အခုတော့ရယ်စရာေပေါ့

A mar nyoAugust 15, 20131min3306

ကျောင်းပြီးသွားလို့အိမ် မှာလည်ရာပြန်စားရေးရာထူးရနေတုန်းမှာအသိအစ်မခင်ခင်ကျေးဇူးနဲ့ ဒီအလုပ်ကိုရခဲ့တယ်။ဒီအလုပ်ဆိုတာကစကားပြန်ပါကိုရီးယားစကားပြန်ပေါ့။စသင်တုန်း ကတော့ဒီအတိုင်းသွားသင်လိုက်ပေမဲ့ဒီဟာနဲ့အလုပ်လုပ်ရလိမ့်မယ်လို့မထင်ခဲ့မိပါဘူး။မထင်လို့လဲအကို ရဲ့အပြောအဆိုခံခဲ့ရတာကိုအမှတ်ရနေသေးတယ်။စသင်တုန်းကအကိုကသဘောမတူပါဘူး။သူ ကအင်္ဂလိပ်စာသင်စေချင်ပေမဲ့ကျွန်မကဇွတ်သင်ခဲ့ပါတယ်။အဲ့ကျေးဇူးနဲ့အခုအလုပ်ရပါပြီး။ အ ထည်ချုပ်မှာMDနဲ့လက်အောက်ကလူတွေကိုဘာသာပြန်ပေးရပါတယ်။်စက်ရုံမှာအစ်မမီမီနဲ့အစ်မယောင်းနာ ရယ်mrlimနဲ့ဆရာမတို့ရှိပါတယ်။ဆရာမကတော့MDပါ။ပထမဆုံးအလုပ် ဆင်းတဲ့နေ့မှာတော့နည်းနည်းကြောက်နေခဲ့ပေမဲ့အားလုံကသဘောကောင်းပြီပျော် ဖို့ကောင်းတယ်လို့ခံစားမိတယ်။၂ရက်လောက်ကြာ  တော့ ဒုက္ခနဲ့လှလှနဲ့တွေပါပြီကိုယ်သင်ထားတာကရိုးရိုးစကားပြောလက်တွေ့ကစက်ရုံသုံးဆိုတော့ဘာကို  ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ဒါပေမဲ့ဆရာမကသင်ပေးပါတယ်သူကပြောလိုက်သေးတယ် အစကဒီလိုပဲဖြေးဖြေးသင်ပါတဲ့။၄ယောက်လုံးအရမ်းသဘောကောင်းကြလို့ကျွန်မကံကောင်း  တယ်လို့တွေးမိပါသေးတယ်။မသိလို့မေးရင်လည်းလုပ်နေတဲ့အလုပ်တောင်ရပ်ပြီးသေချာ ရှင်းပြပေးတယ်။အဲ့ဒါတောင်နားမလည်ရင်ပုံတွေနဲ့ထပ်ရှင်းပြပါတယ်။ဆရာမကသဘောကောင်းပေမဲ့ လက်အောက်ကဝန်ထမ်းတွေနဲ့အဆင်မပြေပါဘူး။ကျွန်မမရောက်ခင်ကတည်းကအဆင်မပြေတာ ဆိုတော့ဘယ်ကစလဲမသိခဲ့ရိုးအမှန်ပါ။သူတို့အဆင်မပြေတော့ကြားထဲကကျွန်မကဘယ်ကလာလို့ အဆင်ပြေပါတော့မလဲ။အစကတော့ပျော်နေပေမဲ့၁ပတ်လောက်နေတော့ထွက်ပြေးချင်  စိတ်တောင်ပေါက်လာတော့ပါသည်။၁နေ့၁နေ့ပြသာနာမရှိတဲ့နေ့မရှိ။ကျွန်မအလုပ်ဝင်ပြီးမကြာပါဘူးဆရာ မကသူ့တပည့်ကိုအေးချမ်းကိုခေါ်လိုက်ပါတယ်။သူကလုပ်သက်၁နှစ်လောက်ရှိပြီးဆိုတော့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော်တော်လေးလည်းနားလည်ပါတယ်။ကျွန်မကိုလည်းအများကြီးသင်ပေးပါတယ်။ အလုပ်လုပ်ရင်းနဲ့ကူညီပေးတဲ့လူနဲ့လည်းတွေ့သလိုလုပ်သက်ရင့်နေလို့မာန်မာနတက်တဲ့သူ ကိုယ် သိတာကိုသူများကိုမပြောချင်တဲ့သူမသင်ပေးနဲ့သူများနဲ့လည်းတွေ့ခဲ့ရပါသည်။ကိုအေးချမ်းရောက် လာတော့ကျွန်မပညာလည်းရသလိုအနည်းငယ်လည်းသက်သာသွားပါသည်။ စိတ်သက်သွားတာပါ။အဲ့အချိန်မှာစက်ရုံမှာကိုရီးယားပို့မဲ့အော်ဒါချုပ်နေတဲ့အချိန်ပါ။export ပို့ရမှာကိုအထည်တွေကမပြီးသေးတော့ဒုက္ခရောက်နေပါပြီး။ပြီးတော့စက်လိုင်းထဲ ကချုပ်ပြီးတာနဲ့ချက်ချင်းမပြီးပါဘူး။ချုပ်ပြီးချည်မွေးညုပ် ၊အထည်ကိုစစ်ရပါတယ်။အထည်စစ်တယ် ဆိုတာအရည်အသွေးမကောင်းကောင်းစစ်ရတာပါ။မကောင်းရင်ပြန်ပြင်ရပါတယ်။ပြီးရင်မီးပူ တိုက် ရ၊ပြီးရင်တံဆိပ်ချတ်ပြီးအိတ်ထဲထည့်ပြီးboxထဲထည့်ရပါတယ်။ပြီးမှထွက်လို့ရပါတယ်။အဲ့လုပ်ငန်း အ တွက်အချိန်၃ရက်လောက်ပေးရပါတယ်။လိုင်းထဲကနောက်ကျတော့ဘယ်လိုမှလုပ်လို့မရပါဘူး။ထွက်ဖို့နေ့မှာမထွက်နိုင်ဖု့ိများနေပါတယ်။ အဲ့တော့လုပ်တတ်တာကိုဝိုင်းလုပ်ရပါတယ်။hand tagတွဲလိုက်အထည်ခေါက်လိုက်၊အထည်မှာကပ်နေတဲ့ချည်မွေးတွေခါလိုက်နဲ့ရက်ဆက်ဆိုတော့လက်မောင်းတွေတောင်အောင့်လာပါတယ်။အမှတ် တရပေါ့ရှင်။နောက်အမှတ်တရကတော့သင်္ကြန်ပိတ်ရက်မတိုင်ခင်၁ရက်ပေါ့မှတ်မှတ်ရရအဲ့နေ့ ကဘောနပ်ပေးပါတယ်။အဲ့နေ့မှာပဲကားဖယ်ရီအတွက်ပိုက်ဆံပေးရပါတယ်။ဆရာကမေးခိုင်းပါတယ် တဝက်ပေးပါမယ်ရမလားလို့အဲ့ချိန်မှာမပြောဘဲညနေမှအပြည်မရရင်မပြန်ဘူးလုပ်ပါတယ် ပေးရမှာက သိ်န်း၆ဝကျော်ပါတယ်။တဝက်ဆိုတော့၃ဝလောက်ကိုညနေမှာဘယ်ရရှာမလဲစောစောပြောရင်ဘောနပ် မပေးပဲပေးလို့ရပါတယ်။အခုတော့သူတို့ကလည်းမရရင်မပြန်ဘူးဆိုပြီးဖယ်ရီတောင်လိုက်မပို့ပါဘူး။  ကားတွေအားလုံးစက်ရုံရှေ့မှာရပ်တားပါတယ်။နောက်ဆုံးတော့ဆရာဟိုဟိုဒီဒီသွားပြီးချေးပေးလိုက် ရပါတယ်။ပေးပြီးဆရာကဒီနေ့ကားခဖြတ်မယ်လို့ပြောတော့စိတ်ဆိုးပြီးစကားများကြပါတယ်။ဆရာ ကလည်းဒေါသထွက်နေတော့ကျွန်မတို့ကခေါ်ပြီးထွက်လာလိုက်ပါတယ်။ကားပေါ်တက်ပြီးပြန်မယ် လုပ်တော့ ရှေ့ကနေကားကိုခေါင်းချင်းဆိုင်ပြီးထွက်လို့မရအောင်ပိတ်ထားလိုက်တယ်။ပြီးတော့အပြင် ကကားတွေကလည်းစက်ရုံတံခါးရှေ့မှာပိတ်ရပ်ထားပါသည်။အဲ့နေ့ကတော့တကယ့်ကိုရုပ်ရှင်ဆန် ဆန်ပါ။တခါမှမကြုံဘူးတော့ကြောက်လိုက်တာပြောမနေပါနဲ့၊အဲ့နေ့ကကိုအေးချမ်းကရွာပြန်သွားလို့  ကျွန်မပဲရှိပါတယ်ကြောက်ပေမဲ့လည်းကြားကနေပြောရတာပေါ့ဆရာမနဲ့မမမီမီတို့ကလည်းကြား ကနေပြေရာပြေကြောင်းပြောပေးကြပါတယ်။ခဏနေတော့အဆင်ပြေပြီးနှစ်ယောက်လုံးအပြန် အ လှန်တောင်းပန်ရင်းပြေလည်သွားပါတယ်။ကျွန်မတို့မှာကြားကအရူးတွေလိုပါပဲပြေရာပြေကြောင်း ပြော ရတာတောင်းပန်ရတာနဲ့။အဲ့နေ့ကတော့တကယ်ကိုအမှတ်တရအပြင်မနေ့ကလိုပါပဲ။သင်္ကြန်ပြီးအ လုပ်ပြန်ဆင်းတော့ဆရာမကမရှိတော့ပါဘူးကိုရီးယားကိုပြန်သွားပါသည်။အဲဒီဖယ်ရီကိုလည်းမငှားတော့ဘဲအသစ်ငှားလိုက်ပါ တော့ သည်။ မငှားတော့တာကအဲ့ပြသာနာကြောင့်မဟုတ်ပါဘူး။သူက၁လကို၇၂သိန်းတောင်းလို့ပါဖယ်ရီ က၁လကိုအလွန်ဆုံး၆၅သိန်းလောက်ပဲကျပါသည်။အဲ့ဒါနဲ့မငှားဖြစ်တော့ပါဘူး။ပထမဦးဆုံးအလုပ်ရဲ့ အတွေ့အကြုံတွေပါ။အဲ့တုန်းကတော့ကြောက်ခဲ့ပေမဲ့အခုတော့ရယ်မောစရာအမှတ်တရအဖြစ်ကျန်ခဲ့ တော့ ပါသည်။

