အနာဂတ်ခလေးများအရေး ရင်လေးဖွယ် နှင့် ကျူှရှင်ဆရာများ၏ အနုကြမ်းစီး ခံစားနေရမှု။ အပိုင်း(၁)

cobraAugust 2, 20101min715

ကျွန်တော်ဒီစာကိုရေးတာ
နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။လူေ

တွသိသင့်တယ်ထင်လို့ရေးလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်လွန်ခဲ့တဲ့
(၁)ပတ်လောက်က ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်ရာကနေ
ဒီစာလေးကို ရေးဖြစ်သွားတာပါ.။ဆုံးအောင်ဖတ်ကြည့်ပါ။ပြီးတော့သေသေချာချာ
လေးကျွန်တော်တင်ပြတာလေးကို စဉ်းစားပြီးတော့ နောင်လာမဲ့ အကျိုးဆက်လေးကို
တွေးကြည့်ပါ..။

ကျွန်တော့်သူငယ်ချင်းက ငယ်ငယ်ကတည်းက စာသင်တာကိုအရမ်းဝါသနာပါတယ်..။
သူ့ရဲ့ဘဝအခြေအနေအရ နောက်ဆုံးမှာ သူက
ကျူရှင်ကျောင်းလေးတစ်ကျောင်းဖွင့်ပြီး (၉)တန်း၊(၁၀)တန်းတွေကို
စာသင်တယ်..။အဲ့ဒီလိုနဲ့ ရရာ စားစား ကျူရှင်ဆရာ ဘဝကို အစဉ်ပြေသလို
ရပ်တည်နေခဲ့တယ်..။ရရာစားစားဆိုလိုက်တာကလည်း သူတို့မြို့ရဲ့အခြေအနေအရ
ပေးနိုင်သူပေး မပေးနိုင်သူ အလကားသင်နဲ့ဆိုတော့ သူ့မှာ
ကျောင်းလခဆိုပြီးပေးနိုင်တဲ့သူရှိသလို ၊ သူကိုယ်တိုင်က စာအုပ်ဝယ်ပေး
စာအလကားသင်ပေးရတဲ့ကျောင်းသားကလည်း အများကြီးရှိနေတော့
စားလောက်ရုံ၊မိသားစုတစ်ခုရပ်တည်နိုင်လောက်ရုံလေးနဲ့ ကျူရှင်ဆရာ ဘဝကို
မက်မောခုံမင်စွာ ရပ်တည်နေရတဲ့ ကျူရှင်ဆရာတစ်ယောက်ပေါ့..။
သူတို့မြို့မှာကလည်း(ပြောသာပြောရတယ် ကျွန်တော်တို့မြို့ပဲလေ)
ဖြစ်ချင်တော့ ကျောင်းဆရာမတွေသာ ကျူရှင်မြေအောက်လောကကို
အပိုင်စားထားကြတာပါ..။ကျောင်းသား/သူတွေကို လက်ဆင့်ကမ်း
မဲဆွယ်အပိုင်စားထားကြတာလေ..။မူလတန်းအရွယ်ကျောင်းသား/သူကစပြီး
အတန်းပိုင်ဆရာမက သူ့ကျူရှင်မတက်မနေရ
အဓမ္မတက်ခိုင်း.၊အဲ့ဒီနှစ်လွန်ရင်နောက်တစ်တန်းကဆရာမလက်ထဲကို
ကော်မရှင်စားနဲ့လက်လွှဲအပ်..။အဲ့ဒီဆရာမကလည်း တစ်နှစ်သင်ပြီးရင်
နောက်ဆရာမဆီကို တစ်ယောက်ကို ကော်မရှင်ဘယ်လောက်ပေးဆိုပြီး လက်လွှဲအပ်နဲ့
တစ်နှစ်ပြီးတစ်နှစ် သူတို့ လက်ထဲကနေကျောင်းသားကျောင်းသူတွေကို အဆင့်ဆင့်
လက်လွှဲပြီးသင်ကြားနေတဲ့မြို့လေးဖြစ်နေတဲ့မြို့လေးတစ်မြို့လေ..။အထက်တန်းအရွယ်ရောက်မှ
တချို့တချို့သောကျောင်းသား/သူတွေက အပြင်ကျူရှင်ယူကြတယ်.။အဲ့ဒီမှာ
