ဝါကာမြန်မာဇာတာဘွဲ့
သံကြောင်နဲ့ဆဲ မျက်နှာမဲပေါင်ချိန်တောင်မတတ်နိုင် အထဲဝင်ပြီးကန်တတ်သလားဆိုတော့ နထ္ထိ
အသိစိတ်ကနဲနဲ ကြက်ပွဲလားအောင့်မေ့ရ
နှုတ်ကြမ်းတေ့အမိယုတ် ကိုယ်လက်ကြမ်းတော့ အဖယုတ်
မိဘကိုသူယုတ်ဖြစ်စေတဲ့သကောင့်သား အမယ် သကောင့်သမီးပါ ပါသေး
မျက်ချေးလည်းမစင် မြင်ရတာဘဝင်မကျ
မြန်မာ့အလှကိုအကျည်းတန် မဟန်လိုက်တဲ့ဘောပွဲ
အာဆီယံနယ်ထဲမှာ အရှက်ကွဲခဲ့တာအမြဲ။
ကိုယ်လဲမတတ် အရည်အချင်းတွက်ကြည့်တော့
ဘောကောက်လောက်တောင်အရည်အချင်းမရှိ ပွဲကြည့်ပရိတ်သတ်ရယ်က
စပါးလုံးတစ်ထောက်အသိနဲ့ ဒိုင်လူကြီးကိုဆဲ
သဲသဲလှုပ် အာဇာနီသူယုတ်တို့ဟဲ့
အဲဒါမြန်မာ့ဘောပွဲ။
3 comments
အလင်းဆက်
August 12, 2013 at 1:13 pm
good တယ်ဗျိုး
ခေါင်းစဉ်ကိုလည်း
သဘောကျတယ်
ထိတယ်ဗျ
ခင်မင်လေးစားစွာဖြင့်
Crystalline
August 12, 2013 at 1:25 pm
ဘောလုံးပွဲဆိုအိမ်မှာပဲကြည့်ဖြစ်တယ်.. မှတ်မှတ်ယယ သုဝဏ္ဏမှာအစ်ကိုတွေနဲ့လိုက်သွားမိပါတယ်.. နားတွေကို မွှန်ထူသွားတာပဲ.. အဆဲသက်သက်ပဲ.. 🙂
မဟာရာဇာ အံစာတုံး
August 12, 2013 at 1:35 pm
တစ်စိတ်ရှိ စိတ်ဆိုးတာ ..
ထစ်ကနဲဆို ဆဲတတ်တာ ..
ကျနော် မဟုတ်ပါ၊ ကျမ မဟုတ်ပါ …
အဲ့ဒါ .. အဲ့ဒါ .. မြန်မာ စိတ်ဓါတ်ပါ ….