Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သာသနာတော် မညှိုးနွမ်းစေလိုပါ

CourageAugust 23, 20131min63814

သာသနာတော် မညှိုးနွမ်းစေလိုပါ

 

ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။

၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။

အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ ထိုကိုရင်လေးက “ဒကာကြီးရယ် စာအုပ်ဝယ်ဖို့အတွက် အလှူခံပါတယ်” ဆိုပြီး မိန့်ကြားတယ်လို့ ဆိုရမလား ပြောလိုက်တယ်လို့ သုံးရမလား မသိနိုင်တဲ့ စကားကို ဆိုလိုက်လေးရဲ့။

အဲ့အချိန်မှာ ကျွန်တော့ စိတ်ထဲ အတော်ကို ဝေခွဲမရဖြစ်သွားတယ်။ ကျွန်တော့ရဲ့ဘောင်းဘီအိတ်ကပ်ထဲမှာ အလွယ်တကူရှိနေတဲ့ ပိုက်ဆံ နှစ်ရာကို ထုတ်လိုက်ရမလား၊ မထုတ်ရဘူးလားလို့ပေါ့။

ကျွန်တော် ဇဝေဇဝါဖြစ်နေစဲမှာပဲ ထိုကိုရင်လေး ကျွန်တော်တို့ကား ဘေးက ခွာကာ အခြားကားများအနားသို့ သွားပြီးအလှူခံလိုက်ပါပြီ။ သိပ်မကြာ မီးပွိုင့်တစ်ခု မီးနီချိန်မကုန်ခင်မှာပဲ အခြား ကိုရင်းတစ်ပါး ကျွန်တော်တို့ကားနားကို ရောက်လာပြီး ရှေ့က ကိုရင်လေး နည်းတူ အလှူလာခံပြန်ပါတယ်။ ဒီတစ်ချိန်မှာတော့ ကျွန်တော် ထိုကိုရင်ကို ရို့ကြိုးစွာပဲ လက်အုပ်ချီပြလိုက်တော့တယ်။

ဒီလိုနဲ့ မီးလဲစိမ်းသွားပြီ။ ကားလဲ မောင်းထွက်ကာ ထိုနေရာနှင့် အဝေးကို ရောက်လို့သွားမှ ကျွန်တော့ ဘေးနားမှာ ထိုင်နေတဲ့ အကိုဖြစ်သူက “ဒါမျိုးကတော့ မဖြစ်သင့်ပါဘူး” လို့ ဆိုလိုက်လေရဲ့။ ထိုအချိန်မှာပဲ အငှားကား မောင်းသမား အကိုကြီးက “ ဒါအတုတွေဗျ”တဲ့။ (ထိုကားဆရာမှာ ဘုရားဝင်းအတွင်း ဂိတ်ထိုးကာ ကားဆွဲနေသူဖြစ်သည်)။ ကျွန်တော်လဲ သူ့စကားကို စိတ်ဝင်စားလို့ ဆက်မေး ကြည့်တော့ ထိုကလေးနှစ်ဦးကို ခေါင်းတုံး တုံးကာ သင်္ကန်းပတ်ပေးပြီး ထိုသို့ လိုက်လံတောင်းရန် (ကန်တော့ပါရဲ့ အလှူခံရန်လို့ မသုံးမိလို့ ငရဲကျမယ်ဆိုလဲ အဝီစိသို့သာ ကျွန်တော့ကို ပို့ပါလေ/စာကြွင်း) ခိုင်းစေသူရှိကြောင်း။ သူ၏အဆိုအရ ဦးဝိစာရ အဝိုင်းအနီးရှိ လမ်းကြားလေးတစ်ခုတွင် သူတို့တွေအဖွဲ့လိုက်ရှိကြောင်း ကျွန်တော်သိခွင့်ရခဲ့တယ်။