အမှောင်ကျူရှင်လောကရဲ့ ရက်စက်မှုဇာတ်လမ်းစတာပါပဲ..။ကျွန်တော်တင်ပြချင်တာ
ဒီအကြောင်းမဟုတ်ဘူးနော်..။မပါမဖြစ်လို့
ဒီအကြောင်းလေးထည့်ရေးလိုက်တာပါ..။ကျောင်းသား/သူတစ်ယောက်အပြင်ကျူရှင်ရောက်သွားတယ်ဆိုပါစို့..အဲ့ဒီခလေးက
စာတော်ရင် ဒါမှမဟုတ် ငွေရှိလို့ကတော့ အဲ့ဒီခလေး
ဝေးဝေးပြေးလို့မရပါဘူး.။အမှောင်လောကခေါင်းဆောင်ကြီးများဖြစ်တဲ့
အဲ့ဒီကျောင်းဆရာမများဟာ  အဲ့ဒီခလေးအိမ်ကိုရှာ မိဘတွေကိုတွေ့ သူတို့သင်တဲ့
စာသင်ဝိုင်းမှာ လာတက်ရန် အိမ်အရောက်မဲဆွယ်ပွဲတွေ တစ်ယောက်ပြီးတစ်ယောက်
ကျင်းပတော့တာပါပဲ..။သူတို့ခေါ်တဲ့အတိုင်းလိုက်ရင်လိုက်၊မလိုက်ဘူး..အရင်ကျူရှင်မှာပဲဆက်တက်နေမယ်ဆိုရင်တော့
သူတို့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ ဒီခလေးကို
စတင်တိုက်ခိုက်ပါတော့တယ်..။ကျောင်းတစ်ချိန်ပျက်ရင် ၅၀ဝ ကျပ်မှ ၁၀၀၀
ကျပ်အထိဒါဏ်ငွေတပ်တာကအစ စာမေးပွဲမှာချပြစ်တာအထိ
သူတို့လုပ်နိုင်တဲ့ဘောင်ထဲကနေပြီးတော့
အစွမ်းကုန်လုပ်ဆောင်ပါတော့တယ်.။သူ့ကျူရှင်တက်တဲ့
ကျောင်းသား/သူများအတွက်တော့ အထူးအခွင့်အရေးမျိုးစုံ
ပေးထားပြီးလဲဖြစ်ပါတယ်..။အခန်းတွင်းစာမေးပွဲကအစ ၊နှစ်ဝက်စာမေးပွဲ
အတန်းတင်စာမေးပွဲအထိ ဉာဏ်ရည်အလိုက် အကျမရှိစေရေး အမျိုးမျိုး
စီစဉ်ပေးထားပါတယ်..။လုံးဝစာမကျက်တဲ့ခလေး၊ စာမလိုက်နိုင်တဲ့ခလေး တွေကို
စာကျက်ရန်မလို ကွက်လပ်ဖြည့်ကအစ မေးခွန်းကြည့်နေစရာ မလိုအောင် အဖြေကို
အလွတ်ကျက်ခိုင်းပြီးဖြေလို့ရအောင်စီစဉ်ပေးထားကြပါတယ်..။အခန်းတွင်းစာမေးပွဲတွေမှာ
သူတို့ခလေးတွေပဲ ပထမ၊ဒုတိရ၊တတိရ၊အားလုံးသူ့အဆင့်လိုက်ရအောင်
စီစဉ်ပေးထားပါတယ်။ကျောင်းပျက်တဲ့အခါလည်း ခွင့်တိုင်ဆရာမလိုအောင် ၊
ကျူရှင်လစာသာမှန်မှန်ပေး အားလုံးကို
အကောင်းဆုံးစီစဉ်ပေးထားတာကြောင့်လည်းကျောင်းဆရာမတွေသင်တဲ့စာသင်ဝိုင်းတွေဟာ
ကျွန်တော်တို့မြို့မှာ အထူးခေတ်စားလာပါတယ်.။တစ်ခါတစ်ရံမှာဆို
ကျောင်းဆရာမဝိုင်းတက်ပေမဲ့လည်း ဒီဝိုင်းက ဆရာမက ဒီအတန်းမှာ
အတန်းပိုင်မဟုတ်တော့ အတန်းပိုင်ဝိုင်းမှာမတက်လို့ဆိုပြီး အတန်းပိုင်ဆရာမ
ရစ်တာတွေလည်း ရှိတက်ကြပါသေးတယ်။တစ်ချို့မိဘတွေဆို ဒီဝိုင်းမှာလည်းတက်
ဟိုဝိုင်းမှာလည်းအပ်နဲ့ ငွေရှိပြီး ဉာဏ်မရှိတဲ့ မိသားစုတွေကို
ကျွန်တော်တို့မြို့မှာတွေ့နေရပါတယ်။ဒါပေမဲ့ လည်း ဒီစနစ်ဆိုးကြီးကို
