မင်္ဂလာရှိမယ့် ၂၀၁၃-၂၀၁၄

မောင် ပေAugust 17, 20131min2304

မင်္ဂလာပါဗျို ့…….

မရေးခင် နဲနဲလေး လျှာရှည်ချင်တာလေးကတော့ …….

ထုံးစံအတိုင်း ပရီးမီးယားလိဂ် ပွဲစဉ်၁ နဲ ့အတူ ကျုပ်ခန် ့မှန်းချက်လေးတွေ ပြန်ရေးပါပြီ ။

ဒီနှစ်ထဲမှာတော့ ၊ အလုပ်များမှာမို ့ ၊ အပတ်စဉ် စနေနေ ့အတွက် ၊ ပွဲချိန်နဲ ့ခန် ့မှန်းချက် ကို ရေးဖြစ်အောင်ရေးတင်ပါမယ် (အားပေးတဲ့လူ ရှိရှိ မရှိရှိ) ။

ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် နဲ ့အခြား ဖလားပွဲစဉ်များကိုတော့ အဆင်ပြေသလို ရေးတင်သွားမယ် ဆိုတဲ့အကြောင်း …….

အဲဒါ … အဲဓါ

အိုခေ လက်စတက်ဒီ ရှိုး ဘေဘီ

301426_herol

ဒီကနေ ့ပေါ့နော် ၊ 17.8.2013 စနေ နေ ့ညမှာပေါ့နော် ၊ ဘော့လုံးပွဲတွေရှိတာပေါ့နော် ။

ပွဲချိန်တွေကပေါ့နော်

*** ပရီးမီးယားလိဂ် ***

6.15 လီဗာပူး – စတုတ်စီးတီး
8.30 အာဆင်နယ် – အက်စတွန်ဗီလာ
8.30 နော့ဝစ် – အဲဗာတန်
8.30 ဆန်းဒါးလန်း – ဖူဟမ်
8.30 ဝက်ဘရွန်း – ဆောက်သင်ပတန်
8.30 ဝက်ဟမ်း – ကာဒစ်ဖ်
11.00 ဆွမ်ဆီး – မန်ယူ

*** ဘွန်ဒက်လီဂါ ***

8.00 ဖရန် ့ဖတ်(၁၈) – ဘိုင်ယန်(၄)
8.00 ဖရိုင်းဘတ်(၁၄) – မိန် ့ဇ်(၆)
8.00 ဟမ်းဘတ်(၈) – ဟောဖန်ဟိမ်း(၁၁)
8.00 စတုဂတ်(၁၂) – လီဗာကူဆင်(၃)
8.00 ဝါဒါဘရီမင်(၇) – အော့စ်ဘတ်(၁၇)
8.00 ဝုဘတ်(၁၆) – ရှော်ကေး(၉)
11.00 ဂလာဘတ်(၁၅) – ဟန်နိုဗာ(၅)

*** လာလီဂါ ***

11.30 ဆိုစီဒက် – ဂီတာဖေး
1.30 ဗယ်လာဒိုလစ် – ဘီဘာအို
3.30 ဗလင်စီယာ – မာလာဂါ

*********************

““ အဝင်း ”” တို ့က အဖွင့်ပွဲဆိုရင် အလှလေးတွေ ကပြတတ်တယ်

306061hp2

အာဆင်နယ် – အက်စတွန်ဗီလာ

အာဆင်နယ် အိမ်ကွင်းမှာ အက်စတွန်ဗီလာ နဲ ့ ၁ဝကြိမ် ကန်ခဲ့ဖူးရာမှာ
အာဆင်နယ် က ၆ ကြိမ် နိုင်
အက်စတွန်ဗီလာ က ၂ ကြိမ် နိုင်
သရေ ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ် ။

အာဆင်နယ် အိမ်ကွင်းမှာ နောက်ဆုံးတွေ ့ခဲ့တဲ့ မှတ်တမ်းတွေကတော့
23.2.2013 အာဆင်နယ် ၂-၁ အက်စတွန်ဗီလာ
24.3.2012 အာဆင်နယ် ၃-ဝ အက်စတွန်ဗီလာ
29.1.2012 အာဆင်နယ် ၃-၂ အက်စတွန်ဗီလာ (အက်ဖ်အေဖလား)

သည်နှစ်သင်း နောက်ဆုံးငါးကြိမ်တွေ ့ဆုံထားရာမှာ ၊ ဂိုးအနဲ တစ်ပွဲပဲ ဖြစ်ခဲ့ပြီး ၊ ကျန်လေးပွဲလုံး ဂိုးအများ ဖြစ်ခဲ့ပါတယ် ။

အဝင်း တို ့ရဲ ့အာဆင်နယ် ဟာ လာမယ့် ကြာသပတေးနေ ့ညမှာ ၊ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ် ပထမအကျော့ ကို ၊ ဖီနာဘာချီ အသင်းနဲ ့ကန်ရမှာ ဖြစ်ပါတယ် ။ ဖီနာဘာချီ အိမ်ကွင်းမှာပါ ။
အဝင်းတို ့အဖွဲ ့ဟာ ၊ သည်ပွဲမတိုင်ခင် မှာ ခြေစမ်းပွဲ ရ ပွဲကန်ခဲ့ပြီး ၅ပွဲ နိုင်အောင် ကန်နိုင်ခဲ့ပါတယ် ။
အဲဒီ ခြေစမ်းပွဲတွေမှာ တိုက်စစ်မှူး Olivier Giroud ဟာ ၈ ဂိုး အထိ သွင်းနိုင်ခဲ့တာ ကို တွေ ့ရပါတယ် ။