6 comments

  • အလင်းဆက်

    August 15, 2013 at 6:08 pm

    အင်းးး
    အဖြစ်အပျက်တော်ေတော်များများက
    ဖြစ်နေတုန်းမှာ ခံစားရတာနဲ ့
    ဖြစ်ပြီး အချိန်ကြာမှ ပြန် ခံစားတာ
    မတူညီတော့ဘူးနော်

    🙂

    မင်္ဂလာပါ ဗျို ့

    တွေ ့ရတာ ဝမ်းသာပါတယ်

  • ရွှေမိုးတိမ်

    August 16, 2013 at 9:58 am

    မင်္ဂလာပါ။ 🙂 gazette မှ ကြိုဆိုပါတယ် ။

  • ခင် ခ

    August 16, 2013 at 10:12 am

    ကိစ္စလေးတစ်ခု ရှင်းနေရစဲကာလကတော့ ခက်ခဲလိုက်တာပါဘဲ။
    အဲ ပြီးသွားလို့တစ်ချိန်ပြန်တွေးရင် မခက်သလို ရယ်တောင်ရယ်ချင်စရာတွေတွေ့ရတယ် ဆိုတာ တကယ်ပါဘဲ။
    ဆက်ရေးပါနော် အားပေးနေမှာပါ။ ကြိုလည်းကြိုဆိုပါတယ်။
    စာရိုက်ရင်တော့ space လေးခြားပြီးရိုက်ပေးရင် ပိုကောင်းမယ်ထင်မိပါတယ်ဗျ။

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 11:17 am

    မနှစ်ကတုန်းက
    လူဂျားသူဂျားမှာ
    အောင့်ထားပါလျက်ကယ်နဲ့
    အီးက “ပု .. ပု .. ဘူ” ဆိုပီး တစ်ချက်တည်း မဟုတ်၊ သံရှည်ဆွဲပြီး ထွက်သွားတယ် …။
    ရှက်လိုက်တာဗျာ ..။ ပြောမနေဘာနဲ့ဒေါ့ …။
    အခုများ အချိန်မှာတော့ …
    ဟဲဟဲဟဲ .. ရီစရာ ဖြစ်ခဲ့တာပေါ့ …။
    ဂလိုဘာဘဲဂျာ ….။
    သာဒု .. သာဒု .. သာဒု .. ပါ …။

  • Ma Ei

    August 16, 2013 at 12:02 pm

    A mar nyo ကိုရီးယားစကားပြန်လေးရေ…
    လောကကြီးထဲ ဘာတွေဖြစ်ခဲ့ပါစေ နောက်တစ်နေ့မှာ နေထွက်လာမှာပါ ဆိုပြီး ကိုရီးယားကားတွေထဲ ပြောလေ့ရှိတဲ့ စကားလေးရှိတယ်လေ…
    အခုရယ်စရာလေးတွေကနေ နောက်တစ်ခါကိုလဲ ရယ်နေနိုင်ပါလိမ့်မယ်…
    စာလေးတွေ ဆက်ရေးပါလို့ အားပေးလိုက်ပါတယ်…

  • A mar nyo

    August 16, 2013 at 4:32 pm

    အခုလိုအားပေးပြီးကြိုဆိုပေးပါတယ်အရမ်းကျေးဇူးတင်ပါတယ်။စာဆက်ရေးဖို့အားလည်း
    တက်မိပါတယ်။

Leave a Reply