ပျောက်သွားအောင်တော့ တိုက်ဖျက်မဲ့ မိဘတွေမပေါ်သေးပါဘူး..။ မိဘအများစုတော့
က အဲ့ဒီအမှောင်လောက ဆရာမများကို
အထူးလေးစားကြောက်ရွံ့ကြတာပါပဲ..။ဒီဖြစ်ရပ်တွေရဲ့ ရလာဒ်ကတော့
(၁၀)တန်းရောက်လာတဲ့ ကျောင်းသား/သူတွေက
မှတ်ကျောက်တင်လျက်ရှိပါတယ်.။သူတို့ရဲ့ထူးချွန်တဲ့ ပညာသားပါပါ
လှည့်ကွက်တစ်ခုပြောရဦးမယ်..အဲ့ဒါကတော့ (၉)တန်းလောက်ရောက်ပြီဆိုရင်
စာညံ့တဲ့ကျောင်းသား/သူ ဒါမှမဟုတ် ငွေမရှိတဲ့ကျောင်းသား/သူဆိုရင်တော့
သူတို့ကျူရှင်တွေကနေပြီး
ဘေးမဲ့ပေးလိုက်ကြတာပါပဲ..အဲ့ဒီကျောင်းသား/သူတွေကတော့ မိမိနှစ်သက်ရာ
ကျူရှင်မှာ အေးအေးဆေးဆေးတက်ရောက်သင်ကြားခွင့်ပေးလိုက်ပါတယ်..။ငွေလည်းရှိတယ်
စာလည်းတော်တဲ့ခလေးဆိုရင်တော့ အရင်ဆရာမတွေလိုပဲ အိမ်အရောက်မဲဆွယ်ပွဲတွေ
ကျင်းပတော့တာပါပဲ..။သူတို့ဝိုင်းမှာတက်နေပေမဲ့လည်း စာမေးပွဲနီးမှ
စာမလုပ်တဲ့ခလေးရှိလာရင်လည်း အကြောင်းအမျိုးမျိုးပြပြီး
ထုတ်ပယ်ပစ်တက်ကြပါတယ်။ဒါကြောင့်သူတို့ဝိုင်းမှာတက်မည့်ကျောင်းသား/သူဟာ
ငွေရှိရမယ်.စာမှန်မှန်လုပ်ရမယ်.၊မိဘက Guide
ငှားပေးနိုင်ရပါမယ်၊စာသင်ကြေးကလည်း ၅၀၀၀ဝမှ ၁၀၀၀၀ဝ အထိရှိနေပါတယ်..။
ပင်ကိုယ်ထူးချွန်တဲ့ ကျောင်းသား/သူအများစုကိုပဲ
သင်တဲ့ဆရာမဝိုင်းအချို့ကတော့ နှစ်စဉ်၂ဘာသာ ၃ ဘာသာ
ဂုဏ်ထူးသမားတွေပါကြပါတယ်။ သူတို့ဝိုင်းက ဘယ်လောက်အောင်တယ်ဆိုပြီး တော့
နောက်နှစ်အတွက် ဆက်လက်မဲဆွယ်ပွဲတွေကျင်းပ ..ဒီလိုနဲ့ကျွန်တော်တို့မြို့ဟာ
ကျောင်းဆရာမ တွေရဲ့ဝါးမြိုမှုအောက်ကို အလိုလို
ရောက်ခဲ့ရတာပါပဲ..။နောက်တစ်ခုအားသာချက်က သူတို့က
အခြားကျုရှင်ဆရာတွေထက်သာတာက သူတို့အတန်းတွင်းမဲဆွယ်မှုမှာ ကြော်ညာမလို
ကျောင်းသား/သူနဲ့ အနီးကပ်နေနေရတာတစ်ကြောင်းရယ်..တကယ်လို့ ကျူရှင်ဆရာ
တစ်ယောက်နာမည် ရလာပြီဆိုရင်လည်း သူတို့ထက် သာမသွားအောင် စာသင်ခန်းထဲမှာ
စာသင်ရင်းမှ နေပြီး အဲ့ဒီဆရာမကောင်းကြောင်းတွေကို ကြော်ညာတော့တာပါပဲ..။ကဲ
..ကျွန်တော်တို့မြို့ကထွက်တဲ့ ဆရာဝန်၊အင်ဂျင်နီယာ၊စတဲ့
ပညာရှင်အရည်အတွက်ဟာ အဲ့ဒီအမှောင်လောက စတင်ခေတ်ကောင်းတဲ့အချိန်မှစပြီး
နည်းသည်ထက်နည်းလာတော့တာပါပဲ.။
အပိုင်း(၁)အတွက် ဒီမှာ ခဏနားပါရစေ..။စာဖတ်သူအပေါင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