ဈေးအနေအထားအရ အာရှဘက်မှာ အဝင်းတို ့ ဟာ တစ်ဂိုးသွင်းရင် ၅ဝ အရှုံး ဖွင့်ပါတယ် ။
အဝင်းတို ့ကို အားပေးမယ် ဆိုရင် ၂ ဂိုး ပြတ်ဖို ့လိုပေမယ့် …….
ရာသီအဖွင့်ပွဲ ဆိုရင်
မျက်နှာပန်းလှအောင် ကတတ်တဲ့ အဝင်း တို ့ကို ပဲ အားပေးလိုက်ရအောင်လား ။

*********************

“The Hawthorns” မှာ ဆိုရင် ဆောက်သင်ပတန် ဟာ ချစ်ဖားပါ။

ဝက်ဘရွန်း – ဆောက်သင်ပတန်

The Hawthorns ဆိုတာ ဝက်ဘရွန်း ရဲ ့အိမ်ကွင်းပေါ့ ။

ဝက်ဘရွန်း အသင်းရော ဆောက်သင်ပတန် အသင်းပါ ရာသီကြိုခြေစမ်းပွဲ သုံးပွဲစီ ကစားခဲ့ကြပြီး ၊ ၂ ပွဲ စီ နိုင် ခဲ့ကာ ၊ ၁ ပွဲစီ ရှုံးခဲ့ကြပါတယ် ။

ဝက်ဘရွန်း ဟာ ဘိုလော့နာ အသင်းကို ၂-၀
ဒါဘီ အသင်း ကို ဒါဘီ အသင်းအိမ်ကွင်းမှာ ၂-ဝ နဲ ့နိုင်ခဲ့ပြီး
ဟန်နိုဗာ အသင်း ကိုတော့ ဟန်နိုဗာ အသင်းအိမ်ကွင်းမှာ ၂-၁ နဲ ့ရှုံးခဲ့ပါတယ် ။

ဆောက်သင်ပတန် ကတော့ သူ ့အိမ်ကွင်းမှာ ဆိုစီဒက်အသင်းကို ၄-၃
ဘီဆစ်တပ် အသင်း အိမ်ကွင်းမှာ ၃-၁ နဲ ့နိုင်ခဲ့ပြီး
ရှော်ကေး အသင်းနဲ ့ရှော်ကေးကွင်းမှာ တွေ ့ဆုံရာမှာ ၂-ဝ နဲ ့ရှုံးခဲ့ပါတယ် ။

ဝက်ဘရွန်း အိမ်ကွင်း မှာ ဆောက်သင်ပတန် နဲ ့တွေ ့ခဲ့တဲ့ မှတ်တမ်းတွေအရတော့
ဆောက်သင်ပတန် နိုင်ပွဲ တစ်ခါမှ မရခဲ့ပါဘူး ။
5.11.2012 ဝက်ဘရွန်း ၂-ဝ ဆောက်သင်ပတန်
28.4.2008 ဝက်ဘရွန်း ၁-၁ ဆောက်သင်ပတန်
10.2.2007 ဝက်ဘရွန်း ၁-၁ ဆောက်သင်ပတန်
22.2.2005 ဝက်ဘရွန်း ၂-၂ ဆောက်သင်ပတန်
14.9.2002 ဝက်ဘရွန်း ၂-၁ ဆောက်သင်ပတန်

ဈေးအနေအထားအရ အာရှဘက်မှာ ဒဲ့ အနေအထားပေါက်နေပေမယ့် ၊ သရေ ဆိုရင် ဝက်ဘရွန်း ခပ်ပါးပါးရှုံး ဖွင့်လာနိုင်ပါတယ် ။

သည်ပွဲမှာတော့ ၊ အိမ်ကွင်းမှာ အဖွင့်ပွဲစကန်ရမယ့်
“““““ ဝက်ဘရွန်း ””””” နဲ ့အတူ အားပေးရင် ၊ ပျော်ရွှင်ရဖို ့ ရာနှုန်း ၅ဝ ကျော်ပါတယ်။

*********************

******* အားလုံး အောင်မြင် လန်းဆန်း နိုင်ပါစေ *******

4 comments

  • အလင်းဆက်

    August 17, 2013 at 8:55 pm

    လေးလေးပေ..
    ပြန်လာပြီ…

    ဖတ်ရှု အားပေးနေပါတယ်လေးလေးပေ…
    ခင်မင်လေးစားစွာဖြင့်…

  • ဦးကြောင်ကြီး

    August 17, 2013 at 11:05 pm

    မင်္ဂလာရှိ
    ကြင်နာသိ
    ရင်နာဘိ
    ခင်ပါ၏
    ဖင်မှာရှိ
    သဉ္စာကြည့်
    ဝင်လာမိ
    ဂွင်ငါဖိ….

  • မရဏဖွား

    August 18, 2013 at 1:55 am

    ရွာ ပြာကျမဲ့ ဆရာပြန်လာပါပြီ
    အော်….သူ ့ရာသီကိုး………………………………………………။

  • မဟာရာဇာ အံစာတုံး

    August 20, 2013 at 12:14 am

    ဟမ်းးး
    ဟက်လူဂျီး …
    ကျုပ် ဒီပွဲဇင် ရီဇက်ဒွေဂို
    တစ်ခါထဲ တန်းပေါလိုက်ရမား ….
    လဂါးနောက်ဒါဘာ ….
    ပင်တိုင်စံ အားပေးဘာ့မယ်ဂျာ ….
    ဂယ်ဘာ …
    သာဒု .. ဘာ …

Leave a Reply