ကျွန်တော့ ခေါင်းထဲ အတွေးများစွာ ဝင်လာပါပြီ။ ထိုကိုရင်နှစ်ပါးမှာ သူဆိုသလို အတုများ မဟုတ်ဘူးပဲထားဦး။ အစစ်ဆိုရင်တောင် ထိုကဲ့သို့ ညဘက်တွင် လိုက်လံ အလှူခံခြင်းမှာ မသင့်လျော။ အတုဆို ပိုသာဆိုး။ ထိုအပြုအမူ မှာ သာသနာကို ညှိုးနွမ်းအောင်ပြုနေခြင်းမို့ သက်ဆိုင်ရာမှ အမြန်ဆုံး တားမြစ်သင့်သည်။ ယခုလို ဘာသာရေးဆိုင်ရာ အထိကရုန်းများ ဖြစ်နေချိန်တွင် မိမိ၏ သာသနာကို တစ်ခြားသူများ ထိပါးစော်ကားမှု ကင်းဝေးစေရန် ပိုလို့တောင် ဂရုစိုက်သင့်သေးသည်။

အကျိုးအကြောင်းကို ဆက်ကြည့်ရင် ထိုကလေးများကို ခိုင်းစေသူတွေ ရှိတယ်၊ အဖွဲ့လိုက်ရှိတယ်ဆိုတော့ ထိုခိုင်းစေသူ အဖွဲ့တွေဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို သိက္ခါချလိုသူများ ပေလား။ ထိုအတွေးကိုတော့ ကျွန်တော်ချက်ချင်းပဲ ဖျောက်ပစ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ထိုကိုယ်ရင်နှစ်ဦးရဲ့ မျက်နှာတွေဟာ ဗမာမှ ဗမာစစ်စစ်တွေမို့ပါ။ ထားလိုက်တော့ ဒီအတွေး။ ဆက်ရေးရင် ရွာအပြင် ထုတ်ခံရမယ့်ကိန်းပဲရှိတော့တယ်။

တစ်ဆက်တည်းပဲ ထိုကားဆရာရဲ့ ပြောစကားကို ဆက်ပြီးတင်ပြပါရစေ။ သူ့အဆိုကတော့ ဟိုတစ်နေ့ကဗျာ နိုင်ငံခြားသားတွေ ကျွန်တော့ကားကို ငှားစီးတုန်း အဲ့လို လာတောင်းတာလဲ မြင်ရော မင်းတို့ ဘုန်းကြီးတွေက ဘာလားညာလား မေးတာပေါ့တဲ့။ အဲ့ဒါနဲ့ သူကလဲ ဒါက အစစ်တွေမဟုတ်ဘူး အတုတွေလို့ ကျွန်တော် တို့ကို ပြောတဲ့အတိုင်း ပြန်ပြောလိုက်တယ်တဲ့။ ဒါပေမယ့် ထိုနိုင်ငံခြားသား တွေကတော့ ယုံတစ်ဝက် မယုံတစ်ဝက်ပေါ့တဲ့။

ကဲ။ ဘယ်လို လုပ်ကျမလဲ။ ကျွန်တော်တို့ သာသနာကို ညှိုးနွမ်းစေတဲ့ ဒီလို အပြုအမူတွေကို မြန်မြန် ဆန်ဆန်ရပ်တန့်သွားအောင်ကြိုးစားပေးကျပါ။

တာဝန်ရှိသူများ။ အထူးသဖြင့် ဘုရား ဂေါပကများနှင့် ထိုနေရာတစ်ဝိုက်တွင် တာဝန်ကျသော ယဉ်ထိန်းရဲများအပါအဝင် အစောင့် ရဲတပ်သားများ။ ဒီကိစ္စကို မြန်မြန်သာရှင်းပေးကျပါ။ ကြာကြာမထားပါနဲ့။ ဘာသာညစ်နွမ်းပါတယ်။ သာသနာ ညှိုးနွမ်းပါမယ်။ အမြန်ဆုံး ဖြေရှင်းပေး၊ ရှင်းလင်းပေးကျပါလို့ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ အသိပေးလိုပါတယ်။ တိုက်တွန်းလိုက်ပါရစေ။

 

COURAGE

14 comments

  • ဦးကျောက်ခဲ

    August 23, 2013 at 9:07 am

    ထောက်ခံတယ် ကိုရင် Courage… မရောင်ရာ ဆီလူးလုပ်နေမည့်အစား…
    အဲသည်လို အတုအယောင်တွေကို စီစစ် ရှင်းလင်းသင့်ပါတယ်…
    စိတ်ဓာတ်တွေ ပျက်စီးလာတာ စိုးရိမ်ရေမှတ်ကို ရောက်နေပြီ…
    🙁