ကူးယူဖော်ပြသည်။

5 comments

  • လင်းဝေကျော်

    August 2, 2010 at 10:21 am

    ဒီလိုအဖြစ်အပျက်ဆိုးတွေ က ယဉ်သလိုလိုနဲ့ အများအမြင်မှာ မတင့်မတယ် ဖြစ်မနေသလိုလိုနဲ့ မြန်မာ့ ပညာရေးလောက မှာ ဖြစ်လာနေတာပါ။
    လုပ်နေတဲ့ ဆရာ/ဆရာမ တွေ ကိုယ်တိုင် က ငွေ ကိုပဲမြင်ပြီးတော့ သူတို့လုပ်ရပ် ဘယ်လောက်အောက်တန်းကျမှန်း မသိတော့ပါဘူး။
    အားလုံးက လည်း ဘာမှ မဆန်းမစစ် ပဲ ကလေးမိဘများက ပိုဆိုးပြီး ကလေးတွေ အဆင့်၁ ရဖို့လောက်သာ သိတာ။
    ပညာတကယ်တတ် မတတ်တော့ မသိဘူး။ နောက် မဟုတ်တာ လုပ်တဲ့ ဆရာမတွေကိုလည်း တိုင်ဖို့တောဖို့ သတိ္တ မရှိကြတာပါတယ်။

    စည်းကမ်းထိမ်းသိမ်း ကြပ်မတ်ရမယ့် ပညာရေးမှူး အဆင့်လောက် ကမှ မလုပ်မရှုပ် လုပ်နေရင် ဘာမှကို ကောင်းဖို့ မရှိတော့ပါဘူး။
    ဒါဟာ တကယ့်ကို လူပျင်း လူဖျင်း လေးတွေ မွေးထုတ်ပေးဖို့ မရည်ရွယ်ပဲ ဖြစ်နေတာပါ။ ကြာရင် မြန်မာတွေ အမျိုးတုံးတော့မယ်။

