုက်တိုင်း) ရမ်းသမ်းပြီးလဲ မရှုတ်ချ သင့်ဘူး…
    ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ တိုင်းရင်းသားတွေ တော်တော်များများ စားကြလို့ပါပဲ…။

    ပျော်စရာပိုစ့်ကို အတည်ကြီးဝင်မန့်တာ ကန့်လန့်ကြီးဖြစ်နေမလားပဲ…
    ဆောရီးပါ တွာကိုးရေ…
    🙂

    • Don Juan Ronald

      August 12, 2013 at 10:29 pm

      ကိုပါ ရေ ~~~

      ဓါတ် ပုံ ထဲ မှာ ကိုပါ့ ကြည့် ရ တာ တော်တော် နုပျို သေး တာ ဘဲ ၊

      ကိုယ် နုပျို နေ သလို ၊ စိတ် လဲ တော်တော် နု ပျို အုံး မှာ ပေါ့ နော် ~~

  • Wow

    August 12, 2013 at 1:24 pm

    ကြောင်သားတော့မစားရက်ပါဝူးအေ… သူ့ဟာသူ အဆီပိတ်သေမဲ့ကြောင်ကသေ ကြေးမုံဂျီးလက်မှာ သေမဲ့ကြောင်ကသေ… :mrgreen:

  • kai

    August 12, 2013 at 2:19 pm

    စနိုဒန်ဘာပြောသလည်းတော့မသိ…
    အင်တာနက်ဆိုတာကို.. အမေရိကန်တွေစထွင်ခဲ့တာတော့.. မမေ့ဖို့လိုမယ်ထင်မိတယ်..
    ဖြတ်နားထောင်တာလောက်တော့.. သနားတယ်ပေါ့..

    အခုဗမာလိုရေးတဲ့စာတွေတောင်… ဘာရေးနေကြသလည်းသိကြတယ်ထင်တာပဲ..
    ဥပမာ.. ဒီလိုအချိန်မျိုးမှာ.. စနိုဒန်လို့ရေးလိုက်တာနဲ့.. တန်းပြီးပထမအဆင့်ဖစ်လ်တာထဲဝင်သွားတာမျိုးပေါ့..

    ကွိ.. :kwi: ကြောင်သမီးသားစားချင်သား…

    • အရီးခင်

      August 12, 2013 at 2:43 pm

      သူကြီးတို့ အရပ်က သတင်းလေးတစ်ပုဒ် …
      အမေ က မှာ Pressure Cooker ဝယ်ချင်လို့ အင်တာနက်ထဲ Pressure Cooker လို့ ရိုက်ရှာသတဲ့။
      အဖေက အိတ် ဝယ်ဖို့ အိတ် လို့ ရှာတယ်။
      သားက သူ့ကျောင်း research အတွက် ဗုံး အကြောင်းရှာတယ်။
      မကြာဘူး။
      ပဂျဲရိုး ကားမဲကြီး ၃စီး အိမ်ရှေ့ရောက်လာပြီး အိမ် ကို ရှာတော့ တာဘဲ တဲ့။
      ဘာမှ မတွေ့တော့ တောင်းပန် ပြီး ထွက်သွားပါတယ် တဲ့။
      အဲဒီမှာ အိမ်တွေ အမြဲ ဝင်ရှာခံရပြီး ၉၀% လောက် က အပြစ်မရှိပါဘူးတဲ့။
      ဒါလဲ နိုင်ငံ လုံခြုံရေး၊ ကိုယ့်လုံခြုံ ရေးဘဲ။
      လူတွေ နားလည်ကြတာ များပါတယ် ထင်ရဲ့။

    • Don Juan Ronald

      August 12, 2013 at 8:12 pm

      သဂျီးမင်း ရေ ~~~

      ကျနော် မဆင်မခြင် Kidding လုပ်မိ တာ အနူးအညွတ် တောင်းပန် ပါ တယ် ၊

      Very ဆောရီး ဘဲ ဗျာ ~~~

      • အရီးခင်

        August 13, 2013 at 3:15 am

        နောက်တာဘဲ ဘာမှ မဖြစ်ပါဘူး Mr D J R ရယ်။
        သူကြီးက လဲ ဝင်နောက်နေတာပါ။ 😛

      • kai

        August 13, 2013 at 3:01 pm

        ဘာမှမဖြစ်ပါဘူး..
        စနိုဒန်ကိစ္စနဲ့အစိုးရနဲံပြဿနာဖြစ်ရင်.. သူ့အဖေကတဆင့်ရှင်းလိုက်မယ်..

        နောက်နေတာပါ.. :mrgreen:

  • ရွှေအိမ်စည်

    August 13, 2013 at 2:25 pm

    မရောက်တာကြာတော့ ကြောင်ပိုစ့် နြ ့စတိုးသည်…. ဒီကလူတွေလက်ရာက ဘယ်အချိန်ဖတ်ဖတ် တန်ဖိုးရှိသမို ့….ဂုဏ်ပြုကောမက်ရေးပါသီ…သို ့သော်…ကြောင်မဟုတ်ပါ

    • Don Juan Ronald

      August 13, 2013 at 7:29 pm

      သဂျီး မင်း ရယ် ~~

      ကြောက် တတ် တဲ့ အ ကျင့် က ဗမာပြည် က တည်း က ပါ လာ တာ ပါ ၊

      သဂျီး မင်း ချောက် လိုက် မှ ပို ကြောက် သွား သ ပေါ့ ၊

      တကယ် နောက် တာ နော် ???:mrgreen:

Leave a Reply