  • ခင် ခ

    August 23, 2013 at 9:29 am

    ဇာတ်ပွဲတွေကတဲ့အခါ ပြောတဲ့စကားတစ်ခုရှိတယ် “ကိုယ်ဇာတ်ကို ကိုယ်နိုင်အောင်က´´ တဲ့။
    အဲဒီတော့ မြန်မာဘုန်းတော်ကြီးများ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ချင်တယ် ပြန့်ပွားချင်တယ် ဆိုရင် သင်္ကန်းဝတ်နဲ့ ဘုန်းကြီးတု ကိုယ်ရင်တု သာသနာနဲ့မအပ်စပ်တဲ့ပြုမူနေသောရဟန်း တွေကို အရင်အရေးယူ သန့်ရှင်းရေးကာ ကြည်ညိုဖွယ်ဖြစ်အောင် ဦးစွာပထမလုပ်သင့်တယ်ထင်မိပါတယ်။

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 11:55 am

    သာသနာ အရေခြုံပြီး
    မဖွယ်မရာ လုပ်စားနေကြတဲ့ အဖြစ်တွေ
    အများသားဗျာ ….။
    ဒါတွေကို စိစစ်ပြီး အရေးယူသင့်နေတာ ကြာပါပြီ …။
    အမြန်ဆုံး အရေးယူ ဆောင်ရွက်ကြဖို့လည်း ကိုရင်နဲ့အတူ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်ဗျို့ …။

  • ဦးဦးပါလေရာ

    August 23, 2013 at 11:57 am

    အဲ့ဒါ က …
    မိန်းမ တွေမှာ တာဝန်ရှိတာပေါ့ …

    ဘုန်းကြီးတွေက မိန်းမတွေ ဘယ်လိုအမျိုးစောင့်ရမယ်ဆိုတာ အားသွန်ခွန်စိုက်လုပ်နေကြတော့ …

    မိန်းမတွေကလဲ ဘုန်းကြီး ရဟန်း သာမဏေ သီလရှင် ဖိုးသူတော် တွေ ဘယ်လို သာသနာစောင့်ရမယ်ဆိုတာ
    အားသွန်ခွန်စိုက် ပြန်လုပ်ပေးကြမှ သင့်တော်တော့မပေါ့ ..

    ဟွင်း.. ဟွင်း… ဟွင်း…

    • မဟာရာဇာ အံစာတုံး

      August 23, 2013 at 12:14 pm

      ခညားဂျီးး
      ပေါ်မလာ ပေါ်မလာနဲ့
      ဟိုဒင်း ဖစ်တွားဘီ မွှတ်နေဒါ …
      ချိဒေးပေါ့ရော …. စဒါနောက်ဒါ
      :mrgreen:

    • kai

      August 23, 2013 at 3:46 pm

      အဲဒါရာဇဝင်ကြွေးတွေ… လက်စားပြန်ချေနေတာဗျ..

      ဖြစ်ပုံက…
      ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများရေးတဲ့.. ဆရာကြီးဆိုပါစို့…။
      နုစဉ်က.. ဘုန်းကြီးပေါ့…
      အဲဒါ.. တကာမက.. အားသွန်ခွန်စိုက်.. စောင်မကြည့်ပေးလိုက်တာ.. ဦး-ဖြစ်ပြီး.. ကလေးအဖတ်တင်ကျန်.. လူ့လောကကောင်းကျိုးဆောင်ရွက်ဖို့.. လူအင်အားတိုးသွားသတည်းသပေါ့..

      နော..
      အားသွန်ခွန်စိုက် ပြန်လုပ်ပေးကြသူများယေးးးးးးး :mrgreen:

  • kyeemite

    August 23, 2013 at 11:59 am

    ကိုခင်ခပြောသလိုပဲဗျ…အမျိုးဘာသာ သာသနာကို စောင့်ရှောက်ချင်
    သူများ အရင်ဆုံး ဆောင်ရွက်သင့်တဲ့ကိစ္စပါပဲ…
    မြင်သမျှတင်ပြပေးသူ ကိုရင် Courage ကို ဗရာဗိုပါဗျ