  • maungmoenyo

    August 4, 2010 at 12:46 am

    အရင်ဝန်ကြီးဟောင်းတဦးဖြစ်ခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီးမျိုးညွန့်ပြောသွားတဲ့စကားကြားယောင်မိပါ။ ဘာတဲ့ – “တပည့်မရှား၊တပြားမရှိ၊ ပီတိကိုစား၊အားရှိပါ၏”။ အမှန်ကတော့ပညာရေးလောကပျက်စီးတာအခုအသက်(၆၀)ဝန်းကျင်ပုဂ္ဂိုလ်များစာသင်ကျောင်းသားဘဝကတည်းကပါ။ ဝါးလုံးရှည်နဲ့ရမ်းပြောတယ်ဘဲ ပြောပြောဆရာတွေငွေနောက်ကောက်ကောက်ပါအောင်လိုက်နေကြတာကြာလှပါပြီ။ “ပြည်တွင်းကအားပြည်တွင်းမှာရှိသည်”ဆိုတဲ့ ဗိုလ်နေဝင်းရဲ့ ရှိရှိသမျှမြန်မာမှုပြုရေးလုပ်လိုက်တာခုချိန်မှာတော့ရစရာမရှိအောင်ပါဘဲ။ တနိုင်ငံလုံးကိုမျက်စေ့ပိတ်နားပိတ်မှ လက်တဆုပ်စာတွေအာဏာသက်ဇိုးရှည်မှာမို့ – “ပြန်မာစာသည်တို့စာ၊မြန်မာစကားသည်တို့စကား၊တို့ပြည်ကိုချစ်ပါ၊တို့စကားကိုလေးစားပါ” ဆိုတဲ့ကြွေးကျော်ချက်နောက်ကိုမျက်စေ့စုံမှိတ်ပြီးအတင်း တွန်းတဲ့ထိပ်ပိုင်းကလူတစုကတွန်းလိုက်လို့ခုချိန်တနိုင်ငံလုံးချောက်ထဲကျနေပါပြီ။ နိုင်ငံတကာအစည်းအဝေးတွေတက်ကြတာခြင်းအတူတူ၊ ကွှန်တော်တို့ဗမာတွေအစည်းအဝေးမှာဘာတွေပြောနိုင်သလဲ -ကြည့်ပါ၊ ပါးစပ်ဟောင်းလောင်းနဲ့ငုတ်တုတ်ပါဘဲ။ ဒါအမှန်ဖြစ်နေတာဘယ်သူမှမငြင်းနိုင်ပါဘူး။ အထက်ကလူကပညတ်ထားလို့ပြောရေးဆိုခွင့်မရှိရတဲ့အထဲ၊ ပြောနိုင်ဆိုနိုင်တဲ့ language efficiency မရှိတော့ပိုဆိုးတာပေါ့။ ချောက်ထဲကျနေတဲ့ပညာရေးလောကထဲမှာ ကျူရှင်ဟာအပိုနောက်ဆက်တွဲဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေပါတယ်။ ထက်/လယ်/မူ စာသင်ကျောင်းတွေသာမက၊ ခုချိန်တက္ကသိုလ်တွေအပြင်၊ဆေးတက္ကသိုလ်တွေမှာတောင်ကျူရှင်တွေရဲ့နေရာယူမှုကအတော်ကြီးထွားနေပါပြီ။ ကုရာနတ္ထိမရှိတဲ့ကင်ဆာဖြစ်နေပါပြီ။ အစိုးရကျောင်းဆရာများကျုရှင်မပြရဆိုတဲ့ ဥပဒေလဲထုတ်လိုက်ရော၊ ကျူရှင်ခတွေဈေးမြောက်သွားပါတယ်။ ကျူရှင်တွေလျော့မသွားတဲ့အပြင်တိုးလာတဲ့အပြင်၊ကျူရှင်ခဟာမိသားစုတစုရဲ့ပုံမှန်ဝင်ငွေနဲ့ဘယ်လိုမှမလောက်နိုင်တဲ့ဝန်ထုပ်တခုဖြစ်သွားပါတယ်။ အခုအမေရိကကိုရောက်လာတဲ့မြန်မာမိသားစုတွေထဲက ကလေးတွေရှိရင် “ဒီမှာကျူရှင်ရှိသလား”ဆိုတဲ့မေးခွန်းအကျင့်ကဒီအထိပါလာတာကိုကြည့်ပါ။ “ဆရာ”ဆိုတဲ့ဂုဏ်ကိုမြန်မာပြည်ကဆရာဆရာမတွေကြားထဲမှာမီးထွန်းရှာရမလိုဖြစ်နေပြီ။ ကျောင်းအုပ်၊ပညာရေးမှူးတွေကိုတော့ကျွန်တော်ကနံမယ်တခုပေးထားပါတယ် – “ဗိုလ်ချုပ်မျှော်များ” လို့ (မိုးလင်းတာနဲ့သူတို့စဉ်းစားရတာကအထက်ကဘယ်ဗိုလ်ချုပ်ကို ‘ဖား’ရမလဲ၊ ဘယ်ဗိုလ်ချုပ်ဒီနေ့ကျောင်းကိုလာမလဲ။ဘာလဘ်ထိုးရမလဲဆိုတာဘဲခေါင်းထဲမှာရှိတော့လို့ပါ။)