  • Min Zarni

    August 23, 2013 at 12:15 pm

    ဆိုင်မဆိုင်တော့မသိဘူး ညက ဖတ်ရတဲ့သတင်းတပုဒ်
    ပြည်တွင်းလေကြောင်းလိုင်းတွေက နာမည်ကြီး ဘုန်းကြီးတွေကို ရာသက်ပန် လေယာဉ်အလကား စီးခွင့် လှူတယ် ဆိုပဲ..။
    သူရို့လှူတဲ့အဆင့် နာမည်ကြီးဘုန်းဘုန်းတွေ ဆိုတာ လေယာဉ်ခ မတတ်နိုင်လို့ ခရီးမထွက်ရမယ့် မကြွရမယ့် အဆင့်တွေမဟုတ်ပါဘူး။
    ဒကာတွေ လှူမယ့်လူတွေ အခြွေအရံတွေ ပေါတဲ့သူတွေ တတ်နိုင်သူတွေချည်း ပါ…။
    အဲ့သည့်အစား မသန်မစွမ်းနဲ့ နွမ်းပါးသူတွေကို လှူတယ် ဆိုတာကမှ ဟုတ်တုတ်တုတ်…။
    ရေများရာ မိုးသိပ်ရွာကြတာပဲဗျာ..။ မဲ့ဆောက် မှာ မိုးကြီးတာပြောပါတယ်..။
    ဒချိ ဒချိ..

    • ဦးကြောင်ကြီး

      August 26, 2013 at 9:21 am

      ရေများရာ မိုးရွာမှ မိုးနတ်မင်း သက်သာတော့ မပေါ့ကွ…. လူ့အလို နတ်မလိုက်နိုင် လူအကြိုက် လိုက်ဖြည့်ဆည်းမိတဲ့နတ် ဖင်ပိတ်ပြေးရတဲ့ ဟာသလည်း ရှိသားပဲ..။ နင်သာ လပြိုဂျီးလုပ် လက်မောင်းကြီးအောင် ဟိုဒင်းဆွဲ … (ဘာမှလဲ အဆိုင်ဗူး)

  • အလင်းဆက်

    August 23, 2013 at 1:55 pm

    အမှန်တော့
    ဘုရားသားတော် အဖြစ်နဲ့ နေရင်
    လိုအပ်ချက်ကို ပြောပြီး
    ဘာမှ တောင်းဆိုခွင့်မရှိ
    နေမကောင်းရင်တောင် ဗိုက်အောင့်ရင် အောင့်တာပျောက်တဲ့ဆေး ပေးပါလို ့မတောင်းဆိုရ

    အလှူရှင်က လိူအပ်တာ ပြောပါဆိုမှ ပြောခွင့်ရှိတယ်

    ဆိုတော့ . . . .
    တောင်းလာတိုင်းပေးစရာ မလို
    ပေးမိရင်
    လုပ်စားလို့ရတာပဲဆိုပြီး
    ထပ်ခါထပ်ခါ လုပ်စားနေတော့မှာ

    ဒါမျိုးး တွေ မမြင်ချင်ပါဘူးလေ

  • Kyi Lwin

    August 23, 2013 at 4:28 pm

    အင်း။ သာသနာ က်ို သံဃာ အတုအရောင်တွေ က ဖျက်တာပါပဲ။ ဒါကို မြင်လျှက်နဲ့ မတားဆီးတာ သာသာနာရေးဝန်ကြီး မမြင်လို့နေမှာပေါ့။
    ဒါမှ မဟုတ် သူက ဝင်ငွေအပေါ် ရာခိုင်နှုန်းနဲ့များ ယူနေသလားပဲ။

  • Kyi Lwin

    August 23, 2013 at 4:32 pm

    သည်းခံပါ။ စာလုံးပေါင်း သတ်ပုံ မှားသွားလို့။
    သံဃာ အတု အယောင် ပါ။

  • အရီးခင်

    August 23, 2013 at 10:53 pm

    မမှန်မကန် ဖြစ်ဖို့ များတာ မို့
    အဲလို သူတွေ ကို မလှူဘဲ နေခြင်းဖြင့်လဲ သာသနာကို ကာကွယ်နိုင်ပါတယ် လို့ ထင်တာဘဲ။

  • ခရီးသည်ကြီး

    August 24, 2013 at 8:52 am

    ​တောက်​ !!!
    မိုးဗျာ​ဒွေ ​ဒေါ့ လက်​ခုတ်​လက်​ဝါးတီး​တော့မှာဘဲ
    ​ဟေးးးးးးးးးး သာ ထွန်​း ပြန်​့ ၊
    မ ဟ န
    ဒီမှာလာဖတ်​ပါ ဘုရားးးး

Leave a Reply