  • kibo

    August 4, 2010 at 5:33 pm

    ”မေးခွန်းကြည့်နေစရာ မလိုအောင် အဖြေကို
    အလွတ်ကျက်ခိုင်းပြီးဖြေလို့ရအောင်စီစဉ်ပေးထားကြပါတယ်…….”ဆိုတာ
    အများကြီးတွေ့ဖူးပါတယ်။
    မိဘတွေ ဘယ်အချိန်အထိ အနီးကော အဝေးကော မှုန်နေဦးမှာလဲ။

  • nyeinchanaung

    October 8, 2010 at 6:40 am

    ပညာရေးဆိုတာ အလွန်ကျယ်ပြန်.ပါတယ်။ အပိုင်းတစ်ပိုင်းထဲကိုပဲ ကြည်.ပီးပြောလို.မရပါဘူး။ ဆိုးကျိုးတွေရှိလာပီဆိုရင် ဖန်တီးတဲ.အကြောင်းအရင်းတွေလည်း ရှိမှာပါပဲ။ ကျွန်တော်တို.ပညာရေးစံနစ်ဟာ ပျက်စီးနေတာ ကြာပါပီ။ အတွင်းလှိုက်ပီးတော. နေရာအမျိုးမျိုးမှာ ခြစားနေသလိုမျိုးပါပဲ။
    လူတိုင်းက ပညာရေးစံနစ်မကောင်းဘူးဆိုတာ သိကြပါတယ်။ အပြစ်တင်တဲ.သူတွေလည်းများပါတယ်။ ဒါပေမယ်.လို. ကျွန်တော်လက်လှမ်းမီသမျှလူတွေကို မေးကြည်.တဲ.အခါ ပညာရေးနဲ.ပတ်သက်ပီး သေသေချာချာ စေ.စေ.စပ်စပ် တွေးခေါ်လေ.လာထားတာမျိုး မရှိပါဘူး။
    မိတ်ဆွေတို.အနေနဲ.ရော ပညာရေနဲ.ပါတ်သက်ပီး ဘယ်လောက်များတွေးထားဘူးသလဲလို. မေးချင်ပါတယ်။
    နောက်တစ်ခုက ကိုယ်.အနေနဲ. ပညာရေးနဲ.ပါတ်သက်ပီး ကောင်းမွန်အောင် ပတ်ဝန်းကျင်ကို ဘယ်လောက်များ အကူအညီပေးဘူးသလဲလို.မေးချင်ပါတယ်။
    ကျွန်တော်ကတော. ငယ်ငယ်ကသင်ခဲ.ရတဲ.အတိုင်းပဲ မိမိကိုယ်ကို အရင်ဆုံးကောင်းအောင်ကြိုးစားပါတယ်။ ကိုယ်.တိုင်းပြည်ကို တကယ်ချစ်ကြတဲ.သူတိုင်းအတွက် ပညာရေးဟာ လေးလေးနက်နက် စဉ်းစားစရာလို. ယုံကြည်ပါတယ်။

  • char too lan

    October 8, 2010 at 7:46 am

    အငယ်ကတည်းကကြုံခဲ့ကြတဲ့သူတွေပါပဲ ဒါပေမယ့်
    အဲလောက်ကြီးဆိုးဝါးလာမယ်လို့ မထင်မိဘူး
    တက္ကသိုလ်စတက်တုန်းကတောင် ကျောင်းဆရာမတွေကျူရှင်သင်တာ
    ပိတ်ခံလိုက်ရတယ်လေ…..ပြသနာကအဲဒီမှာစတာပဲ
    ဆရာမတွေက အခက်အခဲနဲ့ခိုးသင်ပေးရလို ့တဲ့ လခက ၃ဆလောက်တက်သွားရောဗျာ……………
    🙁

Leave a Reply